Channel Myanmar

Drama

Little Boy ( 2015 ) 7.4
Little Boy ( 2015 ) IMDb Rate 7.4 ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Little Boy ဇာတ်ကားဟာ ကလေးငယ်တစ်ယောက်ရဲ့ဖခင်အပေါ်မှာထားရှိတဲ့မေတ္တာတရားကိုဖော်ကျူးတဲ့ကားကောင်းလေးဖြစ်ပါတယ်အကျဉ်းချုဉ်းပြောရရင်တော့ အသက် ၈ နှစ်အရွယ်သာရှိတဲ့သားငယ်ဟာ အဖေနဲ့ဝေးကွာနေတဲ့အတွက် ဖခင်ဖြစ်သူအိမ်ပြန်လာစေဖို့ ကြိုးပမ်းခြင်းပါ..ဒါဟာလည်းဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပဲဖြစ်နိုင်ပါလိမ့်မယ်..ဒီတော့ ဒီစစ်ကြီးပြီးမှ ဖခင်အိမ်ပြန်ရောက်လာမှာဖြစ်တဲ့အတွက် ဘာမဆိုလုပ်ရလုပ်ရ လုပ်မယ့် သားငယ်ရဲ့ မဖြစ်နိုင်တာကိုယုံကြည်မှုတွေနဲ့အတူ ဒီဇာတ်လမ်းလေးဟာဖခင်တစ်ယောက်က သားအပေါ်ထားတဲ့မေတ္တာ..သားငယ်ရဲ့ဖခင်အပေါ်ချစ်ခြင်းတွေကိုဖေါ်ကျူးတင်ဆက်သွားမှာပါ   Download With Pcloud Link ( 680 MB )
movie

Little Boy ( 2015 )

2015
Sea Fog (2014) 6.9
Sea Fog (2014) Sea Fog (2014)IMDb - 6.9/10_____Rotten - 77%    ဒီကားလေးကတော့ တခြားကိုရီးယားကားတွေနဲ့မတူတဲ့ရသကိုပေးနိုင်မယ့်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ယောဆူ ဆိုတဲ့ ငါဖမ်းလုပ်ငန်းကိုလုပ်ကိုင်တဲ့မြို့လေးမှာပေါ့.... ငါးဖမ်းလုပ်ငန်းလုပ်တဲ့လူတစ်စုဟာငါဖမ်းလုပ်ငန်းလုပ်ရင်း အဆင်မပြေဖြစ်လာကြတဲ့အခါ ငွေကြေးလိုအပ်မှုတွေရှိလာခဲ့အခါမှာတော့ လူမှောင်ခိုလုပ်ငန်းဘက်ကိုကူးပြောင်းလာခဲ့ကြပါတယ်..လူပို့ဖို့အဆင်သင့်ဖြစ်နေတုန်းမှာ သဘောၤကိုစစ်ဆေးရေးဝင်လာခဲ့လို့ လူတွေကို သဘောၤဗိုက်ထဲ ကို ခေတ္တခဏထည့်ထားခဲ့ရာမှ ဖာရွန်ဂတ်စ်အဆိပ်သင့်ပြီးသေကြတဲ့နောက်ပိုင်း.. ဘယ်လိုအခက်အခဲတွေပြသနာတွေဖြစ်မလဲ...ဆိုတာတွေကို ဆက်လက်စောင့်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုခံစားလိုက်ပါဦး   ဘာသာပြန်သူနဲ့အညွှန်းရေးသူတော့ ရည်မွန် ဖြစ်ပါတယ်    ဒီကားလေးကတော့ တခြားကိုရီးယားကားတွေနဲ့မတူတဲ့ရသကိုပေးနိုင်မယ့်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ယောဆူ ဆိုတဲ့ ငါဖမ်းလုပ်ငန်းကိုလုပ်ကိုင်တဲ့မြို့လေးမှာပေါ့.... ငါးဖမ်းလုပ်ငန်းလုပ်တဲ့လူတစ်စုဟာငါဖမ်းလုပ်ငန်းလုပ်ရင်း အဆင်မပြေဖြစ်လာကြတဲ့အခါ ငွေကြေးလိုအပ်မှုတွေရှိလာခဲ့အခါမှာတော့ လူမှောင်ခိုလုပ်ငန်းဘက်ကိုကူးပြောင်းလာခဲ့ကြပါတယ်..လူပို့ဖို့အဆင်သင့်ဖြစ်နေတုန်းမှာ သဘောင်္ကိုစစ်ဆေးရေးဝင်လာခဲ့လို့ လူတွေကို သဘောင်္ဗိုက်ထဲ ကို ခေတ္တခဏထည့်ထားခဲ့ရာမှ ဖာရွန်ဂတ်စ်အဆိပ်သင့်ပြီးသေကြတဲ့နောက်ပိုင်း.. ဘယ်လိုအခက်အခဲတွေပြသနာတွေဖြစ်မလဲ...ဆိုတာတွေကို ဆက်လက်စောင့်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုခံစားလိုက်ပါဦး  ဘာသာပြန်သူနဲ့အညွှန်းရေးသူတော့ ရည်မွန် ဖြစ်ပါတယ်  
movie

