Channel Myanmar

Drama

The Battle For Justice ( 2023 ) 5.8
The Battle For Justice ( 2023 ) The Battle for justiceဆိုတဲ့ဇာတ်ကားကတော့ တရားမျှတခြင်းအတွက်ဦးထိပ်ထားပြီး ပြည်သူအတွက်စွန့်စားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်းရေးတစ်ခုအကြောင်း ရဲပေါ်လစီကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ချန်ကျန့်ရဲ့အဖေဟာ မူးယစ်ရာဇာတစ်ယောက်ကြောင့် သူငယ်ငယ်လေးတုန်းက သတ်ခဲ့လိုက်ရပါတယ်။ အဖေအတွက်လက်စားချေဖို့ ရဲကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး သစ္စာဆိုခဲ့ပါပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွက် မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါ ချန်ကျန့်ဟာ အဖေ့အတွက်လက်စားချေနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ရဲဆိုတဲ့သရုပ်မှန်ဟာ အချိန်မရွေးပေါ်သွားနိုင်မလား...... ဉာဏ်များပြီးကောက်ကျစ်တဲ့ မူးယစ်ရာဇာကို ဖမ်းဆီးဖို့စစ်ဆင်ရေးကအောင်မြင်နိုင်ပါ့မလား...... နိုင်ငံနဲ့ပြည်သူတွေအတွက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ကြရတဲ့ ရဲအရာရှိတွေအကြောင်းကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Battle For Justice ( 2023 )

Ban Drugs ( 2023 ) 5.9
Ban Drugs ( 2023 ) ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့...... စခန်းမှူးကျန့်(၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့....အဖွဲ့ခေါင်းဆောင်လု အဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့... ရဲအရာရှိလေးဝမ်သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲ ဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကို အမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာ မူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့ DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့ မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။ လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ...... ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ban Drugs ( 2023 )

Trumbo (2015) 7.4
Trumbo (2015)  ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie

Trumbo (2015)

First Reformed (2017) 7.1
First Reformed (2017)  ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie

First Reformed (2017)

Six Weeks (2022) 7.3
Six Weeks (2022) Six Weeks (2022)~ IMDb rating - 7.3/10 ~ဒီကား​​လေးက​တော့ စထွက်လာတည်းက ရုပ်ရှင်ဆု​ပေးပွဲ​တွေမှာ Nomination ​တွေဝင်၊ ဆု​တွေရခဲ့တဲ့ ဟန်​ဂေရီ ဒရာမာကားကောင်း​လေး တစ်ကားပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~စိတ်ကျန်းမာ​ရေးမ​ကောင်းတဲ့အ​မေရယ် ညီမတစ်​ယောက်ရယ်နဲ့ ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်း​နေရင်း တဖက်မှာလည်း ဥ​ရောပဖလားမှာ အနိုင်ရ အိုလံပစ်ကို ဝင်ပြိုင်မယ်ဆိုတဲ့ အ​တွေးနဲ့ကြိုးစားရင်း ရည်းစားဖြစ်သူ ခရစ်စီယန်နဲ့ မ​တော်တဆ ကိုယ်ဝန်ရသွားတဲ့ ဆိုဖီယာတစ်​ယောက် ရည်းစားကလည်း တာဝန်မယူ​ခေါင်း​​ရှောင်​နေတာ​ကြောင့် က​လေးလိုချင်​နေတဲ့ အမ်မာနဲ့ဂါဘာတို့ဆီ က​လေးကို ​​ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟန်​ဂေရီနိုင်ငံရဲ့ ဥပ​​ဒေအရ ​မွေးစားခွင့်ဟာလည်း က​လေး​မွေးပြီး ​ခြောက်ပတ်အကြာမှသာ တရားဝင်ဖြစ်တာ​ကြောင့် အဲဒီ​ခြောက်ပတ်အတွင်း အ​မေရင်းဖြစ်သူ ဆိုဖီယာတစ်​ယောက် ဘယ်လို ခံစားချက်​တွေ ရင်ဆိုင်မှု​တွေ ​တွေ့ကြုံရလဲဆိုတာ ရိုက်ကူးပြသထားတဲ့ ဒရာမာကား​ကောင်းတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 725MB Quality - ...
movie

