Channel Myanmar

Fantasy

Oz the Great and Powerful (2013) 6.3
Oz the Great and Powerful (2013) သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။ သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေး နဲ့ တွေ့ ဆုံခဲ့ပါတယ် အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲက နေကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက် မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင် ...
movie

Oz the Great and Powerful (2013)

2013
Fallen (2016) 5.4
Fallen (2016) Fallen (2016)_____IMDb - 5.4/10    Fallen 2016 ကားလေးကတော့ ဘုရားသခင်ကို လူစီဖာပုန်ကန်တဲ့အခါ ဘယ်ဘက်ကိုမှမရွေးခဲ့ပဲ ကြားနေခဲ့တဲ့ နတ်သားတစ်ပါးအကြောင်းပါ။ တိုက်ခိုက်ယူရလောက်အောင်အရေးကြီးတာ ချစ်ခြင်းတရားဆိုတဲ့သူ့ရဲ့ခံယူချက်ကြောင့် ကောင်းကင်ဘုံကနှင်ထုတ်ခံလိုက်ရပါတယ်။ နှင်ထုတ်ခံရပြီး ကမ္ဘာမြေပေါ်မှာ တခြားနတ်သက်ကြွေခဲ့ရတဲ့နတ်သားတွေနဲ့အတူ လူသားတွေနဲ့ရောနှောပြီးနေထိုင်ခဲ့ကြပါတယ်။ တစ်နေ့တော့ သူအယောင်ဆောင်တက်နေတဲ့ကျောင်းကို လုစ်ဆို တဲ့ကောင်မလေးတစ်ယောက်ပြောင်းလာခဲ့ပါတော့တယ်။ သူနဲ့ လုစ်ကြားက ဆက်နွှယ်မှုတွေ၊ကျိန်စာတွေ၊သူအလေးထားတဲ့ချစ်ခြင်းတရားတွေကို မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ပြထားတဲ့ကားလေးပါ။ပေါ့ပေါ့ပါးပါးနဲ့ လူငယ်Romance ကားလေးတွေကြည်ချင်သူတွေအဖို့တော့ အံကိုက်ပါပဲ။   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးမွန်ကျော်ပဲဖြစ်ပါတယ်)    File Size : 702 MB Quality : Bluray 720P Running Time : 1hr 31minutes Format : Mp4 Genre : Drama, Fantasy, Romance Translator : Aye Mon Kyaw Encoder :Thanhtike Zaw  
movie

Fallen (2016)

2016
A Cure For Wellness 2017
A Cure For Wellness 2017 ဖေဖော်ဝါရီလထဲမှာ ရုံတင်ခဲ့တဲ့ စိတ်ကူးယဉ် ဟော်ရာကားတစ်ခု ဘာသာပြန်တင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္မဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္မဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ် ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ...
movie

A Cure For Wellness 2017

Duckweed (2017) 6.6
Duckweed (2017)   သားအဖနှစ်ယောက်ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားပါ အားလန် လို့ ခေါ်တဲ့ မြို့ ငယ်လေးတစ်မြို့ က လူငယ်လေးတစ်ယောက်က သူ့ အဖေ အားဇန် ဟာ သူ့ ရဲ့ အသက်တာနဲ့  သူလုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေကို လုံးဝ နားမလည်ပေးဘူးလို့ ထင်နေခဲ့တယ် တစ်နေ့ မှာတော့ ကံဆိုးစွာနဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ ကို လူနာတင်လှည်းနဲ့ တင်လာတဲ့တစ်လျှောက်မှာတော့ ၁၉၉၈ ခုနှစ်က သူမွေးဖွားခဲ့တဲ့ အချိန်ကို ပြန်မြင်ယောင်နေခဲ့တယ် အဲ့ဒီအချိန်မှာတော့ သူ့ ဖခင်နဲ့ အတူ ပျော်ရွှင်ရယ်မောဖွယ်ကောင်းတဲ့ စွန့် စားမှုတွေကို ပြုလုပ်ခဲ့တယ် တစ်ချိန်တည်းမှာပဲ သူ့ ကိုမွေးဖွားရင်း မီးတွင်းထဲမှာတင်သေဆုံးခဲ့တဲ့အတွက် သူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့တဲ့ သူ့ အမေကိုပါ ပြန်ပြီး တွေ့ မြင်ခွင့်ရခဲ့တယ် ဒီအဖြစ်အပျက်တွေကနေ သူ့ အဖေက သူ့ ရဲ့ ငယ်ရွယ်တဲ့ဘ၀ကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတယ် ... ဆုံးပါးသွားတဲ့ ...
movie

