Channel Myanmar

Family

The Karate Kid Part III(1989) 5.3
The Karate Kid Part III(1989)  ဒီကားလေးကတော့ Karate Kid Trilogy ရဲ့ နောက်ဆုံးကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီကားမှာထူးခြားတာက တချို့ကားတွေလို မင်းသားက သိုင်းကောင်းကောင်း မတတ်ပေမဲ့ စိတ်ဓာတ်ခိုင်မာတဲ့ပုံစံမျိုးမဟုတ်ပါဘူး အပြင်မှာဖြစ်နိုင်တာတွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့ သိုင်းကားတွေလို ဂျွမ်းထိုးမှောက်ခုံပျံတက်ပတ်ချ မပါပေမဲ့ ရပ်ကွက်တွေတို့ လမ်းတွေတို့မှာ ဖြစ်ရင်ချမဲ့အကွက်တွေကို ပီပြင်အောင်ရိုက်ပြသွားတာပါ ကရာတေးကို တီးမိခေါက်မိရှိတဲ့သူတွေအတွက်ကတော့ တကယ့်ကိုရွှေပါပဲဗျာ အဲဒါအပြင် လူတစ်ယောက်ရဲ့ အမှန်တကယ်စွမ်းအားက အဲဒီလူတစ်ယောက်ရဲ့ကိုယ်တွင်းမှာပဲဖြစ်တာကို သေချာလေးထုတ်ဖော်ပြသသွားတာပါ တကယ်ဖြစ်ချင်တဲ့စိတ်ရှိရင် လူစွမ်းနိုင်တဲ့ဘယ်အလုပ်မဆို လုပ်နိုင်တယ်ဆိုတာလေးပါပြသခဲ့တာပါ ကျွန်တော်တို့သာ ရချင်တဲ့စိတ် တကယ်ပြင်းပြရင် ကျွန်တော်တို့လိုချင်နေတဲ့အရာကြီးဟာ တစ်နေ့မှာတော့ မလွဲဧကန်ရနိုင်မှာပါခင်ဗျာ ဇာတ်လမ်းအကျဉ်း ပထမဆုံးကားမှာ ဂျွန်ခရိစ်ရဲ့ ကော်ဘရာကိုင်က ဗိုလ်လုပွဲမှာရှုံးနိမ့်သွားပြီး ဂျွန်ခရိစ်ကလည်း သူ့သင်တန်းသား ဂျွန်နီလောရန့်ကို အကြမ်းဖက်လိုက်တဲ့အတွက် သူ့သင်တန်းမှာ ၉လလုံးလုံး သင်တန်းသားတစ်ယောက်မှလာမတက်တာနဲ့ သူလည်း စီးပွားပျက်ပြီး‌တော့ စစ်ပွဲတုန်းက သူအသက်ကယ်ပေးလိုက်လို့ သူ့ကို စပွန်ဆာပေးထားတဲ့ ဆေးဗားဆီကိုရောက်သွားပါတော့တယ် ဆေးဗားကလည်း သူ့သူငယ်ချင်းကိုထိတော့ လက်စားချေချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာတာနဲ့ပဲ ...
movie

The Karate Kid Part III(1989)

