Channel Myanmar
Horror
Sweet Home (2015) 5.2
Sweet Home (2015)   အယ်လီဟာ သူ့ချစ်သူကိုမွေးနေ့ပွဲလုပ်ပေးဖို့အတွက် တိုက်ခန်းတစ်ခန်းငှါးထားခဲ့ပါတယ် အဲဒီညမှာပဲ အကြောင်းကြောင့် အဲဒီအဆောက်အဦးမှာပဲနေတဲ့ အဖိုးကြီးကိုသတ်ဖို့ရောက်လာတဲ့ လူတစ်စုရောက်လာခဲ့ပြန်ပါတယ် ထိုလူတစ်စုဟာ အဖိုးကြီးကိုသုတ်သင်ရှင်းလင်းအပြီးမှာ မတော်တဆ အယ်လီတို့ချစ်သူနှစ်ဦးနဲ့ဆုံကြတဲ့အခါမှာ.... မမျှော်လင့်ရဲတဲ့ဆိုးကျိုးတွေအယ်လီတို့တီပြေးလာခဲ့ပါပြီ ပြေးလမ်းမရှိတဲ့တိုက်ကြီးထဲမှာ အယ်လီတစ်ယောက် ဘယ်လိုတော်လှန်မှာလဲ ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားပြီးကြည့်ရဦးမှာပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ John La Yaung ပဲ ဖြစ်ပါတယ်)File Size : 650 MB / 200 MB Quality : Bluray 720P Running Time : 1hr 20minutes Format : Mp4 Genre : Horror Translator : John La Yaung Encoder :Thanhtike Zaw    Download Here Yoteshin Link  Download Here Bluray 720p (650 MB) Openload Link    Download Small File Size ...
movie
Sweet Home (2015)
The Girl with All the Gifts (2016) 6.7
The Girl with All the Gifts (2016) ဒီကားလေးဟာ ၂၀၁၆ တုန်းကထွက်ထားပြီး rating 6.7 IMDb ရထားတဲ့ Horror ကားလေးပါ။ ကမ္ဘာပေါ်မှာ ရောဂါကပ်ဆိုးကြရောက်တဲ့အခါ ဖြေဆေးထုတ်ဖို့ စမ်းသပ်ခံရတဲ့ ကောင်မလေး မယ်လန်နီ နဲ့ သူ့ကိုစာသင်ပေးတဲ့ ဆရာမ ဂျက်စတင် တို့ကြားက သံယောဇဉ် ကူးစက်ခံရတဲ့သူတွေရဲ့ ဘဝကို ဇာတ်အိမ်ခိုင်ခိုင် ရိုက်ထားတာပါ။ ရောဂါကူးစက်ခံရတဲ့သူတွေကို ဆာလောင်သူတွေလို့ ခေါ်ကြတယ်... မြေအောက်ခမ်းထဲမှာ ပိတ်ထားပြီး စမ်းသပ်ခံရတဲ့ ကလေးတွေထဲမှာ မယ်လန်နီ ကအတော်ဆုံး ဥာဏ်အကောင်းဆုံးပါ။ ဥာဏ်ကောင်းလွန်းတဲ့ မယ်လန်နီလေးကို သူ့ဆရာမက သဘောကျပြီး ခေါင်းလေးကို သွားပုတ်မိလိုက်တယ်။ မယ်လန်နီကလည်း ဆာလောင်သူတွေထဲက တစ်ဦးပါပဲ။ သူတို့က လူအနံ့ရတာနဲ့ ရောဂါထတော့တာပါပဲ။ နောက်တော့ အပြင်မှာရှိတဲ့ ဆာလောင်သူတွေကြောင့် ကာထားတဲ့ခြံစည်းရိုး ပျက်စီးသွားတယ် မြေကျင်းထဲမှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးရတယ်.. ဖြေဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ဒေါက်တာ ကာဝယ် ဆရာမ တပ်ကြပ်ကြီးနဲ့ သူ့ရဲဘော်တွေ နဲ့ မယ်လန်နီ တို့  ကားထဲအတူပါသွားကြတယ်။ မယ်လန်နီ က ဆာလောင်သူတွေထဲကတစ်ယောက်ဆိုတာ မမေ့လိုက်နဲ့ဦးနော် ပရိတ်သတ်ကြီး။ ကဲ မယ်လန်နီ က ရောဂါထဖောက်ပြီးပဲ ...
movie
The Girl with All the Gifts (2016)
Get Out (2017) 7.7
Get Out (2017) Get Out (2017) IMDb - 7.7/10_____Rotten - 98% Won 1 Oscar. Another 152 wins & 201 nominationsလူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ် ... ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ...
