Channel Myanmar

Horror

Primbon (2023) 5.3
Primbon (2023) Primbon (2023)ထုံးတမ်းထလေ့ အယူအဆတွေ ဘေးလူတွေရဲ့ ပြောစကားကို နားမထောင်မယုံကြည်တတ်တဲ့ မိသားစုလေး သဘာဝလွန် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ရာနာ တစ်ယောက်သူ့အမေအတွက် မွေးနေ့လက်ဆောင်လုပ်ပေးဖို့ တောစပ်ထဲကိုထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ပတ်အကြာ အားလုံးက သေပြီလို့မှတ်ယူထားတဲ့ ရာနာတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး မိသားစုအတွင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ။ ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုာကို သည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စွာကြည့်ရှုရမယ့် မိသားစု သရဲရုပ်ရှင်‌လေးဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ်Genre..... Drama, Horror Quality…. 1080p | 720p File size… 874MB | 476MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Primbon (2023)

2023
Horny Teenagers Must Die! (2024)
Horny Teenagers Must Die! (2024) Horny Teenager Must Die 2024မိသားစုနဲ့အတူ မကြည့်ရှုသင့်သော ဇာတ်ဝင်ခန်းများ စကားပြောများ ပေါများစွာပါဝင်သည့် R rated ရုပ်ရှင်ဖြစ်ပါသည်…ယခုတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ လုံးဝကို လန်းတဲ့ Horror လူသတ်ကားလေးပဲ ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ တောအုပ်ကြီးထဲ အိမ်ဟောင်းကြီးတစ်လုံးကို ဘော်ဒါတွေစုပြီးသွားကြပြီး လူသတ်သမားက ရှယ်လိုက်သတ် အကုန်လုံးပြေးကြလွှားကြနဲ့ ရင်တထိတိထိတ်ဖြစ်ရတဲ့ ခံစားချက်မျိုးကို ပြန်ရစေမှာပါဇာတ်လမ်းအကျဉ်းကတော့ ဟုတ်ပါတယ် သူငယ်ချင်းတွေ စာမေးပွဲအောင်စာရင်းထွက်တော့ တောအုပ်ထဲက အပန်းဖြေအိမ်လေးကို အပျော်ခရီးထွက်လာကြပြီး ရေချိုးခန်းမရှိ အိမ်သာမရှိ ဖုန်းလိုင်းပါပျောက်နေပေမဲ့ ကြင်နာရမဲ့ စုံတွဲလေးတွေပါလာတဲ့သူတွေကတော့ မိုးမမြင်လေမမြင်ကို ချစ်ကြည်နူးနေပါတယ် အဓိကမင်းသား ဒရူးကတော့ သူ့ကောင်မလေးက အပျိုစင်လေးမို့ အဆင့်တက်ဖို့ အကြံနဲ့ သု့စော်ကိုရော သူ့စော်သူငယ်ချင်းကိုပါ ခေါ်လာတာပါ အဲ့မှာပဲ ထူးဆန်းတဲ့လူပျောက်တာတွေ လူသေတာတွေဖြစ်လာတဲ့အခါ သူတို့ကိုအမဲလိုက်နေတာ ဘယ်သူလဲ ဘာလို့ဒီလိုလုပ်နေတာလဲ စတဲ့အဖြေများစွာကို ရင်တထိတ်ထိတ်နဲ့ ရှာဖွေခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai Thurein ...
movie

Horny Teenagers Must Die! (2024)