The Karate Kid Part II (1986) 6.1
The Karate Kid Part II (1986)  ဒီတစ်ခါ တောင်းဆိုထားတဲ့ ပရိသတ်ကြီးအတွက် Karate Kid Part 2 လေးတင်ဆက်ပေးလိုက်ပါတယ် အရင်ကားကို ကြည့်ပြီးတဲ့သူတိုင်း မစ္စတာမီရာဂီရဲ့ ခုခံဖို့သာအဓိကဆိုတဲ့ ကရာတေးကို ဒီကားထဲမှာလည်းဆက်လက်တင်ဆက်ပြခဲ့တာပါ ဒါပေမဲ့ နည်းနည်းလေးတော့ ပြောင်းလဲခဲ့တာပေါ့လေ ဇာတ်လမ်းအကျဉ်း ဒန်နီရယ်က ဗယ်လီဒေသပေါင်းစုံပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်သွားပြီး ဂျွန်နီကတော့ ဒုတိယနဲ့မကျေမနပ်ဖြစ်ခဲ့ရတာပေါ့ ဒန်နီရယ်နဲ့ ဂျွန်နီတို့လုနေတဲ့ အယ်လီဆိုတဲ့ကောင်မလေးကလည်း ဘောလုံးသမားတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒန်နီရယ်ကလည်းကျန်ရစ်ဖြစ်နေခဲ့တာပေါ့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုကီနာဝါကနေ မစ္စတာမီရာဂီ နာမည်နဲ့စာတစ်စောင်ရောက်လာပါလေရော အဲဒီစာထဲမှာ မစ္စတာမီရာဂီ ရဲ့အဖေအသည်းအသန်ဖြစ်နေတဲ့အကြောင်းရေးထားတော့ မစ္စတာမီရာဂီလည်း အိုကီနာဝါပြန်ဖို့စီစဉ်ရတော့တာပေါ့ ဒန်နီရယ်ကလည်း သူ့အမေနဲ့ ဖရန်ဆိုကိုမလိုက်ချင်တာနဲ့ပဲ ငွေစုအကောင့်ထဲက ပိုက်ဆံတွေအကုန်ထုတ်ပြီး မစ္စတာမီရာဂီနဲ့ အိုကီနာဝါအထိကိုလိုက်ခဲ့ရတော့တာပေါ့ အဲဒီတော့ ဒီဇာတ်ကားလေးက ဂျပန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးရိုက်ထားတဲ့ကားလေးပါပဲ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဒန်နီရယ်တို့ကို ချိုဇန်ကလာကြိုတော့ပါတယ် ဇာတ်လမ်းလေးကတော့ အဲဒီမှာပဲစခဲ့တာပါ ဒန်နီရယ်တို့ရောက်မှာကို ချိုဇန်ကဘယ်လိုသိပြီး ဘာလို့လာကြိုတာလဲ မစ္စတာ မီရာဂီကရောဘာလို့ အိုကီနာဝါကနေထွက်လာခဲ့တာလဲ သူထွက်သွားပြီး ၄၅နှစ်အကြာမှာ ...
movie

The Karate Kid Part II (1986)

The Princess Diaries (2001) 6.3
The Princess Diaries (2001)  မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။ ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး File size…(2.03GB/(1.03MB)/(686MB) Quality….Webrip 1080p / ...
movie

The Princess Diaries (2001)

The Princess Diaries 2: Royal Engagement (2004) 5.8
The Princess Diaries 2: Royal Engagement (2004)  ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries  ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့  The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။ ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦးFile size…(1.87GB/(1017MB)/(518MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Princess Diaries 2: Royal Engagement (2004)

Ivy + Bean: The Ghost That Had to Go (2022) 5.7
Ivy + Bean: The Ghost That Had to Go (2022) Ivy + Bean (2022) နက်ဖလစ်က ကလေးတွေကို ပြဖို့ တားဂတ်ထားပြီး ထုတ်ထားတဲ့ရုပ်ရှင်ပါ။ ၆နှစ်ကလေးတွေကစပြီး အရွယ်မရွေးကြည့်လို့ရပါတယ်။ ၄ ၅နှစ်လည်း ရတော့ရတယ် ဆိုပါတယ။ ဇာတ်ကလည်း Ivyနဲ့ Beanဆိုတဲ့ ကလေး၂ကောင် ကျောင်းမှာ တိုင်ပတ်ကြတဲ့အကြောင်းပါ။ စာသင်ခန်းထဲက ကလေးတွေရဲ့ အခြေအနေနဲ့ စူးစမ်းချင်စိတ် သိချင်စိတ်အပြည့်နဲ့ လက်ကမျဉ်းထကြတဲ့ ကလေးတွေ ဘာတွေကြုံလာနိုင်လဲ ပြထားတဲ့ ပညာပေးရုပ်ရှင်လေးပါ ။ ivy နဲ့ beanနဲ့ရဲ့ ဖရန့်ရှစ်ကို ကလေးတွေကြည့်မိပြီး အတုယူနိုင်အောင်လည်း ပြပေးထားပုံပါပဲ။ ကလေးတွေကြည့်ဖို့ ရိုက်ထားတဲ့ကားပေမဲ့ ခေတ်နဲ့အညီ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ပိုအသားပေး ရိုက်ကူးထားပါတယ်။File Size__(600MB) Quality__720p IMDb Rating__5.7/10 Format__mp4 Duration__01:00:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt
movie

Ivy + Bean: The Ghost That Had to Go (2022)