movie
Get Out (2017)
2017
Sadako v Kayako (2016) 5.2
Sadako v Kayako (2016)   Horror ပရိသတ်တော်တော်များများက ရုံတင်သွားတဲ့ The Rings ဆိုတဲ့ ကားကိုကြည့်ဖူးကြမှာပါ အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးက The Rings နဲ့ နည်းနည်းဆင်တယ်ဗျ ကျိန်စာသင့်နေတယ်လို့ပြောကြတဲ့ Video ကို ကြည့်လိုက်မိရင် နောက်၂ရက်ကြာရင် ကြည့်မိတဲ့သူတွေက ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားကြတယ်လို့ အယုံအကြည်ရှိကြတယ် တစ်နေ့တော့ ကျောင်းသူလေး၂ယောက်က တိပ်ခွေကို DVD ပြောင်းကူးဖို့ Video Player အဟောင်းတစ်လုံးကိုဝယ်လိုက်ကြတယ် အဲ့ player ထဲမှာ သူတို့ပြောတဲ့အခွေပါလာတယ် အစတော့ သူငယ်ချင်း၂ယောက်မသိဘဲကြည့်မိလိုက်တယ် ကြည့်ပြီးသွားတော့မှ ကျိန်စာသင့်တဲ့ခွေမှန်းသိသွားတော့ သူတို့ကျိန်စာကနေလွတ်မြောက်ဖို့နည်းလမ်းလိုက်ရှာကြပါတော့တယ် သူတို့ ကျိန်စာကနေလွတ်မြောက်နိုင်မလား မလွတ်နိုင်ဘူးလားဆိုတာတော့ ပရိသတ်ကြီးဆက်ပြီးအဖြေရှာကြပါနော် ????(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Myint Thinzar ပဲဖြစ်ပါတယ်)File Size : 700 MB/250MB Quality : Bluray 720P Running Time : 1hr 38minutes Format : Mp4 Genre : Horror Translator : Myint Thinzar Encoder :Thanhtike Zaw Download Here Bluray 720p ...
movie
Sadako v Kayako (2016)
Cyborg X (2016)
Cyborg X (2016) ဒီကားလေးက rating 4.8 IMDb ရရှိထားပါတယ်။ ဂျက်ကီမော ဆိုတဲ့နည်းပညာရှင်က အသိဥာဏ်တုပါတဲ့စက်ရုပ်တွေတီထွင်ခဲ့ပါတယ်။ ဒါဟာသိပ္ပံပညာနဲ့လူသားတွေနေရာအစားထိုးဖို့ကြိုးစားခဲ့တဲ့ဖြစ်ရပ်ပါ ဒီလိုသာမာန်ထက်သာလွန်နေတဲ့စက်ရုပ်လူသားတွေမှာလည်း သာမာန်လူတွေထက်အားနည်းချက်ဆိုတာလည်းရှိစမြဲပါပဲ... အဲဒါတွေရဲ့အကျိုးရလဒ်တွေဟာ အခုတော့အစပျိုးလာခဲ့ပါတော့တယ်... သမ္မတက လူသားထက်သာလွန်နေတဲ့ စက်ရုပ်တွေထုတ်နေတာကိုသိပြီး ပူးပေါင်းဖို့ကမ်းလှမ်းလာပါတယ်။ ကံဆိုးချင်တော့ သူတို့ဖိုင်ထဲကို ဗိုင်းရပ်စ်ဝင်ပြီး စက်ရုပ်တွေကို အထိန်းချုပ်ခံလိုက်ရတယ်။ စက်ရုပ်တွေက လူတွေကိုအစုလိုက်မာအပြုံလိုက်ကို မညှာမတာသတ်တော့တာပါပဲ။ အဲ့ဒီမှာ အသက်ရှင်ကျန်ရစ်နေတဲ့လူတစ်စုက စက်ရုပ်တွေကိုပြန်တိုက်တယ်။ သေသွားပြီလို့ထင်တဲ့ ဂျက်ကီမောကိုပြန်တွေ့ပြီး သူနဲ့အတူ စက်ရုပ်တွေအားလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပါတယ်။ အင်အားချင်းမမျှတော့ စက်ရုပ်တွေလက်ထဲမှာ အသက်ပေးလိုက်ရတဲ့သူတွေလည်းရှိတာပေါ့။ နောက်ဆုံးမှာ ဂျက်ရဲ့ညီမကိုတောင် စက်ရုပ်အဖြစ်ပြောင်းလိုက်ကြတယ်။ နောက်ပိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ရအောင်နော်... အသတ်အပုတ်နဲ့ ကြောက်စရာကောင်းတဲ့ ကားတွေကြည့်ချင်တဲ့သူတွေအတွက်အထူးနှစ်သက်စေမယ့် အက်ရှင်ဇာတ်ကြမ်းကြမ်းကားကောင်းတစ်ကာားဆိုရင်လည်း မမှားပါဘူး....Quality…..BluRay 720p Duration…..01:30:00 Format…Mp4 File Size…(776 MB , 273 MB ) Encoder…..Moe Myint Lwin Translator…..Hin Oo Wai Download With YoteShin Link Download with CM Cloud Download with Openload Download with Openload (Small Size)
