Channel Myanmar

Drama

All Dirt Roads Taste of Salt (2023) 5.9
All Dirt Roads Taste of Salt (2023) All Dirt Roads Taste of Salt (2023)~ IMDb - 5.9/10, RT - 90%, Meta - 86% ~A24 ရဲ့ ကားအသစ်ပါ။ ပုံမှန်ဆို A24က သူတို့ထုတ်လုပ်ထားတဲ့ကားတွေတင်မဟုတ်ဘဲ ဖြန့်ချိရေးသက်သက်လည်းလုပ်တတ်ပေမဲ့ ဒီကားကိုတော့ A24 က ထုတ်လည်းထုတ် ဖြန့်လည်းဖြန့်ထားပါတယ်။ လုံးဝ A24 လက်ထွက်ကားစစ်စစ်လို့ပြောရပါမယ်။ ရုပ်ရှင်ကတော့ Independent Film ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Independent Film ၁၀ကားထဲက တစ်ကားအဖြစ် ဝေဖန်ရေးသမားတွေက သတ်မှတ်ထားတယ်။A24 ဟာ ဒါရိုက်တာတွေကို သူတို့ငယ်ဘဝအကြောင်း ရိုက်စေချင်ခဲ့ဖူးတဲ့ စတူဒီယိုပီသစွာပဲ ဒီကားကလည်း Raven Jackson ရဲ့ ငယ်ဘဝနဲ့မကင်းတဲ့ ရုပ်ရှင်အဖြစ်အသက်သွင်းထားတယ်။ ဇာတ်ကတော့ လူမဲအမျိုးသမီးတစ်ယောက်ရဲ့ ငယ်ဘဝကနေ ကြီးလာတဲ့အထိ ဘဝတစ်ခုအကြောင်းရိုက်ပြထားရုံပါပဲ။ ဒီလိုရိုက်ပြတာမှာ ...
movie

All Dirt Roads Taste of Salt (2023)

2023
Rise of the Footsoldier: Vengeance (2023)
Rise of the Footsoldier: Vengeance (2023)  ဒီနှစ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးပုပ် ၆၀နဲ့ IMDb 6.1 ရရှိထားတဲ့ Rise of the Footsoldier franchise ရဲ့ sequel ရုပ်ရှင်သစ်တခုဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း Rise of the Footsoldier ရဲ့ပင်တိုင်သရုပ်ဆောင်ကြီး ခရိတ်ဖဲဘရက်စ်က ပတ်တိတ် နေရာကနေ ထပ်မံသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မှောင်ခိုလောကမှာ ဆေးအရောင်းအ၀ယ်အလုပ်လုပ်နေတဲ့ ပတ်ရဲ့မိတ်ဆွေဖြစ်သူဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ပတ်တိတ်ဟာ မိတ်ဆွေဖြစ်သူအတွက် လက်စားချေပေးဖို့ရာ ဒီလူသတ်မှုရဲ့ နောက်ကွယ်ကတရားခံကို လိုက်လံစုံစမ်းရင်းကနေ မှောင်ခိုလောကရဲ့ထုံးစံအတိုင်း ရဲတပ်ဖွဲ့တွေ ဂိုဏ်းတွေနဲ့ ဇာတ်ရှုပ်ရပါတော့တယ်။ဇာတ်လမ်းအကြောင်းကို အများကြီးမပြောတော့ပါဘူး ဖိုက်တင်ပလေးတာတွေကတော့ ကြမ်းတယ်လို့ပြောလို့ရမယ့်အထဲမှာပါပါတယ်။ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက တော်တော်အဆင်ပြေတဲ့အထဲမှာပါတာမလို့ အက်ရှင်ကားကြမ်းကြမ်းကြည့်ချင်နေတဲ့သူတွေအတွက်ကတော့ သင့်တော်မှာဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.6 GB)/(861 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Rise of the Footsoldier: Vengeance (2023)

