Channel Myanmar

Drama

It’s Kind of a Funny Story (2010) 7.1
It’s Kind of a Funny Story (2010)  2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie

It’s Kind of a Funny Story (2010)

In the Electric Mist (2009) 6.1
In the Electric Mist (2009)  Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ်ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ်နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား...... ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ..... File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

In the Electric Mist (2009)

The First Day of My Life (2023) 6.7
The First Day of My Life (2023)  "ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့"ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို ...
movie

The First Day of My Life (2023)

Passages (2023) 6.9
Passages (2023) Passages (2023)ဒီရုပ်ရှင်ဟာ Drama/ Romance အမျိုးအစားပါ။ BL Drama လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ IMDb Rating 7.0 ရရှိထားပါတယ်။ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာမို့ ကြိုပြီး သတိပေးလိုက်ပါ့ရစေ။သိပ်ပြီး အများကြီးမညွှန်းတော့ပါဘူး။ တိုမတ်စ်နဲ့ မာတင်ဟာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Gay စုံတွဲတစ်တွဲပါ။ တိုမတ်စ်ဟာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ ရုပ်ရှင် ရိုက်ကူးရေးအပြီး ပါတီတစ်ခုမှာ အာဂတ်သ် ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ တိုမတ်စ်လည်း မစားသင့်တဲ့ အသီးကို စားသုံးပြီး အစွဲလန်းကြီး စွဲလန်းသွားပါတယ်။ တိုမတ်စ်နဲ့ မာတင်တို့ကြား အစစ်မ တစ်ယောက်ရောက်လာပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လေးတစ်ပုဒ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ပြီး ခံစားလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  1.2GB | 618MB Format… mp4 Duration…. ...
movie

Passages (2023)

2023
My Beautiful Man: Eternal (2023) 7.3
My Beautiful Man: Eternal (2023) My Beautiful Man : Eternal (2023)ဒီဇာတ်လမ်းလေးကတော့ 2021မှာ My Beautiful Man ဆိုပြီး Season 1 နဲ့ 2ထွက်ထားတဲ့ ဂျပန်BLဇာတ်လမ်းတွဲ‌လေးရဲ့ နောက်ဆက်တွဲ My Beautiful Man: Eternal ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကနေဘွဲ့ရခါနီးလို့ နာမည်ကြီးဓာတ်ပုံဆရာဆီမှာ လက်ထောက်အဖြစ်စတင်လုပ်ကိုင်နေတဲ့ Hira နဲ့ အနုပညာနယ်ပယ်မှာစတင်နာမည်ရလာ‌နေပြီဖြစ်တဲ့ kiyoiတို့ချစ်သူနှစ်‌ယောက်။Hiraက သူ့အပေါ်မှာအရမ်းချစ်တယ်လို့ယုံကြည်ထားတဲ့ Kiyoi တစ်ယောက်ဟာ Hiraရဲ့ မပိုင်ဆိုင်ရရင်တောင် တည်ရှိနေပေးရုံ‌လေးနဲ့ လုံလောက်တယ်ဆိုတဲ့မြတ်နိုးခြင်းတွေ ချစ်ခြင်းမေတ္တာတွေကို နားလည်မပေးနိုင်ဘဲ သူ့ကိုချစ်တဲ့ Hiraဟာပြောင်းလဲသွားခဲ့ပြီလို့ အထင်လွဲခဲ့ပါတော့တယ်။Kiyoiရဲ့အထင်လွဲမှုတွေကို Hira ရဲ့ချစ်ခြင်းတွေနဲ့ ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 607MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

My Beautiful Man: Eternal (2023)

