Channel Myanmar
Horror
Mourning Grave (2014) 6.1
Mourning Grave (2014) Moon lover ထဲက နံပါတ် ၈ မင်းသားလေး Kang Ha Neul ရဲ့ သူရဲကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်အင်ဆိုး ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းက တစ္ဆေသူရဲတွေကို မြင်နိုင်တဲ့သူပါ။ သူက သတ္တိမရှိကြောက်တတ်တဲ့သူငယ်လေး ဆိုတော့ အမြဲကြောက်ရွံထိတ်လန့်နေရတဲ့သူတစ်ယောက်ပါ။ တစ္ဆေသူရဲတွေကတော့ သူတို့ မကျွတ်မလွတ်တာကို အကူအညီတောင်းဖို့လာကြပေမယ့် သူကကြောက်တတ်တော့ မမြင်ချင်ယောင်ဆောင်တတ်ပါတယ် ။ တစ်နေ့မှာတော့ သူမြို့မှာ တစ်ယောက်တည်း အထီးကျန်တဲ့အတွက် ငယ်ငယ်က သူနေခဲ့ဖူးတဲ့မြို့ကလေးမှာ ဦးလေးဖြစ်တဲ့သူနဲ့အတူ နေထိုင်ရအောင် ပြန်လာခဲ့ရင်း သူရဲမချောချောလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ဒီသူရဲမလေးကတော့ သူခါတိုင်းမြင်နေကျ သူရဲတွေနဲ့ မတူဘဲသူ့ကို ခင်ခင်မင်မင် မိတ်ဖွဲ့လာလို့ မမြင်ချင်ယောင်ဆောင်ရင်းကနေပဲ ခင်မင်သွားခဲ့ပါတယ်။ ဒီလို သူတို့ကျောင်းလေးမှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြပါတယ်။ ကျောင်းထဲမှာ   သွေးအလိမ်းလိမ်းနဲ့ ဆေးဟီးဆိုတဲ့ သူရဲတစ်ယောက်ရယ် CM ကမိုးမြင့်လွင်လို ဆံပင်အလွာလိုက်မျက်နှာဖုံးနေတဲ့ သူရဲမတစ်ကောင်ရယ်လည်း ရှိပါသေးတယ်။ “ ဆေးဟီး” ကတော့ ...
movie
Mourning Grave (2014)
2014
King Kong (1976) 5.8
King Kong (1976) တိရိစ္ဆာန်တစ်ကောင်မှာလည်း အသည်းနဲ့ဆိုရင်ယုံပါသလား... သံယောဇဉ်တကယ်ဖြစ်လာပြီဆိုရင် ဘယ်အရာကိုမဆိုရင်ဆိုင်လာတတ်ကြပါတယ်... အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ငိုတတ်တဲ့သူတွေအဖို့ မျက်ရည်ကျလောက်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားတဲ့ ကင်းကောင်ဇာတ်လမ်းဖြစ်ပါတယ်။ ရေနံစီးပွားရေးကုမ္ပဏီတစ်ခုမှ မြူကမ်းပါးများဖြင့် ထာဝရ ပိတ်ဖုံးနေသည့် ကျွန်းတစ်ကျွန်းအား သတိပြုမိကာ ၎င်းကျွန်းမှ ထွက်ရှိသည့် ရေနံများအား သွားရောက်ယူဆောင်ကြခြင်းဖြစ်ပါတယ်။ ၎င်းနောက်မှ ထိုကျွန်းပေါ်တွင် လူရိုင်းမျိုးနွယ်စုများနေထိုင်သည်ကို တွေ့ရှိရပြီး ၎င်းလူရိုင်းအဖွဲ့မှ သင်္ဘောပေါ်ရှိ အမျိုးသမီးငယ်အား ဖမ်းဆီးခေါ်ဆောင်ကာ ၎င်းတို့ကိုးကွယ်သည့် ကင်းကောင်ကြီးနှင့် လက်ဆက်ပေးခဲ့ပါတယ်။ ထိုမိန်းကလေးအပေါ်ကို ကင်းကောင်ကြီးဟာ သံယောဇဉ်တွယ်မိသွားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း သတ္တ၀ါတစ်ကောင်နဲ့အတူနေရတဲ့ မိန်းကလေးဟာကြောက်လည်းကြောက် လန့်ကလည်းလန့်နဲ့မနေပျော်ခဲ့ပါဘူး... သင်္ဘောပေါ်မှာ အမှုထမ်းများ ၎င်းအမျိုးသမီးငယ်အား ကင်းကောင်ကြီးလက်မှ ပြန်လည်ကယ်တင်ပေးခဲ့ပြီး ကင်းကောင်ကြီးအားဖမ်ဆီးပြီး မြို့ခေါ်ဆောင်လာကာ ကင်းကောင်နှင့် မြို့တွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်။ ၎င်းပွဲနေ့တွင် သူချစ်ရတဲ့မိန်းကလေးကို လူများကထိခိုက်အောင်လုပ်နေသည်ကိုမြင်သောအခါ ကင်းကောင်ကြီးမှ အချုပ်အနှောင်များအား ရုန်းထွက်ခဲ့ကာ မြို့ပေါ်တွင် သောင်းကျန်းတိုက်ခိုက်မှုများ၊ မြို့ရှိ စစ်အဖွဲ့မှ ၎င်းအား ပြန်လည် တိုက်ခိုက်ချေမှုန်းခြင်းများအား ကြည့်ရှုရမည့် ကင်းကောင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။Quality…..BluRay 720p Duration…..02:14:00 Format…Mp4 File Size…(963 MB ...
movie
King Kong (1976)
1976
Rings (2017) 4.5
Rings (2017) Rings (2017)_____IMDb - 4.5/10ငယ်ငယ်က တီဗီထဲက ထွက်လာတဲ့ သရဲမကား၊ ဒါမှမဟုတ် ရေတွင်းထဲက ထွက်လာတဲ့ သရဲမကားကို ရုပ်ရှင်ချစ်သူတွေ သိကြမယ်ထင်ပါတယ်။ ဒီသရဲကားကို စတင်သိခဲ့ရတာကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Ring" ဆိုတဲ့ အမေရိကန်ဇာတ်ကားဖြစ်ပေမဲ့ သူ့ရဲ့မူလအခြေခံကတော့ Ring ဆိုတဲ့ ဂျပန်စာအုပ်နဲ့ Ring ဆိုတဲ့ အမည်နဲ့ပဲ ထွက်တဲ့ ဂျပန်သရဲကားတို့ပဲ ဖြစ်ပါတယ်။ ဂျပန်ကဇာတ်ကားကို မကြည့်ဖူးပေမဲ့ အမေရိကန်က ပြန်ရိုက်တဲ့ The Ring ကတော့ သရဲကားတွေထဲမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီကားရဲ့အဆက် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring Two ကလည်း ပထမဆုံးကားရဲ့စံချိန်ကို မမီပေမဲ့ ကြည့်လို့ကောင်းဆဲပါပဲ။ ဒီလိုမျိုး သရဲကားကောင်းကောင်းမျိုးဆို ကြည့်ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဟောလိဝုဒ်က တတိယမြောက် Rings ကားကို ဆယ်နှစ်ကျော် အကြာမှာ ရိုက်ကူးပြီး တီဗီထဲကသရဲမကို ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံစေလိုက်ပါတယ်။ ဒီဇာတ်ကားတွေမှာ အဓိကကျတဲ့အရာတစ်ခုကို ပြောရမယ်ဆို ကျိန်စာသင့်နေတဲ့ ...