Encounter With Fate ( 2023 ) 5.8
Encounter With Fate ( 2023 ) မတူတဲ့လောက၂ခုကလာတဲ့ စာသင်သားလေး ချန်ချိုင်နင်နဲ့ ကြောင်မိစ္ဆာမလေး ချင်းနွီရဲ့ အချစ်ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ A Chinese Ghost Story Remake Version တစ်ခုဖြစ်တဲ့အတွက် CGSကိုကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကိုသိလောက်မယ်ထင်ပါတယ်။အူတူတူရိုးသားတဲ့စာဂျပိုးလေးတစ်ယောက်က တောနက်ထဲမှာ မိန်းမလှလေးနဲ့တွေဆုံပြီး သံယောဇဉ်ဖြစ်သွားခဲ့တယ်။ ဝိဉာဉ်ဖမ်းသူတစ်ယောက်ဟာ မိစ္ဆာမလေးနောက်လိုက်ရင်း စာဂျပိုးလေးနဲ့ဆုံခဲ့ကြတယ်။ ကြောင်မလေးရဲ့တာဝန်ကသူ့ကိုထိန်းချူပ်ထားတဲ့ မိစ္ဆာမကြီးအတွက်ဝိဉာဉ်စုဆောင်းဖြစ်ရမှာဖြစ်ပေမယ့် သူချစ်မိနေတဲ့စာဂျပိုးလေးရဲ့ ဝိဉာဉ်ကိုတော့ မစုပ်ယူရက်ခဲ့ပါဘူး။ဆန့်ကျင်ဘက်လောက၂ခုကချစ်သူနှစ်ယောက်ရဲ့ အချစ်အတွက်စွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ဝိဉာဉ်ဖမ်းသမားကြီးကတော့ မထင်မှတ်ပဲ Third Wheel ကြီးဖြစ်သွားတာပေါ့။ ပေါ့ပေါ့ပါးပါးနဲ့စိတ်အပန်းဖြေလို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action  , Adventure , Mystery Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Encounter With Fate ( 2023 )

Annapoorani (2023) 5
Annapoorani (2023) Annapoorani - The Goddess of Food (2023)"အိန္ဒိယချန်ဂင်" IMDb- 4.8/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ စားဖိုမှူးမလေးအကြောင်း တမီလ်အချစ် အချက်အပြုတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ကောင်ကတော့ Jawan(2023)မှာ ရှရွတ်ခန်းဇနီး ရဲမေမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော နာယန်သရာပဲဖြစ်ပါတယ်။ဘုရားကျောင်းမှာ ဘုရားဆွမ်းချက်ပေးရတဲ့ သက်သတ်လွတ်စားတဲ့ မျိုးရိုးဇာတ်အနွယ်မြင့် မိသားစုက အမျိုးသမီးလေးတစ်ယောက်။ဒီအမျိုးသမီးလေးရဲ့ အိပ်မက်က အိန္ဒိယဂုဏ်ဆောင် ကမ္ဘာကျော်စားဖိုမှူးကြီးဖြစ်ဖို့။ သက်သတ်လွတ်ဟင်းတွေကို ထူးရှယ်ချက်ပြုတ်နိုင်ပေမဲ့လည်း အသားမစားတဲ့အတွက် အသားဟင်းချက်ဖို့ အသားကိုင်ဖို့ကျ အဆင်မပြေဖြစ်နေရရှာ။သူ့ကိုပိုးပန်းနေတဲ့ ကိုယ်တော်ချောရဲ့ ကောင်းမှုနဲ့ အဖေဖြစ်သူမသိအောင် အသားဟင်းတွေချက်ပြုတ်မြည်းစမ်းလာတဲ့အခါ။အဖေဖြစ်သူက သူ့သမီးလေး အမ်ဘီအေတက်နေတယ်အမှတ်နဲ့ ကျောင်းကိုအလာမှာ အသားဟင်းတွေချက်ပြုတ် မြည်းစမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တဲ့အခါမှာတော့။ သူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားသွားနိုင်မှာလားဆိုတာ...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.4GB / 2.06GB / 980MB Quality…WEBDL 4k HEVC / WEB DL 1080p ...
movie

