Fantasy – Channel Myanmar
Channel Myanmar

Fantasy

The Dude in Me (2019)
The Dude in Me (2019) ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အသေခွီရမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဉ်းပြောရရင် ရန်သူတွေများတဲ့ အသက်လေးဆယ်အရွယ် ဂိုဏ်းစတား သူဋ္ဌေးကြီးတစ်ယောက်ဟာ တစ်နေ့တော့ လမ်းမှာဖုန်းပြောနေရင်း သူ့ပေါ်ကိုခေါင်မိုးပေါ်ကနေ လူတစ်ယောက်ပြုတ်ကျလာခဲ့ပါတယ် ပြုတ်ကျလာတဲ့သူက ကင်(မ်)ဒုံယောင်းလို့ခေါ်တဲ့ ဝဝတုတ်တုတ် အထက်တန်းကျောင်းသားလေးပါ သူတို့နှစ်ယောက်လုံး သတိလစ်ပြီး ဆေးရုံရောက်သွားခဲ့ပါတယ် သူဋ္ဌေးကြီး သတိပြန်ရလာတဲ့ အခါမှာတော့ အရမ်းထူးဆန်းတာ တစ်ခုဖြစ်သွားခဲ့ပါတယ် သူ့ဟာကောင်လေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေပါတယ် ကောင်လေးနဲ့သူနဲ့ စိတ်နဲ့ခန္ဓာလွဲသွားကြတာပေါ့ဗျာ ဒီလိုနဲ့ကောင်လေးရဲ့ပတ်ဝန်းကျင်ထဲ ရောက်သွားခဲ့ရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ် ကောင်လေးအဖေဟာ သူဒုက္ခပေးဖူးလို့ စီးပွားပျက်သွားတဲ့ သူတစ်ယောက်ဖြစ်နေတာ သိလိုက်ရသလို ကောင်လေးကလည်း ကျောင်းမှာ အပယ်ခံ အနိုင်ကျင့်ခံတစ်ယောက် ဖြစ်နေပါတယ် ဒီ့အပြင်သူလုံးဝမထင်မှတ်ထားတဲ့သူ တစ်ယောက်နဲ့ပါ ပြန်တွေ့ခဲ့ပြီး ဘယ်လိုတွေဆက်ဖြစ်ကြမယ် နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာ ဒီကားလေးမှာ ဆက်ကြည့်သွားကြပါ ရယ်လည်းရယ်ရတဲ့အတွက် အချိန်ပေးရကြိုးနပ်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ   ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Chanyein Soe ပဲ ဖြစ်ပါတယ်
IMDB: /10 votes
movie

The Dude in Me (2019)

The Man from Earth: Holocene (2017) 5.3
The Man from Earth: Holocene (2017) The Man From Earth: Holocene (2017) 2007က Man From Earthရဲ့ ဆယ်နှစ်အကြာမှာထပ် ထွက်ခဲ့တဲ့Sequelကားဖြစ်တဲ့ Holoceneမှာ ရေခဲခေတ်နှောင်းကနေ ယနေ့အထိနှစ်ပေါင်း ၁၁၀၀၀ ရှည်တဲ့ကာလ ဘူမိဗေဒအခေါ်အဝေါ်အရ Holoceneခေတ်အကုန်မှာတော့ နှစ်ပေါင်း ၁၄၀၀၀လုံး အသက်ကြီးမလာခဲ့တဲ့ Johnဟာ အိုမင်းတဲ့လက္ခဏာတွေ စပြလာခဲ့ပါတယ်။ John Oldmanမဟုတ်တော့ပဲ John Youngဆိုတဲ့ နာမည်နဲ့ Johnဟာ Chicoမှာ ဘာသာတရားနှိုင်းယှဉ်လေ့လာရေး ပါမောက္ခလုပ်နေပါတယ်။ ပထမကားက အကြောင်းအရာတွေကို ရှေးဟောင်းသုတေသနပညာရှင် Artက The Longest Night အမည်နဲ့ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဒီစာအုပ်ရဲ့ လက်မခံနိုင်စရာတွေကို ဖြစ်ရပ်မှန်လို့ဝန်ခံထားခြင်းကြောင့် ဝေဖန်ရှုပ်ချခံအလုပ်ပြုတ်ခဲ့ရပါတယ်။ သူ့အတန်းသားတစ်စုဟာ သူ့ဆီက Artရဲ့ စာအုပ်ကို ဖတ်မိရာကနေ John Youngဟာ John Oldman ဆိုတာကို သတိပြုမိပြီး သက်သေပြဖို့ ကြိုးစားရာကနေ John ဟာ အဲ့ဒီမြို့ကနေ ထွက်ခွာဖို့ဖြစ်လာခဲ့ပါတယ်။ သူ့ကိုယ်သူ ယေရှု့ပါလို့ ဆိုထားတဲ့ အသက်တစ်သောင်းလေးထောင်ရှည်တဲ့ လူသားတစ်ယောက်ရယ်... ခရစ်ယာန်ဘာသာရေး အစွန်းရောက်ကျောင်းသားတစ်ယောက်ရယ် သက်သေပြချင်တဲ့ကျောင်းသားတစ်စုရယ်ကြားမှာ ဖြစ်မဲ့ အရှုပ်အထွေးတွေကိုတော့ အနက်ရောင်ဖန်သားပြင်ထက်မှာ ကိုယ်တိုင်ပဲခံစားကြည့်ကြပါ။   Rating နည်းပေမဲ့လည်း the Man From Earthကို သဘောကျခဲ့တဲ့လူတွေအတွက် ကားကောင်းတစ်ကားဖြစ်မယ် ထင်ပါတယ်။ပြီးတော့ မိတ်ဆွေသာ အရမ်းအစွန်းရောက်လွန်းတဲ့ ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင် ဗုဒ္ဓနဲ့ပက်သက်ပြီး ...
5.3
IMDB: 5.3/10 6,113 votes
movie