Saving Shiloh (2006) 6.2
Saving Shiloh (2006) Saving Shiloh (2006) ================Shiloh ဆိုတဲ့ ခွေးလေးကို ဂျက်ဒ်ဆိုတဲ့ ဦးလေးကြီးတစ်ယောက် ပိုင်ဆိုင်ခဲ့ပေမယ့် Shiloh ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့တဲ့ အတွက် မာတီဆိုတဲ့ ကောင်လေးက မွေးစားခဲ့တာပါ။ မာတီတို့ မိသားစုက မြို့ထဲမှာ လူတိုင်းနဲ့အဆင်ပြေပြီး လူမှုဆက်ဆံရေးကောင်းတဲ့ မိသားစု လေးပါ။ ဒါပေမယ့် သူတို့ရဲ့အိမ်နီးချင်း ဂျက်ဒ်ကတော့ လူဂွစာဦးလေးကြီး တစ်ယောက်ပေါ့။မြို့ထဲက လူတွေက ဂျက်ဒ်ဆိုတဲ့ လူဂွစာကြီးကို အပေါင်း အသင်းမလုပ်ဖို့ မာတီတို့ မိသားစုကို နားချလေ့ရှိပါတယ်။တစ်နေ့ မြို့ထဲမှာ အိမ်တိုင်းလိုလို ပစ္စည်းတွေပျောက်တဲ့အချိန်မှာတော့ မြို့ကလူတွေက ဂျက်ဒ်ကိုပဲ အပြစ်တင်စွပ်စွဲကြပါတယ်။ တကယ်ပဲ ဂျက်ဒ် ဆိုတဲ့လူက အပေါင်းအသင်းမဆံ့တဲ့ လူ့ဂွစာကြီးလား၊ သူ့ရဲ့အတိတ်မှာရော ဘာတွေဖြစ်ခဲ့တာလဲ၊ မာတီတို့ မိသားစုကရော ဂျက်ဒ်နဲ့ ဘာတွေဆက်ဖြစ် မှာလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ဒီဇာတ်ကားလေးက တိရစ္ဆာန်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ လူတစ်ယောက်ကို အပေါ်ယံမကြည့်ဘဲ တကယ်ပေါင်းကြည့်မှ သူ့ရဲ့စိတ်ဓာတ်ကို ကောင်းကောင်း သိနိုင်တယ်ဆိုတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးမို့ အားလုံးကြိုက် နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(2.12 GB) ...
movie

Saving Shiloh (2006)

2006
Hocus Pocus 2 (2022) 6.5
Hocus Pocus 2 (2022) Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ဇာတ်လမ်းအညွှန်းမီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်.....ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ...
movie

Hocus Pocus 2 (2022)

Maika: The Girl From Another Galaxy (2022) 6.4
Maika: The Girl From Another Galaxy (2022)  ဒီတစ်ခါတော့ ပရိသတ်ကြီးကို ဗီယမ်နမ် ဂြိုလ်သူမကားကောင်းကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ကြည်ကြည်နူးနူးနဲ့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက်တော့ တကယ့်ကိုလက်မလွှတ်သင့်တဲ့ကားလေးပါပဲ ဟာသလေးတွေလည်းပါတော့ ဘဝအမောတွေလည်းပြေပျောက်မှာပါ "နင်ဘယ်ပဲရောက်ရောက် ငါ့နှလုံးသားထဲမှာအမြဲတမ်းရှိနေမှာပါ"ဆိုတဲ့ ကလေးလေးနှစ်ယောက်ရဲ့ ကားလေးကိုတော့ အခုချက်ချင်းပဲကြည့်လိုက်ကြပါတော့ဇာတ်လမ်းအကျဉ်း ဟမ် ဆိုတဲ့ကောင်လေးက တစ်ဦးတည်းသော သားလေးပါ ဒါပေမဲ့ သူ့ရဲ့အမေကရောဂါကြောင့်နဲ့ပဲ စောစောစီးစီး ဆုံးပါးသွးတော့ သူနဲ့သူ့အဖေ နှစ်ယောက်ပဲကျန်ခဲ့တော့တာပါ သူ့အဖေက ကတော့ အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားပေမဲ့ ဥက္ကာခဲအရောင်ဆိုင်လေးဖွင့်ပြီး ပတ်ဝန်းကျင်က ဖုန်းတွေ ကွန်ပြူတာလေးတွေပြင်ပေးနေတဲ့သူဆိုတော့ စီးပွားရေးလည်း သိပ်အဆင်မပြေလှဘူးပေါ့ အဲဒါကိုသူ့သားလေးကသိသွားတော့ စိတ်ညစ်မှာဆိုးတာနဲ့ ကြယ်ကြွေတဲ့ပွဲကိုလိုက်ပြပြီး ငါးသွားမျှားမယ်လို့ကတိပေးလိုက်ပါရော ဒါပေမဲ့ အဲဒီကတိကိုသူမတည်နိုင်ခဲ့ဘူးပေါ့လေ အဲဒါနဲ့သူ့သားလေးက ခိုးပြီးသွားကြည့်ပါလေရော သူ့သား ဟမ် ရဲ့ တစ်ဦးတည်းသောသူငယ်ချင်းလေးကလည်း အိမ်ပြောင်းသွားခဲ့ရတာပါ ဘာဖြစ်လို့လဲဆို ဗီယမ်နမ်နိုင်ငံရဲ့ အာကာသလွှတ်တင်ရေးစခန်းအတွက် ကုမ္ပဏီကြီးတစ်ခုက သူတို့ရဲ့နေရာကိုယူချင်နေတာကြောင့် သူတို့တိုက်ပိုင်ရှင်က ပိုက်ဆံပေးပြီးပြောင်းခိုင်းနေတာပါ မပြောင်းတဲ့သူတွေကိုလည်း အမျိုးမျိုးပြဿနာရှာနေကြတာပေါ့ အဲဒီလိုနဲ့ ကြယ်ကြွေပွဲနေ့မှာ တောင်ကြားတစ်ခုလုံးလင်းလက်သွားတာကို ဟမ် လေးကမြင်လိုက်ရပြီး ...
movie

