Channel Myanmar

Drama

Hit The Road (2021) 7.3
Hit The Road (2021) Hit The Road (2021)~ IMDb - 7.3/10, Rotten Tomatoes - 95% ~IMDb 7.3/10 ရထားတယ်၊ Rotten Tomatoes က 95 % ရထားတယ်၊ BFI London နဲ့ Singapore International ဆုတွေ ရထားတယ်ဗျာ... ၉၃ မိနစ်ကြာ ဇာတ်လမ်းတစ်ပုဒ်ကို လူဇာတ်ကောင် လေးယောက် တိဇာတ်ကောင် တစ်ကောင်တည်းနဲ့ စိတ်ဝင်စားဖွယ်ရိုက်ပြထားတယ်...ဒီဇာတ်လမ်းက ခင်ဗျားတို့ကို ကြည်နူးရင်ခုန်စရာတွေတော့ ပေးနေမှာ မဟုတ်ဘူးဗျ။ မရေရာမှုတွေပြည့်နေတဲ့ ဒီဇာတ်လမ်းရဲ့ ပထမဆုံးသော ဒိုင်ယာလော့ကိုက... " ဘယ်ရောက်ပြီလဲ " တဲ့။အဖေ အမေ သားနှစ်ယောက် ခွေးတစ်ကောင် အငှားကားတစ်စီးနဲ့ ထွက်လာတဲ့ ဒီခရီးဟာ ပျော်ပွဲစားခရီးတော့ ဟုတ်မနေခဲ့ပါ။ နိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် လမ်းဆုံးရောက်သွားတဲ့ မိသားစုတစ်စုရဲ့ နောက်ဆုံးအနေနဲ့ အရာရာပုံအောပြီး ...
movie

Hit The Road (2021)

2021
[18+] Laruan (2022) 6.5
[18+] Laruan (2022) Laruan (2022)~ IMDb rating - 6.5/10 ~ကမီးလ်ဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူဟာထက်မြက်တဲ့မိန်းမဖြစ်ကြောင်း ဖေစ့်ဘုတ်ပေါ်မှာ ပုံတွေတင်စာတွေမရေးဘဲ ယောက်ျားနှစ်ယောက်ကို နဖားကြိုးထိုးထားပြီးတော့ လက်တွေ့သက်သေပြသူဖြစ်ပါတယ်။ကမီးလ်အလုပ်က အိမ်တွင်းအလှဆင်လုပ်ငန်းဖြစ်ပြီးတော့ လုပ်ငန်းမှာ သူ့ငယ်ချစ်ဦးဂျော့ဖ်ကိုလက်ထောက်အဖြစ်ခန့်ထားသလို၊ သူ့ထက်အသက်နှစ်ဆကြီးတဲ့ နာမည်ကျော်ပန်းချီဆရာကြီးတစ်ယောက်ကို ရအောင်ယူထားပြီး အဲဒီပန်းချီတွေကို လုပ်ငန်းထဲမှာထည့်ရောင်းပြီး အသုံးချတတ်ပါတယ်။ ဒီလိုပဲ အားလပ်ရက်တွေမှာ ဂျော့ဖ်ကို ကောင်မလေးတစ်ယောက်ယောက်နဲ့အတူ အိမ်ကိုလာခိုင်းပြီးတော့ ခင်ပွန်းနဲ့ဂျော့ဖ်ခေါ်လာတဲ့ ကောင်မလေးတို့ကိုပစ်ထားပြီး အလုပ်ခန်းထဲမှာ နှစ်ဦးသားကြိတ်ပုန်းတွယ်လေ့ရှိပါတယ်။ စကားနည်းပြီး လူတွေနဲ့အဆက်အဆံသိပ်မရှိတဲ့ သူ့ခင်ပွန်းသည်အဘိုးကြီးဟာ ဒါတွေကိုရိပ်မိသလို မရိပ်မိသလိုအနေအထားပေမယ့် ဘာမှပြောလေ့မရှိပါဘူး။ အစစအရာရာအဆင်ပြေနေတဲ့ ကမီးလ်အတွက်အခြေအနေတွေဟာ ဂျော့ဖ်ခေါ်လာတဲ့ ပန်းချီကျောင်းသူ မိန်းမလှလေး သီယာရောက်အလာမှာတော့ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ဘယ်သူနဲ့မှစကားပြောလေ့မရှိတဲ့ ပန်းချီဆရာအဘိုးကြီးဟာ ဒီကောင်မလေးကိုတော့ အရောတဝင်ပြုံးရယ်လာသလိုမျိုး ငယ်ချစ်ဦးဂျော့ဖ်ကိုယ်တိုင်ပါ သူ့ကိုလျစ်လျူရှုပစ်ပယ်လာ၊ ကောင်မလေးအပေါ်ဂရုစိုက်မှုတွေပုံကျလာချိန်မှာတော့ ထက်မြက်တဲ့ ကမီးလ်တစ်ယောက် မောဟမီးတွေတောက်လောင်ပြီး သူ့ဘဝထဲကယောက်ျားနှစ်ယောက်နဲ့ ဒီမိန်းကလေးကိုခွဲထုတ်ပစ်ဖို့ဆင်ကြံကြံရပါတော့တယ်။ မျက်နှာသစ်မဟုတ်ပေမယ့် ကားရိုက်ကြဲတဲ့ အသစ်ကလေးနှစ်ဦးဖြစ်တဲ့ Franki ...
movie