2024
Master Qianhe ( 2024 ) 5.8
Master Qianhe ( 2024 ) တရုတ်မိစ္ဆာနှိမ်နင်းတဲ့ ဇာတ်လမ်းကို ကြိုက်တဲ့သူတွေအတွက် Mister Qianhe ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်ဦးပိုင်းမှာ တိုင်းပြည်မတည်ငြိမ်တဲ့အတွက် ဓားပြတွေလည်း အလွန်သောင်းကျန်းနေပါတယ်။ ချန်းဟဲ့ဆရာကြီးလုံစန်းဟာ မြောက်ပိုင်းနယ်စပ်မှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုပြီး ဆရာတူညီမလေးမှ အကူအညီတောင်းခဲ့တဲ့အတွက် ရထားစီးပြီး နယ်စပ်ကို ထွက်ခဲ့ပါတယ်။လမ်းတစ်ဝက်မှာ ဓားပြတိုက်ခံရပြီး ဟွမ်မြောင့်ရွာမှာ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့ ရှန်းအာကို ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝူးလန်မြို့အတွင်းမှာ ပျောက်ဆုံးသွားတဲ့ လက်နက်တွေကို ရှာဖို့အတွက် မြေအောက်မှာ ပိတ်ခံထားရတဲ့ မိစ္ဆာတွေကို ကယ်တင်ပေးခဲ့ပါတယ်။လုံစန်းရဲ့ သတင်းကို ဝူလန်မြို့က တပ်ချုပ်ကြီးက ကြားသိခဲ့ရပြီး မြို့ထဲမှာနေတဲ့ အပျိုလေးတွေကို ဖမ်းဆီးဒုက္ခပေးနေတဲ့ မြေခွေးမိစ္ဆာကို ရှင်းလင်းဖို့ ခိုင်းစေခဲ့ပါတယ်။ မြေခွေးမိစ္ဆာနဲ့ တွေ့တဲ့အခါမှာတော့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရပါတယ်။လုံစန်းတစ်ယောက် အဲ့ဒီလျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖြေရှင်းမလဲ...... လူနဲ့ မိစ္ဆာမှာ ဘယ်သူကအကောင်း ဘယ်သူက အဆိုးလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Thirller , Mystery Runtime ...
movie

Master Qianhe ( 2024 )

Lord of Misrule (2023) 5.1
Lord of Misrule (2023) Lord of Misrule (2023)ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ...
movie

Lord of Misrule (2023)

2023
Project Dorothy (2024) 6.3
Project Dorothy (2024) 2024 မှာမှထွက်ရှိထားတဲ့ Project Dorothy ဆိုတဲ့ Sci-Fi, Horror, Thriller ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ဟာ ဓားပြတိုက်ပြီးထွက်လာရာမှာ ရဲတွေလက်ကလွတ်အောင် ရှောင်ပုန်းဖို့လိုအပ်လာပါတယ် အသက်ကြီးနေပြီဖြစ်တဲ့ ဂျိမ်းစ်ရဲ့ခြေထောက်မှာလည်း သေနတ်မှန်ထားတာကြောင့် အဆောက်အအုံပျက်ကြီးတစ်ခုမှာ ပုန်းခိုဖို့ဝင်လိုက်ပါတယ်သူတို့နောက်ကလိုက်လာတဲ့ရဲတပ်သားဟာ ထိုအဆောက်အအုံထဲကိုသူတို့ဝင်သွားတာဖြစ်နိုင်ကြောင်း စခန်းကိုအစီရင်ခံတဲ့အခါ စခန်းကရဲမေမှ ထိုအဆောက်အအုံဟာကန့်သတ်နယ်မြေဖြစ်တာကြောင့် ဝင်မသွားဖို့ သတိပေးဟန့်တားပါတယ် အဲ့ဒါကြောင့် အဲ့ရဲလည်းလှည့်ပြန်လာခဲ့ပါတယ်ဒါပေမဲ့ ဘာမှမသိဘဲ အထဲကိုဝင်သွားခဲ့တဲ့ ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ရော အဲ့အဆောက်အအုံကြီးထဲမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲ... အဲ့အဆောက်အအုံကြီးကို ဘာလို့ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတာလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ  File size…(1.5 GB)/(794 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by RubyJane
movie

Project Dorothy (2024)