2023
Hail to Hell (2023) 7.1
Hail to Hell (2023) Hail to Hell (2023)ကျောင်းတွင်းမှာ အနိုင်ကျင့်မှုတွေခံရတဲ့ ကျောင်းသူတွေအဖို့တော့ ကျောင်းက ငရဲလိုပါပဲ တစ်ယောက်ပြီးတစ်ယောက် မပြီးနိုင်တဲ့အနိုင်ကျင့်မှုတွေကြားမှာ အလူးအလဲခံရတဲ့ ဟွမ်ဆွန်းဝူနဲ့ ဆုန်းနာမီတို့နှစ်ယောက်ကလည်း ငရဲကနေလွတ်မြောက်ချင်လို့ သေလမ်းကိုရွေးဖို့ လုပ်ကြပါတယ်ဒါပေမဲ့ မသေခင်လေး သူတို့ကို အရင်ဆုံးအနိုင်ကျင့်ခဲ့ပြီး ကောင်းကောင်းနေ ကောင်းကောင်းစားနေတဲ့ ဘတ်ချယ်ရင်းကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်အဲလိုနဲ့ လက်စားချေဖို့ ဆိုးလ်ကို ရောက်သွားတဲ့အခါမှာ မထင်မှတ်တဲ့အရာတွေ အပြောင်းအလဲတွေနဲ့ ကြုံတွေ့လိုက်ရပါတော့တယ်နောက်ဆုံးမှာ လက်စားချေမှုက အောင်မြင်သွားမလား ဘယ်လိုအခက်အခဲတွေကို အတူဖြေရှင်းမလဲဆိုတာ ကြည့်ရှူခံစားပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.16GB | 520MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Hail to Hell (2023)

2023
Dream Girl 2 (2023) 6
Dream Girl 2 (2023) Dream Girl 2 2023 (လုံးရာကပြားချင်ယောင်ဆောင်တဲ့ ဘုန်းကညာတစ်ပါး)IMDB (6/10) ရရှိထားပြီး ဘတ်ဂျက် ၃၅ ကုဋေရင်း ကုဋေ ၁၄၀ ထိပြန်အမြတ်ထွက်ခဲ့တဲ့ ပထမကားထဲကမင်းသားအာရူရှမန် ဂူရာနားနဲ့ student of the year ဒီပီကားရဲ့လေးပွင့်ဆိုင်ဖောက်ပြန်ရေးဇာတ်ကား Gehraiyann ထဲက မင်းသမီးချောလေး အန်နယာပန်ဒေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ ကာရမ်ကနတ်ဘုရားပူဇော်ပွဲတွေမှာ ဖျော်ဖြေပေးတဲ့သူတစ်ယောက်ပါ သု့ပါပါဂျက်ဂျိကတော့ အိမ်တိုင်ပါချွတ်ပေါင် အကြွေးပတ်လည်ဝိုင်းနေတဲ့ အဖေလိမ္မာလေးပေါ့…သားက ယောင်ချာချာအလုပ်မရှိ အဖေက အကြွေးတောထဲနစ်နေပေမဲ့ နှစ်ယောက်သားကတော့ အေးဆေးပါပဲ ကာရမ်ရဲ့ကောင်မလေးက ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကပါ အဲ့ကနေ သူ့သားကိုတင်တောင်းမဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ အကြွေးတွေဆပ်မယ်လို့ အကြံကြီးပေမဲ့ ကောင်မလေးရဲ့အဖေက အိမ်လာလည်ပြီး ကာရမ်တို့သားအဖရဲ့ အခြေအနေမှန်ကိုသိသွားတော့ သမီးနဲ့သဘောမတူတော့ပါဘူးသမီးနဲ့တူအောင်တန်အောင် ခြောက်လအတွင်း အိမ်ခြံအလုပ်ငွေသားပြနိုင်မှ ပေးစားမယ်ဆိုလို့ မစ္စတာကာရမ်လဲ ပိုက်ဆံမြန်မြန်ရအောင် ကြံရာမရ လုံးရာကပြားချင်ယောင်ဆောင်ပြီး | ဘားတွေမှာ သီချင်းလိုက်ဆိုပါတော့တယ်ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ချစ်သူနှစ်ဦးရော ပေါင်းစပ်နိုင်ကြမလား လိုအပ်တဲ့အရာတွေကိုရော ခြောက်လအတွင်းရမလား ...
movie

Dream Girl 2 (2023)

2023
Jaane Jaan (2023) 7.7
Jaane Jaan (2023) Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော..နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ...
movie

Jaane Jaan (2023)