Maika: The Girl From Another Galaxy (2022)

The Munsters (2022)
The Munsters (2022) The Munsters(2022)The Munsters(2022) ဟာ 1964 ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ The Munsters ဆိုတဲ့ sit-com စီးရီးကို အခြေခံပြီး ရိုက်ကူးထားတာပါစီးရီးရဲ့ ရှေ့ပိုင်းကာလကို ရိုက်ပြထားတာဖြစ်ပြီး ဟာမန်းမွမ်းစတား ဖြစ်ပေါ်လာပုံ၊ ဟာမန်း နဲ့ သွေးစုပ်ဖုတ်ကောင် လီလီတို့ တွေ့ဆုံဖြစ်ကြပုံ လီလီ့အဖေ မြို့စားမင်းကြီး သဘောမတူတဲ့ကြားက ဟာမန်း နဲ့ လီလီ တို့ လက်ထပ်ဖြစ်ကြပုံတွေကို ရိုက်ကူးထားတာပါကြောင်ကြောင်ကျားကျားမိတ်ကပ်တွေနဲ့ လူသားတွေကို ပြန်ကြောက်နေတဲ့ ခပ်ကြောင်ကြောင် သွေးစုပ်ဖုတ်ကောင်တစ်သိုက်ကြောင့် စ လယ် ဆုံး ခွီနေရမယ့် comedy ဇာတ်လမ်း စစ်စစ်ပါအရောင်အသွေးကို ခပ်ရင့်ရင့် ပုံဖော် ထားတာကြောင့် ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာသလို ခံစားရမှာ ဖြစ်ပြီး Hotel Transylvania တို့၊ Addams Family တို့လို ပုံစံမျိုးကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မယ့် ဇာတ်ကားတစ်ကားပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

The Munsters (2022)