movie
Rings (2017)
2017
Peelers (2016) 6.9
Peelers (2016) နယ်မြို့လေးတစ်မြို့မှာ ရှိတဲ့ အဖော်အချွတ်အကမယ်လေးဟာဆိုရင် သူရဲ့ အကမယ်တွေနဲ့ တစ်ခြားသူတွေကို ဖုတ်ကောင်တွေရဲ့ ရန်ကနေ ကာကွယ် သွားတဲ့ပုံကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဘလူးဂျင်း ဟာဆိုရင် အကရုံပိုင်ရှင် အဖော်အချွတ်အကမယ် တစ်ယောက်ပါ စီးပွားရေးအခြေအနေ ကြောင့် သူတို့အကရုံကို တစ်ခြားသူလက်ထဲ ထိုးအပ်လိုက်ရပြီး ယုခညဟာဆိုရင် နောက်ဆုံးကပြရမဲ့ညမှာ အဲ့လိုညမှာပဲ ကျောက်ကမီးသွေး တူးသမား တစ်သိုက်ကည်း လာရောက်အောင်ပွဲခံနေကျပါတယ် သူတို့ဟာ ဆိုရင် ရေနံတွေကို မမျှော်လင့်ပဲ တွေ့ရှိခဲ့ရလို့ပါ။ သို့ပေမဲ့ ရေနံဆိုတာ ထက်ကိုပိုနေပါတော့တယ်။ အဲ့ရေနံနဲ့ ထိတွေ့မိတဲ့ သူတွေ အကုန် ဖုတ်ကောင်တွေ အဖြစ်ကို ပြောင်းလဲ သွားပါတယ်။ သူတို့ တစ်ယောက် ချင်းစီ ဖုတ်ကောင်တွေ အဖြစ်ပြောင်းလဲပြီး ကပွဲခန်း ထဲမှာရှိတဲ့သူတွေကို လိုက်သတ်တဲ့အခါ ဘလူးဂျင်း အနေနဲ့ သူ့အကမယ်တွေနဲ့ သူလူတွေကို ဖုတ်ကောင်တွေလက်ထဲက ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဘလူးဂျင်း ကယ်တင်နိုင်မှာလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ရှု့စားလိုက်ကျပါ ခင်ဗျာ ဒီဇာတ်ကားရဲ.အချို.အခန်းတွေဟာ nude အခန်းတွေပါဝင်နေတဲ့အတွက် မိသားစုနဲ.အတူကြည့်လို.အဆင်မပြေပါဖူးခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အဘဆရာ သာရစ်ပဲဖြစ်ပါတယ်) File Size : 750 MB /260MB Quality :  WEB ...
movie
Peelers (2016)
2016
Crimson Peak (2015) 6.6
Crimson Peak (2015) သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။ အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။ အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal ...
movie
Crimson Peak (2015)
2015
The Crazies (2010) 6.5
movie
The Crazies (2010)
2010
Dreadnaught (1981) 7.5
Dreadnaught (1981)   1981 ကထွက်ရှိခဲ့ပြီး IMDb မှာ 7.5 နဲ့ rotten tomatoes မှာ 95% ထိရရှိထားတဲ့ တရုပ်သိုင်းကားလေးတစ်ကား ကိုတင်ဆက်ပေး လိုက်ပါတယ် တရုတ်ကားကို မူရင်း ကန်တုံ အသံထွက်နဲ့ ရှာသော်လည်း တော်တော် ရှားပါးနေပြီမို့ အီး အသံထွက်နဲ့ သာတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူသတ်ဝရမ်းပြေး လူမိုက်ကြီး ကျားဖြူ ဟာ ရဲတွေလက်ကနေ ထွက်ပြေးရင်း ဇာတ်ပွဲအဖွဲ့တစ်ခုနဲ့ ဆုံစည်းမိပြီး ဇာတ်အဖွဲ့ရဲ့ တောက်တိုမည်ရ မော်စီ နဲ့ တွေ့ကြပါတော့တယ် မော်စီ ဆိုတာကလည်း ၀ရမ်းပြေးတွေ ပုန်းခို