[18+] Laruan (2022)

2022
Empire Records (1995) 6.7
Empire Records (1995) Empire Records (1995)~ IMDb - 6.7/10, VUDU - 4.5/5 ~Empire Records ဆိုတဲ့ ဆိုင်တစ်ဆိုင်မှာ ဆယ်ကျော်သက်အလုပ်သမား‌လေးတွေနဲ့ သက်လတ်ပိုင်းမန်နေဂျာတစ်ယောက်ဟာ ပျော်ရွှင်လွတ်လပ်စွာ အလုပ်လုပ်ကြပါတယ်။ တစ်ညမှာ မန်နေဂျာ Joe Reeves ဟာ ဆိုင်က Lucas ဆိုတဲ့ကောင်လေးကို ညဆိုင်ပိတ်ဖို့မှာပြီး ထားခဲ့ပါတယ်။ Lucas ဟာ သူတို့ဆိုင်ဟာ Music Town ဆိုတဲ့ Industry တစ်ခုအောက်ကိုရောက်တော့မယ့်စာချုပ်တစ်ခုကို တွေ့တဲ့အခါမှာ ဒါကိုကယ်တင်နိုင်ဖို့ ရှိတဲ့ပိုက်ဆံ 9000 ကို Casino ရုံမှာ သွားပွားပါတော့တယ်။ ဒါပေမယ့်အကုန်ရှုံးပြီး ပိုခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်သွား‌ပါတယ်။လွတ်လပ်တဲ့ သူတို့ရဲ့ဆိုင်လေးကို အုပ်ချုပ်သူအသစ်ရဲ့အောက်မှာ တင်းကျပ်တဲ့စည်းကမ်းတွေဖြစ်လာမယ့်အရေးကို မလိုလားတာ‌ကြောင့် သူတို့ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ 24 နာရီတစ်ရက်တာ‌ကို ရိုက်ပြထားတဲ့ဒီဇာတ်ကားထဲမှာ လူငယ်တွေဟာကိုယ်ရေးကိုယ်တာ ပြဿနာမျိုးစုံတွေနဲ့အတူ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို 1990 ဝန်းကျင် ...
movie

Empire Records (1995)

1995
The Teacher (2022) 9.0
The Teacher (2022) The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်‌ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p  True WEB DL  / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub)  Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie

The Teacher (2022)

