Channel Myanmar
Drama
The Fighter (2010) 7.9
movie
The Fighter (2010)
2010
Only God Forgives (2013) 5.7
Only God Forgives (2013)   ကဲအခုတခါတော့ ထိုင်းဂိုဏ်းစတားကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျ ဇာတ်လမ်း လေးက လက်ဝှေ့ဝါသနာရှင် တွေဆိုရင်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ ဘာလို့ဆို တစ်ကားလုံး မွေ့ထိုင်းလက်ဝှေ့ကို အားပါးတရကြီးကြည့်ရှု ရမှာဖြစ်လို့ပါပဲ ပြီးတော့ မွေ့ထိုင်းလက်ဝှေ့ပွဲတွေနဲ့ ဆက်စပ်ပြီး ထိုင်းမြေအောက် လောကသားတွေရဲ့ အပေးအယူတွေ တယောက်နဲ့ တယောက် ကလိန်ကျပုံတွေ မွေ့ထိုင်းဘန်းပြပြီး လောင်းကစားကို လုပ်နေကြပုံတွေကို ရိုက်ကူးပြထားလို့ပဲဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျူလီယန်ဟာ ဘန်ကောက် မြေအောက်လောမှာ ဆေးမှောင်ခို ရောင်းချနေသူတယောက်ဖြစ်ပြီး သူအဓိက ကျက်စားရာနေရာတွေ ကတော့ မွေ့ထိုင်းလက်ဝှေ့ပွဲတွေမှာပဲဖြစ်ပါတယ် သူဟာ သူ့ အစ်ကို အသတ်ခံလိုက် ရတဲ့ အမှုကိုဖော်ထုပ်ဖို့အတွက် ဘန်ကောက်မှောင်ခိုလောကကို ၀င်ရောက်လာတာဖြစ်ပြီး သူဟာ သူ့အစ်ကိုရဲ့ မတရား အသတ်ခံရမှုကိုဖော်ထုတ်နိုင်မလား သူ့အစ်ကိုကရောဘယ်လို ဂိုဏ်းတွေနဲ့များ ဇာတ်လမ်းရှူပ်ခဲ့လေသလဲ စတာတွေကိုတော့ ပရိတ်သတ်ကြီးကပဲ သဲထိပ်ရင်ဖိုကြည့်ရှူကြရမှာဖြစ်ပါတယ်Download From V.I.PDownload Large File From PcloudDownload Small File From Pcloud
movie
Only God Forgives (2013)
2013
Ek Villain (2014) 6.5
movie
Ek Villain (2014)
2014
Allied (2016) 7.1
Allied (2016) Allied (2016)_____IMDb - 7.1/10ဒီဇာတ်လမ်းလေးဟာဆိုရင် စပိုင် မက်စ်ဗေတန်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် မက်စ်ဟာဆိုရင် ၁၉၄၂ ခုနှစ်မှာ ဟစ်တလာရဲ့ ဂျာမန် အရာရှိတစ်ဦးကို လုပ်ကြံဖို့အတွက် ရန်သူ့နယ်မြေထဲမှာ မာရီရာနား ဘွန်စေဂျော ဆိုတဲ့ စပိုင်မလေးတစ်ယောက်နဲ့ တွဲဖက် တာဝန်ပေးခြင်းကိုခံရပါတယ် ဒီလိုနဲ့ သူတို့ တာဝန်ကို ကျေပြွန်စွာထမ်းဆောင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ စပိုင်နှစ်ဦးဟာ ချစ်မိသွားကျပြီး လန်ဒန်မှာ ဘဝတစ်ခု ထူထောင်ပါတော့တယ်။ ဒီလိုနဲ့ ရင်သွေးလေး တစ်ယောက်မွေးဖွားပြီး သာယာတဲ့ ဘဝကိုပိုင်ဆိုင်နေကျတဲ့ ဇနှီးမောင်နှံနှစ်ဦးအတွက် ဂြိုလ်ဆိုး ဝင်လာပါတော့တယ် ...မက်စ် ကို ဗွီဆက်ရှင် လို့ခေါ်တဲ့ ဋ္ဌာနက ဆင့်ခေါ်တာကို ခံခဲ့ရပါတယ် အဲ့ဋ္ဌာကိုရောက်တဲ့ အခါမှာတော့ သူ့ဇနီးဟာ ဂျာမန် စပိုင်တစ်ယောက်ပါ လို့ ဗွီဆက်ရှင်က အထောက်အထားနဲ့ စွပ်စွဲပါတော့တယ် ... ဒါ့အပြင်ဂျာမန်စပိုင် တစ်ယောက်ရဲ့ ထွက်ဆိုချက်အရ မာရီရာနား ဘွန်စေဂျောကို လွန်ခဲ့တဲ့ ...