ဖို့ ပြေးဖို့ စီမံပေးနေတဲ့သူ ကဲ ပရိတ်သတ်ကြီးရေ မော်စီ တယောက်အသတ်ခံ လိုက်ရတယ်ဆိုရင် ဘာတွေဇာတ်ထပ်ရုပ်မလဲ သိခြင်လား သိခြင် ဒေါင်ကြည့်လိုက်တော့ Old But Gold တကားမို့ မရရှိတဲ့ကြားထဲက အကောင်းဆုံး ကွာလတီ ကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ် ဘာသာပြန်ကတော့ ကျော်မျိုးသူပါပဲ ခင်ဗျ :)Download Large File From Pcloud Download Small File From Pcloud
movie
Dreadnaught (1981)
1981
The Black Death (2015) 5.4
The Black Death (2015)   ဒီကားလေးကတော့ထိုင်းဇွန်ဘီးကားတစ်ကားလို့ပြော ရင်မလွန်ပါဘူးရှေးခေတ်နန်းတွင်းခေတ်ကရွာတစ်ရွာရဲ့ ကူးစက်ရောဂါအကြောင်းကိုရိုက်ကူးထားတာပါ 1565 ခုနှစ်ကာလလောက်ကို နောက်ခံထား ရိုက်ကူးထားတာဖြစ်ပြီး IMDb 5.4 တောင်ရထားတာဆိုတော့ မဆိုးဘူးလို့ပြောရမှာပါပဲ ဇာတ်လမ်း အကျဉ်းလေးကတော့ တစ်ရွာလုံးကူးစက်ရောဂါဖြစ်ပြီးဇွန်ဘီးဖြစ်သွားတဲ့အခါကျန်ခဲ့တဲ့ မကူးစက်ရသေးတဲ့ လူတစ်စုအဲဒီရွာကနေဘယ်လိုလွတ် မြောက်အောင်ပြေးကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက် ကူးထားပါတယ်ထူးထူးဆန်းဆန်းကားလေးတွေစိတ်ဝင် စားတဲ့ပရိတ်သတ်တွေအကြိုက်ကားတစ်ကားလို့ပြော ရင်းဒေါင်းလိုက်ကြပါဦးလို့ (ဇာတ်လမ်း အညွှန်းကိုတော့ ကိုစိုးထွေးကရေးသားပေးခဲ့တာဖြစ်ပါတယ်)Download From Pcloud   Download Form V.I.P Link
movie
The Black Death (2015)
2015
The Creature Below (2016) 3.4
The Creature Below (2016) အိုလဗ် ဟာ ရေငုပ်ကျွမ်းကျင်သူ အမျိုးသမီး တစ်ဦးဖြစ်ပြီး အမြဲတမ်း စွန့်စားလိုတဲ့ စိတ်ဓါတ်ရှိသူ တစ်ဦးဖြစ်ပါတယ်... တစ်ရက်မှာတော့ အကောင်းဆုံးသော အကောင်းဆုံးများထဲမှ ကမ္ဘာပင်လယ်ဗဟို အနက်ဆုံးထိ စူးစမ်းရှာဖွေဖို့ ရေငုတ်ဝတ်စုံ တီထွင်သူ ဒါရာ  နှင့် ဆက်သွယ်ပြီး ဒါရာ တီထွင်ထားသော ရေငုပ် ၀တ်စုံဖြင့် ပင်လယ်၏ အလယ်ဗဟိုကိုသွားလိုကြောင်း သူမကို အလုပ်ခန့်ပါရန် တောင်းဆိုခဲ့ပါတယ်... ထိုနှင့် ကျွမ်းကျင် ပညာရှင် အိုလဗ် တစ်ယောက် ဒါရာ ၏ အကောင်းဆုံးသော ရေငုပ် စက်သစ်ကြီးဖြင့် ပင်လယ်၏ အနက်ရှိုင်းဆုံးသော နေရာသို့ ဆင်း၍ မျိုးစိတ်အသစ်များကို လေ့လာခဲ့ရာ မမြင်နိုင်သော တစ်စုံတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ် သို့ပေမယ့် ထို တိုက်ခိုက်ခံရမှုကို မေ့လျောသွားခဲ့ပြီး ထိုတိုက်ခိုက်ခံရသော အချိန်မှာ သူမ ဆီတွင် တစ်ခုခု ကပ်ညှိတွယ် ကျန်ခဲ့သည်ကို မသိခဲ့သောအခါ... ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Ye Kyaw Htet ဖြစ်ပါတယ်..============ Thit ...