On your own street, We are (2022) 4
On your own street, We are (2022) On your own street, we (너만의 거리에서, 우리는) (2022)Squid Game မှာတုန်းက တစ်ခန်းထဲပါပြီး Scene Stealer လုပ်သွားတဲ့ Lee Jung Joon နဲ့ WSJN ထဲက အချောလေး Eun Seo တို့ရဲ့ မူဗီအသစ်လေး ရပါပြီဝူယောင်းဝူလေးကို အပတ်တိုင်းစောင့်ကြည့်ခဲ့သူတွေအဖို့ကတော့ မသန်စွမ်းကလေးတွေရဲ့အမူအကျင့်တွေ၊ သူတို့ရဲ့သဘောသဘာဝတွေနဲ့စိမ်းမှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ မွေးရာပါ Autism ရောဂါသည်လေး “ဆွန်းမို” နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းသားအရွယ် မွေးရာပါမသန်စွမ်းကောင်လေး “ဆွန်းမို” .. တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်တာမို့ မိဘတွေကလည်း ဆွန်းမိုကိုအရမ်းချစ်ကြသလို“မသန်စွမ်းကလေးရဲ့မိဘတွေမို့ ကိုယ့်ကလေးထက် တစ်ရက်လေးပဲ အသက်ပိုရှည်ချင်တဲ့ ဆန္ဒပဲ ရှိတာပါ" လို့ ပြောရအောင် ဆွန်းမိုရဲ့အနာဂတ်အရေးကိုပူပန်နေကြသူတွေပါ။အထူးသဖြင့် အထက်တန်းကျောင်းသားအရွယ် ဆွန်းမို ကျောင်းပြီးလို့ အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ရတဲ့အခါ သူများကလေးတွေနဲ့တန်းတူမလုပ်နိုင်မှာကိုလည်း မိဘတွေခမျာ ပူပန်နေရတာပေါ့။ “မသန်ပေမယ့် စွမ်းတဲ့” ဆွန်းမိုကတော့ ကော်ဖီဖျော်တဲ့နေရာမှာ ဆရာကြီးပါ။ ကော်ဖီစေ့အမျိုး ၅၀လောက်ကို အနံ့ခံရုံနဲ့အမျိုးအစားခွဲနိုင်ပြီး ကော်ဖီဖျော်တာကိုကျွမ်းကျင်ပေမယ့် သူတကယ်ဝါသနာပါတာက Barista အလုပ်မဟုတ်ဘဲ ...
movie

On your own street, We are (2022)

2022
Ghoster (2022) 4.2
Ghoster (2022) Ghoster(2022) ====================== Adventure , Horror , Family၁၅ ရာစုလောက်မှာ အာသာမစ်လာဆိုတဲ့ သူရဲကောင်းက ယူတိုနဂါးကြီးကို နှိမ်နင်းအောင်မြင်ခဲ့ပြီး အက်ကိုဗေးလ်ဆိုတဲ့ မစ်လာအိမ်တော်ကို တည်ထောင်ခဲ့ပါတယ်... ဒါပေမယ့် နဂါးကြီးက အင်အားကြီးလွန်းတာကြောင့် သူ့ကိုသေခြင်းတရားကတောင် မတားဆီးနိုင်ပါဘူး မှော်ဆရာတစ်ယောက်ရဲ့ အကူညီနဲ့ ဝိဉာဉ်တစ်ကောင်အဖြစ်ထွက်လာခဲ့ပြီး အသက်ပြန်ရှင်နိုင်ဖို့အတွက် မစ်လာမိသားစုရဲ့ မျိုးဆက်တွေကို နှစ် ၁၀၀ ကြာတိုင်းလိုက်သုတ်သင်ရှင်းလင်းရင်း ဝိဉာဉ်တွေကို ဖမ်းဆီးနေခဲ့တာ နှစ်ပေါင်း ၅၀၀ ကြာမြင့်ခဲ့ကာ ယနေ့အထိပါပဲ.... သူ့နောက်ဆုံးဖမ်းဆီးရမယ့် ဝီလီယံမစ်လာဆိုတဲ့ ကလေးလေးက ပျောက်ဆုံးသွားခဲ့ပြီး အက်ကိုဗေးလ်အိမ်တော်ကြီးလည်း သရဲခြောက်တဲ့အိမ်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ ....ဘဏ်နဲ့အာဏာပိုင်တွေက အိမ်ကိုသိမ်းယူတော့မယ့်ဆဲဆဲမှာ အဲဘိဇဘက်ဆိုတဲ့ ဝီလီယံရဲ့မျိုးဆက်ပေါ်လာတာကြောင့် နဂါးကြီး ယူတိုရဲ့ နောက်ဆုံး ဖမ်းဆီးရမယ့် မစ်လာမျိုးဆက်ဖြစ်လာပါတယ်... အက်ကိုဗေးလ်အိမ်ကြီးမှာ ရှိနှင့်နေတဲ့ ဂိုစတာဆိုတဲ့ ဝိဉာဉ်လေးနဲ့ အဲလိဇဘက်တို့ပေါင်းစည်းကာ ဒီနဂါးကြီးကို အပြီးတိုင် နှိမ်နင်းသွားမလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။ ငယ်ငယ်က ကျွန်တော်တို့ကြည့်ဖူးတဲ့ ဝိဉာဉ်လေး Casper ရဲ့ ဇာတ်လမ်းအကွဲလို့ပြောလို့ရပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure, ...
movie

Ghoster (2022)

