Channel Myanmar
Fantasy
Fox in Fuso (2020) 6.0
Fox in Fuso (2020) [Unicode]ဒီကားလေးကတော့ ညီအစ်မသုံးယောက်နဲ့ နတ်မင်းတစ်ပါးနဲ့ ချစ်ခြင်းမေတ္တာတွေကိုဖော်ညွှန်းပြထားတာပါနှင်းမြေခွေး ညမြေခွေးနဲ့ မီးမြေခွေးဆိုတဲ့ အသွင်ပြောင်းနိုင်တဲ့မြေခွေးညီအစ်မသုံးယောက်ဟာ ဖူဆန်တောင်တာ အတူတူနေထိုင်ခဲ့ကြပါတယ်ညီအစ်မသုံးယောက်လုံးက သုံးလောကရဲ့အချစ်ခံလေးတွေပါသူတို့ညီအစ်မသုံးယောက်ဟာ တစ်ချိန်ထဲမှာပဲ သူတို့နဲ့အတူတူကြီးပြင်းခဲ့တဲ့ ရွှေရောင်ငှက်နတ်မင်းကို ချစ်သွားမိတဲ့အခါနတ်မင်းက နေမင်းပစ်ခွင်းခံရပြီး ရွှေကြာပန်းထဲဝိဉာဉ်ရောက်သွားတဲ့အချိန်မှာအချစ်အတွက်နဲ့ ညီအစ်မအချင်းချင်း တိုက်ခိုက်ကြပါတော့တယ်တိုက်ခိုက်ရာကနေ ညီအစ်မသုံးယောက် ဖြစ်ခဲ့သမျှမေ့ပြီး အသစ်တဖန်ပြန်မွေးဖွားလာခဲ့သောအခါရွှေရောင်ငှက်မင်းဝိဉာဉ်ရွှေကြာပန်းကလည်း လူသားခန္ဓာကိုယ်ထဲ ရောက်သွားသောအခါဘယ်လိုပြန်မှတ်မိမလဲဘာတွေဆက်ဖြစ်မလဲ ဆိုတာ ဇာတ်လမ်းလေးထဲစောင့်ကြည့်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ဖြစ်ပါတယ် ) [Zawgyi]ဒီကားလေးကတော့ ညီအစ်မသုံးယောက်နဲ့ နတ်မင်းတစ်ပါးနဲ့ ချစ်ခြင်းမေတ္တာတွေကိုဖော်ညွှန်းပြထားတာပါနှင်းမြေခွေး ညမြေခွေးနဲ့ မီးမြေခွေးဆိုတဲ့ အသွင်ပြောင်းနိုင်တဲ့မြေခွေးညီအစ်မသုံးယောက်ဟာ ဖူဆန်တောင်တာ အတူတူနေထိုင်ခဲ့ကြပါတယ်ညီအစ်မသုံးယောက်လုံးက သုံးလောကရဲ့အချစ်ခံလေးတွေပါသူတို့ညီအစ်မသုံးယောက်ဟာ တစ်ချိန်ထဲမှာပဲ သူတို့နဲ့အတူတူကြီးပြင်းခဲ့တဲ့ ရွှေရောင်ငှက်နတ်မင်းကို ချစ်သွားမိတဲ့အခါနတ်မင်းက နေမင်းပစ်ခွင်းခံရပြီး ရွှေကြာပန်းထဲဝိဉာဉ်ရောက်သွားတဲ့အချိန်မှာအချစ်အတွက်နဲ့ ညီအစ်မအချင်းချင်း တိုက်ခိုက်ကြပါတော့တယ်တိုက်ခိုက်ရာကနေ ညီအစ်မသုံးယောက် ဖြစ်ခဲ့သမျှမေ့ပြီး အသစ်တဖန်ပြန်မွေးဖွားလာခဲ့သောအခါရွှေရောင်ငှက်မင်းဝိဉာဉ်ရွှေကြာပန်းကလည်း လူသားခန္ဓာကိုယ်ထဲ ရောက်သွားသောအခါဘယ်လိုပြန်မှတ်မိမလဲဘာတွေဆက်ဖြစ်မလဲ ဆိုတာ ဇာတ်လမ်းလေးထဲစောင့်ကြည့်ကြပါရှင် ။( ဘာသာပြန်ပြီး ...