The Man from Earth: Holocene (2017)

2017
Prince of Persia: The Sands of Time (2010) 6.6
Prince of Persia: The Sands of Time (2010) Prince of Persia:The sands of Time(2010) Jake Gyllanhaal ပါတဲ့ရုပ်ရှင်တွေဟာ မကောင်းတာ မရှိသလောက်ပါ။ ဒီတစ်ခါတော့2003က နာမည်ကျော် ဂိမ်းဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Prince of Persiaကို ရိုက်ကူးထားတဲ့ Prince Of Persia the Sands Of Timeကို တင်ဆက်ပေးချင်ပါတယ်။ တာဝတိံသာ နတ်ရွာလော...လို့ဆိုရမဲ့ အယ့်လမတ် မြို့ကလေးရဲ့ နန်းမြင့်ဘုံဆောင်မှာ အချိန်ရဲ့သဲထည့်ပြီး ဓားရိုးကကျောက်ကိုနှိပ်ရင် အချိန်ကာလတစ်ခုကြာ အချိန်နောက်ပြန်သွားတဲ့ ဓားတစ်ချောင်းကို ထိန်းသိမ်းထားပါတယ်။ ပါရှားပြည်ရဲ့ မင်းသားသုံးယောက်ဦးဆောင်တဲ့ စစ်တပ်ဟာ ဒီမြို့ကလေးက ရန်သူအတွက် လက်နက်လုပ်ပေးနေတဲ့မြို့ပါဆိုပြီး တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကလေးကို သိမ်းပိုက်အောင်မြင်ပြီးတဲ့အချိန်မှာပဲ ပါရှန်းဘုရင်ဟာ အဆိပ်ခတ်လုပ်ကြံခံခဲ့ရပြီး တရားခံက အငယ်ဆုံးမင်းသား မွေးစားသားလေးလို့ စွပ်စွဲခံခဲ့ရပါတယ်။ ပါရှန်းမင်းသားနဲ့ အယ့်လမတ်ရဲ့ မင်းသမီးလေးဟာ ကန္တာရထဲ ပါရှန်းစစ်တပ်ရန်ကပြေးရင်း အချိန်ရဲ့သဲ နဲ့ ဓားမြှောင်ကို ကာကွယ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ပါရှန်းပြည်ကြီးကိုရော ကမ္ဘာကြီးကိုရော ကာကွယ်ရမဲ့ ပါရှန်းမင်းသားရဲ့ Fighting Skillအလန်းတွေကို ကြွေရမဲ့ကားလည်း ဟုတ်ပါတယ်။   ကလေကချေမင်းသားလေးနဲ့ အပေအတေမင်းသမီးလေးတို့ရဲ့ ကန္တာရထဲက ဗရုတ်သုတ်ခ တစ်ထောင့်တစ်ညတွေကို Jakeနဲ့ မင်းသမီးချောGamma Arttertonက လိုက်ဖက်ညီညီ သရုပ်ဆောင်သွားတဲ့အပြင် Ben Kingsleyကြီးရဲ့ မျက်ခွက်ကလည်း ထုံးစံအတိုင်း ဖြတ်ရိုက်ချင်စရာ ကောင်းနေတုန်းပါပဲ။ Rating.. 6.6 ရထားပြီး Fantasy, ...
6.6
IMDB: 6.6/10 252,040 votes
movie

Prince of Persia: The Sands of Time (2010)

