Channel Myanmar
History
Hotel Rwanda (2004) 8.1
Hotel Rwanda (2004) Hotel Rwanda (2004) IMDb - 8.1/10______Rotten - 91%ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းကရဝမ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ စက်ဆုပ်ရွ့ံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီးအသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်းနည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုုပ်စဉ်က Rwanda နိုင်ငံသားတွေကိုလူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။အဲဒီကတည်းကအခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါမုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက်အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်…1990 လို ...
movie
Hotel Rwanda (2004)
2004
Memories of the Sword (2015) 6.3
movie
2015
Kainan 1890 (2015)
Kainan 1890 (2015) ကဲဒီတခါတာ့ IMDb rating 7.6  ရရှိထားတဲ့ ဂျပန် - တူရကီ သမိုင်း ဖြစ်ရပ်မှန် ဇာတ်ကားလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားလေးကတော့ တူရကီ - ဂျပန် ၂နိုင်ငံ ဆက်ဆံရေးရဲ့ ရင်းနှီးကျွမ်းဝင်မှူ သမိုင်းမှတ်ကျောက်ဆိုလဲ မမှားပါဘူးဗျအာတတ်ရူ ဆိုတာ 1863 မှာ စတင်ခဲ့တဲ့ အော့တိုမန်ရေတပ်ရဲ့ ပင်လယ်ကုန်သွယ်ရေး အစောင့်အရှောက်သင်္ဘောပါ တနေ့မှာ တိုင်ဖွန်းမုန်တိုင်းမိပြီး ဂျပန် ၀ာကာရာမ ကျွန်းကို သွားရောက်သောင်တင်ပါတော့တယ် ဒီ မတော်တဆ ဖြစ်ရပ်ကြောင့် သင်္ဘောသား 533ယောက်အပါအ၀င် ကပ္ပတိန် အလီအိုစမန်ပါရှာ ပါပျောက်ဆုံးသွားခဲ့ပါတယ် သင်္ဘောသား ၆၉ ယောက်နဲ့ ရေကြောင်းအရာရှိတယောက်သာ ပြန်လည် လွတ်မြောက်ရှင်သန်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ အစောင့်အရှောက်နဲ့ သူ့နိုင်ငံပြန်နိုင်ခဲ့ပါတယ် ဒီလိုနဲ့ ဘယ်လို မတော်တဆမှူကတဆင့် ဘာပြသနာတွေတက်ခဲ့လဲ သင်္ဘောသား 533 ယောက်ကကောဘယ်လိုအန္တရာယ်တွေနဲ့ကြုံတွေ့သွားရတာလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် စောင့်ကြည့်လိုက်ပါတော့Download On Pcloud L - FileDownload On Pcloud S-File
Kainan 1890 (2015)
Risen (2016) မြန်မာစာတန်းထိုး 6.3
Risen (2016) မြန်မာစာတန်းထိုး   ကဲ ဒီညအတွက်ကတော့ ရောမခေတ် AD 33 လောက်ကို အခြေခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါ့ရစေ ဇကားလေး ကတော့ အေဒီ ၃၃ မှာ Bible လာ ဗျာဒိတ်တစ်ခုကြောင့် ဖြစ်လာတဲ့ ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုတဲ့ ကောလဟာလတစ်ခုကို အဖြေရှာဖို့ ရောမ စစ်သူကြီးနဲ့ သူ့တပည့်တို့ဟာ ပြန်လည်ရှင်သန်ထမြောက်လာမဲ့ ခန္ဓာကိုယ် အပိုင်းအစ တစ်ခုကို ပြန်လည်ရှာဖွေဖို့ လိုက်လံစုံစမ်းကြရာမှ တကယ်ပဲ တွေ့ရှိပြီး အဖြစ်မှန်ကို