Channel Myanmar

Drama

God’s Creatures (2022)
God’s Creatures (2022) IMDb - 5.8, RT - 92%Game Of Throneထဲက မင်းသမီး ချောလေး Aisling Franciosiနဲ့ Corpse Bride နဲ့ Chernobylတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသမီးကြီးEmily Watsonတို့ရဲ့ဇာတ်ကားကောင်းလေးလာပါပြီ။အေးလင်ရဲ့သားဖြစ်သူ ဘရိုင်ယန်ဟာ မိခင်ရှိရာဆီကို နှစ်အတော်ကြာမှပြန်ရောက်လာခဲ့ပါတယ်။ သားအမိ၂ယောက်အလွမ်းသည်လို့မှ မဆုံးသေး ဘရိုင်ယန်တစ်ယောက် လက်အငြိမ်မနေ ခြေမငြိမ်နေမှုကြောင့် ဆာရာဆိုတဲ့ကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး တရားစွဲခံရပါတော့တယ်။ သူတကယ်ပဲ ဆာရာကို မုဒိန်းကျင့်ခဲ့သလား၊ သူဒီအမှုကနေရော လွတ်မြောက်သွားပါ့မလား၊ သားအမိ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရင်းတွေးရင် ကြည့်ရှု့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(1.28GB)  / (665.65MB) / (303.28MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

God’s Creatures (2022)

Stay(2005) 6.7
Stay(2005) Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြားလူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။  File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Stay(2005)

Ghost Writer (2019) 6.6
Ghost Writer (2019) Ghost Writer (2019)နာရာ ဆိုတဲ့တက်သစ်စ စာရေးဆရာမလေးဟာ မိဘတွေဆုံးပါးသွားလို့ မောင်လေး ဒါတို ကို ကျောင်းထား ပေးနိုင်ဖို့ ရုန်းကန်ကြိုးစားနေသူပါ။ ထုတ်ဝေသူဘက်ကလည်း သူ့စာမူအသစ်တွေကို လက်မခံတာ ကြာလာပြီမို့ အိမ်ငှားခသက်သာတဲ့ အိမ်တစ်လုံးကို မောင်လေးဒါတိုနဲ့ အတူပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်။ဒါပေမယ့် လည်း သူပြောင်းလာတဲ့ အိမ် အသစ်ဟာ လူသေထားဖူးတဲ့ အိမ်အိုအိမ်ဟောင်းကြီး ဖြစ်နေတာကိုတော့ သူမသိပါဘူး။ ဒီအိမ်မှာ သူ့ကို မလိုလားတဲ့သူတွေ ကြိုရောက်နေတာကို သူသိလိုက်တဲ့အချိန်မှာတော့ ...ခြောက်ခြား စရာတွေ၊ ဆွတ်ပျံ့ကြည်နူးစရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့် နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ ခံစားမှုရသမျိုးစုံကို တစ်ကားတည်းနဲ့ အစုံကြည့်ချင် ရင်တော့ အင်မတန် တန်ပါတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။)File Size          : ...
movie

Ghost Writer (2019)

2019
The Bodyguard (1992) 6.3
The Bodyguard (1992) The Bodyguard (1992)IMdb Rating (6.3)မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။File size…(3.9 ...
movie

The Bodyguard (1992)