Annapoorani (2023)

2023
4K HEVC
Eileen (2023) 6.5
Eileen (2023) Eileen (2023)~ IMDb - 6.6/10, RT - 85%, Meta - 71% ~မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family ...
movie

Eileen (2023)

2023
4K HEVC
Kaththi (2014) 8.1
Kaththi (2014) Kaththi (2014) "ဓား" ================IMDb 8.1/10 ဗီဂျေးရဲ့ ကားဟောင်း၊ ကားကောင်း ခပ်မိုက်မိုက် နှစ်ကိုယ်ခွဲရုပ်ရှင်လေးတစ်ခုကို ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းသွား တော်တော်လေးမိုက်တာကြောင့် remake ဆရာကြီး အက်ရှေးကူးမားကတောင် ပြန်ပြီး remake လုပ်မယ်လို့ သတင်းတွေထွက်ဖူးခဲ့တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဇာတ်လိုက်ဖြစ်သူ ကာသီဟာ ထောင်ကို ၁၈ ကြိမ်ဖောက်ဖူးတဲ့၊ ရဲတွေကတောင် ထောင်ဖောက်တဲ့သူတွေကို ဖမ်းဖို့အတွက် တဖန်ပြန်ပြီး အကူအညီတောင်းရတဲ့ ထောင်မင်းသားတစ်ယောက်ပါ။တစ်ခါမှာတော့ အဲဒီလိုပဲ ထောင်ဖောက်ပြေးရင်း သူ့ရှေ့မှာ ပစ်ခတ်မှုတစ်ခုဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့သူက သူနဲ့ ရုပ်တထေရာတည်းတူနေတဲ့ ဗီရာဆိုတဲ့သူဖြစ်နေတာကြောင့် အဲဒီ ဗီရာအယောင်ဆောင်ပြီး ရဲတွေမမိအောင်ရှောင်နေရင်း ထောင်မင်းသားဘဝကနေ နင်းပြားတွေရဲ့သူရဲကောင်း ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။အက်ရှေးကူးမားကတောင် remake လုပ်ဖို့ ကြိုးစားဖူးတဲ့ထိ တော်တော်မိုက်တဲ့ရုပ်ရှင်လေးဖြစ်လို့ စီအမ်ပရိသတ်တွေအတွက် CM Bollywood Team ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Kaththi (2014)

2014
The Christmas Checklist (2022) 6.7
The Christmas Checklist (2022) The Christmas Checklist (2022) =======================အမ်မလီ ရောဘတ်ဆန်အတွက်တော့ ခရစ်စမတ်ကို အရမ်းချစ်တဲ့ မိခင်ဖြစ်သူ ရူဘီ ဆုံးပါးသွားပြီးတဲ့နောက် ဒီနှစ် ခရစ်စမတ်ဟာ သူမ အတွက် အခက်ခဲဆုံးနှစ်ပါပဲ။ ဒီလိုမျိုး ကြေကွဲနေရင်းနဲ့ပဲ အမေဖြစ်သူ ရူဘီရဲ့ နောက်ဆုံး တောင်းဆိုချက်အနေနဲ့ ထားခဲ့တဲ့ စာရင်းနဲ့ အချက် ၁၂ချက်ကို ခရစ်စမတ် အကြိုနေ့ အမီလုပ်ဖို့ ဖြစ်လာခဲ့ချိန်မှာ သူမတွေ့ ခဲ့တာကတော့ နိုအာဆိုတဲ့ အလွတ်တန်း သတင်းထောက် တစ်ယောက်ပါ။ခရစ်စမတ်ရဲ့ ကြည်နူးစရာ‌ ပျော်ရွှင်စရာတွေဆိုတာကို အယုံအကြည် မရှိ‌တော့တဲ့ နိုအာရဲ့ အကူအညီနဲ့အတူ အမ်မလီတစ်ယောက် ခရစ်စမတ် စာရင်းကို ပြီးမြောက်အောင် လုပ်နိုင်သွားမှာလား။ နိုအာနဲ့ အမ်မလီတို့ ကြားမှာရော ဘယ်လိုမျိုး အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာကြ မလဲ။ ဒီစာရင်းရဲ့ ရည်ရွယ်ချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကရော ဘာဖြစ်မလဲဆိုတာကို the Christmas checklist ဆိုတဲ့ Hallmark ဇာတ်ကားလေးမှာ ရှူစား‌အားပေးကြပါဦးခင်ဗျ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်)File Size..........(2.51 GB) / (718 ...
movie