movie
Allied (2016)
2016
A Monster Calls (2016) 7.5
A Monster Calls (2016) A Monster Calls (2016)IMDb - 7.5/10_____Rotten - 86%    အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်.. သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်.. သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ.. အဲ့ဒါက ဘာအတွက်လဲဆိုတော့... .... ... ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး.. ဒီ Fantasy | Drama ကားလေးက စာရေးဆရာ ...
movie
A Monster Calls (2016)
2016
First Time (2012) 6.5
movie
First Time (2012)
2012
Léon: The Professional (1994) 8.5
Léon: The Professional (1994) Léon: The Professional (1994) IMDb - 8.5/10_____Rotten - 73%    Unicode   1994ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်... Star Wars, Black Swan, Thor အစရှိတဲ့ဇာတ်ကားတွေထဲက မင်းသမီးချော Natali Portman ကို ဆယ်ကျော်သက် ဂျွတ်ဆတ်ဆတ် အထာလေးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်... ဇာတ်လမ်းပုံစံကတော့ Leon ကအရမ်းကျွမ်းကျင်ပြီး သွေးအေးတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပါ။ တစ်နေ့မှာ မူးယစ်ဆေးကိစ္စနဲ့ပတ်သက်ပြီး မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတဲ့ အိမ်နီးချင်း ဆယ်ကျော်သက်ကောင်မလေး Mathilda ကို အမှတ်မထင် ကယ်တင်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ လက်တုံ့ပြန်ချင်တဲ့ Mathilda လေးက Leonဆီက လူသတ်ပညာကို သင်ယူပါတော့တယ်... လူငယ်ပီပီ ပွင့်လင်းပြီး တဇွတ်ထိုးနိုင်တဲ့ Mathilda လေးကြောင့် Leon ရဲ့အေးစက်နေတဲ့ နှလုံးသားက နွေးထွေးတဲ့ချစ်ခြင်းကိုခံစားမိလာချိန်မှာတော့.. ဦးလေးကြီးနဲ ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့စုံတွဲ ခပ်ကြမ်းကြမ်း အက်ရှင်တွေသာမက သူတို့နှစ်ယောက်ကြားက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားကိုပါ ကြည့်ရှုခံစားရမှာပါ... ရသမျိုးစုံကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တဲ့အပြင် ဇာတ်လမ်းပြီးသွားချိန်ထိ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မှာ အသေအချာပါပဲ....   ===================   Zawgyi   1994ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်... Star Wars, Black Swan, Thor အစရှိတဲ့ဇာတ်ကားတွေထဲက မင်းသမီးချော ...