Sea Fog (2014)

2014
Hachiko Monogatari (1987)
Hachiko Monogatari (1987) ဟချိကိုရဲ့ဒိုင်ယာရီ ကျွန်တော်မွေးရပ်မြေကအကိတဆိုတဲ့ဂျပန်နိုင်ငံကဒေ သတစ်ခုကပါပဲကျွန်တော့်ကိုမွေးစားဖို့ဆိုပြီးတိုကျိုကလူ တွေဆီပို့လိုက်ကြတယ်ဗျရထားစီးရတယ်ကျွန်တော်ကို လှောင်အိမ်ထဲမှာအစာရယ်ရေရယ်ထည့်ပြီး၂ရက် လောက်ကြာတဲ့ခရီးကိုသူတို့တွေထည့်လိုက်ကြတာပေါ့ ဗျာပင်ပန်းသလားမမေးပါနဲ့ဗျာရာသီဥတုကလည်းအေး ရထားကလည်းဆောင့်လိုက်တာကျွန်တော်သတိတောင် မေ့သွားခဲ့တယ်ဘယ်အချိန်တိုကျိုရောက်လာလဲဆိုတာ တောင်ကျွန်တော်မသိတော့ပါဘူးအို့အို့နဲ့ကျွန်တော့်ကို ခေါ်သံကြားမှကျွန်တော်နိးလာခဲ့တယ်ဆာလည်းအတော်ဆာနေပြီကိုးဗျကျွန်တော့်ရှေ့မှာနွားနို့ပန်ကန်က သောက်ချင်စရာကြီးဗျအာ့နဲ့မစဉ်းစားတော့ပါဘူးဆာဆာနဲ့လွေးလိုက်တာပေါ့ကျွန်တော့်ကိုပြုံးကြည့်နေတဲ့ - [ ] နှုတ်ခမ်းမွေးစစနဲ့လူကြီးတစ်ယောက်သူ့အပြုံးကအေးချမ်းလိုက်တာကျွန်တော်မြင်မြင်ချင်းသိလိုက်ပြီသူကကျွန်တော့်ရဲ့သခင်ပါပဲသူကကျွန်တော့်ကိုဖတ်ထား လိုက်တယ်ကျွန်တော့်ရင်ထဲနွေးထွေးသွားတယ်ကျွန် တော့်ရဲ့အဖေလိုပဲခံစားရတယ်ဗျကျွန်တော့်ကိုမွေးထား တဲ့လူကစိုက်ပျိုးရေးအင်ဂျင်နီယာတစ်ယောက်ပဲဗျသူ့နာ မည်ကအုအဲနိုတဲ့မြို့မှာတော့သူ့ကိုမသိသူမရှိပါဘူးလေ အဲဒီနောက်သူဟာကျွန်တော့်ရဲသခင်ဖြစ်လာတော့တာ ပေါ့သူကကျွန်တော့်ကိုအတော်ချစ်ဆိုပဲဗျကျွန်တော့်ကို သူ့သားအရင်းလိုပဲဘယ်သွားသွားခေါ်တယ်ကျွန်တော့် အမွေးတွေထဲမှာကပ်နေတဲ့သန်းတွေကိုလည်းသူရှာပေးတယ်ရေလည်းတူတူချိုးကြတယ်ကျွန်တော်အရမ်းပျော် တာပေါ့သူဟာကျွန်တော့်ဘဝအတွက်အရေးပါဆုံးလူ တစ်ယောက်ပါပဲသူရုံးသွားရင်ဘူတာထိကျွန်တော်သူ့ကို လိုက်ပို့တယ်ရုံးဆင်းရင်ကျွန်တော်သူ့ကိုဘူတာမှာသွား ကြိုတယ်ကျွန်တော့်နာမည်ဟချိကိုဆိုတာလည်းသူပဲ ပေးခဲ့တာပါတစ်နေ့သောညနေမှာတော့သူ့ကိုကျွန်တော် စောင့်နေပေမဲ့သူပြန်မလာခဲ့ပါဘူးလူတွေပြောကြတာ တော့မတော်တဆသူသေဆုံးသွားတယ်တဲ့သေတယ် ဆိုတာဘာလဲခင်ဗျားတို့ကောသိလားကျွန်တော်က တော့ဘယ်သိမှာလဲဗျာကျွန်တော်ယုံတယ်သူတစ်နေ့နေ့ ဒီဘူတာလေးကနေပဲပြန်လာမှာသူကျွန်တော့်ကိုအရမ်းချစ်တာကျွန်တော်သိတယ်လေသူ့ဇနီးကျွန်တော့်သခင်မ ကတော့ကျွန်တော့်ကိုသူနဲ့အတူနေဖို့လာခေါ်ပါတယ်ဒါ ပေမဲ့ကျွန်တော့်မသွားပါဘူးကျွန်တော့်မှာတာဝန်ရှိသေးတယ်ကျွန်တော့်သခင်ပြန်အလာကိုစောင့်ရမယ်လေနှစ် တွေကြာပြီဗျကျွန်တော်စောင့်နေတာဒါပေမဲ့သခင်က တော့ပြန်မလာသေးပါဘူးကျွန်တော်ဇွဲမလျော့ပါဘူးကြုံ ရာစားသောက်နေထိုင်ရင်းသခင့်ကိုစောင့်နေတုန်းပါပဲ ဒီနေ့တော့နှင်းတွေအရမ်းကျနေတယ်ကျွန်တော်အရမ်းချမ်းနေခဲ့ပါပြီကျွန်တော့်မျက်လုံးတွေဝါးလာနေပြီဟော ဟိုမှာကျွန်တော့်သခင်ကိုမြင်နေရပြီသူကျွန်တော့်ဆီကို နောက်ဆုံးတော့ပြန်လာခဲ့ပါပြီကျွန်တော်အရမ်းပျော် တယ်ဗျာဝမ်းသာလိုက်တာဟုတ်ကဲ့ကျွန်တော်ဟာဟချိကိုဆိုတဲ့ခွေးတစ်ကောင်ပါ ဂျပန်လူမျိုးတွေဘာလို့ခွေးအရမ်းချစ်ရတာလဲကျွန်တော် အံ့သြမိဖူးပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်မှန်ကားလေးကိုကြည့် လိုက်တော့ကျွန်တော်နားလည်သွားခဲ့တယ်အတော် လည်းစိတ်မကောင်းဖြစ်မိတယ်ခွေးလေးနေရာကနေခံစားပြီးကျွန်တော်အညွန်းရေးပေးထားပါတယ်သေချာ တယ်ဒီကားလေးကchannelmyanmar ပရိတ်သတ် တွေကိုအလုံးစုံဆွဲဆောင်သွားနိုင်မယ်လို့ယုံကြည်ရင်း ဘာသာပြန်ရကြိုးနပ်အောင်ကြည့်လိုက်ကြပါဦးလို့ ဘာသာပြန် နဲ့ အညွန်းကိုတော့ ဟချီကိုနေရာမှခံစာပြီး ကိုစိုးထွေးက ရေးသားခဲ့တာပါ )DOWBLOAD LARGE FILE   DOWNLOAD SMALL FILE
movie