2022
Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022) 7.4
Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022) Gyeong-ah's Daughter (2022)အမေတစ်ခု သမီးတစ်ခု .. သားအမိနှစ်ယောက်ကြားက သံယောဇဉ်နဲ့ အေးမြတဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းလေးပါ။အားကိုးစရာဆိုလို့ သမီးတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ယောက်က သူ့သမီးလေး သူ့ခြေပေါ်သူရပ်တည်ကာ အိမ်ကထွက်သွားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာတော့ အားကိုးရာမဲ့ဖြစ်သွားပြီး ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။သမီးဖြစ်သူကလည်း အလုပ်ထွက်လုပ်တယ်ဆိုပေမဲ့ သူ့ရဲ့ အဆက်ဟောင်းက ပေးတဲ့ ဝေဒနာတွေကြောင့် စိတ်သောက ရောက်နေရသူပါ။တစ်နေ့မှာတော့ အမေဖြစ်သူဆီကို သူစိမ်းလူတစ်ယောက်က အရမ်းကိုတုပ်လှုပ်ဖွယ်ကောင်းတဲ့ မက်ဆေ့ဂျ်တစ်စောင်ပေးပို့လာတဲ့အခါမှာတော့ ...သူစိမ်းလူက ပို့လိုက်တဲ့ မက်ဆေ့ဂျ်က ဘာဖြစ်မလဲ? ဂယောင်းအာနဲ့ ယွန်းဆူတို့ သားအမိနှစ်ယောက် ဘယ်လိုဖြစ်ရပ်တွေ ကြုံရမလဲ? သူတို့သားအမိနှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမလဲ? ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦး(ဝူယောင်းဝူကားထဲက နတ်သမီးလေး ချွဲဆူယွန်း (Ha Yoong-kyung) က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။)File Size : 1.6GB, 563MB & 275MB Quality : 1080p ...
movie

Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022)

2022
My Dear Bootham (2022) 6.7
My Dear Bootham (2022) My dear Bootham (2022)IMDb - 6.8ဟိုးရှေးရှေးတုန်းက ဝိဉာဉ်လောကရဲ့ ဘုရင်ကြီးတစ်ပါးရှိပါသတဲ့။ သူက သူ့သားလေးနဲ့ သူတော်စင်တွေနေတဲ့ မာကရလောကထဲကို အလည်အပတ်သွားရင်း တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို သူ့ရဲ့သားလေးက နှောက်ယှက်မိတာကြောင့် စိတ်ဆိုးသွားတဲ့ သူတော်စင်ကြီးရဲ့ ကျိန်စာကို သူ့သားလေးအစား သူက လက်ခံလိုက်ပါတယ်။ အဲ့ဒီကျိန်စာကတော့ သူ့ဟာ ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားတဲ့ ရုပ်ထုကြီးပေါ်က စာတွေကို ဖတ်နိုင်တဲ့သူမှသာ ဒီကျိန်စာကနေ လွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။နောက်ထပ် နှစ်ပေါင်း3000ကြာမြင့်သွားတဲ့နောက်။ ကျောင်းမှာ တခြားကလေးတွေက ဝိုင်းပြောင်လှောင်၊ ဆရာမတွေက ကြည့်မရ၊ လူတွေက မျက်မုန်းကျိုး၊ ဘဝကို အရှုံးသမားပေါက်စလေးလိုနေနေရပေမဲ့ သာမန်ကလေးတွေလို စကားပြောချင် ရယ်ရယ်မောမောနေချင်တဲ့ သီရူနာဆိုတဲ့ စကားထစ်နေတဲ့ ကလေးလေးတစ်ယောက်က ဝိဉာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့....။ ဟာသနှောထားတဲ့ ကားလေးမို့ ရယ်ရယ်မောမောကြည့်လို့ရတာတင် မဟုတ်သေးပါဘူး။အားနည်းသူကို နှိမ်ပြီး လှောင်ပြောင်တတ်တဲ့ လောကရဲ့ သဘာဝအပြင် မှတ်သားစရာ အချက်လေးတွေအများကြီး ထည့်ရိုက်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ IMDb rating 6.8အထိရရှိထားပြီး အိမ်က ...
movie

My Dear Bootham (2022)