movie
1994
Jai Gangaajal (2016) 5.6
Jai Gangaajal (2016) Jai Gangaajal (2016)_____IMDb - 5.6/10    ကဲဗျာ အခုတလော ဘောလိဝုဒ်တွေတင်တာနည်းတယ်ဆိုပြီး ပြောပြောနေကြတဲ့ ပရိတ်သတ်ကြီး အတွက် 2003 ခုနှစ်ကထွက်ရှိထားတဲ့ Gangajal ရဲ့ အဆက် ကားကို တင်ဆက်ပေးလိုက်ပါတယ် ကုလားကားတို့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်ကွက်ကိုကတော့ သိပ်ပြီး အမွမ်းတင်ပြီး ညွှန်းနေစရာလိုလောက်ဘူးလို့ထင်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘတ်ဘလိုပန်ဒီ နဲ့ ဒတ်ဘလိုပန်ဒီတို့ ညီအစ်ကို ၂ယောက်ဟာ ဘီဟာ ပြည်နယ် လက်ခီဆာရီမြို့လေးမှာ ဗိုလ်ကျနေကြတဲ့ လူမိုက် ညီအစ်ကို ၂ဦးဖြစ်ပါတယ် သူတို့ ၂ယောက်ဟာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ဖို့ ငွေ အရင်းမနှီးများထည့်ထားပြီး သူတို့ ရဲ့ အာဏာရပါတီက အခြေအနေမကောင်းတဲ့ အချိန်မှာ လူလည်တို့ထုံးစံ လွတ်လမ်းကို ရှာနေကြတဲ့သူတွေပါ ဒီလိုနဲ့ တစ်နေ့မှာ ဒီလို ဒုစရိုက်မှုတွေထူပြောလှတဲ့ နယ်မြို့လေးကို မိန်းမသား ရဲအရာရှိ တယောက်ကို အစိုးရကစေလွှတ်လိုက်ပါတယ်    ရဲအရာရှိ အဗ်ဟာမတ်သာ တဖြစ်လဲ မင်းသမီး ပရီရန်ကာချိုပရာတယောက် ယောကျာ်းသားတွေနဲ့ အတူတူတန်းတူ တာဝန်ထမ်းဆောင်နိုင်မလား မဖော်ထုပ်နိုင်ခဲ့တဲ့ အမှုတွေကိုလဲ ပြန်လည် ဖော်ထုပ်နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဒီဇာတ်ကားက မိန်းမကို အဓိက ဖိုက်တာတင် ရိုက်ကူးထားတာကြောင့် ပုံမှန် ကြည့်နေကြ ကုလားကားတွေလို ဘုရားသားတွေကိုတော့ သိပ်တွေ့ရမှာ မဟုတ်ပါဘူး ဗျ :P
movie
Jai Gangaajal (2016)
2016
The Girl on the Train (2016) 6.6
The Girl on the Train (2016) The Girl On the Train' ငါ့အမျိုးသားက ငါ့ကိုအမြဲတမ်းစိတ်ကူးယဉ်တယ်လို့ပြောတတ်တယ် ငါမတတ်နိုင်ဘူးလေ ငါဆိုလိုချင်တာက မင်းဟာရထားစီးနေရင်းနဲ့ ရထားလမ်းဘေးကလူတွေရဲ့ ဘဝကဘယ်လိုလဲဆိုတာ စဉ်းစားကြည့်ဖူးလား??? မင်းမနေဖူးတဲ့ဘဝမျိုးတွေလေ အဲ့ဒါတွေက ငါသိချင်နေတဲ့အကြောင်းတွေပဲ'Emily Bluntရဲ့ 2016နှစ်ကုန်နီးကမှထွက်တဲ့ DVDလေးအကြောင်း လက်တို့ပါရစေ။ ဒီ Movieကို ကျွန်တော့်ဖေးဗရိတ်ထဲကျွန်တော်ထည့်လိုက်ပါတယ်။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ခြင်းမတူနိုင်ပါဘူး။ ဒီ Movieဟာ ခံစားသူအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးထွက်နိုင်ပါတယ်။မူရင်းစာရေးဆရာရည်ညွှန်းတာကတော Thrillerပါ။ Paula Hawkinရဲ့ အရောင်းရဆုံးစာအုပ် That Shocked The Worldကို ပြန်ရိုက်တာပါ။ DVDကာဗာမှာ Entertainment Weekly က ' The Darkest,Sexiest,Most Daring Thriller of the Year.'လို့ညွှန်းတာကို ဖော်ပြထားပါတယ်။ဒီmovieမှာက ဇာတ်ကောင်အများကြီးမပါပါဘူး။ 6ယောက်ပဲပါတယ်။ အဲ့ ဇာတ်ကောင် 6ယောက်ရဲ့ ပတ်သတ်မှုတွေကို တစ်ခန်းခြင်းဆီ ပြီးတော့ အချိန်တွေ လတွေနဲ့ပါ ခွဲပြီးရိုက်ပြထားပါတယ်။ ...