Hachiko Monogatari (1987)

Beautiful Creatures (2013) 6.2
Beautiful Creatures (2013) အီသန် ဆိုတဲ့ ကောင်လေးဟာ  စိတ်ကူးယဉ် ဆန်တက်တဲ့ ကောင်လေး တစ်ယောက်မဟုတ်ပါဘူး သူဟာ ဘ၀ ကို ပုံမှန်လေးပဲဖြတ်သန်းသွားချင်တဲ့သူပေါ့... တစ်ရက်မှာတော့ သူတို့မြို့လေးရဲ့ ကျောင်းကို လီနာ ဆိုတဲ့ ကောင်မလေး တစ်ယောက် ကျောင်းပြောင်းလာပါတယ်... လီနာ ကတော့ မြို့စွန်က စုန်းမိသားစု လို့ လူတွေက ၀ိုင်းကျဉ် သက်မှတ်ထားတဲ့ ချောက်ခြားဖွယ်အိမ်ကြီးက မိသားစု တစ်ဦးဖြစ်ပြီး ဘယ်သူနဲ့မှ အဆက်အဆံ မလုပ်သလို တစ်ယောက်ထဲ သီးသန့်နေတက်သူပါ... ဒါပေမယ့် အီသန် ဟာ လီနာ နဲ့ ရင်းနှီးသွားပြီး နောက်ပိုင်းမှာ သူ့ ဘ၀တွင် မယုံနိုင်စရာ ဖြစ်ရပ်များ ကြုံလာရသောအခါ... Thit San Khant =========== Download HD (1.1GB) Download Small (710MB)
movie

