Channel Myanmar

Horror

Friday the 13th Part VI: Jason Lives (1986) 6
Friday the 13th Part VI: Jason Lives (1986) Friday the 13th Part VI: Jason Lives (1986)~ IMDb - 6/10, Rotten Tomatoes - 50% ~၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ...
movie

Friday the 13th Part VI: Jason Lives (1986)

1986
Hellraiser: Bloodline (1996) 5.1
Hellraiser: Bloodline (1996) Hellraiser: Bloodline (1996)သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

Hellraiser: Bloodline (1996)

1996
Ninja vs Shark (2023) 6.8
Ninja vs Shark (2023) Ninja vs Shark (2023)*********************** Serious ဖြစ်တဲ့ကားကြီးတွေပဲကြည့်ရတာပျင်းလာပြီးပေါ့ပေါ့ပါးပါးကားလေးတွေပဲကြည့်ချင်သူတွေအတွက် ဂျပန်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Ninja Vs Shark ဖြစ်ပြီး IMDb Rating 6.8 အထိရရှိထားပါတယ်။ဇာတ်လမ်းနာမည်ကြည့်ပြီးတော့ဇာတ်ကားရဲ့အရိပ်အမြွက်ကိုတော့ နည်းနည်းပါးပါးသိနေလောက်မှာပါ။အိုကစ်ဆူဆိုတဲ့တံငါရွာလေးမှာထူးဆန်းလှတဲ့ကံဆိုးမိုးမှောင်ကျမှုတစ်ခုကိုကြုံတွေ့နေရပါတယ်။အဲ့ဒါကတော့ဘယ်သူမှငါးထွက်မျှားလို့မရသလို သူတို့ဆီမှာထွက်တဲ့အဖိုးတန်ရတနာဖြစ်တဲ့ပုလဲတွေကိုလည်းဆင်းရှာလို့မရတာပဲဖြစ်ပါတယ်။ဒီတော့တံငါရွာဆိုပေမဲ့ငါးဖမ်းစားလို့မရတဲ့တံငါရွာဖြစ်နေခဲ့တာပေါ့။အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီကိုကြက်သွေးရောင်မိစ္ဆာဂိုဏ်းရောက်ရှိလာပြီး သူတို့ရဲ့ပုလဲတွေကိုလိုချင်တဲ့အတွက်ကျိန်စာတိုက်ခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ရွာသူကြီးကရွာကိုကာကွယ်ဖို့အတွက် ကိုယ်ရံတော်တစ်ယောက်ငှားခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီကိုယ်ရံတော်ကသာမန်လူမဟုတ်ဘဲနင်ဂျာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းနဲ့အိုကစ်ဆူရွာကြားမှာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။Size - 2.54GB, 1.02GB Quality - 1080p, 720p Format - mp4 Duration - 1H 17Min Genre - Action, History, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Saw Lay Encoded by Phyo Pyae 
movie

Ninja vs Shark (2023)

Friday the 13th: A New Beginning (1985) 4.7
Friday the 13th: A New Beginning (1985) Friday the 13th: A New Beginning (1985)ငါးကားမြောက် ဇာတ်လမ်း။ ဂျေဆင်အတွက်တော့ မျက်နှာပျက်စရာပဲဗျာ။ တကယ်။ကလေးတန်မဲ့နဲ့ ဂျေဆင်ကို အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တဲ့ တွန်မီဟာ စိတ္တဇညတွေကျော်ဖြတ်ရင်း အရွယ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ စိတ်ရောဂါကုဆေးရုံမှာပဲ အရွယ်ရောက်ခဲ့ရတာမျိုးပါ။ဒီတော့ အရူးဆေးရုံတွေ ပြောင်းရင်းနဲ့ ဂျေဆင် နေတဲ့နေရာနားကိုပဲ ပြန်ရောက်လာပြန်တာပေါ့။ ဒီလိုနဲ့ အရူးတွေကြားထဲမှာ ဖြတ်သန်းရင်း အရူးတစ်ယောက်က အရူးတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရတဲ့မြင်ကွင်းက အားလုံးကို ခြောက်ခြားသွားစေတယ်။ဒီလိုနဲ့ သူတို့အဖွဲ့ရယ်၊ ခပ်ကဲကဲ လိင်မှုကိစ္စ အရူးအမူးလုပ်ကြတဲ့ စုံတွဲတွေရယ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် သေချင်းဆိုးနဲ့ သေကုန်ကြပြန်ပါပြီ။တွန်မီက သူသတ်ခဲ့တဲ့ ဂျေဆင်ကို နောက်တစ်ခါ ပြန်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ အဆုံးစွန် ပြန်ခံစားရပြီး အဆိပ်ကိုအဆိပ်နဲ့ကုလိုက်သလိုပဲ သူ့စိတ်ဝေဒနာတွေ သက်သာသွားတယ်ပေါ့။ ဒီလိုနဲ့ လူသတ်သမားကြီးကို ဝိုင်းဝန်းရင်ဆိုင်ကြရင်းနဲ့ ဂျေဆင်ကြီး မျက်နှာဖုံးကျွတ်သွားတဲ့အခါမှာ မထင်တာတွေ ဖြစ်လာပါလေရော။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Friday the 13th: A New Beginning (1985)