The Christmas Checklist (2022)

2022
Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
12th Fail (2023) 9.2
12th Fail (2023) 12th Fail (2023) "ရိုးဂုဏ်"IMDb - 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ...
movie

12th Fail (2023)

2023
4K HEVC
The Lie (2018) 5.8
The Lie (2018) The Lie (2018) ============ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှု တွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာ အမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေ ကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲ ကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့ သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေး တစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်း ချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ် ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက် လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thu Thu ဖြစ်ပါတယ်)File Size..........(1.22 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thu Thu Encoder..........SWM
movie

The Lie (2018)

2018
Once Upon A Time In Sham Tan ( 2023 ) 5.7
Once Upon A Time In Sham Tan ( 2023 ) မင်းသမီး လှလှလေးတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မေထန်မြို့မှ ပြဇာတ်မင်းသမီးလေး မေလင်ဟာ အနိုင်ကျင့်မှုတွေ ကြားထဲက ကြီးပျင်းလာခဲ့ရပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ အကြိမ်ကြိမ် စစ်ရှုံးနေတဲ့ ဗိုလ်မှူးလေးဟာ မိန်းမလှကန်ရဲ့ ဒဏ္ဍာရီပုံပြင်ကို ကြားပြီးနောက်မှာတော့ ဆုတောင်းပြည့်ပူဇော်ပွဲလုပ်ဖို့ မေထန်မြို့ကို ရောက်လာခဲ့ပါတယ်။သူက မေလင်ကို လိမ်လည်ခေါ်ဆောင်သွားပြီး မိန်းမလှကန်ထဲကို ပစ်ချခဲ့ပေမဲ့လဲ မေလင်က ကံကောင်းစွာနဲ့ မသေမြက်အဆိပ်မိသွားပြီးနောက်မှာ သွေးဆာတတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားခဲ့ပါတယ်။ သူက သူ့အပေါ် အကြံယုတ်မာတဲ့ ယောကျာ်းတွေကို ဆွဲဆောင်ပြီး စားသုံးခဲ့ပါတယ်။မေလင်ရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ယင်ရှင့်ဟာ မေလင်းရဲ့ ပြောင်းလဲမှုကို သတိထားမိသွားပါတယ်။ မေလင်ရဲ့ရောဂါဟာလည်း တဖြည်းဖြည်းပြင်းထန်လာပြီး ရက် ၂၀ ကြာရင် မသေတတ်တဲ့ မကောင်းဆိုးဝါးကြီး လုံးဝ ဖြစ်သွားတော့မယ်ဆိုတာ သိလိုက်ရပါတယ်။အကြောင်းအရင်းတွေ သိရပြီးနောက် ယင်ရှင့်နဲ့ မေလင်တို့ ဒီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... လူယုတ်မာတွေကရော ဘယ်လို အကြံအစည်တွေ ရှိကြမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format ...
movie

Once Upon A Time In Sham Tan ( 2023 )

The Promised Land (2023) 7.7
The Promised Land (2023)  ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီးဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာလူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှမအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုုးလို့မရတဲ့အပြင်ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလို့ပါ။အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲ့ကသူအောင်မြင်မယ်လို့ မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီးခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင်လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင်သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ ...
movie