Beautiful Creatures (2013)

2013
Lion (2016) 8.0
Lion (2016) Lion (2016) IMDb - 8.0/10_____Rotten - 84% Nominated for 6 Oscars. Another 59 wins & 98 nominationsLion (2016)Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo ...
movie

Lion (2016)

2016
Jackie (2016) 6.7
Jackie (2016) Jackie (2016) IMDb - 6.7/10_____Rotten - 87%   ကျွန်တော် La La Land ဇာတ်ကားကို ပိုကြိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ ယခု Jackie ဇာတ်ကားထဲက Natalie Portman သရုပ်ဆောင်ခဲ့တာ Emma Stone ထက် အဆများစွာ သာခဲ့တယ်။ ယခုဇာတ်ကားကိုလည်း ရုံမှာကြည့်ဖို့မစောင့်နိုင်တော့တဲ့အတွက် SD version လေးပဲကြည့်ခဲ့ရတယ်။ သမိုင်းမှာ America ရဲ့နာမည်ကျော် သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ John F. Kennedy ရဲ့ အမျိုးသမီးဖြစ်သူ Jacqueline Kennedy Onassis ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Biographical ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ တစ်ခြားဇာတ်ကားတွေနဲ့ကွာခြားတာတစ်ခုက ယခုဇာတ်ကားက ခင်ပွန်းဖြစ်သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း နေ့ရက်တွေက သူမရဲ့ဘဝကို ပိုမိုအာရုံထားပြီး တင်ပြထားတာပဲ။ ထို့အတွက်ကြောင့်လည်း ယခုဇာတ်ကားဟာ ပိုမိုလေးနက်တယ်လို့ခံစားခဲ့ရတယ်။ Natalie Portman ရဲ့ သရုပ်ဆောင်ကွက်တွေကို ...
movie

Jackie (2016)

2016
Mud (2012) 7.4
Mud (2012)    2012 ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ IMDb rating 7.4 ထိရရှိခဲ့တဲ့ ဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းး အကျဉ်းလေးကတော့ အသက် ၁၄ နှစ်အရွယ် အဲလစ်ဟာ မိဘများနဲ့ အတူတူနေထိုင်နေသူတယောက်ဖြစ်ပြီးတော့ တစ်နေ့မှာသူဟာ သူ့သူငယ်ချင်းကို တွေ့ဖို့အတွက် အိမ်ကနေ ခိုးထွက်လာခဲ့ပြီး သူငယ်ချင်းနှ်စ်ယောက်ဟာ မစ္စပီ မြစ်ကမ်းဘေးမှာ လှေအိမ်လေးနဲ့ သွားပြီး ကမာကောင်တွေကောက်ကာ ကစားကြပါတယ် ဒီလိုနဲ့ ပျော်မြူးနေကြရင်း သူတို့ လှေအိမ်လေးထဲမှာခြေရာတွေ တွေ့ခဲ့သလိုပဲ သူတို့ ကမ်းခြေမှာကမာကောင်တွေကိုကောက်တော့လဲ ခြေရာတွေကိုတွေ့ ရတဲ့ အခါမှာတော့ သူတို့ ဟာ ကမ်းခြေကိုလိုက်ရှာကြတဲ့အခါမှာတော့ ရေမျောကမ်းတင် မတ် နဲ့ တွေ့ကြပါတော့တယ် ကဲ ပရိတ်သတ်ကြီးက မတ် ဟာ ဘယ်လိုကြောင့် ရေမျောကမ်းတင်နေတာလဲ ဘာတွေကိုဆက်ဖြစ်အုံးမလဲဆိုတာကို ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာDownload Large File From Pcloud   Download Small File From Pcloud
movie

Mud (2012)