Duckweed (2017)

Dragon Hunter (2017) 6.0
Dragon Hunter (2017) ဂူကျင်းကျောင်းတော်ကြီးအောက်မှာ လျို့ဝှက်စွာသိမ်းထားတဲ့ အနက်ရောင်တောင်ဝှေးတစ်ချောင်း... မြွေနက်မလေးတစ်ကောင်က မှားယွင်းမြိုချမိပြီး နဂါးမိစ္ဆာကြီးဖြစ်သွားတဲ့အခါမှာ... ကျားမိစ္ဆာတစ်ကောင်သောင်းကျန်းနေလို့ နှိမ်နင်းဖို့ မွေးရာပါ ကျားအမှတ်အသားပါတဲ့ ဆရာတက်ရှ်ဆိုတဲ့ကျားနိုင်ဆရာကို သွားရှာဖို့ ဂူကျင်းကျောင်းတော်က ဘုန်းကြီးကယ်တစ်ပါးကိုစေလွှတ်လိုက်ပါတယ် ထိုဘုန်းကြီးကယ်မှာ မွေးရာပါ နဂါးနိုင်အမှတ်အသားပါလာပြန်ပြီး နဂါးမိစ္ဆာကိုနှိမ်နင်းဖို့ ပါရမီပါနေသူဖြစ်နေပြန်ပါတယ်.. နဂါးမ မြိုချထားတဲ့ အနက်ရောင်တောင်ဝှေးဆီက အစွမ်းတွေရချင်နေတဲ့ မိစ္ဆာကြီးဟာ ဆရာယောင်ဆောင်ပြီး သူ လက်သပ်မွေးထားတဲ့ တပည့်မလေးကို.. နဂါးအမှတ်အသားပါတဲ့ ဘုန်းကြီးလေး ရှူရှင်ကို သိမ်းသွင်းခိုင်းဖို့ကြိုးခိုင်တဲ့အခါမှာ.. ကျားနိုင်သူရဲကောင်း ဆရာတက်ရှ် ကိုရော..ရှာတွေ့မှာလား.?? နဂါးမိစ္ဆာကြီးကိုရော နှိမ်နင်းနိုင်မှာလား?? တပည့် မြေခွေးမလေးကိုရော သူ့ဆရာ မိစ္ဆာကြီးရန်ကနေ ကာကွယ်ပေးနိုင်မှာလား?? အားလုံးသော တာဝန်တွေဟာ ဘုန်းတော်ကြီးရှူရှင် အပေါ်ကျရောက်လာပါတော့တယ်...... (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အောင်ချမ်းငြိမ်း ပဲဖြစ်ပါတယ်) File Size : 700 MB/270MB Quality : WEB DL 720P Running Time : 1hr 20minutes Format : Mp4 Genre : Fantasy Action Comedy Translator : Aung Chan Nyein Encoder :Thanhtike ...
movie

Dragon Hunter (2017)

The Shack (2017) 6.5
The Shack (2017)   The shack (2017) ကတော့ ယုံကြည်ကိုးစားမှုတွေရယ် ဘဝဖြတ်သန်းပုံတွေကို ရှု့ထောင်တစ်မျိုးကနေ ပြထားပေးတဲ့ကားလေးပါ။ ဒီဇာတ်လမ်းထဲမှာ Meck ဆိုတဲ့ လူတစ်ယောက်နဲ့ ဘုရားသခင်ရဲ့ ဆက်နွှယ်မှုတွေကိုတွေ့မြင်ရမှာပါ။ ငယ်ဘဝက အတိတ်ဆိုးတွေရှိခဲ့တဲ့ Meck တစ်ယောက် အရွယ်ရောက်လာတော့ အရွယ်ရောက်လာတော့နွေးထွေးတဲ့မိသားစုလေးနဲ့အတူပျော်ရွှင်စရာဘဝတစ်ခုရလာခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့သမီးငယ်လေး အသတ်ခံရပြီး သူတို့ရဲ့ ဘဝတွေလဲ ပြိုလဲကုန်ရပါတော့တယ်။ ဝမ်းနည်းစိတ်တွေ ကိုယ့်ကိုယ်ကို နာကျည်းစိတ်တွေ အပြစ်မြင်စိတ်တွေနဲ့ ပြိုလဲနေတဲ့ Meck ဆီကို တစ်နေ့တော့ စာတစ်စောင်ရောက်လာပါတယ်။ အဲ့ဒီစာက ဘုရားသခင်က သူ့ဆီကို သီးသန့်ဖိတ်ကြားလွှာဖြစ်ပြီး The Shack ဆိုတဲ့နေရာကိုဖိတ်ကြားထားတာပါ။ အဲ့ဒီနောက်ပိုင်း စိတ်ဝင်စားစရာတွေကတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ပါ လို့ပဲတိုက်တွန်းပါရစေ (ဘာသာပြန်သူကတော့ရဲမာန်အောင်ပဲဖြစ်ပါတယ်)File Size : 850 MB/380MB Quality : Bluray 720P Running Time : 2hr 12minutes Format : Mp4 Genre : Drama,Fantasy Translator : Ye Man Aung Encoder :Thanhtike ...
movie