1985
Hellraiser III: Hell on Earth (1992) 5.5
Hellraiser III: Hell on Earth (1992) Hellraiser III: Hell on Earth (1992)Hellraiser Franchise ရဲ့ တတိယမြောက်ဇာတ်ကားကတော့ ပိုပြီး ဇာတ်လမ်းက မြိုင်လာပါတယ်။ ရှေ့နှစ်ကားနဲ့ ဆက်စပ်နေတယ်ဆိုပေမဲ့ နည်းနည်းတော့ ဝေးသွားပါတယ်။ဒီတစ်ခါမှာတော့ လူတွေကို ငရဲကိုခေါ်သွားပြီး၊ ငရဲကို ရောက်သွားတာမဟုတ်ဘဲ ငရဲက ကမ္ဘာပေါ်ကိုရောက်လာတာပါ။ Cenobite တွေထဲက ဆရာကြီး Pinhead ရဲ့ လူသားစိတ်လုံးဝမရှိတော့ဘဲ ရက်စက်မှုတွေပြည့်နေတဲ့ အပိုင်းက ကမ္ဘာပေါ်ကို ရောက်လာပါတယ်။လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ သာယာမှုအသစ်အဆန်းတွေကို ရှာဖွေလိုတဲ့စိတ်က သူ့ကို ပြန်အသက်သွင်းပေးလိုက်တဲ့အချိန်မှာ ငရဲကအလုပ်တွေကို ကမ္ဘာပေါ်မှာ ဆက်လုပ်ဖို့ ကြိုးစားပါတော့တယ်။ဒါရိုက်တာကတော့ House of Wax ရဲ့ မူရင်းဇာတ်ကား Waxwork (1988) ကို ဖန်တီးခဲ့သူ Anthony Hickox ပါ။ ရှေ့နှစ်ကားနဲ့ ယှဉ်ရင်တော့ သူက အလယ်မှာ ထားရမယ်ထင်ပါတယ်။ Star Trek: ...
movie

Hellraiser III: Hell on Earth (1992)

1992
Saving Grace (2022)
Saving Grace (2022) ဆာရာဆိုတဲ့ အမျိုးသမီးလေးက ကလေးဘ၀က နာကျင်စရာတွေနဲ့အတူ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ လူနာစောင့်အဖြစ်လုပ်ကိုင်နေတဲ့သူ။ စွန့်စားမှုအသစ်တစ်ခုအနေနဲ့ လူတွေတဲ့ဝေးတဲ့ ကျွန်းလေးတစ်ခုပေါ်က ဂရေ့စ်ဆိုတဲ့ အမျိုးသမီးကြီးကို သွားပြီးစောင့်ရှောက်ပေးဖို့ တာဝန်ယူလိုက်တဲ့အခါမှာတော့။တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိတဲ့ ဂရေ့စ်ဆိုတဲ့အဘွားအိုကြီးက မလှုပ်မရှား ခံစားချက်မဲ့နေတဲ့အပြင် နောက်ဖေးအိမ်မှာကလည်း ဂရေ့စ်နဲ့ အမျိုးမကင်းတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေပြန်ရော။ စိတ်ဒဏ်ရာတွေအများကြီးနဲ့ ဆာရာတစ်ယောက် ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာလား။ ထိတ်လန့်စရာကောင်းလို့ လူနာစောင့်တွေ တပတ်တောင်မခံဘူးဆိုတဲ့ ဒီအိမ်လေးမှာရော ဆာရာ့ကို ဘာတွေက စောင့်မျှော်နေမှာလဲ။ဇာတ်လမ်းနာမည်အတိုင်း ဆာရာတစ်ယောက် ဂရေ့စ်ကို ဘယ်အရာဆီက ကယ်တင်ရမှာလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.4 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Saving Grace (2022)

