Channel Myanmar

Fantasy

End of Days (1999) 5.8
End of Days (1999) End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie

End of Days (1999)

1999
The Family Man (2000) 6.8
The Family Man (2000) The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..?ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ...
movie

The Family Man (2000)

2000
A Man Called Hero 2 ( 2022 ) 6.1
A Man Called Hero 2 ( 2022 ) ဒီနေ့တော့ CM ချစ်ပရိသတ်တွေအတွက် ဟွားယင်းရှုံရဲ့သား ဟွားကျန့်ရှုံအကြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်တယ်...ကျုံးဟွားအိမ်တော်နဲ့ နိုင်ငံခြားရောက်အခက်တွေ့နေတဲ့ တရုတ်အနွယ်ဝင်တွေကို ကာကွယ်ပေးတဲ့ ဟွားယင်းရှုံအကြောင်းကို အရင်တစ်ခေါက်ကဘာသာပြန်တင်ဆက်ခဲ့ပါတယ်... အခုတစ်ခေါက်မှာတော့ဟွားကျန့်ရှုံအကြောင်းပေါ့... ဟွားကျန့်ရှုံဟာ အဖေတူသားပီပီ တရုတ်သွေးအပြည့်နဲ့ တရုတ်အနွယ်ဝင်တွေ ဒုက္ခခံစားရတာကို ကာကွယ်ဖို့ အချိန်ပြည့် ကြိုးစားအားထုတ်နေကြသူပေါ့...ဟွားယင်းရှုံနဲ့ ဝူတီတို့ တိုက်ပွဲအပြီးမှာ ဟွားယင်းရှုံ ပျောက်ချင်းမလှပျောက်ခဲ့တဲ့အတွက် ကျုံးဟွားအိမ်တော်နဲ့တရုတ်အနွယ်ဝင်တွေဟာ အင်္ဂလိပ်အရာရှိနဲ့ လော့ရှုံဂိုဏ်းခေါ် ဂျပန်တွေရဲ့ ပူးပေါင်းဒုက္ခပေးမှုကို ခံစားနေရတာပေါ့... ဘယ်လောက်တောင်လဲဆို...လော့ရှုံဂိုဏ်းဟာ ဝူတီပြီးနောက် ကျင်းပေါင်တိုင် ဆက်ခံခဲ့ပြီးချိန်မှာတော့ ကျင့်စဉ်တွေကျင့်နိုင်ဖို့ ကလေးတွေရဲ့စိတ်ဝိညာဉ်ကို ဖမ်းစားရမယ်ဆိုတဲ့ အယူသီးမှုကြောင့် လော့ရှုံဂိုဏ်းဟာ တရုတ်အနွယ်ဖွားကလေးတွေကို အဓမ္မနည်းနဲ့ လိုက်ဖမ်းခဲ့ပါတယ်...ဒါကို သည်းမခံနိုင်တဲ့ ကျန့်ရှုံတစ်ယောက် ကလေးတွေရဲ့ အနာဂတ်ကို ကယ်တင်နိုင်မလား... ဟွားယင်းရှုံကရော ဘယ်ရောက်နေတာလဲ... သူရဲကောင်းဖြစ်ဖို့ ဘာတွေပေးဆပ်ရဦးမှာလဲ... ဒီလိုပေးဆပ်ရတာ တန်ရဲ့လားဆိုတာ ဆက်လက်စောင့်ကြည့်ပါဦး Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK  A Man Called Hero 1 ...
movie

A Man Called Hero 2 ( 2022 )

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

Five Elements Secret Art ( 2022 ) 6.2
Five Elements Secret Art ( 2022 ) CM ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက လွန်လေပြီးသော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေက ရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင် ၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့ အရှင်သခင်တွေက လောက ဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ ကြံရွယ်ခဲ့တယ်...ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့ မသမာသူတွေက ဒီဒြပ်စင် ၅ပါးကို လက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်...ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုက အရေးကြီးတယ်လို့ ထင်ထားတဲ့ ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက် သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့... လောကရဲ့ တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်လည်း အချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...ကဲ ဒြပ်စင် ၅ ပါးကို ဘယ်လို ကာကွယ်ကြမယ်... ရိကျင်းဆုံးရှုံးသွားတာက ဘာလဲ.... အချိန်ခရီးသွားပြီး ဘာပြောင်းလဲနိုင်မလဲ.... ဇာတ်ကားလေးကြည့်လိုက်တော့နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ...
movie