The Shack (2017)

2017
Batman & Robin (1997) 3.7
Batman & Robin (1997) Unicodeဒီကားလေးဟာ DC Fan တွေအကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Batman & Robin ဇာတ်ကားဟာ DC Comics ဇာတ်ကောင် Batman နဲ့ Robin ကိုအခြေခံပြီး ထုတ်လုပ်ခဲ့တဲ့ 1997 ခုနှစ်ထွက် အမေရိကန်စူပါဟီးရိုးရုပ်ရှင်ပဲဖြစ်ပါတယ်.... ဒီကားဟာ Warner Bros ရဲ့စတုတ္တမြောက်နဲ့နောက်ဆုံးအရစ်ကျ ထုတ်လုပ်မှု့လည်းဖြစ်ခဲ့ပါတယ်.. ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Schumacher နဲ့  Akiva Goldsman တို့ကပူးတွဲရိုက်ကူးခဲ့ပါတယ်... နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ Arnold Schwarzenegger, George Clooney Chris O'Donnell,  Alicia Silverstone နဲ့ Uma Thurman တို့နဲ့ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်... ဒီကားမှာ မစ္စတာ ရေခဲအဖြစ်သရုပ်ဆောင်တဲ့ ကျွန်တော်အသိများတဲ့ အာနိုးဟာဖြင့် သူ့မိန်းမကို ပြန်လည်ကယ်တင်ဖို့ ဘာမဆိုလုပ်ချင်နေတဲ့ ဒေါက်တာတစ်ဦးပါ... သူ့မိန်းမကိုပြန်လည်ကယ်တင်ဖို့အတွက်လုပ်ရာကနေ နောက်ပိုင်းမှာတော့ မကောင်းမှု့ဘက်ကိုဦးတည်သွားခဲ့ပါတယ်.. နောက်ထပ် ဗီလိန်တွေကတော့ မတော်မဆထိခိုက်မှု့ဖြစ်လာရာကနေ အစွမ်းရှိလာနဲ့ လှပတဲ့ အဆိပ်မယ်နဲ့ Bane တို့ပဲဖြစ်ပါတယ်.... ဒီကားထဲမှာ Batman နဲ့ Robin တို့နားလည်မှု့လွဲရာကနေပြီးတော့ သူ့ရဲ့ဝတ်စုံကိုပြန်လည်အားဖြည့်ဖို့ စိန်တွေကို လိုက်လံခိုးယူနေတဲ့ မစ္စတာရေခဲတို့တွေ့ဆုံခဲ့ကြပါတယ်... နောက်ဆုံးမှာတော့ မစ္စတာရေခဲဟာ အဆိပ်မယ် ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ Batman နဲ့ Robin တို့ကို တိုက်ခိုက်မှု့များကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... Zawgyi ဒီကားလေးဟာ DC Fan တွေအကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Batman & ...
movie

Batman & Robin (1997)

