Channel Myanmar
Horror
Ghost Seeing Detective Cheo Yong Season 1 မြန်မာစာတန်းထိုး 8.0
Ghost Seeing Detective Cheo Yong Season 1 မြန်မာစာတန်းထိုး   IMDb rating 8.1 ရထားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ဂျီဟိုအိုး ကလည်း ပရိတ်သတ်ကြီးနဲ့ သိပ်စိမ်းမှာမဟုတ်ပါဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ရှုပ်ထွေးလှသော မှုခင်းများကိုလိုက်လံ စုံစမ်းဖော်ထုတ်ရင်း မမျှော်လင့်ပဲ တွဲဖက်သူငယ်ချင်းကိုဆုံးရှုံးထားရတဲ့ ရဲစုံထောက်ကြီးဟာ ပရလောက ဖြစ်ရပ်ဆန်းတွေနဲ့ ဆက်နွယ်လာတဲ့ အခါမှာတော့ ဘယ်လိုတွေများဖြစ်လာမလဲဆိုတာကို ပရိတ်သတ်ကြီး က ရင်ထိတ်သည်းဖိုကြည့်ရှူရမှာပါ Season 1 မှာစုစု ပေါင်း ၁၀ ပိုင်းရှိပြီး အကုန်လုံးကို တပါတည်းတင်ပေးလိုက်ပါတယ်ဗျ ဘာသာပြန်ကတော့ StarLet ဖြစ်ပါတယ်ဗျ Download ========================== Ep01 Ep02 Ep03 Ep04 Ep05 Ep06 Ep07 Ep08 Ep09 Ep10
movie
Ghost Seeing Detective Cheo Yong Season 1 မြန်မာစာတန်းထိုး
2014
Before I Wake (2016)
Before I Wake (2016) Before I Wake ဇာတ်ကားဟာ စက်တင်ဘာလ (၉)ရက်နေ့က ရုံတင်ပြသသွားတဲ့Drama , Fantasy, Horror ဇာတ်ကားအမျိုးအစားပါ။ဇာတ်လမ်းကတော့....သားတစ်ဦးကို ဆုံရှုံးခဲ့ရတဲ့ လူငယ်လင်မယားနှစ်ဦးဟာ မိဘမဲ့ ကလေးတစ်ဦးကို မွေးစားခဲ့ပါတယ်။အဲ့ဒီ ကလေးဟာ နေခင်းဘက်မှာ အကောင်းပကတိဖြစ်နေပေမယ့် ညဖက်ဆိုရင် ခန္ဓာကိုယ်တွေ လှုပ်ရှားသွားပြီးတစ္ဆေသရဲများကို မြင်တွေ့ရလေ့ရှိပါတယ်။တစ်နေ့တော့ သူ့ရဲ့အိမ်မက်တွေ အမှန်တကယ်လိုဖြစ်လာခဲ့ပြီးသူတို့ မိသားစုတွေ ထိတ်လန့်စရာကောင်းတဲ့ အရာများနှင့်ဘယ်လိုကြုံတွေ့ရမလဲဆိုတာ....။Superman Returns၊ Still Alice တို့ရဲ့ မင်းသမီးချော Kate Bosworth ဦးဆောင်ပါဝင်ထားပြီးIMDb Ratings 6.1 ထိရရှိထားပါတယ်။(Poe Thinzar Kyaw မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(800MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:36:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Before I Wake (2016)
The Shallows (2016) 6.3
The Shallows (2016) The Shallows (2016)IMDb - 6.3/10_____Rotten - 78%  ကျွန်တော်တို့ငယ်စဉ်ကကြည့်ရှု့ခဲ့ဖူးတဲ့ Jaw တို့ Deep blue sea တို့လိုဇာတ်ကားမျိုးကို ကြိုက်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားကိုသင်သေချာပေါက်နှစ်သက်မှာပါ ပုံမှန်ကြည့်နေကြဇာတ်ကားတွေနဲ့ ကွဲထွက်နေတာကတော့ လူတစ်ယောက်နဲ့ငါးမန်းတစ်ကောင်ပဲအဓိကပါဝင်ထားပါတယ် ဇာတ်လမ်းဖွဲ့စည်းပုံကရိုးစင်းလွန်းပြီး ရှင်သန်မူဆိုတဲ့အရာကိုပါးပါးလေးရိုက်ပြထားတာပါ  ဇာတ်လမ်းက- Nancyဆိုတဲ့ဆေးကျောင်းသူမိန်းကလေးတစ်ယောက်ဟာရေလွှာလျှောစီးရတာအလွန်ဝါသနာပါသူတစ်ယောက်ပါ သူမရဲ့အမေဟာလည်းရေလွှာလျှောစီးသမားကောင်းတစ်ယောက်ဖြစ်ပြီး သူမလေးစားအားကျရတဲ့သူတစ်ယောက်ပေါ့ မက္ကဆီကိုနိုင်ငံမှာရှိတဲ့လူသူအရောက်ပေါက်နည်းတဲ့ကမ်းခြေတစ်ခုကို