movie
The Creature Below (2016)
2016
Timecrimes (2007) 7.2
Timecrimes (2007) ဒီကားကို အစကထင်ထားတာ ကြမ်းကြမ်းရမ်းရမ်းလူသတ်ကားပေါ့ သို့ပေမဲ့ imdbကိုကြည့်တော့လဲ  7.2 rotten tomatoes ကျတော့လည်း 88%ဆိုတော့ မဟုတ်သေးပါဘူးဆို ဇာတ်လမ်းကို စတင်ခံစားလိုက်တာပေါ့ဗျာ... ဇာတ်လမ်းအကြောင်း.... လာပါပြီ ဇာတ်ကားရဲ့ မိနစ်၂၀လောက်အရောက်မှာ သိသိသာသာကြီးကို  ကိုယ်ကဇတ်လမ်းထဲရောက်သွားသလိုပဲ ဘာလို့ဆို ကျွန်တော်တို့လက်ခံလို့ရလောက်တဲ့ ဖြစ်နိုင်ချေတစ်ခုကို ဇာတ်လမ်းထဲပြထားတယ်  Time travel လို့ဆိုရမလားပဲ သို့မဟုတ် ဖန်ဆင်းထားမှုတစ်ခုလား သို့တည်းမဟုတ် ထူးကြယ်ဆန်းပြားမှုလား ဇာတ်လမ်းအပြီးထိ တော်တော်စိတ်ဝင်တစားနဲ့ကြည့်ခဲ့ရတာပါ ဥပမာ ပြောရရင်....... ကျွန်တော်တို့ တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်တစ်ခုကိုဒီနေ့စလုပ်ပြီဆိုပါစို့.... ဒါပေမဲ့....အဲဒီအလုပ်ကိုလုပ်နေတုန်း ငါအရင် လုပ်ဖူးသလိုပဲ အဲဒီလိုတွေ တွေးဖူးကြပါလိမ့်မယ် ပြောချင်တာက ဒီဇာတ်လမ်းကလည်း အဲဒီလိုသဘောတရားကို နည်းနည်းသက်ရောက်မှုရှိတယ်ဗျ အားလုံးကိုခြုံပြီးပြောရရင် တောစပ်နားကအိမ်ကြီးမှာ လာနေတဲ့.လင်မယားနှစ်ယောက်ဆီမှာ အပေါ်ကကျွန်တော်ဆိုခဲ့သလို ဖြစ်ရပ်ဆန်းကြီးကြုံခဲ့ရတာပါ.... တစ်ခါ တစ်ခါ အညွန်းကိုဒီလိုလေး  မတင်း မလျှော့လေးပဲ ညွန်းတာကောင်းပါတယ် ကြည့်လိုက်ကြဦးနော်.....Quality...BluRay 720p File size…(660MB)  Format…mp4 Duration….01:32:21 Subtitle….Myanmar Subtitle (Hardsub) Translator…John La Yaung Encoder….Moe Myint Lwin   Download with VIP Link  Download ...
movie
Timecrimes (2007)
2007
The Love Witch (2016) 6.8
The Love Witch (2016) IMDb (6.4/10)...Rotten Tomatoes (96%)RT 96% ရရှိထားလို့ ဒီဇာတ်ကားက သာမန်ကားတော့ မဟုတ်တာ သတိပြုမိမှာပါ။ခင်​ပွန်းသည်ရဲ့စွန့်​ပစ်​တာကိုခံလိုက်​ရတဲ့ မိန်းမတစ်​​ယောက်​ဟာ ​ယောက်ျားသားကြီးစိုးတဲ့မဟာဖိုဝါဒကိုအာခံပြီး​မှော်​ပညာနဲ့မိန်းမအဓိက၀ါဒီတစ်​​ယောက်​ဖြစ်​လာတဲ့ မိန်းမချောလေး Elaine အဖြစ် မင်းသမီး Samantha Robinson မှပါဝင်ထားပါတယ်။သူမဟာ ယောက်ျား​တွေကို အရူးအမူးစွဲလန်းသွား​အောင်​ ဆွဲဆောင်တယ်.. ဒီ​ယောကျာ်း​တွေဟာလဲ သူမနဲ့အကြောင်းပါပြီးတာနဲ့ သေနည်းအမျိုးမျိုးနဲ့ ​သေကုန်​တယ်​... သူမဟာ စိတ်ဝေဒနာသည်လို...စုန်းကဝေမလိုဖြစ်လာခဲ့ပြီး ရဲတွေကဒီလူသေမှုတွေကို လိုက်လံစုံစမ်းပါတယ်...အဲ့ဒီရဲကိုပါ ကဝေမ တဖြစ်လဲ မိန်းမချောလေး Elaine တစ်ယောက် အချစ်နတ်ဖမ်းစားပြီး ဘယ်လိုပြုစားမလဲဆိုတာ.........။(ဘာသာပြန်ထားသူကတော့ Mya Thin Kyi  ဖြစ်ပါတယ်။)  File size…(999MB) and (490MB) Quality…HD-Rip 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)  Download Small File 360p (490MB)   