2010
Justice League vs the Fatal Five (2019) N/A
Justice League vs the Fatal Five (2019) Fatal Five ဆိုတာ ၃၁ရာစုဆိုတဲ့ အနာဂတ်ကနေလာတဲ့ စူပါဗီလိန်တွေပေါ့ဗျာ။ အဲဒီ ၃၁ ရာစုမှာပဲ Justice League လို စူပါဟီးရိုးအဖွဲ့လည်းရှိသေးတယ်။ အဖွဲ့နာမည်ကတော့ Legion of Superheroes တဲ့။ ကြယ်အစုအဝေးပေါင်းစုံကနေ လာကြတဲ့ ဆယ်ကျော်သက်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ စူပါဟီးရိုးအဖွဲ့အစည်းပေါ့။ သူတို့ခေတ်မှာတော့ သူတို့ရဲ့အကြီးဆုံးရန်သူက ဗီလိန်ငါးယောက်ပါဝင်တဲ့ Fatal Five။ အဲဒီငါးယောက်ထဲမှာ နှစ်ယောက်ကို Legions of Superheroes က ဖမ်းထားပြီးသား။ အဲဒီနှစ်ယောက်ကို ကယ်တင်ဖို့အတွက် ကျန်တဲ့သုံးယောက်က Legions of Superheroes ရဲ့စခန်းကိုဝင်စီး၊ Time Machine ကိုယူပြီး ၂၁ ရာစုကိုပြန်သွားတယ်။ အဲဒီမှာပဲ Legions of Superheroes ထဲက Star Boy ဆိုတဲ့တစ်ယောက်ပါ ကပ်ပြီးပါသွားတယ်။ ၂၁ ရာစုကိုမှ လာရတဲ့အကြောင်းအရင်းက Green ...
N/A
IMDB: N/A/10 N/A votes
movie

Justice League vs the Fatal Five (2019)

2019
The Seven Swords ( 2019 ) 5.5
The Seven Swords ( 2019 ) သိုင်းကားကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ဟိုးအရင်တုန်းက နတ်မျက်လုံးနဲ့မိစ္ဆာမျက်လုံးဆိုတဲ့စွမ်းအားကြီးတဲ့ ဓါတ်လုံး၂လုံးရှိပါတယ်..စိန်တောက်ဂိုဏ်းဟာ နတ်မျက်လုံးကိုရပြီး လောကကြီးကိုကြီးစိုးစဉ်ကာလမှာပဲ မိစ္ဆာမျက်လုံးဟာပျောက်ကွယ်နေတယ် တနေ့ မိစ္ဆာမျက်လုံးကိုလူတစ်ယောက်ပိုင်ဆိုင်သွားတဲ့အခါမှာတော့ စိန်တောက်ဂိုဏ်းဟာ နတ်မျက်လုံးအစွမ်းနဲ့ဒီလူကိုထိန်းချုပ်ပါတော့တယ် ဒါကြောင့်မို့ အဲ့လူဟာ ထျန်းစန်းတောင်ရဲ့ ရတနာဓါး ၇ လက်ကို ပြည့်အောင်ရှာပြီး စိန်တောက်ဂိုဏ်းကိုလည်းဖြိုခွဲမယ်..လောကကြီးကိုလည်း ကြီးစိုးမယ်ဆိုတဲ့အကြံနဲ့ဓါးတွေကိုလိုက်ရှာပါတော့တယ် တဖက်မှာလည်း လွီဘုရင်ရဲ့ရတနာသိုက်ရှိတဲ့ လျို့ဝှက်အမိန့်စာကို ရထားခဲ့တဲ့ဝူကျွမ်းဂိုဏ်းကို နိမ်နင်းခဲ့ပေမယ့် သူတို့ရှာနေတဲ့အရာက နတ်သမီး လျိုယိဖန်းဆီကိုရောက်သွားခဲ့ပါတယ် တဖြေးဖြေးဆက်နွယ်မှုတွေကိုဖေါ်ထုတ်ပြီးစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်   Translated & Review By Phyo Zaw
5.5
IMDB: 5.5/10 100 votes
movie

The Seven Swords ( 2019 )

2019
WEB-DL 720p
The Ferry Man Manjusaka ( 2018 ) 6.4
The Ferry Man Manjusaka ( 2018 ) Imdb 6.4 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် စန်းချီးဆိုတဲ့ မုံ့ဖော် ( ငရဲပြည်အ၀င်မှာစစ်ဆေးသူ ) အသစ်လေး တစ်ယောက်ဟာ ငရဲအမှုထမ်း ကျောက်လီကိုသံယောဇဉ်တွယ်နေမိတယ် ဒါပေမယ့် သူမဟာ ငယ်စဉ်ကတည်းက ၀ိညာဉ် ၇ ခုရှိရာကနေ တစ်ခုနှုတ်ယူခံထားခြင်းကို ကြုံတွေ့ထားရတဲ့ကောင်မလေး ဒါကြောင့်မို့လည်း သူဟာ မလှမပဖြစ်နေရတဲ့အပြင် နုံအအ နဲ့ပေါ့..အဲ့အတွက်ကြောင့်လည်း ကျောက်လီက သူ့ကိုလုံးဝ စိတ်မ၀င်စားဘူးဖြစ်နေပါတယ်. ဒီလိုနဲ့တနေ့မှာ သူမ ဘ၀ထဲကို ချန်စိမ်းဆိုတဲ့ကောင်လေး တစ်ယောက်ရောက်လာတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲ လျို့ဝှက်ချက်တွေဘာလဲဆိုတာတော့ ကိုယ်တိုင်သာ ဆက်လက်ကြည့်ရှုပါ   Quality : WEB-DL Translated By Phyo Zaw Review By Phyo Zaw Encoded By PHOENIX
6.4
IMDB: 6.4/10 votes
movie

