Channel Myanmar

Drama

Nunchucks ( 2012 ) 5.6
Nunchucks ( 2012 ) ဒီတစ်ခေါက်မှာတော့ CM က အတိုက်အခိုက်ကြိုက်တဲ့ ဖန်တွေအတွက် နမ်ချပ်ကူ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းက ဇာတ်ညွှန်းရေးရင်း ကိုယ်ပိုင်ဘဝပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပေါ့... တုန်းဖန်ကျယ်ဆိုတဲ့လူဟာ ငယ်စဉ်တည်းက လီရှောင်လုံကို သဘောကျခဲ့ပြီးတော့ အနုပညာလောကထဲ ကျင်လည်နေခဲ့သူတစ်ယောက်ပေါ့... ဒါကြောင့်လည်း သူ့သားကိုတောင် လုံရှင်းလို့ နာမည်ပေးခဲ့တာ...ဒီလိုနဲ့ သူက လီရှောင်လုံရဲ့ ဘဝနဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားရင်းနဲ့ နမ်ချပ်ကူ ဇာတ်ညွှန်းကို ရေးရင်း ဇာတ်ညွှန်းရေးရအဆင်မပြေခဲ့တဲ့အတွက် တောထဲထွက်သွားခဲ့တယ်... နောက်ဆုံးမှာ မိန်းမလည်းထွက်ပြေး ကလေးလည်း တောထဲ ပျောက်သွားခဲ့ရတယ်... ဒီလိုနဲ့ ကလေးပျောက်လိုက်ရှာရင်းနဲ့ တောလည်ခဲ့ရတယ်...ကဲ ကလေးကို ပြန်ရှာတွေ့မှာလား... နောက်ပြီး သူ့ဇာတ်ညွှန်းကရော ဘာဖြစ်လာမှာလဲ... ထုံးစံအတိုင်း ဇာတ်လမ်းလေးကတစ်ဆင့် အဖြေရှာကြည့်တာပေါ့... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Nunchucks ( 2012 )

Demolition (2015) 7.0
Demolition (2015)  -IMDb Rating - 7.0/10 ခံစားချက်ဆိုတာတွေကကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာယန္တာရားအရေခွံနဲ့လူတစ်ယောက်သက်သက်ပါပဲ...။ဇနီးသည်ကားတိုက်သေသွားပြီးနောက်နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်...အရာရာကို ဖြိုချဖျက်စီးပြီးဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့စိတ်ရောဂါသမားတစ်ယောက်...ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့စိတ်.. အတွေး... ပြောင်းလဲပုံ အဆင့်ဆင့်ကိုဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံးacting skillတွေနဲ့ ပီပီပြင်ပြင်ဖော်ညွှန်းသွားပါတယ်။  ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်းရိုက်ကူးထားတဲ့ Comedy , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Jake Gyllanhaal (Main castအဖြစ်)သရုပ်ဆောင်ထားတဲ့ ကားတွေဟာမကောင်းတာ မရှိသလောက်ရှားပါတယ်။ဒီတစ်ခါ Demolitionမှာလဲသူ့ရဲ့ အနုပညာမှော်ဝင်စားမှုကိုတွေ့ရဦးမှာပါ..... (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size…    1.3 GB /  637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung 
movie

Demolition (2015)

