Channel Myanmar

Drama

Rohan at the Louvre (2023) 6.7
Rohan at the Louvre (2023) Rohan at the Louvre (2023)ဒီဇာတ်ကားလေးကတော့ ပန်းချီအနုပညာကို နောက်ခံထားပြီး Mystery ဆန်ဆန် ရိုက်ထားတဲ့ ဂျပန်ဇာတ်ကားပဲဖြစ်ပါတယ်။ Rohan ဟာ ဂျပန်မှာသာမက နိုင်ငံရပ်ခြားမှာပါ နာမည်ကျော်ကြားတဲ့ မန်ဂါရုပ်ပြရေးဆဲွသူတစ်ယောက်ပါ။ သူဟာ အရောင်တွေကို လေ့လာလိုက်စားတဲ့နေရာမှာ အားသန်ပြီး သူ့ဆီမှာ သဘာ၀လွန်စွမ်းအားတစ်ခုလဲ ရှိပါတယ်။ တရက်မှာ သူ လေ့လာနေတဲ့ အရောင်ကို ဆဲွထားတဲ့ ပန်းချီတစ်ချပ်ကို လေလံပဲွမှာ လေလံဆဲွရာကနေမှ ဒီပန်းချီကားကို တခြားလိုချင်သူတွေလဲရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီပန်းချီကားကို ရေးဆဲွသူနောက်ကို ခြေရာခံရာကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် လုဗ်ပြတိုက်ဆီကို ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ ရိုဟန်တစ်ယောက် သူရှာဖွေနေတဲ့ ပန်းချီကားကိုတွေ့သွားမလား? Adventure, Fantasy, Mystery genre ကြိုက်နှစ်သက်သူတွေအဖို့ ရုပ်ပြကာတွန်းကနေ Live Action အနေနဲ့ ပြန်လည်ရိုက်ထားတဲ့ ဒီဇာတ်ကားက အာသာပြေစေမှာပါ။Genre..... Adventure,Drama , Mystery Quality…. 1080p | 720p File size… 1.6GB | 640MB Format… mp4 Duration…. 1h ...
movie

Rohan at the Louvre (2023)

2023
What If (2023)
What If (2023) What If (2023)ဇာတ်လမ်းဟာ drama-romance ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ Manny Paloက ရိုက်ကူးထားတာပါ။ Alessandra de Rossi နှင့် JM de Guzman တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းက ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံကိုအခြေတည်ရိုက်ကူးထားတာပါ။သူတို့ဟာအိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ ခက်ခဲတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရတယ်။ နှစ်ဦးစလုံးက မတူညီသောဘဝတွေ အလိုဆန္ဒနှင့်လိုအပ်ချက်တွေ၊ မိသားစုဝင်ရောက်စွက်ဖက်မှု၊ အသက်မွေးဝမ်းကျောင်း၊ မနာလိုမှု‌တွေလို လက်တွေ့အိမ်ထောင်ရေးပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာပါ။သူတို့ အဆင်ပြေသွားမှာလား၊ ကွဲသွားမှာလား ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.7GB | 536MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

What If (2023)