ဖော်ထုပ်နိုင်မလား ဗျာဒိတ်တောင်ကကော မှန်ကန်မှုရှိနေသလားကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့ဗျာ (စကားကျွင်း - ကျတော်လဲ ဇာတ်ကားကိုကြည့်ပြီး သိပ်နားမလည်တာကြောင့် နားလည်သလိုရေးထားတာမို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ)Download VIP Link   Download Large FileSize On Pcloud   Download Small File Size On Pcloud  
movie
Risen (2016) မြန်မာစာတန်းထိုး
2016
Everybody Wants Some!! (2016) 7.2
Everybody Wants Some!! (2016) ဒီဇတ်ကားဟာ အမေရိကန် ဘေ့စ်ဘော အသင်းကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ၁၉၈၀ ခုနှစ်လောက်က အ၀တ်အစားတွေ ဟန်ပန်တွေ အသုံးအနှုန်းတွေ ကို ပြန်လည်တွေ့မြင်ရမှာပါ ထိုခေတ်က ကောင်လေး ကောင်မလေးတွေ ပုံစံ နဲ့ သီချင်းတွေကလဲ အလန်းတွေပါ မတူညီတဲ့ သူတွေကို လေ့ကျင့်ပေးဖို့ အတွက် အိမ်တစ်လုံးမှာ စုစည်းပေးထားပြီး ဘေ့စ်ဘော ပွဲအတွက် ပြင်ဆင်ပေးနေပေမယ့် တစ်ဦးနဲ့ တစ်ဦး အကျင့်စရိုက်တွေ မတူညီကြပုံ ပြသနာ ရှာကြပုံတွေက ရယ်လဲရယ်ရသလို အသင်းအဖွဲ့စိတ်ဓါတ်လေးတွေ ကိုလဲ တွေ့ရမှာBox office: 3.9 million USD ရရှိခဲ့ပြီးDirector: Richard Linklater ရိုက်ကူးတင်ဆက်ထားပါတယ်CM မှာ အားကစား ရုပ်ရှင်တွေ အများကြီး ရှိတဲ့အထဲ ကြည့်သင့်တယ်လို့ မှတ်ချက်ပေးချင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ(သစ်ဆန်းခန့်)(850MB)Small File (500MB)
movie
Everybody Wants Some!! (2016)
2016
The Last King (2016) 6.1
The Last King (2016) The Last King (2016)IMDb - 6.1/10_____Rotten - 89%     ဒီဇာတ်ကားကတော့ IMDB - 6.1/10 ရရှိထားတဲ့ Norwegian Action/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၂၀၆ ခုနှစ်-နော်ဝေနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေမှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နော်ဝေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နော်ဝေကို အုပ်ချုပ်လျက်ရှိတဲ့ ဘုရင်ဟက်ကွန်ဆဘာရ်ဆန်ဟာ လုပ်ကြံခံလိုက်ရပါတယ်။ လုပ်ကြံသူတွေက...ဘုရင်မှာ မိဖုရားမရှိလေတော့ အရိုက်အရာဆက်ခံမယ့်သူ မရှိဘူးဆိုတဲ့အထင်နဲ့ မင်းဆက်ပြောင်းလဲစေဖို့ လုပ်ကြံခဲ့ကြတာပါ။ ဒါပေမယ့်... ဘုရင်မှာ မိန်းမပျိုတစ်ဦးနဲ့ လျှို့ဝှက်စွာ ရထားတဲ့ ဟက်ကွန်ဟက်ကွန်ဆန် ဆိုတဲ့ ကလေးတစ်ယောက် ကို သူ့ရဲ့ လူယုံတွေနဲ့ စောင့်ရှောက်ထားတယ်ဆိုတာသိသွားကြတဲ့နောက်မှာတော့ The Last King ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ.....ဇာတ်ကားလေးထဲမှာသာဆက်လက် ကြည့်ရှုကြပါ။   (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung      File Size - 710 MB Quality - Blu Ray Rip 720p File Format - mp4 Duration - 01:39:00 Translator ...
