Channel Myanmar

Drama

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
Milk (2008) 7.5
Milk (2008)  ဒီဇာတ်ကားလေးကတော့ လိင်တူနှစ်သက်သူအခွင့်အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးပညာရှင် ဟာဗီမစ်ရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ Biographical Film လေး ဖြစ်ပါတယ်။ IMDb Rating 7.5/10 နှင့် Rotten Tomatoes မှာ Audience Rating 93 % ရရှိထားတဲ့ လုံးဝလက်မလွှတ်သင့်ဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဟာဗီမစ်ဆိုတဲ့လိင်တူချစ်သူနှင့် သူ့ကောင်လေး စကော့စမစ်တို့ဟာ နယူးရော့ခ်ကနေ ဆန်ဖရန်စစ္စကိုကို ရေကြည်မြက်နုရာ တူနှစ်ကိုယ် ပြောင်းရွေ့လာရင်း ကက်စထရိုမြို့မှာပဲ ကင်မရာဆိုင်လေးဖွင့်ရာကနေ လိင်တူနှစ်သက်သူ ဂေးတွေဟာ အိမ်ရာ အလုပ်အကိုင် ပညာရေး လူမှုပတ်ဝန်းကျင် အဘက်ဘက်မှာ ခွဲခြားဆက်ဆံတာတွေ အလုပ်ဖြုတ်ပစ်တာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကနှင်ချတာတွေ အနိုင်ကျင့်တာတွေ အစရှိတဲ့မတရားမှုတွေကို သူမျက်စိရှေ့မှာ မြင်တွေ့ကြုံတွေ့လာရတဲ့အခါ လိင်တူချစ်သူဂေးတွေ လက်စဘီယန်တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တက်ကြွလှုပ်ရှားရာကနေ နိုင်ငံရေးဘက်ကို ကူးပြောင်းလာပြီး လိင်တူနှစ်သက်သူတွေအတွက်တင်မကဘဲ အသားအရောင်မတူညီမှု သက်ကြီးရွယ်အို မသန်စွမ်းတွေ အစရှိတဲ့ ...
movie

Milk (2008)

My Left Foot: The Story of Christy Brown (1989) 7.8
My Left Foot: The Story of Christy Brown (1989)  ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ အယ်လင်‌ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ‌ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, ...
movie

My Left Foot: The Story of Christy Brown (1989)

Coco Before Chanel (2009) 6.7
Coco Before Chanel (2009)  Chanelဆိုတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ Coco Chanel။ ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာလို့ ရှာလိုက်ရင်ပဲ အခုချိန်ထိ Coco Chanelက ထိပ်ဆုံးမှာ နေရာယူထားဆဲပါ။Coco Chanelဆိုတာ ပြင်သစ်အမျိုးသမီး Gabrielle Bonheur Chanelပဲဖြစ်ပါတယ်။ သူ့ကို ၁၈၈၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ကလေးဘ၀မှာပဲ မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူက သူတို့ညီမနှစ်ယောက်ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ထားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အချိန်မှာတော့ မိဘမဲ့ဂေဟာက တတ်မြောက်လာခဲ့တဲ့ အပ်ချုပ်ပညာရပ်နဲ့ အလုပ်လုပ်ရပြီး ညဘက်တွေဆို စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေရင်း ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရပါတယ်။ စစချင်းမှာ ဦးထုတ်တွေကို ဒီဇိုင်းထုတ်ပြီး ရောင်းချရာကနေစတင်ခဲ့တယ်။ စတိုင်လ်ဘောင်းဘီတွေဟာ အမျိုးသမီးတွေအတွက်လို့ မထင်ကြတဲ့ခေတ်တစ်ခုကို Coco Chanelက ပြောင်းလဲပေးခဲ့ပြီး ဖက်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုကမ္ဘာ့ဖက်ရှင်လောကရဲ့ အကျော်ကြားဆုံးအမျိုးသမီးတစ်ယောက်ရဲ့ ကလေးဘ၀ကစလို့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ဘ၀အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုကြပါဦး။ File size…(1.9 GB)/(1 ...
movie

Coco Before Chanel (2009)

