Channel Myanmar

Drama

Oh My School! ( 2023 ) 6.9
Oh My School! ( 2023 ) သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူ တွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလို့ရပါပြီ.... ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းက အဆိုးဆုံးကျောင်းသားလေးဝမ်ချန်... အမြဲတမ်း ကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး....ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီး ထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကို အရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်...ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့ အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ် တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်....ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ... ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား... ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ... ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Animation , Drama  Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK
movie

Oh My School! ( 2023 )

The Lady of Heaven (2021) 6.0
The Lady of Heaven (2021)  မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီးအဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်းသီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာအမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာစစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်းပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Lady of Heaven (2021)

Eye of the Storm ( 2023 ) 6.0
Eye of the Storm ( 2023 ) SARS ဆိုတဲ့ကူးစက်ရောဂါကိုခပ်ရေးရေးတော့မှတ်မိကြမယ်ထင်ပါတယ်။ အခုလိုCovid-19ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့(၁၀)နှစ်လောက်တုန်းက SARSဆိုတဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ခဲ့ပြီး သေဆုံးနှုန်း (၁၁)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ (၂၀၀၃)ခုနှစ် အေပရယ်လမှာ SARSဟာဟောင်ကောင်ကတစ်ဆင့် ထိုင်ဝမ်ကိုစတင်ကူးစက်လာပြီး ပေထိုင်ဆေးရုံမှာဖြစ်ခဲ့တဲ့ ကပ်ဘေးရောဂါဖြစ်ရပ်လေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးမှာဆိုရင် ပေထိုင်ဆေးရုံမှာSARSကူးစက်တယ်လို့ သံသယရှိတဲ့လူနာရှိကြောင်းသတင်းရတာနဲ့ ထိုင်ပေအစိုးရကဆေးရုံကို ပိတ်ချလိုက်တဲ့အခါ ဆေးရုံထဲမှာလူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေမှာပိတ်မိသွားပါတယ်။ရောဂါရဲ့သဘောတရားကိုသေချာမသိရသေးတဲ့အတွက် အားလုံးဟာ ထိတ်လန့်တကြားတွေဖြစ်ကြရပြီး အခြေနေတွေဟာလုံးဝရှုပ်ထွေးကုန်ပါတယ်။ ဒီကားလေးမှာဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ဆရာဝန်တွေသူနာပြုတွေဟာလဲ လူပါပဲ။ ထိတ်လန့်တတ်တယ် ကြောက်ရွံ့တတ်တယ် မိသားစုတွေရှိတဲ့အတွက် တစ်ကိုယ်ကောင်းလေးတွေဆန်မိကြတယ် ဆိုတာလေးကိုမြင်တွေ့ရမှာဖြစ်ပြီး။ ဒီကြောက်ရွံ့ထိတ်လန့်မှုတွေကို ကျော်ဖြတ်ပြီး SARS ရောဂါကိုဘယ်လိုအန်တုခဲ့ကြလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama  Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Eye of the Storm ( 2023 )

After My Death(2017) 6.7
After My Death(2017) After My Death(2017)******************** ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ကျောင်းသူရဲ့အမေက နောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီးခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ ယောင်ဟီးက 'ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား' လို့ပြောခဲ့တာကိုသိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။File Size :(1.1GB) (572MB) Quality : Blu-Ray1080p/720p Format…mp4 Duration…01:53:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

After My Death(2017)