Five Elements Secret Art ( 2022 )

Instant Karma (2021) 5.6
Instant Karma (2021)   Instant Karma(2021) Imdb-5.6/10 Type-Comedy,Drama,Fantasy,Mystery Jeffလို့ခေါ်တဲ့ လူတစ်ယောက်ကအလုပ်‌ကောင်းကောင်းတခုရဖို့ကြိုးစားခဲ့ပေမယ့် တခုပြီးတခုပြုတ်ခဲ့လို့စိတ်ညစ်နေတဲ့သူတစ်ယောက်ပါအခုလည်းအလုပ်ထပ်ပြုတ်လို့LiftဆီမှာFreelancerလုပ်ရင်းကားမောင်းပြီးလိုက်ပို့တဲ့အလုပ်ကိုစလုပ်ကြည့်ပါတယ် ဒါပေမဲ့“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုသလို မောင်းနေတဲ့ကားစုတ်လေးပါရုတ်တရက်ပျက်သွားလို့ မရှိမဲ့ရှိမဲ့အလုပ်လေးတောင်ဆက်မလုပ်နိုင်တော့ပါဘူး ကိုယ့်ကိုကိုယ်ဝင်ငွေမရှိရင်ချစ်သူနဲ့ပါ အတူမနေနိုင်တော့ဘဲအိမ်ခြေရာမဲ့ဖြစ်ရတော့မယ်ဆိုပြီးစိတ်ညစ်နေတုန်း သူ့ချစ်သူရဲ့သူငယ်ချင်း‌တစ်ယောက်ကဇာတိမြို့ကိုပြန်ရင်၃လ‌လောက်ကြာမှာဖြစ်လို့ သူတို့ကို သူ့ကားပေးထားခဲ့ပါတော့တယ်ကားပျက်နေလို့အလုပ်ဆက်မလုပ်နိုင်တဲ့Jeffလည်;သူ့ဘဝမှာပထမဆုံးကံကောင်းမှုဖြစ်လာတဲ့ကားကိုယူမောင်းရင်းထင်မှတ်မထားတဲ့ ကုသိုလ်ကံအကျိုးပေးတွေပါ အဲ့ဒီကားထဲမှာ ဖြစ်ပျက်လာပါတော့တယ် သူတို့ချက်ချင်းအကျိုးပေးတဲ့ကံကောင်းမှုနောက်ကွယ်က အကြောင်းရင်းကို ဂျက်နဲ့သူချစ်သူတို့ နောက်ဆုံးရှာတွေ့နိုင်မှာလား အဲ့ဒီကားရဲ့လျို့ဝှက်ချက်ကရောဘာဖြစ်နိုင်မလဲFile size…(1.86GB)/(834MB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Kelvin
movie

Instant Karma (2021)

Dead Alive (1992) 7.5
Dead Alive (1992) Braindead a.k.a Dead Alive (1992)~ IMDb - 7.5/10, Rotten Tomatoes - 89% ~King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့​ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်​ကျော်ခဲ့တဲ့ Horror Comedy ကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။" သတိချပ်​စေချင်တာက​တော့ တချို့အခန်း​တွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,​ရ​လောက်​အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ က​လေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်... "ဒါပေမဲ့ အဲဒီ ရွံစရာ​တွေကြား ဟာသ​နှောထားပုံ​​လေးနဲ့ ကြည်နူးစရာလေး‌တွေကိုလည်း ​တွေ့မြင်ရမှာပါ။ ...
movie

Dead Alive (1992)

