Channel Myanmar

Family

F3: Fun and Frustration (2022) 5.1
F3: Fun and Frustration (2022) ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။  File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie

F3: Fun and Frustration (2022)

2022
The Wolf and the Lion (2021) 6.0
The Wolf and the Lion (2021) မိသားစုနဲ့ကြည့်လို့ရပြီး တိချစ်သူတွေ သဘောကျစေမယ့် ကားကောင်းပါ။ အယ်မာဆိုတဲ့ ‌ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ထဲကို လေယာဉ်ပျက်ကျပြီး ဆပ်ကပ်ပိုင် နှင်းမြေခွေးလေးနဲ့ ခြင်္သေ့ပေါက်လေးရောက်လာပါတယ်။ နှင်းမြေခွေးလေးက မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်ဖြစ်ပြီး ‌တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်ရှာနေတာဖြစ်ပါတယ်။ခြင်္သေ့ပေါက်လေးဟာလည်း ဆပ်ကပ်ပိုင်ဖြစ်ပြီး ဆပ်ကပ်အဖွဲ့က အပူတပြင်းလိုက်ရှာနေတာပါ။ သူတို့ နှစ်ယောက်ကို အယ်မာဟာ သံယောဇဉ်တွယ်သွားပြီး ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကနေဒါနိုင်ငံရဲ့ တောအုပ်ကြီးထဲမှာ ရိုက်ကူးထားပြီး သဘာ၀ရှုခင်းရိုက်ချက်တွေလည်း အရမ်းလှပါတယ်။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်) File size…(2.5GB)/(1.3GB)/(800MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Adventure/ Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing
movie

The Wolf and the Lion (2021)

JugJugg Jeeyo (2022) 7.4
JugJugg Jeeyo (2022) Jug Jugg Jeeyo (2022) Comedy, Drama, Family IMDb 7.7/10 (29K)ဒီဇာတ်ကားလေးကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယကားတွေနဲ့ မတူဘဲ အေးအေးလေးနဲ့ ဇာတ်ကို ဆွဲခေါ်သွားမယ့် မိသားစုကားလေးပဲ ဖြစ်ပါတယ်..အဲ..မိသားစုကားဆိုပြီး ကြည့်ကောင်းမှာမဟုတ်ဘူးလို့ စိတ်မပူနေကြနဲ့နော်..ဟာသလေးနှောထားလို့ မြူးမြူးကြွကြွလေးနဲ့ ထိုင်ရယ်နေရမှာနော်...မင်းသားအနေနဲ့ကလည်း ပရိသတ်အချစ်တော် မင်းသားလေး ဗာရွန်းဆိုတော့ သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုတော့ပါဘူးမင်းသမီးလေးက ကီယာရာလေးဆိုတော့ သူမရဲ့လှပတဲ့ ရူပါအဆင်းကိုပါ ဆွဲငြိခံစားရမှာဖြစ်ပါတယ်...မင်းသားကြီးအနီလ်ကပူးလည်း ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်က ပိုလို့ကြည့်ကောင်းခဲ့ပါတယ်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ပြည်ပရောက်ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိတော့လို့ ကွာရှင်းဖို့ဖြစ်လာပါတယ်...အမိမြေမှာ လင်ယောက်ျားရဲ့ညီမဖြစ်သူ မင်္ဂလာပွဲရှိတော့ မင်္ဂလာပွဲပြီးတဲ့အထိ သူတို့ကွာရှင်းမှာကို လူကြီးတွေကို အသိမပေးဘဲ နေခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...ဖြည်းဖြည်းချင်း ညှိနှိုင်းကြမယ်ပေါ့ လူကြီးတွေလည်း စိတ်မညစ်ရအောင် စီစဉ်ကြမယ်ပေါ့...ဒါပေမဲ့ သူတို့ထင်မထားခဲ့မိတာက လင်ယောက်ျားရဲ့ ဖခင်ဖြစ်သူကပါ တိတ်တိတ်ပုန်းလေး ရည်းစားထားပြီး မင်္ဂလာပွဲပြီးတာနဲ့ မိန်းမဖြစ်သူကိုကွာရှင်းပြီး သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေလေတဲ့အခါ...ကိုယ့်ကိစ္စ သူမသိ..သူ့ကိစ္စကိုယ်ဖြေရှင်းရင်း အခက်အခဲလေးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ...ဖြစ်လာမယ့်အလွဲလေးတွေကို ပါးစပ်မပိတ်တမ်း ရယ်ရမယ့်အပြင် နောက်ဆုံးပိုင်းလေးတွေမှာလည်း ခံစားချက်တွေ တပြုံကြီးနဲ့ ရသတွေပေးသွားမှာမို့ ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်ကြတာရှိမယ် အဆင်မပြေမှုတွေများစွာရှိလိမ့်မယ်.. အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှ ...
movie