Wayang Puaka (2023)
Wayang Puaka (2023)  ဒီတစ်ခါမှာတော့ CM ရဲ့ Horror ပရိတ်သတ်ကြီးများအတွက်မလေးရှား သရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားနာမည်က မြန်မာလိုဆိုရင်တော့"သရဲခြောက်တဲ့ရုပ်ရှင်ရုံ" ပါတဲ့။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဟက်တာလို့ခေါ်တဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းတစ်စုက အာနိုမာလီလို့ခေါ်တဲ့Ghost hunting YouTube channel တစ်ခုထောင်ထားကြပါတယ်။မလေးရှားနိုင်ငံအတွင်းက သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့နေရာတွေကိုသွားပြီး သရဲရှာတာမျိုးကို ရိုက်ကူးတင်ဆက်တဲ့Channel မျိုးပေါ့။ အဲ့ channel က နာမည်ရလာခါစအချိန်မှာအာနိုမာလီအဖွဲ့သားတွေက လူငယ်တွေဖြစ်တဲ့အလျှောက်သဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာကိစ္စအဝဝတွေကြောင့်အဖွဲ့ပျက်သွားခဲ့ပါတယ်။ အာနိုမာလီအဖွဲ့ကိုစတည်ထောင်တဲ့ဟက်တာတစ်ယောက်တည်းကပဲ ရိုက်ကူးရေးတွေဆက်လုပ်ရင်းတစ်နေ့မှာတော့ ရုတ်တရက်ပျောက်ဆုံးသွားပါတော့တယ်။ အာနိုမာလီအဖွဲ့သားဟောင်းတစ်ဖြစ်လဲ ဟက်တာရဲ့ညီဖြစ်သူ အာဖစ်ကဟက်တာရဲ့ Laptop ထဲကို ဝင်ကြည့်တဲ့အခါမှာ ဟက်တာနောက်ဆုံးသွားခဲ့တဲ့နေရာဟာ သရဲခြောက်တဲ့ရုပ်ရှင်ရုံဆိုတာကိုသိသွားပြီးအာနိုမာလီအဖွဲ့သားဟောင်းတွေနဲ့ အဲ့နေရာကိုသွားရောက်ရိုက်ကူးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီဇာတ်ကားက Found footage horror movie မျိုးဖြစ်တဲ့အတွက်သူတို့ရဲ့ရိုက်ကူးရေးကင်မရာတွေ Cctvကင်မရာတွေ web camတွေစတဲ့ ကင်မရာ footageမြင်ကွင်း တွေကိုတင်ဆက်ထားတာမို့ပိုပြီး သဘာဝကျတဲ့ခံစားမှု‌မျိုးကိုပေးစွမ်းနိုင်မှာပါ။ Horror movieမှာဆိုအဆင့်အတန်းတစ်ခုရှိတဲ့ ‌မလေးရှားသရဲကားဖြစ်တဲ့အတွက် horrorအရသာကိုကောင်းကောင်းပေးနိုင်မယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.13 GB / ...
movie

Wayang Puaka (2023)