Angel Baby (2023) 5.0
Angel Baby (2023) Angel Baby (2023) ==============အမြွှာကလေးနှစ်ယောက်ကို မွေးမွေးချင်းဆုံးရှုံးလိုက်ရတဲ့ Val က စိတ်ဝေဒနာရပြီး အိပ်ရာထဲမှာလဲနေခဲ့တယ်။ အဲဒီမှာ Val ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာ Chole က Val ခင်ပွန်းဖြစ်တဲ့ Justin ကို Val စိတ်သက်သာရာရအောင် အေးချမ်းတဲ့နေရာမှာအနားယူဖို့ အကြံပေးခဲ့တယ်။Justin လည်း မြို့ပြနဲ့ဝေးနဲ့ တောင်ပေါ်အိမ်လေးတစ်အိမ်ကိုဝယ်ပြီး Val နဲ့အတူအိမ်ပြောင်းခဲ့တယ်။ အစတော့ Val အဲဒီအိမ်ကိုသဘောကျ ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီအိမ်ထဲ တစ်ခုခုရှိနေတဲ့ခံစားချ​က်တွေရ​လာ ခဲ့တယ်။ Val ရဲ့ သံသယတွေက သူတို့အိမ်နီးချင်း Frank နဲ့ဆုံပြီးနောက် မှာတော့ သူတို့ဝယ်ခဲ့တဲ့အိမ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေရှိနေမှန်း ပိုပြီးသိလာခဲ့ရတယ်။ နောက်တော့ Val တို့လင်မယားနှစ်ယောက် အဲဒီ အိမ်ကြီးမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ခြောက်ခြားဖွယ်ဆက်လက် ကြည့်ရှုရမဲ့ Horror ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.03 GB) / (463 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thwal ...
movie

Angel Baby (2023)

2023
Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Head Count (2018) 5.5
Head Count (2018)  ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခဏတာပိတ်တဲ့အတွက်အဲဗန်ဟာ အစ်ကိုဖြစ်သူပေတန်ဆီကို အတူနေဖို့ထွက်လာပါတယ်။ပေတန်က ဥယျာဉ်မှာ သဘာဝတရားကိုခံစားရင်းနဲ့အေးချမ်းတည်ငြိမ်တဲ့ဘဝကိုတည်ဆောက်နေပါတယ်။ အဲဗန်လည်းရောက်သွားတော့ပေတန်က ညီဖြစ်သူနဲ့အတူအချိန်ကုန်ချင်တဲ့အတွက် ဥယျာဉ်ထဲမှာတောင်တက်ဖို့ပြောတယ်။ ညီအစ်ကိုနှစ်ယောက် စကားပြောရင်းနဲ့ခရီးဆက်လာကြပြီးတောင်ကုန်းတစ်နေရာအရောက်မှာ လူငယ်တစ်ချို့နဲ့ဆုံဖြစ်တယ်။အဲဗန်ဟာ အဲ့အဖွဲ့က ဇိုး ဆိုကောင်မလေးကိုသဘောကျသွားတယ်။ဒါကို ဇိုး ရဲ့သူငယ်ချင်း ကမ်မီးလ်က သတိထားမိပြီးဝင်ရောက်ကြံဖန်ပေးလိုက်တဲ့အခါ တစ်ဖွဲ့လုံးနဲ့ခင်သွားတယ်။ညနေစောင်းပြန်ကြတဲ့အခါကမ်မီးလ်က အဲဗန်နဲ့ပေတန်ကိုသူတို့ဆီလာဖို့ဖိတ်ခေါ်တယ်။ပေတန်ကမလိုက်ပေမယ့်ညီဖြစ်သူကို သွားခွင့်ပြုလိုက်တယ်။ညအရောက်မှာတော့ လူငယ်တွေပီပီသောက်စားမူးယစ်ကြရင်းနဲ့သရဲအကြောင်းပြောကြတယ်။ အဲဗန်အလှည့်လည်းရောက်ရောမပြောတတ်တာနဲ့ အင်တာနက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်ကိုကျပန်းရွေးပြီးဖတ်ပြလိုက်တယ်။ အမှတ်မထင် အဲဗန်ဖတ်ပြတဲ့ဇာတ်လမ်းက မကောင်းဆိုးဝါးဆင့်‌ခေါ်တဲ့ မန္တာန်ပါနေတဲ့အခါမှာ........  File size…1.09 GB / 513 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Head Count (2018)