သူမရဲ့အမေသွားခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင်ရောက်အောင်သွားပြီး ရေလွှာလျှောစီးဖို့သွားပါတော့တယ် ဟိုရောက်တော့သူမရဲ့ပျော်ရွှင်မူတွေကိုဖျက်ဆီးပစ်မယ့်အရာတစ်ခုမထင်မှတ်ပဲရောက်လာတဲ့အခါမှာတော့..... ???????????? (သိချင်ရင်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဗျာ spoiled ဖြစ်သွားမှာစိုးလို့) Action, Horror, Thriller အမျိုးအစားပါ IMDB မှာ 6.3 တောင်ရထားတယ်ဆိုတော့ ကြည့်မကောင်းမှာတော့ပူစရာမလိုပါဘူး (ps-မင်းသမီးကကျွန်တော်တို့ Deadpool မင်းသားကြီး Ryan Reynolds ရဲ့ ချစ်ဇနီးချောလေးဖြစ်ပါကြောင်း)။   Review Credit>>> Phyothu Aung's FB (ဒီဇာတ်ကားကို Myominthu Thanmyint မှ ဘာသာပြန်တင်ဆက်ထားတာပါ။)      File size…(2.09GB) Quality…HEVC 1080p Format…mp4 Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant 
movie
The Shallows (2016)
2016
Phobia (2016) ျ 7.0
Phobia (2016)ြ   IMDb 7.0 ရထားတဲ့ Thrill ဘောလိဝုတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးက တော့ အရင် အတိတ်ဘ၀ကဖြစ်ပျက်ခဲ့တာတွေကို စိတ်စွဲလန်းပြီး ဥပါဒ်ဒဏ်ကြောင့် ဥပါတ်ရောက်ဆိုသလိုပဲ စိတ်ထင်ရာကိုစွဲလန်းမိပြီး မဖြစ်သင့်တာတွေဖြစ်ပျက်ရပုံတွေကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ကောင်မလေးတယောက်ဟာ ပါတီပွဲတစ်ခုမှာ အပြောင်အပျက် သူမဟာ အရင်ဘ၀က ခွေးဖြစ်ခဲ့ပြီး မထင်မှတ်ထားပဲ ကားကြိတ်ခံရပြီးသေဆုံးခဲ့ကြောင်း မယုံလျှင် လည်ပင်းမှာ အရင်ဘ၀က အမှတ်အဖြစ် ကားကြိတ်ခံခဲ့ရသော ဒဏ်ရာကို အမှတ် အဖြစ်တွေ့မြင်နိုင်ကြောင်းပြောကြားပြီး နောက်ပြောင်ခဲ့ရာမှ ထို အရာတွေဟာ တကယ်ပဲဖြစ်ပျက်လာလေ မလားဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာဖြစ်ပါတယ်Download On Vip Link 720p/360p
movie
Phobia (2016)ြ
2016
Lights Out (2016) 6.3
Lights Out (2016)   ၂၀၁၆ မှာ နာမည်ကြီးနေတဲ့ Lights Out ကို တင်ပေးထားပါတယ်။ IMDb 6.7 ရထားတဲ့ သရဲကားပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ကြာချိန်က ၈၀ မိနစ်ကျော်လေးပါပဲ။ ဒါပေမယ့် Horror ကြိုက်သူတွေအတွက် ကျေနပ်မှုပေးပါလိမ့်မယ်။ အသံ၊ ညမြင်ကွင်း၊ ရိုက်ကွက်တွေက အတော်ကို ကောင်းမွန်ပါတယ်။ Conjuring အပြီးနောက်ပိုင်း ဘာနဲ့ထပ်ကြောက်ရမလဲ ရှာနေတဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖအေတူ မအေကွဲ မောင်နှမ နှစ်ယောက်မှာ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ရှိနေပါတယ်။ သူဟာ အမြဲလိုလို ဘာမှန်းမသိတဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတတ်တာပါပဲ။ အဲဒီတစ်စုံတစ်ယောက်ကို စုံစမ်းဖော်ထုတ်ဖို့ သူ့ဆီကနေဖယ်ရှားဖို့ ကြိုးစားသူတိုင်းအတွက် အန္တရာယ်အကြီးအကျယ် ကျရောက်လာတဲ့အခါ....... Horror ကြိုက်တတ်တယ်၊ မကြောက်တတ်ဘူး သို့မဟုတ် ကြောက်ချင်တယ်ဆို ညဖက်မှာ တစ်ကိုယ်တည်း မီးလေးပိတ်ပြီးကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File Size : 600 MB Duration : ...
