Channel Myanmar

Horror

The Green Inferno (2013) 5.3
The Green Inferno (2013) The Green Inferno (2013)IMDb rating - 5.3ဇာတ်လမ်းအညွှန်းအာဖရိကအမျိုးသမီးအခွင့်အရေးအတွက် အားမလိုမရဖြစ်နေတဲ့တက္ကသိုလ်ကျောင်းသူ ဂျက်စတင်းဟာ ကျောင်းစောင့်တွေအရေးအတွက်အစာငတ်ခံဆန္ဒပြနေတဲ့၊ အယ်လီဟန်ဒရိုခေါင်းဆောင်တဲ့၊လူအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ ကျောင်းသားအဖွဲ့ထဲ ဝင်ရောက်လာတယ်။ပီရူးနိုင်ငံအပိုင်းထဲက အမေဇုန်တောတစ်နေရာမှာ တောကို ရှင်းပြီးအဖိုးတန်ဓာတ်ငွေ့တွေထုတ်ယူမယ့်ကုမ္ပဏီဟာ အဲ့တောနေရာကရှားပါးလူရိုင်းမျိုးနွယ်စုဖြစ်တဲ့ ရာဟက်စ်တွေရဲ့ ရွာကိုပါ ထိပါးပြီးဒေသခံလူမျိုးစုကိုပါ ရက်ရက်စက်စက် ရှင်းလင်းသတ်ပစ်လိုက်နိုင်တဲ့ဒီအရေးကို တားဆီးဖို့ ကယ်တင်ဖို့ဟာ အယ်လီဟန်ဒရိုတို့အဖွဲ့ရဲ့နောက်ထပ်ပရောဂျက်ဖြစ်လာပါတယ်။ဒီအဖွဲ့က လူထုအာရုံစိုက်မှုရလာအောင် ဆန္ဒထုတ်ဖော်မှာဖြစ်ပြီးUNက ရှေ့နေကြီးရဲ့သမီး ဂျက်စတင်း တစ်ယောက်လည်း လိုက်လာခဲ့တယ်။ခက်ခက်ခဲခဲဆန္ဒပြပြီး အပြန်လမ်းမှာ သူတို့စီးလာတဲ့လေယာဉ်လေးက တောနက်ကြီးထဲမှာ ပျက်ကျပါလေရော။တချို့လည်း သေကုန်ပြီး အသက်ရှင်ကျန်တဲ့ ဂျက်စတင်းတို့လူစုကတော့ နောက်ထပ် “တစ်ပူပေါ် နှစ်ပူဆင့်”ဆိုသလိုပဲရာဟက်စ်တွေ ဖမ်းခေါ်သွားခံရပါတယ်။ရာဟက်စ်လူမျိုးစုတွေက လူ့ဦးခေါင်းကိုအမဲလိုက်သူတွေ၊လူသားစားလူရိုင်းမျိုးနွယ် ဖြစ်လေတော့…..ဂျက်စတင်းတို့ ဘာတွေဆက်ပြီး တွေ့ကြုံရမလဲ။လူသားစားလူရိုင်းတွေ ဖမ်းခံရတာဆိုတော့အသက်ရှင်လွတ်မြောက်မယ့်သူရော ရှိပါ့မလားဆက်လက်ကြည့်ရှုလိုက်ကြပါဦး။လုံးဝ horror အကြမ်းစား၊ ကြည့်ရင်းနဲ့ကိုအမလေး အမလေး အော်နေရမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ကြိုက်တဲ့သူတွေအတွက်တကယ်ကြည့်ကောင်းမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (၁၈နှစ်အောက် ကလေးတွေနဲ့ စိတ်နုနုရွရွလူတွေအတွက် ကြည့်ရှုရန် မသင့်တော်ပါ။) ဒီဇာတ်လမ်းရဲ့ ...
movie

The Green Inferno (2013)