Khatta Meetha (2010) 5.8
Khatta Meetha (2010) Khatta Meetha (2010) ******************** ဒီဇာတ်ကားလေးကတော့ IMDb rating 5.8အထိရရှိထားပြီး ပရိတ်သတ်အချစ်တော် မင်းသားကြီးအက်ရှေးကုမားရ်နဲ့မင်းသမီးတရီရှာခရစ်ရှ်နန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Comedyအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဆာချင်ဟာ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုပဲကိုယ်အာရုံစိုက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွည်ချက်ရှိတဲ့ ရိုးသားကြိုးစားတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။ သူဟာ ဘာလုပ်လုပ် တလွဲတချော်တွေချည်း ဖြစ်ကုန်တဲ့အတွက် သူ့ကို အလုပ်ကလူတွေရော သူ့ရဲ့အိမ်သားတွေကပါ တစ်ခါမှ အကောင်းမပြောကြပါဘူး။ဒီလိုနဲ့ပဲ ကိုယ့်အတွက်ပဲ ကိုယ်သိပြီး ဘဝင်မြင့်တဲ့ ဆာချင်တစ်ယောက် တစ်နေ့မှာတော့ သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့လိုက်ရတဲ့ခါ ဘာတွေဆက်ဖြစ်မှာလဲ ...? ဆာချင်တစ်ယောက် သူလုပ်ချင်တာကိုရော အောင်မြင်အောင်လုပ်နိုင်မှာလား ...? အချစ်၊ဟာသနဲ့ အကျင့်ပျက်ချစားမှုတွေအကြောင်း စုံစုံလင်လင်ပါဝင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွှတ်သင့်ပါကြောင်း.... ဘာသာပြန်သူတွေကတော့ Intelligence,Soe Kalayarနဲ့ Thaik Sanတို့ပဲဖြစ်ပါတယ် File size…3.13GB  / 1.59GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San & Intelligence & Soe Kalayar
movie

Khatta Meetha (2010)

2010
BARDO, False Chronicle of a Handful of Truths (2022) 7.1
BARDO, False Chronicle of a Handful of Truths (2022) BARDO, False Chronicle of a Handful of Truths (2022)~ Directed by Alejandro González Iñárrituဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ...
movie

BARDO, False Chronicle of a Handful of Truths (2022)

2022
Beverly Hills Chihuahua (2008) 5
Beverly Hills Chihuahua (2008) Beverly Hills (2008) အညွှန်းဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / ...
movie

Beverly Hills Chihuahua (2008)

Arjun Patiala (2019) 4.3
Arjun Patiala (2019) Arjun Patiala (2019) ******************* ဒိဇာတ်ကားလေးကတော့ IMDb rating 4.3ရရှိထားတဲ့ Comedy/Actionအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အာရ်ဂျွန်ပါတိယာလာအဖြစ် ဒိလ်ဂျီးတ် ဒိုဆာန့်ခ်ျနဲ့ ရီတူးရန်ဒါဝါအဖြစ် ကရီသီးဆနွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။အချစ် ဟာသနဲ့ အက်ရှင်တွေ စုံစုံလင်လင်ပါဝင်ပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ အာရ်ဂျွန်ပါတယာလာလို့ခေါ်တဲ့ရဲအရာရှိနဲ့ သူ့ရဲ့လက်ထောက်အိုနီဒါတို့ဟာဆိုရင် သူတို့ရဲ့မြို့ထဲမှာရမ်းကားနေတဲ့ လူမိုက်တွေကို ရှင်းထုတ်ပစ်ဖို့ အကြံထုတ်ကြပါတယ်။အဲဒီအချိန် အာရ်ဂျွန်တစ်ယောက်ဟာ ရီတူဆိုတဲ့အလုပ်မှာစိတ်အားထက်သန်တဲ့ သတင်းထောက်မ‌ချောချောလေးနဲ့ ‌ ဆုံတွေ့ကာ သူမကို မြင်မြင်ချင်းသဘောကျ နှစ်ခြိုက်မိသွားပါတယ်။ အာရ်ဂျွန်တစ်ယောက်မြို့ထဲက လူမိုက်တွေကိုရှင်းထုတ်ပစ်ပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာလား... ရီတူကရော အာရ်ဂျွန်ကိုလက်ခံပါ့မလား.... အာရ်ဂျွန်ရဲ့အကြံအစည်ကို‌ရော လူမိုက်တွေက ရိပ်မိသွားမလား.... ဘယ်လို အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူ ပေးကြပါလို့ .... ဘာသာပြန်တွေကတော့ Intelligenceနဲ့ Soe Kalayarတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…1.97GB / 968MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Intelligence ...
movie

Arjun Patiala (2019)