JugJugg Jeeyo (2022)

2022
Z-O-M-B-I-E-S 3 (2022) 5.5
Z-O-M-B-I-E-S 3 (2022) Z-O-M-B-I-E-S 3 (2022)Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ်တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 2.3GB, 1GB & 528MB Quality : ...
movie

Z-O-M-B-I-E-S 3 (2022)

2022
2037 (2022)
2037 (2022) 2037 (2022)အကျဥ်းထောင်ထဲကဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် လတ်တလောထွက်ရှိထားတဲ့ "2037" ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအညွှန်း ...၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်။ ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့် မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်။ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်။ မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် "နစ်နာသူ" ကနေ "လူသတ်သမား" ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။အကျဥ်းထောင်ထဲမှာ "ယွန်းယောင်း" ဆိုတဲ့နာမည်အစား "၂၀၃၇" ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့ ကောင်မလေးကို ဇာတ်လမ်းကိုယ်စီရှိကြတဲ့ အကျဥ်းခန်းအဖော်တွေက ဘယ်လိုလက်ကမ်းကူညီပေးကြမလဲဆိုတာ ဒီကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။(အညွှန်းကိုတော့ က Ei Phyu Khin ရေးပေးထားပါတယ်)File Size : 2.6GB, 902MB, 418MB Quality : ...
movie

2037 (2022)

Family Camp (2022) 5
Family Camp (2022) Family Camp (2022)" ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့ အိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်... " တဲ့။အိမ်ဆိုတဲ့ပညတ်ဟာ ကိုယ့်စိတ်အတွက် အနွေးထွေးဆုံးနေရာတစ်ခုကို အစွဲပြုခေါ်ကြတဲ့ နာမည်ပဲမလား။ မိသားစုတွေ ပြေလည်တဲ့အခါ အိမ်ဟာနွေးထွေးလင်းလက်နေပြီး မိသားစုတွေ မပြေလည်တဲ့အခါ အိမ်ဟာ အေးစက်မှောင်မဲနေမှာပဲ။ ဒီရုပ်ရှင်ကတော့ မပြေလည်ကြတဲ့မိသားစုတွေကနေ နှလုံးသားတွေနွေးထွေးစေမယ့်အိမ်ဆီ သူတို့အလိုအရတော့ ဘုရားသခင်က အရိပ်ပြပေးပြီး သူတို့နှလုံးသားက ရှေ့ဆက်သွားရတဲ့အကြောင်းပေါ့။ မဟုတ်လည်း ဒီတိုင်း နှလုံးသားနဲ့ပဲ နွေးထွေးတဲ့အိမ်ဖြစ်အောင် ဘယ်လိုပြန်အသက်သွင်းကြမလဲ ကြည့်ကြရမှာပါ။ဒီရုပ်ရှင်ရဲ့အားသာချက်ကတော့ မိန်းဇာတ်လိုက်က မိသားစုနှစ်ခုပါ။ တစ်ခုက သိသိသာသာကို အိမ်ထောင်ရေးပြေလည်မနေတဲ့မိသားစု။ ဒုတိယတစ်ခုကတော့ လူရှေ့သူရှေ့မှာ ပြေလည်နေပြီး ဟန်ပဲရှိတဲ့မိသားစု။ ဒီမပြေလည်တဲ့ မိသားစုနှစ်ခုက လင်ယောက်ျားတွေဟာ စခန်းချခရီးတစ်ခုမှာတွေ့ကြရာက ပြေလည်တဲ့မိသားစုတစ်ခုဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲကြည့်ရမှာပါ။ ဒုတိယမိသားစုက အများအမြင်ပြေလည်နေပေမဲ့ အတွင်းထဲဗလောင်ဆူနေတဲ့ မိသားစုဆိုတော့ အပြင်ပန်းပြေလည်ခြင်းဟာ အပြင်ပန်းမပြေလည်ခြင်းထက် ပိုဆိုးတဲ့အခြေအနေတစ်ခုကိုတွန်းပို့ထားတာကိုလည်း ပြထားတယ်။ နောက် ...
movie

