Channel Myanmar

Fantasy

Bhajarangi 2 (2021) 8.0
Bhajarangi 2 (2021) စုန်းကဝေနဲ့ အိန္ဒိယရှေးဟောင်းကားကြိုက်သူတွေအတွက် ဘာခ်ျရမ်းဂီ ရဲ့ ဒုတိယမြောက်ကား ထွက်လာခဲ့ပြန်ပါပြီ။ ပထမကားကြည့်ဖူးတဲ့သူတွေ ရန်သူကို ဟာနုမာန် တူနဲ့ တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒီအပိုင်း၂ မှာတော့ အရမ်းစိတ်နှလုံးကောင်းရှိတဲ့ အန်ဂျီဟာ မိန်းမယူဖို့ သူ့အမေရဲ့စေလွှတ်မှုကြောင့် အမရှိရာ ရွာကိုပြန်ပြီး ဖူးစာရှင်ရှာဖွေရင်း ဘယ်လိုဖူးစာရှင်နဲ့ကြုံတွေ့မှာလဲ။ အချစ်ခရီးလမ်းကဖြောင့်ဖြူးမှာလား ဆိုတာဆက်လက်ကြည့်ရပါဦးမယ်။ အိုဗာ တွေပါတယ်ဆိုပေမယ့် ဒိုင်ယာလော့တွေကောင်းတာမို့ စုန်းကဝေအက်ရှင်ကြိုက်သူတွေအတွက် စိတ်၀င်စားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေဦးမှာပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung ဖြစ်ပါတယ်။) File size…(1.9 GB)/(1.1 GB) Quality….HDRip HEVC 1080p / 720p Format…mkv/mp4 Duration….02:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lwin Htoo Aung
movie

Bhajarangi 2 (2021)

1080p HEVC
The Mermaid: Monster from Sea Prison ( 2021 ) 6.1
The Mermaid: Monster from Sea Prison ( 2021 ) ဒီတစ်ခေါက်တော့ CM ပရိတ်သတ်တွေအတွက် ရေသူမကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကြောင်းလေးကတော့... ချန်ကျန်းဟာ ဝူကျွန်းရဲ့ ထိန်းသိမ်းစောင့်ရှောက်သူရေသူမတွေကို နှိမ်နှင်းရတဲ့ ချန်အိမ်တော်ရဲ့ စစ်သူကြီးတစ်ယောက်ပါတစ်နေ့မှာတော့ ချန်ကျန်းရဲ့ ဇနီးနဲ့ ချန်အိမ်တော်ကလူအများစုဟာရေသူမကြောင့်သေဆုံးသွားတဲ့အတွက် ရေသူမကို ရှာပြီးလက်စားချေဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်း ရေသူမနဲ့ဆုံရချိန်မှာတော့ ရေသူမရဲ့ ပြောစကားကသူသိထားတဲ့အမှန်တရားတွေနဲ့ ကွာခြားနေတဲ့အခါမှာ.... ရေသူမရဲ့စကားကတကယ်ပဲ အမှန်တရားတွေလား ဒါမှမဟုတ်ရင် လှည့်ကွက်တစ်ခုလားချန်ကျန်းတစ်ယောက်ကရော သူ့ရဲ့အိမ်သားတွေကိုသတ်တဲ့တရားခံအစစ်ကိုရှာတွေ့နိုင်မှာလားဆိုတာကို ဆက်လက်ပြီးတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါနော် Quality : WEB-DL 1080pFormat: mp4Duration : 1h 24minGenres : FantasySubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie

The Mermaid: Monster from Sea Prison ( 2021 )

