Channel Myanmar

Drama

Cassandro (2023) 6.4
Cassandro (2023) Cassandro (2023) ============= IMDb Rating - 6.4/10 Biography, Drama, Sportတက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ် ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandro ဟာ NWA World Welterweight, UWA World Lightweight ချန်ပီ‌ယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက် ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ် ပါတယ်။ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက် သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေး တွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေး လောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ် ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2 GB) / (792 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator......Act ...
movie

Cassandro (2023)

2023
Marjorie Prime (2017) 6.3
Marjorie Prime (2017) ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကိုသူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေဇာတ်လမ်းကိုစတည်ထားပါတယ်။မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်းဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီးIMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက်ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size…  1.5 GB /  569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Marjorie Prime (2017)

2017
The House at the End of Time (2013) 6.7
The House at the End of Time (2013) The House at the End of Time (2013) Original Title - La casa del fin de los tiempos Genre – Drama, Fantasy, Horror IMDB – 6.7/10၁၉၈၁ ခုနှစ် နိုဝင်ဘာလမှာ အိမ်ကြီးတစ်အိမ်ထဲ မိသားစုတစ်ခုထူးခြားတဲ့ ကြမ္မာဆိုးငင်ခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဇနီးသည်က ဓားနဲ့ ထိုးသတ်လိုက်တယ်တဲ့၊ သားဖြစ်သူကလည်းပျောက်ဆုံးနေတဲ့အတွက် သတ်ပစ်တယ်ဆိုပြီး ဇနီးသည်ကြီးကိုထောင်ဒဏ်အများကြီး ချမှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ အနှစ် ၃၀ လောက်ကြာလာတဲ့အချိန်မှာတော့ အစိုးရရဲ့ လျှော့ပေါ့မှုအရအသက်ကြီးနေတဲ့အတွက် ကိုယ့်အိမ်ကိုယ်ယာမှာပဲအကျယ်ချုပ် ပုံစံမျိုး ထားပေးလိုက်တော့ ဒီအိမ်ကြီးကို ပြန်ရောက်လာခဲ့ရတော့တယ်။အဲဒီမှာ ဖာသာတစ်ပါးကလည်း ဒီ အမျိုးသမီးကြီးကိုဘာတွေဖြစ်ပျက်သလဲ လာမေးမြန်းရင်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို သိရှိလာတယ်။လွန်ခဲ့တဲ့အနှစ် ၃၀ က ဒီ မိသားစုရဲ့ အဖြစ်မှန်တွေကိုလည်း ပြန်သိရှိလာရင်းခုလက်ရှိ အဘွားကြီးလည်း ဒီအိမ်ကြီးမှာ ...
movie

The House at the End of Time (2013)