1997
Priest (2011) 5.7
Priest (2011) လူသားများနဲ့သွေးစုပ်ဖုတ်ကောင်များအကြားတစ်ဦးနဲ့တစ်ဦးရာစုနှစ်ပေါင်းများစွာ ရှည်လျားစစ်ပွဲများကမ္ဘာဂြိုလ်ရဲ့မျက်နှာပြက်ပျက်စီးမှု့နဲ့အတူ သီအိုကရေစီလို့ခေါ်တဲ့ဘုရားကျောင်း Church မှ ဦးဆောင်တိုက်ပွဲဝင်လျက်ရှိပါတယ်.... သူတို့ဟာလူသားများကိုကာကွယ်စောင့်ရှောက်ဖို့ ဧရာမတံတိုင်းကြီးများကိုကာကွယ်ဆောက်လုပ်ထားခဲ့ကြပါတယ်... ထို့အတူ သွေးစုပ်ဖုတ်ကောင်များကိုနှိမ်နင်းရန်အတွက်လည်း အထက်တန်းလွှာသူရဲကောင်းအဖွဲ့ဖြစ်တဲ့ Priest လို့အမည်ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်... ထို Priest ခေါ်ဘုန်းတော်ကြီးများရဲ့တိုက်ခိုက်မှု့များကြောင့် သွေးစုပ်ဖုတ်ကောင်အများစုသေဆုံးခဲ့သောကြောင့် ကာလကြာရှည်စွာဆင်နွှဲနေသောစစ်ပွဲနှင့်အတူ ထိုအစွမ်းထက်သောဘုန်းတော်ကြီး အဖွဲ့ကို Church မှပယ်ဖျက်ခဲ့ပါတယ်... ထိုသို့သူတို့အားလုံး သေဆုံးပျောက်ကွယ်သွားပြီလို့ထင်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်များ ကြောက်မက်ဖွယ်ရာ ပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာတော့.......ထိုကဲ့သို့အစွန်းထက်လှတဲ့ Pirest တစ်ဦးရဲ့တူမဖြစ်တဲ့ လီလီကောလင်းဟာ  သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့နဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပါတယ်...... ဒါကြောင့် ထို Priest ဟာမြို့မှာအာဏာအရှိဆုံးဖြစ်တဲ့ ဘုရားကျောင်းခေါင်းဆောင်ကိုအကူညီတောင်းခဲ့ပေမယ့် သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့ကိုအယုံကြည်မရှိခဲ့ပါဘူး....ဒါကြောင့်သူတစ်ယောက်တည်းပဲ ပြန်လည်ကယ်တင်ရန် ဘုရားကျောင်းရဲ့ စကားတွေကို ငြင်းပယ်ပြီးတော့ မြို့ပြင်ကိုထွက်လာခဲ့ပါတယ်... ထိုကဲ့သို့ သွေးစုပ်ဖုတ်ကောင်တွေပြန်ပြီးတော့ ပေါ်ထွက်လာတဲ့အချိန်မှာတော့ အားလုံးရဲ့ခေါင်းဆောင်လို့ ယူဆလို့ရမယ့် ဦးထုပ်နက်နဲ့ သွေးစုပ်ဖုတ်ကောင်ပါဝင်လာခဲ့ပါတယ်..တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ ကွာခြားနေတာကတော့ သူဟာလူသားသွေးစုပ်ဖုတ်ကောင်ဖြစ်ပါတယ်.... Priest ဟာလည်းသူ့ရဲ့တူမကိုပြန်လည်ရရှိအောင်ကယ်တင်မှာဖြစ်ပြီးတော့  အစွမ်းထက်တဲ့လူသားနဲ့ လူသားသွေးစုပ်ဖုတ်ကောင်တို့ရဲ့ သတ်ပွဲများကို စိတ်လှုပ်ရှားဖွယ်ရာ  ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... ဒီ Priest ရုပ်ရှင်ဟာ ဘုန်းတော်ကြီးများအကြောင်းထက် လူသားနဲ့ သွေးစုပ်ဖုတ်ကောင်တို့ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတဲ့ ကားကောင်းတစ်ကားဆိုရင်လည်းမမှားပါဘူး.... သဘာဝလွန်ကားတွေကြိုက်တဲ့လူတိုင်း ဒီကားကိုသေချာကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ... အားလုံးအကြိုက်တွေ့ကြမှာပါ....Quality…..BluRay 1080p Duration…..01:27:00 Format…Mp4 File Size…(627 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint  
movie

Priest (2011)