The Ferry Man Manjusaka ( 2018 )

WEB-DL 720p
White Tiger(2012) 6.1
White Tiger(2012) White Tiger(2012) ရုရှားတင့်တပ်ရင်းရဲ့ အရာရှိကြီးတွေ အစည်းအဝေးတစ်ခုအရေးပေါ်ပြုလုပ်နေတယ်.... အကြောင်းကတော့ သူတို့ရဲ့ တင့်ကား(၁၅)စီးနဲ့ ဘီးတပ်အမြှောက်တွေကို ဂျာမန်တွေက ဖျက်ဆီးသွားလို့ပါပဲ.... တင့်တပ်ရင်းချင်း စီးချင်းထိုးတယ်ဆိုရင်လက်ခံလို့ရပေမယ့် ရုရှားတွေရဲ့တင့် (၁၅)စီးနဲ့ ဘီးတပ်အမြှောက်တွေကို (၁၀)မိနစ်အတွင်းဖျက်ဆီးသွားတာက အဖြူရောင်တင့်(၁)စီးထဲဖြစ်လို့ပါပဲ... ဒီတင့်ကတော့ ဂျာမန်တို့ရဲ့  White Tiger ဆိုတဲ့တင့်ပါ.... [[[ ဒီ Tiger တင့်အမျိုးအစားဟာ FURY ဆိုတဲ့ကားမှာ ဘရက်ပစ်တို့ M4 Sherman တွေကို အားပါတရဖျက်ဆီးပြသွားတာ ကြည့်ဖူးတဲ့သူတွေသိမှာပါ]] တစ်စီးထဲက ဖျက်ဆီးသွားတော့ ရုရှားတင့်တပ်က အကြီးအကဲတွေနဲ့ နည်းပညာသမားတွေအတွက်တော့ တကယ့်သွေးပျက်စရာပါပဲ... ပျောက်ကျားစစ်ပုံစံဆင်နွဲနေတဲ့ ဒီ White Tiger ကြီးကြောင့် များစွာအထိနာနေတဲ့ရုရှားတွေဟာ တန်ပြန်တိုက်ခိုက်ဖို့ တင့်တပ်ဖွဲစီစဉ်ပါတော့တယ်.. ဒီအထဲမှာတော့ အတွေ့အကြုံများစွာရှိနေတဲ့ တင့်ကား(၁၅)စီးတိုက်ခိုက်ခံရစဉ်မသေပဲ ကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးကို ခေါင်းဆောင်ခန့်ပြီး  တိုက်ခိုက်ဖို့ကြံရွယ်ကြတယ်... ကိုင်း သူတို့အောင်မြင်မလားဆိုတာကိုတော့..... ကိုင်း တင့်ကား စစ်ကားတွေမှ သဘောကြတဲ့သူတွေအတွက် ကားကောင်းတစ်ကားဖြစ်လို့ခံစားကြည့်လိုက်ပါဦး....   File Size : (950 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar ...
6.1
IMDB: 6.1/10 2,863 votes
movie

White Tiger(2012)