2015
Guilty (2020) 5.4
Guilty (2020) Guilty 2023 - မပျော်ရတဲ့ဗယ်လင်တိုင်းညIMDb-5.4/10မင်းသမီးချောလေးကီယာရာနဲ့ အကိတ်လေး Akansha Ranjan Kapoor တို့နှစ်ယောက်အပြိုင်ကျဲထားတဲ့ ကျောင်းသားတွေကြားက thriller/ drama ဇာတ်လမ်းတစ်ပုဒ်ကျောင်းသားအရွယ်တွေမှာ ဗယ်လင်တိုင်းဆိုတာ ပျော်ရတဲ့နေ့တွေထဲကတစ်ရက်ပဲလေ ဒီကားထဲမှာတော့ ကျောင်းသားဘဝအပျော်တွေခဏရပ်ပြီး လိင်အကြမ်းဖက်မှုတစ်ခုကြောင့် အားလုံးအစစ်ဆေးခံသံသယတွေဝင်နဲ့နေကြရတာတွေရဲ့အစက ဗယ်လင်တိုင်းညမှာဖြစ်ခဲ့တာမို့ပါပဲဗီဂျေးဆိုတာလူချစ်လူခင်များ ပျိုတိုင်းကြိုက်နှင်းဆီလေးတစ်ယောက် ၊ နန်ကီကတော့သူမတူအောင်တော်တဲ့တေးရေးဆရာမလေး ဗီဂျေးရဲ့ချစ်သူ၊ တာနူဆိုတဲ့ မိန်းမလှလေးက ခု‌မှကျောင်းပြောင်းလာတဲ့အသစ်လေး ဗီဂျေးကိုကြိတ်သဘောကျနေတဲ့သူ၊ ကျောင်းသားတွေ ပြဇာတ်အတူက concert တွေအတူတက်ကြရင်း 2018 ဗယ်လင်တိုင်းညမှာ Twitter မှာ #MeToo နဲ့ တာနူတစ်ယောက် rape ခံရတယ်ဆိုတဲ့သတင်းတက်လာတယ်လိင်အကြမ်းဖက်သူလို့ စွပ်စွဲခံရသူကဗီဂျေး... အားလုံးမူးရူးကွဲပြဲနေတဲ့ ဗယ်လင်တိုင်းညအဖြစ်အပျက်တွေကိုလည်း ဘယ်သူမှမမှတ်မိနေတော့ ကျောင်းစရောက်တည်းက အသွက်လွန်အလန်းလေးကို လူတိုင်းအချစ်တော် သဘောမနောကောင်းဗီဂျေးက ကျူးလွန်တယ်ဆိုတာ ဘယ်သူကမှမယုံကြည်နေလေတော့...ရဲစုံထောက်တွေ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ဒီအမှုကို တစ်ယောက်ချင်းမေးမြန်းအဖြေရှာရင်း တရားခံကဘယ်သူဖြစ်မလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Guilty (2020)

Saandrithazh (2023) 8.3
Saandrithazh (2023) Saandrithazh (2023)"တဝဲလည်လည်" ==============================IMDb 8.3/10 အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက်အချစ်ဟာသရုပ်ရှင်လေးကို စီအမ်အိန္ဒိယပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ကာရူဗာရိုင်ဆိုတဲ့ ရွာလေးဟာ ရေလည် ခေတ်ရှေ့ပြေးတဲ့ ရွာလေးပါ။ တစ်ရွာလုံးမှာ တိုက်တွေချည်းပဲရှိပြီး စီစီတီဗွီ အပြည့်တပ်ထားတဲ့ စံပြကျေးရွာဆုကိုတောင်ရတဲ့ ရွာလေးပေါ့။ ရွာက ခေတ်ရှေ့ပြေးပေမဲ့ ရွာသားတွေကတော့ ရှေးရိုးစွဲကြပြီး စည်းကမ်းအင်မတန် တင်းကျပ်ထားတာ အစိုးရက ပေးတဲ့ စံပြကျေးရွာဆုကိုတောင်ငြင်းပြီး ဆုလာပေးတဲ့ ဝန်ကြီးကိုပါ ရွာထဲပေးမဝင်တဲ့အထိ ခေါင်းမာကြပါတယ်။အဲဒီလို ခေတ်ရှေ့ပြေးပြီး ခေတ်နောက်ကျတဲ့ ရွာလေးကို စိတ်ဝင်စားတာကြောင့် သတင်းယူဖို့အတွက် သတင်းထောက်မလေးတစ်ယောက် ခိုးဝင်လာတဲ့အချိန်မှာတော့...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3GB/ 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Saandrithazh (2023)