movie
Cyborg X (2016)
Dead Awake (2016) 5.9
Dead Awake (2016) အိပ်နေရင်းနဲ့အိပ်မက်ထဲမှာ သွက်ချာပါဒဖြစ်ပြီး လှုပ်ရှားမရအသံထွက်မရဖြစ်ဖူးပါသလား လူတိုင်းဘဝမှာတစ်ကြိမ်တစ်ခါတော့ဖြစ်ဖူးကြမယ်ထင်ပါတယ် တစ်ချို့ဆို လှုပ်ရှားမရဖြစ်နေတုန်းမှာ တစ်စုံတစ်ခုကိုပါမြင်တွေ့ရတတ်ပါတယ်။ အဲ့ဒီအရာဟာစုန်းမတစ်ယောက်ဆိုရင်သင်ယုံပါသလား မယုံကြည်တဲ့လူတွေကတော့ဘာမှဆက်မဖြစ်တတ်ပေမယ့် ယုံကြည်သွားတဲ့လူတွေမှာဘာတွေဆက်ဖြစ်တတ်သလဲဆိုတာကိုရိုက် ကူးထားတဲ့horrorဇာတ်ကားတစ်ကားပါ။ ကျန်းမာရေးကောင်းနေတဲ့လူတော်တော်များများဟာအိပ်နေရင်းသေဆုံးသွားတတ်တာကိုကြားဖူးကြမှာပါ။ တကယ်ပဲဒီဇာတ်ကားထဲအတိုင်းလားဆိုတာကို CMပရိသတ်ကြီးဒီဇာတ်ကားလေးကိုကြည့်ရှုရင်း ဆုံးဖြတ်ကြည့်ကြပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့  Ye Man Aung ပဲဖြစ်ပါတယ်) File Size : 750 MB/260MB Quality : WEB DL 720P Running Time : 1hr 39minutes Format : Mp4 Genre : Horror, Thriller Translator : Ye Man Aung Encoder :Thanhtike Zaw   Download From Yoteshin link   Download Here WEB DL 720p (750 MB) Openload Link  Download Small File Size 360p (260 MB) Openload Link
movie
Dead Awake (2016)
2016
Wolves (2014) 5.3
Wolves (2014)  ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီးကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်ကသူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်းအရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကိုပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ဇာတ်ကားကောင်းလေးဖြစ်ပြီး  ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။ Quality…..     BluRay 720p Duration….. 01 hr 31 min File Size…     (800 MB)  Translator.... Myominthu Thanmyint Encoder…..  San Win Maung   Download From Yoteshin Link (720P 800Mb)
movie
Wolves (2014)
2014
Hounds of Love (2017) 6.5
movie
Hounds of Love (2017)
2016
Death Note: Light Up the New World (2016) 6.3
Death Note: Light Up the New World (2016) Death Noteဆိုရင်တော့မသိသူမရှိပါဘူး။ သေမင်းရဲ့စာအုပ်ထဲမှာကိုယ်သတ်ချင်တဲ့သူရဲ့နာမည်နဲ့သေရတဲ့အကြောင်းအရင်းကိုရေးလိုက်ရုံနဲ့ ထိုသူရုတ်တရတ်သေဆုံးသွားရတဲ့စာအုပ်လေးကိုအခြေခံထားတဲ့ဇာတ်ကားလေးပါ။ ယခင်ထွက်ခဲ့ပြီးတဲ့ကားတွေရဲ့နောက်ဆယ်နှစ်ကိုအစပြုပြီးဒီကားလေးကိုဇာတ်အိမ်ဖွဲ့ထားတာပါ။ လူ့လောကကိုအနောက်ထပ်Death note၆အုပ်ပို့ပြီးတော့Shinigami ကကီရာရဲ့စာအုပ်ကိုကိုင်ဆိုင်သူကိုရှာဖို့အမိန့်ပေးခဲ့ပါတယ်။ ၂၀၁၆ခုနှစ်လူ့လောကမှာဆိုင်ဘာတိုက်ခိုက်မှုတွေကြီးစိုးနေချိန်မှာပဲကမ္ဘာတ၀န်းမှာကီရာအသစ်ပေါ်ထွက်လာတယ်ဆိုတဲ့ ကောလဟာလတွေနဲ့အတူလူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။လူသတ်မှုတွေကိုခြေရာခံရင်း Death Note Task Forceဆိုတဲ့ဆုကုရာမိရှိမာဦးဆောင်တဲ့အဖွဲ့ထွက်ပေါ်လာပါတယ်။ အဲဒီအဖွဲ့ကိုအယ်လ်(L)ရဲ့အမွေဆက်ခံသူယုဇာကီကထောက်ပံပေးထားတာပါ။အဖွဲ့ဟာလူသတ်မှုတွေကိုလိုက်လံစုံစမ်းရင်း ဆာကုရာအိုင်ဆိုသူပိုင်ဆိုင်တဲ့Death Noteစာအုပ်တခုကိုရရှိခဲ့ပါတယ်။ အဲဒီစာအုပ်ပိုင်ရှင်ကိုနောက်ထပ်DeathNoteyပိုင်ရှင်တဦးဖြစ်တဲ့ဆိုင်ဘာအကြမ်းဖက်သမားယုကီရှိန်းကသတ်ခဲ့တာပါ။ ယုဇာကီနဲ့အဖွဲ့ဟာသူတို့ရရှိခဲ့တဲ့စာအုပ်ကိုပိုင်ဆိုင်သူသေမင်းဘီပိုကိုစစ်မေးတဲ့အခါမှာတော့ လူ့လောကမှာDeathNoteစာအုပ်၆အုပ်ရှိကြောင်းသိခဲ့ရတာပါ။ ရှိန်းကလည်းတဖက်မှာမီဆာအာမန်နဲ့ဆက်သွယ်ပြီးသူ့ရဲ့မှတ်ဥာဏ်တွေကိုပြန်ဖော်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ပဲရှိန်းတယောက်ဘယ်လိုတွေလုပ်သွားမလဲ။ ယုဇာကီနဲ့အဖွဲ့ကရောဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Fridays မှရေးပေးခဲ့တာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုစိုးထွေးဖြစ်ပါတယ်)File Size : 900 MB/370MB Quality : Bluray 720P Running Time : 2hr 15minutes Format : Mp4 Genre : Crime, Drama, Horror Translator : Soe Htwe Encoder :Thanhtike Zaw
movie
Death Note: Light Up the New World (2016)
2016
Priest (2011) 5.7
Priest (2011) လူသားများနဲ့သွေးစုပ်ဖုတ်ကောင်များအကြားတစ်ဦးနဲ့တစ်ဦးရာစုနှစ်ပေါင်းများစွာ ရှည်လျားစစ်ပွဲများကမ္ဘာဂြိုလ်ရဲ့မျက်နှာပြက်ပျက်စီးမှု့နဲ့အတူ သီအိုကရေစီလို့ခေါ်တဲ့ဘုရားကျောင်း Church မှ ဦးဆောင်တိုက်ပွဲဝင်လျက်ရှိပါတယ်.... သူတို့ဟာလူသားများကိုကာကွယ်စောင့်ရှောက်ဖို့ ဧရာမတံတိုင်းကြီးများကိုကာကွယ်ဆောက်လုပ်ထားခဲ့ကြပါတယ်... ထို့အတူ သွေးစုပ်ဖုတ်ကောင်များကိုနှိမ်နင်းရန်အတွက်လည်း အထက်တန်းလွှာသူရဲကောင်းအဖွဲ့ဖြစ်တဲ့ Priest လို့အမည်ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်... ထို Priest ခေါ်ဘုန်းတော်ကြီးများရဲ့တိုက်ခိုက်မှု့များကြောင့် သွေးစုပ်ဖုတ်ကောင်အများစုသေဆုံးခဲ့သောကြောင့် ကာလကြာရှည်စွာဆင်နွှဲနေသောစစ်ပွဲနှင့်အတူ ထိုအစွမ်းထက်သောဘုန်းတော်ကြီး အဖွဲ့ကို Church မှပယ်ဖျက်ခဲ့ပါတယ်... ထိုသို့သူတို့အားလုံး သေဆုံးပျောက်ကွယ်သွားပြီလို့ထင်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်များ ကြောက်မက်ဖွယ်ရာ ပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာတော့.......