2012
I, Frankenstein (2014) 5.1
I, Frankenstein (2014) ဇာတ်လမ်းလေးကတော့သိပ္ပံပညာရှင် ဖရန်ကင်စတိန်းဟာ အလောင်းကောင်အစိတ်အပိုင်းတွေကိုစုစည်းပြီး လူသတ္တ၀ါတစ်ကောင်ကို ဖန်တီးခဲ့တယ်။ သူ့ဖန်တီးမှုကို မှားယွင်းမှုတစ်ခုလိုကြောက်လန့်လာတာကြောင့် အဲ့ဒီသတ္တ၀ါကို ဖျက်ဆီးဖို့ကြိုးစားခဲ့တယ် ဒါကြောင့် အဲ့ဒီသတ္တ၀ါဟာဖရန်ကင်စတိန်းရဲ့မိန်းမကို သတ်ပြီး ကလဲ့စားချေခဲ့ပါတယ်။ ဖရန်ကင်စတိန်းဟာ အဲ့ဒီသတ္တ၀ါကို ကလဲ့စားချေဖို့  ပြန်လိုက်ရှာခဲ့ပေမယ့် လူသားတို့ထုံးစံအတိုင်း အချိန်ကြာမြင့်စွာအသက်မရှည်ပဲ သေဆုံးခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့ သတ္တ၀ါကတော့ မသေဆုံးခဲ့ပါဘူး။ သတ္တ၀ါနဲ့အတူ ဖရန်ကင်စတိန်းရဲ့ မှတ်တမ်းစာအုပ်ကျန်ရှိခဲ့ပါတယ်။ တစ်နေ့မှာ အဲ့ဒီသတ္တ၀ါကို နတ်ဆိုးအရှင် နာဘေးရီးရက်စ် ရဲ့အဖွဲ့က နတ်ဆိုးတွေက တိုက်ခိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။ နတ်ဆိုးတွေလက်ကနေ အဲ့ဒီသတ္တ၀ါကို ဂါဂေါ်ရယ်အဖွဲ့က ပြန်လည်ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီသတ္တ၀ါနောက်ကို နတ်ဆိုးတွေက အဆက်မပြတ်လိုက်ပြီး ဖမ်းဆီးဖို့ အခါခါကြိုးစားခဲ့ပါတယ်။ နာဘေးရီးရက်စ်အရှင်နဲ့ နတ်ဆိုးတွေက အဲ့ဒီသတ္တ၀ါကို ဘာကြောင့်လိုက်ဖမ်းတာလဲ? ဘယ်လို အကြံအစည်တွေ ရှိနေတာလဲ? ဂါဂေါ်ရယ် အဖွဲ့ကရော အဲ့ဒီသတ္တ၀ါ နတ်ဆိုးတွေလက်ထဲမရောက်အောင် ဘာကြောင့်လိုက်ကာကွယ်ပေးတာလဲ? အဲ့ဒီသတ္တ၀ါကရော လူလား ၀ိညာဉ်မရှိတဲ့ သာမန်လူပုံစံအခွံတစ်ခုလား? ဖရန်ကင်စတိန်းရဲ့မှတ်တမ်းကို နာဘေးရီးရက်စ် ရသွားတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ပြီး ခံစားပေးပါ ။ (ဇာတ်လမ်းဘာသာပြန်နှင့် အညွှန်းကတော့ Yuki ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။)   File Size : (1.03 GB) & ...
5.1
IMDB: 5.1/10 74,216 votes
movie

I, Frankenstein (2014)

2014
The Great Wall(2016) 6.0
The Great Wall(2016) The Great Wall(2016) IMDb...6.0 (အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ Monster တွေရန်က ...
6.0
IMDB: 6.0/10 108,753 votes
movie

The Great Wall(2016)

2016
Blu-Ray 1080p 5.1 CH
Aquaman (2018) 7.9
Aquaman (2018) Blu-Ray(1080p5.1,720p,720px265,480p)   Blu-Ray Update ပါ Blu-Ray 1080p 5.1CH,720p,480p,720px265 တွေနဲ့ Encode ပြီးတင်ပေးထားပါတယ် ==================================== ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman  vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ============  အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။ သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ...
7.9
IMDB: 7.9/10 24,893 votes
movie

Aquaman (2018)

2018
IMAX Blu-Ray 1080p/720p
Warcraft: The Beginning (2016) 6.9
Warcraft: The Beginning (2016)   ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။ သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီး WOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။ လက်ရှိမှာတော့ IMDb 7.7 နဲ့ ရပ်တည်နေပါတယ်။               ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့ Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ Orc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။ အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့် ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့ တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ...... Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း ...
6.9
IMDB: 6.9/10 221,519 votes
movie

Warcraft: The Beginning (2016)

2016
Blu-Ray 1080p
Stray (2019) 6.3
Stray (2019) ဇာတ်လမ်းအစမှာ ဂျပန်အမျိုးသမီးတစ်ယောက်ရဲ့အလောင်းကို ကုန်လှောင်ရုံဟောင်းထဲမှာ တွေ့ရာကစပါတယ် ထူးဆန်းတာက အလောင်းဟာမီးလောင်ခံထားရသလိုဖြစ်နေပေမယ့် အဆောက်အဦးထဲမှာ မီးလောင်ထားတဲ့လက္ခဏာမျိုးတော့ မတွေ့ရပါဘူး အလောင်းကကျောက်ရုပ်အဖြစ်ခဲသွားခဲ့တာပါ ဒီအမှုကို အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရပြီးလေလွင့်နေတဲ့စုံထောက်မာဖီက စုံစမ်းဖို့ကြိုစားပါတယ် သေဆုံးသူမိသားစုဟာ ရှေးဟောင်းဂျပန်မှော်ပညာတစ်မျိုးမျိုးနဲ့ဆက်နွယ်နေပြီး မိသားစုဝင် တစ်ယောက်စီမှာ သဘာဝလွန်အစွမ်းကိုယ်စီရှိကြပါတယ် ဒီလိုထူးဆန်းတဲ့လူသတ်သမားက ဘယ်သူလဲ ဘာ့ကြောင့်ဒီမိသားစုကိုလိုက်ဒုက္ခပေးနေလဲဆိုတာနဲ့ သူ့ကိုဘယ်လိုအနိုင်ယူမလဲဆိုတာတော့ ဒီဇာတ်ကားလေးမှာစိတ်ဝင်စားစွာကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် Chanyein Soe မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
6.3
IMDB: 6.3/10 47 votes
movie