movie
The Last King (2016)
2016
We Were Soldiers (2002) 7.2
movie
We Were Soldiers (2002)
2002
Apollo 13 (1995) 7.6
Apollo 13 (1995) ဒီနေ့တော့ CM Member တွေအတွက် ရှားပါးပြီး ကောင်းလှတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေး လိုက်ပါတယ် Apollo 13 ဇာတ်ကားဟာ 1995 ခုနှစ်မှာထွက်ရှိခဲ့ပြီး ရိုက်ကူးတဲ့ဒါရိုက်တာကတော့ Ron Howard ပဲဖြစ်ပါတယ်..IMDb Rate ကလည်း 7.6 ရထားတဲ့အတွက်ဇာတ်ကားကောင်းတစ်ကား ဆိုတာငြင်းချက်ထုတ်နေစရာမလိုပါဘူး..ဒီဇာတ်ကားမှာပါဝင်တဲ့မင်းသားကလည်း ကျွန်တော်တို့ ရုပ်ရှင်ပရိတ်သတ်တွေရဲ့အသည်းစွဲ..ပြီးတော့ သူပါဝင်တဲ့ဇာတ်ကားတိုင်းအမြဲတမ်းအောင်မြင်ခဲ့တယ် လို့အသိအမှတ်ပြုရမယ့် မင်းသားကြီး Tom Hanks ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်..လကမ္ဘာခရီးသွားရောက်ရေးအတွက်စူးစမ်း လေ့လာရေးပြုတဲ့ အာကာသယဉ်ဟာ လကမ္ဘာပေါ်မှာ ချို့ယွင်းချက်တစ်ခုဖြစ်သွားပြီး ကမ္ဘာကိုလုံခြုံစွာ ပြန်ရောက်နိုင်ရေးအတွက် NASA က ဘယ်လိုကြိုးပမ်းမလဲ..အစရှိတဲ့အချက်တွေကို ရိုက်ကူးသွားပြီး မင်းသား Tom Hanks ရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဆက်လက်ခံစားလိုက်ရအောင် ဒီခေတ်မှာဒီလိုဇာတ်ကားမျိုးကို ကွာလတီကောင်းကောင်း စာတန်းထိုးမှန်မှန်နဲ့ပြန်ကြည့်ရဖို့ဆိုတာ သိပ်မလွယ်တော့ပါဘူး..Filesize : 650 MB Quality :Bluray-720p Format : mp4 Source : Yify Run Time : 140 minutes Subtitle : Myanmar Subtitle ( Hardsub ) Encoded By LK
movie
Apollo 13 (1995)
Gone With The Wind (1939) 8.1
Gone With The Wind (1939) ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား " လေရူးသုန်သုန် " ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့ ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီးအေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းနောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး ၈ဆု ရခဲ့တဲ့ဇာတ်ကားဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ 94% နဲ့ imdb မှာ 8.2ရထားတဲ့ကားမသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ ထိပ်ဆုံး list ကနေပါတဲ့ကားစပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကားဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က ၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက် အရွဲ့တိုက်ချင်တဲ့စိတ် ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ...
movie
Gone With The Wind (1939)
The Attacks Of 26/11 (2013) 6.9
The Attacks Of 26/11 (2013) The Attacks Of 26/11 (2013)_____IMDb - 6.9/10    The Attacks of 26/11 ဒီဇာတ်ကားလေးကတော့ IMDb rating 6.9 ရရှိထားပြီး 2008 ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခတ်မှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံသားတွေအနေနဲ့ 9/11 လိုမျိုး 26/11 လို့ခေါ်ဝေါ်ကြပြီးတော့ ယနေ့ထက်တိုင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်ကြဆဲပါ။ အကြမ်းဖက်အဖွဲ့က ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ဖြစ်ပြီးတော့ အဖွဲ့ဝင်(၁၀)ဦးနဲ့ အိန္ဒိယအထင်ကရ(၁၂)နေရာကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ(၁၆၄)ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ဒီဇာတ်ကားက အဲဒီဖြစ်ရပ်မှန်ကို Documentary Film အဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ ဘာသာရေး အသုံးချမှုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာတွေ့ရမှာပါ သင်ခန်းစာတွေ တွေးတောဆင်ခြင်စရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လုံးဝကို လက်လွတ်မခံသင့်ပါကြောင်းလို့ ပြောပါရစေ။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung    File Size   ...