The Promised Land (2023)

Two Lovers (2008) 7.0
Two Lovers (2008) Two Lovers (2008) ============== IMDb Rating - 7.0/10Joker မင်းသားကြီး Joaquin Phoenix ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ လှေနံနှစ်ဖက်နင်းတဲ့ Romance/Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လီယိုနက်ဆိုတဲ့ ဘဲတစ်ပွေဟာ bipolar ကြောင့် သူ့ဘဝသူ စိတ်ကုန် နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အဆုံးစီရင်ဖို့လည်း အကြိမ်ကြိမ် ကြိုး စားဖူးသူပါ။ ဒါပေမဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ သူ့ကို လောက ကြီးက ပစ်မထားခဲ့ပါဘူး။သူဟာ တစ်ချိန်နည်းမှာ အမျိုးသမီး နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။ တစ်ယောက်က မိဘချင်း သဘောတူသလို သူ့ကိုလည်း အရမ်းချစ်တဲ့ ဆန်ဒရာ။ နောက်တစ်ယောက်က မထင်မှတ်ဘဲ ခင်မင်ခွင့်ရခဲ့တဲ့ အိမ် ထောင်ရှိ အမျိုးသားရဲ့ အငယ်အနှောင်းဖြစ်သူ မီရှဲလ်။ နှစ်ယောက်လုံး က မက်လောက်စရာဖြစ်နေတော့ ဘိုင်ပိုလာ လီယိုနက်တစ်ယောက် ဟိုကိုလည်း လက်မလွှတ်နိုင်၊ ဒီကိုလည်း မရှင်းမရှင်းတွေ လုပ်မိပြီး နှလုံးသားရေးရာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ သူများချစ်သူ ကြောင် တောင်နှိုက်ချင်တဲ့သူတွေ ရှိနေတာကို တန်ဖိုးမထားချင်တဲ့ အာသာမပြေ မာမာဝေတို့ အထူးကြည့်သင့်သော ဇာတ်လမ်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ...
movie

Two Lovers (2008)

2008
Landline (2017) 6.4
Landline (2017) Landline (2017) ============ IMDb Rating - 6.4/10ဒီဇာတ်လမ်းလေးက 1995 ခုနှစ်မှာ အခြေခံထားတာပါ။ ညီအစ်မနှစ်ယောက်ရှိတဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစုလေး တစ်ခုက နောက်တော့ သူတို့အဖေ ဖောက်ပြန်နေတာကို သိသွားကြတယ်။ အစ်မ Dana က သူ့ချစ်သူ Ben နဲ့စေ့စပ် ထားပြီး ညီမဖြစ်တဲ့ Ali ကတော့ အရွယ်နဲ့မလိုက်​အောင် ဉာဏ်ကောင်းတဲ့အထက်တန်းကျောင်းသူတစ်ယောက်ပေါ့။သူတို့ညီအစ်မနှစ်ယောက် သူတို့အဖေဖောက်ပြန်နေတဲ့စာ ကိုမြင်တော့ သူတို့အမေကိုမပြောသေးဘဲ တိတ်တိတ်လေး ဆက်စုံစမ်းလိုက်ကြတယ်။ ဒီဇာတ်လမ်းက မိသားစုနဲ့ စုံတွဲ တွေကြားက ပြဿနာကိုဖော်ပြထားပြီး ချစ်ခြင်းမေတ္တာ၊ သံယောဇဥ်တွေနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရသစုံ စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (507 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Landline (2017)