1992
Catch The Dragon ( 2022 ) 6
Catch The Dragon ( 2022 ) CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Catch the dragon ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Qin Xiaofeng ကထက်မြက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီးသူ့အဖေဖြစ်သူကတော့ ခွန်မိုက်တောင်မှာနဂါးရှာပုံတော်ဖွင့်ရင်းပျောက်ဆုံးသွားခဲ့တယ်။ သူ့အဖေပျောက်ဆုံးမှုအမှန်တရားကိုရှာဖွေဖိုနဲ့လက်စားချေဖိုအတွက် Qin Xiaofeng ကနဂါးရှာတဲ့အဖွဲနဲ့ပူးပေါင်းခဲ့တယ်။ဒီလိုနဲ့ Qin Xiaofeng ကတော့သူ့အဖေပျောက်ဆုံးရတဲ့ ဆန်းကြယ်တဲ့လျှိဝှက်ချက်ကိုရှာတွေ့နိုင်တဲ့လိုထင်တဲ့အချိန်မှာ ရုတ်တရက်အရင်တုန်းကသေဆုံးသွားတဲ့အရိုးတွေကိုရှာတွေခဲ့တယ်။ Qin Xiaofeng တစ်ယောက်တဖြည်းဖြည်းချင်း လျှိဝှက်ဆန်းကြယ်တဲ့အရာတွေနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာတော့... ကဲဒီတော့သူ့အဖေပျောက်ဆုံးသွားတဲ့အမှန်တရားကဘာဖြစ်မလဲ ?လူတွေကခွန်မိုက်တောင်သွားရင်နဂါးဖမ်းစားခံရတယ်ဆိုတဲ့ သတင်းတွေကအမှန်လား ? ဘယ်လိုတွေလျှိဝှက် ဆန်းကြယ်တဲ့အရာတွေဖြစ်လာမလဲ? အရာအားလုံးဖော်ထုတ်နိုင်မလားဆိုတာ Catch the dragon ဇာတ်ကားကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် ~  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 13min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Catch The Dragon ( 2022 )

Jaadugar (2022) 7.2
Jaadugar (2022) Jaadugar (2022) (အညွှန်း)ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p  Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & ...
movie

Jaadugar (2022)

2022
Thor: God of Thunder (2022) 3
Thor: God of Thunder (2022) Thor: God of Thunder (2022)ဟုတ်ကဲ့ မမှားပါဘူး။ မာဗယ်ရဲ့အချစ်တော် နာမည်ကျော် ဆရာသောရ်ရဲ့ အသစ်စက်စက်ရုပ်ရှင်ပါ။ ထုံးစံအတိုင်း သောရ်နဲ့ ဆရာလိုကီတို့ရဲ့ အပြိုင်ဇာတ်ပါပဲ။ ဇာတ်လမ်းစစဖွင့်မှာတော့ လိုကီဟာ အကျဉ်းစံနေရပါတယ်။ ခဏအကြာမှာတော့ ထမင်းလာကျွေးတဲ့ကောင်ကို မလှိမ့်တပတ်လုပ်ပြီး လွတ်သွားပါတယ်။ God of Mischief ကြီး လိုကီကို ဂျက်စပဲရိုးကို လှောင်သလို သံတိုင်နောက်လှောင်ထားတာကိုး။ မလွတ်တာကမှ ဆန်းနေမှာပါ။လိုကီဟာ လွတ်ပြီးပြီးချင်းပဲ အိုဒင်ကိုသွားသတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံပါတယ်။ သူ့သားတွေထဲက တစ်ကောင်ဖြစ်တဲ့ ဧရာမဝံပုလွေကြီးကို အကျဉ်းချထားတာကို လွှတ်ပေးရမှာပါ။ အဲဒီဝံပုလွေကြီးလွတ်သွားရင် အိုဒင်ကို စားပြီး လောကကိုးပါးသစ်ပင်ကို စားပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်မှာပါ။ ပြဿနာကတော့ အိုဒင်ကြီးဟာ မျက်စိတစ်ဖက်ကန်းနေပေမဲ့ စောင်ထာကျနေတဲ့ ကြေးစားလူမိုက်ရုပ်ကြီးထွက်နေပါတယ်။အိုဒင်အသက်ငင်နေတဲ့ အချိန်မှာပဲ အတ်ဂတ်စ်ကိုပစ်ပြီး ဘယ်တွေအလည်လွန်နေမှန်းမသိတဲ့ ဆရာသောရ် ပြန်လာပါပြီ။ မီးခိုးငွေ့တွေ ...
movie

Thor: God of Thunder (2022)