2011
Beauty and the Beast (1991) 8.0
Beauty and the Beast (1991) ဒီ Animation ကားလေးကတော့ 1991 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Rating အမြင့်ဆုံးရရှိခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်... ဒီကားလေးကိုလူတိုင်းနဲ့စိမ်းကြမယ်မထင်ပါဘူး... Disney ရဲ့ အအောင်မြင်ဆုံးခြေလှမ်းတစ်ခုဖြစ်စေခဲ့တဲ့ Animation ဖြစ်ခဲ့သလို အခုခေတ်ထိတိုင်အောင် ပရိတ်သတ်တွေရင်ထဲမှာ စွဲမြင်နေခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဇာတ်လမ်းလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် အရမ်းကိုမောက်မာတဲ့မင်သားလေးတစ်ပါးဟာ လူတိုင်းကိုမောက်မောက်မာမာနဲ့ဆက်ဆံခဲ့တာကြောင့် တစ်နေ့မှာ အဘွားအိုကြီးတစ်ယောက်ရောက်လာခဲ့ပြီးတော့ အရမ်းအေးလွန်းတာကြောင့် မင်းသားလေးရဲ့ရဲတိုက်မှာ ခဏလောက်တည်းခိုခွင့်တောင်းခဲ့ပါတယ်... ဒါပေမယ့် မင်းသားလေးဟာ ညစ်ပတ်စုတ်ပြတ်လှတဲ့ အဘွားအိုကြီးရဲ့ပုံစံကိုကြည့်ပြီးတော့  မောက်မောက်မာမာနဲ့နှင်ထုတ်ခဲ့ပါတယ်... အဲ့ဒီအချိန်မှာ အဘွားအိုကြီးကနေ နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားပြီးတော့ မင်းသားလေးရဲ့ရင်ထဲမှာချစ်ခြင်းတရားမရှိတာကိုသိသွားတဲ့ နတ်သမီးက မင်းသားလေးကို အလွန်ရုပ်ဆိုးတဲ့တောရိုင်းသတ္တ၀ါကြီးအဖြစ်ပြောင်းခဲ့ပါတယ်... သူတင်မကပဲ ရဲတိုက်ကြီးထဲမှာနေတဲ့ လူတွေအားလုံးကိုအသွင်ပြောင်းပြီးအပြစ်ပေးခဲ့ပါတယ်.. နတ်သမီးက သူ့ကို ပေးခဲ့တဲ့နှင်းဆီပန်းက တကယ်တော့ မှော်ဝင်နှင်းဆီပန်းပါ... အဲ့ဒီပန်းဟာ သူ့ရဲ့အသက် ၂၁ နှစ်ပြည့်မှာ ပွင့်မှာဖြစ်ပြီးတော့ တကယ်လို့ အဲဒီ ၂၁ နှစ်မွေးနေ့မတိုင်ခင် သူရင်ထဲအချစ်ရှိလာပြီးတော့ မိန်းကလေးတစ်ယောက်အဲချစ်နိုင်ခဲ့ရင် အဲ့ဒီသူချစ်ရတဲ့မိန်းကလေးကလည်း အဲဒီပန်းရဲ့နောက်ဆုံးပွင့်ဖတ်မကြွေခင် အချိန်မှာ သူ့ကိုပြန်ပြီးတော့ချစ်နိုင်ခဲ့ရင် သူ့အပေါ်ကိုပြုလုပ်ထားတဲ့  နတ်သမီးရဲ့ကျိန်စာက ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်... ဒီလိုမဟုတ်ပဲ မင်းသားလေးဟာ ဒီတိုင်းဆက်ပြီးနေဦးမယ်ဆိုရင်တော့ သူဟာထာဝရဒီရုပ်ဆိုးသတ္တ၀ါကြီးအနေနဲ့ပဲ ဆက်လက်ရှင်သန်သွားရမှာပါ... ကဲ ချစ်ခြင်းတရားက အရာရာကိုပြောင်းလဲသွားစေနိုင်လား... အချစ်ဆိုတာ ရိုင်းစိုင်းတဲသူကို သိမ်မွေ့အောင်လုပ်ပေးနိုင်မလားဆိုတာ.... ချစ်စရာ Animation ကာတွန်းပုံရိပ်လေးများနဲ့  အိပ်ရာဝင်ပုံပြင်လေးအဖြစ် အိပ်ခါနီး ကြည့်လိုက်ရအောင်လားဗျာ...Quality…..BluRay 1080p Duration…..01:24:00 Format…Mp4 File Size…(657 MB , 329 MB ) Encoder…..Moe ...
movie

Beauty and the Beast (1991)