2022
[18+]Attenberg(2010) 6.7
[18+]Attenberg(2010) [18+]Attenberg(2010)*******************ဒါကတော့ Greek 18+ လေးပါမရီနာ ဆိုတဲ့ကောင်မလေးဟာ အဖေတစ်ခုသမီးတစ်ခုနေရတဲ့ကောင်မလေးပါ....အဖေဖြစ်သူဟာ လူကြီးရောဂါနဲ့ သိပ်မနေရတော့ပါဘူး...အဲ့တော့ ရှိတဲ့ဒီသမီးလေးကပဲ အဖေကိုပြုစုပေးတာပေါ့ အပျိုဖော်ဝင်လာတဲ့ မရီနာလေးဟာထုံးစံအတိုင်းပဲ အသစ်ဆန်းတွေကို စမ်းသပ်ချင်လာတယ် နောက်ပြီး သူမရဲ့sex dominant ဖြစ်တာက ယောက်ျားလား မိန်းမလားလည်း မသဲကွဲသေးပါဘူးအဲ့တော့ဖြစ်ပုံက ယောက်ျားနဲ့လည်းစမ်းချင်တယ် မိန်းမနဲ့လည်းစမ်းချင်တယ်တွေဖြစ်ကုန်ရော အဲ့တော့ မရီနာတစ်ယောက်ဘယ်သူတွေနဲ့ ဘယ်လိုတွေစမ်းမလည်းဆိုတာဂရိသူလေးတွေ ရဲ့အလှတရားနဲ့ပါ ပေါင်းစပ်ပြီး ခံစားကြည့်ကြပါ File Size : (2.8GB) and (779 MB) Quality : Blu-Ray 720p Format…mp4 Genres: Adult, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae
movie

[18+]Attenberg(2010)

The Exorcism of Emily Rose(2005) 6.7
The Exorcism of Emily Rose(2005) The Exorcism of Emily Rose(2005)=============================ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ်ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲအိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက်scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့်မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမကညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီးအဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေနာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုကကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား?သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH  ...
movie

The Exorcism of Emily Rose(2005)

The Count of Monte Cristo(2002) 7.7
The Count of Monte Cristo(2002) The Count of Monte Cristo(2002)*******************************IMDb...7.7မွန်တီ ခရစ်စတို မြို့စားကြီး ဆိုတာ 1844 ခုနှစ်ကထွက်ရှိခဲ့ စာရေးဆရာ Alexandre Dumasရဲ့နာမည်ကျော်ဝတ္ထုဖြစ်ပြီးဘာသာပြန်ဝတ္ထုတွေလည်းထွက်ခဲ့ပါသေးတယ်။ ဇာတ်အိမ်ကို 1815–1839ခုနှစ်များဆီမှာအစတည်ထားပြီး နပိုလီယန်ဆီကစာလေးတစ်စောင်နဲ့လမ်းကြုံယူသွားပေးရာကနေအစပြုထားပါတယ်။အဲ့ခေတ်မှာ နပိုလီယန်ဟာ အာဏာပြန်မရမီ နယ်နှင်ဒဏ်ပေးခံရတဲ့ကျွန်းလေးကိုဇာတ်လိုက်ဖြစ်သူ အက်ဒ်မွန်ဒန်တီနဲ့သူ့သူငယ်ချင်း ဖာနန် မွန်ဒေဂိုတို့ဟာ‌ဆရာဝန်ရှာထွက်ရင်းရောက်ရှိသွားပါတယ်။နပိုလီယန်ကလည်း စာလေးတစ်စောင်လူကြုံပါးလိုက်တော့စာမဖတ်တတ်တဲ့အက်ဒ်မွန်က သဘောရိုးနဲ့ယူလာ‌ခဲ့မိပါတယ်။ နပိုလီယန်နဲ့ဆက်သွယ်တာဟာ သစ္စာဖောက်မှုလို့စွပ်စွဲတတ်ကြပါတယ်။ဖြောင့်မတ်တဲ့အက်ဒ်မွန်ဟာ သူ မကျူးလွန်တဲ့သစ္စာဖောက်မှုအတွက်ပဲတစ်သက်တစ်ကျွန်းထောင်အချခံလိုက်ရပါတယ်။ထောင်ကနေဘယ်လိုလွတ်မြောက်မလဲ၊သူ့ကိုဘယ်သူတွေက စွပ်စွဲခဲ့တာလဲ၊အက်ဒ်မွန်တစ်ဖြစ်လဲ ဇက်တာရာဟာ မြို့စားကြီး မွန်တီခရစ်စတို အဖြစ်ဘယ်လိုများချမ်းသာခဲ့သလဲ၊သူ့ကလဲ့စားဘယ်လို ချေလဲဆိုတာ နာမည်ကြီး ဝတ္ထုဆိုတဲ့အတိုင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်    File Size :(2.7GB) (930 MB) and (305MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:11:00 Genre : Action ,Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Count of Monte Cristo(2002)