Journey to Bethlehem (2023)
Journey to Bethlehem (2023)  ခရစ္စမတ်နေ့ဆိုတာဟာ ဘုရားသခင်ဂျီးဆပ် ဖွားမြင်တော်မူတဲ့နေ့ပါ။ အခု ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ ဂျီးဆပ်မွေးဖွားလာပုံနဲ့ မယ်တော်မယ်ရီနဲ့ဂျိုးဆပ်တို့ရဲ့ဇာတ်လမ်းအကြောင်းကို Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ A Journey to Bethlehem ဆိုတဲ့ ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်း​လေးကတော့ဂျူဒါတိုင်းပြည်ကြီးမှာ မယ်ရီဆိုတဲ့ကောင်မလေးကို သူမရဲ့မိဘတွေဟာ ဂျိုးဆပ်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ပေးဖို့စီစဥ်ကြပါတယ် သူတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲလုပ်ပြီး မင်္ဂလာမဆောင်ရခင်မှာ မယ်ရီဟာထူးခြားလှတဲ့အိပ်မက်မက်ခဲ့ပါတယ် အဲ့ဒါကတော့ ကောင်းကင်ကတမန်တော်တစ်ယောက်ဟာ သူမဆီကိုလာပြီး သူမဟာ ဘုရားသခင်ရဲ့သားတော်ကို မွေးဖွားပေးဖို့အတွက်ရွေးချယ်ခံထားရတယ်လို့လာပြောပါတယ်။အဲဒီနောက်မှာ သူမဟာ အပျိုစင်ဘဝနဲ့ပဲကိုယ်ဝန်ရခဲ့တော့ ဂျိုးဆပ်ရဲ့မိဘတွေဘက်ကနေ စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်ပါတယ် မယ်ရီတစ်ယောက် ကလေးကိုဘယ်လိုမွေးဖွားမလဲ ဂျိုးဆပ်ကရော အိပ်မက်ကိုယုံကြည်ပါ့မလား။ တစ်ဖက်မှာလည်း ပညာရှိသုံးယောက်ဟာ ဘုရားသခင်ရဲ့သားတော်မွေးဖွားမယ်ဆိုလို့ လိုက်ရှာနေကြပါတယ်ဂျူဒါတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ဟဲရစ်ဟာလညး်ဆိုးရွားယုတ်မာတဲ့ဘုရင်ဖြစ်တယ် သူကရော အဲ့ဒီမွေးဖွားလာမယ့်ကလေးနဲ့ပက်သက်ပြီးဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဂျီးဆပ်မမွေးဖွားမီ မယ်ရီရဲ့ဘဝအကြောင်းကိုအဓိကရိုက်ပြထားပြီး မယ်ရီနဲ့ဂျိုးဆပ်တို့နှစ်ဦးကြားကမေတ္တာအကြောင်းတွေအဓိကပါပါတယ် File size…(1.4 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Journey to Bethlehem (2023)

Hard Days (2023)
Hard Days (2023)  ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie

Hard Days (2023)

Finestkind (2023) 5.7
Finestkind (2023) Finestkind (2023) ============= Crime, Drama, ThrillerWednesday မင်းသမီး Jenna Ortega အပြင်... နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, ...
movie

Finestkind (2023)

2023
All the Pretty Horses (2000) 5.8
All the Pretty Horses (2000) All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

All the Pretty Horses (2000)

2000
Departure (2015) 6.7
Departure (2015) Departure (2015) =============ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်ကောင်လေး Elliotနဲ့ သူ့အမေ Beatriceတို့ ပြင်သစ်က သူ့မိဘတွေလာနေကျ အပန်းဖြေအိမ်ကို ရောက်လာခဲ့တယ်။ Beatriceက အိမ်ကို ရောင်းဖို့စီစဥ်နေပြီး Elliotကလည်း သူ့အမေကို ပရိဘောဂ တွေ ကူရှင်းပေးတယ်။အဲဒီအချိန်မှာပဲ အနီးနားရွာက ပဟေဠိဆန်တဲ့ ကောင်လေး Clément ရောက်လာပြီး Elliot နဲ့ သူငယ်ချင်းဖြစ်ရာက Elliot တို့မိသားစုကြား ပြဿနာတွေပိုရှုပ်ထွေးလာတော့ တာပါပဲ။ဒီဇာတ်လမ်းမှာ The End of the F***ing World က မင်းသား Alex Lawtherက Elliot အဖြစ်ပါဝင်ပြီး ဒီကားထဲမှာတော့ သူ့ရဲ့ sexuality ကို ​သဘောပေါက်ခါစ လိင်တူစိတ်ဝင်စားသူတစ်ဦး​ဇာတ် ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.13 GB) / (665 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Departure (2015)

2015
To All a Good Night (2023) 7.7
To All a Good Night (2023) To All a Good Night (2023) ===================To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာ ကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီး တော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေ အားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ် ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ် ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ် ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDb rating 7.7 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.97 GB) / (722 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, ...
movie

To All a Good Night (2023)