2013
The Butterfly Tree (2017) 5.5
The Butterfly Tree (2017) လူတိုင်းလူတိုင်းဟာ ဆယ်ကျော်သက်အရွယ် လူကြီးစိတ်စ၀င်တဲ့အရွယ်မှာပထမဆုံးသဘောကျမိတဲ့သူ၊ ရင်ခုန်မိတဲ့သူ၊ crushမိတဲ့သူတွေ ရှိခဲ့ဖူးကြတာပဲမလား။အဲဒီတစ်ယောက်ဟာ ရွယ်တူလည်းဖြစ်နိုင်တယ်၊ စီနီယာတစ်ယောက်ယောက်လည်းဖြစ်နိုင်တယ်၊ရုပ်ရှင်ထဲက မင်းသား၊မင်းသမီးလည်းဖြစ်နိုင်သလို ရပ်ကွက်ထဲကသိပ်လှတဲ့ဦးလေး၊အဒေါ်အရွယ်တွေလည်း ဖြစ်‌နိုင်တာပဲလေ။ဒီဇာတ်ကားမှာ အယ်လန် နဲ့ ဖင်း ဆိုတဲ့ သားအဖနှစ်ယောက်ဟာသူ့(အယ်လန်)ဇနီး၊ သူ့(ဖင်း)အ‌မေကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ခက်ခဲလွန်းတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေခဲ့ရပါတယ်။အယ်လန်ဟာ ရည်းစားတွေလျှောက်ထားပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပြီးတော့ဖင်းကတော့ အိမ်မှာရှိတဲ့ သစ်ပင်ပေါ်ကလိပ်ပြာမွေးထားတဲ့ခြံလေးထဲမှာပဲ အချိန်ဖြုန်းနေလေ့ရှိပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းလေးတစ်ခုမှာတော့အဖော်အချွတ်မယ်ဟောင်းတစ်ယောက်၊ အလှပဂေးလေးတစ်ယောက်ဖြစ်တဲ့အဲဗလင်းဆိုသူဟာ သူတို့မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဗလင်းဟာ သူ့ရဲ့လိပ်ပြာ၀တ်စုံဟောင်းလေးကို ပြန်၀တ်ပြီးကနေခဲ့တာကို လှမ်းမြင်ခဲ့ရတဲ့ ဖင်းတစ်ယောက် ရင်ထဲမှာပါလိပ်ပြာတွေပျံပြီး မြင်မြင်ချင်း သဘောကျမိသွားပါတော့တယ်။အယ်လန်ဟာလည်း အလုပ်သွားတဲ့အချိန်မှာအဲဗလင်းနဲ့ ဆုံတွေ့မိခဲ့ပြီး သဘောကျသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ်ပေါက်လာခဲ့ပြီး ဒီဇာတ်ရှုပ်ကြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…  1.4 GB /  619 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre .....  Drama Subtitle…. Myanmar Subtitle (Hard ...
movie

The Butterfly Tree (2017)

2017
How to Deal with a Heartbreak (2023)
How to Deal with a Heartbreak (2023) How to Deal with a Heartbreak (2023)အေးအေးငြိမ်ငြိမ်နဲ့ လက်တွေ့ဘ၀နဲ့ဆက်စပ်ပြီး မိသားစုနဲ့ Friendship ကို အဓိက ပုံဖော်ထားတဲ့ ကားလေး လာပါပြီ။အဓိက ဇာတ်ကောင် မာဖေးက စာရေးဆရာလုပ်ရင်းကနေ Influencer လိုင်း‌ ပြောင်းသွားပြီး Blog လေးတွေတင်ကာ ပီရူးမှာ မိဘတွေနဲ့အတူ နေပါတယ်။ သူ့အမေကတော့ စာဆက်ရေးစေချင်ပေမယ့် မာဖေးက စာအုပ်တစ်အုပ်ထုတ်ပြီး ဆက်မလုပ်နိုင်သေးတာပါ။ နောက်တော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒုတိယစာအုပ်လည်း ဆက်လုပ်နိုင်အောင် သူငယ်ချင်းတွေဆီ အလည်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်း ၂ယောက်ကတော့ ဘ၀စီမံကိန်းတွေချပြီး အဆင်ပြေနေကြပါတယ်။စိတ်ဓာတ်ကျနေတဲ့ မာဖေးအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး သူ့အဖေကပါ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားတဲ့အခါ...နာကျင်မှုတွေ ပူဆွေးမှုတွေကို သူငယ်ချင်း မိတ်ဆွေတွေ အကူအညီနဲ့ ကျော်ဖြတ်ပြီး အချစ်သစ်ရှာဖွေတဲ့ပုံ... စာအုပ်အသစ်ထုတ်နိုင်ဖို့ ကြိုးပမ်းပုံတွေကို ရိုးရိုးရှင်းရှင်း သရုပ်ဖော်ထားတာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ...
movie

How to Deal with a Heartbreak (2023)