[18+] Downfall (1997) 6.4
[18+] Downfall (1997) [18+] Downfall (2022)~ IMDb - 6.5/10, MyDramaList - 6.7/10 ~(ထုံးစံအတိုင်းပါပဲ။ ခေတ်ဟောင်းက ကိုရီးယားကားဆိုတော့ အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရပြေအောင် ချဲ့ကုတ်ပေးလိုက်ပါတယ်)Penthhouse ထဲက ဂျင်နီအမေရဲ့ ငယ်စဉ်ရွယ်စဉ်က ကားအလန်းတစ်ကားပါ။ တစ်ချိန်တစ်ခါဆီက ကိုရီးယားရဲ့ ပြည့်တန်လောကကို ပုံဖော်ထားတဲ့ကားပါပဲ။ ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖြစ်တည်မှုအစကနေ ဖြစ်တည်မှုအဆုံးအထိ ပြသထားတဲ့ ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။လွတ်မြောက်ဖို့ကြိုးစားရခြင်းတွေ... ဒီဘဝကို ပျော်မွေ့သွားခြင်းတွေ... အဖြူတွေအမဲတွေ ဒွန်တွဲနေတဲ့အကြောင်းတွေကို မျက်ဝါးထင်ထင်မြင်ကြရပါလိမ့်မယ်။ ကိုရီးယားပြည့်တန်ဆာလောကအကြောင်း ဆရာကင်ကီဒွပ်ကြီး သရုပ်ဖော်တာကို ကျွန်တော်တို့ခဏခဏကြည့်ဖူးခဲ့ပြီးပြီမလား။ ဒါကတော့ အရသာအသစ်ပေါ့။ ဘာလို့ဆို ကင်ကီဒွပ်ကားတွေမှာ ဖြစ်သွားတဲ့ မိန်းကလေးတွေရဲ့ ပျော်မွေ့သွားခြင်းကို မတွေ့ရပေမဲ့ ဒီမှာတော့ တွေ့ရသလောက်ရှိတာကိုး။ မင်းသမီးဟောင်းကြီးရဲ့ မြင်ကွင်းအသစ်တွေကို ရှုစားရင်း လေ့လာကြသင့်တဲ့ကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, ...
movie

[18+] Downfall (1997)

1997
Glass Onion: A Knives Out Mystery(2022) 8.0
Glass Onion: A Knives Out Mystery(2022) ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။ Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။ ပထမကားနဲ့မစပ်ဆက်ဘဲ သီးသန့်အမှုတစ်ခု ကြည့်ရမှာပါ။ မင်းသားကတော့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်ပဲ စုံထောက်ကြီး Benoit Blanc ဘန်ဝါး ဘလန့် အနေနဲ့ ပြန်ပါလာတာပါ။ ဒီတစ်ကားမှာလည်း အရင်ကားလိုပဲ နာမည်ကြီးတွေ အပြည့်ပါပါတယ်။ Fight Club မင်းသားကြီး Edward Norton၊ Hidden Figure ထဲက Janelle Monáe၊ Dave Bautista၊ အက်မင့်ဆော် Jessica Henwick၊ Ethan Hawke တို့အစုံပါပဲ။ ကိုဗစ်ကာလမှာရိုက်ထားတာမို့ အစပိုင်းမှာ Maskတွေ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။ ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကို အားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။စားသောက်အနားယူရင်း ...
movie