Stray (2019)

2019
Abnormal Attraction(2018) 5.2
Abnormal Attraction(2018) Abnormal Attraction(2018) ဒီတစ်ခါတော့ Abnormal Attraction ဆိုတဲ့ Adventure, Comedy ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် လူသားတွေနဲ့ မွန်းစတားတွေ အတူယှဉ်တွဲနေထိုင်ဖို့ ဖြစ်လာတဲ့အခါ လူသားနဲ့ မွန်းစတားကြားက နားလည်မှုလွဲတာလေးတွေကို ရိုက်ပြထားတာပါ ... ဇာတ်လမ်းအကျဉ်းချုပ်လေးကို နည်းနည်းလေး မိတ်ဆက်ပေးချင်ပါတယ် ထူးဆန်းတဲ့ ရူးကြောင်ကြောင် လူတွေကို နှစ်သိမ့်ဆွေးနွေးပေးတတ်တဲ့ ဒေါက်တာနစ်ခ်ကို ရေခဲခြစ်ရောင်းတဲ့ အန်ဒီက ဖမ်းသွားပြီး မွန်းစတားတွေက လူတွေကို နှိပ်စက်နေကျ စခန်းက အချုပ်ထဲမှာ ဖမ်းထားလိုက်ပါတယ် နစ်ခ်ဟာ မွန်းစတားတွေကို လူတွေအပေါ်အမြင်ပြောင်းသွားအောင် ပြောနိုင်ခဲ့ပေမဲ့ သူတို့အချုပ်ခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ နစ်ခ်ရဲ့ သတို့သမီးလောင်းဖြစ်သူက စခန်းကို လာတိုက်တာနဲ့ ကြုံပါတော့တယ် အဲမှာ ပစ်ကြခတ်ကြရင်း မထင်ထားတာတွေ ဖြစ်လာပါတယ် .. နစ်ခ်နဲ့ သူ့သတို့သမီးလောင်းကြားမှာ သံသယတွေနဲ့ အဆင်မပြေဖြစ်နေတာ ကြာပါပြီ အဲအချိန်မှာတော့ နစ်ခ်တစ်ယောက် သူ့ရည်းစားကို ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ပေါ်လာပါတော့တယ်..... နောက်ဆုံးမှာ မထင်ထားတဲ့ မြှုပ်ကွက်တွေကို ဖော်ပြသွားတာမို့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလို့ ညွှန်းပေးပါရစေ.. ဇာတ်လမ်းအညွှန်းနဲ့ ...
5.2
IMDB: 5.2/10 1200 votes
movie

Abnormal Attraction(2018)

WEB-DL 720p
Rampant (2018) 6.1
Rampant (2018) လီချွမ်ဟာ ဂျိုဆွန်းမင်းသား တစ်ပါးဖြစ်ပြီး စစ်ရှုံးခဲ့တဲ့အတွက် ချင်မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါ တယ်။ လီချွမ်ဟာ အရမ်းတော်တဲ့ ဓားသမားတစ်ယောက် ဖြစ်ပေ မယ့် အရက်သေစာသောက်စား တာ၊ မိန်းမလိုက်စားတာ၊ လောင်းကစားလုပ်တာတွေမှာလည်း ပျော်မွေ့သူတစ်ယောက်ပါ။ တစ်ရက်မှာတော့ လီချွမ်ရဲ့ အစ်ကို အိမ်ရှေ့မင်းသား လီ ယောင်ဟာ ဂျိုဆွန်းထီးနန်းပြန်ရခဲ့ တဲ့အတွက် လီချွမ်ကို ဂျိုဆွန်းကို ပြန်ခေါ်ခဲ့ပါတယ်။ လီချွမ်အဖို့ တော့ ဆယ်နှစ်ကျော်ကြာမှ ဂျိုဆွန်းမြေပေါ် ပြန်ခြေချခွင့်ရတာ ဖြစ်ပါတယ်။ လီချွမ်ဂျိုဆွန်းကို ပြန်ရောက် တာနဲ့ ဂျိုဆွန်းမှာ ထိတ်လန့်ဖွယ် ရာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လို့နေပါတယ်။ အဲဒါကတော့ ကြောက်စရာ မကောင်းဆိုးဝါး တွေ ညအချိန်ထကြွသောင်းကျန်း တာမို့ လူတွေအစုလိုက်၊ အပြုံ လိုက် သေဆုံးခဲ့ရလို့ပါ။ လူအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ကိုက်ဖြတ်သတ် ဖြတ်ရင်း ရောဂါတွေကူးကုန်တာ ဘယ်လိုမှ ထိန်းမနိုင်တဲ့ အနေ အထားအထိအောင် ...
6.1
IMDB: 6.1/10 38,548 votes
movie

Rampant (2018)