Spiritwalker (2021) 6.7
Spiritwalker (2021) Spiritwalker (2021)ကားတိုက်မှုဖြစ်ပြီး နိုးလာတဲ့အခါမှာ ဂန်အီရန် (Yoon Kye Sang) က သူ့ကိုယ်သူ မမှတ်မိတော့ဘဲ သေနတ်ဒဏ်ရာနဲ့ ဖြစ်နေပါတယ် အဲ့လိုနဲ့ သူသိလာရတာက သူ့ရဲ့ခန္ဓာကိုယ်က ၁၂ နာရီ ခြားတစ်ခါ ပြောင်းပြောင်းသွားတာပါပဲ အရင်ကကားတွေလိုမျိုး စိတ်နှစ်ခွတို့၊ ဝိညာဉ်က သေလို့ဝင်‌ကူးတာမျိုးမဟုတ်ပါဘူး အမှုတစ်ခုနဲ့ ဆက်စပ်မှုရှိနေတဲ့သူတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရောက်သွားတာပါအဲ့လိုမျိုး သူ့ရဲ့ တကယ့် Identity က ဘာမှန်းမသိတော့ပါဘူး အဲ့လိုနဲ့ သူရောက်သွားတဲ့ ခန္ဓာကိုယ်တစ်ခုမှာ မှောင်ခိုရောင်းဝယ်မှုတစ်ခုနဲ့ကြုံလာရတယ် အဲ့အမှုကြားထဲ ဘာမှမသိဘဲရောက်နေရင်း မွန်းဂျင်အာ(Lim Ji Yeon) နဲ့ တွေ့ပါတော့တယ် သူ့စိတ်ထဲမှာ အဲ့မိန်းကလေးကို သိသလိုဖြစ်နေပေမယ့် အဲ့မိန်းကလေးကတော့ သူ့ရဲ့ပြောင်းလဲနေတဲ့ခန္ဓာကိုယ်ကြောင့် မမှတ်မိပါဘူးဂန်အီရန်က သူ့ရဲ့အဖြစ်အပျက်တွေကို သူနိုးလာတော့ အနားမှာတွေ့တဲ့ အိမ်ခြေရာမဲ့ လူကြီးတစ်ယောက်ကိုပဲပြောပြပါတယ် အဲ့လူကြီးနဲ့ နှစ်ယောက်သား သူဘာဖြစ်နေလဲဆိုတာ ဖော်ထုတ်သွားမှာကို စိတ်ဝင်တစားကြည့်ရမှာပါကျွန်မတို့ ပရိတ်သတ်တွေကတော့ မင်းသားကို ဂန်အီရန်မှန်းသိထားပေမယ့် မင်းသားကတော့ သူ့ကိုယ်သူမသိဘဲ လိုက်ရှာနေမှာဆိုတော့ "Spirit Walker" ...
movie

Spiritwalker (2021)

2021
The Sword (2021) 5
The Sword (2021) The Sword (2021)တရုတ်သိုင်းကားကောင်းကောင်းကြိုက်သူများအတွက်သိုင်းကားကောင်းကောင်းလေး တင်ဆက်ပေးလိုက်ပါပြီကာလကတော့ ကမ္ဘာကြီးကို အရှေ့တိုင်းနဲ့အနောက်တိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားတုန်းကပေါ့ဂိုဏ်းပေါင်းစုံက နယ်မြေတွေကို လုဖို့အတွက်နဲ့ ဂိုဏ်းအချင်းချင်း တိုက်ခိုက်ပြီး စစ်ပွဲတွေဖြစ်လာကြပါတယ်စစ်ပွဲတွေကြောင့်လူသားတွေလည်းများစွာသေဆုံးခဲ့ရပါတယ်သေဆုံးတဲ့လူတွေရဲ့စိတ်စွမ်းအားနဲ့ အာဃာတတရားတွေကို စားသုံးပြီးအင်အားကြီးလာတဲ့ "အာသာ" ဆိုတဲ့ အမှောင်သခင်ကြောင့် စတင်ခဲ့တဲ့ ဇာတ်လမ်းလေးပါအာသာဟာ အနောက်တိုင်းမှာ သရဲတပ်သားတွေနဲ့ လူသားတွေကိုသတ်ဖြတ်လို့အနောက်တိုင်း Sun Warden အဖွဲ့က စွမ်းအားရှင်သုံးဦးကို ဟိုလီဓားကို ယူဖို့ အရှေ့အရပ်ဆီ ပို့လိုက်ပါတော့တယ်ဟိုလီ ဓားကလည်း အညတြဓားတစ်လက်တော့ မဟုတ်ပါဘူးအမှောင်သခင်ကြီးကိုချေမှုန်းနိုင်တဲ့တစ်ခုထဲသောလက်နက်မို့အရှေ့တိုင်းယဲ့ကျင်းရွှယ်လုံဂိုဏ်းက သေချာစောင့်ရှောက်ပေးနေတဲ့ဓားပါဓားသွားခိုးတာကနေဘာတွေဆက်ဖြစ်လာမလဲ?အရက်သမား ဇာတ်လိုက်ဖြစ်တဲ့မင်းသားကရောဘာလဲ?သူတို့တွေကဘယ်လိုပက်သက်လဲ?ကဲ ..... ဇာတ်လမ်းထဲသာကြည့်လိုက်ပါတော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hu ပဲ ဖြစ်ပါတယ်။Genre..... Action , Drama, Fantasy Quality….WEB-DL 1080p and 720p and 360p File size… 943MB and 543MB and 179MB Format…mp4 Duration….1h ...
movie