2023
M.S. Dhoni: The Untold Story (2016) 8
M.S. Dhoni: The Untold Story (2016) MS.Doni The Untold Story (2016) "ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ"IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေအဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် ...
movie

M.S. Dhoni: The Untold Story (2016)

2016
My Love ( 2021 ) 6.2
My Love ( 2021 ) ဒီတစ်ခါတော့ CMကနေ ၂၀၁၈ကထွက်ထားတဲ့ ကိုရီးယားကား On Your Wedding Dayကို ပြန်လည်ရိုက်ကူးထားတဲ့ တရုတ်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ ၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ ဇာတ်ကြောင်းလေးကတော့...ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ် ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲ ရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက် ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူ ပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီး ထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲ ရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားကြရမှာပါနော် Quality : WEB-DL 720p Format : mp4 During : 1h 55min Genres : Drama , Romance Subtitle : Myanmar Subtitle ...
movie

My Love ( 2021 )

The Touch Guy ( 2019 ) 5.6
The Touch Guy ( 2019 ) မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုကယ်ဖို့ ဒယ်လီကောင်လေးတစ်ယောက်ကိုအကြပ်ကိုင်ရာကစတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဒယ်လီကောင်လေးရဲ့ ရည်းစားကောင်မလေးကိုဖမ်းပြီး ဂိုဏ်းခေါင်းဆောင်ကြီးကိုကယ်ခိုင်းတော့ ဒယ်လီကောင်လေးက ဘတ္ထရီဆိုင်ကယ်တစ်စီးနဲ့ သွားကယ်ရပါတော့တယ်ဂိုဏ်းခေါင်းဆောင်ကိုကယ်လိုက်ပေမယ့် ခေါင်းဆောင်ကြီးကမ်းလှမ်းတာကို လက်မခံတဲ့အတွက် သူ့ကောင်မလေးကိုမလွှတ်ပဲ ကားနဲ့တင်ခေါ်သွားပါတယ်။ ကောင်မလေးကိုကယ်နိုင်ဖို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကလို့ဆိုတဲ့ မိန်းမတစ်ယောက်နဲ့ပူးပေါင်းလိုက်ပါတယ်။ မူးယစ်ဂိုဏ်းအဖွဲ့ကြီးနဲ့ သူတို့နှစ်ယောက်ဘယ်လိုများရင်ဆိုင်တိုက်ခိုက်ပြီး ကောင်မလေးကိုကယ်ကြမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Touch Guy ( 2019 )

Dog Day Afternoon (1975) 8.0
Dog Day Afternoon (1975)  Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက်အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင်တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကိုဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်ကသူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံအခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ ...
movie

Dog Day Afternoon (1975)

Northern Shade (2022) 6.3
Northern Shade (2022)  ဂျက်စတင်ဟာ အမေရိကန်စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပြီးအာဖဂန်စစ်ပွဲတွေမှာ တာဝန်ထမ်းခဲ့သူပါ။သူ့ရဲ့စစ်ပွဲအတွေ့အကြုံကတော့ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုတော့မဟုတ်ခဲ့တဲ့အလျောက် ဒီစစ်ပွဲမှာပဲ အရင်းနီးဆုံးသူငယ်ချင်းကိုဆုံးရှုံးခဲ့ရပြီးကြေကွဲစိတ်တွေ၊ စစ်ပွဲရဲ့ စိတ်ဒဏ်ရာတွေနဲ့ အသက်ရှင်နေရသူပေါ့...။တစ်ခါတလေဆို သေဆုံးသွားတဲ့သူ့သူငယ်ချင်းရဲ့ ဝိညာဥ်ကိုပါမြင်ယောင်မိတတ်ပါတယ်။အဲ့လိုနဲ့စစ်ပြန်ဘဝနဲ့ ၇နှစ်တာ တစ်ကိုယ်တည်းနေခဲ့ရင်းနဲ့ တစ်နေ့ကျတော့သူ့ရဲ့ညီဖြစ်သူဟာ အဆက်အသွယ်မရပျောက်ဆုံးသွားမှန်းသိလိုက်ရပါတယ်ဒါကြောင့် ညီဖြစ်သူကို ပြန်ရှာဖို့ စုံစမ်းခဲ့ရင်းက လက်နက်ကိုင် ဂိုဏ်းတစ်ခုထဲရောက်သွားကြောင်းသိလိုက်ရတဲ့နောက်မှာ....၊စစ်ပွဲဆိုတာ နောက်ပြန်ဆုတ်လို့မရတဲ့အရာတွေမှန်း ကိုယ်တွေ့ကိုယ်ကျကြုံတွေ့ခဲ့ရတဲ့သူမို့ ညီအရင်းဖြစ်သူကိုပါ ထပ်အဆုံးရှုံးမခံရစေဖို့ ဘယ်လိုရှာဖွေကယ်ဆယ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ...။ File size…1.21 GB / 535 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Northern Shade (2022)