2023
4K HEVC
Karumegangal Kalaiginrana (2023) 9.4
Karumegangal Kalaiginrana (2023) Karumegangal Kalaiginrana (2023) ပထမဆုံးပြောချင်တာက ဒီကားက IMDb 9.4 ရထားတဲ့ ဇာတ်ကားပါ တမေးလ်ကားတွေရဲ့ ပင်တိုင်မင်းသား ပွဲတိုင်းကျော် ယိုဂီဘာဘူလည်း ပါဝင်ထားသလို Aditi Balan နဲ့ Bharathiraja တို့လည်း အားဖြည့်ထားပါတယ်မိသားစုဆိုတာဘာလဲ ကျွန်တော်တို့အတူရှိနေချိန်မှာ သတိမထားမိတဲ့ မိသားစုရဲ့တန်ဖိုးကို ဝေးမှပဲ နားလည်ကြတယ် ဒီကားမှာဆိုရင် မိသားစု နဲ့ relationship တွေရဲ့ ဆက်သွယ်မှုအကြောင်းကို ဒါရိုက်တာက သူ ၂၀၀၆ ခုနှစ်က ရေးခဲ့တဲ့ ဇာတ်လမ်းတိုလေးကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် ဒါရိုက်တာရဲ့ ရင်တွင်းခံစားချက်အစစ်ကို ခံစားကြရမှာပါဇာတ်လမ်းကတော့ မတူညီတဲ့ လူတန်းစားအလွှာ သုံးရပ်က ကွဲပြားတဲ့ ဇာတ်ကြောင်း သုံးခုအကြောင်းပါပဲ ကျိကျိတက်ချမ်းသာတဲ့ လူတန်းစား မိသားစုတစ်စု ရှိမယ် အောက်ခြေလူတန်းစား ဘဝသမားလေး ယိုဂီဘာဘူနဲ့ ချောမောလှပပြီး ကိုယ်ကျိုးမငဲ့တဲ့ မိဘမဲ့ကျောင်းက ဆရာမလေးတစ်ယောက်တို့ အကြောင်းပါပဲ လုပ်ငန်းကိုင်ငန်းတွေ ဘယ်လိုပဲအောင်မြင်နေပါစေ မာန်မာနတွေကြားမှာခံလို့ ဖခင်အိုကြီးနဲ့ စကားမပြောကြတဲ့ သားသမီး အလွှာကြီးက ...
movie

Karumegangal Kalaiginrana (2023)

2023
Nam Naani Madve Prasanga (2023)
Nam Naani Madve Prasanga (2023) Nam Naani Maduve Prasanga (2023) ===================================ကန်နာဒါစကားပြော ဟာသကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။အိန္ဒိယမှာ လယ်စိုက်တဲ့ တောင်သူအမျိုးသားတွေဟာ ကြင်ဖက်ရှာဖို့ အင်မတန့်အင်မတန် ခက်ခဲနေလျက်ရှိပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက် နာနီဟာလည်း အသက် ၃၇ ရောက်တဲ့ထိ ဘိုထီးသီချင်းထဲကလို တစ်ကောင်တည်းမျက်စိလည်နေဆဲဖြစ်တဲ့ တောင်သူလူပျိုကြီးဖြစ်ပါတယ်။အသက် ၃၇ ရောက်တဲ့ထိ အဖြစ်မရှိသေးတဲ့ လူပျိုကြီးနာနီ့ကို မိသားစု၊ အပေါင်းအသင်းတွေက သတို့သမီးရှာပေးဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်တာကို လယ်သမားအမျိုးသားတွေ အိမ်ထောင်ဖက်ရှာဖို့ခက်ခဲနေတာကို မီးမောင်းထိုးပြထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဟာသစွက်ပြီး မြင်ရမှာပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ကိုတော့ စီအမ်ရဲ့ ဘောလိဝုဒ်အဖွဲ့က ဘာသာပြန် အညွှန်းရေးသားထားပါတယ်။ )(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nam Naani Madve Prasanga (2023)