The Sword (2021)

2021
Tianqi Apocalypse (2021)
Tianqi Apocalypse (2021) ဒီတစ်ခါမှာတော့ English ရုပ်ရှင် Skyline နဲ့ Korea ရုပ်ရှင် Train to Busan တို့ကိုပြန်အမှတ်ရစေမယ့် တရုတ် ဇွန်ဘီ ဖုတ်ကောင်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း စကားမပြောတတ်တဲ့ သမီးဖြစ်သူအတွက် သမားတော်ဆီမှာ ဆေး၀ယ်ပြီး အိမ်ကိုပြန်လာတဲ့ အဖေနဲ့ ဦးလေး..မြို့တစ်မြို့လုံးကိုမြူတွေဆိုင်းလာပြီး မြူခိုးထဲမှ မကောင်းဆိုးဝါး အငွေ့အသက်တွေကြောင့် ဖုတ်ကောင်ဖြစ်သွားကြတဲ့မြို့သူမြို့သားတွေကြားရောက်နေတဲ့သမီးကိုကယ်တင်ရတော့မယ့်အခါ..မကောင်းဆိုးဝါးတွေရန်က ဘယ်လိုရုန်းထွက်မလဲ။ သမီးကိုရော ပြန်တွေ့နိုင်ပါ့မလားဆိုတာခံစားကြည့်ရင်းရသမျိုးစုံခံစားရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။တင်ဆက်ပုံတစ်မျိုးပေမယ့် Train to Busan ကော Skyline ကိုကော သတိရမိစေတဲ့ကားကောင်းတကားမို့ ရှုစားအားပေးကြည့်လိုက်ပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ SST ဖြစ်ပါတယ်။) File size…(999 MB)/(550 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by SST
movie

Tianqi Apocalypse (2021)

The Imaginarium of Doctor Parnassus (2009) 6.8
The Imaginarium of Doctor Parnassus (2009) The Imaginarium of Doctor Parnassus (2009) ~ The Last Of Heath Ledger ~ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအဆုံးမှာ " A Film From Heath Ledger and Friends " လို့ ရေးထိုးထားပါတယ်။ အတော်၀မ်းနည်းစရာကောင်းတဲ့ စာ‌ကြောင်းပါပဲ။"Heath Ledger, Johnny Depp, Jude Law, Colin Farell, Christopher Plummer, Andrew Garfield" ဒီရုပ်ရှင်လောက် နာမည်ကြီး ထိပ်တန်း cast တွေစုနေတဲ့ ရုပ်ရှင်မရှိလောက်ဘူးလို့ ပြောရမယ်။ ဒီလိုလူတွေကို တစ်စုတစ်စည်းထဲမြင်ရတာ ၀မ်းသာစရာကောင်းလား‌ပြောရရင်လည်း ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတဲ့အချက်က အတော် ၀မ်းနည်းစရာကောင်းပါတယ်။ အကြောင်းရင်းကတော့ ဒီရုပ်ရှင်ရိုက်ကူးနေရင်း တန်းလန်းမှာပဲ Heath Ledger ဟာ အဆုံးမဲ့လွင်ပြင်တစ်ခုဆီ ပျံသန်းထွက်ခွာသွားခဲ့လို့ပါပဲ။ Heath မရှိတော့တဲ့နောက် သူ့သူငယ်ချင်းတွေက ...
movie

The Imaginarium of Doctor Parnassus (2009)