2023
Dosti: Friends Forever (2005) 5.3
Dosti: Friends Forever (2005) Dosti: Friends Forever (2005) "အခင်ဆုံးသူငယ်ချင်းနှစ်ယောက်"2005 ကထွက်ရှိခဲ့တဲ့ ရိုမန့်/ဒရာမာ ကားဟောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မင်းသားချော အာရှေးကူးမားနဲ့ အတူ Bobby Deol နဲ့ Kareena Kapoor တို့ပါဝင်ထားတဲ့ အတိတ်ကို ပြန်လွမ်းချင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့ကားတစ်ကားပါ"မိတ်ဆွေသူငယ်ချင်းဆိုတာ ဘုရားသခင်ပေးတဲ့ အကောင်းဆုံးဆုလာဘ်တစ်ခုပဲ" ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ဘဝမှာ ချစ်သူနဲ့တောင် ဝေခွဲဆုံးဖြတ်လို့မရနိုင်တဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းထဲမှာ "ကာရန်" နဲ့ "ရာ့ဂျ်" တို့ရဲ့သူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးကို လှပစွာ ပုံဖော်ထားနိုင်ခဲ့ပြီး အာရှေးကူးမားရဲ့ မျက်နှာပြောင်ပုံတွေကလည်း ဖျော်ဖြေပေးနိုင်သလို သူ့ရဲ့ ဒရာမာချိုးပုံကလည်း ထိမိဂွိကြောင်းပါကာရန်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားဆိုပေမယ့် သူ့အတွက် မိသားစုဝင်ဖြစ်ခဲ့တာကတော့ သူငယ်ချင်း ရာ့ဂျ် ပဲဖြစ်ပါတယ် အဖေက စီးပွားရေးနဲ့ အမြဲအလုပ်ရှုပ်နေခဲ့ပြီး အမေကလည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြောဖို့လောက်သာ အာရုံစိုက်ခဲ့တဲ့သူမို့ ကာရန်ဟာ ငယ်ငယ်လေးတည်းက ရွှေဘုံပေါ်မှာ အထီးကျန်ဆန်တဲ့ ...
movie

Dosti: Friends Forever (2005)

Silent Night (2002) 7.5
Silent Night (2002) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ "မစ္စဝင်ကန်"နဲ့ သူမရဲ့သား "ဖရစ်" တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်‌လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ ...
movie

Silent Night (2002)

The Holdovers (2023) 8
The Holdovers (2023) The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie

The Holdovers (2023)

2023
Frequently Asked Questions About Time Travel (2009)
Frequently Asked Questions About Time Travel (2009) ဒီတစ်ခါမှာတော့ Sci- Fi ဇာတ်ကားလေးတစ်ခုကကိုတင်ဆက်ပေးချင်ပါတယ် အချိန်ခရီးသွားဇာတ်ကားလေးပါဇာတ်လမ်းအကျဥ်းလေးကတော့ရေး ပိထ်နဲ့ တိုဘီတို့ သူငယ်ချင်းသုံးယောက်ဟာ အလုပ်မှာအဆင်မပြေလို့ အရက်ဆိုင်ကိုသောက်ဖို့လာခဲ့ကြပါတယ် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေမှုတွေပြောပြကြရင်းပေါ့ သူတို့ထဲမှာမှ "ရေး'' က အချိန်ခရီးသွားခြင်းကိုအလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ အဲ့ဒီအရက်ဆိုင်မှာ ကတ်ဆီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပြီး သူမဟာ အနာဂတ်ကလာခဲ့တာဖြစ်ကြောင်းပြောပါတယ်။သူက အချိန်ခရီးသွားသူပါတဲ့ အနာဂတ်မှာ ''ရေး'' ဟာ နာမည်ကျော်တစ်ယောက်ဖြစ်ကြောင်းကိုလည်းပြောပြပါတယ် သူက အချိန်ယိုစိမ့်ပေါက်တွေကိုပြင်ရတဲ့သူပါ အရက်ဆိုင်ပတ်ဝန်းကျင်မှာ အချိန်ယိုစိမ့်ပေါက်ရှိနေလို့လာပြင်ရင်း ''ရေး'' နဲ့တွေ့တာပါ သူရှာနေတဲ့အချိန်ယိုစိမ့်ပေါက်က အရက်ဆိုင်က သန့်စင်ခန်းမှာရှိနေတာပါ အဲ့ဒီတော့ အိမ်သာထဲကိုဝင်သွားမိတဲ့သူငယ်ချင်းသုံးယောက် ဘယ်ခေတ် ဘယ်အချိန်တွေကိုရောက်သွားမလဲ သူတို့ လက်ရှိကာလကိုရောပြန်ရောက်ပါ့မလားဆိုတာကိ စိတ်ဝက်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size…(1.5 GB)/(879 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Comedy, Drama, Romance, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Frequently Asked Questions About Time Travel (2009)