Saturn Bowling (2022) 5.9
Saturn Bowling (2022)  ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဂီလ်မန်းဟာ ဖခင်ဆုံးပါးသွားတဲ့အခါမှာ မိသားစုပိုင်ဘိုးလင်းရုံကြီးကို အမွေရရှိခဲ့ပါတယ်၊ အလုပ်အကိုင်အတည်တကျရှိတဲ့ ဂီလ်မန်းဟာ ဒီဘိုးလင်းရုံကြီးကို ရောင်းပစ်ဖို့တွေးထားပေမယ့် အဖေ့ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်တာကြောင့် သူရဲ့ဖအေတူ မအေကွဲ ညီဖြစ်သူကို မန်နေဂျာအဖြစ်ခန့်ပြီး ဘိုးလင်းရုံကြီးကို ဆက်ဖွင့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးပါးသွာတဲ့ သူတို့ရဲ့အဖေက ဝါသနာရင့်သန်တဲ့ မုဆိုးတစ်ဦးဖြစ်ပြီး သူသတ်ဖြတ်အမဲလိုက်ခဲ့သမျှ မကောင်းမှု ဒုစရိုက်အညစ်အကြေးတွေက ဒီဘိုးလင်းရုံမှာပဲ လာပြီးစုပုံနေသလို ဖြစ်နေခဲ့ပါတယ်။ ဒီတော သူတို့ အမွေရလိုက်တာက ဘိုးလင်းရုံကြီးတင်မဟုတ်ဘဲ မကောင်းတဲ့အငွေ့အသက်တွေ စွမ်းအင်တွေပါ ပါဝင်နေခဲ့ပါတယ်။ ဒီလိုနဲ့ လူသေမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာပြီး သဲလွန်စတွေအကုန်လုံးက ဒီဘိုးလင်းရုံကြီးကိုပဲ ဦးတည်လာတဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကို ရင်ဖိုလှိုက်မောဖွယ်ကြည့်ရှု ရမယ့် စိတ်ဝင်စားဖွယ်ရာ လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ၂၀၂၃ စက်တင်ဘာမှာမှ ပူပူနွေးနွေး ထွက်ရှိထားတာဖြစ်ပြီး ဇာတ်လမ်းအလှည့်အပြောင်းတွေကို လိုက်ပြီး တွေးတောသီအိုရီထုတ်ရတာ ကြိုက်တဲ့သူတွေအတွက် အရသာတွေ့စေမယ် ဇာတ်ကားဆိုရင်လည်း မမှားပါဘူး၊ ဒါကြောင့် ...
movie

Saturn Bowling (2022)

The Second Best Exotic Marigold Hotel (2015) 6.5
The Second Best Exotic Marigold Hotel (2015) The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ ...
movie

The Second Best Exotic Marigold Hotel (2015)

2015
Beyond the Gates of Hell (2022)
Beyond the Gates of Hell (2022) လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က ခေါင်တဲ့နေရာမှာရှိတဲ့ အိမ်တစ်လုံးကို အောက်စျေးနဲ့ ဝယ်လို့ရလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီအိမ်က လူသေမှု လူသတ်မှု ရာဇဝင် အများကြီး ရှိထားပြီးသား အိမ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ကြုံနေတဲ့ လင်မယားနှစ်ယောက်က ဒီအိမ်ကို ဘာပြဿနာမှ မဖြစ်လောက်ဘူးထင်ပြီး ယူလိုက်ပါတယ်။ သူတို့အထင်နဲ့ တက်တက်စင်အောင်လွဲတာကတော့ အိမ်ကြီးက ငရဲဂိတ်ဝမှာ ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက American Horror Storyရဲ့ Murder House နဲ့လည်း ဆင်တူပါတယ်။ ရိုက်ထားတာကလည်း creepy vibe အပြည့်ရတယ်ဆိုပေမယ့် အရမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ရုပ်ရှင် ကြာချိန်ကလည်း တစ်နာရီ မပြည့်တော့ ကြည့်ရတာ မြန်မြန်သွက်သွက်ရှိပါတယ်။File size…(739 GB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Horror, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Beyond the Gates of Hell (2022)

The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)