2013
Sound of Silence (2023)
Sound of Silence (2023) အမ်မာဟာအဆိုတော်ဖြစ်ချင်သူတစ်ယောက်ပါ။ ဒါပေမဲ့ အကဲဖြတ်ဒိုင်တွေရှေ့ကိုရောက်သွားတိုင်းမှာ အသံမထွက်နိုင်တော့ပဲကြောက်နေတာကြောင့် သူ့ရဲ့ပါရမီတွေကိုထုတ်ပြခွင့်မရပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အီတလီက သူ့အမေကဖုန်းဆက်ပြီး ပြန်လာဖို့ခေါ်တဲ့အတွက် အီတလီကိုပြန်သွားတဲ့အခါမှာတော့ သူ့ရဲ့အဖေက လှေကားပေါ်ကနေပြုတ်ကျပြီး အထူးကြပ်မတ်ကုသဆောင်မှာကုသနေရပါတယ်။ အမ်မာရဲ့ အမေဆီမှာလည်း ဒဏ်ရာတွေရှိနေတဲ့အတွက် ဆရာဝန်တွေကတော့ အိမ်တွင်းအကြမ်းဖက်မှုလို့ယူဆထားပြီး သေချာစောင့်ကြည့်ခိုင်းထားတယ်။ ဒါပေမဲ့ အမ်မာရဲ့အမေကတော့ အမ်မာရဲ့အဖေမဟုတ်တဲ့လူက သူကိုသတ်ဖို့ကြိုးစားတယ်လို့ပြောတဲ့အတွက် အမ်မာတစ်ယောက်အိမ်ကိုပြန်ပြီး ဖြစ်ခဲ့တာကိုလေ့လာကြည့်ရင်း သူ့အဖေပြင်နေတဲ့ ရေဒီယို အဟောင်းလေးတစ်လုံးမှာ ရှိနေတဲ့အရာက ဒီလိုတွေဖြစ်အောင်လုပ်လိုက်မှန်းသိလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ပြီးဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါဗျ။File size…(1.6 GB)/(500 MB)/(200 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT
movie

Sound of Silence (2023)

The Ancestral (2021) 4.8
The Ancestral (2021) The Ancestral (2021)ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ ... အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ ...ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Eric ပါ။) File Size : 1.7GB, 731MB & 350MB Quality ...
movie

The Ancestral (2021)

2022
Army of Darkness (1992) 7.6
Army of Darkness (1992) Army of Darkness (1992)~ IMDb 7.4 / Rotten Tomatoes 74% ~ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ...
movie

Army of Darkness (1992)

1992
Evil Dead II (1987) 7.8
Evil Dead II (1987)    Evil Dead II (1987) ~ IMDb 7.7 / Rotten Tomatoes 95% ~ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့ နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ်။ Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ် တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ်။ ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက် ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲ ...
movie

Evil Dead II (1987)

1987
The Evil Dead (1981) 7.6
The Evil Dead (1981) The Evil Dead (1981)  ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကိုရောက်အသွား စပ်စုတတ်တဲ့ လူငယ်သဘာ၀ ဗီဇအရ ပိတ်ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စုကို ပြန်ခွင့်မပေးတော့ပဲ မသေမချင်း သတ်ဖို့ ကြံစည်လေသောအခါ... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ (ဒီကားလေးကိုတော့ Channel Myanmar မှ ကိုဟေဒိ မှ ဘာသာပြန်ပေးထားတာပါ) File size…1.90GB / 1.2GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 25m Genre ...
movie

The Evil Dead (1981)

1981
Phenomena (2023) 5.3
Phenomena (2023) Phenomena (2023) ==============ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် Horror Movie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့ အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံ နည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာ အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler, Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြု ထားတာပါ။တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာ ဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန် တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ...
movie

Phenomena (2023)

2023
Pillow Party Massacre (2023)
Pillow Party Massacre (2023) Horrorကြိုက်တဲ့လူတွေအတွက် Netflixရဲ့ ရှပ်ရှင်အသစ်လာပါပြီ။ ပျော်စေပျက်စေ စရင်းနဲ့ အပျော်ကနေ အပျက်ဖြစ်ခဲ့ရလို့ ဝမ်းနည်းစရာအဖြစ်ပျက်နဲ့ကြုံခဲ့ရပြီး ၂နှစ်အကြာမှာ သူငယ်ချင်းတစ်သိုက် ငယ်ငယ်တုန်းက နွေရာသီ အားလပ်ရက်တိုင်း လာလေ့ရှိတဲ့ အိမ်ကို ဆမန်သာ၊ မိုင်းစ်၊ အလာနာ နဲ့ မစ်ကီတို့ သူငယ်ချင်းတစ်သိုက် ပြန်ချိန်းလိုက်ကြပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်သိုက်ကို ဘယ်လိုမကောင်းတဲ့အရာတွေက စောင့်ကြိုနေမလဲ၊ အဲဲဒီ မကောင်းတဲ့အရာကနေ ဆမန်သာတို့ လွတ်မြောက်သွားနိုင်ပါ့မလား၊ ဘာလို့ အဲဒီမကောင်းတဲ့အရာကြီးက ဘာလို့လိုက်သတ်နေတာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ခေတ်စားနေတဲ့ Screamလိုမျိုးပုံစံမျိုးဆိုတော့ တရားခံက ဘယ်သူလဲဆိုတာ ကြည့်ရင်းရှာဖွေလိုက်ကြပါအုန်း။ File size…(1 GB)/(500 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Pillow Party Massacre (2023)

The Grudge 2 (2006) 5
The Grudge 2 (2006) The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie

The Grudge 2 (2006)

2006
Van Helsing (2004) 6.1
Van Helsing (2004) ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ...
movie

Van Helsing (2004)