2023
[18+] Rule 34 (2022) 5.6
[18+] Rule 34 (2022) Rule 34 (2022)နေ့ခင်းဘက်မှာ ရှေ့နေကျောင်းသူ ညဘက်မှာ Cam Girlဒီရုပ်ရှင်ကတော့ ဘရာဇီးနဲ့ ပြင်သစ် ဖက်စပ်ရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်နာမည်ကိုတော့ အင်တာနက်စကားလုံးတစ်ခုဖြစ်တဲ့ Rule 34 ကိုယူမှည့်ထားတာပါ။Rule 34 ဆောင်ပုဒ်ကတော့ " If it exist, there's a porn of it " တဲ့။ စိတ်ဝင်စားရင်တော့ Rule 34 အကြောင်းကိုယ့်ဖာသာ သင်ယူလေ့လာနိုင်ပါတယ်။ ပညာရစရာတော့မရှိဘူးပေါ့။ ဒီရုပ်ရှင်ကို Rule 34 လို့ ဘာကြောင့်ပေးထားသလဲ အတိအကျအဖြေတစ်ခုတော့မရှိပါဘူး။ဒီရုပ်ရှင်ထဲမှာ ရှေ့နေတွေအနေနဲ့ သီအိုရီတွေပြောကြတဲ့အခါ ဖြစ်ပျက်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးခန်းတွေပါဝင်ပါတယ်။ ပညာရစေတဲ့ အပိုင်းလေးတွေပေါ့။ဆီမွန်က နေ့ဘက်ဆိုရင်တော့ အမျိုးသမီးဦးတည်အကြမ်းဖက်မှုတွေကို အဓိကဖြေရှင်းရတဲ့ အစိုးရရှေ့နေကျောင်းသူတစ်ယောက်ပါ။ ညဘက်မှာတော့ Chaturbate ကနေ အဖော်အချွတ်မယ်အဖြစ် Side Hustle လေးလုပ်တယ်ပေါ့လေ။ ဒီနေရာမှာ ...
movie

[18+] Rule 34 (2022)

2022
Leila’s Brothers (2022) 7.9
Leila’s Brothers (2022) Leila's Brothers (2022)~ IMDb - 7.9/10, Rotten Tomatoes - 86% ~ဒီတစ်ခေါက်မှာတော့ မိသားစု Vibe ကို အပြည့်ပေးစွမ်းနိုင်မယ့် အီရန်ကားတစ်ကား တင်ပေးလိုက်ပါတယ်။ မိသားစုဇာတ်လမ်းလို့ ပြောလိုက်ရင် တော်တော်များများက ပျင်းဖို့ကောင်းတယ်လို့ထင်ကြမှာပါ။ ဒါပေမဲ့ အီရန်ကားတွေထုံးစံအတိုင်း တကယ်လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့ အိမ်တွင်းရေးအရှုပ်အရှင်းတွေ၊ ဖြစ်ချင်ဇောနဲ့ လူငယ်တွေကိုလိုက်ပြီး အတင်းအကြပ်ချုပ်ချယ်တတ်တဲ့ လူကြီးတွေရဲ့ အတ္တစိတ်၊ ပတ်ဝန်းကျင်အခြေအနေကြောင့် လုပ်ချင်ရာလုပ်ပြီး ကိုယ့်အတွက်ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တော့မှ လွယ်လွယ်နဲ့လက်မြောက်အရှုံးတတ်တဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့ မိုက်မဲမှုတွေကို ပေါ်လွင်အောင် ရိုက်ကူးပေးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ သိပ် မ Spoil တော့ပါဘူး။ နာမည်အတိုင်း လိုင်လာဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကိုအခြေခံရိုက်ကူးထားပါတယ်။ လိုင်လာ့မှာ မိသားစုဝင် မိသားစုဝင်ခုနစ်ယောက်ရှိပါတယ်။ သူ့အစ်ကို အကြီးနှစ်ယောက်ကလည်း အလုပ်လက်မဲ့ဖြစ်သွား၊ သူ့မောင်နှစ်ယောက်ကလည်း သုံးစားမရဖြစ်တဲ့အပြင်၊ သူမိဘနှစ်ပါးကလည်း အမျိုးတွေကြားမှာ မျက်နှာရအောင် ရရာကြံပြီး မိသားစုဂုဏ်ကိုပြိုင်လုကြတာကို အီရန်ကားတစ်ကား ...
movie

Leila’s Brothers (2022)

2022
The Hunter (2011) 6.7
The Hunter (2011)  Rotten tomatoes - 72% IMDb - 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာ‌တာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, ...
movie

The Hunter (2011)