2022
The Railway Children Return (2022) 5.4
The Railway Children Return (2022)  ဒီတစ်ခါတော့ မျက်ရည်မခိုင်တဲ့သူတွေမကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် ခင်ဗျာ လူ့တိရစ္ဆာန် အက်ဒေါ့ဖ်ဟစ်တလာ ကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး၅နှစ်ကြာတဲ့အချိန်မှာပဲ ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗြိတိသျှမြို့တွေ့ကို ဗုံးကြဲတိုက်ခိုက်လို့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဗုံးလွတ်တဲ့ကျေးလက်ဒေသတွေဆီပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့ အဲဒီလိုနဲ့ လီလီ, ပတ်တီ နဲ့ တက်ခ် ဆိုတဲ့မောင်နှမ ၃ယောက်ဟာ ရော့ရှိုင်းယားဒေသကိုရောက်ပြီး ၃ယောက်တောင်ဖြစ်နေလို့ဘယ်သူမှ ခေါ်ထားဖို့ မရွေးတဲ့အချိန်မှာပဲ အဲဒီမြို့က ကျောင်းအုပ်ဆရာမကြီးရဲ့အမေက သနားပြီးခေါ်ထားလိုက်တာပါသူ့ဆီမှာလည်း မြေလေးတစ်ယောက်ရှိတော့ အဖွဲ့ကျပြီး ကစားကြရင်းနဲ့ အမေရိကန်စစ်ပြေးရဲဘော်လေးတစ်ယောက်နဲ့ တွေ့ခဲ့ကြတာပါ အဲဒီအချိန်မှာပဲ ဇာတ်လမ်းလေးက စခဲ့ရတာပေါ့ ဒီကားထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စစ်အနိဌာရုံတွေ ရှင်ကွဲ ကွဲရတဲ့မိသားစုတွေ သေကွဲကွဲရတဲ့ မိသားစုအကြောင်းတွေ ကလေးတွေရဲ့ ဖြူစင်တဲ့မေတ္တာတွေ အမေရိကန်တွေရဲ့ အသားရောင်ခွဲခြားမှုတွေကို တဝကြီးခံစားပြီး တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ တစ်သျှူးလေးဘေးချပြီး ကြည့်ရမဲ့ ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦးဗျာ...File ...
movie

The Railway Children Return (2022)

Junkyard Dogs (2022) 5.4
Junkyard Dogs (2022) Junkyard Dogs (2022) ================Dog person တို့ အကြိုက်တွေ့စေမယ့် ပါပီလေးတို့ဇာတ်လမ်းလေး လာပါပြီ။ဟူဒီနီ ဆိုတဲ့ ခြံစောင့်ခွေးလေးက ပိတ်ထားတဲ့တံခါးတွေ မှန်သမျှကို ရအောင်ဖွင့်တတ်တဲ့ ဆူဘီဗန်အိမ်က ဆရာကြီးတစ်ကောင်ပေါ့။ သူ့မိတ်ဆွေတွေကတော့ အိုင်းစတိုင်း လို့ခေါ်တဲ့ ဉာဏ်ပြေးပြီး အနံ့ခံ ကောင်းတဲ့ ခွေးမလေးတစ်ကောင်ရယ်၊ ဂျက်ပေါ့ လို့ခေါ်တဲ့ အကောင် ကြီးကြီး ခွေးတစ်ကောင်ရယ်ပါ။ ပျော်စရာလိန်းရပ်ကွက်လေးကို စောင့်ရှောက်နေကြတဲ့ ခွေးလေးတွေ ဖြစ်ပြီး၊ သူတို့ ရပ်ကွက်ကို သိပ်ချစ်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်။တစ်နေ့မှာ ထောင်ကထွက်လာတဲ့ ဂျင်မီ နဲ့ ခရက်ရှာတို့နှစ်ယောက် စာပို့ သမား အယောင်ဆောင်ပြီး ဟူဒီနီတို့ ရပ်ကွက်ကို ဓားပြတိုက်ဖို့ ကြံစည် လာကြတယ်။ ဒါတွေကို မထင်မှတ်ဘဲ သိသွားတဲ့ ဟူဒီနီက သူ့သခင်ဖြစ်တဲ့ မိုနီကာကို သတိပေးပေမယ့် မိုနီကာက မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေပြီး သတိ မထားမိခဲ့ပါဘူး။ ဟူးမန်းမကို ပြောမရတဲ့အခါမှာ ရပ်ကွက်ကို ကယ်တင်ဖို့ ဟူဒီနီတို့ အုပ်စု ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကြပါတော့တယ်။ထောင်ထွက်လူဆိုးတွေနဲ့ ဂျလည်ခွေးတစ်သိုက် ဉာဏ်ချင်းပြိုင်သုံးရတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဟူးမန်းတွေ အနိုင်ရမလား အာဝုတို့ အနိုင်ရမလား စောင့်ကြည့်ရမယ့် ...
movie