2023
Face Off 6: The Ticket Of Destiny (2023) 6.5
Face Off 6: The Ticket Of Destiny (2023) Face off 6 : The Ticket of Destiny (2023)Vietnam Anthology seriesထဲမှာ တော်တော်လေးလူကြိုက်များတဲ့ Face off seriesရဲ့ ၆ ကားမြောက်ဖြစ်တဲ့ Ticket of destiny လေး ထွက်ရှိလာပါပြီ။ Face off 1ကစလို့ မမျှော်လင့်ပဲနဲ့ ရုတ်တရက်ပြဿနာတွေရင်ဆိုင်ရတဲ့အစဉ်အလာမပျက် Face off 6 မှာရော ဘာတွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ငွေဆိုတာ ကံကောင်းခြင်းဆိုလည်းဟုတ် ကံဆိုးခြင်းဆိုလည်းဟုတ်တဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပါ။ ဘယ်လောက်ပဲ ငွေဟာအရေးမကြီးပါဘူးပြောနေပါစေ အချိန်တန်ရင် Second Godလို့တင်စားရတဲ့ငွေရဲ့ခြေရင်းမှာ ကျွန်တော်တို့တော်တော်များများ ကျရှုံးရတာချည်းပါပဲ။ ဒီကားလေးထဲမှာလည်း မမျှော်လင့်ဘဲရောက်လာတဲ့ ငွေထုပ်တစ်ထုပ်ကြောင့် ပြောင်းလဲသွားတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ကံကြမ္မာကို ရှုစားရမှာဖြစ်ပါတယ်။သမီးလေးကလည်းချူချာ ကိုယ်ပိုင်လုပ်ငန်းကလည်း အခြေအနေမဟန်လှတဲ့ဖွန်တစ်ယောက် သူငယ်ချင်း ၆ ယောက်ရဲ့မွေးနေ့တွေကိုစုပြီးတော့ ထီထိုးလိုက်ပါတယ်။ ဒီထီလက်မှတ်သာ ဆုကြီးတစ်ဆုပေါက်ခဲ့ရင် အားလုံးအညီအမျှခွဲယူပြီး အားလုံးတူတူ ဘဝကိုပြောင်းလဲပစ်လို့ ဆင်းရဲတွင်းကနေအလွတ်ရုန်းမယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။ ဒီထီလက်မှတ်ကိုတော့ ...
movie

Face Off 6: The Ticket Of Destiny (2023)

2023
Hello Ghost (2023) 6.5
Hello Ghost (2023) Hello Ghos (2023)လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။ အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့် ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။ လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။ နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ... မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ ကရက်စနာက သရဲတွေကို ‌မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။ အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ သူတို့က‌ရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Hello Ghost (2023)

2023
Lay the Favorite (2012) 4.8
Lay the Favorite (2012) Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie

Lay the Favorite (2012)

2012
City Island (2009)
City Island (2009) City Island (2009) ============= IMDb Rating - 7.4/10ဇာတ်လမ်းလေးကတော့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပေါ့။ ‌မျက်နှာချင်း တိုင်းခဏတဖြုတ်ပဲ လေပေးဖြောင့်တဲ့ ရစ်ဇိုတို့လင်မယားမှာ သားသမီးနှစ် ယောက်ရှိတယ်။ ယောက်ျားဖြစ်သူ ဗင့်စ်ဟာ အကျဉ်းဦးစီးအရာရှိတစ်ဦး ဖြစ်ပြီး မိန်းမဖြစ်သူ ဂျွိုင်ဆီကို ကြောက်နေရတယ်။ မိန်းမမသိအောင် ဆေး လိပ်တောင်ခိုးသောက်ရတဲ့ဘဝ။ ဂျွိုင်ဆီကလည်း ကြမ်းကြမ်းတမ်းတမ်း။သူတို့သမီးလေး ဗီဗီယန်ကို ကောလိပ်ကျောင်းတက်နေတယ်လို့သိထားပေ မယ့် တကယ်တမ်းက အဖော်အချွတ်မယ်လုပ်ပြီးမိဘတွေမသိအောင်ပိုက်ဆံ ရှာနေသူပါ။သားဖြစ်သူ လူပျိုပေါက်အရွယ် ဗင်နီဟာ ကိုယ့်ကိုယ်ကို ကျောင်း ထက်ပိုတော်တယ်လို့ထင်ပြီး အမြဲကျောင်းပြေးနေသူ။ ဒီလိုနဲ့ ဗင့်စ်နဲ့ အမျိုး သမီးတစ်ယောက်နဲ့ တစ်ချိန်တစ်ခါက လက်သွန်ကြက်သွန်ဖြစ်ပြီးမွေးလာတဲ့ သားတစ်ယောက်က ဒီလိုအကြောင်းပြချက်ကိုယ်စီရှိတဲ့ မိသားစုထဲကို ရောက် လာတဲ့အခါမှာတော့..........(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2 GB) / (851 MB) Quality............WEB-DL 1080p / 720p Duration........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Tin Myo Lwin Encoder..........SWM
movie