The Nightmare (2015) 5.7
The Nightmare (2015) The Nightmare (2015) ==================တီနာဟာ ဘားသွား၊ကလပ်တက်၊ဆေးချ၊ဘီယာသောက်၊ပါတီကဲ ဘက်စုံတော်တဲ့ကောင်မလေးပါ။ ကျောင်းသူဘဝကို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သူ့နည်းသူ့ဟန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ ပါတယ်။ အဲဒီနေ့မတိုင်ခင်ထိပေါ့...။တစ်နေ့ကျ ရေကူးကန်ပါတီတစ်ခုကအပြန် ကားတစ်စီးဝင်ကြုံးတာ ခံလိုက်ရပြီး အဲဒီအချိန်ကစလို့ သူ့ဘဝကြီးပြောင်းလဲခဲ့တော့တာပါပဲ။ ခြေကျိုးလက်ကျိုးဒုက္ခိတဖြစ်တယ်လို့မထင်လိုက်ပါနဲ့။ သူနဲ့ စိတ်ချင်း ဆက်သလိုဖြစ်နေတဲ့ သတ္တဝါတစ်ကောင်ကို မြင်မြင်နေရတာပါ။ အဲဒီ သတ္တဝါနာရင် သူပါနာတယ်၊ အဲဒီသတ္တဝါသွေးထွက်ရင် သူပါလိုက်ပြီး သွေးထွက်တယ်။အဲဒီသတ္တဝါကို တခြားလူတွေကလည်းမမြင်ရတော့ သူ့ရဲ့ပြောင်းလဲ လာတဲ့ရူးကြောင်ကြောင် အပြုအမူတွေကြောင့် စိတ်ကျန်းမာရေး ဆေးရုံကိုပါ ပို့ခံထိတော့မလိုပါ။ တီနာတစ်ယောက် အဲဒီထူးဆန်းတဲ့ သတ္တဝါနဲ့ ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။(ပါဝင်သောဇာတ်ဝင်ခန်းတချို့ကြောင့်ကလေးသူငယ်များကြည့်ရှုရန်မသင့်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.56 GB) / (557 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Horror Translator.......Ngwe Zin Encoder..........SWM
movie

The Nightmare (2015)

2015
Lot No. 249 (2023) 5.9
Lot No. 249 (2023) ဒီဇာတ်ကားလေးကတော့ 1892 မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ Horror Short Story လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.စမစ်ဟာ Oxford မှာ ဆေးပညာကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ သူနဲ့ တစ်ဆောင်တည်းနေတဲ့ ဘယ်လီဂန်ကတော့ အီဂျစ် ရှေးဟောင်းသုတေသနတွေကို လေ့လာနေတဲ့သူပေါ့။ ဘယ်လီဂန်တစ်ယောက် သတိမေ့နေတာကို စမစ် သွားရောက်ကုသပေးတဲ့အချိန် ဘယ်လီဂန်ရဲ့ အခန်းထဲမှာ မံမီတစ်ကောင်ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Oxford ကျောင်း ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့အရာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် File size…(384 GB)/(146 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:29:00 Genre...Horror, TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban 
movie

Lot No. 249 (2023)

The Outwaters (2022) 4.0
The Outwaters (2022) Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ...
movie

The Outwaters (2022)

Wolfkin (2022)
Wolfkin (2022)  Twilight လိုသမန်းဝံပုလွေကားမျိုးတွေကိုကြိုက်တဲ့သူတွေအတွက်Wolfkin ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.5 ရရှိထားပြီး ကြည့်ရတာမဆိုးဘူးလို့ပြောလို့ရပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ တခမ်းတနားရိုက်ကူးထားတာမျိုးတော့မဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုးတာမို့လက်ခံလို့ရတဲ့အနေအထားတစ်ခုမှာတော့ရှိပါတယ်။ယောက်ျားထားသွားတာကိုခံခဲ့ရပြီးနောက်မှာ အီလိန်းကသူ့ရဲ့သားလေးဖြစ်တဲ့ မာတင်နဲ့ အမေတစ်ခုသားတစ်ခုပဲ ကျန်ခဲ့ပါတော့တယ်။ငွေကြေးမပြည့်စုံတဲ့အပြင် မိဘတွေပါမရှိတော့တဲ့အီလိန်းအတွက်ကလေးတစ်ယောက်ကို သူတစ်ယောက်တည်းပြုစုပျိုးထောင်ပေးဖို့ဆိုတာကခက်ခဲခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ ကျောင်းမှာ မာတင်ကတခြားကလေးတွေနဲ့ရန်ဖြစ်တဲ့အခါမှာတော့ ကျောင်းကခေါ်တွေ့တာတွေလည်းခံခဲ့ရပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်းချင်းအခြေအနေပိုဆိုးလာပြီးမာတင်လည်းကလေးတစ်ယောက်အနေနဲ့ အရမ်းစိတ်ညစ်နေတဲ့အခါမှာတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် သူ့အဖေဘက်ကအဖိုးအဖွားတွေဆီအတူတူသွားခဲ့ကြပါတော့တယ်။ဟိုရောက်တဲ့အခါမှာတော့ သူတို့သားမှာမာတင်လေးရှိနေတာကိုသိတောင်မသိခဲ့ပေမဲ့ အီလိန်းတို့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီအိမ်မှာနေရင်းနဲ့မှထူးဆန်းတဲ့အရာတွေကြုံတွေ့လာပြီး မာတင်လဲတဖြည်းဖြည်းနဲ့ထူးဆန်းလာတဲ့အခါမှာတော့ သူတို့မသိနိုင်တဲ့ဘယ်လိုနက်နဲ ထူးဆန်းတဲ့အရာတွေရှိနေမယ်ဆိုတာကို လျှို့ဝှက်နက်နဲစွာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.11 GB / 503 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Wolfkin (2022)