The Baker (2022) 5.9
The Baker (2022) Hellboy ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Ron Perlmanရဲ့ 2022ထွက် အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ​ဇာတ်လမ်းက မုန့်ဖုတ်သမားကြီးဆီကို သူနဲ့စကားမပြော အဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သူ့သားက တစ်ရက်မှာရောက်လာပြီး သူ့​ကလေးကို ခဏကြည့်ပေးထားဖို့တောင်းဆိုလာပါတယ်။သူ့မှာ မြေးမလေး ရှိနေမှန်းတောင်မသိနေခဲ့တဲ့ မုန့်ဖုတ်သမားကြီးက စကားလုံးဝမပြောတဲ့ မြေးမလေးကို ကြည့်ထားပေးလိုက်ပါတယ်။ သားဖြစ်သူက မူးယစ်ဂိုဏ်းတစ်ခုနဲ့ ပတ်သတ်မိပြီး ပျောက်ဆုံးသွားတဲ့အခါမှာ သားဖြစ်သူကိုလည်း ရေဆုံးမိုးဆုံး လိုက်ရှာရင်း မြေးမလေးကိုလည်း အန္တရာယ်ကလည်း ကာကွယ်ပေးရင်းနဲ့ ဘယ်လိုသံယောဇဥ်ဖြစ်သွားမလဲကြည့်ရမှာပါ။ အက်ရှင်ခန်းတွေလည်း များစွာပါဝင်ပြီး family ကြည့်လို့လည်းသင့်တော်ပါတယ်။ဇာတ်လမ်းလေးကပဲ ဆွဲခေါ်သွားမှာဆိုတော့ အများကြီးညွှန်းနေစရာမလိုလောက်ဘူးထင်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

The Baker (2022)

How Do You Know(2010) 6.7
How Do You Know(2010) How Do You Know(2010)*********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာအသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle ...
movie

How Do You Know(2010)

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
4:4:44(2022) 6.7
4:4:44(2022) 4:4:44(2022)************ 1944ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ချစ်သူနှစ်ဦးလက်ထပ်ခဲ့ကြတယ်။ ဒီချစ်သူနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦးအရမ်းကိုချစ်ခင်ကြပြီး မိဘချင်းကလည်းရင်းနှီးတဲ့အတွက် သူတို့နှစ်ဦးရဲ့အနာဂတ်ဟာလှပနေခဲ့တယ်။ ဒါပေမယ့်အငြှိုးရှိသူတစ်ယောက်ကြောင့် ဇနီးသည်ဖြစ်သူ သရီစာဟာ အဲ့ဒီနေ့မှာပဲခဲဆိပ်သင့်ကာ ဦးနှောက်ကစဉ့်ကလျားရောဂါရသွားပါတယ်။ နောက်ဆုံးထွက်သက်အထိ အတူရှိသွားပါ့မယ်လို့ကတိပေးထားတဲ့ ဟီလာရီဟာ ဇနီးသည်အပေါ်မငြိုမငြင်ပြုစုရင်းနဲ့ အခက်အခဲများစွာကြုံလာတဲ့အခါမှာတော့... အဲ့ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းပြီး သူတို့နှစ်ဦးရဲ့ချစ်ခြင်းတွေက ဘယ်လောက်ထိခိုင်မာလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။      File size…1,6GB& 816MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 51min Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by  Aung Paing Phyoe
movie

4:4:44(2022)