City Island (2009)

2009
The Stand Up (2022) 5.0
The Stand Up (2022) The Stand Up (2022) ================2022 က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယား comedy, crime, drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဗီက သူ့အဖေနဲ့အတူ ဝါရီမြို့မှာ လုံခြုံရေးအ စောင့်အနေနဲ့ အလုပ်လုပ်ပါတယ်။ တစ်နေ့မှာ အဖေက ပစ်သတ်ခံလိုက်ရပြီး မြေမြှုပ်တဲ့နေ့မှာပဲ ဒီဝါဆိုတဲ့လူကြီးက အိုဗီ့အဖေက သူ့ဆီမှာ နိုင်ရာနှစ်သန်း အကြွေးတင်နေတယ်လို့ စာချုပ်နဲ့တကွ ပြလာတယ်။ ဘယ်တုန်းက ချေးထား မှန်းလဲ မသိရ၊ ဘယ်မှာသုံးထားမှန်းလဲ မသိရတဲ့ အိုဗီက မပေးနိုင်ဘူးငြင်းတဲ့ အခါမှာ ဒီဝါက အိုဗီ့ညီမလေးကို ဖမ်းခေါ်ထားလိုက်ပါတယ်။ဒါနဲ့ပဲ အိုဗီက လူတွေပြောပြောနေကြတဲ့ လီဂိုစ်မြို့ကိုသွားပြီး ပိုက်ဆံရှာဖို့လုပ် ပါတော့တယ်။ ဘာရည်မှန်းချက် ပန်းတိုင်မှမရှိတဲ့ ကောင်လေးက ညီမကို ကယ် ဖို့လုပ်ရာကနေ သူကျွမ်းကျင်တဲ့အလုပ်ကို တွေ့သွားပြီး အောင်မြင်အောင်ကြိုး စားတဲ့ ခရီးစဉ်ကို ရိုက်ကူးထားတာပါ။ Stand-up comedian တွေရဲ့ ဟာသတွေ ပြက်လုံးတွေ အိုဗီ့ခရီးလမ်းတစ်လျှောက် တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ လူတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေကို ဝေဝေဆာဆာထည့်သွင်းထားတဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ...
movie

The Stand Up (2022)

2022
Anoksia (2023) 6.7
Anoksia (2023) Anoksia (2023)ပန်းနာရင်ကြပ်ရောဂါအခံရှိတဲ့ ဆရာရေးဆရာမ အာဂျန်းဟာ ကလောင်ပညာရှင်ပီပီ တိတ်ဆိတ်ငြိမ်းအေးရာ အရပ်မှာသာ နေထိုင်ရင်း ဝတ္ထုတွေကို ရေးသားလိုသူတစ်ယောက်ပါ...ဒါကြောင့်လည်း မြို့နဲ့ အလှမ်းဝေးပြီး ခေါင်လွန်းတဲ့အရပ်မှာ အိမ်တစ်လုံး ဝယ်ယူနေထိုင်ခဲ့ပါတယ်... သူ မသိတာကတော့ ဒီအိမ်ကြောင့် သူတို့ လင်မယား ဒုက္ခရောက်ကြရလိမ့်မယ်ဆိုတာပါပဲ... မိုးသည်းတဲ့ တစ်ညနေမှာ ကက်ကရာဟာ အိမ်ကို အသည်းအသန်ပြန်ပြေးလာရပါတော့တယ်... ဇနီးသည်ကလည်း ‌ရင်ကြပ်ရောဂါဖောက်... ဆေးဝယ်ဖို့ရာကလည်း ဝေးလွန်းတာမို့ ဆေးခန်းကိုသာ တစ်ခါတည်းထွက်ဖို့ ရွေးချယ်လိုက်ပါတော့တယ်... ဒီလိုနဲ့ လာရင်းလမ်းမှာပဲ မြေစာပုံက သူတို့ကားပေါ် ပြိုကျလာပါတော့တယ်... ရင်ကြပ်ရောဂါသည်တွေအတွက် အခုလို အရေးပေါ်အခြေအနေတွေ၊ မွန်းကြပ်ပိတ်လှောင်နေတဲ့ အခြေအနေမျိုးတွေဟာ ရောဂါကို ပိုဆိုးစေတတ်တာမို့ အာဂျန်းတစ်ယောက် ဒီအခြေအနေဆိုးကို အသက်ရှင်လျက် ကျော်လွှားနိုင်လိမ့်မလား... ပိတ်မိသွားကာမှ ဘယ်လိုအကျပ်အတည်း ဘယ်လို စိတ်ရှုပ်စရာတွေနဲ့ ရင်ဆိုင်ကြရမလဲ... သူတို့လင်မယားနှစ်ယောက် ‌လွှတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | ...
movie