The Rescue ( 2023 ) 5.7
The Rescue ( 2023 ) သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဒုက္ခတွေကနေ ကယ်ဆယ်တဲ့အကြောင်း ပုံဖော်ထားတဲ့ Survival ဇာတ်ကားလေးပါ။ တောင်လမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စင်းဖြတ်သွားတဲ့အချိန် မြေပြိုတဲ့အတွက် ဘတ်စ်ကားကချောက်နက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းခြင်းတော့ မိုင်းတွင်းဝမှာပိတ်နေတဲ့နွယ်တွေပေါ်ကျသွားတာကြောင့် ဘတ်စ်ကားကမပေါက်ကွဲပဲ အထဲကလူတွေလဲအသက်ရှင်ကျန်နေပါတယ်။ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် သူတို့ဆီကိုစိန်ခေါ်မှုတွေကရောက်လာပါပြီ။ အသက်ဘေးနဲ့ကြုံလာတဲ့အခါ လူ့ရဲ့သဘာဝတွေ ဗီဇတွေဟာ ဘွင်းဘွင်းကြီးပေါ်လာတတ်တယ်မဟုတ်လား..... ဒီစွန့်ပစ်မိုင်းအတွင်းကနေလွတ်မြောက်အောင် သူတို့ကြိုးစားပြီးလွတ်မြောက်နိုင်ပါ့မလား ....... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Rescue ( 2023 )

Thank You, I’m Sorry (2023) 6.0
Thank You, I’m Sorry (2023)  ဘယ်လိုအခက်အခဲတွေ ဘယ်လိုအဖြစ်ဆိုးတွေကြုံနေရပါစေ။နောက်ဆုံးမှာတော့ ကိုယ့်အနားမှာရှိနေပေးနိုင်မှာကိုယ့်မိသားစုပဲ ရှိပါတယ်။ဘယ်လောက်ပဲမိသားစုအချင်းချင်းပြဿနာတွေတက်တက် စိတ်တွေဆိုးဆိုးအချိန်တန်ရင်တော့သွေးကစကားပြောမှာပါပဲ။ ဒီ Thank You I'm Sorryဆိုတဲ့ဇာတ်ကားလေးထဲမှာလည်း ဘယ်အချစ်ကမှ မိသားစုရဲ့ချစ်ခြင်းလောက်မကြီးမားဘူးဆိုတာကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီး Rotten Tomatoes မှာတော့ Rating 100%ရထားပါတယ်။ဆာရာမှာဒန်နီရယ်ဆိုတဲ့ ခင်ပွန်းနဲ့အဲလိယော့ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး မကြာခင်မွေးဖွားလာတော့မဲ့ ကလေးလေးတစ်ယောက်ကလည်းဗိုက်ထဲမှာရှိနေပါတယ်။သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေးရဲ့ဘ၀ကိုအပြောင်းအလဲ ကြီးဖြစ်သွားစေခဲ့တာကတော့ ရုတ်တရက်ကြီးဒန်နီရယ်နှလုံးဖောက်ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုလေးရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီးကို ဆာရာတစ်ယောက်ဗိုက်တစ်လုံးကလေးတစ်ဖက်နဲ့အံကြိတ်ပြီးရင်ဆိုင်နေရပါတော့တယ်။ဒီလိုအချိန်မှာ သူ့ဆီကနေတစ်ယောက်ထွက်ခွာသွားပေမယ့် တခြားတစ်ယောက်ကတော့သူ့ဘ၀ထဲကိုပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီတစ်ယောက်ကတော့ သူနဲ့အဆက်အသွယ်ဖြတ်ထားတာကြာပြီ ဖြစ်တဲ့သူ့အစ်မလင်ဒါပဲဖြစ်ပါတယ်။ဆာရာရဲ့ ဘ၀ထဲကိုလင်ဒါပြန်ဝင်ရောက်လာပြီးနောက်မှာ ညီအစ်မနှစ်ယောက် အတူတူလောကဓံတွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဘယ်လိုဆူးညှောင့်ခလုတ်တွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုရမဲ့မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.39 GB / 592 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Thank You, I’m Sorry (2023)