movie
Fox in Fuso (2020)
2020
Prespective Eyes ( 2019 ) 5.9
Prespective Eyes ( 2019 ) 2019 10လပိုင်း21ရက်နေ့က ထွက်ခဲတဲ့ စိတ်ကူးယဉ်ဖန်တီးထားပြီးဘော်ဒါတွေကြားကသံယောဇဉ်ခိုင်မြဲမှု မိသားစုအပေါအလေးထားမှုတွေကိုမြင်ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်မွေးကတည်းက ကိုယ့်ဘေးကလူတွေကိုအမြဲကံဆိုးစေခဲ့တဲ့ဆင်းရဲလှတဲ့ရွှီချင်းဟာ အမှတ်မထင် အဘိုးကြီးတစ်ယောက်နဲ့တွေ့ရင်းထွင်းဖောက်မြင်နိုင်တဲ့မျက်လုံးအစွမ်းကိုရခဲ့ပါတယ်...သူ့မှာကင်ဆာဖြစ်နေတဲ့အစ်ကို့ကိုကုသပေးဖို့ ငွေလိုနေချိန်အမှတ်မထင် ချင်မင်းဆက်က. တံဆိပ်ခေါင်းကို ရခဲ့ပြီးသူဌေးလေးထန်ရှောက်နဲ့အဆကိအသွယ်ရခဲ့ပါတယ်..ဒီလိုနဲ့ ယွင်နန်က ကျောက်စိမ်းမှန်းဆ အလောင်းအစားပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ဖြစ်လာတဲ့အခါ...ရွှီချင်း ထန်ရှောက်အစ်ကိုမုံ့နဲ့ရှောင်ရွှယ်တို့က ဒီပြိုင်ပွဲမှာအနိုင်ရနိူင်ပါ့မလား...ရွှီချင်းက ထွင်းဖောက်နိုင်စွမ်းကိုသုံးပြီး အကောင်းဆုံးကျောက်စိမ်းကိုရှာတွေ့နိုင်ပါ့မလား...တစ်ဖက်မှာလဲ ရွှေတြ ိဂံကလူဆိုး ချိုက်ထော်ကတံဆိပ်ခေါင်းကိုရယူဖို့ ထန်ရှောက်ကိုဖမ်းခေါသွားတဲ့အခါကယ်တင်ပေးနိုင်ပါ့မလား...ဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာပါ Quality : WEB-DL 720pFormat : mp4During : 85minSubtitle : Myanmar Subtitle ( Hardsub )Translated By Phyo ZawEncoded By LK
movie
Prespective Eyes ( 2019 )
Your Name (2016) 8.5
Your Name (2016) Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie
Your Name (2016)
2016
Chivalrous ( 2020 ) 6
Chivalrous ( 2020 ) ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ကျုံမင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းတဲ့ ဇာတ်လမ်းပုံစံလေးပါဇာတ်ကြောင်းလေးကတော့...ကျုံမင်းဆက်က ဘုရင်ဝမ်မှာ ထူးချွန်လှတဲ့အကြံပေးလေးယောက်ရှိပါတယ် အဲ့ဒီအကြံပေးလေးယောက်ထဲမှာတော့နန်ကုံရှီဆိုတဲ့အကြံပေးက အထူးချွန်ဆုံးပါ အဲ့အပြင် နန်ကုံရှီရဲ့ ဦးလေးဟာလည်း စစ်ပွဲတိုင်း အောင်ပွဲရတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူဟာ စစ်ပွဲတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ကျုံမင်းဆက်ကိုပြန်တည်ထောင်ဖို့ရာအတွက် လိုအပ်တဲ့ ရတနာတွေကို ဝှက်ထားတဲ့ မြေပုံရွှမ်ဝူအမိန့်စာကို နန်ကုံရှီကို စောင့်ရှောက်ဖို့ အပ်နှံထားခဲ့ပါတယ်နောက်ပိုင်းနန်ကုံရှီမိသားစုရဲ့ မျိုးဆက်တွေဟာ ဒီတာဝန်ကြီးကိုအရေးကြီးတာဝန်တစ်ခုအဖြစ်သတ်မှတ်ပြီး ရွှမ်ဝူအမိန့်စာကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပါတယ်အဲ့ဒီနန်ကုံမိသားစုရဲ့ မျိုးဆက် နန်ကုံယွီဟာ နောက်ဆုံးမင်းဆက်ရဲ့သမီးတော် မင်းသမီး ယုံနင်ကို ကာကွယ်ပြီး ရွှမ်ဝူအမိန့်စာနဲ့နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေသူပါတချို့လူတွေဟာလည်း ရတနာတွေကို တပ်မက်ပြီး ရွှမ်ဝူ အမိန့်စာကိုမက်မောလာကြပြီး နန်ကုံရှီမိသားစုကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပါတယ်တစ်ဖက်မှာလည်း စစ်နတ်ဘုရားရဲ့ မျိုးဆက်ဖြစ်တဲ့ မော့ရှောင်ဟောင်ဟာတစ်ကိုယ်တည်း ဝေါ်လုံချိုင့်ဝှမ်းမှာသိုင်းပညာကိုသာ ကျင့်ကြံနေခဲ့သူပါဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ဆရာက သူ့အတွက် အမိန့်သုံးခု ချန်ထားခဲ့တာသိလိုက်ရပါတယ် ပထမအမိန့်ကတော့ မင်းသမီးကို ကာကွယ်ပြီးမိသားစုကြီးလေးစုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ဖြစ်ပြီးဒုတိယနဲ့ တတိယအမိန့်ကိုတော့ ...
movie
Chivalrous ( 2020 )
Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Wonder Woman 1984 (2020)
2020
Soul Snatcher ( 2020 ) 7.5
Soul Snatcher ( 2020 ) ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့...ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ကဲ ဇာတ်လမ်းလေးနည်းနည်းပြောပြမယ်ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်ကနတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကိုပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ်ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်းကြည့်ကြည့်လိုက်ပါဦး Quality : HDRip 720pFormat : ...
movie
Soul Snatcher ( 2020 )
The Midnight Sky (2020) 5.6
The Midnight Sky (2020) The Midnight Sky (2020)===================IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင်အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင်တဲ့သူတစ်ယောက်ပါ။ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ်ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်းကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့်အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ်တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်ကအခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် ...
movie