movie
The Attacks Of 26/11 (2013)
2013
Enemy At The Gates (2001) 7.6
Enemy At The Gates (2001) UnicodeIMDb rateing 7.6 ရှိတဲ့ Enemy at the Gates မှာ D-Day မတိုင်ခင် ဂျာမန်တို့လက်သံပြောင်ခဲ့တာကိုကြည့်ချင်တဲ့ သူတချို့အတွက်တော့ အထိုက်အလျောက် ကျေနပ်မှာပါ ဆိုဗီယက်တို့ရဲ့စတာလင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့) ကို ဂျာမနီဝင်တိုက်သောအခါဝယ်.....မျှော်လင့်ချက်ကုန်ဆုံးနေတဲ့  ဆိုဗီယက်တို့အတွက် သူရဲကောင်းတယောက် ပေါ်လာခဲ့တဲ့ သူက ဗာစီလီဇိုင်းဆက်ဗ်လို့ခေါ်တဲ့ရူရယ်တောင်တန်းဘက်က လာတဲ့လက်ဖြောင့်တပ်သားတယောက် ... စိန့်ပီတာစဘတ်မြို့ကျသွားရင် ဆိုဗီယက် တနိုင်ငံလုံး ပြိုကွဲမယ့်အခြေအနေမှာ သူက ဆိုဗီယက်တွေတိုက်ချင်ခိုက်ချင်စိတ်ပေါ်လာအောင်နှိုးဆွခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်သလို ဂျာမန်တွေအတွက်တော့အိပ်မက်ဆိုးဖြစ်ခဲ့တယ်ဂျာမန်ဘက်ကလဲ သူ့ကို နှိမ်နင်းဖို့အတွက် ဗိုလ်မှူးကိုနင် ဆိုတဲ့ ဝါရင့်လက်ဖြောင့်သမားတယောက်စေလွှတ်လိုက်တဲ့အခါမှာ ပညာ သမ္ဘာအတွေ့အကြုံ သာလှတဲ့ ဗိုလ်မှူးကိုနင်ရဲ့အောက်မှာ ရုရှားကောင်လေးဘယ်လောက်တောင် စိတ်ဒုက္ခရောက်မလဲ သူ့မိတ်ဆွေတွေရောဘယ်လောက်တောင်ဆုံးရှုံးရမယ်လဲ ဆိုတာ...... ကိုတော့ ဆက်လက်အားပေးခံစားကြပါအုံး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ကို မြန်မာကြီး ခေါ် ကို အောင်အောင်ဦးပါ)ZawgyiIMDb rateing 7.6 ရှိတဲ့ Enemy at the Gates မှာ D-Day မတိုင်ခင် ဂျာမန်တို့လက်သံပြောင်ခဲ့တာကိုကြည့်ချင်တဲ့ သူတချို့အတွက်တော့ အထိုက်အလျောက် ကျေနပ်မှာပါ ဆိုဗီယက်တို့ရဲ့စတာလင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့) ကို ဂျာမနီဝင်တိုက်သောအခါဝယ်.....မျှော်လင့်ချက်ကုန်ဆုံးနေတဲ့  ဆိုဗီယက်တို့အတွက် သူရဲကောင်းတယောက် ပေါ်လာခဲ့တဲ့ သူက ဗာစီလီဇိုင်းဆက်ဗ်လို့ခေါ်တဲ့ရူရယ်တောင်တန်းဘက်က လာတဲ့လက်ဖြောင့်တပ်သားတယောက် ... စိန့်ပီတာစဘတ်မြို့ကျသွားရင် ဆိုဗီယက် တနိုင်ငံလုံး ပြိုကွဲမယ့်အခြေအနေမှာ သူက ဆိုဗီယက်တွေတိုက်ချင်ခိုက်ချင်စိတ်ပေါ်လာအောင်နှိုးဆွခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်သလို ဂျာမန်တွေအတွက်တော့အိပ်မက်ဆိုးဖြစ်ခဲ့တယ်ဂျာမန်ဘက်ကလဲ ...
movie
Enemy At The Gates (2001)
The Lady (2011) 7.1
The Lady (2011) The Lady (2011) ********************************(သံမဏိလိပ်ပြာ)IMDB (7.1)Google users 81% ဇာတ်လမ်းအကျဉ်း ——————– ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာပဲ အခြေကျပြီးတော့ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့…..မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအတွက် သူမရဲ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှပ်နှံထားပုံတွေကို သမိုင်းပေါ်အခြေခံလို့ ကြည့်ရှုရမယ့် Biographical Film ဖြစ်ပါတယ်။Review CrdFile Size : (GB) and (1.3 GB) Quality : Blu-Ray 1080p Format…mp4 Duration… 2h 12min Genre : Biography, Drama, History Subtitle : Myanmar ...