2018
Blu-Ray 1080p/720p
Mary Poppins (1964) 7.8
Mary Poppins (1964) 2019 မှာ Mary Poppins ပြန်လာမယ်ဆိုပဲ။ Mary Poppins ဆိုတာဘယ်သူလဲ။ နတ်သမီးလေးလား။ ကဝေမလေးလား။ သူက ထူးခြားမှော်ဆန်တဲ့ ကလေးထိန်းမလေးပါ။ Mary Poppins(1964) ကတော့ Comedy, Family, Fantasy ဇာတ်ကားလေးပါ။ Disney ဇာတ်ကားတို့ရဲ့ ထုံးစံအတိုင်း သီချင်းလေးတွေဆို ရယ်စရာလေးတွေပဲပါတယ်ထင်ရင်တော့မှားသွားပါမယ်။ သူပေးချင်တဲ့ ဘဝနဲ့ပတ်သက်တဲ့ Message တွေကလည်း အရမ်းကို ရိုးရှင်းကောင်းမွန်ပါတယ်။ ကလေးတွေအတွက်လည်း အသိတိုးသလို လူကြီးတွေအတွက်လည်း သတိရလာအောင် သတိပေးမယ့် ချစ်စရာ Message လေးတွေကိုမြင်ရမှာပါ။ သီချင်းလေးတွေကလည်း ချစ်စရာပါ။ မိသားစုအတူတူပေါ့ပေါ့ပါးပါးရယ်ရစေမယ့် ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ်။ မိဘတွေရဲ့ ဂရုစိုက်ခြင်းမခံရဘဲ နာနီတွေနဲ့ပဲ အချိန်ကုန်နေရတဲ့ ကလေးတွေဟာ ကလေးဆိုးလေးတွေလိုဖြစ်လာကြပါတယ်။ ကလေးထိန်းတွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းနေရတဲ့အချိန်မှာ Mary Poppins က ကလေးတွေရဲ့ အလုပ်ခေါ်စာကိုတွေ့ပြီး ကလေးထိန်းအလုပ်လုပ်ရင်း သူတို့မိသားစုကြားမှာ ...
7.8
IMDB: 7.8/10 137,462 votes
movie

Mary Poppins (1964)

1964
Blu-Ray 720p
Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) တစ်ခေတ်တစ်ချိန်က အောင်မြင်ခဲ့ပြီး ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့ Marry Poppins (1964) ရဲ့ Sequal အဖြစ် အခု ၂၀၁၈ မှာMary Poppins' Return ဆိုပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Mary Poppins ဆိုတာ မှော်ဆရာမလေးတစ်ဦး၊ သူဘယ်ကလာလဲ၊ ဘယ်အချိန်ပေါ်လာမလဲ၊ ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။ Mary Poppins' Return အကြောင်းမပြောခင် Mary Poppins (1964) အကြောင်းလေးကနေစပြောမှ ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။ Jane Banks နဲ့ Michael Banks တို့ငယ်ငယ်တုန်းက Mary Poppins က ကလေးထိန်းအဖြစ်နဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။ အဲ့ဒီမောင်နှမနှစ်ယောက် အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊ မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ Mary Poppins ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့် လန်ဒန်မိုးကောင်းကင်ပေါ်ကို ပြန်သွားခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Jane နဲ့ Michael တို့နှစ်ယောက် Mary Poppins ကိုပြန်မတွေ့တော့ပါဘူး။ Mary Poppins နဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ ...
7.2
IMDB: 7.2/10 34,140 votes
movie

Mary Poppins Returns (2018)

2018
Blu-Ray 720p
Isn’t It Romantic (2019) 6.1
Isn’t It Romantic (2019) ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ပြောရရင်တော့ အချစ်ဇာတ်မြူးကားမကြိုက်တဲ့ကောင်မလေးတစ်ယောက် အချစ်ဇာတ်မြူးကားထဲ ပိတ်မိသွားတဲ့ အချစ်ဇာတ်မြူးကားလို့ ပြောရမှာပဲ.. ရှုပ်များသွားသလား မသိဘူး။ ငယ်ဘ၀မှာ မိခင်ဖြစ်သူသွင်းပေးလိုက်တဲ့ အတွေးခေါ်တွေကြောင့် အချစ်ဟာသကားတွေကို မုန်းတဲ့ နာတာလီဆိုတဲ့ ပုံ့ပုံ့ဖိုင့်ဖိုင့်ဗိသုကာပညာရှင်မလေး ... စိတ်ကူးယဉ်ဆန်တာတို့ ချစ်ခြင်းတို့ဆိုတာတွေဟာ သူ့လိုမိန်းကလေးတွေအတွက် မအပ်စပ်တဲ့အရာလို့ တစ်ယူသန်မှတ်ထားတဲ့ လက်တွေ့ဆန်မလေးတစ်ယောက် တစ်ညမှာ ရိုက်လုခံရပြီး အစစအရာရာ မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာပေါ့.. နာတာလီလေးတစ်ယောက် လက်တွေ့ဘ၀ထဲပြန်ထွက်လာမလား.. သူမုန်းတယ်ထင်ခဲ့ဖူးတဲ့ အစစအရာရာပြည့်စုံနေတဲ့ဘ၀မှာ ပျော်မလားဆိုတာတော့ ကြည့်လိုက်ကြပါဦးလို့ Translated by Sane Khet Encoded by sithu
6.1
IMDB: 6.1/10 14,891 votes
movie