Anoksia (2023)

2022
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
An Education (2009) 7.3
An Education (2009)   မင်းသမီးချောလေး Carey Mulligan က ဂျန်နီ အဖြစ်နဲ့ မင်းသားကြီး Peter Sarsgaard က ဒေးဗစ် အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ 2009 ခုနှစ်မှာထွက်ရှိခဲ့ပြီး rating လည်းအသင့်အတင့်ရရှိထားတဲ့ Drama/Romanceအမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ကျောင်းမှာစာလည်းတော် ဂီတမှလည်း ပါရမီပါတဲ့ မြီးကောင်ပေါက်မလေး ဂျန်နီ တစ်ယောက် ကျောင်းတော်ကြီးမှာ အလိမ်မာလေးပေါ့ တစ်နေ့တော့ ဒေးဗစ်ဆိုတဲ့ ရုပ်ရှိရေလျှံဘဲကြီးတစ်ပွေနဲ့တွေ့ပြီး ဘဲကြီးကလည်း ရှယ်အမ်းတော့ ဒီကောင်မလေးကြွေပြီပေါ့နော်......မနူးမနှပ်လေး ဂျန်နီ ရဲ့ပထမဆုံး အချစ်ခရီးလမ်းအတွေ့အကြုံလေးဟာ တစ်နေ့မှာတော့ မျှော်လင့်မထားတဲ့ ကံဆိုးမှုတွေနဲ့တွေ့ကြုံလာချိန်မှာတော့.......ပညာပေးကားလေးတစ်ကားလိုလည်းဖြစ် ဘဝမှာပညာရှာချိန်ပညာရှာ ကြင်ယာရှာချိန်ကြင်ယာရှာဆိုတဲ့ စကားတွေဟာ အလကားမဟုတ်ဘူးဆိုတာကို မြင်သာအောင်ရိုက်ပေးထားတဲ့ Drama/Romance ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.85 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo 
movie

An Education (2009)

As Long As We Both Shall Live (2023) 6.8
As Long As We Both Shall Live (2023)  Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုကမွေးဖွားလာခဲ့တဲ့ Miyo Saimori...မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီးစွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲမိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ...
movie

As Long As We Both Shall Live (2023)