ထိုကဲ့သို့အစွန်းထက်လှတဲ့ Pirest တစ်ဦးရဲ့တူမဖြစ်တဲ့ လီလီကောလင်းဟာ  သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့နဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပါတယ်...... ဒါကြောင့် ထို Priest ဟာမြို့မှာအာဏာအရှိဆုံးဖြစ်တဲ့ ဘုရားကျောင်းခေါင်းဆောင်ကိုအကူညီတောင်းခဲ့ပေမယ့် သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့ကိုအယုံကြည်မရှိခဲ့ပါဘူး....ဒါကြောင့်သူတစ်ယောက်တည်းပဲ ပြန်လည်ကယ်တင်ရန် ဘုရားကျောင်းရဲ့ စကားတွေကို ငြင်းပယ်ပြီးတော့ မြို့ပြင်ကိုထွက်လာခဲ့ပါတယ်... ထိုကဲ့သို့ သွေးစုပ်ဖုတ်ကောင်တွေပြန်ပြီးတော့ ပေါ်ထွက်လာတဲ့အချိန်မှာတော့ အားလုံးရဲ့ခေါင်းဆောင်လို့ ယူဆလို့ရမယ့် ဦးထုပ်နက်နဲ့ သွေးစုပ်ဖုတ်ကောင်ပါဝင်လာခဲ့ပါတယ်..တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ ကွာခြားနေတာကတော့ သူဟာလူသားသွေးစုပ်ဖုတ်ကောင်ဖြစ်ပါတယ်.... Priest ဟာလည်းသူ့ရဲ့တူမကိုပြန်လည်ရရှိအောင်ကယ်တင်မှာဖြစ်ပြီးတော့  အစွမ်းထက်တဲ့လူသားနဲ့ လူသားသွေးစုပ်ဖုတ်ကောင်တို့ရဲ့ သတ်ပွဲများကို စိတ်လှုပ်ရှားဖွယ်ရာ  ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... ဒီ Priest ရုပ်ရှင်ဟာ ဘုန်းတော်ကြီးများအကြောင်းထက် လူသားနဲ့ သွေးစုပ်ဖုတ်ကောင်တို့ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတဲ့ ကားကောင်းတစ်ကားဆိုရင်လည်းမမှားပါဘူး.... သဘာဝလွန်ကားတွေကြိုက်တဲ့လူတိုင်း ဒီကားကိုသေချာကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ... အားလုံးအကြိုက်တွေ့ကြမှာပါ....Quality…..BluRay 1080p Duration…..01:27:00 Format…Mp4 File Size…(627 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint  
movie
Priest (2011)
2011
Mourning Grave (2014) 6.1
Mourning Grave (2014) Moon lover ထဲက နံပါတ် ၈ မင်းသားလေး Kang Ha Neul ရဲ့ သူရဲကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်အင်ဆိုး ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းက တစ္ဆေသူရဲတွေကို မြင်နိုင်တဲ့သူပါ။ သူက သတ္တိမရှိကြောက်တတ်တဲ့သူငယ်လေး ဆိုတော့ အမြဲကြောက်ရွံထိတ်လန့်နေရတဲ့သူတစ်ယောက်ပါ။ တစ္ဆေသူရဲတွေကတော့ သူတို့ မကျွတ်မလွတ်တာကို အကူအညီတောင်းဖို့လာကြပေမယ့် သူကကြောက်တတ်တော့ မမြင်ချင်ယောင်ဆောင်တတ်ပါတယ် ။ တစ်နေ့မှာတော့ သူမြို့မှာ တစ်ယောက်တည်း အထီးကျန်တဲ့အတွက် ငယ်ငယ်က သူနေခဲ့ဖူးတဲ့မြို့ကလေးမှာ ဦးလေးဖြစ်တဲ့သူနဲ့အတူ နေထိုင်ရအောင် ပြန်လာခဲ့ရင်း သူရဲမချောချောလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ဒီသူရဲမလေးကတော့ သူခါတိုင်းမြင်နေကျ သူရဲတွေနဲ့ မတူဘဲသူ့ကို ခင်ခင်မင်မင် မိတ်ဖွဲ့လာလို့ မမြင်ချင်ယောင်ဆောင်ရင်းကနေပဲ ခင်မင်သွားခဲ့ပါတယ်။ ဒီလို သူတို့ကျောင်းလေးမှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြပါတယ်။ ကျောင်းထဲမှာ   သွေးအလိမ်းလိမ်းနဲ့ ဆေးဟီးဆိုတဲ့ သူရဲတစ်ယောက်ရယ် CM ကမိုးမြင့်လွင်လို ဆံပင်အလွာလိုက်မျက်နှာဖုံးနေတဲ့ သူရဲမတစ်ကောင်ရယ်လည်း ရှိပါသေးတယ်။ “ ဆေးဟီး” ကတော့ ...