Glass Onion: A Knives Out Mystery(2022)

2022
Nanny (2022) 5.2
Nanny (2022) Nanny (2022) ==========Rotten Tomatoes 88% နဲ့ IMDb 5.6 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Horror/Thriller ဇာတ်ကားလေးတစ်ကား တင် ဆက်ပေးလိုက်ပါတယ်။ အာရီရှာဟာ အာဖရိကမှာရှိနေတဲ့ သားလေးလာမင် ကို အမေရိကဆီ ခေါ်နိုင်ဖို့ အလုပ်ကြိုးစား နေတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ရတဲ့ ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ပိုက်ဆံရှာနေခဲ့ပါတယ်။ ဒီလိုလုပ်ကိုင်ရင်းနဲ့ပဲ အာရီရှာတစ်ယောက် ဝိညာဉ်တွေကို မြင် တွေ့လာရပါတော့တယ်။ အဲဒါကြောင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပါတာပေါ့။ ပြောရရင် ဒီဇာတ်လမ်းမှာ အာရီရှာတစ်ယောက်ဘာလို့ ဝိညာဉ်တွေကို ဘာလို့ မြင်တွေ့နေရတာလဲ၊ ဘာတွေ ကြုံဆုံရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းက ရိုးရှင်းသလိုနဲ့ လှည့်ကွက်လေးတွေ ပါရှိတာမို့ အများကြီး မညွှန်းတော့ပါဘူး။ Jump scare များများစားစား မပါဝင်ပေမယ့် Horror အရသာကိုတော့ ပေးစွမ်းနိုင်မှာမို့ လက်လွတ်မခံဖို့ အကြံပေးလိုက်ပါ့ရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.7 GB) / (550 MB) / (320 ...
movie

Nanny (2022)

2022
Ghost Writer 2 (2022) 7.4
Ghost Writer 2 (2022) Ghost Writer 2 (2022)(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ...Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား ...
movie

Ghost Writer 2 (2022)

2022
Honeymoon (2022) 6.2
Honeymoon (2022) Honeymoon (2022) Comedy, Drama IMDb 6.2/10ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင် ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။ အူတူတူ အတတ မိသားစုလေး။အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့ နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ ကောင်မလေးနဲ့ သွားဆုံမိတယ်။ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့ လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB  / 1.2GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Taylor ~ Yunni
movie

Honeymoon (2022)

2022
(18+) Captive Files I (2001) 6.1
(18+) Captive Files I (2001) စတော့ဟုမ်းဆင်ဒရုန်းကို ကြားဖူးကြတယ်နဲ့တူတယ် နာမည်ကြီး money heist ထဲတောင် ပါသေးတယ်လေ အဲ့လို ဖမ်းတဲ့သူကို ပြန်ကြိုက်သွားတဲ့ ဇာတ်လမ်းကိုမှ ဖြေးဖြေးချင်းပဲပြောင်းလဲသွားတာလား လူ့စိတ်သဘောသဘာဝတွေကို လေ့လာရမယ့်အပြင် အလှည့်အပြောင်းများစွာနဲ့ကောင်းကောင်းကြည့်ရမယ် ဇာတ်လမ်းလေးပါပဲဂျပန်ရုပ်ရှင်လောကက ဒီလိုကားမျိုးရိုက်တဲ့နေရာမှာတော့ ဆရာကျပါတယ် ပြသင့်တာပြ ဖော်သင့်တာဖော်ပြီး ဇာတ်လမ်းအရှိန်မကျအောင် ဝေဝေဆာဆာဖန်တီးပေးထားတာ တွေ့ရမှာပါ ဇာတ်ကားက အပိုင်း ၂ ရှိသေးတဲ့အပြင် ဆက်ရန်ကိုပါ ဆက်တင်ဆက်ပေးမှာမို့ အချိန်ရှိတုန်း ပထမပိုင်းကို အားပေးကြဖို့ လက်တို့ပေးပါရစေ File size…300MB Quality…DVD RIP Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+) Captive Files I (2001)