2012
Bobby Jasoos (2014) 5.5
Bobby Jasoos (2014)   IMDb rating 5.5 ရရှိထားပြီး ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ ဘောလိဝုဒ် အချစ်ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘော်ဘီ ဟာ ဟိုက်ဒရာဘတ် မြို့ဟောင်းမှာနေထိုင်သူတစ်ယောက်ဖြစ်ပြီးတော့ စုံထောက်အလုပ်ကို ရူးသွပ်သူတယောက်ဖြစ်ပါတယ် ပြီးတော့ သူစုံထောက်လုပ်ခြင်တာက သူ့အဖေ သက်သေမပြနိုင်ခဲ့တဲ့ အမှုကို ဆက်လက်စုံစမ်း ဖော်ထုပ်ခြင်တာကြောင့်လဲဖြစ်ပါတယ် နောက်ဆုံးမှာတော့ သူဟာာ ချမ်းသာတဲ့ အလုပ်ရှုင်တယောက်နဲ့ ချိတ်ဆက်မိပြီး ငွေကြေးမြောက်မြားစွာပေးကာ သူ့သမီး၂ယောက်ကို စုံစမ်းခိုင်းတဲ့ အခါမှာတော့ ဘယ်လို ဟာတွေက ယုန်ထောင်ကြောင်မိ ပေါ်လာလေမလဲ ဆိုတာကို အလွဲလွဲအချော်မချော်တွေနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် ဘောလိဝူဒ်ဇာတ်မြူးကြိုက်တဲ့ ပရိတ်သတ်ကြီးအနေနဲ့ကတော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲဗျ :D
movie

Bobby Jasoos (2014)

2014
Bakit hindi ka crush ng crush mo? (2013) 6.7
Bakit hindi ka crush ng crush mo? (2013) "Bakit hindi ka crush ng crush mo? " ဇာတ်ကားဟာ ပုံမှန်မြန်မာဇာတ်ကားတွေလိုပဲ ချစ်ကြိုက်ကွဲညား ရိုက်ကူးထားတယ် ဆိုပေမယ့် IMDb ratting မှာ 6.6 အထိရရှိထားတဲ့ ဖိလစ်ပိုင်ကားပဲဖြစ်ပါတယ်... ဖိလစ်ပိုင်ကားတကားအနေနဲ့ ဘာလို့ Rating အဲ့လောက်ထိရထားတာလဲဆိုတာကတော့ ဇာတ်ကားကိုကြည့်မိရင်နားလည်သွားပါလိမ့်မယ်...ဇာတ်ကားနာမည်က အင်္ဂလိပ်လိုဆိုရင် Why your crush won't crush you back? လို့အဓိပ္ပာယ်ရပါတယ် Fancy Drama ဇာတ်ကားဆိုပေမယ့် သူပေးချင်တဲ့ Massage ကို ထိထိရောက်ရောက်ပေးနိုင်အောင်ရိုက်ကူးထားပါတယ် အချစ်စစ်ဆိုတာက လုပ်ယူလို့ရနိုင်လား လုပ်မယူပဲနဲ့ ရင်ဘတ်ရဲ့တနေရာရာမှာရှိနေလားဆိုတာ crush ဖြစ်နေကြတဲ့သူတွေအတွက်လည်း ရိုက်ကူးထားပုံပေါ်ပါတယ်....:P ချစ်သူနှစ်ဦးကြား လိင်ဆက်ဆံခြင်းကိစ္စဟာ ချစ်ကြိုက်ခင်မှာဖြစ်သင့်လား ဒါမှမဟုတ်ချစ်သူဘ၀မှာ အချစ်ကြည့်သက်သက်သီးသန့်ခံစားကြပြီ အိမ်ထောင်ပြုပြီးမှသာ လိင်ဆက်ဆံသင်ကြလားဆိုတဲ့ အခုခေတ်လူငယ်တွေမမှားသင့်တဲ့အမှားတွေကို မြင်သာအောင်ရိုက်ပြထားပါတယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကျရှုံးလုလုဆဲဆဲဖြစ်နေတဲ့ တေးစီးရီးထုတ်လုပ်ရေးကုမ္ပဏီကို အဖိုးရဲ့ညွှန်ကြားချက်ကြောင့် အယ်လစ်တယောက် မဖြစ်မနေကိုင်တွယ်ရမယ့်အရေးနဲ့ကြုံလာပါတော့တယ် ကုမဏ္ဏီရဲ့ကိုပြန်လည်ထူထောင်နိုင်ဖို့ စရိတ်လျော့ဖို့ ၀န်ထမ်းတွေကိုမဖြစ်မနေထုတ်ရတော့မယ့်အချိန်မှာ တကယ့်အချစ်စစ်အချစ်မှန်ကိုသာယုံကြည်တဲ့ ဆန်ဒီနဲ့ ကုမ္ပဏီမှာဆုံတွေ့ကြပါတော့တယ် ဆန်ဒီကလည်း ယောက်ျားလေးတွေထားထားသွားလို့ စိတ်ညစ်နေရတဲ့အချိန် အယ်လစ်ကလည်း ခိုင်းစေချက်ကြောင့် မဖြစ်မနေကျဉ်းထဲကြပ်ထဲရောက်နေတဲ့အချိန် မှာတော့ ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ "Why your crush ...
movie

