Channel Myanmar

Report error

The Past(2013)

=============

 

မိန်းမနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရန် အာမက်တစ်ယောက်

အီရန်မှပြန်ရောက်လာခဲ့သည်။ သံယောဇဉ်တွယ်ခဲ့သည့်ကလေးများနှင့်

ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြင်သစ်မှထွက်ခွာရန်စီစဉ်လာရာ မမျှော်လင့်

သောအိမ်ထောင်ဉီးစီးအသစ်နှင့်တွေ့ရှိလိုက်ရသည်။၎င်းနောက်ဘာတွေ

ဆက်ဖြစ်မလဲ။ပြဿနာပေါင်းစုံရှာနေတဲ့ သမီးကြီးကရောဘာတွေ

သိထားတာလဲ။ချစ်တဲ့ကလေးအတွက် စောင့်ရှောက်ပေးရာက နှစ်မိသားစုရဲ့

အလယ်မှာအာမက်တစ်ယောက် မဆီမဆိုင်ပြဿနာတွေထဲဝင်ပါ

ရပါတော့တယ်။ဒါတွေအားလုံးရဲ့လျှို့ဝှက်ချက်နောက်ကွယ်ကဘာလဲ။

လူတိုင်းက အမှားကိုပြုလုပ်တတ်ကြကြောင်းကိုဂရုပြုရိုက်ပေးထားတဲ့

The Past ကားလေးမှာဒရာမာကောင်းကောင်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ကြည့်နေကျအမေရိကန်ရုပ်ရှင်တွေနဲ့မတူပဲ ဉရောပကားလေးမိုလို့

ပရိသတ်တွေ ခံစားချက်အသစ်အဆန်းတစ်မျိုးကိုရရှိမှာပါ။ပုံမှန်ရုပ်ရှင်

တွေလို ဇာတ်ကွက်မရှုပ်ဘဲ မိသားစုတွေကြားမှာဖြစ်တဲ့ အဖြစ်အပျက်

တွေကိုရိုက်ထားတာပါ။ယောကျ်ားနဲ့မိန်းမ အမေနဲ့သမီး မိသားစုတွေကြားမှာ

ထားတဲ့ မေတ္တာ သံယောဇဉ်ကိုရိုက်ပြထားပုံကိုလည်းတွေ့ရမှာပါ။

ဇာမ်းလမ်းအေးပေမဲ့ လှပစွာရေးသားထားတဲ့ဇာတ်ညွှန်းနဲ့ လူ့သဘာဝတွေ

အသေးစိတ်ရိုက်ပြထားပုံက ပရိသတ်တွေကိုအဆုံးထိကြည့်ဖြစ်အောင်

ဆွဲဆောင်စေမှာပါ။တွေ့နေကျကားများထက် သဘာဝကျတဲ့ကားလေး

တစ်ပုဒ်ဖြစ်ပါတယ်။မင်းသမီးကလည်း အကောင်းဆုံးအမျိုးသမီး

သရုပ်ဆောင်ဆုကိုဆွတ်ခူးထားပါတယ်။ဒါကြောင့် အချိန်ပေးပြီး

ကြည့်ရူရင်း ပြင်သစ်ရုပ်ရှင်ရဲ့ကောင်းမွန်ပုံကို ခံစားလိုက်ကြပါစို့။

 

File size…2.92GB / 990MB
Quality…WEB-DL 1080p / 720p
Format…mp4
Duration….2h 10m
Genre ….. Drama , Mystery
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Nwe Hnin Thazin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Past(2013)
The Past(2013)


No downloads available

Genres



Related movies