2009
The Haunted Mansion (2003) 5.1
The Haunted Mansion (2003) The Haunted Mansion (2003)အလုပ်ကြိုးစားတဲ့ ပျော်ရွှင်နေတဲ့ Evers မိသားစုက အိမ်ထောင်ဦးစီး Jim။ သူလုပ်တဲ့အလုပ်က အိမ်ခြံမြေပွဲစား။ ပွဲဖြစ်ရင် မျိုးမျိုးမြတ်မြတ် စားရတဲ့ လုပ်ငန်းပေါ့ဗျာ။ အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ရင်း ပိုက်ဆံတွေရလာပေမယ့် မိသားစုအပေါ် ပျက်ကွက်မှုတွေများလာလို့ အလျော်ပေးတဲ့အနေနဲ့ မိသားစုခရီးလေးထွက်လာတဲ့အခါ ငွေနောက်ကို အသည်းအသန်လိုက်တဲ့သူမို့ မိသားစုခရီးထွက်လာတာတောင် လုပ်ငန်းတစ်ခုလုပ်ဖို့ တစ်နေရာကိုလမ်းကြုံဝင်ခဲ့တယ်။သူရောင်းပေးရမယ့်အိမ်ကြီးက ဒေါ်လာ သန်းနဲ့ချီတန်တာမို့ ဘယ်လိုမှ မငြင်းဆန်နိုင်ပဲ အရောက်သွားချိန်မှာ ကံဆိုးမိုးမှောင်တွေဆက်တိုက်ကျရောက်လာပါတော့တယ်။ သရဲခြောက်တတ်တဲ့အိမ်ကြီးမှာ ဖြစ်လာသမျှ ပြဿနာတွေကို လိုက်လံဖြေရှင်းရင်း သားသမီးနဲ့ ဇနီးကို ကယ်တင်ဖို့ကြိုးစားရတဲ့ ပျော်ရွှင်စရာ မိသားစုကြည့် Fantasy ကားလေးပါ။ခေါင်းဆောင်မင်းသားဖြစ်တဲ့ Eddie Murphy ဆိုတာက အမေရိကန် ဟာသ သရုပ်ဆောင် စာရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်တွေမှာ သိပ်ကို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပြီး သရုပ်ဆောင်ဆု‌တွေ အများကြီး သိမ်းပိုက်နိုင်ခဲ့သူပါ။ ဟာသပညာရှင်အဖြစ်လည်း ...
movie

The Haunted Mansion (2003)

2003
The Monkey King: Reborn (2021) 6.1
The Monkey King: Reborn (2021) ဒီရုပ်ရှင် အင်္ဂလိပ်စာတန်းထိုးက အတော်လွဲတာမို့ တရုတ်ဘာသာပြန်လေး ပြန်ပေးထားပါတယ်ဒီ Monkey King Reborn ဆိုတဲ့ ဇာတ်ကား‌လေးကို ကျွန်တော်တို့ငယ်ငယ်က အရမ်းသဘောကျခဲ့ရတဲ့ Journey to The Westဆိုတဲ့ ဝူခုန်းဇာတ်ကားလေးကိုကြည့်ဖူးရင် ရင်းနှီးကြမယ်လို့မျှော်လင့်ပါတယ်ဒီဇာတ်ကားမှာလည်း ခေါင်းစဉ်နာမည် monkey kingဆိုတဲ့အတိုင်း ဝူခုန်းတို့အဖွဲ့ မြတ်စွာဘုရားဟောခဲ့တဲ့ ကျမ်းစာတွေလိုက်စုဆောင်းမဲ့ ခရီးစဉ်ထဲက အပိုင်းလေးတစ်ပိုဒ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ဝူခုန်းတို့ ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်ဝူခုန်းတို့ ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖို့ကြံစည်ရာကနေဝူခုန်းတို့ရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖို့စီစဉ်နေချိန်မှာပဲ ဝူခုန်းတို့ ညီအကို ...
movie

The Monkey King: Reborn (2021)