Six Weeks (2022)

2022
The Four Feathers (2002) 6.5
The Four Feathers (2002) The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie

The Four Feathers (2002)

Tagaru Palya (2023) 8.7
Tagaru Palya (2023) Tagaru Palya (2023) "ချိုကုတ်မွှေတဲ့ ရိုးရာပွဲ"IMDb-8.9/10 ပရမ်ကူးမားလို့ နာမည်ကျော်တဲ့ ကန်နေဒါမင်းသားကြီး ပရမ်ရဲ့ သမီးချောလေး အမ်ရူသာပရမ်ရဲ့ ပွဲဦးထွက် ကန်နေဒါစကားပြော အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ကျေးလက်သဘာ၀နဲ့ ရိုးရာဓလေ့တွေအပြင် အချစ် ဟာသရောနှောထားပြီး ဆိတ်ကလေးတကောင်ပါ အဓိကပါဝင်ထားတာမို့ အပျင်းပြေစရာ ရုပ်ရှင်တစ်ကားဖြစ်စေမှာပါ။ သမီးဖြစ်သူကို ဆင်စီးမြင်းရံတာမြင်ချင်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကောင်းကောင်းမွန်မွန် အိမ်ထောင်မှုတစ်ခုပြုနိုင်ရင် ရိုးရာပွဲကျင်းပဖို့ရည်မှန်းထားပါတယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့ ရိုးရာဓလေ့အတိုင်း တောထဲက ဘုရားကျောင်းမှာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ပြီး ရိုးရာပွဲကျင်းပဖို့စီစဉ်ပါတော့တယ်။ သားမက်လောင်းက မြို့ပေါ်က အင်ဂျင်နီယာဆိုတော့ တစ်ရွာလုံးကိုကြွားလုံးထုတ်ပြီး ရိုးရာပွဲကိုဖိတ်ခဲ့ပါရော။အသားနဲ့အရက်ပါမှာဆိုတော့ တစ်ရွာလုံးက ကာလသားကြီးငယ် မိန်းမပျိုအိုမကျန်လိုက်ကြတာပေါ့။ အဲဒီမှာပဲ အဖေ့စကားနားထောင်ပြီး လက်ထပ်ပါမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားပေါ်လာတဲ့အချိန်...။ ယဇ်ပူဇော်ဖို့ရာ သယ်လာခဲ့တဲ့ ချိုကုတ်နဲ့ဆိတ်ကလေးက အငြိမ်မနေပဲမွှေတဲ့အခါမှာတော့...။ အဖေဖြစ်သူတစ်ယောက် ဘယ်လိုတွေစီမံပြီး ဘယ်လိုဒုက္ခတွေ တွေ့မလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

Tagaru Palya (2023)

2023
Falimy (2023) 7.0
Falimy (2023) Falimy (2023) "မိစားသု" IMDb 7.1/10မလေယာလမ်း မိသားစုရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဆိုတဲ့ မိသားစု မမည်ပဲ "Family"ကို "Falimy"လို့ဘာကြောင့်နာမည်ပေးထားရတာလဲဆိုတာ ကြည့်ပြီးတဲ့အချိန်မှာတော့ သဘောပေါက်သွားကြပါလိမ့်မယ်။အိမ်မှာနေရတာပျင်းလို့ ကာရှီခရီးစဉ်ကိုတစ်ယောက်တည်းထွက်သွားချင်တဲ့အဘိုးအိုတစ်ယောက် .. သုံးခါတိတိ ထွက်ပြေးဖို့လုပ်လည်း အိမ်ကသားတော်မောင်တွေ မြေးတော်မောင်တွေက ဘူတာမှာလိုက်လိုက်ဖမ်းပြီးလို့ အိမ်ပြန်ပြန်လာရသူပေါ့သူ့ရဲ့သားအကြီးကောင်ကတော့၁၅ကြိမ်လောက်အိမ်ထောင်ဘက်တွေလည်း တစ်ခါမှအဆင်မပြေခဲ့သူ ဒီလိုနဲ့နောက်ဆုံးသူ့ဘဝထဲကျောင်းဆရာမလေးတစ်ယောက်ဝင်လာခဲ့ပါတယ် ရေငတ်တုန်းရေတွင်းထဲကျ မုတ်ဆိတ်ပျားစွဲသလို လူပျိုကြီးရဲ့ကမ္ဘာက ပျားရည်ဆမ်းထားတဲ့ နှင်းဆီပန်းခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလို အရာရာအဆင်ပြေနေရာကနေ စေ့စပ်ပွဲပျက်သွားတဲ့အခါမှာတော့ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုဖြစ်ရာကနေ အဘိုးသွားချင်တဲ့ကာရှီကိုလိုက်ပို့မယ်ဆိုပြီးတော့ မိသားစုလိုက်ထွက်လာရာကနေ အလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုဒုက္ခတွေကျော်ဖြတ်ရမယ်ဆိုတာကတော့...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.39GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Falimy (2023)