2023
The River Why (2010)
The River Why (2010) The River Why (2010) =================The River Why ဟာ ၁၉၈၃ ခုနှစ်ထွက် David James Duncan ရဲ့လက်ရာ The River Why ဝတ္ထုကိုအသက်သွင်းထားတဲ့ independent ဇာတ်ကားတစ် ကားဖြစ်ပါတယ်။ Plot အနေနဲ့များများစားစားမရှိလှပဲ ငါးမျှားဝါသနာရှင်ကျွမ်း ကျင်သူ မိဘနှစ်ပါးကမွေးဖွားလာတဲ့ လူငယ်လေးတစ်ယောက်၊ အရွယ်ရောက် စပြုလာတဲ့အချိန်မှာ မိဘတွေနဲ့အစေးမကပ်တော့ပဲတောထဲမှာတစ်ယောက်တည်း သွားနေ၊ ဝါသနာအလျောက်ငါးတွေမျှားရင်း မိမိကိုယ်ကိုပြန်လည်ရှာဖွေပုံ အချစ် ကို ရှာတွေ့ပုံတွေကို အမိုက်စား Cinematography တွေ နောက်ခံတေးဂီတတွေနဲ့ ရှုမြင်ရမှာဖြစ်ပါတယ်။Independent ဇာတ်ကားဖြစ်တဲ့အတွက် mainstream ဇာတ်ကားတွေနဲ့တော့ တင်ဆက်ပုံ ချဉ်းကပ်ပုံတွေကွဲထွက်နေပါလိမ့်မယ်။ ရုပ်ရှင်ပွဲတော်တွေမှာ Cinematography ဆု နဲ့ ပရိသတ်ရွေးချယ်တဲ့အကောင်းဆုံးဇာတ်ကားဆုတွေရထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ ပရိသတ်နဲ့မစိမ်းနဲ့ Zach Gilford (The Purge: Anarchy) နဲ့ ပြဿနာပေါင်းစုံကြောင့်ပရိသတ်ရှေ့ကအချိန်ကြာကြာကွယ်ပျောက်နေ ခဲ့ပေမယ့် မကြာခင်ပြန်တွေ့ရတော့မယ့် ငြင်းမရတဲ့အလှရှင် မမ Amber Heard တို့ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (757 ...
movie

The River Why (2010)

2010
Villain (2020) 5.9
Villain (2020) Villain (2020) =========== IMDb Rating - 5.9/10အက်ဒီဖရန့်ခ်ဟာ ဆယ်နှစ်ကျော်ထောင်ဒဏ်ကျခံပြီးလွတ်မြောက်ကာစ ဖြစ်ပါတယ်။ သူဖွင့်ထားခဲ့တဲ့အရက်ဆိုင်ကို သူ့ညီက ဦးစီးနေပြီး ဆိုင်အခြေ အနေကိုကြည့်ရတာ အားရစရာမရှိလှပါဘူး။ အက်ဒီဟာ တစ်ချိန်က ဆိုးခဲ့ မိုက်ခဲ့တဲ့အတွက် သူ့သမီးက သူ့ကိုအဆက်အဆံမလုပ်သလို အတူနေ သူ့ညီ နဲ့လည်း အစေးမကပ်ပါဘူး။ ဒါပေမယ့်လည်း ထောင်ထဲမှာ အကျွတ်တရားရ ခဲ့ပုံရခဲ့တဲ့အတွက် ဘဝကိုပြန်လည်ကောင်းမွန်အောင်တည်ဆောက်ဖို့ကြိုးစား ရင်း သူ့ဆိုင်ကိုလည်း အကောင်းဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေသခံဂန်းစတားခေါင်းဆောင်တွေဖြစ်တဲ့ ရွိုင်းနဲ့ ဂျွန်ဆိုတဲ့ လူဆိုးနှစ်ယောက် သူနဲ့လာတွေ့ပြီး သူထောင်ကျနေချိန် သူ့ညီရှုပ်ခဲ့တဲ့ဇယားတွေ ကြောင့်သူတို့ဆီကို ငွေပမာဏအများကြီးအကြွေးတင်နေတာကိုသိရတဲ့အချိန်မှာ ဒီပြဿနာတွေကို အက်ဒီခေါင်းခံဖြေရှင်းဖို့ဖြစ်လာပါတယ်။ အဲ့ဒီလိုဖြေရှင်းဖို့အ တွက်တော့ သူစွန့်လွှတ်ခဲ့ပြီးသား ဒုစရိုက်လမ်းကိုပြန်ရွေးဖို့တစ်နည်းသာရှိပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.31 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator......Alias Encoder..........SWM
movie