Tooth Fairy (2010) 5
Tooth Fairy (2010) Tooth Fairy (2010)လူသားဆန်ပစ်လိုက်ဆိုတဲ့ဘိုးတော် Viral ဖြစ်သွားတော့ ဒီဘဲ ဝါဒီကိုအတော်များများကသဘောကျကြတယ်ပေါ့ဗျာ။ သဘောလည်းကျချင်စရာပဲ လက်တွေ့ဆန်တာကိုးဗျ။ လူသားဆန်ပစ်လိုက်ဆိုတဲ့ ဘဲကဘယ်နှခုနှစ်ကပြောလဲမသိပေမဲ့ ကျွန်တော်တို့ရဲ့ ဒဝိန်းဂျွန်ဆင်ကြီးကတော့ ၂၀၁၀ ထဲက လူသားဆန်နေတာပါ။ဒဲရစ် သွန်မဆင်ဆိုတဲ့ ဟော့ကီးသမားကတော့ ပရိသတ်တွေကြားမှာ သွားနတ်သားလို့နာမည်ပြောင်ရထားပြီး fantasy တွေကိုလည်း bullshit လို့တွေးထားသူတစ်ယောက်ပါ၊ ကလေးတွေနဲ့တွေ့ရင်လည်း ကျွန်တော်က နာမည်ကြီး ဟော့ကီးကစားသမားဖြစ်ချင်တာဗျဆိုရင် မင်းထက်တော်တဲ့ကောင်တွေအများကြီးရှိသေးတယ်၊ ဘဝမှာအများကြီးမျှော်လင့်မထားနဲ့ ဆိုပြီး ပြောတတ်တဲ့သူမျိုးပေါ့။ဒီလို ဘုလကန့်ဂွစာလူ၊ Fantasy တွေကိုမယုံတဲ့သူကိုအပြစ်ပေးဖို့ဆိုပြီး ဆင့်ခေါ်စာရောက်လာခဲ့ပါတယ်၊ fantasy တွေကိုမယုံတဲ့သူ့ခမျာ Fantasy Land ဖြစ်တဲ့နတ်သူငယ်တိုင်းပြည်ကိုရောက်သွားပါတော့တယ်။Family/Comedy ကားဖြစ်ပြီးတော့ အိပ်မက်တွေကိုဆက်လက်ရှင်သန်နေစေဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေးသပ်သပ်ဖြစ်ပြီး ဘဝမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြထားတဲ့ကားကောင်းလေးတစ်ကားပါ။Keep Dreaming! လူသားဆန်ပါ။ လူသားဆိုတာ အိပ်မက်တွေနဲ့ကင်းလို့မရနိုင်ပါ...။(ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်)Size - 1.6GB, 910MB Quality ...
movie

Tooth Fairy (2010)

2010
The Eagle Shooting Heroes (1993) 7.1
The Eagle Shooting Heroes (1993) Eagle Shooting Heroes (1993)IMDb Rating - 7.1“ သိမ်းငှက်သူရဲကောင်းများ ”Eagle Shooting Heroes ဆိုတဲ့နာမည်က မြန်မာသိုင်းရုပ်ရှင် ပရိတ်သတ်တွေအတော်များများ ရင်းနှီးပြီးသား နာမည်ပါပဲ။ သိုင်းလောကစိန်ခေါ်သံ၊ တိမ်လွှာနဂါးသူရဲကောင်းများ၊ မက်မွန်မြေက ချစ်တေးတစ်ပုဒ်၊သိမ်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓား စတဲ့ ကျင်းယုံရဲ့သိုင်းယူနီဗာ့စ်ကြီးကို လူအတော်များများ သဘောကျကြပါတယ်။ သူရဲ့တခြားသိုင်း၀တ္တုတွေကို ရိုက်ကြတဲ့ဟာတွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ သွေးသစ္စာဓား၊ နှင်းတောင်သူရဲကောင်း၊ ပြန်လမ်းမဲ့ကျွန်းတို့ပေါ့။ 2000 ခုနှစ်၀န်းကျင်မှာ ကိုးနာရီမြ၀တီကားတွေ သိုင်းခွေတွေနဲ့ ကြီးလာတဲ့သူတွေကတော့ သိမ်းငှက်သူရဲကောင်း (ပထမတွဲ) ဝါ မက်မွန်မြေက ချစ်တေးတစ်ပုဒ်ထဲက သိုင်းလောကထွဋ်ခေါင်‌လေးယောက်နဲ့ ၀မ်ချုံရဲတို့ကို ကောင်းကောင်းရင်းနှီးပြီးသားဖြစ်လောက်မှာပါ။ အခုထိလည်း အခါခါ Reboot ခံနေရတဲ့ ဇာတ်လမ်းပါပဲ။အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုံး၊ အရှေ့ပိုင်းတိတ္ထိ မက်မွန်ကျွန်းသခင်ဟွမ်၊ မြောက်ပိုင်းသူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီကုန်း၊ တောင်ပိုင်းဧကရာဇ် တွမ့်၀မ်ရယ်၊ အလယ်ပိုင်းသူတောင်စင် ၀မ်ချုံရဲစတဲ့ ကောကျင့် ...
movie

The Eagle Shooting Heroes (1993)

1993
8-Bit Christmas (2021) 6.8
8-Bit Christmas (2021) ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အ​ခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  
movie

8-Bit Christmas (2021)