2023
A Christmas Carol(2009) 6.8
A Christmas Carol(2009) A Christmas Carol(2009) IMDb....6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် ..  အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့   Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်းForrest Gump  ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်......ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ်...Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်......Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်... ...သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး  အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်...ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ....ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ...ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..ခလေးတွေအတွက်တော့  ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ...ကိုင်းခံစားကြည့်လိုက်ပါဦးနော်...File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather ...
movie

A Christmas Carol(2009)

2009
The Hunger Games: The Ballad of Songbirds & Snakes (2023) 7.2
The Hunger Games: The Ballad of Songbirds & Snakes (2023)  နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ "တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း" တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games ...
movie

The Hunger Games: The Ballad of Songbirds & Snakes (2023)

4K HEVC
The Queen of Black Magic (2019) 6.5
The Queen of Black Magic (2019)  ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton ...
movie

The Queen of Black Magic (2019)

Rescuing Christmas (2023) 6.4
Rescuing Christmas (2023) Rescuing Christmas (2023) ==================== IMDb Rating - 6.4/10ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန် အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက် မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ် နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ် ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန် နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။ အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေး‌တွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ ခရစ္စမတ်ပြန်လာအောင် ...
movie

Rescuing Christmas (2023)

2023
Bunny Drop (2011) 7.2
Bunny Drop (2011) Bunny Drop (2011)~ IMDb – 7.2/10, RT - 68%, MyDramaList – 8.2/10 ~ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။ အဲဒီကလေးက ကိုယ့်ကလေးမဟုတ်ဘဲ တစ်ခြားသူရဲ့ကလေးဖြစ်နေတဲ့အပြင် ပြောစကားနားမထောင်တဲ့ကလေးဖြစ်နေပြန်ရင်လည်း ပြုစုစောင့်ရှောက်ရပိုခက်မှာမလား။ဒိုင်းကီချိ (Daikichi) တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်း (Rin) လို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ ဒိုင်းကီချိရဲ့မိဘကအစ သူ့ဆွေမျိုးတွေက ရင်းကို သူတို့မိသားစုမျိုးရိုးရဲ့ အရှက်ရစရာတစ်ခုလို့ သတ်မှတ်ကြပြီး ဘယ်သူမှခေါ်ထားပြီး မစောင့်ရှောက်ချင်ကြဘူး။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ...
movie

Bunny Drop (2011)