All These Years ( 2023 ) 5.9
All These Years ( 2023 ) သင်ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အခြေအနေကို စဉ်းစားခဲ့ဖူးလား။ ပြန်တွေ့ရင် ဖက်ထားမိမလား၊ ထွက်ပြေးမိမလား။ ဒီကားလေးကတော့ မိုးအေးအေးနဲ့ အေးအေးဆေးဆေးကြည့်လို့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက တရုတ်တို့ ထုံးစံအတိုင်း သားကိုပဲ အလေးပေးပြီး သမီးကို ဂရုမစိုက်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ချန်ကျန့်ရှဟာ မိသားစုကနေ ရုန်းထွက်ဖို့အတွက် စာကြိုးစားပြီး ခရိုင်အထက်တန်းကျောင်းဖြစ်တဲ့ ကျန့်ဟွာအထက်တန်းကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ ကျန့်ဟွာအထက်တန်းကျောင်းမှာ ဆိုးသွမ်းပေမယ့်လဲ စိတ်ထားကောင်းတဲ့ လီရန်နဲ့ ခင်မင်သွားခဲ့ပြီး သူမဘဝအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်သွားခဲ့ပါတယ်။သူတို့ဟာ အချင်းချင်းအတွက် အလင်းရောင်တွေ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ခွဲခွါခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်တွေ့တဲ့အချိန်မှ "သူ့ကိုထပ်ခါထပ်ခါချစ်နေမိတယ် ထင်နေခဲ့တာ၊ တကယ်တော့ သူ့အပေါ်အချစ်တွေက မရပ်တန့်ခဲ့တာပါ။" ဆိုတာကို နားလည်သွားခဲ့ပါတယ်။အချစ်ကား ချိုချိုအေးအေးလေးကို မင်းသားရော မင်းသမီးရော ချောတာလေးမှ ကြိုက်တဲ့ပရိသတ်တို့အတွက် ဒီကားလေးကတော့ အကြည့်သင့်ဆုံး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Family Runtime : ...
movie

All These Years ( 2023 )

Rucker the Trucker (2022) 4.0
Rucker the Trucker (2022) Rucker the Trucker (2022) ===================ဒီတစ်ခါ ထရပ်ကားလေးနဲ့ပုံဆွဲရအောင်... ဘာပုံလဲဆိုတော့... လူပုံပါ ဘယ်သူ့ပုံလဲဆိုတော့... ချစ်လှစွာသောဇနီးပုံလေးပေါ့ထရပ်ကားမောင်းရတာကို အရမ်းသဘောကျလွန်းလို့ လမ်းမပေါ်မှာပဲ နေ့ရက်တွေကုန်ဆုံးခဲ့တဲ့ ရပ်ကာ ကတော့ သူ့မိန်းမကိုအရမ်းချစ်ပါသ တဲ့။ ချစ်လွန်းလို့ မိန်းမရဲ့ရုပ်ပုံလွှာကို မြေပုံပေါ်မှာအစက်လေးတွေချပြီး ရုပ်ပုံပေါ်အောင်လုပ်ကာ သူ့အချစ်ကိုသက်သေပြချင်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကိုစွန့်ခွာခဲ့တဲ့ ဇနီးဟောင်းဒါလိန်းကို သူ့ဆီပြန် လာစေချင်တာပါ။သူ့ရဲ့မဟာဖန်တီးမှုကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးပြီး လိုက်ကူညီပေး နေတာ မက်ဂီလို့ခေါ်တဲ့အပျော်တမ်းဓါတ်ပုံဆရာတစ်ယောက်။ ပြီးတော့ ထရပ်ကားမောင်းဆရာတွေရဲ့ဘဝကိုလည်း စိတ်ဝင်စားတာကြောင့် အင် တာဗျူးတွေလုပ်ပြီး ရပ်ကာနဲ့အတူ မြေပုံပေါ်မှာပုံရိပ်ထင်အောင် ကြိုးစား ပေးနေတဲ့သူပေါ့။ ဒါပေမဲ့ ရပ်ကာက မြေပုံပေါ်က အစက်လေးတွေနေရာ ကို ဘယ်လိုရွေးချယ်ခဲရ့လဲ၊ မက်ဂီကရော သူစိမ်းတစ်ယောက်ရဲ့ဖန်တီးမှုမှာ ဘာလို့ကူညီပေးခဲ့တာလဲ၊ ရပ်ကာရဲ့ဇနီးဟောင်း ဒါလိန်းကရော ဘယ်လောက် ထိ အရေးပါလဲဆိုတဲ့မေးခွန်းတွေအတွက်တော့... ကြာပါတယ်ဗျာ.... ရုပ် ရှင်ကိုဆက်ကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.66 GB) / (712 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator......Jo Jo Va Encoder..........SWM
movie

Rucker the Trucker (2022)