2017
Expecting (or) Gus (2013) 5.1
Expecting (or) Gus (2013) Expecting (or) Gus (2013) ===================နှစ်တွေအကြာကြီး သူ့ခင်ပွန်းနဲ့ကလေးရဖို့ ကြိုးစားပေမဲ့မရခဲ့တဲ့ Lizzie နောက်ဆုံးတော့ သူ့ကလေးရဖို့အိပ်မက်ကို လက်လျှော့လု နီးပါးဖြစ်သွားတယ်။ အဲဒီအချိန် သူ့အချစ်ဆုံးသူငယ်ချင်း Andieက တော့ One night standနဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားလေရဲ့။ နောက်တော့ Andie လည်း သူ့ကိုယ်ဝန်ကို မဖျက်ချချင်တာမို့ သူ့ ကလေးကို Lizzieတို့လင်မယားကိုပေးဖို့ ဆုံးဖြတ်လိုက်တယ်။Lizzieတို့လည်း လက်ခံခဲ့ပြီး တစ်ခုရှိတာက Andie ကိုယ်ဝန်ဆောင် နေတဲ့အချိန်အတွင်း Lizzie တို့အိမ်မှာ လာနေခွင့်ပြုရမှာဖြစ်နေတယ်။ ဒီလိုနဲ့ Andieနဲ့ Lizzie တို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေး က ကလေးမွေးပြီးတဲ့အထိ အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ ရယ်မောရင်းဆက်လက်ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.5 GB) / (550 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Expecting (or) Gus (2013)

2013
Shelter (2007) 7.6
Shelter (2007) Shelter (2007) ============ IMDb Rating - 7.6/10ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားရမဲ့ အချစ်-ဒရမ်မာ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ မိသားစုအတွက် အနစ်နာခံရင်း အနာဂတ်အိပ်မက်တွေ ပျောက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အချစ်နဲ့တွေ့လာ တဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ...။ဇာတ်လမ်းအကျဉ်း - ဇက်ဟာ အထက်တန်းကျောင်းပြီးထားပေမဲ့ ကျောင်းဆက်မတက်ဖြစ် ဘဲ အချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်း တူဖြစ်သူ ကိုဒီလေးကို ထိန်းပေး နေရသူပေါ့။ အစ်မဖြစ်သူဂျီးန်ကတော့ single-mom တစ်ယောက်ပါ။ ဇက်တစ်ယောက် အားလပ်ချိန်မှာ ရေလွှာလျှောစီးလိုက် စကိတ်စီးလိုက် street art တွေရေးလိုက်နဲ့ အချိန်ဖြုန်းနေပေမဲ့ တကယ်တမ်း သူ့ရည်ရွယ် ချက်က အနုပညာကျောင်းတက်ရဖို့ပါ။ ဒါပေမဲ့ မိသားစုကိုငဲ့ရင်း ကျောင်း တက်မဲ့ကိစ္စကို စွန့်လွှတ်ထားခဲ့ရပါတယ်။တစ်နေ့တော့ အချစ်ဆုံးသူငယ်ချင်းဂေ့ဘ်ရဲ့ အစ်ကိုဖြစ်သူ ရှောန်တစ်ယောက် မြို့ကိုပြန်ရောက်လာပြီး ဇက်နဲ့ ပြန်ဆုံပါတယ်။ ဇက်နဲ့ ရှောန်တို အတူတူလည် ပတ်သွားလာရင်း ခံစားချက်တွေမျှဝေဖြစ်ခဲ့ကြပါတယ်။ ရှောန်ရဲ့အားပေးမှု ကြောင့်ပဲ ဇက်တစ်ယောက် အနုပညာကျောင်းတက်မဲ့အိပ်မက်ဟာ ပြန်အသက် ၀င်လာပါတယ်။ အဲဒီကစလို ဇက်ရဲ့ဘ၀ဟာ အပြောင်းအလဲတွေကြုံရဖို့ အ ကြောင်းဖန်လာပါတော့တယ်။ဇက်တစ်ယောက် အနာဂတ်အိပ်မက်ကိုရွေးမှာလား မိသားစုကိုရွေးချယ်မှာ လား၊ သံယောဇဉ်အချုပ်အနှောင်တွေကြားမှာ အိပ်မက်နောက်လိုက်နိုင်ပါဦး မလား၊ အစ်မဖြစ်သူရဲ့အတ္တနဲ့ အယူသည်းမှုတွေကနေ ...
movie