2019
Possession (1981) 7.3
Possession (1981) IMDb Rating (7.3) / Rotten Tomatoes (84%)တစ်ချိန်က UK မှာ အ ban ခံရတဲ့ Horror movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ စပိုင်တစ်ယောက် ဖြစ်တဲ့ မာ့ခ်ဟာ သူ့မစ်ရှင်အပြီး မိန်းမဖြစ်သူ အန်နာနဲ့ သားလေး ဘော့ဘ် ရှိရာဆီပြန်လာခဲ့ပေမယ့် မိန်းမရဲ့ ကွာရှင်းခွင့်တောင်းခြင်းကို ခံရပါတယ် ဘာကြောင့်ကွာရှင်းချင်ရလဲဆိုတဲ့အကြောင်းရင်းကို မေးမြန်းရာမှာတော့ တခြားတစ်ယောက်ရှိလို့မဟုတ်ဘူးဆိုပြီး တွင်တွင်ငြင်းခဲ့ပေမယ့် တကယ်တော့ ရှိနေပါတယ် ကဲ ကွာမယ် အိမ်နဲ့ကလေးကိုပေးလိုက်တော့ အန်နာဟာ ကလေးကို အိမ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ တစ်ယောက်တည်း ပစ်ထားတယ် သူ့ဖာသာသူ အပြင်တွေဘယ်သွားမှန်းမသိသွားရင်း ရွာလည်နေတယ် မာ့ခ်ကလည်း စိတ်ညစ် အရက်သောက်ပြီး အရက်ကြောင်တဲ့အဆင့်ထိဖြစ်လာခဲ့တယ် မာ့ခ်က သားလေးရဲ့အခြေအနေကိုမြင်လိုက်ရချိန်မှာ အိမ်ပေါ်ပြန်တက်နေဖို့ ဆုံးဖြတ်ခဲ့တယ် အန်နာကို အိမ်ပြန်မလာတော့ဖို့ပြောပေမယ့် ကလေးဗန်းပြပြီး သူလာချင်တဲ့အချိန်လာတယ် ကြောင်တောင်တောင်တွေလုပ်ပြီး ပြန်ပြန်သွားတယ် လင်ငယ်ဆီ သွားနေနေလားဆိုပြီး စုံစမ်းပြန်တော့လည်း မဟုတ် မဟုတ်နဲ့ အမှန်တရားကို မြင်လိုက်ရချိန်မှာတော့....။IMDb 7.3အထိရရှိခဲ့ပေမယ့် အမေရိကမှာလည်း ပြသခွင့် ၂နှစ် ...
movie

Possession (1981)

4K HEVC
Act of Valor(2012) 7.0
Act of Valor(2012)   Act of Valor (2012) ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်...ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်....ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်...အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်...ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ...ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာအမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား...အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား....ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား...ခံစားကြည့်လိုက်ပါဦးဗျို့...စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း.......  File Size :(2.5GB) (1.1 GB) and (327 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae
movie

Act of Valor(2012)

2012
Hawa (2022) 5.2
Hawa (2022) Hawa (2022)(1080p ရပါပြီ)ဟာဝါ လေးဟာ မိဘတွေ မရှိတော့တဲ့နောက် မကျန်းမာတဲ့အဘွားဖြစ်သူနဲ့ပဲ နေထိုင်ရပါတော့တယ်။ ဘွားဖြစ်သူရဲ့ကျန်းမာရေးကလည်း မျှော်လင့်ချက်မရှိတော့တာမို့ သူဆုံးသွားပြီးရင် ဟာဝါလေး တစ်ယောက်တည်းကျန်မနေခဲ့‌စေဖို့ ‌မွေးစားမယ့်သူ တစ်ယောက်ရှာဖို့လိုလာပါပြီ။ဟာဝါ မှာလည်းသူ့ကို မွေးစားစေချင်တဲ့ သူသီးသန့်ရှိပါတယ်။ သူကလွဲရင် ကျန်တဲ့သူကို စဉ်းကိုမစဉ်းစားပါဘူးတဲ့။ သူကတော့ အမေရိကန်ရဲ့ Former First Lady မီရှဲလ် အိုဘားမားပါပဲ။တစ်နေ့ မီရှဲလ် အိုဘားမား ပဲရစ်မြို့ကိုရောက်နေမှန်း သိတာနဲ့ သွားတွေ့ပြီး သူ့မွေးစားဖို့ပြောမယ်ဆိုကာ ကြိုးစားတဲ့အခါ ...ကလေးတယောက်ဆိုပေမယ့် ယုံကြည်ရာကို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ ဟာဝါ တစ်ယောက် ဘယ်လိုရလဒ်မျိုးရရှိလာမလဲဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Themes ပါ။)File Size          : 1.8GB, 607MB, 314MB Quality            : ...
movie