Hellbound: Hellraiser II (1988) 6.4
Hellbound: Hellraiser II (1988) Hellbound: Hellraiser II (1988)~ IMDb - 6.4/10, RT - 53%, Meta - 41% ~Hellraiser Franchise ရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Hellbound: Hellraiser II ပါ။ ပထမဇာတ်ကားနဲ့ တိုက်ရိုက်ဆက်ထားပြီး ဆီနိုဘိုက်တွေအကြောင်း ပိုပြီးပါလာပါပြီ။ ဆီနိုဘိုက်တွေဘယ်မှာနေတယ်ဆိုတာရယ် ဘာကောင်တွေဆိုတာရယ် သူတို့အထက်မှာ ဆရာကြီးတစ်ယောက်ရှိသေးတယ်ဆိုတာကို သိလာရမှာပါ။ပဟေဠိသေတ္တာက တစ်ခုတည်းရှိတာမဟုတ်ဘဲ အများကြီးရှိတာကို စသိလာရပြီး သေတ္တာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရည်ရွယ်ချက်တွေကို ပြပေးထားပါတယ်။ အကြောင်းစုံမသိရလို့ ယောင်လည်လည် နည်းနည်းဖြစ်နေဦးမယ်ဆိုပေမဲ့ သီးခြား Horror ဇာတ်ကားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကြည့်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ မူရင်း စာရေးဆရာ Clive Barker က လက်ရှောင်ထားပြီး ဇာတ်ညွှန်းရေးဆရာ Tony Randel က လက်စွမ်းပြထားပါတယ်။ပထမကားထက် ဇာတ်ဝင်ခန်းတွေက ပိုကြမ်းတယ်လို့ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကတော့ ...
movie

Hellbound: Hellraiser II (1988)

1988
Destroy All Neighbors (2024) 5.3
Destroy All Neighbors (2024) Destroy All Neighbors (2024)~ IMDb - 5.3/10, Rotten Tomatoes - 71% ~Rock n Roll ဂီတရူးသွပ်သူ Prog-Rock ဂီတပညာရှင် ဝီလီယံဘရောင်းက သူ့အယ်လ်ဘမ် အပြီးသတ်ဖို့ ကြိုးစားရင်း အိပ်မက်ဆိုးလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံရတဲ့ ဟာသ Horror ရုပ်ရှင်ဖြစ်ပါတယ်။ဝီလီယံက ချစ်သူအမ်မလီနဲ့အတူ အဆောက်အဦးဟောင်းတစ်ခုမှာ တိုက်ခန်းငှားနေပါတယ်။ သူတို့အခန်းနားပတ်လည်က စိတ်ရှုပ်စရာ အိမ်နီးချင်းတွေနဲ့ ဆူသံတွေကြောင့် သူ့အယ်လ်ဘမ် မပြီးတာလို့ ယူဆနေတာပါ။ တကယ်က အဲဒီလိုဖြစ်နေတာ ကြာခဲ့ပါပြီ။ တစ်ညမှာတော့ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်း ဗလက်ဆိုတဲ့လူကြီးက ညလုံးပေါက်ဆူညံနေရာကနေ ဝီလီယံက သည်းမခံနိုင်တော့ဘဲ စိတ်ရူးပေါက်ပြီး ဗလက်ကို သတ်မိသွားပါတယ်။ ဒါပေမဲ့ သေသွားတဲ့ဗလက်က ဝိညာဉ်အဖြစ်နဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့အခါ ဗလက်အလောင်းကို ရှင်းပစ်ဖို့ နည်းမျိုးစုံကြံရင်း မမျှော်လင့်ဘဲ လူထပ်သတ်မိပြန်ပါတယ်။ ...
movie

Destroy All Neighbors (2024)

2024
Friday the 13th Part III (1982) 5.6
Friday the 13th Part III (1982) Friday the 13th Part III (1982)ဒီဇာတ်ကားက ဂျေဆင် ရဲ့ သုံးကားမြောက်ဖြစ်ပြီး သူ့ရဲ့ ဝိသေသဖြစ်တဲ့ ဟော်ကီမျက်နှာဖုံးကို ရသွားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ထုံးစံအတိုင်း သွေးရဲရဲ သံရဲရဲ သတ်ဖြတ်မှုနဲ့ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေကတော့ ဖောဖောသီသီ မြင်နေရဦးမှာပါပဲ။ဒုတိယဇာတ်ကားမှာ ဂျေဆင်ကို အနိုင်ယူနိုင်ခဲ့ပေမဲ့ လူသေတွေကြားမှာ သွေးပျက်ခဲ့ရသူ ခရစ်က ခရစ်စတယ်ရေကန်စခန်းကို ပြန်လာခဲ့ပါတယ်။ သူခံစားရတဲ့ စိတ်ဒဏ်ရာကို ပြန်လည်ကုစားဖို့ သူရှောင်နေတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်တိုးဝင်ခဲ့တာပါ။ဆိုင်ကယ်ဂိုဏ်းဝင်နှစ်ယောက်ကိုသတ်ပြီး ဟော်ကီမျက်နှာဖုံးရသွားတဲ့ ဂျေဆင်ဗော်ဟီးက သေမင်းတိုင်းပြည်ကနေ မရဏလမ်းအတိုင်း အကြိမ်ကြိမ်ပြန်လာပြီး လူတွေကို သတ်ဖြတ်တတ်သူပီပီ ခရစ်စတယ်ရေကန်စခန်းနားကလူတွေကို အမဲလိုက်သတ်ဖြတ်နေပါတယ်။ဂျေဆင်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ကို နှိမ်နင်းခဲ့သူ ခရစ်ကိုပဲ နောက်တစ်ကြိမ် ပြန်ရင်ဆိုင်ရတဲ့အခါ ဟော်ကီမျက်နှာဖုံးစွပ်နဲ့ လူသတ်သမားကြီး ဘယ်လိုမျိုးအကွက်တွေနဲ့ လူသတ်ပြဦးမလဲဆိုတာ ဒီကားမှာ ဆက်ကြည့်ကြပါဦးစို့။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ...
movie

Friday the 13th Part III (1982)

1982
Evie (2023)
Evie (2023) Evie (2023)Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား... သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ...
movie

Evie (2023)

2023
Hellraiser (1987) 6.9
Hellraiser (1987) Hellraiser (1987)~ IMDb - 6.9/10, RT - 70%, Meta - 56% ~Hellraiser Franchise ကြီးရဲ့ မူလဘူထ ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ အကျော်ကြားဆုံး Horror Icon တွေထဲက တစ်ယောက်ဖြစ်တဲ့ Pinhead ဆိုတဲ့ ခေါင်းမှာ အပ်တွေစိုက်ထားတဲ့လူကြီးကို ပိတ်ကားပေါ်မှာ စတွေ့ရတဲ့ဇာတ်ကားဖြစ်ပြီး ဘတ်ဂျက် တစ်သန်းလောက်ပဲရင်းထားပေမဲ့ အမြတ်ငွေ အဆ ၂၀ ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။The Hellbound Heart ဆိုတဲ့ Horror ဝတ္ထုတိုကို ရုပ်ရှင်အနေနဲ့ စာရေးသူ Clive Baker က ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတာပါ။ ဒီပထမဆုံး ဇာတ်ကားကတော့ နောက်လာမယ့် ဇာတ်လမ်းတွေရဲ့ မိတ်ဆက်လို့ပြောရမလားပဲ ပဟေဠိသေတ္တာနဲ့ အဲဒီသေတ္တာက ဘာတွေလုပ်လို့ရတယ်ဆိုတာကို အနည်းအကျဉ်းမိတ်ဆက်တယ်။ဆီနိုဘိုက် (Cenobites) တွေနဲ့မိတ်ဆက်ပေးတယ်။ ဘာကောင်တွေ ...
movie

Hellraiser (1987)

1987
Bone Tomahawk (2015) 7.1
Bone Tomahawk (2015)  ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူးပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီးrating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားPatrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေသတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကBright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်ကလိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကိုပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကိုဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီးနောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာတို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving ...
movie

Bone Tomahawk (2015)