2001
[18+] Perfect Partner (2011) My Secret Partner 6.0
[18+] Perfect Partner (2011) My Secret Partner IMDb Rating (6.0)Perfect Partner (or) My Secret Partner ဆိုတဲ့ဒီဇာတ်ကားက ကိုရီးယား 18+ ဇာတ်ကားတွေထဲ တော်တော်မိုက်တဲ့ဇာတ်ကားပါ...မိုက်တယ်ဆိုတာ ဇာတ်လမ်းဇာတ်ကွက်ရော သရုပ်ဆောင်တွေရော ကွက်တိကျသလို ရီလဲရီရပါတယ်။Adult,Comedy,Romance,Drama အမျိုးအစားဖြစ်တာကြောင့် အချစ်အကြောင်းကို နူးညံ့စွာ ပုံဖော်ရာမှာ ထည့်ပြသင့်တာအကုန် ထည့်ရိုက်ပြထားတဲ့ ကိုရီးယားဇာတ်ကားပါပဲ။သရုပ်ဆေင်တွေကတော့ မင်းသား Kim Young Ho , Kim San-ho တို့ဖြစ်ပြီး မင်းသမီးတွေကတော့ Kim Hye Sun နဲ့ Chae-Yi Yoon တို့ဖြစ်ပါတယ်။အချစ်မှာအသက်အရွယ်က အရေးမပါဘူးဆိုတဲ့အကြောင်းနဲ့ အချစ်မှာ ဘာတွေပဲအရေးပါလဲဆိုတာ ဒီဇာတ်ကားက ရှင်းပြပါလိမ့်မယ်။WEBRip 1080p Quality ထိ တင်ဆက်ထားပြီး အဲ့ Version မှာ ဆင်ဆာဖြတ်ခံထားရတဲ့အခန်းတွေကို DVD ခွေကနေ ပြန်ယူပြီး ပေါင်းထည့်ပေးထားတာမလို့ ဆင်ဆာအခန်းတွေပါ ပါဝင်တဲ့ 1080p ...
movie