City of Angels (1998) 6.7
City of Angels (1998) City of Angels (1998)အထိအတွေ့၊ အနံ့အသက်၊ အရသာ အစရှိတာတွေအပြင် နာကျင်ခြင်း ကြောက်ရွံ့ခြင်းကိုပါ ခံစားလို့မရတဲ့ နတ်သားတစ်ပါး...လူတွေသေဆုံးခါနီးတိုင်း သူသွားခေါ်ပေး နှစ်သိမ့်ပေးနေကျ...ဒါပေမယ့် တစ်ရက်မှာတော့ ဆေးရုံမှာ သူသွားခေါ်ရတဲ့ သေဆုံးခါနီးလူနာတစ်ယောက်ကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းပူဆွေးသွားတဲ့ ခွဲစိတ်ဆရာဝန်မလေးကိုတွေ့လိုက်ရချိန်မှာတော့ နတ်သားလေးရဲ့ဘဝက လုံးဝကိုပြောင်းလဲသွားပါ​တော့တယ်...အချစ်ဆိုတာကို သူနားမလည်သေးပေမယ့် ကောင်မလေးနားမှာပဲ သူနေချင်တယ်၊ အကြောင်းအရာတွေကိုသိချင် စပ်စုချင်တယ်... ဒါပေမယ့် သူဟာ နတ်သားတစ်ပါးဖြစ်ပါတယ်ဆိုတာ ပြောပြဖို့ခက်ခဲနေခဲ့တယ်... အဲဒီလိုနဲ့ ဆေးရုံမှာ နတ်သားဘဝကနေ လူ့ပြည်ဆင်းလာပြီး ဘဝကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ နတ်သားလေးက ဆရာဝန်မလေးနဲ့ နီးစပ်ဖို့ ကြိုးစားပါတော့တယ်..."သူ့ကို မထိတွေ့ရတဲ့ ထာဝရဘုံမှာ နေမယ့်အစား သူ့ဆံနွယ်လေးကို တစ်ခါလေး ရှူရှိုက်ရဖို့ သူ့ နှုတ်ခမ်းလေးကို တစ်ခါလေး နမ်းရဖို့ သူ့လက်ကလေးကို တစ်ခါလေး ကိုင်ရဖို့အတွက် ငါ လုပ်မှာပါ" တဲ့...မင်းသားကြီး Nicolas Cage ဘယ်လိုတွေ ဘယ်လောက်အထိရိုမလဲ ...
movie

City of Angels (1998)

1998
Kaamelott – The First Chapter(2021) 6.8
Kaamelott – The First Chapter(2021) Kaamelott: First Installment (2021)ဒီဇာတ်ကားကတော့ 2005 ကနေ 2009 အထိ season 6ခုထွက်ထားတဲ့ Kaamelott seriesရဲ့ Sequel movie ပဲ ဖြစ်ပါတယ်Kaamelott seriesကတော့ King Arthur ရဲ့ ဒဏ္ဍာရီကို ဟာသ ဆန်ဆန် ရိုက်ကူးထားတဲ့ ပြင်သစ် seriesတစ်ခုပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ထိုseries နောက်ပိုင်းမှာ အ​ခြေတည်ပြီး Adventure / Fantasyအမျိုးအစားပေမယ့် Comedyလည်း ရောထားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်Kaamelott series အပြီးမှာတော့ ဘုရင်အာသာ ဟာ စိတ်ကျရောဂါကို ခံစားနေရတာကြောင့်ကမ်းမလော့က သူ့ရဲ့ ပုလ္လင်ကို ဖယ်ပေးပြီး အဇ်ကယ်လီဘာ ဓားကိုလည်း ယူခဲ့တဲ့ ကျောက်တုံးထဲမှာ ပြန်စိုက်ထားခဲ့ပါတယ်ထိုအချိန်မှာပဲ အာသာရဲ့ သူငယ်ချင်းဟောင်းဖြစ်သလို အဖော်မွန်လည်း ဖြစ်တဲ့ လန်စီလော့ဟာအာသာရဲ့ ရန်သူတော် မယ်လဂန့် ရဲ့ လွှမ်းမိုးမှုကြောင့် ...
movie

Kaamelott – The First Chapter(2021)

2021
Shang-Chi and the Legend of the Ten Rings (2021) 7.9
Shang-Chi and the Legend of the Ten Rings (2021) Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie

Shang-Chi and the Legend of the Ten Rings (2021)