Bride of Re-Animator (1990) 6.2
Bride of Re-Animator (1990) Bride of Re-Animator (1990)~ IMDb - 6.2/10, Metacritic - 54% ~ပထမ Re-Animator ကားမှာ ဒေါက်တာ ဒန်တစ်ယောက် သူအချစ်ရဆုံးသူကို ပြန်အသက်သွင်းတဲ့နေရာမှာ အဆုံးသတ်ထားပါတယ်။ပေါက်ကရတွေ အသက်သွင်းခဲ့ပေမဲ့ ဒေါက်တာဝက်စ်ရော ဒေါက်တာဒန်ရော ယခုထိ အပြစ်လွတ်ပြီး ဆေးရုံမှာ ဟန်မပျက် ဆေးဆက်ကုနေကြတုန်းပါ။ ဒါပေမဲ့ ဒေါက်တာ ဝက်စ်ရဲ့သုတေသန ရောဂါကတော့ အဆုံးမသတ်သွားပါဘူး။ ဒီတစ်ကြိမ်တော့ သူဟာ အစိတ်အပိုင်းတွေ အားလုံးကို တစ်ပြိုင်တည်း အသက်သွင်းမယ့် နည်းလမ်းကို စတင်စမ်းသပ်ဖို့ ကြံရွယ်ပါတော့တယ်။ဒေါက်တာ ဒန်ကလည်း မကူညီချင်ပေမဲ့ သူ့ချစ်သူ မက်ခ်ရဲ့ နှလုံးကို ပြန်လည်နိုးထစေမယ်ဆိုပြီး ဖြားယောင်းထားတော့ တက်ကြွစွာ ပါဝင် အားဖြည့်ပြန်ပါတယ်။ ပထမကားမှာ အသက်ပြန်သွင်းတဲ့ ဖန်တီးမှုကို ခိုးချဖို့ ကြိုးစားခဲ့တဲ့ ဒေါက်တာကားလ်ကတော့ ခေါင်းပြတ်ဖြစ်နေပေမယ့် ဆေးအရှိန်ကြောင့် မပုပ်မသိုးဘဲ ဆက်လက်ရှိနေဆဲပါ။ဒါကို ...
movie

Bride of Re-Animator (1990)

1990
Friday the 13th Part 2 (1981) 6.1
Friday the 13th Part 2 (1981) Friday the 13th Part 2 (1981)ဂျေဆင် ဟာ တကယ်တမ်းမှာ သူ့ရဲ့ ဘူမိနက်သန်နေရာ ခရစ်စတယ်ရေကန်ကနေ ခွာတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါမှာတော့ အငြိုးတစ်ခုနဲ့ ခရစ်စတယ်ရေကန်ကနေ ခွာခဲ့ဖူးပါတယ်။ဂျေဆင်က သူကျွမ်းကျင်လှတဲ့ သူ့နေရာမှာပဲ စနစ်တကျ အကွက်ချပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်တတ်သူပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ဂျေဆင် တစ်ယောက် သူ့နေရာကထွက်ခွာပြီး အမျိုးသမီးတစ်ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ဒီဇာတ်ကားက ဂျေဆင် ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဂျေဆင် ကိုယ်တိုင် လှလှပပကြီး အသုံးတော်ခံတဲ့ ဇာတ်ကားစစ်စစ် ဖြစ်လာခဲ့ပါပြီ။ မိခင်အတွက် သူ့ရဲ့လက်စားချေမှုက ပြောင်မြောက်ရက်စက်လွန်းခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရေနစ်ရာက မသေဘဲလွတ်မြောက်လာပြီး တောထဲမှာ အရိုင်းကောင်လိုကြီးပြင်းလာတဲ့သူလား... သေဆုံးပြီးနောက် အငြိုးတွေနဲ့ ပြန်နိုးထလာတဲ့ ဝိညာဉ်သတ္တဝါလား... မသဲကွဲတဲ့ ဂျေဆင်ကတော့ လူသတ်သမား လုပ်ကြံသူကြီးဆိုတာတော့ သေချာလွန်းခဲ့ပါတယ်လေ။အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရင် သူ့လက်ရာက အနုပညာမြောက်သတဲ့။ ...
movie

Friday the 13th Part 2 (1981)

1981
Cassadaga (2011) 5.5
Cassadaga (2011)  လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား...လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ..လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများပါဝင်မှာဖြစ်ပါတယ်... File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre …..  Horror , ...
movie

Cassadaga (2011)