movie
The Lady (2011)
2011
Days Of Glory (2006)
Days Of Glory (2006) ဒီဇာတ်ကား ကို အညွှန်းရေးဖို့ စဉ်းစားတော့ နည်းနည်း လေး သတိထား ရတယ်ဗျ။ ဇာတ်လမ်းက အပြောမတတ်ရင် ဆဲ ခံရတယ် ဆိုတာမျိုး မညွှန်းတတ်ရင် ထိလွယ်ရှလွယ် ဖြစ်တတ်လို့ပါ။ ဇာတ်ကားက ကောင်းလွန်းလို့ ဖြစ်ရတာပါ လို့ပဲ ပြောပါရစေဒုတိယကမ္ဘာစစ်မှာ ဂျာမဏီတို့ အင်အားကြီးစိုးစဉ်အကြောင်း နောက်ခံထားပြီးရိုက်ကူးထားပါတယ် ပြင်သစ် နိုင်ငံ နာဇီတွေ လက်အောက် ရောက်နေချိန် က ဇာတ်အိမ် တည်ထားတဲ့ အချိန်ပါ။ ဒါကို ပြင်သစ်တွေက ပြန် တော်လှန်ဖို့အတွက် စစ်အင်အားစုဆောင်းရာမှာ အာဖရိကန် လူမျိုး လေးဦးကလည်း ပြင်သစ် တပ်မတော် ထဲ ဝင်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပြင်သစ် တပ်တွင်း လူမျိုးရေး(ဘာသာရေး) ခွဲခြားမှုတွေကို ပါ တွန်းလှန်ဖို့ ကြုံခဲ့ရပါတယ်။ဒီ ဇာတ်ကားမှာ အရင်ခေတ် နိုင်ငံတွေရဲ့ စစ်တပ်တွင်းအခြေအနေ နဲ့ ပြင်သစ်နိုင်ငံရဲ့ လူမည်းတွေအပေါ် ...
movie
Days Of Glory (2006)
World Trade Center (2006) 5.9
World Trade Center (2006) World Trade Center (2006)IMDb - 5.9/10_____Rotten - 67%   World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့ အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန် သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်..ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်.. လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်. အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေ ကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ် ဒီတိုက်ခိုက်မှုနဲ့ ဒီတာဝါ ပြိုကျပျက်ဆီးမှုကို ဖြစ်ရပ်မှန်ပေါ်မှာ သရုပ်ဖေါ်ထားတဲ့ World Trade Center ရုပ်ရှင်ကိုတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Oliver Stone ရိုက်ကူးထားပါတယ် အားလုံးနဲ့အကျွမ်းဝင်ပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ကတော့ ...
movie
World Trade Center (2006)
2006
The Flowers of War (2011) 7.6
The Flowers of War (2011) The Flowers of War (2011) IMDb - 7.6/10_____Rotten - 41%    1930 ပတ်ဝန်းကျင်လောက်က နန်ကင်းမြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်_ဂျပန်စစ်ပွဲအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Drama ဆန်ဆန် စစ်ကားပါ... Batman မင်းသား Christian Bale ပါဝင်ထားပြီး လူကြိုက်များခဲ့တဲ့ဇာတ်ကားတစ်ကားပါ... စစ်ရဲ့သားကောင်တွေဖြစ်ကြတော့မယ့် ကျောင်းသူတစ်စု ၊ ငွေလိုချင်လို့လာခဲ့ပေမယ့် ငွေထက်အရေးကြီးတာတွေကို သိမြင်သွားတဲ့ အနောက်တိုင်းသား သုဘရာဇာတစ်ဦး ၊ အလုပ်ကနိမ့်ကျပေမယ့် ပင်ကိုယ်စိတ်ထားမနိမ့်ကျတဲ့ အပျော်မယ်တစ်စု စတဲ့ဇာတ်ကောင်တွေနဲ့ အနုပညာရသတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ....    1930 ပတ်ဝန်းကျင်လောက်က နန်ကင်းမြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်_ဂျပန်စစ်ပွဲအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Drama ဆန်ဆန် စစ်ကားပါ... Batman မင်းသား Christian Bale ပါဝင်ထားပြီး လူကြိုက်များခဲ့တဲ့ဇာတ်ကားတစ်ကားပါ... စစ်ရဲ့သားကောင်တွေဖြစ်ကြတော့မယ့် ကျောင်းသူတစ်စု ၊ ငွေလိုချင်လို့လာခဲ့ပေမယ့် ငွေထက်အရေးကြီးတာတွေကို သိမြင်သွားတဲ့ အနောက်တိုင်းသား သုဘရာဇာတစ်ဦး ၊ အလုပ်ကနိမ့်ကျပေမယ့် ပင်ကိုယ်စိတ်ထားမနိမ့်ကျတဲ့ အပျော်မယ်တစ်စု စတဲ့ဇာတ်ကောင်တွေနဲ့ အနုပညာရသတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ....    File size...669 MB Quality....Flash Format...mkv Duration....02:25:59 Genre...Drama, History, ...
movie
The Flowers of War (2011)
2011