2022
Neon Spring (2022) 6.0
Neon Spring (2022)  Latvia ဆိုတဲ့ဥရောပနိုင်ငံတစ်ခုက ဒရာမာအမျိုးအစားရုပ်ရှင်ကားလေးပါဗျ။အဖေနဲ့အမေကအိမ်ထောင်ရေးအဆင်မပြေတဲ့ကောင်မလေးတစ်ယောက်ရဲ့လူငယ်ဘဝလေးအကြောင်းကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရင်တော့ "လိုင်း" ဆိုတဲ့အသက် ၂၀အရွယ်ကောင်မလေးရှိပါတယ်။ သူမရဲ့မိဘတွေဟာအိမ်ထောင်ရေးအဆင်မပြေကျတော့ သူမကစိတ်‌ထွက်ပေါက်ရှာတဲ့အနေနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ DJ ပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အမေကနိုင်ငံခြားရောက်နေပြီးအဖေကလည်းအိမ်နဲ့အလုပ်ပဲဖြစ်နေတော့ သူမဟာ DJ ပွဲတွေကိုအမြဲတမ်းလိုလိုသွားဖြစ်ခဲ့ပါတယ်။ DJ ပွဲကနေသူငယ်ချင်းတွေရပြီးအချစ်ကိုလည်းတွေ့ရှိသွားပါတယ်။ဒီလိုနဲ့ဆေးတွေပါသုံးလာပါတယ်။ ပြီးတော့ "လိုင်း" မှာမောင်လေးတစ်ယောက်ရှိပါတယ်။မောင်လေးကလည်းမိသားစုကအဆင်မပြေတော့အပြုအမူတွေကပုံမှန်မဟုတ်ပဲဆေးခန်းပြနေရတာပါ။ အမေကနိုင်ငံခြားမှာ၊အဖေကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မောင်လေးအတွက်မိဘဆရာဆွေးနွေးပွဲသွားတာမျိုး စတဲ့မောင်လေးရဲ့တာဝန်ကိုလည်းယူပေးရပါတယ်။ ဒီရုပ်ရှင်ကားလေးက မိသားစုအဆင်မပြေမှု၊ချစ်ခြင်းမေတ္တာ၊ဆေးသုံးတာ စတဲ့အရာတွေကြားဗျာများနေတဲ့ကောင်မလေးအကြောင်းကိုရိုက်ထားတာပါ။ခံစားကြည့်ကြပါခင်ဗျာ။File size…(1.7 GB)/(940 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Neon Spring (2022)

The Red Shoes: Next Step (2023) 5.9
The Red Shoes: Next Step (2023)  ဆမန်သာဟာ ဘဲလေးအကကို ခုံမင်သဘောကျတဲ့ဆယ်ကျော်သက်လေးဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမရဲ့အစ်မဖြစ်သူ အန်နီနဲ့ ဖုန်းပြောနေရင်း အန်နီကို ကားတစ်စီးက ဖြတ်တိုက်သွားလို့ အစ်မဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့ အိပ်မက်တွေ စိတ်အားထက်သန်မှုတွေ ကြိုးစားအားထုတ်ချင်စိတ်တွေ အကုန်ပျောက်ကွယ်သွားပြီး အိဗ်ဆိုတဲ့ မိတဆိုးသမီးလေးနဲ့ ပေါင်းပြီးတော့ ကလေက‌ချေနဲ့ မိဘတွေကို အာခံပြီး လောကကြီးကို အရွဲ့တိုက်ပြီး ကျောင်းလစ်လိုက် အတန်းပြေးလိုက် စတိုးဆိုင်တွေကို အလစ်သုတ်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေပါတော့တယ်။ ဆမန်သာရဲ့ အဖြစ်ကို လက်ပိုက်ကြည့်မနေနိုင်တဲ့အမေဖြစ်သူက သူအရင်တက်ခဲ့တဲ့ဘဲလေးသင်တန်းကျောင်းကို သန့်ရှင်းရေးလည်းလုပ်ရင်း ကျန်ရှိတဲ့ ကျောင်းပညာသင်နှစ်ကို ပြီးဆုံးအောင်တက်ဖို့ ပို့လိုက်ပါတော့တယ်။ သူမဟာ သင်တန်းကျောင်းကို ပြန်ရောက်တဲ့အချိန်မှာ အကခေါင်းဆောင်ဖြစ်တဲ့ ဂရေစီက အကလေ့ကျင့်ရင်း ခြေခေါက်သွားလို့ သူမဟာ ခဏတာ အစားထိုးလေ့ကျင့်ပေးဖို့ အကြောင်းဖန်လာတော့ပါတယ်။ လာမယ့်ပြဇာတ်အတွက် အစားထိုးနေရာဝင်ပြီး ကပေးရင်း သူမရဲ့ စိတ်ဒဏ်ရာတွေ အစ်မရဲ့သေဆုံးမှုကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတာတွေ ဘဲလေးအကမှာ အစွမ်းကုန် အရည်အချင်းထုတ်မပြနိုင်တာတွေကို ...
movie