The Midnight Sky (2020)
2020
Soul Hunter ( 2020 ) 5.7
Soul Hunter ( 2020 ) ယန်းလေ့ရွှယ်ဟာဆိုရင် ဂြိုလ်သားမျိုးနွယ်စုရဲ့ ၉၉ဆက်မြောက် မျိုးဆက်ပါသူမဟာ ဝိညာဉ်လေးခုကို ချုပ်ငြိမ်းပေးဖို့ တာဝန်ပေးအပ်ခံထားရတာခြင်း ဖြစ်ပါတယ်သူကတော့ လူ့ပြည်မှာ ဖုံးကွယ်နေဖို့ တက္ကသိုလ် စတုတ္ထနှစ်မြောက်ကျောင်းသူတစ်ယောက်အဖြစ်အသွင်ယူထားတာပဲဖြစ်တယ် တစ်ရက် လေ့ရွှယ်အနေနဲ့ ရုပ်ရှင်အဖွဲ့တစ်ဖွဲ့ရဲ့အလုပ်သင်ဆင်းရတဲ့အခါမှာတော့....ဟန်ကျန်းသုန်းကတော့ ရုပ်ရှင်အဖွဲ့ရဲ့ ဒါရိုက်တာပါ သူဟာဆိုရင် အရင်ကတခြားကောင်မလေးတွေနဲ့ဆိုရင် စိတ်ရောဂါအ ခြေအနေတစ်ခုကြောင့်နမ်းလို့မရပါဘူး ဒါပေမဲ့ တစ်ရက်မှာ အလုပ်သင်ကောင်မလေးယန်းလေ့ရွှယ်နဲ့ နမ်းမိသွားတဲ့အခါမှာတော့.....သူတို့နှစ်ဦးတွေ့ဆုံရတဲ့ကံကြမ္မာဟာဆိုရင် ကောင်းတဲ့ရေစက်ဖြစ်လာမလားရေစက်ဆိုးဖြစ်လာမလား ယန်းလေ့ရွှယ်ကရော သူ့ရဲ့တာဝန်ပြီးမြောက်အောင်ဝိညာဉ်တွေကို ဘယ်လိုမျိုး ဘယ်နှယောက်ထိ ချုပ်ငြိမ်းပေးနိုင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုကြရမှာပါနော် Translated & Review By Yamin EiEncoded By LK
movie
Soul Hunter ( 2020 )
Love You Forever 6.8
Love You Forever Love you forever (2020) တရုတ်ကျောင်းသားကားလေး ကြည့်ကြမလား ?? ကျောင်းသားကားလေးရယ်လို့မဟုတ်ဘူး....... ဘယ်လိုပြောရမလဲ အချစ်ကားပေါ့... ဟုတ်တယ် အချစ်ကား....... ဘာသာပြန်တဲ့သူတောင် ချစ်သူကို သတိရသွားတဲ့အထိ စွဲဆောင်လွန်းတဲ့ အချစ်ကား... မိသားစုနဲ့ကြည့်လည်း သင့်လျော်ပြီး ဒီကားလေးကို ဒေါင်းပြီး ချစ်သူကိုပေးလိုက်ရင်တော့ စပါယ်ရှယ်ပါပဲ... ထားပါ...ဇာတ်လမ်းလေးပြောရအောင်.. ငယ်ငယ်လေးကတည်းက ကစားဖော်ကစားဖက် လင်းကော် နဲ့ ချိုးချန်း က ၆ နှစ်လောက်မှာကွဲသွားခဲ့ပါတယ်။ အဲ့တုန်းက ကစားနေရင်းနဲ့ လက်ပတ်နာရီတစ်လုံးကောက်မိရာက ဇာတ်လမ်းစတာပဲ။ အထက်တန်းရောက်တော့ သူတို့နှစ်ယောက်ပြန်တွေ့ပါတယ်။ ကျောင်းသားသဘာဝ ပျော်ပျော်ရွှင်ရွှင်ပေါ့... အဲ့လိုနဲ့ ကောင်လေး မွေးနေ့မှာ မထင်မှတ်ဘဲ ချိုးချန်း က ကားမတော်တဆမှုနဲ့ အသက်သေဆုံးခဲ့ပါတယ်။ ဆေးရုံမှာ လင်းကော် ကတော့ ကောက်ရတဲ့လက်ပတ်နာရီကို ကိုင်ပြီး ငိုယိုနေခဲ့တာပေါ့... ထပ်ပြောချင်ပေမယ့် ... spoil မှာကြောက်လို့ မပြောတော့ဘူး “ချစ်နေမယ် အချိန်တွေမကုန်ဆုံးခင်ထိပေါ့” တကယ် ရင်ထဲထိလို့ ၁၀၀ ရာခိုင်နှုန်း ကြည့်ဖို့ တိုက်တွန်းပါတယ်နော်..... File Size - 1.6GB, 759MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Jo Jo Va Encoder - ...