2021
IMAX 4K HEVC
Legend of Hunter (2021) 6.5
Legend of Hunter (2021)  ဝေးလံလှတဲ့ တောင်ပေါ်ရွာလေးမှာနေထိုင်တဲ့ လီချန်ဖူတို့ မိသားစုဟာ ဆန်းကြယ်တဲ့သေဆုံးခြင်းတွေကို ရင်ဆိုင် ကြုံတွေ့နေရတဲ့အတွက် ပြဿနာရဲ့ အဖြေကို ရှာဖွေရန်အမဲလိုက်သူလျှိုကို ပင့်ခေါ်ခဲ့ပါတယ်ဒါပေမဲ့လည်း အမဲလိုက်သူလျှိုရောက်လာချိန်မှာတော့ လီချန်ဖူရဲ့အသက်ကို မမှီလိုက်တော့ပါဘူးလူအများအပြားကတော့ လီချန်ဖူတို့ အိမ်တော်သေဆုံးမှုအကြောင်းကို အမျိုးမျိုးသော ပုံပြင်ဒဏ္ဍာရီတွေဖန်တီးပြောဆိုနေပေမဲ့လည်း အဝေးကရောက်လာတဲ့ လီချန်ဖူရဲ့ တူကတော့ ဒီဆန်းကြယ်မှုတွေနောက်ကွယ်က အဖြေကိုရှင်းရှင်းလင်းလင်း ရှာဖွေချင်ခဲ့ပါတယ်အဲ့ဒါကြောင့် အမဲလိုက်သူလျှိုနဲ့အတူ တောနက်ထဲမှာ အဖြေရှာဖို့ အတူလိုက်ပါသွားပါလာခဲ့တဲ့နောက်.... တောနက်ထဲမှာ သူတို့နှစ်ယောက်လိုချင်တဲ့အဖြေကို ဘယ်လိုမျိုးတွေ ရှာဖွေဖော်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__1.4 GB, 780 MB Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:25:00 Type__Action , Adventure , Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Legend of Hunter (2021)

The Curse of Turandot (2021) 6.5
The Curse of Turandot (2021) ဒီဇာတ်ကားက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို အခြေခံပြီးရိုက်ကူးထားတာပါ။မင်းသမီး ထူလန်တော်ဟာ သူ့မွေးနေ့မှာ ခမည်းတော်ဘုရင်က ထူးဆန်းတဲ့လက်ကောက်သုံးခု အပါအဝင် လက်ဆောင်အများအပြားပေးလိုက်ပါတယ်.. ဒါပေမယ့် အဲဒီလက်ကောက်သုံးခုမှာပါဝင်တဲ့ မမြင်နိုင်တဲ့စွမ်းအားတွေကြောင့် မင်းသမီးဟာ အရောင်တွေကိုမခွဲခြားနိုင်တော့ဘဲ ထူးဆန်းတဲ့အပြုအမူတွေနဲ့ သီးသန့်ဆန်လာပါတော့တယ်။သူ၁၈ နှစ် မပြည့်ခင်မှာ ဒီလက်ကောက်သုံးခုရဲ့ ပဟေဠိသုံးခုကို မဖြေရှင်းနိုင်ရင် သူဟာနတ်ဆိုးဝင်စားသူအဖြစ် သတ်မှတ်ခံရပြီး သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် ဘုရင်ကြီးက သူ့သမီးအတွက် အဖြေရှာနိုင်တဲ့သူကို မင်းသမီးနဲ့လက်ထပ်ခွင့်ပေးမယ်လို့ တစ်နိုင်ငံလုံးကိုကြေငြာခဲ့တယ်။ဒီအချိန်မှာ မျက်လုံးအပြာရောင်ရှိတဲ့ မင်းသား ခါရာဖူဟာ မင်းသမီးထူလန်တော်ရဲ့ အလှအပမှာနှစ်မြောသွားတာကြောင့် မင်းသမီးလေးရဲ့အခက်အခဲတွေကို ဖြေရှင်းတိုက်ခိုက်ဖို့ စွန့်စားပါတော့တယ်။ဒဏ္ဍာရီပုံပြင်ကို အခြေခံရိုက်ကူးထားတာကြောင့် သဘာဝလွန်စွမ်းအားတွေနဲ့ Fantasy Romance အမျိုးအစားဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB) / (950 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

The Curse of Turandot (2021)