[18+] Perfect Partner (2011) My Secret Partner

[18+] Wet Dreams (2002) Mongjunggi 5.4
[18+] Wet Dreams (2002) Mongjunggi Sex is Zero လို ကျောင်းသားဟာသကားတွေကြိုက်တတ်ရင်တော့ Wet Dreams ဆိုတဲ့ ဒီကိုရီးယားကားမှာလဲ ခွီရဦးမှာပါ။ဒေါင်ဟွန်း ဆန်းမင်း ယောင်ဂျေး ဆွတ်ဂူးတို့ဟာယောက်ျားလေးသီးသန့်ကျောင်းမှာတက်ရောက်နေတဲ့ လူပျိုဖော်ဝင်စ၊အပျံသင်စ လိင်မှုကိစ္စကိုထဲထဲဝင်ဝင်နှိုက်နှိုက်ချွတ်ချွတ်စိတ်ဝင်တစား စူးစမ်းချင်စပြုလာတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်။ အဲ့ဒီကျောင်းကိုမှ သူတို့နဲ့အသက်ချင်းသိပ်မကွာတဲ့ ငယ်ငယ်လှလှ ဆရာမလေးတစ်ယောက်က အလုပ်သင်အဖြစ်ဝင်လာတဲ့အချိန်မှာတော့ အဲ့ဒီဆရာမလေးနဲ့ နီးစပ်ခွင့်ရဖို့အရေး သူတို့တွေအလောင်းအစားနဲ့အကြံအဖန်လုပ်ကြတဲ့အထိဖြစ်လာပါတော့တယ်။အဲ့ဒီဆရာမလေးကလဲ ကိုယ်ပိုင်ဇာတ်လမ်းရှိပါတယ်။ ဆရာမလေးရဲ့တစ်ဖက်သတ်အချစ်ဦး ဆယ်ကျော်သက်တုန်းက တဖက်သတ်ကြိတ်ကြွေခဲ့ရတဲ့ ဆရာအစ်ကိုကြီးဟာ အဲ့ဒီကျောင်းမှာကျောင်းဆရာအဖြစ်ရှိနေလို့ဒီကျောင်းကိုမရောက်ရောက်အောင် ဖန်တီးယူခဲ့တာဖြစ်နေလို့ပါပဲ။ဆရာမလေးကသူ့ဇာတ်လမ်းနဲ့သူ့ချစ်ရသူကိုနီးစပ်ခွင့်ရဖို့ကြိုးစားသလို ဒေါင်ဟွန်းတို့လေးယောက်ကလဲ ဆရာမလေးလက်ကိုကိုင်ဖို့၊ အောက်ခံဘောင်းဘီ ဘာရောင်လဲဆိုတာမြင်ရဖို့တို့ ညစ်တီးညစ်ပတ်အလောင်းအစားတွေနဲ့ကြိုးစားနေရင်းက ဒေါင်ဟွန်းဟာ ဆရာမလေးအပေါ် တစ်ပါးသူ စကားနဲ့ထိပါးလာရင်တောင်မခံချင်မခံမရပ်နိုင်ဖြစ်လာတဲ့အထိမေတ္တာရှိမြတ်နိုးသွားမိတဲ့အခါမှာတော့..။စိတ်ကူးယဉ်တတ်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အိမ်မက်ပင်လေးကိုပျိုးမိတော့တာပါပဲ၊ သူ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ? ဆရာမလေးရဲ့ အထက်တန်းကျောင်းကတည်းကစခဲ့တဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကရော? ဇာတ်သိမ်းကတစ်ခုပဲလှဖို့ရှိပါတယ်။Wet Dream ဟာကျွန်တော်တို့ဆီမှာနာမည်ကျော်ဖြစ်တဲ့ Sex is Zero နဲ့ တစ်နှစ်ထဲထွက်ရှိခဲ့ပြီး အပြိုင်နာမည်ကြီးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ကိုရီးယားလှိုင်းအစရုပ်ရှင်တွေထဲမှာတစ်ကားအပါအဝင်ဖြစ်ပြီးကြည့်ဖူးတဲ့သူတွေဆို တစ်ချို့ဇာတ်ကွက်တွေကိုမှတ်မိကြဦးမှာပါ။သူတို့သူငယ်ချင်းလေးယောက်ရဲ့လိင်ကိစ္စ စပ်စုပုံ၊စူးစမ်းပုံတွေ၊ ဆရာမလေးအနားကပ်ခွင့်ရဖို့ကြိုးစားကြပုံတွေဟာ အသေခွီနေရပြီးကိုယ့်ငယ်ဘဝကိုယ်ပြန်အမှတ်ရစရာတိုက်ဆိုင်မှုလေးတွေကိုပါမြင်ရတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းရဲ့အဆုံးမှာ Credit scene ဆန်ဆန်တစ်ခန်းပါဝင်ပြီး၊ အဲ့ဒီနေရာမှာ ဆရာကြီးတစ်ယောက် Cameo အဖြစ်စပရိုက်တိုက်ထားပါတယ်။Wet Dreams 2 ဆက်ထွက်ခဲ့ပြီး Wet ...
movie