Family Camp (2022)

2022
Inubu: The Dog Club (2021) 6
Inubu: The Dog Club (2021) Inubu: The Dog Club (2021)~ MyDramaList - 7.5/10, IMDb - 6/10 ~ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ၂၀၂၁ ခုနှစ်ထွက် ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ခွေးချစ်သူဖြစ်ဖြစ် ကြောင်ချစ်သူဖြစ်ဖြစ် တိချစ်သူတိုင်းအတွက် ရင်ထဲရောက်စေမယ့် ကြည့်သင့်တဲ့အကြည်ဓာတ်ကားလေးဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့...တိုဝါဒါ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ဆေးကျောင်းသားဖြစ်သူ "ဟနိုင်း-ဆိုတ"ဟာ တိရစ္ဆာန်တွေကို အလွန်အမင်း ကရုဏာရှိတဲ့သူတစ်ယောက်ပါ။ သူတို့ကိုချစ်တဲ့စိတ်ကြောင့် တိမွေးကုဆရာဝန်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။၂၀၀၀ခုနှစ် နွေရာသီမှာ ဂျပန်ရဲ့ တိရစ္ဆာန်ဂေဟာတစ်ခုကနေ ခွေးတစ်ကောင်ကိုမွေးစားဖို့ သွားရင်းနဲ့ သူ့လိုပဲ ခွေးချစ်သူ သူငယ်ချင်းတွေရလာခဲ့ပါတယ်။ လေလွင့်ခွေးလေးတွေကို သူ့တိုက်ခန်းကျဉ်းထဲမှာစုမွေးထားပြီး သူငယ်ချင်းတစ်သိုက်က အတူတူစောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လမ်းပျောက်နေတဲ့ခွေးလေးတစ်ကောင်ကို သူ့ထုံးစံအတိုင်းကယ်လာခဲ့ပါတယ်။ အစကတော့ ဆေးကုပေးပြီး ပိုင်ရှင်လက်ထဲပြန်အပ်ဖို့ပါပဲ။ ဒါပေမဲ့ ပိုင်ရှင်က သူတို့ဆေးတက္ကသိုလ်ရဲ့သုတေသနဌာနက ပါမောက္ခကြီးမှန်းသိရတော့ ဟနိုင်းတွေ‌ဝေသွားပါတယ်။အကြောင်းရင်းကတော့ သုတေသနခန်းက ခွေးတွေဟာ ...
movie

Inubu: The Dog Club (2021)

2021
Peter Pan (2003) 6.8
Peter Pan (2003)   အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77% File size…(2.17GB)/(1.2GB)/(875MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...adventure / Family / fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Peter Pan (2003)