Villain (2020)

2020
[18+] Ikaw Lang Ang Mahal (2022) 6
[18+] Ikaw Lang Ang Mahal (2022) Ikaw Lang Ang Mahal (2022)မှတ်တမ်းရုပ်ရှင် ရိုက်တဲ့ ဒါရိုက်တာပေါက်စတစ်ယောက်... အနားယူသွားတဲ့ နာမည်ကြီး ဒါရိုက်တာကြီး သုံးယောက်ကို အင်တာဗျူးဖို့ နယ်မြို့လေးတစ်မြို့ကိုရောက်လာတယ်။ တည်းခိုခန်းကို ရောက်တဲ့ညမှာပဲ အဲဒီကိုအရင်ရောက်နှင့်နေတဲ့ ဒါရိုက်တာ ပေါက်စမလေးတစ်ယောက်နဲ့ ဘုတယ်။နောက်နေ့ အင်တာဗျူးသွားရင်း အဲဒီဒါရိုက်တာရဲ့ တူမနဲ့ စာရေးဆရာမနဲ့ တွေ့တယ်။ ကြိုက်သွားတယ်။ နောက်နေ့ပါတီလုပ်ပြီး ပစ္စည်းသိမ်းရင်း ဘုတယ်။ဒါရိုက်တာမကြီး ပန်းချီဆရာမကို သွားအင်တာဗျူးရင်း ဘုတယ်။ဇာတ်လမ်းကတော့ အဲဒီလိုပဲ။ အတော်လေးကို အားပါးတရရှိလွန်းလှပါတယ်။ ဖိလစ်ပိုင်သူလေးတွေရဲ့ အလှအပကို စပယ်ရှယ်ခံစားရင်း ကြည့်လိုက်ကြပါတော့။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 830MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 50Min Genre - Drama Subtitle - ...
movie

[18+] Ikaw Lang Ang Mahal (2022)

2022
(18+) Kama Sutra: A Tale of Love (1996) 6.0
(18+) Kama Sutra: A Tale of Love (1996) သောက်စားပျော်ပါးပြီး တိုင်းရေးပြည်ရေးကို ဂရုမထားတဲ့ ဘုရင်တပါးရယ် ကာမစူတြာ လို့ခေါ်တဲ့ ကျမ်းကြီးတစ်ကျမ်းရယ်....ကာမစူတြာဆိုတဲ့ နာမည်ကျော် ကျမ်းကြီးတစ်အုပ် အဲဒီကျမ်းကြီးက အချစ်နဲ့ပက်သက်လာရင် လူတယောက်ရဲ့သဘောမနော ချစ်နည်းချစ်ဟန် စသည့် ပညာတွေပေးတဲ့စာအုပ်ဖြစ်ပါတယ်တာရာ ကတော့ မဟာသွေးမဟာနွယ်တစ်ယောက်ဖြစ်ပြီး ကာမစူတြာကျမ်းကြီးကိုသင်ခွင့်ရသူဖြစ်ပါတယ် သူ့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ အစေခံမလေးတစ်ယောင်ရှိပါတယ် သူ့နာမည်က မာယာမာယာက ကာမစူတြာကို သင်ချင်ပေမဲ့သင်ခွင့်မရပါဘူးတနေ့ အဆိုပါဘုရင်နဲ့ တာရာ လက်ထပ်ဖို့အကြောင်းရှိလာပါတယ် ငယ်ငယ်ကတည်းက အပြိုင်ဆိုင်အားကြီးတဲ့ တာရာနဲ့ မာယာ နှစ်ယောက်လုံးက ညှို့အားကောင်းပြီး တခမ်းတနားတွေနဲ့ DS fans တွေ အကြိုက်သေချာတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.1GB / 942MB Quality…1080p BluRay /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) Kama Sutra: A Tale of Love (1996)