[18+] Wet Dreams (2002) Mongjunggi

Haul Out the Holly (2022) 6.2
Haul Out the Holly (2022)  Mean Girls က Gretchen ကိုအားလုံးရင်းနှီးကြမှာပါ။ ဒီကားကတော့ Gretchen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lacey Chabert ရဲ့ ခရစ္စမတ်ဇာတ်ကားသစ်လေးပါ။ ရည်းစားနဲ့ပြတ်သွားတဲ့ အမ်မလီက သူ့ရည်းစားမောင်းချလို့ နေစရာရှာမရဖြစ်နေတဲ့အချိန် မိဘတွေရှိတဲ့ အဲဗားဂရင်းလိန်းက အိမ်ကိုပြန်လာခဲ့ပါတယ်။ တကယ်က အမ်မလီကအိမ်ကို ပြန်မလာချင်ပါဘူး။ ဘာလို့ဆို အမ်မလီငယ်ငယ်ကတည်းက အဲဗားဂရင်းလိန်းမှာ ခရစ္စမတ်အချိန်ဆိုရင် အိမ်တွေအလှဆင်ကြ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်ကြနဲ့ အနားမနေရတာက အစဉ်အလာတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့်အသည်းကွဲလာတဲ့ အမ်မလီက ခရစ္စမတ်မှာ အနားယူချင်တဲ့အတွက် သူ့မိဘတွေကို ဒီအလုပ်တွေမလုပ်ခိုင်းရဘူးလို့ ကတိပေးခိုင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ရောက်ရောက်ချင်းမှာပဲ သူ့အမေတို့က ဖလော်ရီဒါကို ခရီးထွက်သွားပြီး သူ့ကိုတစ်ယောက်တည်း ထားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဲဗားဂရင်းလိန်းအိမ်ရှင်များအသင်းရဲ့ ဥက္ကဋ္ဌအသစ်စက်စက်လေးက အမ်မလီ့ကို သူမလုပ်ချင်တဲ့ ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်တာတွေကို လုပ်ခိုင်းတဲ့အခါမှာ သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်လာမလဲ။ အမ်မလီကရော ဒီကိစ္စတွေကို အလုပ်တွေရှုပ် အရှုပ်‌တွေလုပ်နေတယ်လို့ ဆက်မြင်ဦးမှာလား ဆိုတာကို ...
movie

Haul Out the Holly (2022)

The Postman (1997) 6.1
The Postman (1997) သဘာဝဘေးတွေ ကပ်ရောဂါတွေ စစ်ပွဲတွေရဲ့နှိပ်စက်မှုဒဏ်ကြောင့် ကမ္ဘာကြီးပျက်ဆီးသွားခဲ့ပြီ။ လျှပ်စစ်တွေ ဖုန်းတွေ အသင့်စား အစားအစာတွေ ဘာမှမရှိတော့တဲ့ ခေတ်ပျက်ကြီးထဲမှာ လူတွေဟာ မျှော်လင့်ချက်မဲ့စွာ ရှင်သန်နေထိုင်ကြရပါပြီ။ အားလုံး လမ်းပျောက်နေကြတဲ့ ခေတ်ပျက်ကြီးထဲမှာ "တောမီးလောင် တောကြောင်လက်ခမောင်းခတ်" ဆိုသလိုပဲ လူယုတ်မာတစ်ယောက်က အစပျိုးခဲ့ပြီး သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ခေါ်တဲ့ "ဟုန်းနစ်" ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာခဲ့ပြီး ဒုက္ခသည်အချင်းချင်း ဗိုလ်ကျအနိုင်ကျင့်နေကြတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ကြီးစိုးတဲ့နေရာကို တစ်ကိုယ်တော်လေလွင့်ပြီး နယ်တစ်ကာလှည့်ကာ ရှိတ်စပီးယားပြဇာတ်တွေကို သရုပ်ဆောင်ပြပြီး ဝမ်းရေးဖြေရှင်းတဲ့လူတစ်ယောက် ရောက်လာပြီး အိပ်မက်တွေပျောက်ဆုံးနေတဲ့ လူတွေအားလုံးကို သူကိုယ်တိုင် မရည်ရွယ်ပါဘဲနဲ့ ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးမိသွားတဲ့အခါမှာတော့.... File size…(3.1GB)  / (1.86GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:57:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Robin 
movie

The Postman (1997)

Cherry(2010) 6.7
Cherry(2010) Cherry (2010)=============IMDb 6.7 / Rotten Tomatoes 64%စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦးဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ AmericanComedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်းလို့တော့ မထင်လိုက်ပါနဲ့ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန်တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကိုယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါလက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာတစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ပါတော့တယ်သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအားမြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါတော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ်သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာအယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ်တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကိုတစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက်သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာဗျာများရင်း...ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ...စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy ...
movie

Cherry(2010)