movie
Lights Out (2016)
The Neon Demon (2016)
The Neon Demon (2016) Model ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ Log Angeles ကို ရောက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ထားတဲ့ဇာတ်။ LA ရဲ့ ဖက်ရှင်လောကကြီးထဲက နေရာ (၁)နေရာရပ်တည်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် မနာလိုဖြစ် ကြတာတွေ၊ အထီးကျန်ရတာတွေ၊ ပြိုင်ဆိုင်ရတာတွေကို အမြင်ဆန်းဆန်းရိုက်ချက်လေးတွေနဲ့ မီးမောင်းထိုးပြထားတာပါ။ အသက်(၁၆)နှစ်ပြည့် မွေးနေ့ကျင်းပပြီးတာနဲ့ LA ကိုရောက်လာတဲ့ အပြစ်ကင်းဖြူစင်တဲ့ ချာတိတ်မလေးတစ်ယောက်၊ အလုပ်မဖြစ်ခင်တော့ မင်းသား Keanu Reeves ရဲ့ မိုတယ်အပေါစားလေးမှာတည်းရင်း ဘယ်လိုရုန်းကန်ရမှာလဲ... သူမရဲ့ငယ်ရွယ်နုပျိုမှုနဲ့ ဘာတွေကိုအရယူပြီး ထိပ်ဆုံးရောက်အောင် ကြိုးစားမလဲဆိုတာ.....။Keanu Reeves နဲ့ Elle Fanning တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာ Nicolas Winding Refn ရဲ့ လက်ရာကားကောင်းတစ်ခုပါပဲ။ Drive ဇာတ်ကားတုန်းကလို ဘယ်လိုရသအသစ်တွေ ပေးအုံးမလဲဆိုတာ ကြည့်လိုက်ကြပါအုံးနော်။(ရုပ်ရှင်အညွှန်းကို people.com.mm မှကူးယူဖော်ပြပါသည်။)File size…(900MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Neon Demon (2016)
Ju-on: The Final Curse (2015) မြန်မာစာတန်းထိုး 4.3
Ju-on: The Final Curse (2015) မြန်မာစာတန်းထိုး မိတ်ဆွေ သင်သိပါသလား Ju-on ဇာတ်ကားတွေဟာ ဂျပန်ရုပ်ရှင်သမိုင်းမှာ ကြောက်စရာအကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာကို မိတ်ဆွေသင်သိပါသလား ဟောလိဝုဒ်ရဲ့ ကြောက်စရာကောင်းလှပါပြီဆိုတဲ့ သရဲကားတွေဟာ JU-ONကို ကျောရိုးယူပြီး ရိုက်ထားတယ်ဆိုတာကို ဒီဇာတ်ကားက Ju-onဇာတ်ကားတွေရဲ့ နောက်ဆုံးကားပါ ကလေးလေးကအစပြုခဲ့တဲ့ Ju-onကျိန်စာဟာ နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပါတယ် ဒီကားကတော့ Ju-onကျိန်စာရဲ့ အဆုံးသတ်လို့ပြောရမယ့်ကားပါ ကဲအညွှန်းတိုတိုပဲရေးပေးတော့မယ် ကြည့်မယ့်သူဖီးလ်းပျက်သွားမှာစိုးလို့ပါ အခြေခံပညာကျောင်းမှာ စာသင်နေရင်း ပျောက်ဆုံးသွားတဲ့ Yui Shonoကို သူရဲ့အမ Maiက လိုက်ရှာပါတယ် မကြာခင် Teriyakiအိမ်ထောင်စုက သူရဲ့ညီမ ဘာဖြစ်သွားခဲ့တယ်ဆိုတာ Maiကိုပြောပြလိုက်ပါတယ် အဲ့ဒါကြောင့် Maiက Ju-onရဲ့အမှောင်လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး အားလုံးအတွက် ကျိန်စာကို တခါထဲနဲ့ အဆုံးသတ်ဖို့ ကြိုးစားရမှာပါ (review credit to www.khitmarket.com) File size…(680 MB) Quality…Bluray Rip Format…mp4 Duration….01:30:30 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thanhtike ZawDownload Here (680 MB) Download ...