The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
Amerikatsi (2023) 7.2
Amerikatsi (2023) Amerikatsi (2023)~ IMDb - 7.2/10, Rotten Tomatoes - 88% ~Amerikatsi ဟာ သူ့ Tagline နဲ့ တော်တော်လိုက်ဖက်တဲ့ ရုပ်ရှင်တစ်ကားလို့ပြောရမယ်။ ပြောရရင် ဒီဇာတ်ကားတစ်ခုလုံးရဲ့ Point of View ဟာ "Freedom is a state of mind." ဆိုတဲ့ သူ့ Tagline ပဲ။ ၁၈၉၀ကနေ ၁၉၁၉အထိ အာမေးနီးယားနိုင်ငံသားတွေ ၃ကြိမ်တိတိ အစုအပြုံလိုက်အသတ်ခံရဖူးတယ်။ အဲဒီလိုအခြေအနေတွေမှာ နိုင်ငံကနေထွက်ပြေးပြီး အမေရိကန်ကို ဝင်ရောက်ခိုလှုံခဲ့တဲ့ အာမေးနီးယန်းတွေ ရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ၁၉၁၅မှာစခဲ့တဲ့ Armenian Genocide ကာလမှာ ကလေးပေါက်စလေးဘဝနဲ့ အမေရိကန်ကိုထွက်ပြေးခိုလှုံခဲ့တဲ့သူပေါ့။ သူ့နာမည်က ချာလီဘတ်ချင်ရန်။ နှစ်တွေတော်တော်ကြာပြီး လူကြီးဖြစ်လာတဲ့အချိန် သူ့ဇစ်မြစ်နိုင်ငံ ဇာတိမြေ အာမေးနီးယားနိုင်ငံအကြောင်းသိချင်သလို အာမေးနီးယားနိုင်ငံသားတွေကိုလည်း တွေ့ချင်တယ်ဆိုတဲ့ ...
movie

Amerikatsi (2023)