movie
The Girl on the Train (2016)
2016
If Cats Disappeared from the World (2016) 7.0
If Cats Disappeared from the World (2016) If Cats Disappeared From The World (2016) IMDb - 7.0/10_____Rotten - 78%    စာပို့သမားလေးတစ်ယောက်( Takeru Satou) သူ့မှာ နေဖို့အချိန်မကျန်တော့တာကို သိလိုက်ရချိန်မှာ သေမင်းတစ်ပါးက သူ့ဆီရောက်လာပြီး အခွင့်အရေးတစ်ခုပေးခဲ့တယ် … အဲ့ဒါက သူသာ ကမ္ဘာကြီးပေါ်က ပစ္စည်းတွေကို ဖျောက်မယ်ဆိုရင် သူအသက်ဆက်ရှင်ခွင့်ရမယ်ဆိုတာပါပဲ… ဒီလိုနဲ့ ပစ္စည်းတွေဖျောက်လို့ အသက်ဆက်ရှင်နိုင်မလား…… ဖျောက်လိုက်ရင်ဘာတွေဆက်ဖြစ်လာမှာလဲ…    စာပို့သမားလေးတစ်ယောက်( Takeru Satou) သူ့မှာ နေဖို့အချိန်မကျန်တော့တာကို သိလိုက်ရချိန်မှာ သေမင်းတစ်ပါးက သူ့ဆီရောက်လာပြီး အခွင့်အရေးတစ်ခုပေးခဲ့တယ် … အဲ့ဒါက သူသာ ကမ္ဘာကြီးပေါ်က ပစ္စည်းတွေကို ဖျောက်မယ်ဆိုရင် သူအသက်ဆက်ရှင်ခွင့်ရမယ်ဆိုတာပါပဲ… ဒီလိုနဲ့ ပစ္စည်းတွေဖျောက်လို့ အသက်ဆက်ရှင်နိုင်မလား…… ဖျောက်လိုက်ရင်ဘာတွေဆက်ဖြစ်လာမှာလဲ…     File Size     :   730 MB Duration    :   1: 43: 00 Quality       :   BluRay Rip 720p Translator  : ...
movie
2016
The Huntsman: Winter’s War (2016) 6.1
The Huntsman: Winter’s War (2016) The Huntsman: Winter's War (2016)_________IMDb - 6.1/10   IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့်ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားကကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့Snow White and the Huntsman ရဲ့ အဓိကဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာစုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကိုပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာကဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler ...
movie
The Huntsman: Winter’s War (2016)
Stomp the Yard-1(2007)
Stomp the Yard-1(2007) 2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ IMDb rating 5.2/10 ရရှိထားပြီး Underground Street Dance, Step Dance တွေကိုကြိုက်နှစ်သက်သူတွေအတွက်တော့လက်မလွှတ်တန်းကြည့်ရှုသင်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပြောရမယ်ဆိုရင် Christ Brownကိုတော့လူတိုင်း သိပြီးသားဖြစ်ကြမှာပါ။ ဒီဇာတ်ကားမှာတော့Dance ကိုရူးသွပ်တဲ့ ညီကိုနှစ်ယောက် Street Dance တစ်ခုမှာလောင်းကြေးနဲ့ပြိုင်ရင်း သိပ်ချစ်ရတဲ့ ညီတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးနောက် . . . DJ တစ်ယောက်အခက်ခဲတွေရင်ဆိုင်ရ င်းကျောင်းပြောင်းခဲ့ရပါတယ်။ ကျောင်းအသစ်မှာတော့ သူလုပ်ခဲ့တဲ့ Street Dance နဲ့ Step Dance ဆိုတဲ့ကကွက်တွေ Team Work တွေကွဲပြားလာတာကိုကြည့်ပြီး ဘာတွေဆက်ဖြစ်မလဲ . . . National အဆင့်ပြိုင်ပွဲ အထိ သူ့ညီရဲ့အိပ်မက်တွေအကောင်ထည်ဖော်မလား . . .ကကွက်အဆန်းတွေနဲ့ဘယ်လို လုပ်ဆောင်သွားတယ်ဆိုတာ . . .ပြသသွားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Translator အသစ်လေး Moe Myint Lwin ဖြစ်ပါတယ်။)Download and Direct Watch ...