movie
Love You Forever
2020
Godmothered 2020 6.2
Godmothered 2020 မှော်ဆန်ဆန်လေးနဲ့ လူတွေရဲ့ပျော်ရွှင်မှုအနှစ်သာရကိုဖော်ပြသွားတဲ့ GODMOTHEREDဇာတ်လမ်းခေါင်းစဥ္အတိုင်းပဲ လူတွေကိုကူညီပေးတဲ့နတ်သမီးမေမေတိုင်းပြည်ကအသက်ငယ်သေးတဲ့ အယ်လီနာအမည်ရတဲ့နတ်သမီးမေမေသင်တန်းသားလေးကစစ်မှန်တဲ့နတ်သမီးမေမေဖြစ်ဖို့အတွက်လူတွေကိုထာ၀ရပျော်ရွှင်အောင်ကူညီပေးတဲ့တာ၀န်ကိုရအောင်ရှာပီးတာ၀န်ဖြစ်တဲ့ မက ်ကန်ဆီအမည်ရတဲ့ကလေးမလေးဆီသွားခဲ့ပါတယ်မက ်ဆာချူးဆက်ကိုရောက်တဲ့အချိန်မှာတော့မက္ ကန်ဆီက သူထင်ထားသလို၁၀နှစ်သမီးလေးမဟုတ်တော့ပဲSingle momအဖြစ်နဲ့ သမီး၂ယောက်ကိုထိန်းကျောင်းရင်းသတင်းကြေ ငြာသူလုပ်နေတာဖြစ်ပါတယ်အစပိုင်းမှာ အယ်လီနာရဲ့မှော်အစွမ်းကမပြည့်စုံသေးတဲ့အတွက်လွဲချော်မှုတွေရှိပေမဲ့ နောက်ပိုင်းမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့Single momနဲ့ သူ့ကလေးတွေကိုဘ၀ရဲ့အဓိ္ပ္ပါယ်ကိုသိရှိအောင်ဘယ်လိုကြိုးစားဖန်တီးပေးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File Size - 1.4 GB , 700 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Zora Yang Encoder - Littleneo  
movie
Godmothered 2020
Lapse (2020)
Lapse (2020) တကယ်မိုက်တဲ့ကားလေး ကြည့်ကြမလား? ပျင်းလည်းမပျင်းရဘူး ဆန်းလည်းဆန်းမယ်၊ မိသားစုနဲ့လည်း ကြည့်လိုအဆင်ပြေမယ့်ကားမျိုး ရှာနေရင်တော့ ဒီကားကသင့်အတွက်ပါပဲ . . . ဇာတ်လမ်းကတော့ သဘာဝလွန်စွမ်းအားကားလေးပါ ။ ဒါပေမဲ့လည်း တခြားကားနဲ့မတူတာက အစွမ်းကို ဉီးစားပေးမပြဘဲ ချစ်ခြင်းမေတ္တာ ညီအကိုသံယောဇဉ် စသည့်ခံစားချက်တွေအစုံကို ရိုက်ပြထားတာမို့ အရမ်းမိုက်ပါတယ်။ ကျုံးချန်းမင် ဆိုတာက ဖုန်းနဲ့ ဗွီဒီယို ရိုက်တတ်တဲ့ကျောင်းသားလေးတစ်ယောက်ပေါ့ ။ သူအမြဲတမ်းခိုးခိုးပြီး ဗွီဒီယို ရိုက်တတ်တဲ့ ကျီလင် ဆိုတဲ့ ကောင်မလေးရှိတယ်... ပြီးတော့ သူအရမ်းအားကိုးရတဲ့ အကိုဟွေး ဆိုတဲ့ သူငယ်ချင်းအကိုတစ်ယောက်ရှိတယ်။ သူတို့ သုံးယောက်ရင်းနှီးသွားပြီးနောက် ကြယ်ကြွေတာကို လိုက်ကြည့်ကြရင်း မတော်တဆမှုဖြစ်ပါတယ် ။ အဲ့အဖြစ်အပျက်ပြီးနောက် ချန်းမင် မှာ အရာဝတ္ထုတွေကို ရွေ့နိုင်တဲ့ စွမ်းအားရှိလာပါတော့တယ်. . .တစ်ခုပဲ သူက စွမ်းအားကိုအရမ်းသုံးရင် မှတ်ဉာဏ်တွေက တဖြေးဖြေးတွေ ပျောက်လာတတ်ပါတယ် ချန်းမင်က အရမ်းစိတ်ထားကောင်းတဲ့ ကျောင်းသားလေးတစ်ယောက်ပါ၊ ဒါပေမဲ့လည်း ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံ က သူ့ကိုဘယ်လိုတောင် အမှောင်ဖုံးသွားလဲ ပြီးတော့ ...