movie
The Love Witch (2016)
2016
The Purge:Election Year (2016)  Purge ကတော့ လူတိုင်းနဲ့ရင်းနှီးနေပြီးသားကားဖြစ်မှာပါ...ဒီကားထဲမှာအရက်စက်ဆုံးလူသတ်မှု့တွေနဲ့ လူသားအချင်းချင်းသုတ်သင်ရှင်းလင်းကြတာကိုမြင်ရမှာပဲဖြစ်ပါတယ်...ဇာတ်လမ်းရဲ့အကြောင်းကိုပြောပြရမယ်ဆိုရင်....အမေရိကန်အစိုးရဟာ နှစ်စဉ်နှစ်တိုင်းMarch လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုအစဉ်မြဲကျင့်သုံးလာခဲ့ပါတယ်...ဒါကို သန့်စင်ရှင်းလင်းတဲ့လုပ်ရပ်လို့လည်း နာမည်တပ်ထားကြပါတယ်...ဒီလိုသန့်စင်ရှင်းလင်းမှု့တွေကို ရှုံ့ချတဲ့ သူကတော့သမ္ပတအဖြစ်အရွေးခံမယ့်အမျိုးသမီး အမတ်လောင်း Roan ပဲဖြစ်ပါတယ်...ဘာလို့လဲဆိုတော့ အဲ့ဒီသုတ်သင်ရေးပွဲတော်မှာ သူမမိသားစုဝင်တွေပါစတေးခံခဲ့ရလို့ဖြစ်ပါတယ်....ဒါကြောင့် သူမသမ္ပတလောင်းအဖြစ်ရပ်တည်လာမယ့်သက်တမ်းတစ်လျောက်မှာတော့ သူမဟာဒီသုတ်သင်ရေးပွဲတော်ညကိုတခြားပြိုင်ဘက်အမတ်နဲ့ ယှဉ်ပြိုင်ပြီး ဆန့်ကျင်ခဲ့ပါတယ်.....ကောင်းတာလုပ်ရင်လူမုန်းများလာသလို သူမအတွက်လည်းလုပ်ရိုးအစဉ်လာဖြစ်တဲ့ဒီသုတ်သင်ရေးပွဲတော်ကိုဆန့်ကျင်တဲ့အတွက်အန္တရာယ်ကပိုပြီးတော့ များပြားလာခဲ့ပါတယ်...ဒါကြောင့် ဒီသုတ်သင်ရေးညမှာသူမတစ်ယောက်အန္တရာယ်ကင်းအောင်နေထိုင်ရမှာဖြစ်ပြီး ကျင်းပမယ့်ရွေးကောက်ပွဲမှာအနိုင်ရအောင်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်.....ဒီလို ရက်ရက်စက်စက်သုတ်သင်ရှင်းလင်းရေးတွေလုပ်နေတဲ့ လူသတ်ညမျိုးမှာသူမတစ်ယောက်အသက်ရှင်နိုင်မလား.....ဘယ်လိုအန္တရာယ်မျိုးတွေကျရောက်လာနိုင်မလဲ.....သူမကို သူမရဲ့ကိုယ်ရံတော်ကဘယ်လိုနည်းတွေနဲ့ကာကွယ်မလဲဆိုတာကိုသည်းထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်..... File size…(1GB  )  Format…mp4 Duration….01:48:48 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint  Encoder….Moe Myint Lwin
movie
The Purge:Election Year (2016)
2016
Tag (2015) 6.1