2023
Pink Moon (2022) 7
Pink Moon (2022) Pink Moon (2022)~ IMDb rating - 7/10 ~2022 မှာထွက်ရှိထားပြီး ဆု​တွေလည်းရ၊ Rating လည်း​ကောင်းတဲ့ Pink Moon ဆိုတဲ့ဒရာမာကား​လေးက​တော့ ဖခင်နဲ့ သားသမီးတို့ကြား​မေတ္တာ​ကို ထိထိမိမိရိုက်ပြထားတာမို့ ဒရာမာကြိုက်သူ​တွေအကြိုက်​​တွေ့​စေမယ့် ကား​လေးတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သမီးဖြစ်သူ အီရစ်တစ်​​ယောက် ရုတ်တရက် အ​ဖေဖြစ်သူဂျန် ကိုယ့်ကိုယ်ကိုယ်သတ်​သေမယ့်အ​ကြောင်း ဖွင့်​​ပြောတာကို ခံလိုက်ရတဲ့အခါ အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ခဲ့လား... အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ပြီးသားစိတ်ကို​ပြောင်း​အောင် ဘယ်လို​တွေလုပ်ခဲ့လဲ... အ​ဖေဖြစ်သူရဲ့ စိတ်ကို​ရော ​ပြောင်းပစ်နိုင်ခဲ့လား... နဲ့ သမီးတစ်​ယောက်အ​နေနဲ့ အ​ဖေကို ဆုံးရှုံးရမှာကို ဘယ်လိုမျိုး ရင်ဆိုင်​ကျော်လွှားခဲ့လဲ... ဆိုတာ​တွေကို ထိထိမိမိရိုက်ပြထားတဲ့ နယ်သာလန် ဒရာမာကား​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 795MB Quality - 1080p, 720p IMDb Rating - 7/10 Format ...
movie

Pink Moon (2022)

2022
Aliens Abducted My Parents and Now I Feel Kinda Left Out (2023) 5.8
Aliens Abducted My Parents and Now I Feel Kinda Left Out (2023) Aliens Abducted My Parents and Now I Feel Kinda Left Out (2023)~ Rotten Tomatoes - 87% ~နာမည်အတိုင်းပဲ မိဘတွေကို ဂြိုဟ်သားတွေ ဖမ်းသွားတာလို့ ယုံနေတဲ့ကောင်လေး ဇာတ်လမ်းဖြစ်ပါတယ်။ကယ်ဗင်က အာကာသသိပ္ပံကို စိတ်၀င်စားပြီး သူ့အဖေနဲ့အတူ ကြယ်တံခွန်လာတာကို စောင့်မျှော်တတ်တဲ့ ကောင်လေး... တစ်ညမှာ ကြယ်တံခွန်လာတာစောင့်နေတုန်း မိဘတွေကို ဂြိုဟ်သားတွေဖမ်းသွားတာ မြင်လိုက်ရလို့ နယ်မြို့လေးမှာပဲနေနေပြီး မိဘတွေသူ့ဆီပြန်လာတာကို စောင့်နေတဲ့သူ။အစ်စီက ဂျာနယ်လစ်ဖြစ်ချင်ပေမဲ့ မိဘတွေကြောင့် နယ်မြို့လေးကို ပြောင်းလာရတဲ့ မြို့ကြီးသူ။ အခြေအနေပေးတာနဲ့ မြို့ကိုပြန်သွားဖို့ အခွင့်အလမ်းရှာနေတဲ့သူ... သူနဲ့ အားလုံးက ထူးဆန်းတယ်ဆိုပြီး မပေါင်းသင်းကြတဲ့ ကယ်ဗင်တို့ အတန်းထဲမှာ ဘေးချင်းကပ်ထိုင်မိတဲ့အခါ.. . နယူးယောက်ကိုသွားနိုင်မယ့် စာရေးပြိုင်ပွဲအတွက် အတန်းဖော်က ကယ်ဗင့်အကြောင်းရေးဖို့ လာဆွယ်တဲ့အခါ အစ်စီက ကယ်ဗင်နဲ့ရင်းနှီးအောင်ပေါင်းပြီး ဒေတာစုရပါတော့တယ်။ကယ်ဗင်ယုံနေသလို သူ့မိဘတွေကို တကယ်ပဲ ဂြိုဟ်သားတွေ ...
movie

Aliens Abducted My Parents and Now I Feel Kinda Left Out (2023)

2023
The Caine Mutiny Court-Martial (2023) 6.9
The Caine Mutiny Court-Martial (2023) The Caine Mutiny Court-Martial (2023)~ IMDb - 6.9/10, Rotten Tomatoes - 94% ~ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။မဲရစ်‌ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 875MB Quality - 1080p, 720p IMDb Rating ...
movie

The Caine Mutiny Court-Martial (2023)

