Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
History
9.3
Harkara (2023)
Harkara (2023)IMDb-9.7/10ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ်အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့....လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ် File size…2.24GB / 1.03GB Quality…1080p WEB DL /720p Format…mp4 Duration…2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alex ~ KKKZ ~ YH
movie
Harkara (2023)
2023
6.0
The Lady of Heaven (2021)
မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီးအဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်းသီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာအမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာစစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်းပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Lady of Heaven (2021)
7.3
The Way Back (2010)
ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie
The Way Back (2010)
6.9
The Duchess (2008)
Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချောKeira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooperတို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့အထိကောင်းလွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်Georgiana ...
movie
The Duchess (2008)
6.1
Golda (2023)
Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie
Golda (2023)
2023
6.8
Jeanne du Barry (2023)
ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့....... File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Jeanne du Barry (2023)
6.6
El Conde (2023)
El Conde (2023)~ IMDb - 6.6/10, Rotten Tomatoes - 83% ~ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ ...
movie
El Conde (2023)
2023
6.8
Buya Hamka Vol. 1 (2023)
Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
Buya Hamka Vol. 1 (2023)
2023
6.9
Melchior the Apothecary: The Executioner’s Daughter (2022)
Historical film တွေကို ကြိုက်တတ်တဲ့သူတွေအတွက် Melchior trilogy ထဲက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Melchior the Apothecary: The Executioner's Daughter နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အက်စတိုနီယာနိုင်ငံ တာလင်းမြို့က ဆေးဆရာတစ်ယောက်က ရှုပ်ထွေးဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို လိုက်လံဖြေရှင်းတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မယ်လ်ခီအောရဲ့ဇနီးဖြစ်သူ ကက်သလင်းဟာ တောစပ်မှာလူတစ်ယောက် ဓားပြတိုက်ခံရတာကို မြင်တွေ့ခဲ့တဲ့အတွက် အာဏာပိုင်တွေကိုအကြောင်းကြားပြီး တိုက်ခိုက်ခံရသူလူငယ်ကို သွားရောက်ကယ်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီလူငယ်က တိုက်ခိုက်ခံရမှုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပြီး သူဘယ်သူဆိုတာနဲ့ တာလင်းကိုဘယ်လိုရောက်လာလဲဆိုတာကို မမှတ်မိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ တာလင်းမြို့ရဲ့ညဘက်တွေမှာ ထူးခြားတာတွေဖြစ်လာတာကို မယ်လ်ခီအောက သတိထားမိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တာလင်းမြို့ကဆေးဆရာတစ်ယောက်ဟာ စုန်းတွေနဲ့ဆက်သွယ်ပြီး ဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို ဖြေရှင်းနေတယ်ဆိုတဲ့တိုင်ကြားချက်ကြောင့် ပုပ်ရဟန်းကြီးရဲ့သံတမန်အဖြစ် စုန်း၊ ဒိဋ္ဌိတွေကိုနှိမ်နင်းသူ ဘုန်းတော်ကြီးဖရက်ဒရစ်ခ်ဟာ တာလင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။အမှုက ရိုးရှင်းတယ်ထင်ရပေမဲ့ ထင်တာထက်ရှုပ်ထွေးနေခဲ့ပြီး လူတွေဆက်တိုက်သေဆုံးလာတဲ့အခါမှာတော့ မယ်လ်ခီအောအနေနဲ့ ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB ...
movie
Melchior the Apothecary: The Executioner’s Daughter (2022)
5.4
Apaches (2023)
Apaches (2023)"Apache" ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံးယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ...
movie
Apaches (2023)
2023
5.9
Father & Soldier (2022)
Father & Soldier (2022)~ IMDb - 5.9/10, Rotten Tomatoes - 86% ~ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် "Tirailleurs" လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ရုပ်ရှင်အကျဉ်းကတော့...ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ...
movie
Father & Soldier (2022)
2022
6.5
The New Boy (2023)
The New Boy (2023) =============== IMDb Rating - 6.5/10ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ် ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပ တွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thornton ဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုး တွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့ စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာ မိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်က စောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီ တာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင် လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦး စီးနေခဲ့တာပါ။ တစ်နေ့မှာတော့ ...