movie
Mourning Grave (2014)
2014
King Kong (1976) 5.8
King Kong (1976) တိရိစ္ဆာန်တစ်ကောင်မှာလည်း အသည်းနဲ့ဆိုရင်ယုံပါသလား... သံယောဇဉ်တကယ်ဖြစ်လာပြီဆိုရင် ဘယ်အရာကိုမဆိုရင်ဆိုင်လာတတ်ကြပါတယ်... အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ငိုတတ်တဲ့သူတွေအဖို့ မျက်ရည်ကျလောက်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားတဲ့ ကင်းကောင်ဇာတ်လမ်းဖြစ်ပါတယ်။ ရေနံစီးပွားရေးကုမ္ပဏီတစ်ခုမှ မြူကမ်းပါးများဖြင့် ထာဝရ ပိတ်ဖုံးနေသည့် ကျွန်းတစ်ကျွန်းအား သတိပြုမိကာ ၎င်းကျွန်းမှ ထွက်ရှိသည့် ရေနံများအား သွားရောက်ယူဆောင်ကြခြင်းဖြစ်ပါတယ်။ ၎င်းနောက်မှ ထိုကျွန်းပေါ်တွင် လူရိုင်းမျိုးနွယ်စုများနေထိုင်သည်ကို တွေ့ရှိရပြီး ၎င်းလူရိုင်းအဖွဲ့မှ သင်္ဘောပေါ်ရှိ အမျိုးသမီးငယ်အား ဖမ်းဆီးခေါ်ဆောင်ကာ ၎င်းတို့ကိုးကွယ်သည့် ကင်းကောင်ကြီးနှင့် လက်ဆက်ပေးခဲ့ပါတယ်။ ထိုမိန်းကလေးအပေါ်ကို ကင်းကောင်ကြီးဟာ သံယောဇဉ်တွယ်မိသွားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း သတ္တ၀ါတစ်ကောင်နဲ့အတူနေရတဲ့ မိန်းကလေးဟာကြောက်လည်းကြောက် လန့်ကလည်းလန့်နဲ့မနေပျော်ခဲ့ပါဘူး... သင်္ဘောပေါ်မှာ အမှုထမ်းများ ၎င်းအမျိုးသမီးငယ်အား ကင်းကောင်ကြီးလက်မှ ပြန်လည်ကယ်တင်ပေးခဲ့ပြီး ကင်းကောင်ကြီးအားဖမ်ဆီးပြီး မြို့ခေါ်ဆောင်လာကာ ကင်းကောင်နှင့် မြို့တွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်။ ၎င်းပွဲနေ့တွင် သူချစ်ရတဲ့မိန်းကလေးကို လူများကထိခိုက်အောင်လုပ်နေသည်ကိုမြင်သောအခါ ကင်းကောင်ကြီးမှ အချုပ်အနှောင်များအား ရုန်းထွက်ခဲ့ကာ မြို့ပေါ်တွင် သောင်းကျန်းတိုက်ခိုက်မှုများ၊ မြို့ရှိ စစ်အဖွဲ့မှ ၎င်းအား ပြန်လည် တိုက်ခိုက်ချေမှုန်းခြင်းများအား ကြည့်ရှုရမည့် ကင်းကောင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။Quality…..BluRay 720p Duration…..02:14:00 Format…Mp4 File Size…(963 MB ...
movie
King Kong (1976)
1976
Rings (2017) 4.5
Rings (2017) Rings (2017)_____IMDb - 4.5/10ငယ်ငယ်က တီဗီထဲက ထွက်လာတဲ့ သရဲမကား၊ ဒါမှမဟုတ် ရေတွင်းထဲက ထွက်လာတဲ့ သရဲမကားကို ရုပ်ရှင်ချစ်သူတွေ သိကြမယ်ထင်ပါတယ်။ ဒီသရဲကားကို စတင်သိခဲ့ရတာကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Ring" ဆိုတဲ့ အမေရိကန်ဇာတ်ကားဖြစ်ပေမဲ့ သူ့ရဲ့မူလအခြေခံကတော့ Ring ဆိုတဲ့ ဂျပန်စာအုပ်နဲ့ Ring ဆိုတဲ့ အမည်နဲ့ပဲ ထွက်တဲ့ ဂျပန်သရဲကားတို့ပဲ ဖြစ်ပါတယ်။ ဂျပန်ကဇာတ်ကားကို မကြည့်ဖူးပေမဲ့ အမေရိကန်က ပြန်ရိုက်တဲ့ The Ring ကတော့ သရဲကားတွေထဲမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီကားရဲ့အဆက် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring Two ကလည်း ပထမဆုံးကားရဲ့စံချိန်ကို မမီပေမဲ့ ကြည့်လို့ကောင်းဆဲပါပဲ။ ဒီလိုမျိုး သရဲကားကောင်းကောင်းမျိုးဆို ကြည့်ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဟောလိဝုဒ်က တတိယမြောက် Rings ကားကို ဆယ်နှစ်ကျော် အကြာမှာ ရိုက်ကူးပြီး တီဗီထဲကသရဲမကို ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံစေလိုက်ပါတယ်။ ဒီဇာတ်ကားတွေမှာ အဓိကကျတဲ့အရာတစ်ခုကို ပြောရမယ်ဆို ကျိန်စာသင့်နေတဲ့ ...