Mr. Magorium’s Wonder Emporium(2007) 7.0
Mr. Magorium’s Wonder Emporium(2007) Mr. Magorium's Wonder Emporium(2007) အညွှန်း*********************************************မမNatalieရဲ့ တစ်ခါကအလှတရားလေးကို ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းကတော့ မမက မှော်ဝင်နေတဲ့ကစားစရာအရုပ်တွေရောင်းတဲ့မစ္စတာမဂေါ်ရီယမ်မှော်အရုပ်ဆိုင်ကြီးမှာ Family typeအနေနဲ့ မန်နေဂျာရော cashierရောဝင်လုပ်နေတဲ့ဂီတပါရမီပါတဲ့သူပါ။ အသက်20ကျော်တဲ့သူတော်တော်များများဖြစ်သလိုပဲ ....ငယ်ငယ်ကတော့ ထူးချွန်သယောင်ယောင်ရှိပေမယ့် အရွယ်နည်းနည်းရောက်လာတော့ဘာလုပ်ရမလဲဆိုတာ လမ်းပျောက်ရင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပါလျော့နည်းလာပါတယ်။အဲ့လိုနဲ့ မမအလုပ်ကထွက်ပြီး ဂီတလမ်းကြောင်းပေါ်လျှောက်မယ်လို့ကြံတုန်းမှာမှော်အရုပ်ဆိုင်ပိုင်ရှင်လူထူးဆန်းအဖိုးကြီးက မမကို သူထွက်သွားတော့မှာဖြစ်တဲ့အတွက်ဆိုင်ကိုအပိုင်ပေးပြီးဦးစီးခိုင်းတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ File Size :(1.77GB) (883 MB) and (330 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:33:00 Genre : Comedy ,Fantasy  ,Family Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae
movie

Mr. Magorium’s Wonder Emporium(2007)

Next Stop, Christmas(2021) 7.6
Next Stop, Christmas(2021) Next Stop, Christmas (2021)IMDb 7.8Hello Helloခရစ်စမတ်လည်း နီးလာပြီဆိုတော့ နှင်းတစ်ဖွဲဖွဲ ရှုခင်းလှလှလေးတွေနဲ့ ခရစ်စမတ်နောက်ခံအချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်ဒီကားရဲ့ ထူးခြားချက်က time-travel ဇာတ်လမ်းကြိုက်သူတွေလည်း ကြည့်လို့ အဆင်ပြေမယ့်ကားလေးပါဇာတ်လမ်းအကျဉ်းအန်ဂျီဟာ အာရုံကြောအထူးကုဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်အများသူငါတွေ အနားယူ မိသားစုဆီ အလျှိုလျှို ပြန်ကြတဲ့အားလပ်ရက် ခရစ်စမတ်မှာ သူကတော့ on call တာ၀န်နဲ့ အိမ်မပြန်နိုင်သူပေါ့။တကယ်တော့ သူကိုယ်တိုင်ကလည်း မိသားစု အရှုပ်တွေကြောင့်အိမ်မပြန်ဘဲ တာ၀န်ကျကာ မြို့မှာပဲ တစ်ယောက်တည်း ခရစ်စမတ်ကို ဖြတ်သန်းချင်သူပါ။ဒီလိုနဲ့ အလုပ်ပြီးလို့ ဘားထိုင်ပြီး အပြန် ဘူတာလက်မှတ်ရုံက ထူးဆန်းတဲ့ အဘိုးကြီးနဲ့စကားစမြည်ပြော လက်မှတ်၀ယ်ပြီး ရထားပေါ်မှာ အိပ်စက်အနားယူ လိုက်လာခဲ့ပါတယ်။သူနိုးလာတဲ့ အချိန်မှာတော့ စီးနေတဲ့ ရထားဟာလည်း ပုံစံတွေပြောင်းအရာအားလုံးလည်း ခေတ်တွေ နောက်ပြန်လည်သွားပါတော့တယ် ....ဘာတွေဖြစ်ကုန်တာလည်း သူကိုယ်တိုင် မသိသလိုဘာကြောင့် အချိန်တွေ နောက်ပြန်လည်သွားတယ်ဆိုတာလည်း သူစဉ်းစားမရပါဒီတော့ CM ပရိသတ်ကြီးက ...
movie

Next Stop, Christmas(2021)

2021
Hocus Pocus (1993) 6.9
Hocus Pocus (1993) အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်ဇာတ်လမ်းအကျဉ်းဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျသူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။ တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။ အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့ ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့ သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ သူတို့တွေ ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့ဒါကတော့ ...
movie

Hocus Pocus (1993)

Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008