Count Magnus (2022)
Count Magnus (2022) " A ghost story for christmas count magnus " ဆိုတာ Horror အမျိုးအစားဇာတ်လမ်းတိုလေးဖြစ်ပါတယ်။1863 ခုနှစ်ဆွီဒင်မြို့က‌လေးဟာ လူသိပ်မသိကြဘဲ လာလည်တဲ့လူ သိပ်မရှိတဲ့ဒေသလေးဖြစ်ပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့ မစ္စတာဝက်စ်ဟောက လမ်းမှားရင်းဆွီဒင်ကိုရောက်သွားပြီး အဲ့ဒီက မျိုးရိုးမြင့် ဒယ်လာဂါဒီဆိုတဲ့မိသားစုရဲ့ဘိုးဘေး ကွယ်လွန်သွားပြီဖြစ်တဲ့မြို့စားမင်းကြီးရဲ့အကြောင်းကိုသိချင်မိပြီး သူဘာတွေများအောင်မြင်ခဲ့သလဲ ဘယ်လိုအရာမျိုးတွေလုပ်တတ်တဲ့လူမျိုးလဲဆိုတာကို ရိုးရိုးသားသားသိချင်စိတ်နဲ့ လိုက်လံပြီးစုံစမ်းစပ်စုမိရာကနေ နောက်ဆုံးမှာ မစ္စတာဝက်စ်ဟောတစ်ယောက်ဟာ တန်ကြေးကြီးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ File size…(465 MB)/(189 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:32:00 Genre... Horror, Tv Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris 
movie

Count Magnus (2022)

Adalynn (2023)
Adalynn (2023)  " Adalynn " ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိထားပြီး Horror mystery အမျိုးအစားဖြစ်ပါတယ်။ကိုယ်ဝန်တစ်ခေါက်ပျက်ကျခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ဒုတိယကလေးနဲ့သူမကိုယ်တိုင်အသက်ရှင်နိုင်ဖို့အတွက် စိတ်ကျရောဂါတွေ ပူဆွေးသောကတွေနဲ့ အတွင်းစိတ်တစ္ဆေ ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ။ သူမယောကျာ်းအလုပ်ခရီးသွားပြီး သူမနဲ့မွေးကင်းစကလေးငယ်လေးနှစ်‌ယောက်ထဲ အိမ်ထဲမှာကျန်ခဲ့တုန်း သူမကိုစိတ္တဇဖြစ်အောင်လုပ်နေတဲ့အရာဆီကနေ အနိုင်ရနိုင်ဖို့မိခင်တစ်ယောက်ဟာသူမရဲ့ကလေးဖြစ်သူနဲ့ဘယ်လို ရုန်းကန်မလဲဆိုတာကြည့်ရမယ့် Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(514 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Horror Mystery, Drama. Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris 
movie