1996
Chloe and Theo (2015) 5.8
Chloe and Theo (2015) Chloe and Theo (2015) ================ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းကရေခဲတောင်တွေအရည်ပျော်ကျ လာမှုနဲ့အတူ အဲ့ဒီဘက်ပိုင်းမှာနေထိုင်တဲ့ အက်စကီးမိုးတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်စပြုလာတဲ့နောက် သူတို့ဆီက အကြီးအကဲတွေဟာ သူတို့ထဲကမှ လူရည်လည်၊အင်္ဂလိပ်စကားတတ်တဲ့ သီယိုကို ရွေးချယ်ပြီး သူတို့ပြောချင်တဲ့ သတင်းစကားပါးဖို့အတွက် နယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။မြို့တော်ကြီးမှာ သီယိုတစ်ယောက်တည်းယောင်ချာချာဖြစ်နေတုန်း ကလိုဝီ ဆိုတဲ့ အိမ်ခြေယာမဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကလိုဝီရဲ့ အတူနေမိတ်ဆွေတွေရဲ့ ကူညီမှု အားပေးမှုတွေနဲ့ ဝင်ရိုးစွန်းက အမှာစကားကို ကမ္ဘာကုလသမဂ္ဂနဲ့တကွ လူအများဆီကိုသတင်းပါးဖို့ အားထုတ်ကြပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။ကလိုဝီအဖြစ် Dakota Johnson နဲ့ သီယိုအဖြစ်ပါဝင်ထားသူကတော့ ပြင်ပ မှာလည်း ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး လူတွေ awareness ရအောင် လုပ်ဆောင်နေတဲ့ Theo Ikummaq ကိုယ်တိုင်ပါပဲ။ ဒီရုပ်ရှင်ဟာလည်း သူ့ကြိုး စားမှုတွေ အားထုတ်မှုတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1 GB) / (413 MB) Quality............BLU-RAY 1080p / 720p Duration........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Alias Encoder..........SWM
movie

Chloe and Theo (2015)

2015
The Lover in the Attic: A True Story (2018) 5.3
The Lover in the Attic: A True Story (2018) The Lover in the Attic: A True Story (2018) " မိသားစုနှင့် အတူကြည့်ရှုရန်မသင့်တော်သောအခန်းများ ပါရှိပါသည် " ဒီကားကတော့ ၁၉၂၀ပြည့်နှစ်များအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီး တကယ့်ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် အခြေခံထားတဲ့ မိသားစုတစ်စုအတွင်းက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုတို့ကို ရင်ဖိုဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းလေးဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb - 5.3/ 10 / Rotten Tomatoes - 60% အသီးသီးရရှိထားပါတယ်။ ညှို့ဓာတ်ပြင်းတဲ့ ‌ဒေါ်လီတစ်ယောက်ဟာ အထည်အလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖရဒ်အော်စရစ်နဲ့လက်ထပ်ထားပါလျက်နဲ့ မိဘမဲ့တစ်ကောင်ကြွက်လည်းဖြစ် တစ်ဖက်မှာဝမ်း‌ရေးအတွက် အပ်ချုပ်စက်ပြင်ပြီး တစ်ဖက်မှာဇာတ်လမ်းတွေရေးရတာကိုသဘောကျတဲ့ အော်တိုဆိုတဲ့ကောင်ငယ်လေးကို ‌မြှူဆွယ်ဖြားယောင်းပြီး ခင်ပွန်းမသိအောင် အိမ်ထပ်ခိုးမှာခေါ်သွင်းပြီး စားနေကျဖြစ်ပါတယ်။ အော်တိုဟာ ဖရဒ်ရှိတဲ့အချိန် အောက်ထပ်မှာဖြစ်ပျက်သမျှ၊ ကြားရသမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ခါးစည်းသည်းခံကာ ထပ်ခိုးကကြွက်တစ်ကောင်လို ပိပိရိရိနေထိုင်ခဲ့တယ်။ဒေါ်လီနဲ့ အော်တိုတို့ရဲ့ အချစ်မီးတောက်ဟာ ဒေါ်လီ ...
movie