Bakit hindi ka crush ng crush mo? (2013)

2013
The Lion Standing in the Wind (2015) 6.8
The Lion Standing in the Wind (2015) မြန်မာကားလို့ပြောရင်ကျွန်တော်အခုထက်ထိသဘောကျနေ ဆဲနှစ်ချိုက်နေဆဲကားလေးတစ်ကားကိုပြပါဆို ရင်ကြိုးကြာတောင်ပံခတ်သံဆိုတဲ့မြန်မာကားလေးပါပဲ ဆရာဝန်တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့မေ တ္တာစေတနာဂရုဏာတွေကို အဲဒီကားမှာကွင်းကွင်းကွက် ကွက်မြင်နိင်ပါတယ်ခုကျွန်တော်ဘာသာပြန်ထားတဲ့ ကားလေးကတော့အဲဒီဇတ်လမ်းပုံမျိုးနဲ့အနည်းငယ်ဆင် ပါတယ်လေထု ထဲမတ်တပ်ရပ်နေတဲ့ခြင်္သေ့တစ်ကောင် လို့ဇတ်ကားနာမည်ကို ထူးထူးခြားခြားလေးပေးထားပါ တယ်အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးပါဆရာဝန် တစ်ယောက်ရဲ့လူနာတွေအပေါ်ထားရှိတဲ့စိတ်စေတနာ မေတ္တာကိုကွင်းကွင်းကွက်ကွက်မြင်နိုင်အောင်ရိုက်ကူး နိင်ခဲ့တဲ့ဂျပန်ဇတ်ကားကောင်းတစ်ကားပါဇတ်ကားက တော့ ဂျပန်နိုင်ငံမှာရိုက်ကူးထားတာမဟုတ်ပါဘူးအာဖရိ ကရဲ့အလွန်ဝေးလံတဲ့နေရာလေးကိုတာဝန်ထမ်းဆောင် ရန်သွားတဲ့ဆရာဝန်လေးကိုအိချိယိုရဲ့အကြောင်းကိုရိုက် ကူးထားတာပါမိမိရဲ့ဆရာဝန်ဘဝလေးကိုမိမိနိုင်ငံလိုတိုးတက်နေတဲ့နေရာမှာ အသုံးချဖို့မကြိုးစားပဲအလွန်ဝေး ကွာတဲ့လူသူအရောက်အပေါက်နည်းတဲ့နေရာကိုရွေး ချယ်တဲ့ဆရာဝန်လေးရဲ့စိတ်ထားဟာလေးစားစရာပါ မိမိချစ်ရတဲ့သူကိုတောင်ခွဲခွာပြီးအာဖရိကကိုထွက်ခွာ ခဲ့တဲ့ ဆရာဝန်လေးတစ်ယောက်ချစ်သူနဲ့ပြန်ဆုံတွေ့နိုင် မှာ လားပြည်တွင်းစစ်တွေအမြဲဖြစ်နေတဲ့အာဖရိကလိုနိုင် ငံကနေကောပြန်လာနိုင်မှာလား ပရိတ်သတ်တွေစောင့် ကြည့်ကြပါကျွန်တော်အကြိုက်ဆုံးကိုအိချိယိုရဲ့စကား တစ်ခွန်းရှိပါတယ်သူ့ကိုလူနာရှင်တွေကလူနာနဲ့ပက် သက်ပြီးအပြစ်ပြောတဲ့အခါဆရာဝန်လေးရဲ့ စကားလေး ကတော့လူတွေဟာနာကျင်စရာတွေများလာတဲ့အခါ တ ခြားလူတွေကိုအပြစ်ပုံချတတ်ကြပါတယ်တဲ့အလွန် ကောင်းတဲ့စကားလေးပါပဲ ဒီဇတ်ကားကိုရေးတဲ့အချိန်မှာ ကျွန်တော်ဟာဆရာဝန်တစ်ယောက်ရဲ့ဘဝကိုကိုယ်ချင်း စာနာပြီးရေးခဲ့ပါတယ်အလွန်ကောင်းမွန်တဲ့ဇတ်ကား လေးကို ပရိတ်သတ်တွေကြည့်ရုရင်းတစ်ခုခုရင်ထဲမှာ ကျန်ရစ်ခဲ့ပါမယ်လို့ ပြောရင်းဒေါင်းလော့လင့်နှိပ်လိုက်ကြ ပါဦးလို့ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ ကိုစိုးထွေးကရေးသားပေးခဲ့တာပါ )Download Large FIle From PcloudDownload Small File From Pcloud
movie