movie
Ju-on: The Final Curse (2015) မြန်မာစာတန်းထိုး
2015
Senior (2015) 6.4
Senior (2015)  ထိုင်းသရဲကားလေးတစ်ကားနဲ့ပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်အလွန်ကိုကောင်းမွန်ပြီးသေသေသပ်သပ်ရိုက်ကူးထားတဲ့သရဲကားကောင်းလေးတစ်ကားပါပဲလူနဲ့သရဲကားကချစ်ခြင်းမေတ္တာကိုဖော်ကြူးထားတဲ့ကားတစ်ကားဆိုလည်းမမှားပါဘူးလူသတ်မှုတစ်ခုကိုစုံစမ်းဖော်ထုတ်ဖို့ကြိုးစားတဲ့ကောင်မလေးတစ်ယောက်နဲ့ဝိဥာဏ်ကောင်လေးတို့ရဲ့ကြုံ လာရမယ့်အခက်အခဲတွေအန္တ္တရယ်တွေကိုသူတို့နစ်ဦးဘယ်လိုကျော်ဖြတ်မလဲအခက်အခဲတွေကြားကတစ်ဦးကိုတစ်ဦးစာနာမှုမေတ္တာတရားကိုဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နောက်ဆုံးမှာမထင်မှတ်တဲ့လှည့်ကွက်လေးတွေနဲ့ဘာဆိုဘာမှပရိတ်သတ်တွေမခန့်မှန်းနိင်အောင်သေသေသပ်သပ်ရိုက်ကူးထားတဲ့ဒီဇာတ်ကားလေးကိုကျွန်တော်တို့ Channel Myanmar မိသားစုကနေပရိတ်သတ်တွေအတွက်အကောင်းဆုံးတင်ဆက်ပေးလိုက်ပါတယ်(ဇာတ်လမ်းအညွန်းကို Soe Htwe မှ ရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Yun Sandi ပဲဖြစ်ပါတယ်) File size…(772MB) Quality…BR-Rip 720p Format…mp4 Duration….01:44:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie
Senior (2015)
2015
The Thing (2011) 6.2
The Thing (2011) The Thing (2011)_______IMDb - 6.2/10ဒီကားကတော့ သိပ္ပံသည်းထိတ်ရင်ဖိုဇတ်ကားတစ်ကားဖြစ်ပါတယ် ရေခဲပြင်ထဲကိုယာဉ်ကြီးတစ်စင်းပျက်ကျခဲ့တယ် အဲ့ဒီ့ယာဉ်ရဲ့အချက်ပြတစ်ခုဟာ သိပ္ပံပညာရှင်တွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့တယ် ဒါ့ကြောင့် ပညာရှင်အသီးသီးစုပေါင်းပြီး ယာဉ်ပျက်ကြီးကိုစူးစမ်းရှာဖွေမှုအစီအစဉ်စခဲ့တယ် ယာဉ်ပျက်ကြီးဆီရောက်တဲ့အချိန်မှာ အံအားသင့်စရာတွေကဆက်တိုက်ဖြစ်နေခဲ့တယ် ရေခဲတုံးထဲမှာ ဂြိုလ်သားလို့ယူဆရတဲ့အကောင်တစ်ကောင်တွေ့ခဲ့တယ် ပုံစံမပျက်စေဖို့အတုံးလိုက်ဖြတ်ပြီး ရေခဲပြင်မှာပဲရှိတဲ့သုတေသနစခန်းကိုယူလာခဲ့တယ် အားလုံးဟာ ဆက်လုပ်ရမဲ့သုတေသနအတွက် အတွေးကိုယ်စီ စိတ်ကူးကိုယ်စီတွေ ဆွေးနွေးရင်းပျော်နေခဲ့ကြတယ် ဒါပေမဲ့ အဲ့ဒီညမှာပဲ ရေခဲတုံးကြီးထဲက အကောင်ဟာ သိပ္ပံပညာရှင်အဖွဲ့ကို အန္တရယ်ဆိုးကြီးတွေကျရောက်စေခဲ့တယ် အသက်ကိုယ်ရန်ပြုစေတဲ့အပြင် လူသားတွေရဲ့ဇီဝဖြစ် စဉ်အသွင်းပြောင်းဟန်တွေပါလာခဲ့တယ် စာရေးဆရာ John W.camphbell ရဲ့ who goes there?စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ဖြစ်ပါတယ် JOEL EDGERTONနဲ့မင်းသမီးချော Mary Elizabeth Winstead တို့ကသရုပ်ဆောင်ထားပါတယ် တစ်ကားလုံးမှာ ဘယ်သူကအသွင်းပြောင်းသွားမလဲ ရန်ပြုနိုင်မလဲ ဒွိဟတွေနဲ့ အတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇတ်ကား မို့ခံစားကြည့်လိုက်ပါဦးလို့ (ဘာသာပြန်သူက တော. Myo Myint Maung ဖြစ်ပြီး ဇာတ်လမ်းအညွန်းကို ကို Phyo ...
movie
The Thing (2011)
2011
Demonic (2002) မြန်မာစာတန်းထိုး
Demonic (2002) မြန်မာစာတန်းထိုး ဒီကားလေးကိုကျွန်တော်ရယ်ကျွန်တော့်ညီလေးဂျွန်လရောင်ရယ်ပူးပေါင်းပြီးဘာသာပြန်ထားတာပါ အတော်လေးကြောက်ဖို့ကောင်းတဲ့စုန်းကားလေး တစ်ကားလို့ပြောပါရစေအလွန်လည်းကြည့်လို့ ကောင်းပါတယ်ဇတ်လမ်းကိုပြောရရင်တော့ခမာ တွေနဲ့ထိုင်း(အယုဒ္ဓယ)တို့စစ်မက်ဖြစ်ပွားရာကနေ စတင်ထားပါတယ်ထိုင်းတို့စစ်အောင်နိင်ပြီးခမာမင်း သမီးလေးသာယာဝတီကိုထိုင်းဘုရင်ထံဆက်သဖို့ ခေါ်ဆောင်လာချိန်လေးမှာဘုရင်ရဲ့စစ်သည်အမက် တစ်ဦးနဲ့မေတ္တာမျှမိသည့်သာယာဝတီဘုရင်ကြီးအ မျက်တော်ရှပြီးနစ်ဦးစလုံးကိုသုတ်သင်ရန်ကြိုးစား တဲ့အချိန်သာယာဝတီရဲ့အောက်လမ်းပညာရှင်အ ထိန်းတော်ကသာယာဝတီကိုဘယ်လိုကူညီမလဲ စုန်းတစ္ဆေအဖြစ်လူသားတွေနဲ့သာယာဝတီဘယ် လိုနေထိုင်နိင်မှာလဲဇတ်လမ်းအစအလည်အဆုံးပ ရိတ်သတ်တွေကိုပျင်းရိခြင်းမရှိပဲဆွဲခေါ်သွားမှာပါ သဲထိတ်ရင်ဖိုကြိုက်တဲ့ပရိတ်သတ်တွေလက်မလွတ် သင့်တဲ့ဇတ်ကားကောင်းလို့ညွန်းချင်ပါတယ်ဇာတ်ကား အညွှန်းနဲ့ ဘာသာပြန်ကတော့ ကိုစိုးထွေးနဲ့ မျိုးဇင် တို့ဘဲဖြစ်ပါတယ်Download & Watch  Download Small File From Youtube
movie
Demonic (2002) မြန်မာစာတန်းထိုး
Jeruzalem (2015) မြန်မာစာတန်းထိုး 4.7
Jeruzalem (2015) မြန်မာစာတန်းထိုး  ဒီကားဟာ first person မြင်ကွင်းအနေနဲ့တစ်ကားလုံးကြည့်ရှုရမှာဖြစ်ပြီး ထူးခြားတာကတော့  Handy Cam မဟုတ်ဘဲ Goolge Glass ကိုအသုံးပြုထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာ ရဲ့အမြင်ဘက်ကနေကြည့်ရမှာပါ။ အရင် As Above So Below ကြည့်ဖူးသူများကတော့အထူးအကြိုက်တွေ့မယ့်ဇာတ်ကာားမျိုးပါ။ IMDb rating ကတော့ 4.7/10 ဆိုပေမယ့် Horro ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်းကြည့်ရှူသူနည်းပါးလို့လို့ဘဲပြောပါရစေ။ဇာတ်လမ်းအညွှန်းပြောရရင် အကိုရင်းဆုံးသွားလို့ စိတ်ဓာတ်ကျနေတဲ့ ဆာရာ ကို သူ့သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ ရေချယ် ရဲ့  ဆွဲဆောင်မှုကြောင့်  အစ္စရေးနိုင်ငံ တဲလ်အဗစ်ကိုခါရီးထွက်ဖို့အကြောင်းဖန်လာပါတယ် ဖစ်ချင်တော့  လေယာဉ်ပေါ်မှာတွေ့ခဲ့ရတဲ့ သုတေသနကျောင်းသားလေး ကီဗင်နဲ့တွေ့ပြီး ကီဗင်  ရဲ့စည်းရုံးမှုကြောင့်  ခရီးစဉ်ပြောင်းကာ ဂျေရုစလင်မြို့ကိုရောက်သွားခဲ့ကြတယ် တိုက်ဆိုင်စွာ ယွန်းကစ်ပါ ဆိုတဲ့ဘာသာရေးပွဲတော်ကိုလည်း ကျင်းပနေတဲ့အချိန်ဖြစ်တာကြောင့်  ဂျေရုစလင်မြို့မှာလူစည်ကားလျက်လည်းရှိနေပါတယ် လည်ပတ်ရင်း ပျော်ရွှင်နေတဲ့သူတို့ တစ်နေ့မှာ ထူးထုက်ဆန်းဆန်းအကြောင်းအရာတစ်ခုနဲ့ကြုံတွေ့ရတဲ့အခါမှာတော့ ဘာတွေများဆက်ဖြစ်ပျက်အုံးမလဲဆိုတာကိုတော့ ဒေါင်းယူကြည့်ရှူကြပါဗျာ။(ဇာတ်ကားကို ဘာသာပြန် နဲ့ အညွှန်းကတော့ ညီလေး မိုးဦးမာန် ဖြစ်ပါတယ် ) အသည်းငယ်တတ်သူတေကတော့ Rrated အမျိုးအစားဖြစ်တာမို့ ...
movie
Jeruzalem (2015) မြန်မာစာတန်းထိုး
2015
Wrong Turn Movies (1+2+3+4+5+6) 6.1
Wrong Turn Movies (1+2+3+4+5+6)   2003 ခုနှစ်ကနေစပြီး 6 ကားတိတိ ထွက်ရှိခဲ့တဲ့ Wrong Turn ဆိုတဲ့ ဇာတ်ကားဟာSaw ဇာတ်ကားလိုမျိုးပဲအောင်မြင်မှုတွေရရှိခဲ့ပါတယ်..သည်းထိတ်ရင်ဖိုကိုမှ ကြည့်ချင်နေတဲ့ သူတွေအတွက်တော့ ဒီ Wrong Turn ဇာတ်ကား 6 ကားစလုံးဟာ ဒီအရသာကိုပြည့်ပြည့်ဝ၀ ပေးစွမ်းနိုင်စွမ်းရှိပါလိမ့်မယ်..ဒါပေမယ့် ကလေးသူငယ်များ နဲ့ နှလုံးရောဂါအခံရှိသူများ ကြည့်ရှုဖို့တော့အဆင်မပြေနိုင်ပါ ....။အခုတင်ပေးထားတဲ့ဒီခြောက်ကားစလုံးအတွက် ဒေါင်းရတာ အဆင်ပြေအောင် ဖိုင်ဆိုဒ်အကြီး ( အကြည် ) တင်ပေးထားပါတယ်..အဆင်ပြေမယ်လို့မျှော်လင့်မိကြောင်းပါအညွှန်းကိုရေးရမယ်ဆိုရင် တစ်ကားကိုတစ်ခု ရေးရမယ်ဖြစ်ပြီး Post အရမ်းရှည်သွားမှာ ဖြစ်လို့ ကိုယ်တိုင်ပဲ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ခံစားကြည့်ရှုကြပါ ;)( ဒီဇာတ်ကားအတွက်စာတန်းထိုးဖိုင်ကို ကသာသားလေးမှ ပြုလုပ်ပြီး ကို ကျော်စွာဝင်းမှ Encoding ပြုလုပ်ပါသည် ) 
movie
Wrong Turn Movies (1+2+3+4+5+6)
1920: London (2016) မြန်မာစာတန်းထိုး
1920: London (2016) မြန်မာစာတန်းထိုး
Dead Rising:EndGame (2016)မြန်မာစာတန်းထိုး 4.7
Dead Rising:EndGame (2016)မြန်မာစာတန်းထိုး ပထမတင်ပေးခဲ့တဲ့ Watch Tower ရဲ့အဆက် ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက ၄.၇ ရထားပါတယ်ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်... သတင်းထောက်သမားနှစ်ဦး က အမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့....ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ.... ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ....။