The Lover in the Attic: A True Story (2018)

2018
OMG 2 (2023) 8.0
OMG 2 (2023) OMG 2 (Oh MyGod)အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့ ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ် အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ်OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ တင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါအဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ...
movie

OMG 2 (2023)

2023
OMG: Oh My God! (2012) 8.1
OMG: Oh My God! (2012)   OMG (Oh My God) 2012==================(1080p BLURAY Update)ပရက်ရှ်ရာဝါလ်နဲ့ အက်ရှေးကူးမားရ်တို့ ဦးဆောင်ပါဝင်ထားပြီး သောက်ရမ်းပေါက်ခဲ့တဲ့ OMG 1 (2012) လေးကို ပြန်လည်တင်ဆက်ပေးပါရစေခင်ဗျာဘာသာတရားဆိုတာဘာလဲ လူတွေကဘာကိုကိုးကွယ်ယုံကြည်ကြတာလဲ ဘာသာတရားရဲ့ အခြေခံဆိုတာ ယုံကြည်မှုသဒ္ဒါသက်ဝင်ခြင်းလား ကောင်းမှုလုပ်ရင် ဘုရားကိုကိုးကွယ်ရင် ဥစ္စာစီးပွါးပေါများမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဖြားယောင်းနေတာလား ဒါမှမဟုတ် မကောင်းတာလုပ်ရင် ဘုရားကိုစော်ကားရင် ငရဲရောက်မယ်ဆိုပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလား စသဖြင့် မေးခွန်းပေါင်းများစွာကို ဒီဇာတ်ကားက နက်နက်ရှိုင်းရှိုင်းနဲ့ မေးခွန်းထုတ်ပြထားပါတယ်ဒီကားကိုကြည့်ရှုပြီးရင် ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သတ်တဲ့ ရှုထောင့်တွေဟာ တစ်စုံတစ်ခုတော့ အကျိုးသက်ရောက်မှာပါပဲဇာတ်လမ်းလေးကတော့ ဘုရားဆိုတာမယုံ ဘုရားကျောင်း ဘုန်းကြီး ဘာမှမယုံတဲ့ ဘာသာမဲ့ကြီး ခန်းဂျီဘိုင်ဟာ သူမယုံတဲ့ အရှင်ခရစ်သျှန ဟာနုမာန် စသည်ဖြင့် နတ်ဘုရားပေါင်းများစွာရဲ့ ဆင်းတုတော်တွေကို ဆိုင်ဖွင့် တန်ခိုးကြီး ဓာတ်တော်ရှင် ဘိုးတော်စွန့် စသဖြင့် ဂျင်းပေါင်းစုံကျွေး ရောင်းချပြီး စီးပွါးဖြစ်နေသူပါတစ်ရက်မှာတော့ ဘုရားမယုံတဲ့သူဆိုင်က ငလျင်လှုပ်တဲ့အချိန် တည့်တည့်ကြီး ကွက်ပြိုသွားတဲ့အခါ ဘုရားကိုမကျေမနပ်ဖြစ်ပြီး တရားရုံးမှာ ဘုရားကို တရားခံအနေနဲ့ တရားထစွဲပါတော့တယ် ဘုရားကိုယ်စားလှယ်အနေနဲ့ ...
movie

OMG: Oh My God! (2012)

2012
1080p Untouched
Alpha Dog (2006) 6.9
Alpha Dog (2006)   ၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် " Based on true story " ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ ...
movie

Alpha Dog (2006)