The Lion Standing in the Wind (2015)

2015
Mother (2009) 7.8
Mother (2009) Mother (2009) IMDb - 7.8/10_____Rotten - 96%  mother ရုပ်ရှင်က အမေတစ်ယောက်ရဲ့မေတ္တာကို အဓိကဖော်ပြထားတယ့်ကားတစ်ကားပါ။ IMDb 7.8 ထိရရှိထားပြီး Rotten tomatoes 95% နဲ့Roger Ebert 4 မှာ 3.5 ထိရရှိခဲ့တယ့် ဇာတ်ကားဖြစ်ပါတယ် Rating တွေမြင့်နေတာလဲ ဇာတ်ကားကြည့်ပြီး မှာဘာကြောင့်မြင့်နေလဲဆိုတာ သဘောပေါက်နိုင်ပါလိမ့်မယ် Budget ကန်ဒေါ်လာ ၅ မီလီယံနဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁၇.၁ မီလီယံထိအောင် ရရှိခဲ့တယ့် crime & Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ အာရှ ၊ ဥရောပ ၊ အမေရိက နဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ မှာ စပြီးပြသခဲ့တယ့် မေလ ၂၉ ရက် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၁၀ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၂၆ ခုမှာ ဆုပေါင်း ၅၉ဆုအထိလျာထားခြင်းခံခဲ့ရပါတယ်။ ဇကာတင်ဆုစာရင်းတွေမှာ ဆု၂၀ ဝင်ခဲ့ပြီး ၃၉ ဆုကိုတော့သိမ်းပိုက်ရရှိခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့တောပ့်စတား ဆောင်းဝန်ဘင်း ...
movie

Mother (2009)

2009
The Long Way Home (2015) 6.5
The Long Way Home (2015) The Long Way Home (2015)_____Rotten -6.5/10   ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး   Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့်  ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ  ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie

The Long Way Home (2015)

2015
Snitch (2013)
Snitch (2013) IMDb 6.5 ရရှိထားပြီးတော့ အဖေတယောက်ရဲ့ မေတ္တာကိုဖော်ကြူထားတဲ့ဇာတ်ကားလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဗျ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကလည်း Dwayne Johnson ဆိုတော့ ကောင်းလားမကောင်းလား ပြောမနေတော့ပါဘူး ဇာတ်ကြမ်းကြိုက်တဲ့သူတွေဆိုရင်တော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ သားဖြစ်သူဟာ ဆေးမှောင်ခိုသယ်မှုမှာ မထင်မှတ်ပဲ ၀င်ပါမိပြီး အဖမ်းခံရရာမှ အဖေဖြစ်သူက ရတက်ပွေရပြီး သားဖြစ်သူကို ပြန်လည်ကယ်တင်ပြီး သားဖြစ်သူရဲ့ ဇာတ်လမ်း အရှူပ်တော်ပုံတွေကို ဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါအုံးဗျာ :D
movie

Snitch (2013)