2023
Roadkill (2022)
Roadkill (2022)   ဒါရိုက်တာ Alexander Whitrow ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်နဲ့သည်းထိုက်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း..... ကော်နာရှယ်ဘီဟာ လူပြတ်တဲ့လမ်းမပေါ်မှာဓားပြတိုက်နေကျ ဓားပြငယ်လေးဖြစ်ပြီး သူ့မှာတခြားမကောင်းတဲ့ရည်ရွယ်ချက်လည်းမရှိခဲ့ပါဘူး။ သူ့မှာချစ်ရတဲ့ကောင်မလေးလည်းရှိတဲ့အပြင် သာယာတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ကော်နာက တခြားဘာဒုက္ခမှမပေးဘဲ ရိုးရိုးသားသားဓားပြပဲတိုက်ပေမဲ့ လတ်တလောဖြစ်နေတဲ့ကွင်းဆက်လူသတ်မှုတွေကြောင့် ရဲတွေကသူ့ကိုပါသံသယဝင်လာပါတော့တယ်။ ရဲတွေကသူ့ကိုလူသတ်သမားအမှတ်နဲ့လိုက်ဖမ်းနေတဲ့အချိန်မှာ တကယ့်လူသတ်သမားအစစ်ကဘယ်သူဖြစ်မလဲ ဘာလို့သူ့ကိုလူသတ်သမားလို့စွပ်စွဲရတာလဲ ကော်နာတစ်ယောက် ရဲတွေလက်ကပြေးလွတ်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(2.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

Roadkill (2022)

Nebraska (2013) 7.7
Nebraska (2013)  သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ...
movie

Nebraska (2013)

Snake and Crane Arts of Shaolin (1978) 6.4
Snake and Crane Arts of Shaolin (1978)    သိုင်းလောကမှာ ကျော်ကြားတဲ့ သိုင်းကျောင်းရှစ်ကျောင်းရှိပါတယ်။ ကျင်းပနေကျ ဆောင်းဦးရာသီ သိုင်းပညာဖလှယ်တဲ့ပွဲတော် တစ်နှစ်မှာတော့ ဒီကျောင်းရှစ်ကျောင်းက ဆရာသခင်တွေက မတူညီကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ကိုယ်ခံပညာတွေကို စုပေါင်းပြီးတော့ ပြိုင်စံရှားတဲ့ မြွေကြိုးကြာပေါင်းစပ်ဟန် သိုင်းရှစ်ကွက်ကို တီထွင်လိုက်ပြီး သိုင်းကျမ်းစာအုပ်တစ်အုပ်ရေးသားပြုစုခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာရှစ်ဆူက အကြောင်းအရင်းမသိရဘဲ ဆိုင်းမဆင့်ဗုံမဆင့် လောကကြီးကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်အပြီး မကြာပါဘူး ကျောင်းတိုင်း ဂိုဏ်တိုင်းက လိုချင်တဲ့ မြွေကြိုးကြာသိုင်းကျမ်းဟာ ရင်ဖန်းဆုဆိုတဲ့လူငယ်တစ်ယောက်နဲ့အတူ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ရင်ဖန်းဆုက တစ်ပြည်နယ်လုံးက သိုင်းကျမ်းတပြပြနဲ့ လှည့်လည်သွားလာနေပြီး သိုင်းကျမ်းလိုချင်တဲ့လူတွေအားလုံးကို တိုက်ခိုက်အနိုင်ယူလျက်ရှိပါတယ်။ဒီအချိန်မှာ သိုင်းကျောင်းရှစ်ကျောင်းရဲ့ တပည့်တွေရော ဂိုဏ်းအသီးသီးကပါ စာအုပ်ကိုလိုချင်နေကြပြီး သူတို့ရဲ့ဆရာသခင်တွေ ဘာဖြစ်သွားတာလဲဆိုတာကို အသည်းအသန်သိရဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရင်ဖန်းဆုက ဘာလို့ သိုင်းကျမ်းတပြပြ လျှောက်သွားနေရတာလဲ သူ့ဆီမှာကရော ဘာလို့သိုင်းကျမ်းရှိနေတာလဲ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ ဆရာရှစ်ဆူကရော ဘာလို့ပျောက်ကွယ် သွားရတာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး ဂျက်ကီချန်းပရိသတ်တွေကတော့ ...
movie