movie
Lapse (2020)
2020
Lich Hand To Destroy Flowers ( 2020 ) 5.9
Lich Hand To Destroy Flowers ( 2020 ) ခံစားချက်ဆိုတာ  အသွေးအသားအတွက် ဓားချက်နှလုံးသားအတွက် အဆိပ်ဆေး..."ဒါကို ယုံကြည်တယ်ဆို ဒီကားကြည့်လိုက်တော့နော်။တရုတ်က အမြဲ ချစ်တတ်ကြတဲ့ မသေမျိုးနဲ့ လူသားကြားက အချစ်ဇာတ်လမ်းတွေကိုပုံဖော်ရိုက်ကူးနေကြပါ။ ဒီတစ်ခေါက်လည်း ပန်းနတ်သမီးလေးနဲ့ ပန်းတွေကိုချစ်တတ်တဲ့ လူသားကြားက အချစ်ကို ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးလို့ပြောရမယ်။ဇာတ်လမ်းလေးကတော့ မိန်းမပျိုလေးတွေ အသွေးသားတွေ စုပ်ယူခံရပြီးအကြောင်းမဲ့သေခဲ့တဲ့ အမှုကိုလိုက်တဲ့ မင်းမှုထမ်းလေးတစ်ယောက် စုန့်ယိချန်ဒီအမှုကိုလိုက်ရင်း သစ်ပင်မိစ္ဆာတိုက်ခိုက်တာ ခံလိုက်ချိန်မှာ ပန်းနတ်သမီးလေးကျောက်ဖေးက ကယ်သွားခဲ့ပြီး သူတို့ အချစ်ဇာတ်လမ်းလေး နိဒါန်းပျိုးခဲ့တာပေါ့ Translated & Review By Chu ChuEncoded By LK
movie
Lich Hand To Destroy Flowers ( 2020 )
Mookuthi Amman(2020) 6.6
Mookuthi Amman(2020) Mookuthi Amman(2020)နေရာတိုင်းလိုလိုမဟုတ်ပေမယ့် ဘာသာရေးကိုခုတုံးလုပ်ပြီး အကျိုးစီးပွားရှာနေကြတဲ့ဘိုးတော်တုဘိုးတော်လိမ်တွေဆိုတာ အများကြီးရှိကြပါတယ်..အထူးသဖြင့်အိန္ဒိယလိုနိုင်ငံမျိုးတွေမှာဆိုရင် ဒုနဲ့ဒေးပါ...ပိုဆိုးတာကသူတို့ဆီမှာ ကိုးကွယ်စရာနတ်ဘုရားက အများကြီးရှိတဲ့အတွက် ဘိုးတော်တုတွေအတွက်ပိုပြီးဂွင်ဖန်လို့တောင်ကောင်းပါတယ်.. အဲ့ဒီလိုဘိုးတော်တု ဘိုးတော်လိမ်တွေကို ကိုးကွယ်ယုံကြည်ရင်လူတွေ လမ်းလွှဲလိုက်ကြလို့ ငွေတွေမလိုအပ်ဘဲကုန်ကြသလိုတခြားဆိုးကျိုးများစွာလည်းရှိလေတော့ တကယ့်နတ်ဘုရားတစ်ပါးက ဒီဖြစ်စဉ်ကြီးကိုကြည့်မနေနိုင်တော့ပါဘူး..ဒါ့ကြောင့် လူ့ပြည်ကို ပညာပေးဖို့ ဆင်းသက်လာခဲ့ပါတော့တယ်... တစ်ကယ့်နတ်ဘုရားဆင်းသက်လာပြီးနောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ဒီဇာတ်ကားနင်းကန်ရယ်ရသလို တော်တော်လည်း ပညာလေးပေးတဲ့ကားဖြစ်တာမို့ Indiaကားကောင်းကြိုက်သူတိုလက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်...File Size :(1.04GB) and (377MB) Quality : WEB-DL 720p Format…mp4 Duration…02:15:00 Genre : Comedy, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Mookuthi Amman(2020)
Fatman 2020 6
Fatman 2020 ခရစ်စမတ် ကာလမှာ ကလေးတွေဟာ သူတို့ရဲ့ ဆန္ဒလေးတွေကို ရေးပြီးမှခရစ်စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ Santa ဆီကို စာပို့ကြလေ့ရှိပါတယ်။ခရစ်ဆိုတဲ့ အဘိုးကြီးတစ်ဦးဟာ Santa အသွင်နဲ့ ကလေးတွေကိုလက်ဆောင်ပို့တဲ့အလုပ်လုပ်တဲ့သူပေါ့တစ်နေ့မှာ ဝီနန်ဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းလိုချင်တာ ရအောင်ယူ ဖြစ်ချင်တာ ရအောင်လုပ်တတ်တဲ့ သူဌေးသားလေးဟာလည်းခရစ်စမတ်မှာ Santa ဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။ဝီနန်ဟာ ကလေးဆိုပေမယ့် သူဌေးသားဖြစ်တဲ့အလျောက်အသက်ငယ်သော်ငြားလည်း သူဖြစ်ချင်တာတွေ မဖြစ်တဲ့အခါကြေးစားတစ်ယောက်ကို ပိုက်ဆံပေးပြီး မရရအောင် လုပ်တဲ့သူတစ်ယောက်ပါ။အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဝီနန်တစ်ယောက် Santa ဆီကခရစ်စမတ်လက်ဆောင်အဖြစ် သူလိုချင်တာမရဘဲမီးသွေးခဲတစ်တုံးသာပြန်ရလိုက်တော့အရမ်းကို စိတ်တိုသွားပါတော့တယ်။ ဖြစ်ချင်တာကို ရအောင် လုပ်တတ်တဲ့ဝီနန်တစ်ယောက် ကြေးစားတစ်ယောက်ကို ငှားပြီးSanta ကို ရှာသတ်ခိုင်းပါတော့တယ်.... File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:40:00 Genre … Action, Fantsy, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Yoon ...