1991
Dragon Nest: Warriors’ Dawn 6.3
Dragon Nest: Warriors’ Dawn   တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်....လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့...လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့်သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ်....ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်...မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့...အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီးလူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့ .....သူတို့တွေ နဂါးကြီးကို နှိမ်နင်းနိုင်ကြမလား ?ဘာတွေဆက်ဖြစ်လာကြမလဲ ?ဆိုတာတွေကိုတော့ ဟောဒီကာတွန်းရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါကုန် ....ဒီရုပ်ရှင်လေးဟာ တရုတ်ပြည်ရဲ့ အားပေးသူအများအပြားရရှိထားတဲ့ ကာတွန်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်...အထူးသဖြင့် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ပရိတ်သတ်ကို အဓိက ဆွဲဆောင်သွားနိုင်ခဲ့တာပါ...Special အနေနဲ့ဆို နတ်သူငယ်မလေး လီယာ(ကြာပန်းလေး) ကတော့ ပရိတ်သတ်အချစ်တော်လေးပေါ့ဗျာ...ကဲ တကယ်ကောင်းမကောင်းကို ကြည့်ရှုခံစားကြည့်လိုကိကြပါဦးဒီဇာတ်ကားလေးကို ကြည့်ပြီးသူတွေရှိပေမယ့် မကြာခင်မှာ ဒီကားရဲ့အဆက် Dragon Nest : Throne Of Elves ဆိုတဲ့ကား ထပ်ထွက်လာတော့မှာဖြစ်လို့ အစပျိုးတဲ့အနေနဲ့တင်ဆက်ပေးလိုက်တာပါ(စာတန်းထိုးပြီးတဲ့အထိကြည့်လိုက်ပါဦး ခွေးလေးတွေကို ...
movie

Dragon Nest: Warriors’ Dawn

2014
One Day (2017) N/A
One Day (2017) မိန်းမသတ်သေသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရနေတဲ့အမျိုးသားတစ်ယောက်ရဲ့စိတ်ဒဏ်ရာတွေကို ကိုမာဝင်ပြီးသတိလွင့်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်က ကုစားပေးထားတဲ့အကြောင်းလေးကိုရိုက်ကူးထားပါ ဂန်ဆူးဟာမိန်းမဖြစ်သူသေဆုံးသွားပြီးနောက် စိတ်ဒဏ်ရာအကြီးအကျယ်ရနေခဲ့ပါတယ် အလုပ်ကိုလည်းမသွားတော့ပါဘူး အမျိုးသမီးတစ်ယောက်ရဲ့အမှုကိုလိုက်ဖို့လက်ခံလိုက်ရာကနေ ထိုအမျိုးသမီးရှိတဲ့ဆေးရုံကို သွားရောက်တွေ့ဆုံဖို့သွားခဲ့ပါတယ်။ ဆေးရုံရောက်သွားတဲ့အခါ ထိုအမျိုးသမီးနဲ့တွေ့လိုက်ရပေမယ့် သူတစ်ဦးတည်းသာထိုအမျိုးသမီးမြင်နိုင်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ .... (ဘာသာပြန်သူကတော့ idiotMyoKo ပဲဖြစ်ပါတယ်) File Size : 850 MB / 300 MB Quality : HDRip 720P Running Time : 1hr 58minutes Format : Mp4 Genre : Drama,Fantasy Translator : IdiotMyoKo Encoder :Thanhtike Zaw  
movie

One Day (2017)