Snake and Crane Arts of Shaolin (1978)

[18+]Teenage Little Sister(2018)
[18+]Teenage Little Sister(2018) [18+]Teenage Little Sister(2018)******************************လှတပတကောင်မလေးတွေလည်းသဘောကျတယ်...ဆက်စီကျတာလေးမှလည်းဖြစ်မှာဆိုတဲ့သူတွေအတွက် ဒီကားလေးဟာအသင့်တော်ဆုံးပါ...ကျောင်းတုန်းက ကြိတ်ခရပ်နေတဲ့ အတွဲလေးဟာ ငေးမောရင်းနေပဲကျောင်းကာလကိုကုန်ဆုံးခဲ့ပါတယ်...ဒီလိုနဲ့ ကျောင်းပြီးတော့အလုပ်ကိုယ်စီနဲ့ ကွဲကွားသွားကြတယ်..တစ်နေတော့ ကောင်မလေးရဲ့အိမ်နားကိုကောင်လေးတစ်ယောက်ပြောင်းလာတယ်..ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းချစ်စကားတွေတီတာခဲ့ကြတာဆိုတော့သူတို့ ၂ဦးဘာတွေဆက်ဖြစ်ကြမလဲ ...တခြားဘယ်အတွဲတွေကရော သူတို့ကြားဝင်လာမလဲဆိုတာကိုတော့,...File Size :1.2GB&603MB Quality : WEB-DL720p Format…mp4 Duration…01:42:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+]Teenage Little Sister(2018)

Kaddha Chitra (2023) 9.1
Kaddha Chitra (2023) Kaddha Chitra (2023) IMDb - 9.1/10လတ်တလောထွက်ရှိထားတဲ့ ကန်နားဒါစကားပြော ရိုမန့်ဒရာမာ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Chinnari Muthaဆိုတဲ့ကားလေးမှာ ကလေးသရုပ်ဆောင်အနေနဲ့အောင်မြင်ခဲ့တဲ့ မင်းသားဗီဂျေးပါဝင်သရုပ်ဆောင်ထားပါတယ်ပရမ်းပတာနဲ့ နေချင်သလိုနေတတ်ပေမဲ့ အရေးအသားကောင်းတဲ့ မထင်မရှားစာရေးဆရာတစ်ယောက်။ အဲဒီလူဘ၀ထဲကို ဝင်လာတာက စည်းစနစ်ကျတဲ့မိန်းမချောလေးတစ်ယောက်။ အချစ်ရဲ့ဖေးမမှုတွေနဲ့အတူ သူ့ဘ၀ကြီးပြောင်းလဲခဲ့ပါတော့တယ်။တမဟုတ်ချင်းမှာပဲ အောင်မြင်ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ဖြစ်လာပြီး ချစ်သူနှစ်ဦးလည်း လက်ထပ်ပေါင်းသင်းစွာ ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုပြီး ဇာတ်မသိမ်းဘဲ ကံကြမ္မာအလှည့်အပြောင်းတွေဖြစ်လာပါရော။ ဘဝက ဒီလိုမျိုးပဲချက်ချင်းအလွယ်တကူကြီးသာယာ သွားမတဲ့လား။ ပုံစံမတူဘဲ ချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက် ဘဝအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.08GB / 983MB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ ToMo ~ ...
movie

Kaddha Chitra (2023)