[18+]Crazy Love(1993)
[18+]Crazy Love(1993) [18+]Crazy Love(1993)*********************ဒီတစ်ခါမှာတော့ တရုတ်အချစ်ဟာသ 18+ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ အားကျန်းဆိုတဲ့ကောင်မလေးဟာအမေရိကန်မှာပညာသင်ဖို့ အိမ်ကထွက်လာရင်း စိတ်ပြောင်းလဲသွားခဲ့ပြီး သူ့ရည်းစားဆီပြန်သွားခဲ့ပါတယ် ..သူ့ရည်းစားဟာ နောက်မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာတွေ့တဲ့အချိန်မှာတော့ အားကျန်းဟာ အိမ်လည်းမပြန်ဖြစ်ပဲခြေဦးတည့်ရာလျှောက်သွားမိပါတော့တယ် အားကျန်းဟာတစ်ယောက်တည်း သွားလာရင်း မသမာသူတွေနဲ့တွေ့ရာမှာလည်း မိန်းမမာယာသုံးပြီး ပညာပေးနိုင်ခဲ့တယ် ဒီလိုနဲ့ပဲ အားကျန်းဟာ ဒေးဗစ်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးအတူနေထိုင်ခဲ့ကြတယ် အားကျန်းဟာ နဂိုတည်းက ပွင့်လင်းစွာနေထိုင်တဲ့သူဖြစ်ပါတယ် ...သူဟာတခြားယောကျာ်းလေးတွေနဲ့ပတ်သက်ခဲ့မိလို့ ဒေးဗစ်တစ်ယောက် သဝန်တိုမိပြီး ခဏခဏပြဿနာတွေဖြစ်ခဲ့ကြတယ်...အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ တည်မြဲပါ့မလား ပြိုကွဲသွားမလားဆိုတာကိုတော့ဘဆက်လက်ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်...မိန်းမတစ်ချို့ရဲ့မာယာတွေ သူတို့ရဲ့စိတ်ကခံယူချက်တွေကို အထူးလေ့လာမှတ်သားသင်ယူသင့်တဲ့ကားလေးပါပဲ(မှတ်ချက်။ ။ 18+အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး)File Size : (800 MB) and (300 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:17:00 Genre :  Adult ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

[18+]Crazy Love(1993)

[18+]Big-Chested Girlfriend (2018)
[18+]Big-Chested Girlfriend (2018) [18+]Big-Chested Girlfriend (2018)***********************************တက်တူးနဲ့ကွီးယားမမကိတ်ပါတဲ့အတွက်တက်တူးအလှအပတတွေတဝကြီးခံစားရမှာပါ.. မင်ဂျယ်ဟာ မကြာခင်မှာ လက်ထပ်တော့မယ့် သူ့ချစ်သူ ဆူဟီးကိုဖခင်ဖြစ်သူနဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ဒါပေမယ့် ရုတ်တရက် မင်ဂျယ်ဟာဆူဟီကို အဆက်အသွယ်မလုပ်ဘဲ နှစ်ယောက်သား လမ်းခွဲလိုက်ကြပါတော့တယ်အဲ့ဒီအချိန်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆူဟီးကသူငယ်ချင်းဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် အလုပ်ရသွားခဲ့ပါတယ် တစ်နေ့မှာ ဆူဟီးအလုပ်လုပ်တဲ့နေရာကို မင်ဂျယ်ရဲ့အဖေ ရောက်ရှိလာခဲ့ပါတယ်မင်ဂျယ်ကလည်း ဆူဟီးနဲ့ ပြန်လည်အဆင်ပြေချင်လိုဆက်သွယ်လာခဲ့တဲ့အခါ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေးက ဘယ်လိုတွေဆက်ဖြစ်လာမလဲFile size…638MB Quality… WEB-DL720p Format…mp4 Duration….1hr 05min Genre ….. Adult , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD
movie

[18+]Big-Chested Girlfriend (2018)