The Red Shoes: Next Step (2023)

White Paradise (2023) 5.9
White Paradise (2023)  ကျွန်တော်တို့ လူတွေဆိုတာ ရေကြည်ရာ မြက်နုရာ လိုက်ရှာရင်း ဘဝကိုရှင်သန်နေထိုင်ကြရတဲ့ သူတွေပါ ကိုယ်နေတဲ့နေရာက ကိုယ့်အတွက် အန္တရာယ်တစ်စုံတစ်ရာ ရှိလာပြီး ဆက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကိုယ်နဲ့ကိုက်ညီမဲ့ လုံခြုံဘေးကင်းမဲ့နေရာလေးတစ်ခုကို ရှာဖွေကြရတာ ဓမ္မတာပါပဲ ဒီဇာတ်လမ်းလေးထဲမှာတော့ ကာဘူးလ်မြို့တော်မှာ ပြင်သစ်စစ်တပ်တွေတပ်စွဲထားတုန်းက ပြင်သစ်စကားပြန်လုပ်ခဲ့လို့ဆိုပြီး တာလီဘန်တွေရဲ့ အငြိုးထားတုံ့ပြန်မှုကိုခံခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ထွက်ပြေးကြရင်း ဂရိမှာ လူကွဲသွားကြပါတယ် အဲဒါကြောင့် ဇနီးဖြစ်သူက သူ့ယောကျာ်းကို နေရာအနှံ့က ဒုက္ခသည်စခန်းတွေမှာပတ်ရှာရင်း ပြင်သစ်နဲ့ အီတလီနယ်စပ်နားက ရေခဲတောင်ပေါ်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ လောလောလတ်လတ် မတော်တဆမှုကြောင့် ဇနီးသည်ဆုံးပါးခဲ့ရတဲ့ ဆင်မြူရယ်ဆိုတဲ့ လူနဲ့တွေ့ပြီး လမ်းပြခိုင်းခဲ့တာပါ။ နယ်စပ်ကိုဖြတ်ကျော်ဖို့ဆိုတာ အထောက်အထားအပြည့်အစုံမရှိတဲ့သူအတွက်ကတော့ ဘယ်လောက်ခက်ခဲလဲ ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ရလဲဆိုတာကိုပြသရင်း တကယ်စစ်မှန်တဲ့ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ခမ်းနားလဲဆိုတာပါ ရေခဲတောင်တွေကြားမှာ အေးအေးလေးနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.3 GB)/(751 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Thriller, Drama Subtitle….Myanmar Subtitle ...
movie

White Paradise (2023)