Shelter (2007)

2007
Avenues (2017) 6.0
Avenues (2017) Avenues (2017) ============= IMDb Rating - 6.0/10ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.29 GB) / (529 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Theo Katt Encoder..........SWM
movie

Avenues (2017)

2017
Swathi Mutthina Male Haniye (2023) 7.7
Swathi Mutthina Male Haniye (2023) Swathi Mutthina Male Haniye (2023) နေဝင်ဆည်းဆာပရယ်ရာနာIMDb-7.8/10 တလောကမှ စီအမ်ကတင်ဆက်ပေးထားတဲ့ တိုဘီလူမိုက်ကြီးကို ဒီတစ်ခါ ခေါင်းမာတဲ့ရောဂါသည်ဇာတ်ရုပ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် အနားမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝနေဝင်ချိန်ကို ပြုစုစောင့်ရှောက်ပေးရတာ စိတ်နှလုံးဘယ်လောက်ပင်ပန်းရလဲသိကြမှာပါဘဝနိဂုံးချုပ်ဖို့ ၅ လတောင်မလိုတော့တဲ့လူနာပေါင်းများစွာကို အကြံပေးဆွေးနွေးနှစ်သိမ့်စောင့်ရှောက်ရတဲ့ ပရယ်ရာနာ....လူနာတွေရဲ့ နာကျင်ကြေကွဲသံတွေ ကျန်ရစ်သူတွေအပေါ် စိတ်မချနိုင်တဲ့စိတ်တွေ နာကျင်လွန်းလို့ အမြန်အဆုံးသတ်ချင်သူတွေ ဒီလူတွေကို နေ့စဉ်နဲ့အမျှ အားပေးနေရတဲ့အပြင်.. သူ့ကိုယ်ပိုင်ဘဝမှာလည်း အထီးကျန်ရတာတွေ နွေးထွေးကြင်နာမှုမရတာတွေကိုကြုံတွေ့နေရသူ တစ်နေ့မှာတော့ သူတာဝန်ကျဆေးရုံကို ဘာအချက်အလက်မှမပေးချင် သေသွားရင်အလောင်းကို လမ်းပေါ်သာပစ်ထားလိုက်ဆိုပြီး လက်ကျန်ဘဝအတိုအစကို စီးကရက်တစ်လိပ်နဲ့ အတွေးကြားမျောရင်း ကုန်ဆုံးသွားချင်တဲ့လူနာတစ်ယောက်ရောက်လာခဲ့တယ်ဒီလူနာကို လက်ကျန်ဘဝလေးမှာ တန်ဖိုးရှိရှိဖြတ်သန်းနိုင်ဖို့ ကွယ်လွန်ပြီးနောက်ကောင်းကောင်းစီမံနိုင်ဖို့ ပရယ်ရာနာရင်ဆိုင်ရတော့တယ် ဒီနှစ်ယောက်ရဲ့တွေ့ဆုံမှုနဲ့ သူတို့ဘဝတွေ ၊ ရင်ဖွင့်သံတွေကြားက romance drama လှလှလေးတစ်ပုဒ်ကိုခံစားကြည့်ပါဦး ဒီကားက ရုံတင်ငွေသောက်သောက်လဲရပြီး ရီဗျူးပေါင်းသောင်းချီနေတာမျိုးမဟုတ်ပေမဲ့ ကြည့်မိတဲ့ပရိသတ်တိုင်းဆီက မှတ်ချက်ကောင်းလေးတွေရထားတာမို့ CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Swathi Mutthina Male Haniye (2023)

2023
Eat Pray Love (2010) 5.8
Eat Pray Love (2010) Eat, Pray, Love (2010)2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်‌တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ‌ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့‌အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ...
movie

Eat Pray Love (2010)

2010