2011
[18+] Ganti-Ganti (2023) 6.1
[18+] Ganti-Ganti (2023) Ganti-Ganti (2023)ပရိသတ်အချစ်တော်လေး Angeli Khang နဲ့ Summer, Lovely Ladies Dormitory တို့နဲ့နာမည်ကျော်လာတဲ့တက်သစ်စလေး Yen Renee Durano တို့ မတွဲစဖူးအတွဲထူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဗစ်ကီက နှိပ်စက်တတ်တဲ့ လိင်စိတ်တအားထန်ပြီး သွေဖည်ဖောက်ပြန်တတ်တဲ့ ခင်ပွန်းကြောင့် စိတ်ညစ်နေရပြီး အဲဒီလူသေမှပဲ သူ့လက်ကလွတ်မြောက်မှာဖြစ်တဲ့အတွက် ထွက်ပေါက်ကိုရှာနေတဲ့သူပါ။ တစ်နေ့တော့ သူ့ဘဝထဲကိုဝင်ရောက်လာတဲ့ တက်ဒီဆိုတဲ့ အချဉ်ကောင်လေးတစ်ယောက်ကို ဖမ်းစားပြီး သူ့ခင်ပွန်းကိုလုပ်ကြံခိုင်းပါတယ်။ဒါပေမဲ့ သူမသိခဲ့တာက တက်ဒီအပါအဝင် သူကြိတ်ပေါင်းထားတဲ့လူမှန်သမျှဟာလည်း ကလဲ့စားချေဖို့အကြံအစည်နဲ့ သူတို့ဘဝထဲကိုဝင်ရောက်နေတာဖြစ်ပြီး သူတို့တွေကြားမှာရော ဘယ်လိုဇာတ်လမ်းဟောင်းတွေရှိမလဲ... သူ့ကလဲ့စားအောင်မြင်နိုင်ပါ့မလား... အစရှိတာတွေကို ဆက်လက်ရှုစားကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 830MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 33Min Genre - Drama Subtitle ...
movie

[18+] Ganti-Ganti (2023)

2023
Always – Sunset on Third Street (2005) 7.7
Always – Sunset on Third Street (2005) Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie

Always – Sunset on Third Street (2005)

2005
Inside the Yellow Cocoon Shell (2023) 6.7
Inside the Yellow Cocoon Shell (2023)  ဒီဇာတ်ကားက ဗီယက်နမ်​စကား​ပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်​နမ်​ဒါရိုက်တာ​ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်​ဝိညာဉ်​ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်​တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်​ရှင်​ပွဲတော်မှာ Camera d'or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)​မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီး​ဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên​ ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်​သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံ​တွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်​နေရတဲ့ Thiên​ ရဲ့ အဇ္ဈတ္တ​လွန်​ဆွဲမှုနဲ့အတူ ကွယ်​လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên​ ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်း​ရပုံတို့ကို ရိုး​ရှင်း​စွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်​ကိုတူးဆွခြင်း ယုံကြည်​မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်း​ပုံဖော်ထားပါတယ်။ဇာတ်လမ်း​က ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်​ဝေဖန်​သူတွေ ချီးမွမ်း​ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင်​ တခြား​သောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Drama/Narrative ဖြစ်ပါတယ်။ ...
movie

Inside the Yellow Cocoon Shell (2023)

The Boxer (1997) 7.0
The Boxer (1997)  ဒီကားလေးကတော့ ratingလဲကောင်း critics‌တွေလဲအကြိုက်တွေ့ခဲ့တဲ့ Dramaကားကောင်းလေးပါ။ ပါဝင်ထားတာကလဲ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Day-Lewis နဲ့ Emily Watsonတို့ဖြစ်တဲ့အတွက် ကားကောင်းတစ်ကားဆိုတာသိနိုင်ပါတယ်။နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ထောင်ထဲမှာ၁၄နှစ်‌နေခဲ့ရပြီး ပြန်ထွက်လာခဲ့တဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ သူ့ရဲ့အရင်အိပ်မက်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေပဲကျင်းပပြီး နေချင်တဲ့သူပါ။ သူအရမ်းချစ်ရတဲ့ ချစ်သူဟောင်းဖြစ်တဲ့ မက်ဂီကိုလဲ ပိုင်ဆိုင်ဖို့ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့လည်း အတိတ်က ဖြစ်ရပ်တွေရဲ့ ရန်သူဟောင်းတွေက ရန်ငြိုးတွေမပြတ်နိုင်ဘဲ ဒုက္ခ‌တွေပေးဖို့ကြိုးစားလာခဲ့အခါမှာတော့... ထိုဒုက္ခတွေကြားမှာ သူနဲ့ မက်ဂီနဲ့ ဘယ်လိုရုန်းကုန်ရမလဲဆိုတာကို လှလှပပရိုက်ကူးကားတဲ့ Dramaကားကောင်းလေးပါ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

The Boxer (1997)

Under the Light ( 2023 ) 6
Under the Light ( 2023 ) ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်‌ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီ‌ဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Under the Light ( 2023 )