What a Girl Wants(2003) 5.8
What a Girl Wants(2003)  ဒက်ဖနီဆိုတဲ့ကောင်မလေးက ငယ်စဉ်ကတည်းက အဖေ့ကိုတွေ့ဖို့မျှော်လင့်ရင်းကြီးပြင်းလာခဲ့ရသူပါ သူ့အဖေနဲ့အမေကတော့ အဆင့်အတန်းကွာခြားမှုတွေကြား ဝေးကွာသွားခဲ့ရသူတွေပါ သူ ၁၇ နှစ်ပြည့်တော့ အဖေဖြစ်သူ တော်ဝင်မျိုးနွယ်အမတ်ဒက်ရှ်ဝုဒ်ကိုတွေ့ဖို့လိုက်လာခဲ့ပါတယ် သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံစံနဲ့ တော်ဝင်အနွယ်တို့ရဲ့ဣ​န္ဒြေကြီးမားတဲ့ပုံစံတွေကြား ကွာခြားမှုတွေ ကြောင့် သတင်းစာတွေထက်အတင်းအဖျင်းတွေပြောခံခဲ့ရတယ် အဖေ့မှာစေ့စပ်ထားသူတစ်ယောက်ရှိနှင့်နေပြီး သူ့မှာကလည်းသမီးတစ်ယောက်ရှိနေပါတယ်သူတို့ကလည်းစင်ဒရဲလားပုံပြင်လေးလိုပဲ ဒက်ဖနီအပေါ်အကွက်ချမကောင်းကြံပြီး အမေရိကန်ဆီပြန်ပို့ချင်နေတာပါ ဒက်ဖနီဟာ အဖေဖြစ်သူကိုချစ်တဲ့စိတ်ကြောင့် သူ့ကိုယ်သူပြောင်းလဲရင်း ချစ်ရသူအီရန်နဲ့လည်းဝေးသွားခဲ့ရတယ် တဖြည်းဖြည်းချင်းအဆင်မပြေမှုတွေကြားသည်းခံနေရရင်း သူ့ဘဝအမျှော်လင့်ဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့တွဲကဖို့ကို အမေပါသမီးကလာဆီရာကလုသွားတာမြင်လိုက်ရချိန်မှာ သူသည်းမခံနိုင်တော့ပါဘူး သူနဲ့ ချစ်သူအီရန်ပြန်ပေါင်းထုပ်နိုင်မလား ဖခင်ဒက်ရှ်ဝုဒ်ကရော သမီးနဲ့ဂုဏ်ဒြပ်တွေကြားဘာကိုရွေးချယ်မလဲ ဒက်ဖနီလိုချင်ခဲ့ရတဲ့အိပ်မက်တွေကိုရော တကယ်ရလာပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ File size…(2.14GB)/(1.11GB)/(571MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Comedy, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw
movie

What a Girl Wants(2003)

Matilda (1996) 6.9
Matilda (1996) Matilda (1996)Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ်မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ ...
movie

Matilda (1996)

1996
The Rugrats Movie (1998) 5.9
The Rugrats Movie (1998)  ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်  File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni   
movie

The Rugrats Movie (1998)

1998
A Genie’s Tail (2022) 5.3
A Genie’s Tail (2022)  A Genie's tail မျက်လှည့်ပညာကိုစိတ်၀င်စားတဲ့ Drew ဟာသူ့၁၁နှစ်ပြည့်မွေးနေ့မှာ ခွေးလေးတစ်ကောင်ကိုလက်ဆောင်ရပါတယ်။တစ်နေ့မှာတော့ ခွေးလေးကပန်းခြံထဲမှာမြေကြီးကိုတူးရင်း Genie မီးခွက်လေးကိုရှာတွေ့လိုက်ပါတယ်။မီးခွက်ထဲမှာ Genie ၂ ယောက်ရှိနေပြီး တစ်ယောက်က ခွေးရဲ့ကိုယ်ထဲမတော်တဆ၀င်သွားပြီး နောက်တစ်ယောက်နဲ့လူချင်းကွဲသွားပါတယ်။ခွေးဖြစ်သွားတဲ့ Genie ကသူ့သခင်ဖြစ်တဲ့ ဒရူးရဲ့ ဆုတောင်းတွေကိုပြည့်အောင်လုပ်ဖို့ကြိုးစားရာကနေ တလွဲတွေဖြစ်လာပြီး ပုံမှန်အတိုင်းဖြစ်အောင် လုပ်ဖို့သူငယ်ချင်းတသိုက် စွန့်စားခန်းထွက်ကြပါတယ်။မိသားစုလိုက်ပျော်ပျော်ပါးပါးကြည့်နိုင်မယ့် Magic တွေပါတဲ့ကားလေးပါ။ခွေးလေးကလည်းချစ်စရာကောင်းပြီး သေချာလေ့ကျင့်ပေးထားပါတယ်။နာမည်ကြီး YouTuber Jake Paul လည်းပါ၀င်ထားပါတယ်။ File size…(2.4GB)/(1.09Gb)/(735Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre...Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