movie
Dead Rising:EndGame (2016)မြန်မာစာတန်းထိုး
2016
Dead Rising:Watch Tower(2015) မြန်မာစာတန်းထိုး
Dead Rising:Watch Tower(2015) မြန်မာစာတန်းထိုး ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက 5.2 ရထားပါတယ်ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်... သတင်းထောက်သမားနှစ်ဦး ကအမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့....ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ.... ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ....။File Size : 850 MB Quality : Blu ray 720P Running Time : 1hr 58 minute Format : Mp4 Genre : Action, Horror, Sci-fi Encoder : Joker.phs(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)
movie
Dead Rising:Watch Tower(2015) မြန်မာစာတန်းထိုး
Devil Seed(2012) 4.1
Devil Seed(2012) Devil Seed(2012) ဒီ Horror ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ကောလိပ်ကျောင်းသူချောလေး Alexပါ... ကျောင်းတွေအပြီးမှာ သူငယ်ချင်းတွေနဲ့အတူ Alex ဟာဆုံခဲ့ပါတယ်... တစ်ညတော့ သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ထွက်ပြီး သောက်ကြပျော်ကြပေါ့... အိမ်အပြန်လမ်းမှာ သူမတို့ သူငယ်ချင်းတစ်စုဟာ စိတ္တဇပညာရှင်လိုလူဆီကိုရောက်သွားကြတယ်.. ထူးဆန်းတာက  Alex ဟာ အဲ့ဒီပညာရှင်ကို အိပ်မက်ထဲမှာလို အပြင်မှာလိုလိုမြင်ဖူးနေတယ်... နောက်နေ့ကျတော့ အဲ့ဒီညကဖြစ်ခဲ့တာတွေကို Alex ဟာ ဘာကိုမှမမှတ်မိတော့ဘူး...သူငယ်ချင်းတွေလည်း စိုးရိမ်ထိတ်လန့်နေတယ်...ဘာလို့ဆို Alex ရဲ့ ကိုယ်မှာ ကုတ်ရာခြစ်ရာ ဗရာပွနဲ့ ..ဒါ့အပြင်ထူးဆန်းတဲ့အရာတွေလည်း ဆက်တိုက်ဖြစ်ခဲ့တယ်...Alex ကိုယ်တိုင်ပဲ သူ့ကိုယ်သူ ထိန်းချုပ်လို့မရဖြစ်နေတယ်...Alex ဘာတွေဖြစ်နေလဲ သူ့ရဲ့ သူငယ်ချင်းတွေကလည်း ဘယ်လိုရင်ဆိုင်ပြီးဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် JtheKoala မှရေးသားပေးထားပါတယ်...File Size : (750 MB) and (285 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Devil Seed(2012)
2012
Make Me Shudder (2013) 4.9
movie
Make Me Shudder (2013)
2013