movie
Stomp the Yard-1(2007)
Stone Cold (1991) – မြန်မာစာတန်းထိုး
Stone Cold (1991) – မြန်မာစာတန်းထိုး ၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ ပရိသတ်တွေ ရင်းနှီးတဲ့သူတော့မဟုတ်ပါဘူး။ တစ်ချိန်က အမေရိကန်ဖွတ်ဘော ကစားခဲ့တဲ့ကစားသမားဟောင်းဖြစ်ပြီးဒီကားက သူရဲ့ရုပ်ရှင်သရုပ်ဆောင်ဘ၀အစရဲ့ ပထမဆုံးကားဖြစ်ပါတယ်။IMDb rating 5.8/10 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မစ္စစ္စပီပြည်နယ်တစ်ဝိုက်မှာ ညီအကိုများလို့နာမည်ကြီးတဲ့ဆိုင်ကယ်စီးတဲ့ ဂိုဏ်းတစ်ခုက မကောင်းတဲ့အလုပ်တွေအကုန်လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေပါတယ်။ ဒါကို FBI က ဖြိုခွဲချင်တဲ့အတွက်ခပ်ကြမ်းကြမ်းနေတတ်တဲ့ရဲသား ဂျိုးဟဖ်(မင်းသား)ကို အဲဒီဂိုဏ်းထဲဝင်ခိုင်းပြီးဂိုဏ်းကို ဖမ်းဖို့ အကွက်ဆင်တာ ဖြစ်ပါတယ်။ မင်းသားအနေနဲ့ ညီအကိုတွေရဲ့ယုံကြည်မှုရအောင် လုပ်ဆောင်အပြီး တစ်ဂိုဏ်းလုံးကို ဖမ်းကာနီးမှာပဲဒုစရိုက်မှုပပျောက်အောင်လုပ်နေတဲ့ ခရိုင်ရှေ့နေ ၀ှစ်ပါတန်ကိုပါ ညီအကိုတွေကလုပ်ကြံကြတော့မှာ ဖြစ်သလို သူ့ကိုလည်း သူလျှိုမှန်းသိသွားကြတဲ့အတွက်ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။အက်ရှင်တွေက ဒီဘက်ခေတ်လောက် သိပ်မကောင်းပေမယ့် အဲဒီခေတ်ကအရမ်းပေါက်ခဲ့တဲ့ကားလေးပါ။ ခံစားကြည့်ကြပါ။(ငယ်ငယ်က ဒီကားကို သမ္မတရုံမှာ ကြည့်ပြီး ဆိုင်ကယ်သမားဖြစ်ချင်ခဲ့တယ်။မှတ်မှတ်ရရ ရုပ်ရှင်ရုံမှာ ချိတ်ထားတဲ့ပိုစတာကြီးက စိတ်ဝင်စားစရာတစ်ကွက်မှမရှိတဲ့ မင်းသားကဖွတ်ကြီးကို ဖက်ထားတဲ့ပုံကြီးဗျ :D)(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ Ko Nyi Nyi Kyaw ...