The Pod Generation (2023) 5.7
The Pod Generation (2023)  MDb 5.7 ရရှိထားတဲ့သိပ္ပံစိတ်ကူးယဉ်နဲ့ ဒရမ်မာအမျိုးအစားဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ စာရေးဆရာဖြစ်တဲ့ Sophie Barthes တစ်ယောက်ကတော့ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ဆုနှစ်ခုရရှိထားပါတယ် အနာဂတ်မှာသိပ္ပံနဲ့နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေရဲ့နေ့စဉ်ဘဝတွေလည်းပြောင်းလဲသွားတာကိုရိုက်ကူးပြသထားတာပါ ဇာတ်လမ်းအကျဉ်း..... မဝေးတော့တဲ့အနာဂတ်မှာတော့ ကလေးကိုကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးစရာမလိုဘဲ pod ဆိုတဲ့ တကယ့်သားအိမ်နဲ့တူအောင်စီမံထားတဲ့ အခန်းငယ် (တစ်နည်း - အိုး)လေးတွေနဲ့မွေးလို့ရနေပါပြီ ရေချယ်နဲ့အယ်လ်ဗီကတော့လင်မယားတွေဖြစ်ကြပြီး ကလေးယူဖို့အစီအစဉ်မရှိပေမဲ့ ရုတ်တရက်အခြေအနေပေးတာကြောင့် pod နဲ့ကလေးမွေးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် အနာဂတ်မှာနည်းပညာတွေ တအားခေတ်မှီတိုးတက်လာတာနဲ့အမျှ သစ်ပင်သစ်တောတွေလည်းရှားပါးလာပြီး ရုက္ခဗေဒပညာရှင်ဖြစ်တဲ့ အယ်လ်ဗီကတော့ pod နဲ့ကလေးမွေးတာကိုလုံးဝသဘောမကျပါဘူး ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်လည်း pod ထဲမှာကလေးမွေးထားကြရင်း ဒီနည်းပညာကတကယ်ရောစိတ်ချရပါ့မလား ဆိုတာကိုမယုံသင်္ကာဖြစ်လာပါတော့တယ် သဘာဝအတိုင်းကပိုကောင်းလား pod (အိုးလေး)ထဲမှာမွေးတာက ပိုကောင်းလားဆိုတာနဲ့ပတ်သက်ပြီး လူတွေကြားမှာလည်း ဂိုဏ်းတွေကွဲနေတဲ့အပြင် ဘယ်ဟာကပိုကောင်းလဲဆိုတာကိုမတွေးတတ်တော့ဘဲဖြစ်နေပါတော့တယ် သူတို့လင်မယားနှစ်ယောက်ကရော ဒီလိုနည်းနဲ့ကလေးမွေးတာအဆင်ပြေပါ့မလား သဘာဝဆိုတာကြီးကွယ်ပျောက်တော့မဲ့ကမ္ဘာမှာ သူတို့ဘယ်လိုရှင်သန်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ အေးအေးဆေးဆေး ဒရမ်မာဇာတ်လမ်းလေးဖြစ်တဲ့အပြင် လူတွေလစ်လျူရှူနေကြတဲ့ သဘာဝတရားရဲ့အရေးပါပုံကိုပါ မီးမောင်းထိုးပြသွားတာကို တွေ့ရမှာဖြစ်ပါတယ် File size…(1.3 ...
movie

The Pod Generation (2023)

The League of Gods: The Flying Immortal Dagger ( 2023 ) 5.9
The League of Gods: The Flying Immortal Dagger ( 2023 ) The League of Gods: The Flying Immortal Dagger လို့ အမည်ရတဲ့ရုပ်ရှင်လေးတကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ Clash of Gods အစရှိတဲ့ ရုပ်ရှင်တွေထဲမှာပါဝင်တဲ့ ရှန်းကုန်းပေါက်, ယန်ကျန်, ကျန်းကျစ်ယာတို့ကိုအခြေခံထားတဲ့ ရှန်းခေတ်ကိုနောက်ခံတည်ထားတဲ့ကားလေးဖြစ်ပါတယ်။ရှန်းကုန်းပေါက်နဲ့ကျန်းကျစ်ယာတို့ကြား မကျေနပ်အမုန်းတရား ၊ စစ်ပွဲတွေကြားမှာအပြစ်မဲ့သူတွေ စတေးခံရပုံ,ရှင်ဘုရင်ကျင့်ဝတ်နှင့် မညီတာကြောင့် ခံစားရတဲ့ပြည်သူပြည်သားတွေအကြောင်းအစရှိတဲ့ ရူပ်ထွေးလှပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းအကြောင်းကိုအခြေခံထားတာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Drama , Action Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The League of Gods: The Flying Immortal Dagger ( 2023 )

King of Kotha (2023) 6.6
King of Kotha (2023) King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်‌‌ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်က‌တော့ ToMo, Zwe, Alex, ...
movie

King of Kotha (2023)

2023
4K HEVC
The Good Mother (2023)
The Good Mother (2023)  ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့‌ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်‌တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