movie
Rings (2017)
2017
Peelers (2016) 6.9
Peelers (2016) နယ်မြို့လေးတစ်မြို့မှာ ရှိတဲ့ အဖော်အချွတ်အကမယ်လေးဟာဆိုရင် သူရဲ့ အကမယ်တွေနဲ့ တစ်ခြားသူတွေကို ဖုတ်ကောင်တွေရဲ့ ရန်ကနေ ကာကွယ် သွားတဲ့ပုံကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဘလူးဂျင်း ဟာဆိုရင် အကရုံပိုင်ရှင် အဖော်အချွတ်အကမယ် တစ်ယောက်ပါ စီးပွားရေးအခြေအနေ ကြောင့် သူတို့အကရုံကို တစ်ခြားသူလက်ထဲ ထိုးအပ်လိုက်ရပြီး ယုခညဟာဆိုရင် နောက်ဆုံးကပြရမဲ့ညမှာ အဲ့လိုညမှာပဲ ကျောက်ကမီးသွေး တူးသမား တစ်သိုက်ကည်း လာရောက်အောင်ပွဲခံနေကျပါတယ် သူတို့ဟာ ဆိုရင် ရေနံတွေကို မမျှော်လင့်ပဲ တွေ့ရှိခဲ့ရလို့ပါ။ သို့ပေမဲ့ ရေနံဆိုတာ ထက်ကိုပိုနေပါတော့တယ်။ အဲ့ရေနံနဲ့ ထိတွေ့မိတဲ့ သူတွေ အကုန် ဖုတ်ကောင်တွေ အဖြစ်ကို ပြောင်းလဲ သွားပါတယ်။ သူတို့ တစ်ယောက် ချင်းစီ ဖုတ်ကောင်တွေ အဖြစ်ပြောင်းလဲပြီး ကပွဲခန်း ထဲမှာရှိတဲ့သူတွေကို လိုက်သတ်တဲ့အခါ ဘလူးဂျင်း အနေနဲ့ သူ့အကမယ်တွေနဲ့ သူလူတွေကို ဖုတ်ကောင်တွေလက်ထဲက ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဘလူးဂျင်း ကယ်တင်နိုင်မှာလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ရှု့စားလိုက်ကျပါ ခင်ဗျာ ဒီဇာတ်ကားရဲ.အချို.အခန်းတွေဟာ nude အခန်းတွေပါဝင်နေတဲ့အတွက် မိသားစုနဲ.အတူကြည့်လို.အဆင်မပြေပါဖူးခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အဘဆရာ သာရစ်ပဲဖြစ်ပါတယ်) File Size : 750 MB /260MB Quality :  WEB ...
movie
Peelers (2016)
2016
Crimson Peak (2015) 6.6
Crimson Peak (2015) သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။ အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။ အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal ...