Tag (2015)  အမျိုးသမီး အထက်တန်းကျောင်းမှ ကျောင်းသူ အားလုံးသည် အားလပ်ရပ် အပန်းဖြေခရီးထွက်လာရသဖြင့် ပျော်ရွှင်နေကြသည်... ကား နှစ်စီး ဖြင့် ခရီးဆက်နေရပြီး ကျောင်းသူ များသည် ထိန်းမနိုင်လောက်အောင် ကားပေါ်တွင် ဆော့နေကြပြီး တစ်ဦးနဲ့တစ်ဦး နောက်ပြောင်ရုံမကပဲ တစ်ခါတစ်ရံ လမ်းသွားလမ်းလာများကိုပါ ပြုတင်းပေါက်မှ ခေါင်းလေးများပြူထွက်ပြီး စနောက်ခဲ့ကြလေသည်... ထို ကျောင်းသူများ ထဲတွင်မှ အတည်ငြိမ်ဆုံးသော မစ်ဆူကို ကတော့ သူမ ၀ါသနာပါသော ကဗျာလေးတွေကို ငြိမ်သက်စွာ ဒိုင်ယာရီ စာအုပ်လေးထဲတွင် ချရေးလျက်ရှိနေခဲ့ပြီး ဆူညံပွတ်လောရိုက်နေသော ကျောင်းသူများဖြင့် အဆက်သွယ်ပြတ်နေခဲ့ပါတယ်... ထိုသို့ အချင်းချင်းစနောက်နေရင်း မစ်ဆူကို ထံမှ သူငယ်ချင်းများက စာအုပ်ဆွဲယူရာ ဘောလ်ပင်န် လေး ကျသွားသဖြင့်  မစ်ဆူကို တစ်ယောက် အပြုံးမပျက် စိတ်မဆိုးပဲ ခုံပေါ်မှ အောက်သို့ ဒူးလေးထောက်ပြီး သူမ ဘောလ်ပင်န် ကို လှမ်းအယူမှာတော့ ခုနက ဆူညံပွတ်လောရိုက်နေသော  ကျောင်းသူများ၏ အသံသည် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားလေတော့ရာ မစ်ဆူကို တစ်ယောက် အံ့သားသင့်၍ ဘေးဘီသို့ လှည့်ကြည့်လိုက်သော အခါတွင်တော့.... (သွေးထွက်သံယို အခန်းများ အများဆုံးပါဝင်လို့ ...
movie
Tag (2015)
2015
Embrace of the Vampire (2013) 4.1
movie
Embrace of the Vampire (2013)
2013
Bait 2012 5.2
Bait 2012 အခုတစ်ခေါက်တော့ BAIT ဆိုတဲ့ 3D ငါးမန်းကားတစ်ကားနဲ့ တင်ဆက်ပါရစေဗျား.. ဇာတ်မြည်းလေး ပြောရရင်.. .. တစ်ခြားငါးမန်းကားတွေနဲ့ သိပ်မတူဘူးလို့ ပြောရမှာပဲဗျ.. ကမ်းခြေက စတိုးဆိုင်တစ်ဆိုင်မှာ..villain 2ယောက် ဓားပြဝင်တိုက်ကြရင်း.. ရဲနဲ့အငြင်းပွားကြတုန်း ဆူနာမီကြီး ဖြစ်သွားပါလေရော.. အဲ့မှာ စတိုးဆိုင်ထဲ ပိတ်မိကုန်ရင်း.. မုန်တိုင်းနဲ့ပါလာတဲ့ ငါးမန်း 2ကောင်နဲ့ တိုင်ပတ်ကြပါလေရောဗျာ.. သိတဲ့အတိုင်း ဒီလိုဇာတ်လမ်းတွေမှာ အရေးကြုံလာရင် အနစ်နာခံရသူနဲ့ villain ကောင်တွေ ပါကြစမြဲပါ.. တစ်ခုထူးခြားတာက ဒီထဲက ငါးမန်းတွေက 12ပေ ငါးမန်းဖြူကြီးတွေ ဖြစ်လို့ စွန်းကြမ်းတာကို တွေ့ရမှာပါဗျား.. သူတို့ အဲ့စတိုးဆိုင်ကနေ ငမန်းတွေကိုကျော်ပြီး အပြင်ကိုထွက်နိုင်ကြပါမလားဆိုတာကို ရင်တစ်ဖိုဖိုနဲ့ ကြည့်ကြပေတော့ဗျား.. သွေးသံရဲရဲနဲ့ CM ပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ကားကောင်းတစ်ကားပါလို့.. ... ...[အခုတစ်ခေါက်တော့ BAIT ဆိုတဲ့ 3D ငါးမန်းကားတစ်ကားနဲ့ တင်ဆက်ပါရစေဗျား.. ဇာတ်မြည်းလေး ...
movie
Bait 2012
2012
Ouija: Origin of Evil (2016) 6.1
Ouija: Origin of Evil (2016) Ouija: Origin of Evil (2016) IMDb - 6.1/10_____Rotten - 82%   ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၂. သချိုင်းမြေပေါ်မှာ မကစားရ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ..  2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ ...