Identity Crisis (2023)
Identity Crisis (2023) Grey Anatomy, History of the World, Light outနဲ့ The Fabulousတို့ထဲက သရုပ်ဆောင်ပိုင်နိုင်လှတဲ့ မင်းသမီး Scout Lepore ကနေ ဒီဇာတ်လမ်းထဲမှာ ၂ကိုယ်ခွဲပြီး လက်ဖျားခါလောက်အောင် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Scout Lepore အပြင် Greenhouse Academy, 20th Century Womenနဲ့ Side Effects အစရှိတဲ့ seriesတွေထဲက Finn Robertsနဲ့အတူ ဂန္တဝင်ကြီး Maria Canals-Barrera၊ Eliza Shin၊ Alexandra Boylanနဲ့ Elester Lathamတို့က အတူတကွ ဇာတ်ကို အထွတ်ထိပ်ရောက်အောင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဒီဇာတ်လမ်းကို "ကိုယ့်ကိုယ်ကိုရှာဖွေခြင်း"လို့ ဘာသာပြန်သူအနေနဲ့ သမုတ်ချင်ပါတယ်။ မက်ဒီစင် မွန်ဂိုးမယ်ရီ,ဆိုသူက မျိုးရိုးဗီဇကို လေ့လာသင်ယူနေနဲ့ ပထမနှစ် သိပ္ပံပညာရှင်လေးဖြစ်ပါတယ်။ သူက သိပ်တော်တဲ့ ...
movie

Identity Crisis (2023)

Kida (2022) 9.5
Kida (2022) Kida (2023) ဆိတ်တစ်ကောင်နှင့်တိုင်ပတ်ကြသူများ IMDb - 9.3/10နိုဝင်ဘာလကပဲ ရုံတင်သွားပြီး ဇာတ်လမ်းအသားပေးရိုက်ကူးထားတဲ့ တမီလ်ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပိုက်ဆံမရှိပါဘဲ မြေးဖြစ်သူကို ဒီပါဝလီပွဲအတွက် အဝတ်အစားသစ်ဝယ်ပေးမယ်လို့ ကတိပေးထားတဲ့ အဘိုးကြီးတစ်ယောက်။အဖေတွေအချင်းချင်းကြားက အတ္တမာနတွေကြောင့် နှစ်ဦးနီးစပ်ဖို့ အခက်ကြုံနေရတဲ့ချစ်သူနှစ်ဦး။ ဒီပါ၀လီပွဲတော်ရက်မတိုင်မှာပဲ မိန်းကလေးရှင်ဘက်က တခြားလူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ထားတဲ့အတွက် ဒီပါ၀လီမတိုင်ခင်ညမှာခိုးပြေးဖို့ကြံစည်ထားကြသူတွေ။ ပွဲတော်အတွက် သုံးစရာစွဲစရာရဖို့ ခိုးဖို့ဝှက်ဖို့ကြံနေကြတဲ့ လူတစ်စု။အရက်ပဲမူးနေတဲ့ သားသတ်သမားကို ဆိတ်သတ်တဲ့ခုံကနေ အလုပ်ဖြုတ်လိုက်တဲ့အတွက် ကိုယ်ပိုင်ခုံထောင်ဖို့ ကြံနေတဲ့ အရက်သမားသားသတ်သမားကြီး။ ဒီလို ကိုယ်စီကိုယ်စီ စိတ်ကူးတွေ အကြံတွေနဲ့သူတို့တွေဟာ ဆိတ်တစ်ကောင်ကို အကြောင်းပြုပြီး ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 900MB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie

Kida (2022)

2022
Creatura (2023) 6.8
Creatura (2023) Creatura (2023)~ IMDb - 6.8/10, Rotten Tomatoes - 93% ~"Creatura" ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ "Creature" သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား "Creatura" မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ "Hyper Active" ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ...
movie

Creatura (2023)

2023
The Accused (1988) 7.1
The Accused (1988) The Accused (1988)~ IMDb - 7.1/10, RT - 93%, Meta - 65% ~"လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်"ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ ...
movie

The Accused (1988)

1988
Bad Santa (2002) 7.1
Bad Santa (2002)  ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy BobThornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးrating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီးဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ်အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းကမဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေးအဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကိုလိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီကအဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ်ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားကပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲအဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲနောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက ...
movie

Bad Santa (2002)