A Genie’s Tail (2022)

Piggyback (2022) 4.5
Piggyback (2022) Piggyback (2022)Piggyback ဆိုတာကတော့ ကျောပိုးတာကို ပြောတာပါ။ အဖေက သားကို ကျောပိုးထားတာ ဆိုတော့ သားအဖ မေတ္တာအကြောင်းပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ..... တံငါရွာလေးမှာနေထိုင်တဲ့ သားအဖအကြောင်းလေးကို သဘာဝဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ အသက်ကြီးမှမွေးတဲ့သားလေးကို မိခင်မရှိဘဲ ဖအေတစ်ယောက်တည်း ပျိုးထောင်ရင်းနဲ့ ပိုင်ဆိုင်တဲ့လှေလေးကိုပါ မဆုံးရှုံးအောင် ကြိုးစားတဲ့ နိုမာရဲ့အဖေနဲ့... အသက်ငယ်ပေမဲ့လည်း သိတတ်ပြီး ထက်မြက်တဲ့ နိုမာဆိုတဲ့ကောင်လေးရယ်... အသက် ၂၄ နှစ်ကွာတဲ့ တရုတ်မလေးကိုမှ တမ်းတမ်းစွဲဖြစ်နေတဲ့ နိုမာရဲ့ဦးလေး... သားအဖရဲ့ မေတ္တာ၊ ညီအစ်ကို သံယောဇဉ်တွေနဲ့ နိုမာတို့ သူငယ်ချင်း တစ်သိုက်တလွဲတွေလုပ်တာကို ဒရာမာချိုးရင်းနဲ့ ပြုံးမိစေမယ့် မိသားစုဟာသရုပ်ရှင်လေးကို ကြည့်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်ဖခင်ဖြစ်သူနေရာမှာ သရုပ်ဆောင်ထားတာကတော့ From now on Showtime မှ စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားတဲ့ Jung Joon Ho ပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Family Quality…. 1080p | 720p | 480p File ...
movie

Piggyback (2022)

2022
Toolsidas Junior (2022) 8.1
Toolsidas Junior (2022) Toolsidas Junior (2022) အညွှန်း ဒီတစ်ခါမှာတော့ အိန္ဒိယကားကောင်းတွေကိုပဲ စောင့်မျှော်ကြည့်ရှုတတ်တဲ့သူတွေအဖို့ အားကစားနဲ့ပတ်သက်တဲ့ ကားကောင်းလေးထပ်မံ ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားကတော့ ဘိလိယက်အားကစားကိုအခြေခံတဲ့ စနူကာကစားသမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးဇာတ်ကားဖြစ်တဲ့ "Dangal" တို့လို မိဘကတိုက်တွန်းလို့ မဖြစ်မနေ စလုပ်ရတာမျိုးမဟုတ်ဘဲ သားအဖကြားမှာရှိတဲ့ မေတ္တာကြောင့် ကိုယ်တိုင်ကိုက လိုလိုချင်ချင်နဲ့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပုံစံကို တွေ့မြင်ရမှာဖြစ်လို့ သားအဖကြားကအချစ်အပြင် ဆရာနဲ့တပည့်ကြားက ၅၂၈ မေတ္တာကိုပါ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ထိထိမိမိ ခံစားရမှာဖြစ်ပါတယ်။ "ငါ့သားအတွက်ပဲ ငါပြိုင်ပွဲဝင်နေတာ" လို့ကြွေးကြော်တတ်တဲ့ စနူကာကစားသမားတစ်ယောက်ဖြစ်သူ "တူလ်ဆီးဒက်စ်"၊ သူကြွေးကြော်သလိုပဲ သူပြိုင်သမျှပွဲတွေဆို မလွတ်တမ်းလိုက်စောင့်ကြည့်တတ်တဲ့ သူ့ရဲ့သားငယ်လေး "မီဒီ" ...၁၉၉၄ ခုနှစ် ပြိုင်ပွဲစဉ်မှာတော့ ကတိပေးထားသလို သူ့အဖေက ဆုဖလားကို မရယူနိုင်တဲ့အကြောင်းရင်းဟာ ပြိုင်ဖက်ဖြစ်သူက ၅ နှစ်ဆက်တိုက်ချန်ပီယံဖြစ်နေတဲ့ "ဂျင်မီ တန်ဒန်" ရဲ့စနက်ဆိုတာကို မီဒီလေးသိသွားတဲ့အခါ ...သူကိုယ်တိုင် အဖေဖြစ်သူအတွက် ဆုဖလားယူပေးချင်စိတ်တွေဖြစ်ပေါ်လာပြီး "တူလ်ဆီးဒက်စ် ...
movie