2022
The Prodigal Son ( 2022 ) 6.1
The Prodigal Son ( 2022 ) CM ရဲ့ချစ်ပရိသတ်ကြီးကို ထူးခြားတဲ့စွမ်းရည်တွေနဲ့ Fantasyကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့...... ထူးခြားတဲ့အစွမ်းတွေပိုင်ဆိုင်တဲ့ လူငယ်လေးကျိုးချူက ဆိုးသွမ်းပြီး ဆန့်ကျင်လိုစိတ်တွေများပါတယ်။ အမြဲဒုက္ခတွေရှာလို့ ဝူကျွင့်မြို့သားတွေကသူ့ကို ဒုက္ခအိုးလို့သဘောထားကြတယ်။တစ်ညမှာတော့မြို့ပြင်ကကလေးငယ်လေးကို ကယ်ဖို့အတွက် ကျားဘုရင်ရဲ့သားကိုသတ်ခဲ့တယ်။ ဒီလိုနဲ့ ကျားဘုရင်က ဝူကျွင့်မြို့ကိုဒုက္ခပေးလာတော့ ကျားဘုရင်နဲ့တိုက်ခိုက်တဲ့အချိန်မှာ ကျိုးချူကဒဏ်ရာအပြင်းအထန်ရသွားပြီး အစွမ်းတွေပျောက်သွားခဲ့တယ်။သာမန်လူလို့ဖြစ်သွားတဲ့အချိန်မှာ ကျိုးချူက ပြည်သူတွေရဲ့မေတ္တာနဲ့ စောင့်ရှောက်မှုကိုခံယူပြီး သူအရင်တုန်းလုပ်ခဲ့တာတွေကမှားမှန်းသိသွားခဲ့တယ်။ သူရဲကောင်းတစ်ယောက်ရဲ့တာဝန်ကိုနားလည်သွားပြီး ကျားဘုရင်နဲ့နောက်ဆုံးအကြိမ်တိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ အထူးeffectတွေနဲ့ သိုင်းချတဲ့အခန်းတွေ တစ်ဝကြီးကြည့်ရင် ဘာတွေဆက်ဖြစ်မလဲ ဆက်ကြည့်လိုက်ပါနော်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy,Action Runtime : 1h 22 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Prodigal Son ( 2022 )

Taichi’s Beast Mound (2022) 6.4
Taichi’s Beast Mound (2022) ဒီတစ်ခေါက်မှာ CM သိုင်းလောကသားတွေအတွက်ကို Tai Chi's Beast Mound (2022)ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...သိုင်းလောကသားတိုင်း ထိုက်ကျိသိုင်းကို သိပြီးသားမို့ အထူးအထွေ မရှင်းပြတော့ဘူး... အခု အလှည့်ကျတဲ့ ဇာတ်လမ်းလေးရဲ့ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင် ချန်မျိုးရိုးမို့ အထိုက်အလျောက် ဂိုဏ်းချုပ်နေရာကိုဆက်ခံခဲ့ပြီးနောက် ချန်ချန်ဖုန်းတစ်ယောက်ထိုက်ကျိဂိုဏ်းရဲ့ အနှစ်သာရကို သေချာနားမလည်တဲ့အပြင် ဦးလေးရဲ့ စကားအောက်မှာပဲ ဦးလေး အလိုကျ နေခဲ့တာပေါ့... ဒီလိုနဲ့ အနားက လူတချို့ နဲ့ အပြစ်မဲ့လူသားတွေ ဒုက္ခရောက်ကုန်တာမြင်လာရပြီးနောက် သူလက်စားချေဖို့ စတင်စဉ်းစားပါတော့တယ်...ဒီလက်စားချေမယ့် အစီစဉ်ကြောင့်လည်း ဘိုးဘေးလက်ထက်တည်းက တားမြစ်ထားတဲ့ နယ်မြေက ထိုက်ကျိကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ခဲ့တာပေါ့...ကဲ ဘာကြောင့် ဘိုးဘေးတွေက တားမြစ်ခဲ့တာလဲ... နောက်ပြီး ဒီတားမြစ်နယ်မြေကိုသွားတာ ချန်ချန်ဖုန်းကို ဘယ်လိုရလဒ်မျိုးသယ်ဆောင်လာမှာလဲ... နောက်ဆုံး ထိုက်ကျိဂိုဏ်းရဲ့ အဓိပ္ပာယ်ကို ချန်ချန်ဖုန်း နားလည်သွားမှာလား... ထုံးစံအတိုင်း ဇာတ်ကားလေးဒေါင်းပြီး ပုံဖော်ကြည့်လိုက်တော့နော်Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 32min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Taichi’s Beast Mound (2022)