2016
King Kong (1976) 5.8
King Kong (1976) တိရိစ္ဆာန်တစ်ကောင်မှာလည်း အသည်းနဲ့ဆိုရင်ယုံပါသလား... သံယောဇဉ်တကယ်ဖြစ်လာပြီဆိုရင် ဘယ်အရာကိုမဆိုရင်ဆိုင်လာတတ်ကြပါတယ်... အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ငိုတတ်တဲ့သူတွေအဖို့ မျက်ရည်ကျလောက်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားတဲ့ ကင်းကောင်ဇာတ်လမ်းဖြစ်ပါတယ်။ ရေနံစီးပွားရေးကုမ္ပဏီတစ်ခုမှ မြူကမ်းပါးများဖြင့် ထာဝရ ပိတ်ဖုံးနေသည့် ကျွန်းတစ်ကျွန်းအား သတိပြုမိကာ ၎င်းကျွန်းမှ ထွက်ရှိသည့် ရေနံများအား သွားရောက်ယူဆောင်ကြခြင်းဖြစ်ပါတယ်။ ၎င်းနောက်မှ ထိုကျွန်းပေါ်တွင် လူရိုင်းမျိုးနွယ်စုများနေထိုင်သည်ကို တွေ့ရှိရပြီး ၎င်းလူရိုင်းအဖွဲ့မှ သင်္ဘောပေါ်ရှိ အမျိုးသမီးငယ်အား ဖမ်းဆီးခေါ်ဆောင်ကာ ၎င်းတို့ကိုးကွယ်သည့် ကင်းကောင်ကြီးနှင့် လက်ဆက်ပေးခဲ့ပါတယ်။ ထိုမိန်းကလေးအပေါ်ကို ကင်းကောင်ကြီးဟာ သံယောဇဉ်တွယ်မိသွားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း သတ္တ၀ါတစ်ကောင်နဲ့အတူနေရတဲ့ မိန်းကလေးဟာကြောက်လည်းကြောက် လန့်ကလည်းလန့်နဲ့မနေပျော်ခဲ့ပါဘူး... သင်္ဘောပေါ်မှာ အမှုထမ်းများ ၎င်းအမျိုးသမီးငယ်အား ကင်းကောင်ကြီးလက်မှ ပြန်လည်ကယ်တင်ပေးခဲ့ပြီး ကင်းကောင်ကြီးအားဖမ်ဆီးပြီး မြို့ခေါ်ဆောင်လာကာ ကင်းကောင်နှင့် မြို့တွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်။ ၎င်းပွဲနေ့တွင် သူချစ်ရတဲ့မိန်းကလေးကို လူများကထိခိုက်အောင်လုပ်နေသည်ကိုမြင်သောအခါ ကင်းကောင်ကြီးမှ အချုပ်အနှောင်များအား ရုန်းထွက်ခဲ့ကာ မြို့ပေါ်တွင် သောင်းကျန်းတိုက်ခိုက်မှုများ၊ မြို့ရှိ စစ်အဖွဲ့မှ ၎င်းအား ပြန်လည် တိုက်ခိုက်ချေမှုန်းခြင်းများအား ကြည့်ရှုရမည့် ကင်းကောင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။Quality…..BluRay 720p Duration…..02:14:00 Format…Mp4 File Size…(963 MB ...
movie

King Kong (1976)

1976
The Chronicles of Narnia 3 : The Voyage of The Dawn Treader 6.3
The Chronicles of Narnia 3 : The Voyage of The Dawn Treader Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလ၀တ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ တတိယမြောက်ကားပဲ ဖြစ်ပါတယ်။                 ဒီဇာတ်လမ်းမှာတော့ ပီတာနဲ့ဆူဆန် ...
movie

The Chronicles of Narnia 3 : The Voyage of The Dawn Treader

2010
Prince Caspian : The Chronicles of Narnia 2 6.6
Prince Caspian : The Chronicles of Narnia 2  Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလ၀တ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဒုတိယမြောက်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ နာနီယာကို ဘုရင်နဲ့ဘုရင်မတွေဖြစ်တဲ့ ပီတာ၊အက်မွန်၊ဆူဆန်နဲ့လူစီတို့ စွန့်ခွာသွားပြီးချိန်က စပါတယ်။ မောင်နှမလေးယောက်ဟာ အင်္ဂလန်ကို ပြန်ရောက်တာ တစ်နှစ်ပဲ ရှိသေးပေမယ့် အချိန်စက်ဝန်းကွာခြားမှုအရ ...
movie

Prince Caspian : The Chronicles of Narnia 2

2008
The Chronicles of Narnia : The Lion, The Witch and The Wardrobe 2005
The Chronicles of Narnia : The Lion, The Witch and The Wardrobe 2005  Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလ၀တ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ဇာတ်လမ်းအကျဉ်းမှာတော့ ပီတာ၊အက်မွန်၊ဆူဆန် နဲ့ လူစီ ဆိုတဲ့ မောင်နှမလေးယောက်ဟာ ထူးဆန်းတဲ့ ဗီရိုကြီး တစ်လုံးဆီကနေ ဖြတ်ပြီး မှော်ကမ္ဘာကြီးထဲက နာနီယာနိုင်ငံထဲကို ရောက်သွားခဲ့ပါတယ်။ အဲဒီကမ္ဘာရဲ့ အကြီးမြတ်ဆုံး မှော်ဆရာကြီး အိုက်စလန်မရှိတဲ့အချိန်မှာ နာနီယာမှာ စုန်းမကြီးတစ်ဦးက ကြီးစိုးနေပြီဖြစ်ပါတယ်။ အဲဒီကမ္ဘာမှာ ...
movie