Hawa (2022)

2022
42 segundos (2022) 6.7
42 segundos (2022) 42 segundos (The Final Game) (2022)~ IMDb rating - 6.7/10 ~သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ ...
movie

42 segundos (2022)

2022
Ghosts of Christmas Always (2022) 7.6
Ghosts of Christmas Always (2022) Ghosts of Christmas Always (2022)စာရေးဆရာကြီး Charles Dickens ရဲ့ Christmas Carole ကိုမသိသူရှိမယ် မထင်ပါဘူးစာအုပ်နဲ့တဖုံ ရုပ်ရှင်တွေနဲ့ တလှည့် version မျိုးစုံထွက် ခဲ့ပါတယ် Christmas Carole နဲ့ Christmas Day ဟာ အနောက်နိုင်ငံမှာတော့ ခွဲလို့တောင် မရပါဘူးသီချင်းတွေလဲ များစွာထွက်ခဲ့ပြီး Christmas vibe ကို အမျိုးမျိုးပုံဖော်ကြပါတယ်ဒါပေမယ့် ထွက်ခဲ့သမျှ Christmas ရုပ်ရှင်တွေမှာ မူလဇစ်မြစ်ဖြစ်တဲ့ Christmas အကြိုနေ့မှာ လူတယောက်ဆီ တစ္ဆေသုံးကောင် ရောက်လာတယ်ဆိုတာတော့ မပြောင်းလဲသေးပါဘူးအခုဒီကားမှာလဲ ပီတာဘယ်ရွန်ဆိုတဲ့ ကောင်လေးဆီ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် တစ္ဆေ ၃ကောင် အစွဲချွတ်ဖို့ ရောက်လာကြတယ်ဒါပေမယ့် ခက်တာက ပီတာတယောက်က မူရင်း ဝတ္ထုထဲက main character Scrooge လို ကပ်စီးနည်းကော်တရာ တချိန်လုံး ...
movie

Ghosts of Christmas Always (2022)

Home Coming ( 2022 ) 6.5
Home Coming ( 2022 ) ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေNumedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ...
movie

Home Coming ( 2022 )

(18+) Oligosaccharide The Movie (2017)
(18+) Oligosaccharide The Movie (2017) (18+)Oligosaccharide (2017)အခုတစ်ခေါက်က ဟာသဆန်ဆန် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် လူငယ်ဇာတ်ကားလေးပါ သာမန်ရုံးသမားလူငယ်တစ်‌ယောက်ရဲ့ ဘဝမှာ တွေ့ဖူးခဲ့တဲ့ မိန်းမတွေအကြောင်း ဇာတ်လမ်းအတိုလေး ငါးခုကို ဇာတ်ကားအဖြစ်ပေါင်းထားတဲ့ ဇာတ်ကားလေးပါညီကိုတို့လို လိင်စိတ်ဆန္ဒ ပြင်းပြတဲ့ လူငယ်တွေ " ဆေးလိပ်နဲ့အရက်သာ မ‌ေသာက်ဘဲနေနိုင်မယ် ဆန္ဒကိုတော့ သိက္ခာနဲ့ မထိန်းနိုင်ဘူး " ဆိုတဲ့ ယောက်ျားလေးတွေအတွက် ကောင်မလေးက အရမ်းတင်းကြပ်တဲ့ အခါ နေရထိုင်ရခက်တဲ့ အကြောင်းကို ဟာသနှော ရိုက်ကူးထားတဲ့ အချစ်ကားလေး ဖြစ်ပါတယ်လူငယ်တွေ အထူးသဖြင့် အိမ်ထောင်ပြုခါနီး စုံတွဲတွေ တစ်ညတာ ပျော်ပျော်ပါးပါးနဲ့ ရယ်မောရင်း ဖြတ်သန်းချင်ရင်တော့ ဒီကားလေးကြည့်ဖို့ အကြံပေးချင်ပါတယ်နော်အညျွန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။Genre..... Adult, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 608MB | 257MB Format… mp4 Duration….  1h 43min Subtitle…. Myanmar ...
movie