John and the Hole (2021) 5.2
John and the Hole (2021) John and the Hole (2021) ===================ဒီဇာတ်ကားကို လူစိတ်ဝင်စားနေကြတာ တော်တော်များနေကြတယ်။ ဖြစ်ချင်ရာ ဖြစ်တဲ့ လောကကြီးထဲက ကိစ္စရပ်တစ်ခုပဲပေါ့။ မိသားစုကို မရ ရတဲ့နည်းနဲ့ စွန့်ပစ် ခဲ့တဲ့ လူမမည် ကောင်လေးတစ်ယောက်ရယ်၊ သမီးလုပ်သူကို တာဝန်မဲ့စွာ စွန့်လွှတ် ထားပစ်ခဲ့တဲ့အမေရယ်။ လောကကြီးက ရယ်ရတယ်‌ဗျ။ သူ့ချိုချဉ်ကို ဝိုင်းလုနေကြတဲ့ လူ‌ဆိုးလေးတစ်သိုက်ကိုတော့ အနာခံပြီး ချိုချဉ်မပေးခဲ့တဲ့ ကောင်မလေးက သူ့ကို ကူညီရင်း အရိုက်ခံ ဝိုင်းသေးပန်းခံလိုက်ရတဲ့ ကောင်လေးကိုတော့ ရက်ရက်ရော ရောကြီး သွားပေးနေပြန်ရော။ စတီဖင်ချောင်ရဲ့ဇာတ်ကားပြောပါတယ်။အခုလည်းပဲ လာမယ့်ဘေး ပြေးတွေ့ပြီး ဘာပဲဖြစ်ဖြစ် မကြောက်ဘဲ အမေ၊ အဖေနဲ့ အစ်မကို တွင်းကြီးထဲ ပစ်ချခဲ့တဲ့ကောင်လေး။ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ နေချင် တယ်။ လူကြီးတစ်ယောက်လို လုပ်ချင်ရာလုပ်ပြီး ‌ဘဝကိုဖြတ်သန်းချင်တယ်။ လွတ် လပ်မှုကို ရချင်တဲ့ ၁၃ နှစ်သား။ကောင်မလေးကတော့ သူ့ကို ပိုက်ဆံတစ်နှစ်စာပေးပြီးစွန့်သွားတော့မယ့် အမေကို အတင်းဖက်တွယ်လို့ အမေနဲ့ နေရပါမယ့်အကြောင်း တောင်းပန်တိုးလျှိုးနေပြန်ရော။ နင်လုပ်ချင်တာလုပ်၊ နင့်ဆုံးဖြတ်ချက်နဲ့နင်။ ဒါပေမဲ့ သူကတော့ ...
movie

John and the Hole (2021)

2021
Vidyarthi (2023) 9.1
Vidyarthi (2023) Vidyarthi (2023)ဒီဇာတ်ကားက IMDb 9.1 ရထားတဲ့ ဇာတ်ကားဖြစ်ပြီး လုံးဝလက်မလွှတ်တန်းကြည့်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။တက္ကသိုလ်တက်စဉ်က ရတဲ့ Vibeမျိုးလည်း ရပြီးတော့ အစပိုင်းမှာပေါ့ပေါ့ပါးပါးလေးနဲ့ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ချိုင်တန်ညာဟာ အရွယ်လွန်မှ စိုက်ပျိုးရေးမေဂျာသင်ဖို့အတွက် ကောလိပ်တတ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတက်တဲ့ကောလိပ်မှာတော့ မျိုးရိုးအဆင့်အတန်းခွဲခြားတတ်ပြီးတော့ မျိုးရိုးနိမ့်တဲ့သူတွေကို အနိုင်ကျင့်ပြီး မတူမတန်ဆက်ဆံတဲ့သူတွေရှိနေပါတယ်မျိုးရိုးမြင့်တဲ့ အချောအလှလေး မဟာလက်ချ်မီးနဲ့ မျိုးရိုးနိမ့်တဲ့ ချိုင်တန်ညာတို့ တွေ့ပြီး ခင်ကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ..... လက်ခ်ျမီးရဲ့ အဖေ ဘူပါသီမှာလဲ သတ်ရတဲ့ထိ မုန်းတီး‌အငြိုးဖွဲ့နေတဲ့ ရန်သူတော်ဆက်သ်ရမ်ရှိနေပြီး သမီးရဲ့အသက်ကို ရန်ရှာဒုက္ခပေးလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ.... စတဲ့အချစ်အမုန်း ဇာတ်နိမ့်ဇာတ်မြင့် ရန်ငြိုးအာဃာတတွေနဲ့အတူ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM မှ Moon, Aditi, Alex နဲ့ ToMo တို့ပဲ ဖြစ်ပါတယ်) File size…2.3GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Aditi~ Alex ~ToMo
movie

Vidyarthi (2023)

2023
Jeanne du Barry (2023) 6.8
Jeanne du Barry (2023)  ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့.......  File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Jeanne du Barry (2023)