127 Hours (2010) 7.6
127 Hours (2010) ကဲဗျာ ဒီတစ်ခါတော့ ဖြစ်ရပ်မှန််ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျဇာတ်လမ်းလေးက တော့ IMDb rating 7.6 ထိရရှိထားပြီးတော့၂၀၁၁ အော်စကာမှာ Best picture နဲ့ အတူတခြား ဆု၆ဆုကိုလညး်အမည်စာရင်းဝင်ထားပါသေးတယ်လမ်းလျှောက်သမား အာရွန် ရဲ့ ခရီးရှည်လမ်းလျှောက်မှုမှာကြုံတွေ့ရတဲ့ မတော်တဆ ဖြစ်ရပ်ကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးတော့မတော်တဆမှုမှာ အာရွန်တယောက် ရှိတဲံ ပစ္စည်းလေးနဲ့ပဲအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ပုံတွေကိုတင်ဆက်ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့မိသားစုဘဝ ပဋိပက္ခတွေကိုပဲ ရိုက်ပြထားပြီးတော့နောက်ပိုင်းမှာတော့ ဇာတ်လမ်းက တဖြေးဖြေး Tempoမြင့်လာပြီး အာရွန်တယောက် အသက်ရှင်ဖို့အတွက်ရုန်းကန်မှုတွေကို ရင်တသတ်သတ်နဲ့ကြည့်ရှူကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ Canyonland ကာကွယ်တောကိုအာရွန်တယောက် ခရီးရှည်လမ်းလျှောက်ရန်ထွက်လာခဲ့ပြီး တောထဲကိုတစတစနဲ့ ဝင်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ လမ်းမှာ လမ်းပျောက်နေတဲ့ ခရီးသွားဖော်မိန်းမချောလေး ၂ယောက်နဲ့ တွေ့မိခဲ့ပြီး လမ်းပြခဲ့ကာအာရွန်တယောက် ခရီးကိုဆက်ခဲ့ပါတယ်ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကံဆိုးမှုတစ်ခုကြောင့် အာရွန်တယောက်လျှိုထဲကို ချော်ကျသွားခဲ့ပြီး လက်က ကျောက်ဆောင်ကြားထဲကို ညှပ်သွားပါတော့တယ် ကဲ အာရွန်တယောက်သူ့လက်ထဲမှာရှိတဲ့ခရီးသွား အသုံးအဆောင်ပစ္စည်းလေးတွေနဲ့လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါ့မလားဘယ်လိုများလွတ်မြောက်သွားမလဲအစာငတ်ရေငတ်နဲ့ ဒီ ၁၂၇ နာရီကိုကောတောထဲမှာတယောက်ထဲဘယ်လိုများဖြတ်သန်းခဲ့သလဲဆိုတာကိုတော့ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ :D 
movie

127 Hours (2010)

2010
Shivaay (2016) 6.7
Shivaay (2016) အိန္ဒိယ နိုင်ငံမှာ ၀င်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်... တောင်တက်လမ်းပြအဖြစ် တစ်ဘ၀လုံး နှစ်မြုပ်ထားတဲ့ ရှီဗား ...သူ့ဘ၀ကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် ...တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါ က တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကို အချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်... ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့ လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် ...ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့ မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ  သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ် တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီး သမီးလေးဟာ ...
movie

Shivaay (2016)

2016
Manchester by the Sea (2016) 7.8
Manchester by the Sea (2016) Manchester by the Sea (2016) IMDb - 7.8/10______Rotten - 96% Won 2 Oscars. Another 128 wins & 259 nominations  အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ ...
movie

Manchester by the Sea (2016)

2016
Stalingrad (2013) 5.6
Stalingrad (2013)  IMDb rating 5.6 ရထားပြီး ၂၀၁၃ ခုနှစ်ကထွက်ခဲ့တဲ့ စစ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်း လေးက ဒုတိယ ကမ္ဘာစစ်အခြေခံကားလေးဖြစ်ပြီးစစ်ကားကောင်းကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ကြည့်ရှူစင့်တဲ့ ဇာတ်လမ်းလေးပါစတာလင်ဂတ်မြို့ဆိုတာ ၁၉၂၅ ကနေ ၁၉၆၁ ထိ ခေါ်ဆိုတဲ့နာမည်ဖြစ်ပြီးစက်မှုလုပ်ငန်းတွေရဲ့ အချက်အချာကြတဲ့မြို့ဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ဂျာမနီစစ်သားတွေဟာ စတာလင်ဂတ်မြို့ကို အခြေပြုပြီး ခုခံနေစဉ်မှာဗျူဟာကျ အဆောက်အအုံကိုတိုက်ခိုက်ခံလိုက်ရပြီး ထိုတိုက်ခိုက်ခံရမှုဟာအမျိုးသမီး၂ယောက်နဲ့ ဆက်စပ်နေတဲ့ အခါမှာတော့ :3ဆက်သာကြည့်လိုက်ကြပါတော့
movie

Stalingrad (2013)

2013