The Great Dragon Plague ( 2021 ) 6.3
The Great Dragon Plague ( 2021 ) The Great Dragon Plague (2021) ကားလေးကို ဒီတစ်ခါ CM ပရိတ်သတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘာသာရေးမှိုင်းတိုက်တယ်ဆိုတဲ့ ဘာသာရေးကိုတလွဲအသုံးချမှုတွေအကြောင်းကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးပြောရရင် တထန်မင်းဆက် ခေတ်နှောင်းပိုင်းမှာ ပူဇော်ပွဲအစဉ်အလာတစ်ခုပေါ်ထွက်လာတာချိန်ကို အခြေခံရိုက်ကူးပြထားတာပါ... chang an ကို အခြေခံထားတာဖြစ်လို့ The Promise of Chang’an (2020) ဇာတ်ကားထဲမှာကို လူမမာအရှင်မင်းကြီးက အမည်ခံအုပ်ချုပ်နေပြီး နောက်ကွယ်မှာ ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေခဲ့တာပေါ့...ဒီဇာတ်လမ်းလေးထဲမှာ ပူဇော်ဖို့ စတေးခံတွေထဲကတစ်ယောက်လွတ်လာပြီးနောက်မှာ ဒုက္ခသည်စခန်းလိုမျိုးမှာရက်အနည်းငယ်နေလာပြီးနောက် အခုလိုဘဝလေးလည်း မဆိုးဘူး.. ချန်အန်းကနေ ထွက်သွားမယ်ဆို ဘဝသစ်နေနိုင်ပြီလို့တွေးလာပေမယ့်.. ဒီဒုက္ခသည်စခန်းကအားလုံးက ချန်အန်းကို ကယ်တင်ဖို့ကြိုးစားနေတဲ့အခါအဆုံးသတ်မှာ ခေတ္တငြိမ်းချမ်းတဲ့ ဒုက္ခသည်စခန်းမှာပဲ ဆက်နေသွားမှာလား ချန်အန်းပြန်ပြီး ရသလောက်ကို ကယ်တင်ကြမှာလား ဘယ်လမ်းကိုရွေးမလဲဆိုတာကြည့်ပြီး ကိုယ်သာ သူ့နေရာဆိုရင်ရော ဘယ်လမ်းရွေးမလဲဆိုတဲ့ အဖြေကို ကြည့်ပြီးသွားရင် မျှဝေပေးသွားပါဦးနော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 17min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon,Chu Chu Encoded by LK
movie

The Great Dragon Plague ( 2021 )

Rip in Time (2022) 6.8
Rip in Time (2022) Rip in Time (2022)~ IMDb rating - 6.8/10 ~အချိန်ကွဲကြောင်းကို ဖြတ်ပြီး ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းပေါ့။ ဆုံကိုဆုံလာရမယ့် ဖူးစာကို အချိန်လိုစွမ်းအားကြီးတဲ့ အရာကတောင် မတားနိုင်ဘူးလို့ ပြောထားတဲ့ Comedy, Fantasy, Drama ဇာတ်ကားလေးပါ။နယ်မြို့လေးမှာ အေးအေးချမ်းချမ်းနေကြတဲ့ ဆာရာတို့ မိသားစုလေးဆီကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာရာက စပါတယ်။ ထူးထူးဆန်းဆန်း အဝတ်အစားတွေနဲ့ စကားကို ထူးထူးဆန်းဆန်းပြောတတ်တဲ့ ရစ်ပ်ဆိုတဲ့ သူစိမ်းကို သဘောကောင်းတဲ့ ဆာရာတို့မိသားစု လက်ခံထားပါတယ်။ နောက်တော့ သူစိမ်းရဲ့နာမည်က နာမည်ကျော်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်နေပြီး ၁၈ ရာစု လောက်က ဖြစ်ခဲ့တဲ့ အကြောင်းကို စိတ်ကူးယဉ်ဝတ္ထုအနေနဲ့ ရေးထားတဲ့ ဇာတ်လမ်းက သူ့အဖေရဲ့ အကြောင်းကို ရေးထားတာလို့ ပြောလာပါတယ်။ ပြီးတော့ သူ့ကို မွေးတာက ၁၈ ရာစုတုန်းက ...
movie

Rip in Time (2022)

2022
Peter Pan (2003) 6.8
Peter Pan (2003)   အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77% File size…(2.17GB)/(1.2GB)/(875MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...adventure / Family / fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Peter Pan (2003)