movie
The New Boy (2023)
2023
7.1
Shakespeare in Love (1998)
“Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် ...
movie
Shakespeare in Love (1998)
6.2
You Will Not Have My Hate / Vous Naurez Pas Ma Haine (2022)
အန်တိုနီလယ်ရီမှာ မိန်းမနှင့် သားတစ်ယောက်ရှိပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရသူပါ။ တစ်နေ့မှာတော့ သူ့မိန်းမဟာ သူငယ်ချင်းဖြစ်သူနဲ့ ကာတာကလန်ကွင်းမှာ ကျင်းပတဲ့ရှိုးပွဲတစ်ခုကို သွားရောက်ခဲ့တဲ့အခါမှာ အဆိုပါရှိုးပွဲကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းပြီး အစုလိုက်အပြုံလိုက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့နေရာမှာ သေဆုံးသွားခဲ့ပါတော့တယ်။ သူ့ချစ်ရတဲ့ဇနီးသည်သေဆုံးသွားမှန်းသိရတဲ့အခါမှာ အန်တိုနီတို့ သားအဖနှစ်ယောက် ဇနီးသည်ရဲ့သေဆုံးမှုကို လက်ခံနိုင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.3 GB)/(743 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie
You Will Not Have My Hate / Vous Naurez Pas Ma Haine (2022)
5.0
Khun Pun (2016)
Khun Pan 1 (2016)၁၉၃၉ ခုနှစ် မှာ ထိုင်းနိုင်ငံ ချွန်ဖွန်ဆိုတဲ့နယ်က ဓါးပြတွေ ကြီးဆိုးတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ် ဓါးပြတွေကို နှိမ်နင်းဖို ခွန်ဖန်ဆိုတဲ့ ရဲမှူးချုပ် တာဝန်ပေးအပ်ခံရပါတယ်ဓါးပြနယ်မြေဖြစ်တဲ့အတွက် ရဲအဖြစ် ထင်ထင်ပေါ်ပေါ်သွားလိုမရတဲ့အတွက် အဲ့ဒီနယ်မြေမှာ သာမန်လူလို လတော်တော်ကြာကြာ သူလျိုအဖြစ်နဲ့နေထိုင်ရပါတယ်ဒါပေမဲ့ ခွန်ဖန် ရင်ဆိုင်ရမယ့်လူက မှော်အစွမ်းတတ်တဲ့ ဓါးပြခေါင်းဆောင် အာဟာဝီယူရူပါအာဟာဝီယရူဆိုတဲ့သူက ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်လာတဲ့ဓါးပြဖြစ်တဲ့အတွက် အငြိုးကြီးသလို ရက်လည်း ရက်စက်ပါတယ်အထူးသဖြင့်ရဲတွေကိုပေါ့ အမေဖြစ်သူကလည်း သူ့ရှေ့မှာ သေနတ်ပစ်ခံရပြီး ဆုံးခဲ့တာကြောင့် သူ့ရင်ထဲက အငြိုးမီးတွေကို ပိုပြီးတော့ လောင်မြိုက်နေစေပါတယ်ဆိုတော့ ခွန်ဖန်တစ်ယောက် အာဟာဝီယရူကို ဘယ်လို နည်းလမ်းနဲ့ နှိမ်နင်းသွားမှာလဲမှော်အစွမ်းတွေနဲ့ဖိုက်တင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် တဝကြီး ကြည့်ရမှာမို စောင့်ကြည့်လိုက်တော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။Genre.....Action, History, Thriller Quality…. 1080p | 720p File size…1.8GB | 991MB Format… mp4 Duration….1h 45min Subtitle…. ...
movie
Khun Pun (2016)
2016
7
The Three Musketeers: D’Artagnan (2023)
The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie
The Three Musketeers: D’Artagnan (2023)
2023
4K HEVC
7.5
To End All War: Oppenheimer & the Atomic Bomb (2023)
IMDb -7.5, RT - 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။Christopher ...