The Good Mother (2023)

Sound of My Voice (2011) 6.6
Sound of My Voice (2011) Psychological thriller ကြိုက်သူတွေအတွက် Sound Of My Voice ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ပီတာနဲ့လော်နာတို့ချစ်သူစုံတွဲက လျှို့ဝှက်ဘာသာရေးကျင့်စဥ်အဖွဲ့တစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး သက်ဝင်ယုံကြည်သူတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတယ် အဲ့အဖွဲ့ရဲ့ခေါင်းဆောင်က​တော့ မက်ဂီဆိုတဲ့အမျိုးသမီးပါ သူမက သူမကိုယ်သူမ 2054 ကနေလာတဲ့အချိန်ခရီးသွားသူလို့ဆိုပြီး အဖွဲ့ဝင်တွေစုဆောင်းတယ် အနာဂတ်ကအကြောင်းတွေကိုပြောပြတယ် နောက်ပြီး သူမရဲ့အဖွဲ့ဝင်တွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ကြောင်းလည်းပြောဆိုစည်းရုံးထားတယ် ပီတာဟာ ငယ်ဘဝကအဖြစ်အပျက်တစ်ခုကြောင့် ဘာသာရေးကျင့်ထုံးတွေကိုမုန်းတီးနေသူတစ်ယောက်ပါ မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ဒီလိုအဖွဲ့တွေရဲ့ရူးကြောင်ကြောင်နိုင်တာတွေကိုဖော်ထုတ်ချင်နေတာပါ အဲ့လိုမုန်းတီးနေသူတစ်ယောက်က ဒီဘာသာရေးကျင့်စဥ်အဖွဲ့ဝင်အဖြစ်ဟန်ဆောင်နေရတဲ့အခါ အဆင်ပြေပါ့မလား မက်ဂီရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲ ပီတာကလည်းမှတ်တမ်းရုပ်ရှင်ကိုအောင်မြင်အောင်ရိုက်နိုင်ပါ့မလား ဒီဇာတ်ကားလေးဟာ တစ်ကားလုံး အေးအေးငြိမ်ငြိမ်လေးဆိုပေမယ့် အသည်းတယားယားနဲ့ကြည့်ရမယ်ကားကောင်းလေးပါ File size…(1.4 GB)/(693 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Mystery, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Sound of My Voice (2011)

10 Years (2011) 6.1
10 Years (2011) အထက်တန်းကျောင်းနဲ့ပက်သက်ပြီး အမှတ်တရများတဲ့သူတွေကိုမှ Nostalgia feelingမျိုးပေးနိုင်တဲ့ Friendshipအသားပေး slice of life ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို၁၀နှစ်ကြာဝေးကွာသွားတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအခိုက်အတန့်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ဂျိတ်က သူ့ရဲ့ရည်းစားနဲ့အတူ မွေးရပ်မြေက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လာခဲ့တယ်။ ကျန်တဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကာလီနဲ့ဆမ်တို့လင်မယား၊ တက်သစ်စအဆိုတော်ရီးဗ်၊ မာတီနဲ့အေဂျေတို့နဲ့အတူ တခြားသရုပ်ဆောင်များစွာပါဝင်ပါတယ်။ ကျောင်းသားဟောင်းပါတီပွဲကို သွားကြရင်း good old daysတွေအတိုင်း ပျော်ကြတာ ကဲကြတာတွေနဲ့ ကျောင်းတုန်းကတွဲခဲ့တဲ့ex နဲ့ပြန်တွေ့တဲ့သူကတွေ့ ၊ high school loveကိုမမေ့နိုင်တဲ့သူကမမေ့နိုင်၊ prom queenကို ပြန်ကြောင်ကြတဲ့သူတွေကကြောင်နဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲmomentတွေမှာ မတူညီတဲ့ဘဝအတွေ့အကြုံတွေ အချိန်နဲ့အမျှပြောင်းလဲသွားတဲ့အခြေအနေတွေခံစားချက်တွေအပြင်၊ ဘယ်လောက်အချိန်တွေကြာကြာမပြောင်းလဲတဲ့အရာတွေကိုပါ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။  File size…(1.6 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

10 Years (2011)