The Princess (2022) 6.0
The Princess (2022) The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်းလှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ‌ချော‌လေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်...အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt
movie

The Princess (2022)

Doctor Strange in the Multiverse of Madness (2022) 7.6
Doctor Strange in the Multiverse of Madness (2022) IMDb Rating (7.3)ဒေါက်တာစထရိန့်ဂျ် ရုပ်ရှင်အသစ်စက်စက်လာပါပြီ။ ဇာတ်လမ်းကတော့ ဝန်ဒါဗီရှင် ဇာတ်လမ်းတွဲကနေ စတာပါ။ ဝန်ဒါဗီရှင် စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါပြီ။ဝန်ဒါဗီရှင်စီးရီးအပြီး စကားလက်ဝစ်ချ်(ကြက်သွေးရောင်စုန်းမ) ဖြစ်သွားတဲ့ ဝန်ဒါဟာ မှော်ပညာတွေကို စွန့်လွှတ်ပြီး တစ်ယောက်တည်း နေထိုင်နေပါပြီ။ ဒါပေမဲ့ အပြိုင်စကြဝဠာတွေကို ကူးသန်းဖို့ ပေါ်တယ်တံခါး ဖွင့်နိုင်စွမ်းရှိတဲ့ အမေရိကချားဗက်စ်ဆိုတဲ့ ကလေးမလေးနဲ့ ဒေါက်တာစထရိန့်ဂျ်တို့ တွေ့ဆုံတဲ့အခါ၊ ကလေးမလေးကို နတ်ဆိုးတစ်ကောင်က လိုက်ဖမ်းနေကြောင်း သိလိုက်ရတာမို့ ဒေါက်တာစထရိန့်ဂျ်ဟာ ဝန်ဒါမက်ဆီမော့ဖ်ကို အကူအညီတောင်းလာပါတော့တယ်။အဲဒီကနေ အပြိုင်စကြဝဠာတစ်လျှောက် ရန်သူတွေ တိုက်ပွဲတွေ စတင်လာပါတော့တယ်...။WEB-DL Quality ကို 4K IMAX HDR နဲ့ပါ တင်ဆက်ထားပါတယ်။(HDR Version ကိုတော့ HDR Support လုပ်တဲ့ ခေတ်ပေါ်ဖုန်းတချို့..Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပြီး ရိုးရိုး Device တွေကတော့ 4K HEVC SDR ကိုသာ ဒေါင်းလုတ်လုပ်ကြပါ။)File size…  (5.2 ...
movie

Doctor Strange in the Multiverse of Madness (2022)

4K HEVC IMAXHDR
Matilda (1996) 6.9
Matilda (1996) Matilda (1996)Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ်မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ ...
movie

Matilda (1996)

1996
Darkness Falls (2003)
Darkness Falls (2003) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ ဟော်ရာရုပ်ရှင်ကောင်းတစ်ခုပါပဲဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ "Darkness Fall"ဆိုတဲ့ မြို့လေးမှာ မတ်တေလ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်.သူမကို ကလေးတွေအားလုံးချစ်ခင်ကြတယ်.ဒါပေမဲ့ တစ်နေ့တော့ သုူ့အိမ်မီးလောင်တဲ့ အချိန် သူ့မျက်နှာပါ မီးလောင်ဒဏ်ရာ ရသွားတယ်.တစ်နေ့ မြို့မှာ ကလေးနှစ်ယောက်ပျောက်သွားတော့ မြို့က သူတွေက သူ့ကို ကလေးတွေ သတ်တယ်ဆိုပြီး မှားယွင်းစွပ်စွဲ သတ်ပစ်လိုက်ကြတယ်.မတ်တေလ်ဒါက သူမသေခင်မြို့လေးကို "သူမ မျက်နှာကို မြင်တဲ့ ဘယ်သူကိုမဆို လက်စားချေမယ်" ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်.နှစ်တွေအများကြီး ကြာပြီးတော့ ကိုင်းလ်ဆိုတဲ့ ကလေးလေးနဲ့ ကျိန်စာဟာ ပြန်အသက်ဝင်လာခဲ့တယ်.ကိုင်းလ်ကရော ကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲ. ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါ File size…(1.7 GB)/(779MB)/(362MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Fantasy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar ...
movie

Darkness Falls (2003)