movie
Stone Cold (1991) – မြန်မာစာတန်းထိုး
Love H2O (2015) 5.5
Love H2O (2015) အသည်းကွဲဖူးတဲ့လူတွေရှိကြလား? အသည်းကွဲရင် ဘာတွေများလုပ်ကြလဲ? ဒီဇာတ်ကားလေးထဲမှာတော့ ကောင်မလေးက သူ့ချစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတယ်...ဒါနဲ့ မိန်းကလေးတို့ ထုံးစံအတိုင်း လက်စားချေလိုစိတ်အပြည့် နာကျည်းစိတ်တို့နဲ့ ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို သူ့ထက်သာတဲ့ကောင်လေးနဲ့တွဲပြီး ပွဲသွားတက်ဖို့ကြံစည်တာပေါ့... ဒီလိုကြံစည်ရာမှာ သူ့ကို စိတ်ဝင်စားတဲ့ကောင်လေးသုံးယောက်နဲ့ ဘယ်လိုဇာတ်လမ်းတွေလုပ်ပြီး ဘယ်လိုအရှုပ်ထုပ်တွေဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။၂၀၁၅ ထွက် ထိုင်းဇာတ်ကားလေးဖြစ်ပြီး Comedy/Drama/Romance ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Myat Noe Thu ပါ။)  File size…(950MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)  Download Small File 360p (450MB)   
movie
Love H2O (2015)
2015
The Man Who Knew Infinity (2015) 7.2
The Man Who Knew Infinity (2015) လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ကာလ တခုသောနွေဦးရာသီမှာ အင်္ဂလန်မှာရှိတဲ့ Trinity ကောလိပ်မြေပေါ်ကို အိန္ဒိယလူငယ်လေးတယောက်ဟာ အိပ်မက်တွေတပွေ့တပိုက်နဲ့ မ၀ံ့မရဲခြေချခဲ့ပါတယ်။ ... Ramanujan ဆိုတဲ့ ဒီလူငယ်ဟာ အင်္ဂလန်မြေကို ရောက်လာဖို့ သူ့ဘ၀တခုလုံး ပုံအောခဲ့ရတာဖြစ်ပါတယ်။ သူဟာ အိန္ဒိယမှာ သာမန်စာရေးအလုပ်ရဖို့ ရုံးပေါင်းစုံမှာ အောက်ကျို့ပြီးအလုပ်လိုက်တောင်းသည့်တိုင် နေရာကောင်းကောင်း မရပါဘူး။ သူ့မှာ ဘွဲ့ဒီဂရီမရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ၀ါသနာအရ သင်္ချာပညာကို လေ့လာလိုက်စားမှုဟာ သူ့ကို ကမ္ဘာသစ်တခုထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့လေ့လာတွေ့ရှိချက်များဟာ သူ့အတွက် အင်္ဂလန်သွားသင်္ဘောလက်မှတ် ဖြစ်စေခဲ့ပါတယ်။ ... ရာမနုဂျန်တယောက် အင်္ဂလန်မြေကို အရဲစွန့်ရောက်လာချိန်ဟာ အိန္ဒိယဟာ ဗြိတိသျှကိုလိုနီဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ပါမောက္ခတွေဟာ နဂိုကမှ ကိန်းခန်းကြီးတဲ့အပြင် လက်အောက်ခံနိုင်ငံတခုက အောက်ခြေလူတန်းစားသာဖြစ်တာမို့ အသက် ၂၇ နှစ်အရွယ် ဒီလူငယ်ကိုတွေ့ကာစမှာ သူတို့ သိပ်တော့အထင်မကြီးပါဘူး။ ... ဒါပေမယ့် သွေးကြီးတဲ့ Cambridge ပါမောက္ခကြီးတွေနဲ့ အိန္ဒိယလူငယ်လေးကို တခုသောအရာက နီးကပ်စေခဲ့ပါတယ်။ အဲဒါကတော့ ပညာဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ ... တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာ အတွေးဝင်မိတာရှိပါတယ်။ အဲဒါကတော့ ပညာကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပုံခြင်းတူရင် လူမျိုးအဆင့်အတန်းကွာခြားမှုတွေ ရှိနေသည့်တိုင် နီးစပ်သွားနိုင်ပြီး ပညာအပေါ်တန်ဖိုးထားမှုမတူတဲ့အခါ အသိုက်အ၀န်းတခုအတွင်း ရှိနေသည့်တိုင်အောင် ဝေးကွာနေတတ်တယ်ဆိုတာပါပဲ..... ... ဒီကားထဲမှာ ကြိုက်မိတဲ့ dialogue လည်း ရှိပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးရဲ့ ပရိဝုဏ်မြေအနင်းမှာ မင်သက်အံ့သြသွားတဲ့ အိန္ဒိယသားလေး Ramanujan ကို John Littlewood ...