The Chronicles of Narnia : The Lion, The Witch and The Wardrobe 2005

Because I Love You (2017) 7.1
Because I Love You (2017) \2017 Feb ကမှ ထွက်ထားတဲ့ကားသစ်တစ်ကားကိုဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာ Moonlight drawn by clouds ကားထဲက မင်းသမီးYoo Jeong Kimရယ် မင်းသားချောTae Hyun Cha ရယ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ရယ်လဲရယ်ရသလောက် ငိုလဲငိုရတဲ့ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ လီဟွန်းက accident တစ်ခုဖြစ်ပြီးထူးဆန်းတဲ့ကိစ္စတွေနဲ့ကြုံလာရတာပါ။အချစ်ရေးအဆင်မပြေတဲ့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အဆင်ပြေမှ ပြန်ထွက်ခွင့်ရတာပါ။ဒီအကြောင်းတွေကို သိတဲ့သူဆိုလို့ "စကာလီ" တစ်ယောက်ပဲရှိပြီး သူ့ကို ကူညီပုံတွေကို ဟာသ၊ဒရာမာချိုးပြီးရိုက်ကူးထားတဲ့ကားကောင်းတစ်ကောင်းပါ။မထင်မှတ်တဲ့အလှည့်အပြောင်းတွေနဲ့ အူတက်အောင်ရယ်ရတဲ့ ဒီကားလေးက imdb 7.2ရထားတာဆိုတော့ အထွေအထူးမညွှန်းတော့ပါဘူး။ချစ်ခြင်းမေတ္တာဆိုတာကို ပီပြင်အောင်ဖော်ညွှန်းထားနိုင်လို့အားလုံးအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်ရှင်။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ မမအေးမွန်ကျော်ပဲဖြစ်ပါတယ်)File Size : 900 MB /320 MB Quality : HDRip 720P Running Time : 1hr 50minutes Format : Mp4 Genre :  Drama, Fantasy, Romance Encoder : Thanhtike Zaw
movie

Because I Love You (2017)

2017
Beauty And The Beast (2014) 6.4
Beauty And The Beast (2014) ၂ဝ၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပြင်သစ်-ဂျာမာန် အချစ်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။သား၃ယောက် သမီး၃ယောက်ရှိတဲ့ချမ်းသာကြွယ်ဝတဲ့ မုဆိုးဖိုကုန်သည်ကြီးတစ်ယောက်ဟာသူ့ရဲ့သင်္ဘောတွေပင်လယ်ထဲမှာနစ်မြုပ်ခဲ့ပြီး ကျေးရွာလေးတစ်ရွာကိုပြောင်းရွှေ့ခဲ့ရပါတယ်။ နစ်မြုပ်သွားခဲ့တဲ့သင်္ဘောတစ်စင်း ပြန်ရှာတွေ့ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးမြို့မှာရှိတဲ့ သင်္ဘောရုံးဆီ သူသွားပြီး အပြန်လမ်းမှာ လျှို့ဝှက်တဲ့ ရဲတိုက်တစ်ခုကို မမျှော်လင့်ဘဲတွေ့ရှိခဲ့ရပါတယ်။ရဲတိုက်ထဲက အဖိုးတန်ပစ္စည်းတွေကို ယူပြီး အငယ်ဆုံးသမီးလေးမှာလိုက်တဲ့နှင်းဆီပန်းလေးကို ခူးလိုက်ချိန်မှာပဲ ရဲတိုက်ကြီးရဲ့အရှင်သခင် လူ့တိရိစ္ဆာန်ဟာ အဘိုးကြီးကိုမာန်ဖီကာ သူ့ဆီပြန်လာခဲ့ဖို့ပြောကာ ပြန်လွှတ်လိုက်ပါတယ်။ အငယ်ဆုံးသမီးလေးက အဖေဖြစ်သူကိုယ်စား အဲဒီရဲတိုက်ကြီးဆီပြန်သွားခဲ့ပြီးတိရိစ္ဆာန်ကြီးနဲ့ မိန်းကလေးတို့ဘာတွေဖြစ်လာမှာလဲ၊ဒီတိရိစ္ဆာန်ကြီးရဲ့ နောက်ကြောင်းဇာတ်လမ်းက ဘယ်လိုတွေဖြစ်ခဲ့တာလဲဆိုတာဒီ Beauty and the Beast ဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Quality…..BluRay 720p Duration…..01:53:00 Format…Mp4 File Size…(811 MB ) Encoder…..Moe Myint Lwin Translator….Htet Htet Tin Zar
movie

Beauty And The Beast (2014)

2014