Dead Silence ( 2023 ) 5.7
Dead Silence ( 2023 ) ဒီရုပ်ရှင်လေးမှာ ပန်းပဲသမားလေးလုလီရဲ့ ကံဆိုးမှုတွေနဲ့ ရင်နင့်စရာတွေကို ခံစားရမှာဖြစ်ပါတယ်။ မင်္ဂလာဦးဇနီးလေး သေဆုံးသွားပြီးနောက် ဇာတိက ထွက်လာတဲ့ လုလီဟာ တိုက်ဆိုင်စွာနဲ့ ညခရီးသွားတစ်ဦးကို ဆရာတင်ခဲ့ပြီး လူအများက လေးစားရတဲ့ ညခရီးသွားတစ်ဦး ဖြစ်သွားခဲ့ပါတယ်။၇ နှစ်ကြာပြီးနောက် လုလီဟာ ဇာတိကို ပြန်ရောက်လာခဲ့ပြီး မိုးခေါင်ရေခန်းခြင်းကို ဖြစ်ပေါ်စေတဲ့ မိုးခေါင်မိစ္ဆာကို ဖြေရှင်းတဲ့အချိန်မှာ သူ့ဇနီးသေဆုံးရခြင်းရဲ့ အ ကြောင်းရင်းရဲ့ နောက်ကွယ်မှာ ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေတာ သိခဲ့ရပါတယ်။အမှန်တရားကို ရှာဖွေနေတဲ့ အချိန်မှာလည်း မိန်းကလေးတစ်ယောက်က သူ့အတွက်နဲ့ သေဆုံးသွားခဲ့ပါတယ်။ ရန်ငြိုးအဟောင်းနဲ့ အသစ်ပေါင်းစပ်ပြီးနောက် မိစ္ဆာကိုနှိမ်နင်းရတဲ့ ညခရီးသွားဆိုတာကို သူမလုပ်ချင်တော့အောင် ဖြစ်ခဲ့ရပါတယ်။လွန်ခဲ့တဲ့ ၇ နှစ်က ဘယ်လို ယုတ်မာမှုတွေ ရှိခဲ့တာလဲ...... မိစ္ဆာဆိုတာ မိစ္ဆာပဲဆိုပေမယ့် မိစ္ဆာထက် ကြောက်ဖို့ကောင်းတဲ့အရာက လူ့စိတ်ဖြစ်ကြောင်းကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Fantasy Runtime : 1h 38 ...
movie

Dead Silence ( 2023 )

The Heart of Suhita (2023) 8.6
The Heart of Suhita (2023) The Heart Of Suhita (2023) IMDb - 8.6/10မိုးအေးအေးမှာ အချစ်ဒရာမာအေးအေးလေးနဲ့ ခံစားကြည့်ရှုချင်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 8.6 ထိရရှိထားပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့မို့ အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း အာလင်နာဆူဟိတာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်း သိတတ်လိမ္မာပြီး ကိုယ့်ဖြစ်ချင်တာကိုလည်း ရအောင်လုပ်တတ်တဲ့သူတစ်ဦးပါ။ အိုင်အန်ဝါဆိုတဲ့ အစ္စလာမ်ဘော်ဒါကျောင်းမှာ ကြီးပြင်းခဲ့ရပြီး ဂုစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဂုစ်ဟာ အာလင်နာကို နည်းနည်းလေးမှတောင်စိတ်မဝင်စားပေမဲ့ နှစ်ဖက်မိဘရဲ့ပေးစားမှုကြောင့် နှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အာလင်နာဟာ ယောက္ခထီး ယောက္ခမတွေရဲ့ အချစ်ကိုရပေမဲ့ ခင်ပွန်းအချစ်မခံရတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်မှာလည်း ဂုစ်ဟာ ရန်းဂနစ်ဆိုတဲ့ကောင်မလေးကိုသာ စိတ်ဝင်စားနေတဲ့အခါ... ရှေ့ဆက်သူတို့‌တွေဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်အိမ်ခိုင်မာပြီး ငြိမ့်ငြိမ့်လေးနဲ့ အဆုံးထိဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Alex~KKKZ~ToMo~Cherry တို့ပဲဖြစ်ပါတယ်။) File size…1.99GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon~Alex~KKKZ~ToMo~Cherry
movie

The Heart of Suhita (2023)

2023