movie
Ouija: Origin of Evil (2016)
2016
A Haunted House (2013) 5.1
A Haunted House (2013) Paranormal Activity လို ရုပ်ရှင်ကားကောင်းမျိုးကို ကြည့်ဖူးတယ်ဆိုရင်တော့ သင့်အတွက် ဒီရုပ်ရှင်ကားက သဘောပေါက်လွယ်မယ့် ရုပ်ရှင်ကားမျိုး ဖြစ်မှာပါ... ဇတ်လမ်းပုံစံကတော့ Horror Movies တစ်ချို့ကို သရော်ထားတဲ့ ဟာသ ရုပ်ရှင်ကား ဖြစ်ပါတယ် ဇတ်လမ်း ဇတ်ကွက် နှင့် စကားပြောခန်းများမှာ အများအားဖြင့် ညစ်ညမ်း အသုံးအနှုန်းများ ပါတဲ့အတွက် ကလေး သူငယ်များ နှင့် မိသားစု များ အတူ ကြည့်ရှုရန် မသင့်တော်ပါ ဟားတိုက် ရယ်ချင်ရင်တော့ သင့်အတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်မယ်လို့ ပြောပါရစေ...[Paranormal Activity လို ရုပ်ရှင်ကားကောင်းမျိုးကို ကြည့်ဖူးတယ်ဆိုရင်တော့ သင့်အတွက် ဒီရုပ်ရှင်ကားကသဘောပေါက်လွယ်မယ့် ရုပ်ရှင်ကားမျိုး ဖြစ်မှာပါ...ဇတ်လမ်းပုံစံကတော့ Horror Movies တစ်ချို့ကို သရော်ထားတဲ့ ဟာသ ရုပ်ရှင်ကား ဖြစ်ပါတယ်ဇတ်လမ်း ဇတ်ကွက် နှင့် စကားပြောခန်းများမှာ အများအားဖြင့် ညစ်ညမ်း အသုံးအနှုန်းများ ပါတဲ့အတွက်ကလေး သူငယ်များ နှင့် မိသားစု ...
movie
A Haunted House (2013)
2013
Blair Witch 2016 5.3
Blair Witch 2016  ဂျိမ်းစ်ဆိုတဲ့လူငယ်တစ်ယောက်ဟာ ငယ်စဉ်ကပျောက်ဆုံးသွားခဲ့တဲ့ သူရဲ့ အစ်မဖြစ်သူပါဝင်တဲ့ ဗွီဒီယိုတိပ်ခွေတစ်ခွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်... အဲ့ဒီ တိပ်ခွေထဲမှာပဲ မိန်းမကြီးတစ်ယောက်ကိုတွေ့ ခဲ့ပါတယ်... သူတို့ဟာအဲ့ဒီမိန်းမကြီးကို Blair စုန်းမလို့သတ်မှတ်ခဲ့ကြပြီး... အဲ့ဒီနောက်မှာတော့ ဂျိမ်းစ်နဲ့  သူ့ ရဲ့သူငယ်ချင်းတစ်စုဟာ Blairစုန်းမနဲ့ သက်ဆိုင်နေတဲ့ တောအုပ်ကြီးထဲကို သူ့ အစ်မဖြစ်သူကိုရှာဖို့ ထွက်လာကြတဲ့အခါမှာတော့ သူတို့လုံးဝထင်မှတ်မထားတဲ့ အဖြစ်ဆိုးတွေနဲ့  ရင်ဆိုင်ရတော့တာပါပဲ.... Blair စုန်းမဆိုတာ ငယ်စဉ်ကလို သူတို့ အတွက် ယုံတမ်းပုံပြင် တစ်ခုလား... အပြင်မှာ တစ်ကယ်လား ဆိုတာ ကတော့ ကြောက်လန့်စဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်... Rating 5.2 ရရှိထားပြီးတော့ တစ်ယောက်တည်းကြည့်ရှု့ရန်မသင့်တဲ့ Horror ကားကောင်းတစ်ကားပဲဖြစ်ပါတယ်...( ဒီကားကို ဘာသာပြန်သူ Hnin Pwint မှခံစားတင်ဆက်ပေးထားပါတယ်...)File size…(810MB) Quality…BluRay 1080p Format…mp4 Duration….01:29:11 Subtitle….Myanmar Subtitle (Hardsub) Translator…Hnin Pwint  Encoder….Moe Myint Lwin  Download & Watch 360p HD (VIP Link) Download with Pcloud Download with Openload Download ...
movie
Blair Witch 2016
2016