Toolsidas Junior (2022)

2022
Jessie and the Elf Boy (2022) 6.5
Jessie and the Elf Boy (2022) Jessie and the Elf Boy (2022) ===================== IMDb Rating - 6.5/10ဒီဇာတ်လမ်းက Hair Stylist တစ်ယောက်ဖြစ်ချင်တဲ့ ဂျက်စီနဲ့ နတ်သူငယ်လေးတစ်ယောက် တွေ့ဆုံမှုအကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစ တောအုပ်ထဲမှာ လမ်းပျောက်နေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဂယ်လီဒူဆိုတဲ့ နတ်သူငယ်လေးနဲ့ တွေ့ခဲ့ကြပါတယ်။ နောက်တော့ သူတို့နှစ် ယောက်ကအခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားပြီး တောအုပ်ထဲမှာ အမြဲတမ်း ကစားလေ့ရှိပါတယ်။တစ်နေ့ ကောင်မလေးတို့ မိသားစုက မြို့တစ်မြို့ကို ပြောင်းသွားတော့ ဂယ်လီဒူတို့ သူငယ်ချင်းနှစ်ယောက် ဝေးကွာသွားကြပါတော့တယ်။ ဂယ်လီဒူတစ်ယောက်အချိန်နဲ့ အမျှ စောင့်စားရင်း ကောင်မလေးကို ရှာဖို့ မြို့ကိုတက်သွားပါတော့တယ်။ မြို့ထဲမှာ ဂျက်စီနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲ၊ ငယ်ငယ်လေးက ကစားဖော်ကောင်မလေးနဲ့ နတ်သူငယ်လေးတို့ ပြန်လည်ဆုံ‌တွေ့ကြမလားဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size - (1.15 GB) / (600 MB) Quality – Web-Rip 1080p / 720p Duration - 1Hr 23mins Subtitle – ...
movie

Jessie and the Elf Boy (2022)