2023
Fugly (2014) 4.7
Fugly (2014) Fugly (2014) အမှန်တရားဘက်တော်သား IMDb 4.7/10 Thriller/ Comedyဒီတစ်ခါမှာတော့ CMပရိသတ်ကြီးအတွက် မင်းသမီးချောလေး ကီယာရာရဲ့ ပွဲဦးထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ပွဲဦးထွက်ဆိုပေမယ့်လည်း ကီယာရာရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ ကီယာရာဆိုတာနဲ့ ကြည့်ကြမယ်ဆိုတာကို သိပေမယ့် ဝတ္တရားအရ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါရစေ။ဒေ့ဗ် ၊ ဒေဗီ ၊ ဂူရာ့ဗ်နဲ့ အာဒီတို့ဟာ ငယ်ငယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ သူငယ်ချင်းတွေပေါ့ သူတို့လေးယောက်ထဲမှာ ဂူရာ့ဗ်ကတော့ ဝန်ကြီးရဲ့သားတစ်ယောက်ဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့ သာမန်လူတန်းစားတွေပါ ဂူရာ့ဗ်က အမြဲတမ်းပြဿနာ‌ရှာလေ့ရှိပေမယ့် အဖေဖြစ်သူရဲ့အရှိန်အဝါကြောင့် ဘယ်သူမှမထိရဲကြတဲ့လူတစ်‌ယောက် ..သူငယ်ချင်းလေးယောက်က အမြဲတမ်းတပူးပူးတတွဲတွဲနေတတ်ကြပြီး တစ်ယောက်ကို ထိပါးလာပြီဆိုရင် ကျန်တဲ့သူတွေကလည်း ငြိမ်ခံမနေကြဘူးပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့သူငယ်ချင်းမလေးဒေဗီကို ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က ထိကပါးရိကပါးလုပ်လာတဲ့အတွက် ပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ် ဆိုင်ပိုင်ရှင်ကို ကားနောက်ဖုံးထဲပိတ်ထားလိုက်ပြီး ကားပတ်မောင်းနေတုန်းမှာပဲ ကင်းလှည့်နေတဲ့ရဲနဲ့ပက်ပင်းတိုးပါလေရော ဂူရာ့ဗ်က ခါတိုင်းလိုပဲ အဖေဖြစ်သူရဲ့အရှိန်အဝါနဲ့ ရှောင်ထွက်ဖို့ကြိုးစားပေမဲ့ ဒီရဲကိုတော့ ခါတိုင်းလို ခြိမ်းခြောက်လို့မရခဲ့ပါဘူး နောက်ပြီးရဲအရာရှိဖြစ်တဲ့သူက ကားနောက်ဖုံးထဲမှာပါလာတဲ့လူကို လက်လွန်ကြက်သွန်တွေဖြစ်ပြီး သတ်လိုက်မိတဲ့အခါမှာတော့ ဒီအရှုပ်တော်ပုံကြီး သူတို့ခေါင်းပေါ်ရောက်ဖို့ဖြစ်လာပါတော့တယ် သူတို့တွေ ဘယ်လိုပြဿနာတွေကြုံရမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood ...
movie

Fugly (2014)

2014
Detachment (2011) 7.7
Detachment (2011) Detachment (2011)~ IMDb - 7.7/10, Rotten Tomatoes - 59% ~Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ...
movie

Detachment (2011)

2011
Easy Money ( 2023 ) 5.7
Easy Money ( 2023 ) ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာ ပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ...... လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့ မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။ တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာက ရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာ သေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Easy Money ( 2023 )

LOL (2012) 4.4
LOL (2012) LOL (2012) ==========ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်)File Size..........(1.41 GB) / (552 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Miley Cyrus Encoder..........SWM
movie

LOL (2012)

2012
Other People’s Children (2022) 6.8
Other People’s Children (2022)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People's Children ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့91  ရာခိုင်နှုန်းအထိရရှိထားပါတယ်။ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲလာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေးတစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကိုမိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင်ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်... File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Other People’s Children (2022)