2023
Forgotten Love (2023) 7.6
Forgotten Love (2023) Forgotten Love (2023)~ IMDb rating - 7.6/10 ~ထူးချွန်ပြီး စေတနာထားတဲ့ ဆရာ၀န်ကောင်းတစ်ယောက်အကြောင်း ပိုလန် ဒရာမာ ဇာတ်လမ်းကောင်းလေးလာပါပြီ။ပါမောက္ခ ရာဖာဝီကျူရာဟာ အရမ်းတော်တဲ့ ခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး မရှိဆင်းရဲသားတွေအတွက်ပါ ခွဲစိတ်ဌာနဖွင့်ပေးခဲ့တဲ့ နာမည်ကျော် လူအများလေးစားခံရသူပါ။ သူ့အိမ်ထောင်ရေးကတော့ အဆင်မပြေပါဘူး။ ဇနီးဖြစ်သူက သမီးလေးပါခေါ်ပြီး တခြားသူနောက်လိုက်သွားတဲ့အခါ ကြေကွဲပြီး လိုက်ရှာနေရင်း လူမိုက်တစ်အုပ်ဓားပြတိုက်တာခံရပြီး အသတ်ခံရရပါလေရော။သူအသတ်ခံရတာကို မြင်တဲ့ လုပ်ဖော်ကိုင်ဖက်ဆရာ၀န်က ဝီကျူရာနေရာကိုလိုချင်လို့ မကယ်ဘဲထားခဲ့တဲ့အခါ... အားလုံးက ဇနီးနဲ့သမီးထားခဲ့လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတာဆိုပြီး မှတ်ယူလိုက်ကြပါတယ်။အမှန်တကယ်က ဝီကျူရာတစ်ယောက် အတိတ်မေ့သွားပြီး ရွာလေးတစ်ရွာမှာ နေနေခဲ့တာပါ။ ဆေးကုတဲ့အတတ်ပညာကတော့ ကျန်နေပြီး ရွာသားတွေကို အခမဲ့ ကုသပေးနေခဲ့ပါတယ်။ ကံတရားအရ ကွဲကွာသွားတဲ့ သမီးလေးမာဟီရှာနဲ့ဆုံခဲ့ပြီး မသိစိတ်ကရင်းနှီးနေရင်း အသက်ပါကယ်‌ပေးဖို့အကြောင်းဖန်လာတဲ့အခါ... အတိတ်မေ့နေတဲ့ ဒေါက်တာဝီကျူရာ ဘယ်လိုပြသာနာတွေကြုံရဦးမလဲ... သမီးလေးကိုရော ပြန်မှတ်မိပါ့မလားဆိုတာ... ဆက်လက်ရှူစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK ...
movie

Forgotten Love (2023)

2023
Spirit: Stallion of the Cimarron (2002) 7.2
Spirit: Stallion of the Cimarron (2002)  Imdb 7.2ရထားတဲ့ Dreamworksရဲ့ Animationကောင်း ကားဟောင်းလေးတစ်ခုကိုထပ်ပြီးတင်ပေးလိုက်ပါတယ်။၁၉ ရာစုနှစ်မှာအသက်ရှင်နေထိုင်ခဲ့တဲ့ မြင်းရိုင်းလေး Spirit ရဲ့ဇာတ်လမ်းပါ။အကောင်းဆုံး animation အော်စကာဇကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးအကြီးအကျယ်အောင်မြင်မှုရခဲ့တဲ့ ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းမှာတော့မြင်းအုပ်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ မြင်းရိုင်းလေးSpirit ဟာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းမှုကြောင့် လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးအမေရိကန် မြင်းတပ်ဆီကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။အဲဒီမှာ ကျွန်ပြုခံထားရတဲ့ တခြားမြင်းတွေနဲ့ အတူထားပေမယ့် Spiritကို နာခံအောင်ယဥ်ပါးအောင် ဘယ်သူမှ လေ့ကျင့်မပေးနိုင်ပါဘူးတဲ့....။ဒါကို မရမကယဥ်ပါးအောင်လုပ်ဖို့ရည်ရွယ်တဲ့ ကိုလိုနယ်ကြီးနဲ့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာတော့ ………ဒါ့အပြင် Spiritလေးဟာ သူနဲ့ဘဝတူ အဖမ်းခံထားရတဲ့ လာကိုတာနယ်ခံလူရိုင်းလေးLittle Creek နဲ့ ပတ်သတ်မိပြီး….Creek ရဲ့မြင်းမလေး Rain နဲ့သံယောဇဉ်တွေ…..အဲဒီကြားထဲက ကံဆိုးမှုတွေအခက်အခဲတွေကြားထဲမှာ သူဘယ်လို လှုပ်ရှားရုန်းကန်ခဲ့မလဲ ဆိုတာတွေကိုတစ်ဖန်ပြန်လည်ခံစားရမယ့်ဇာတ်ကားလေးပါ....။ File size…1.31GB / 681MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Animation ,  ...
movie

Spirit: Stallion of the Cimarron (2002)