After Sundown (2023) 5.7
After Sundown (2023) နေကွယ်ပြီးနောက် ရောက်သည့်အခါ (၂၀၂၄)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ မူဗီလေးကတော့ CM ပရိသတ်ကြီးတို့အကြိုက် ထိုင်း BL ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၆၁ ခုနှစ်ကာလကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဆန်ရာဝီဆိုတဲ့ ကောင်လေးဟာ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့ လိမ္မာပြီး နူးညံ့သိမ်မွေ့တဲ့ ၂၁ နှစ်အရွယ်ကောင်လေးပါ ရည်ရွယ်ချက်ကြီးမားပြီး စာပေလေ့လာချင်တဲ့ကလေးမို့ တစ်နေ့မှာ သူ့ဆရာတော်ရဲ့မိတ်ဆွေဟောင်းဖာလစ်ရဲ့တောင်းဆိုချက်အရ သူ့ရဲ့ ပညာရေး နဲ့ အနာဂတ်အတွက် ဖာလာနန်ကွန်ကို လိုက်သွားခဲ့ရပါတော့တယ်တစ်ဖက် အဘိုးဖာလစ်ကလည်း မြေးဖြစ်သူ ဖရာဖလန် ၂၅ နှစ်မှာ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ဟောကိန်းကြောင့် သူ့မြေးနဲ့ ကံကြမ္မာပေါင်းစည်းဖို့ ကြမ္မာလက်တွဲဖော်ကို ရှာနေတဲ့အချိန်မှာ အဘက်ဘက်က ကိုက်ညီနေတဲ့ ရာဝီတစ်ယောက် ဖရာဖလန်ရဲ့ ဖူးစာဖက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်သူတို့နှစ်ဦးရဲ့ကံကြမ္မာပေါင်းစည်းမှုကရော အဆင်ချောလှပပါ့မလား အတိတ်က အာဃာတတွေကရော သူတို့အားလုံးကို ဘယ်လိုလောင်မြိုက်စေဦးမလဲဆိုတာကို Horror Vibe လေးနှောပြီးကြည့်ရမှာမို့ မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou တို့ပဲ ...
movie

After Sundown (2023)

2023
Jenni (2023)
Jenni (2023) Jenni (2023) အရုပ်သရဲမလေးဂျန်နီဒီတစ်ခါမှာလည်း သရဲကားကြိုက်ပရိသတ်တွေအတွက် ရုံတင်သရဲကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဂေ့ရှ်က တစ်ရက်မှာ လုပ်ငန်းခွင်ထဲကို သားဖြစ်သူချန်ဒရူကို ခေါ်သွားရာကနေ ချန်ဒရူလေးဟာ လုပ်ငန်းခွင်ထဲကနေ သစ်သားပန်းပုရုပ်လေးတစ်ယောက်ကို ကောက်ရလာပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့မှာပဲ မြေတူးနေရင်း စက်အကောင်းကြီးကနေ ထိုးရပ်သွား၊ တရားရုံးကနေလည်း လုပ်ငန်းခွင်ကို ခေတ္တနားထားဖို့ စာရောက်လာတာတွေနဲ့ မာဂေ့ရှ်တစ်ယောက် အလုပ်က အဆင်မပြေဖြစ်နေခဲ့ပါတယ်။ချန်ဒရူလေးဟာ ကောက်ရတဲ့အရုပ်လေးကို အရမ်းကို ကြိုက်နှစ်သက်ပြီးတော့ အဖေတွေ အမေတွေက ဘယ်လိုပဲ လွှင့်ပစ်ဖို့ပြောပြော လွှင့်မပစ်ဘဲ တစ်ချိန်လုံး အရုပ်လေးကို ကိုယ်နဲ့မကွာအနားမှာပဲ ထားလို့နေပါတော့တယ်။ ဒီအရုပ်လေး ရောက်လာတဲ့နောက်ပိုင်းမှာ ချန်ဒရူလေးဟာ အရင်နဲ့မတူတော့ဘဲ ကလန်ကဆန်တွေ လုပ်လာပြီး သူ့ရဲ့ အမူအယာတွေ ထူးဆန်းလို့လာပါတော့တယ်။နောက်ပိုင်းမှာ ချန်ဒရူလေးဟာ ဘယ်လိုထူးဆန်းတာတွေ လုပ်ဦးမလဲ .......... ချန်ဒရူကောက်ရလာတဲ့ အရုပ်လေးမှာရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေလဲ ........ အရုပ်လေးထဲမှာရော ဘယ်လိုအရာမျိုးက ပူးကပ်နေတာလဲ ........ ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Cherry~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Jenni (2023)

2023