Adalynn (2023)

Kajiman: Iblis Terkejam Penagih Janji (2023) 7.4
Kajiman: Iblis Terkejam Penagih Janji (2023) Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Kajiman: Iblis Terkejam Penagih Janji (2023)

2023
The Vampire Next Door (2024) 4.4
The Vampire Next Door (2024) ဒီတစ်ခေါက်မှာတော့ ဒီနှစ်မှာမှ ထွက်ရှိထားတဲ့ Horror ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကမ်မရွန်က အနေအေးတဲ့ introvert လေးတစ်ယောက်ဖြစ်ပြီး လှပ ဆွဲဆောင်မှုရှိတဲ့ ဒိုင်ယန့်ကို အထက်တန်းကျောင်းကတည်းက ကြိတ် crush နေရသူပါ။ ဒိုင်ယန့်ကို သဘောကျပေမဲ့ ဖွင့်မပြောဖြစ်ဘဲ သူငယ်ချင်းစည်းထဲမှာပဲ နေနေရာကနေ သူ့ဘေးအိမ်ကို ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီကောင်မလေးက တကယ်တမ်း ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ပါ ပတ်သက်ဆက်နွယ်လာခဲ့ချိန်မှာတော့...ကမ်မရွန်တစ်ယောက် crush အလှလေးဒိုင်ယန်နဲ့ အိမ်နီးချင်း အကိတ်ဗန်ပိုင်းယား မမ နှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာနဲ့ ဘေးအိမ်ကဗန်ပိုင်းယားက သူနဲ့ဒိုင်ယန့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(861 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily
movie

The Vampire Next Door (2024)

Night Swim (2024)
Night Swim (2024) Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။  ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ‌ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆို‌တော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး ...
movie

Night Swim (2024)

2024
4K HEVC
Spring Lakes (2023) 4.6
Spring Lakes (2023) (function(f,b,n,j,x,e){})();ဒီတစ်ခါမှာတော့ 2020ကထွက်ရှိခဲ့တဲ့ Spring Lakes ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တစ်နေ့မှာ မားကတ်စ်ဆီကို မယ်ရီကဖုန်းဆက်ပြီး မားကတ်စ်ရဲ့ညီမရှီလာပျောက်ဆုံးနေတာငါးရက်လောက်ရှိပြီလို့ပြောလာပါတယ် မားကတ်စ်တစ်ယောက် မယ်ရီရဲ့အိမ်ကိုသွားပြီး မေးမြန်းတဲ့အခါ ရှီလာကသူ့ရည်းစားရိုင်းလီနဲ့အတူ Spring Lakes ကို စခန်းချခရီးထွက်သွားတယ်လို့ပြောပါတယ် အဲ့ဒီSpring Lakes ဆိုတဲ့တောအုပ်ဟာ ဒဏ္ဍာရီဆန်ဆန်ရှီနေပြီး အဲ့ထဲကိုဝင်သွားတဲ့သူတိုင်း ပြန်ထွက်လာလို့မရဘူးဆိုတဲ့ ဆိုရိုးစကားလည်းရှိနေပြန်ပါတယ် မားကတ်စ်တစ်ယောက် အဲ့ဒီကိုသွားတဲ့သူ့ညီမကိုရှာဖို့ သူကိုယ်တိုင် Spring Lakes တောအုပ်ကိုလိုက်သွားရပါတော့တယ်အဲ့ဒီSpring Lakes မှာဘာတွေရှိနေမလဲ သူ့ညီမကရောဘယ်မှာလဲ မယ်ရီကရော ထိုတောအုပ်ကြီးနဲ့ ဘယ်လိုပက်သက်နေမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ  File size…(1.29 GB)/(658 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Spring Lakes (2023)