A Cat’s Life (2023) 6.1
A Cat’s Life (2023)  IMDb 6.1/10ဒီတစ်ခါမှာတော့ ကြောင်ချစ်သူလေးတွေ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းလေးကတော့ ကလီးမန့်စ် လို့ ခေါ်တဲ့ ကလေးမလေးတစ်ယောက်နဲ့ရု လို့ နာမည်ပေးထားတဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဇာတ်လမ်းပါပဲ ။တိရစ္ဆာန်နဲ့ လူတွေကြားက သံယောဇဥ်ကို ရိုးရိုးလေး ရိုက်ပြထားတဲ့ဒီဇာတ်လမ်းလေးမှာ ကလီးမန့်စ် နဲ့ ရု တို့ အချင်းချင်း အမှီသဟဲပြုရင်းဘယ်လို အတူတူအရွယ်ရောက်လာကြသလဲဆိုတာကို မြင်တွေ့ရမှာပါ.အချိန်တန်လို့ အရွယ်ရောက်တာ ပိုစောတဲ့ ရု က ဟိုးတောအုပ်ထဲကိုထွက်သွားတဲ့အခါ ကလီးမန့်စ်တစ်ယောက် ဘယ်လိုကျန်ခဲ့ရမလဲ ။ရု လေး ကလီးမန့်စ်ဆီ ပြန်ရောက်လာမှာလား ဆိုတာကိုတော့My Cat and I , The Great Adventure of Rrou လို့ အမည်ရတဲ့ဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ရအောင်နော် ။ ကြာချိန် တစ်နာရီကျော်လေးပဲရှိတဲ့ ဒီဇာတ်လမ်းလေးက တိုတိုနဲ့ ရင်ထဲကို နွေးစေမှာပါ .. File ...
movie

A Cat’s Life (2023)

Race for Glory: Audi vs Lancia (2024) 5.8
Race for Glory: Audi vs Lancia (2024)  ဇာတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ Audi vs Lancia ကားတံဆိပ်နှစ်ခုကြားက ပြိုင်ပွဲအကြောင်းကောင်းကောင်းသိနိုင်ပါတယ်ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ၁၉၈၃ခုနှစ် ကမ္ဘာ့ချန်ပီယံတာဝေးခရီးကြမ်းကားပြိုင်ပွဲက ယှဥ်ပြိုင်မှုကို ရိုက်ကူးထားတာပါ။ထိုခေတ်အခါက ကားထုတ်လုပ်သူတွေဟာ ကားတွေကို ကြော်ငြာပြီးရောင်းတာထက် ဒီလို ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းပြီး အရောင်းသွက်အောင်လုပ်လေ့ရှိပါတယ်...။အ‌ကောင်းဆုံးကားက အနိုင်ရမယ်၊ ပုရိတ်သတ်တွေက သဘောကျမယ်လူတွေပိုဝယ်ကြမယ်ပေါ့...။ဒီထဲမှာအပြိုင်အဆိုင်ပိုပြင်းထန်တာကတော့ ဂျာမန်ကားကုမ္ပဏီAudi နဲ့အီတလီကားကုမ္ပဏီLanciaပါ။ ဂျာမန်တွေအနေနဲ့ ဒီလိုကားပြိုင်ပွဲမျိုးမှာAudi Quattroဆိုတဲ့ four-wheel drive လေးဘီးမောင်းစနစ်ကို ချပြလိုက်တဲ့အခါအီတလီကားလုပ်ငန်းစုတစ်ခုလုံးက ခေတ်နောက်ကျသွားခဲ့ရပါတယ်။အီတလီတွေမှာက နှစ်ဘီးမောင်းစနစ်ပဲရှိသေးတာကိုး...။ဒါပေမဲ့ ပြိုင်ပွဲဆိုတာမျိုးက ကားပေါ်ပဲ၊ ဘတ်ဂျက်ကိုပဲ အားကိုးလို့မရဘူးဆိုတာ အီတလီတွေကလုပ်ပြသွားပြန်ပါတယ်။lancia 037ကားဟာ နှစ်ဘီးမောင်းဆိုပေမယ့် Audiရဲ့ လေးဘီးမောင်းစနစ်ကိုကောင်းကောင်းယှဥ်ပြသွားတာမျိုးတွေမြင်တွေ့ရမှာပါ..။ကားမောင်းသမားတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ၊ အသင်းကွပ်ကဲသူမန်နေဂျာရဲ့ဖြတ်ထိုးဉာဏ်တီထွင်ဉာဏ်ကောင်းချက်တွေကိုပါ စိတ်ဝင်တစားမြင်တွေ့ရဦးမယ့်ကားလေးပါပဲ....။ File size…1.89 GB / 844 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Biography , Drama , Sport Subtitle….Myanmar ...
movie

Race for Glory: Audi vs Lancia (2024)