movie
To End All War: Oppenheimer & the Atomic Bomb (2023)
Jagun Jagun: The Warrior (2023)
နိုင်ဂျီးရီးယားရုပ်ရှင်ဇတ်လမ်းကောင်းလေးပါ။အရင်ကနိုင်ဂျီးရီးယားရုပ်ရှင်ကားတွေမကြည့်ဖူးသူတွေအတွက်တော့ အတွေ့အကြုံအသစ်တခုပေးနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မန္တာန်စွမ်းအားတွေပိုင်ဆိုင်တဲ့စစ်ဘုရင်ကြီးတစ်ယောက်က သူရဲကောင်းသင်တန်းကျောင်းတစ်ခုကိုတည်ထောင်တားပါတယ်။သူဟာတစ်ဖက်မှာလည်းလေးစားစရာကောင်းတဲ့စွမ်းအားမန္တာန်တွေပိုင်ဆိုင်ထားပေမယ့် သူဟာသူ့ကိုထောက်ပံ့တဲ့သူတွေအတွက် စစ်တိုက်ပေးပြီးဘုရင်နေရာကိုနန်းလုပေးသူပါ။အဓိကဇာတ်ဆောင်ကတော့ ငယ်ငယ်လေးတုန်းက သူတို့ရွာကိုဓားပြတွေကဝင်သတ်ဖြတ်သွားလို့ ကြီးလာတော့ တိုက်ခိုက်ရေးပညာသင်ဖို့ရည်မှန်းချက်ချခဲ့သူပါ။ သူတို့မျိုးနွယ်ဟာသစ်တောသစ်ပင်တွေကို စကားပြောနိုင်စွမ်း၊ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။သူက စစ်ဘုရင်ကြီးရဲ့သင်တန်းကျောင်းကိုလာခဲ့ပြီးတော့ စစ်ဘုရင်ကြီးရဲ့သမီးနဲ့ချစ်ကြိုက်ခဲ့ပါတယ်၊ယ။တစ်ဖက်မှာလည်းအကြောင်းတစ်ခုကြောင့်ဘုရင်ကြီးရဲ့မုန်းတီးမှုကိုခံခဲ့ရပါတယ်။ဘာဆက်ဖြစ်မလဲဆိုတာတော့ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Aung Kyaw Maw
movie
Jagun Jagun: The Warrior (2023)
7.1
Filip (2023)
စစ်ကားတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် Filip ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ နာဇီတွေနဲ့ဂျူးတွေစစ်ပွဲဖြစ်နေခဲ့တဲ့ 1943 ခုနှစ်လောက်ကအကြောင်းကိုရိုက်ကူးထားပြီးတော့ လီယိုပေါ့တိုင်မန်းရဲ့ကိုယ်ရေးအထ္ထုပ္ပတ္တိဝထ္တုFILIP ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဖီးလစ်ဆိုတဲ့စစ်ဖြစ်နေတဲ့ ပိုလန်ကနေထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်က တခြားလူတွေမသိအောင်ဂျာမန်မှာ ပြင်သစ်နိုင်ငံသားတစ်ယောက်အနေနဲ့နေထိုင်ပြီး တော့ပါ့ခ်ဆိုတဲ့ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ဂျာမန်လူမျိုးတွေကတိုင်းတစ်ပါးသား လူမျိုးတွေနဲ့မပတ်သတ်ရဘူးကာမမဆက်ဆံရဘူးဆိုတဲ့ဥပဒေတစ်ခုရှိပါတယ်။ဖီးလစ်ကဂျာမန်မှာ အလုပ်လုပ်နေရပေမဲ့ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တွေကိုမုန်းနေပြီးတော့ အဲ့ဒီဥပဒေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဂျာမန်သူလေးတစ်ယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာ အတူတူထွက်ပြေးဖို့ကြိုးစားကြပါတော့တယ်။အဲ့လိုထွက်ပြေးဖို့ကြိုးစားနေတဲ့ အချိန်မှာပဲဖီးလစ်ရဲ့ဘဝမှာကြီးမားတဲ့အလှည့်အပြောင်းတွေကြုံတွေ့လာရမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.71GB / 704MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 5m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Filip (2023)
5.4
Bel Ami (2012)
Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်တလောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie
Bel Ami (2012)
2012
1
2
3
Last
Next