movie
The Man Who Knew Infinity (2015)
2015
Tiger House (2015) 5.1
Tiger House (2015)   ကဲ အခုတစ်ခါတော့ ပရိတ်သတ်ကြီး အတွက် သဲထိပ်ရင်ဖို ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ မမျှော်လင့်ထားတဲ့ နေရာကိုသွားမရာမှ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံတွေ့ရတတ်ပုံကို ဖော်ပြရိုက်ကူးပေးထားတာဖြစ်ပါတယ် မြန်မာစကားပုံတစ်ခုတောင် ရှိသေးတာပဲ " အစားမတော် တလုပ် အသွားမတော် တလှမ်းတဲ့ " ကဲ ဗျာ ဇာတ်လမ်း အကျဉ်းလေးကိုတော့ နည်းနည်း မိတ်ဆက်ပေးရမှာပေါ့နော် ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်လီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက် ဟာ တစ်ညမှာ သူ့ရည်းစားအိမ်ကို သွားရောက်လည်ပတ်ရာမှ သူ့ရီးစားနဲ့ မတွေ့ပဲ မထင်မှာထားတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့လိုက်ရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်ဗျDownload From V.I.P Link  Download Large File From Pcloud  Download Small File From Pcloud
movie
Tiger House (2015)
2015
Australia (2008) 6.6
Australia (2008) ဒီ ဇာတ်ကားလေး ကတော့ 6.6 Rating ရထားပြီးအင်္ဂလန်မြို့ကြီးသူ ဆာယာရဲ့သူ့ခင်ပွန်းဦးစီးနေတဲ့ ဩစတြေးလျတိုက် ဒါဝင်မြို့လေးက နွားမွေးမြူရေးခြံကိုလိုက်သွားရာကဖြစ်ပေါ်ခဲ့တဲ့ဇာတ်လမ်းလေးပါ။ အစပိုင်းမှာတော့မြို့ကြီးသူဟန်ကျော့ကျော့မာ့မော့နေခဲ့ပေမယ့် ယောက်ျားဖြစ်သူမတရားအသတ်ခံရပြီးနောက်မှာတော့ မိန်းမသားတန်မဲ့သတ္တိရှိရှိ ဩစတြေးလျလွင်ပြင်တွေကိုဖြတ်ပြီးနွား၁၅၀၀ အုပ်ကိုမောင်းရင်းဒါဝင်မြို့ကိုအရောက်ပို့ပုံတွေ၊ အဲဒီတုန်းကလူမည်းစပ်ကလေးတွေဆို မစ်ရှင်ကျွန်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းကိုပို့ပြီး လူဖြူတွေကိုအလုပ်အကျွေးပြုတတ်ဖို့သင်ကြားပေးတဲ့ခေတ်မို့ ဆာယာဟာ ဒေသခံချစ်စရာကလေးတစ်ယောက်ကို သံယောဇဉ်တွယ်မိပြီး မွေးစားဖို့ကြိုးစားပုံတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားအနေနဲ့ ဆာယာ့ကိုကူညီရင်းသံယောဇဉ်တွယ်မိသွားတဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ကောင်းဘွိုင်တစ်ယောက်အဖြစ် Woverineမင်းသား Huge Jackman ကိုမြင်တွေ့ရမှာပါ။ Nicole Kidman သရုပ်ဆောင်တဲ့ဆာယာဇာတ်ရုပ်ဟာလည်း ကိုယ်အရမ်းကြိုက်မိတဲ့ဇာတ်ရုပ်ဖြစ်တဲ့အပြင် ဇာတ်လမ်းလေးကလည်းအရမ်းကောင်းတာကြောင့် ဒီဇာတ်ကားလေးကိုလက်လွတ်မခံဘဲကြည့်သင့်ပါကြောင်းသတင်းပေးလိုပါတယ်....File size…(1GB , 906 MB)  Format…mp4 Duration….02:45:29 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint  Encoder….Moe Myint Lwin Download & Watch with VIP Link Download with Pcloud Download with Pcloud ( Small Size ) Download with Openload  
movie
Australia (2008)
2008