(18+) Oligosaccharide The Movie (2017)

2017
[18+]REC(2011) 6.7
[18+]REC(2011) [18+]REC(2011)***************  ၁၈+ ကားဆိုသော်လည်း BL ကားဖြစ်သည့်အတွက်မဒေါင်းခင်သတိထားစေလိုပါသည်..........LGBT ချစ်သူများအတွက် 2011ခုနှစ်က ထွက်ရှိခဲ့တဲ့ RECဆိုတဲ့ BLကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ချစ်သူသက်တမ်း ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဟျောင်းဂျူနဲ့ဂျွန်ဆော့တို Gay coupleကဟိုတယ်အခန်းလေးထဲမှာပဲ အမှတ်တရတွေ ဖန်တီးရင်း ဖြတ်သန်းနေပါတယ်... သူတိုနှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို ကင်မရာမှာ မှတမ်းတင်ရင်း အတိတ်ကအကြောင်းတွေ ပြောပြီးရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ စနောက်ပျော်ရွှင်နေကြပေမယ့် ရုတ်တရက်ဆိုသလိုသူတို့နှစ်ယောက်ရဲ့ သာယာနေတဲ့ဘဝလေးက ပြိုလဲသွားပါတော့တယ်.. ၅နှစ်ကြာတွဲခဲ့တဲ့ ချစ်သူတွေရဲ့ဆက်ဆံရေးက ဘယ်လိုကိစ္စကြောင့်ပျက်ဆီးသွားမလဲဆိုတာ ဆက်လက်ရှုစားပေးကြပါဦး..   File Size : (1.5GB) and (565MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:06:00 Genre : Drama, Adult Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]REC(2011)

Gattaca (1997) 7.8
Gattaca (1997)  သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ်အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ...Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude ...
movie

Gattaca (1997)

Paris, Texas (1984) 8.1
Paris, Texas (1984) Paris, Texas (1984)~ IMDb - 8.1/10, Rotten Tomatoes - 94% ~ပဲရစ်လို့ကြားလိုက်ရင် ဥရောပတိုက်က အီဖယ်တာဝါကြီးနဲ့ တခမ်းတနားရှိလှတဲ့ ပဲရစ်မြို့ကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ လူမသိသူမသိ မြို့သေးသေးလေးရဲ့ နာမည်ဟာလည်း ပဲရစ်ပါပဲ...သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်းမသိ၊ ကန္တာရထဲမှာ ဦးတည်ရာမဲ့လျှောက်သွားနေတဲ့ လူတစ်ယောက်ကို တစ်ရက်မှာ သူစိမ်းတစ်ယောက်က တွေ့လို့ ကယ်တင်ခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူနဲ့ ပြန်လည် ဆုံစည်းစေခဲ့ပါတယ်။ ၄နှစ်တာလုံးလုံး သတင်းမကြားဘာမကြားနဲ့ လုံးလုံးပျောက်သွားခဲ့ပြီး လတ်တလောဘဝနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေလည်း ပျောက်သွားတဲ့ ထရာ့ဗစ်ကို သူ့ညီဖြစ်သူက လူ့အသိုက်အဝန်းထဲကို ပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ ပြန်ရောက်လာမှုက သူ့ညီရဲ့ မိသားစုဘဝကို မငြိမ်မသက်ဖြစ်လာစေပါတယ်။ သူ့ညီရဲ့ မိသားစုလို့ ဆိုရာမှာ သူတစ်ချိန်က ထားခဲ့တဲ့ သူ့ရဲ့သားငယ်လေးလည်းပါတယ်။ သူထွက်သွားတဲ့ ၄နှစ်ဆိုတဲ့အချိန်ဟာ သူ့သားငယ်အတွက်တော့ ...
movie

Paris, Texas (1984)

1984