Junkyard Dogs (2022)

2022
Yaanai (2022) 6.7
Yaanai (2022) Yaanai 2022 IMDb 6.7 Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါလွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့ သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ် မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲမင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့ အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက မိသားစုကိုဘယ်လိုကယ်တင်မလဲကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့ ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ် File size…3.42GB / 1.6GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Su Mon Aung  & Yunni &  ...
movie

Yaanai (2022)

2022
13: The Musical (2022) 5.2
13: The Musical (2022) 13: The Musical (2022)Musical ဆိုတဲ့အ‌တိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ ... အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ ...တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။)File Size : ...
movie

13: The Musical (2022)

2022
Saathiya (2002) 6.8
Saathiya (2002) IMDb rating - 6.8/10မင်းသား Vivekနဲ့ မင်းသမီးRani Mukerjiတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားရှရွတ်ခန်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ အာဒီတီနဲ့ ဆူဟာနီတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်...သူတို့နှစ်ယောက်ဟာ လူငယ်သဘာဝချစ်ကြိုက်မိကြပြီး မိဘချင်းသဘောမတူတဲ့ကြားက လူကြီးတွေမသိအောင် ခိုးပြီးလက်ထပ်ထားကြပါတယ်... အဲ့ဒီလက်ထပ်ပွဲအကြောင်းကို မိဘတွေသိသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ... အချစ်စိတ်နဲ့လက်ထပ်ခဲ့ကြတဲ့လူငယ်တွေ လောကဓံတရားနဲ့ ကြုံတွေ့ရတဲ့အခါ ခံနိုင်ရည်ရှိပါ့မလား ...ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦးရှင် File size…3GB  / 1.4GB Quality…1080p AMZ WEB DL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Honeyey
movie

Saathiya (2002)

2002
Santaman (2022)
Santaman (2022)  Santaman (2022) ပူလောင်ခြင်းတွေမပါဘဲ ငယ်ဘဝကာတွန်းကား အနှစ်သာရကို ခံစားချင်ပါသလား မိတ်ဆွေ... အဲ့ဒါဆိုရင် ဒီကားလေးက သင့်အတွက်ပါပဲနော်... ဇာတ်လမ်းအကျဥ်း ခရစ္စမတ်တိုင်းရဲ့ ဇာတ်လိုက်ကျော် ဆန်တာကလော့စ်ဟာ ခရစ္စမတ်နေ့မှာ လက်ဆောင်ထုတ်တွေပို့ရင်း သူ့ရဲ့ လက်ဆောင်အိတ်ကို သူခိုးတွေ လုတာခံလိုက်ရပါတယ်။ထာဝရအသက်ရှင်နေသမျှ ကာလပတ်လုံး လူကောင်းတွေအတွက် လက်ဆောင်တွေကို နှစ်စဥ်ပို့နေပေမယ့် လူဆိုး အမည်ပျက်စာရင်းဝင်တဲ့သူတွေအတွက် ဘာမှမလုပ်ပေးနိုင်တာမို့ အားမလိုအားမရဖြစ်နေတာပေါ့။ အဲ့လိုနဲ့ ဆန်တာတစ်ယောက် လူဆိုးတွေကို ဖမ်းဆီးဖို့ ဆန်တာမန်းအဖြစ် အလုပ်တွေကြိုးစားပါတော့တယ်။ဒါပေမဲ့ တခြားတစ်ဖက်မှာ ဆန်တာရဲ့ထာဝရအသက်ရှင်နိုင်စွမ်းကိုလိုချင်နေတဲ့လူဆိုးတစ်ယောက်ရှိနေပြန်တယ်။ လူဆိုးရဲ့ ရည်ရွယ်ချက်အထမြောက်သွားနိုင်မလား...? ဆန်တာကို ဘယ်သူတွေကူညီကြမလဲ...? လူဆိုးကရော ဘယ်သူလဲ...? ကဲ... ဆျာဘတ်ဗားရှင်း ဆန်တာမန်းကို ခံစားကြည့်ရှုကြပါဦး... File size…(1.92GB)/(990MB)/(506MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Animation / Adventure /  Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Santaman (2022)