movie
Fatman 2020
Jingle Jangle: A Christmas Journey 2020 6.6
Jingle Jangle: A Christmas Journey 2020 ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ‌ ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck   
movie
Jingle Jangle: A Christmas Journey 2020
Our 30 Minute Sessions 2020 6.1
Our 30 Minute Sessions 2020 အာခိဆိုတဲ့ ထက်မြက်ပြီးပျော်ပျော်နေတတ်တဲ့ကောင်လေးသီချင်းရေးဆရာလေးက လွန်ခဲ့တဲ့တစ်နှစ်က သေသွားခဲ့ပါတယ်ဆိုတာဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးကတော့ဉာဏ်ကောင်းပေမယ့် လူတွေနဲ့အဆင်ပြေပြေမပေါင်းနိုင်တဲ့အထီးကျန်နေတဲ့ကောင်လေးတစ်ယောက်ပေါ့တစ်ရက်ကျတော့ ဆိုတာက ကက်ဆက်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်ဆိုတာက ကက်ဆက်လေးကိုနှိပ်လိုက်ရင် အာခိရဲ့ဝိဉာဉ်က ဆိုတာရဲ့ခန္ဓာကိုယ်ထဲကိုဝင်လို့ရသွားတယ်အဲ့ဒါက မိနစ်သုံးဆယ်ပဲခံပါတယ် အာခိက သူအသက်ရှိတုန်းကဖွဲ့ခဲ့တဲ့သူ့ရဲ့တီးဝိုင်းနဲ့သူ့ကောင်မလေးဆီကိုပြန်သွားဖို့ကြိုးစားပါတော့တယ်ဒါပေမယ့် ခန္ဓာကိုယ်က ဆိုတာဖြစ်နေတဲ့အခါဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ရုပ်ရှင်လေးဒေါင်းကြည့်လိုက်ပါတော့သီချင်းကောင်းတွေအများကြီးပါပြီး သေချာလည်းဘာသာပြန်ပေးထားတာမို့လို့ကြည့်ဖို့ပေးလိုက်ရတဲ့အချိန်တွေက တကယ်တန်မှာပါ File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:30:00 Genre … Drama, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Thinzar Htet
movie
Our 30 Minute Sessions 2020
Come Away 2020 6
Come Away 2020 889ခုနှစ်ကရေးဖွဲ့ခဲ့တဲ့ The Stolen Child ကဗျာကိုနောက်ခံထားပီးရိုက်ထားတဲ့ COME AWAY ဆိုတဲ့ဇာတ်ကားလေးကကလေးတွေရဲ့အိပ်မက ်ကမ္ဘာအကြောင်းကိုစိတ်ကူးယဥ္ပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်ဆောင်ကလေးမောင်နှမတွေ ဖြစ်တ​ဲ့ဒေးဗစ် ပီတာနဲ့ အဲလစ် ၃ယောက်ထဲမှာမှအဲလစ်ကnarratorအဖြစ်နဲ့ပါ၀င်ထားတာပါအဲမောင်နှမ၃ယောက်က နယ်စွန်နယ်ဖျားကဆင်းရဲတဲ့မိသားစုလေးကဖြစ်ပီးသူတို့အဖေကတော့လက် မှုပညာရှင်တစ်ယောက်ပါ အေးချမ်းနေတ​ဲ့သူတို့မိသားစုလေးဆီကိုရောက်လာတဲ့ဂယက်ကတော့ ဒေးဗစ်ကို Bristlemoss ကျောင်းကိုပို့ပေးမဲ့ကလေးတွေရဲ့အဒေါ် အယ်လီနာရဲ့အကြံပါပဲ အဲကိုသွားခါနီးဆဲဆဲမှာပဲဒေးဗစ်ရဲ့မျော်လင့်မထားတဲ့သေခြင်းတ ရားနဲ့ကြုံကြိုက် မိပါတယ်ပီတာနဲ့ အဲလစ်ရဲ့ရင်ထဲကနက်ရှိုင်းတဲ့ဒဏ်ရာတွေရှိလာသလိုကလေးတွေရဲ့အိပ်မက ်ကမ္ဘာလေးကလဲ သူတို့ရဲ့လက်တကမ်းအလိုမှာရှိနေတာပါအရွယ်ရောက်ကြီးပြင်းချင်တဲ့ဆန္ဒရှိကြပေမဲ့ ဒုက္ခအားလုံးကင်း​ေ၀းမဲ့အိပ်မက ်ကမ္ဘာလေးကိုဘယ်သူသွားနိုင်မလဲဆိုတာရသမြောက်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:30:00 Genre … Adventure, Fantasy, Dram Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang  
movie
Come Away 2020
Jiu Jitsu 2020
Jiu Jitsu 2020 မင်းသားကြီး နီကိုလက်ကေ့ နဲ့ တိုနီဂျားတို့ ပါဝင်ထားတဲ့ ဂျူဂျစ်ဆု ရုပ်ရှင်ထွက်ပါပြီ။ ဂျူဂျစ်ဆု ဆိုတာ သိုင်းပညာကို သီးသန့် ရည်ညွှန်းတာမဟုတ်ဘူး ဒီ ရုပ်ရှင်မှာတော့ သီးသန့်အဓိပ္ပါယ်နဲ့ပဲ ဖြစ်ပါတယ်။ Predator ရုပ်ရှင်နဲ့ နင်ဂျာ ရုပ်ရှင်တွေကို လွမ်းတယ်ဆိုရင် ဒီကားကို ကြည့်လိုက်ပါ။ ဂြိုလ်သားတွေနဲ့ နင်ဂျာတွေ ချတဲ့ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေပါလို့ မပြောပြတော့ပါဘူး။ ဇာတ်လမ်း၊ ဒိုင်ယာလော့၊ အက်ရှင်၊ အထူးပြုလုပ်ချက်တွေကတော့ ဘာမှပြောစရာမရှိပါဘူး။ ကြည့်ပြီးရင် သိပါလိမ့်မယ်။ File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:40:00 Genre … Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo
movie
Jiu Jitsu 2020
The Craft: Legacy (2020) 5.0
movie
The Craft: Legacy (2020)
2020
Tears Of No Regret ( 2020 ) 5.5
Tears Of No Regret ( 2020 ) Tears of No Regrets ဆိုတဲ့ တရုတ်ကားလေးကို တင်ပေးလိုက်ပါတယ်ဒီကားလေးက စွန်းဝူခုန်းကားတွေထဲမှာ low budget နဲ့ ရိုက်ထားတဲ့ ဇာတ်ကားကောင်းတလေးတစ်ခုပါ။ဒီကားလေးကတော့ မူရင်းအနောက်အရပ်ခရီးနဲ့ မတူဘဲ ဝူခုန်းရဲ့အချစ်ဇာတ်လမ်းကို ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားတာပါ။ ဒီကားလေးမှာတော့အနောက်ခရီးကအပြန် ဝူခုန်းနဲ့ သူ့ဆရာလမ်းခွဲပြီးနောက် ဝူခုန်းတစ်ယောက်မိစ္ဆာစိတ်ဖုံးပြီးသူ့ဆရာသူပြန်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီမိစ္ဆာစိတ်က ဘယ်သူကြိုးကိုင်ခဲ့တယ်ဆိုတဲ့အဖြေကို ရှာရာကနေ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကိုပြန်သွားရာကနေ ဇာတ်လမ်းပုံဖော်ခဲ့တာပါ။အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာထက်ကို ပိုတယ်။တကယ့်ကို low budget နဲ့ လုပ်ထားတယ်ဆိုတာကိုမယုံနိုင်လောက်အောင် ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးပါ။Translated & Reivew By Chu ChuEncoded By LK
movie
Tears Of No Regret ( 2020 )