Isn’t It Romantic (2019)

2019
The Soul-Mate(2018) 6.0
The Soul-Mate(2018) The Soul-Mate(2018) ဒီကားရဲ့ အဓိက ခေါင်းဆောင်မင်းသားဖြစ်တဲ့ Dong-seok Maကိုတော့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေ အကြိုက်ဖြစ်ခဲ့တဲ့ Along with the Gods, Unstoppable ,The Outlaws စတဲ့ နာမည်ကြီးကားတွေမှာရင်းနှီးပြီးသားမို့  ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်.... တခြားသူတွေမျက်လုံးပေါက်ကိုမှေးကျဉ်းလိုက်ပြီး မျက်နှာကြီးရှုံထားရင် ထိတ်လန့်စရာကောင်းနေပေမယ့် ဒီမင်းသားကြီးအဲ့လိုအမူအရာလုပ်ရင် ရိုးသားပြီးချစ်စရာကောင်းနေတာကလည်း အံသြစရာပင်... သူ့ရဲ့မွေးရာပါ မျက်နှာကပင် အဲ့လိုပဲလားမသိပေ... The Soul-Mate ဇာတ်ကားထဲမှာတော့ ဂျူဒိုဆရာတစ်အဖြစ်သရုပ်ဆောင်ထားပြီး သူ့မှာ နှလုံးအားနည်းရောဂါရှိတဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်... တစ်နေ့သူရဲ့ ကားကိုရဲက သိမ်းသွားတော့ ယူသွားတဲ့ရဲနောက်ကိုလိုက်ခဲ့ပါတယ်.. အဲ့ဒီအခါမှာ ရဲရော သူရောကို ဒုစရိုက်သမားတွေက သေလောက်အောင်ရိုက်သွားပါတယ်... တကယ်တော့ ရဲနဲ့ ဂျူဒိုဆရာတို့ဟာ တကယ့်ပြသနာတောကြီးထဲကိုရောက်ရှိသွားတာပါ... ကဲ သူတို့ ဘယ်လိုပြသနာတောကြီးထဲကိုရောက်သွားတာလဲ..... အရိုက်ခံရပြီးဆေးရုံပေါ်ရောက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်နေမလဲ... ဒုစရိုက်ဂိုဏ်းနဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ...နောက်ကွယ်က ဘယ်သူတွေရှိနေမလဲ...ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်.... File Size : (850 MB) and (353 MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre :  Comedy, Fantasy Subtitle : Myanmar ...
6.0
IMDB: 6.0/10 1500 votes
movie

The Soul-Mate(2018)

2018
Fantastic Beasts 2: The Crimes of Grindelwald (2018) 7.4
Fantastic Beasts 2: The Crimes of Grindelwald (2018) 2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။ သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေါ့ဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။ အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ ခရီးဒန့်စ်ကတော့ သူ့ရဲ့ မိဘနဲ့ဘဝအမှန်ကိုလိုက်ရှာနေပါပြီ။ ဂရင်ဒယ်ဝေါ့ဒ်ကတော့ ခရီးဒန့်စ်ကို သူ့ဘက်ပါအောင်စည်းရုံးဖို့ ကြိုးစားလာပါတယ်။ ဒမ်ဘယ်လ်ဒိုးကတော့ နျုကိုစေလွှတ်ပြီး ဂရင်ဒယ်ဝေါ့ဒ်ရဲ့ အစီအစဉ်ကို ပျက်အောင် တားဆီးခိုင်းပါတော့တယ်။ ဒီလောက်ဆိုရင် ဒီရုပ်ရှင်ကို ကြည့်လို့ရမှာပါ။ ...
7.4
IMDB: 7.4/10 12,444 votes
movie

Fantastic Beasts 2: The Crimes of Grindelwald (2018)

2018
Blu-Ray 1080p/720p
Moana (2016) 8.1
Moana (2016)   မကြာခင်ကမှ ထွက်ရှိ ထားတဲ့ စိတ်ကူးယဉ်စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့ Moanaကားလေး အကြောင်း ညွှန်း ပေးလိုက်ပါတယ်။ Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animationဇာတ်ကား အဖြစ် နိုဝင်ဘာ ၂၃ ရက်ကမှ ထွက်ရှိထားတာပါ။ #တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။ #တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီး အသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ #မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့ အသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး #တီခါ နဲ့ ဆုံပြီးတဲ့နောက် တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး ...
8.1
IMDB: 8.1/10 22,873 votes
movie

Moana (2016)

2016
Bluray 1080P