movie
Crimson Peak (2015)
2015
The Crazies (2010) 6.5
movie
The Crazies (2010)
2010
Dreadnaught (1981) 7.5
Dreadnaught (1981)   1981 ကထွက်ရှိခဲ့ပြီး IMDb မှာ 7.5 နဲ့ rotten tomatoes မှာ 95% ထိရရှိထားတဲ့ တရုပ်သိုင်းကားလေးတစ်ကား ကိုတင်ဆက်ပေး လိုက်ပါတယ် တရုတ်ကားကို မူရင်း ကန်တုံ အသံထွက်နဲ့ ရှာသော်လည်း တော်တော် ရှားပါးနေပြီမို့ အီး အသံထွက်နဲ့ သာတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူသတ်ဝရမ်းပြေး လူမိုက်ကြီး ကျားဖြူ ဟာ ရဲတွေလက်ကနေ ထွက်ပြေးရင်း ဇာတ်ပွဲအဖွဲ့တစ်ခုနဲ့ ဆုံစည်းမိပြီး ဇာတ်အဖွဲ့ရဲ့ တောက်တိုမည်ရ မော်စီ နဲ့ တွေ့ကြပါတော့တယ် မော်စီ ဆိုတာကလည်း ၀ရမ်းပြေးတွေ ပုန်းခို ဖို့ ပြေးဖို့ စီမံပေးနေတဲ့သူ ကဲ ပရိတ်သတ်ကြီးရေ မော်စီ တယောက်အသတ်ခံ လိုက်ရတယ်ဆိုရင် ဘာတွေဇာတ်ထပ်ရုပ်မလဲ သိခြင်လား သိခြင် ဒေါင်ကြည့်လိုက်တော့ Old But Gold တကားမို့ မရရှိတဲ့ကြားထဲက အကောင်းဆုံး ကွာလတီ ကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ် ဘာသာပြန်ကတော့ ကျော်မျိုးသူပါပဲ ခင်ဗျ :)Download Large File From Pcloud Download Small File From Pcloud
movie
Dreadnaught (1981)
1981
The Black Death (2015) 5.4
The Black Death (2015)   ဒီကားလေးကတော့ထိုင်းဇွန်ဘီးကားတစ်ကားလို့ပြော ရင်မလွန်ပါဘူးရှေးခေတ်နန်းတွင်းခေတ်ကရွာတစ်ရွာရဲ့ ကူးစက်ရောဂါအကြောင်းကိုရိုက်ကူးထားတာပါ 1565 ခုနှစ်ကာလလောက်ကို နောက်ခံထား ရိုက်ကူးထားတာဖြစ်ပြီး IMDb 5.4 တောင်ရထားတာဆိုတော့ မဆိုးဘူးလို့ပြောရမှာပါပဲ ဇာတ်လမ်း အကျဉ်းလေးကတော့ တစ်ရွာလုံးကူးစက်ရောဂါဖြစ်ပြီးဇွန်ဘီးဖြစ်သွားတဲ့အခါကျန်ခဲ့တဲ့ မကူးစက်ရသေးတဲ့ လူတစ်စုအဲဒီရွာကနေဘယ်လိုလွတ် မြောက်အောင်ပြေးကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက် ကူးထားပါတယ်ထူးထူးဆန်းဆန်းကားလေးတွေစိတ်ဝင် စားတဲ့ပရိတ်သတ်တွေအကြိုက်ကားတစ်ကားလို့ပြော ရင်းဒေါင်းလိုက်ကြပါဦးလို့ (ဇာတ်လမ်း အညွှန်းကိုတော့ ကိုစိုးထွေးကရေးသားပေးခဲ့တာဖြစ်ပါတယ်)Download From Pcloud   Download Form V.I.P Link
movie
The Black Death (2015)
2015
The Creature Below (2016) 3.4
The Creature Below (2016) အိုလဗ် ဟာ ရေငုပ်ကျွမ်းကျင်သူ အမျိုးသမီး တစ်ဦးဖြစ်ပြီး အမြဲတမ်း စွန့်စားလိုတဲ့ စိတ်ဓါတ်ရှိသူ တစ်ဦးဖြစ်ပါတယ်... တစ်ရက်မှာတော့ အကောင်းဆုံးသော အကောင်းဆုံးများထဲမှ ကမ္ဘာပင်လယ်ဗဟို အနက်ဆုံးထိ စူးစမ်းရှာဖွေဖို့ ရေငုတ်ဝတ်စုံ တီထွင်သူ ဒါရာ  နှင့် ဆက်သွယ်ပြီး ဒါရာ တီထွင်ထားသော ရေငုပ် ၀တ်စုံဖြင့် ပင်လယ်၏ အလယ်ဗဟိုကိုသွားလိုကြောင်း သူမကို အလုပ်ခန့်ပါရန် တောင်းဆိုခဲ့ပါတယ်... ထိုနှင့် ကျွမ်းကျင် ပညာရှင် အိုလဗ် တစ်ယောက် ဒါရာ ၏ အကောင်းဆုံးသော ရေငုပ် စက်သစ်ကြီးဖြင့် ပင်လယ်၏ အနက်ရှိုင်းဆုံးသော နေရာသို့ ဆင်း၍ မျိုးစိတ်အသစ်များကို လေ့လာခဲ့ရာ မမြင်နိုင်သော တစ်စုံတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ် သို့ပေမယ့် ထို တိုက်ခိုက်ခံရမှုကို မေ့လျောသွားခဲ့ပြီး ထိုတိုက်ခိုက်ခံရသော အချိန်မှာ သူမ ဆီတွင် တစ်ခုခု ကပ်ညှိတွယ် ကျန်ခဲ့သည်ကို မသိခဲ့သောအခါ... ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Ye Kyaw Htet ဖြစ်ပါတယ်..============ Thit ...
movie
The Creature Below (2016)
2016