2022
Dakota (2022) 5.2
Dakota (2022) Dakota(2022)ခွေးချစ်သူတို့အတွက် 2022 ခုနှစ်ထွက် ဇာတ်လမ်းကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်လောလောလတ်လတ် ရှေ့တန်းမှာ ယောကျာ်းကို ဆုံးရှုံးလိုက်ရတဲ့ “ကိတ်စလင်ဒါ”ဟာ သူ့သမီးလေး “အဲလက်စ်”နဲ့အတူ ဂျော်ဂျီယာပြည်နယ်က မိသားစုပိုင် မွေးမြူရေးခြံမှာ နေပါတယ်ကိတ်ဟာ မွေးမြူရေးခြံအလုပ်အပြင် မီးသတ်တပ်ဖွဲ့မှာပါ လုပ်အားပေးအဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါအဲဒီမြို့က နယ်ထိန်းရဲ “ဂျက်”ကတော့ ကိတ်တို့ခြံရဲ့ လျှို့ဝှက်ချက်ကို သိထားပြီး အဲဒီအဖိုးတန်မြေကို အပိုင်ရဖို့ ကြိုးစားနေသူပါအဲဒီလို အခြေအနေမှာ ကိတ်ရဲ့အမျိုးသားဖြစ်သူနဲ့ ရှေ့တန်းမှာ တာဝန်အတူတူ ထမ်းဆောင်ခဲ့တဲ့ စီဂျေက “ဒါကိုတာ” ဆိုတဲ့ ခွေးလေးနဲ့အတူ ရောက်လာပါတယ်ကိတ်ရဲ့သမီး အဲလက်စ်နဲ့ ရှေ့တန်းပြန်ခွေးလေး “ဒါကိုတာ” တို့ မွေးမြူရေးခြံရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုဖော်ထုတ်ကြမလဲ အကျင့်မကောင်းတဲ့ နယ်ထိန်းရဲကို ဘယ်လို ပညာပေးကြမလဲဆိုတာကို ကြည့်ရှူအားပေးလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Family Quality….1080p | 720p| 480p File size…1.43GB | 774MB | 289MB Format…mp4 Duration…. 1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... ...
movie

Dakota (2022)

2022
A Turtle’s Tale: Sammy’s Adventures (2010) 6.0
A Turtle’s Tale: Sammy’s Adventures (2010) A turtle's tale: Sammy's adventures (2010) ==================================================== လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ "လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ"တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။    ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ "Count on me" နဲ့ "Talking to the moon", Michael Jackson cover ...
movie

A Turtle’s Tale: Sammy’s Adventures (2010)

2010
Where Is Anne Frank (2022)
Where Is Anne Frank (2022)   Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ...
movie

Where Is Anne Frank (2022)

Sneakerella (2022) 4.2
Sneakerella (2022) Sneakerella (2022) ===============ဒစ်စနေးရဲ့ ဂီတ ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ သီချင်းတွေနဲ့ စကားပြောလှလှလေးတွေရယ် ဇာတ်လမ်းကောင်းလေးရယ်နဲ့ တန်ဆာဆင်ထားတာပါပဲ။ သရုပ်ဆောင်အကုန်လုံးလည်း ချစ်ဖို့ကောင်းပါတယ်။ ကြည့်ရင်းတစ်ချိန်လုံးပြုံးနေရမယ့် ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းနာမည် စနိကရဲလားဆိုတာ စင်ဒရဲလားရဲ့ ခေတ်သစ်ပုံပြင်အနေနဲ့ ရိုက်ထားတာပါ။ ဖန်ဖိနပ်လေးအစား စနိကာလေးတစ်ရံ ဖြစ်လာပြီး မင်းသမီးလေးက ဆင်းရဲသားလေးကို လိုက်ရှာရတဲ့ ဇာတ်လမ်းလေးပေါ့။ အဲလ်ဆိုတဲ့ ကောင်လေးဟာ စနိကာဖိနပ်တွေကိုအရမ်းချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ အမေဆုံးပါးသွားပြီးနောက်မှာ ပထွေးဖြစ်သူရယ်၊ ပထွေးရဲ့သားနှစ်ယောက်ရယ်နဲ့ ဖိနပ်ဆိုင်လေးမှာ အနှိမ်ခံဘဝနဲ့ ဆက်အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာအောင်မြင်တဲ့ဖိနပ်ဒီဇိုင်နာဖြစ်ရမယ့် အိပ်မက်တွေရယ် ဖိနပ်ဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးတစ်အုပ်ရယ် ရှိနေတာပေါ့။ တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် ကောင်မလေးတစ်ယောက်နဲ့ တွေ့မိလာတဲ့အခါမှာ... ငြိမ့်ငြိမ့်မြူးမြူးလေးနဲ့ကြည့်ရမယ့် Disney movie ကောင်းလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - (2.4GB) / (1.13 GB) Quality – Web-Rip 1080p / 720p Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre ...
movie

Sneakerella (2022)