Hellraiser: Hellseeker (2002)
Hellraiser: Hellseeker (2002) Hellraiser: Hellseeker (2002)Hellraiser Franchise ရဲ့ ခြောက်ကားမြောက်ဖြစ်တဲ့ Hellseeker က ငါးကားမြောက် Inferno နဲ့ ခပ်ဆင်ဆင်တော့တူနေပါတယ်။ ဒီဇာတ်ကားမှာတော့ ပထမဆုံး ဇာတ်ကား Hellraiser (1987) က အဓိကဇာတ်ကောင် ခရစ္စတီ ပြန်ပါလာပါတယ်။ ဒါရိုက်တာက နာမည်ကျော် စီးရီးဖြစ်တဲ့ Supernatural ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Rick Bota ပါ။Inferno မှာ ပြောမထားတဲ့ ဆီနိုဘိုက်တွေရဲ့ သဘောသဘာဝတွေကို ဒီမှာ ပြန်ဖြည့်ထည့်ထားထားသလိုပါပဲ။ ဒီဇာတ်ကားမှာလည်း Body Horror ကို ဦးစားပေးမထားဘဲ ဇာတ်လမ်းကို အဓိကထားပြီး တင်ဆက်သွားပါတယ်။ အဓိကဇာတ်ဆောင်က ထင်ယောင်ထင်မှားဖြစ်တာတွေ များနေတော့ ဇာတ်လမ်းက နည်းနည်းတော့ လည်သွားနိုင်ပါတယ်။ Inferno မှာ ပြထားတဲ့ ငရဲဆိုတာကို ပိုပြီး ထင်ရှားသွားအောင် အရောင်တင်ပေးလိုက်သလိုဆိုတော့... တော်တော်လေးလှတဲ့ ဇာတ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Hellraiser: Hellseeker (2002)

2002
Lake Placid (1999) 5.6
Lake Placid (1999) (function(f,b,n,j,x,e){})();ဧရာမသတ္တဝါကြီးတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုကြိုက်တဲ့လူတွေ အကြိုက်တွေစေမယ့် Old But Gold ကားကောင်းလေးဖြစ်ပါတယ်နယူးအင်္ဂလန်ပြည်နယ် မိန်းမြို့လေးမှာ...ဘယ်ကမှန်းမသိတဲ့ ပေ ၃၀ ရှည် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ပေါ်လာပြီး လူတွေရဲ့ အသက်အန္တရာယ်ကို တစ်စတစ်စ ခြိမ်းခြောက်လာပါတယ်... ဒီလိုဧရာမကောင်ကြီးတွေ မျိုးတုန်းသွားပြီလို့ ယူဆရပေမယ့် ပေါ်လာခဲ့တာကြောင့် စူးစမ်းလိုစိတ်နဲ့ နယူးယောက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီစကော့ဟာ မိန်းမြို့သို့ ရောက်လာပါတယ်... ဒီမိကျောင်းကြီးက ဘယ်ကနေရောက်လာတာလဲ လူတွေကို ဘာကြောင့်ရန်ပြုနေတာလဲဆိုတာကိုတော့ ကယ်လီနဲ့ မိန်းမြို့က တောခေါင်း ရဲမှူးတစ်ယောက်ပူးပေါင်းပြီး အဖြေရှာနှိမ်နင်းပုံကို သည်းထိတ်ရင်ဖို ရိုက်ပြထားပါတယ်(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:22:00 Genre...Action / Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
movie

Lake Placid (1999)

Friday the 13th: The New Blood (1988) 5.2
Friday the 13th: The New Blood (1988) Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie

Friday the 13th: The New Blood (1988)

1988
Odavum Mudiyadhu Oliyavum Mudiyadhu (2023) 6.5
Odavum Mudiyadhu Oliyavum Mudiyadhu (2023) Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး(function(f,b,n,j,x,e){})();အတည်ပေါက်ကားတွေ ကြည့်ရတာများပြီး ပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက် တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ် ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်….. အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကို CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.67GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Odavum Mudiyadhu Oliyavum Mudiyadhu (2023)

2023