2004
4K HEVC
[18+] Siew Lup (2016)
[18+] Siew Lup (2016) အခုတ်အဖြတ် သွေးထွက်သံယို လန့်ဖြန့်သွေးတက် ချစ်ခင်မြတ်နိုး ရိုမန့်ဒရမ်မာ စင်ကာပူဇာတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်။မီယာဟာ တစ်ချိန်ကပြည့်တန်ဆာဘဝနဲ့အသက်မွေးခဲ့ပြီး အခုချိန်မှာတော့ ကွမ် ဆိုတဲ့အသားကင်ဆိုင်ရှင်တစ်ယောက်ရဲ့ဇနီးအဖြစ် ဘဝကိုဖြတ်သန်းနေပါတယ်။ ကွမ်ဟာ တစ်ချိန်က သူ့ကိုဘဝဆိုးထဲက ဆွဲထုတ်ကယ်တင်ခဲ့သူဖြစ်တဲ့အတွက် ကွမ်ကိုမလှန်ရဲသလို တောင့်တောင့်ဖြောင့်ဖြောင့်သူ့ဇနီးကို စိတ်မချနိုင်ပဲ လူတကာနဲ့သမုတ်ရိုက်နှက်တတ်တဲ့ ကွမ် ကြောင့်လည်း မီယာစိတ်ဆင်းရဲနေရပါတယ်။တကယ်တမ်း အနီးကပ်ရန်သူ၊သူ့ဇနီးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူကတော့ သူ့အရင်းနှီးဆုံးမိတ်ဆွေ ဂေါင် ဆိုတာတော့ ကွမ်မသိခဲ့ပါဘူး။a ဒီလိုနဲ့ မီယာဘဝကို ကယ်တင်ရှင်အဖြစ် သုဘရာဇာချောချောလေးဖြစ်တဲ့ ဝူ ဆိုတဲ့လူငယ်လေး သူ့ဘဝထဲကိုဝင်ရောက်လာချိန်မှာတော့ မီယာဟာ လင်ငယ်အားကိုးနဲ့ တစ်ချိန်ကကျေးဇူးရှင် လင်ကြီးကိုသတ်ဖို့အကြံဆိုးကြီးကိုကြံပါတော့တယ်။ဝူတစ်ယောက် တကယ်ပဲသူ့ရဲ့ကြံရာပါအဖြစ်ခံမလား၊ သူ့ကိုအမြဲတမ်းကြံစည်နေတဲ့ အနီးကပ်ရန်သူ ဂေါင်ကရော ဘယ်နေရာကနေ ပါဝင်လာမလဲ။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ ဘယ်သူဟင်းအိုးထဲရောက်မလဲဆိုတာပါပဲ။သူတို့အတွက် အလောင်းဖျောက်ဖို့အလွယ်ဆုံးနည်းက အလောင်းကို ခုတ်ထစ်ကင်ပြီးတော့ ရောင်းမယ့်အသားတွေထဲထည့်လိုက်တဲ့နည်းဖြစ်နေလို့ပါ။အဖော်အချွတ်ဇာတ်ဝင်ခန်းတွေနဲ့ကြမ်းတမ်းတဲ့ ခုတ်ထစ်သတ်ဖြတ်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ၁၈ နှစ်အထက်ဇာတ်ကားဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လူသားပေါက်စီကားတို့ခေါက်ဆွဲကားတို့ကို တဖန်ပြန်သတိရစေမယ့် လူသားအခေါက်ကင်ကားလေးကို ရှုစားလိုက်ကြပါဦး။(Dark Side Production မှ တင်ဆက်သည်။)Dark Side ...
movie

[18+] Siew Lup (2016)

The Fearway (2023)
The Fearway (2023) ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ...
movie

The Fearway (2023)

The Pope’s Exorcist (2023) 6.2
The Pope’s Exorcist (2023) The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie

The Pope’s Exorcist (2023)

2023
4K HEVC
Renfield(2023) 6.7
Renfield(2023) Renfield(2023)*************ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှအကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီးသူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ ...
movie

Renfield(2023)

4K HEVC
The Park (2023)
The Park (2023) အသစ်ထွက်ရှိထားခဲ့တဲ့ The Park ကားဟာဆိုရင် ကပ်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးတွေမှန်သမျှဟာ ဆုံးပါးသွားခဲ့ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာ ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့အဓိက ဇာတ်ဆောင်၃ယောက်ဟာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်းနဲ့ သူတို့တွေရော ကပ်ရောဂါကနေရော လွတ်မလွတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Action Drama Horror Sci-Fi Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်အဆန်းလေးတွေကိုကြိုက်တတ်တဲ့လူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.7 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:17:00 Genre...Drama, Action, Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie

The Park (2023)

A Dragon Arrives! (2016) 6.6
A Dragon Arrives! (2016) A Dragon Arrives! (2016) ================== IMDb Rating - 6.6/10Nominations 11ခုဝင်ထားပြီး Cinematography, costume design နဲ့ music ပိုင်းဆိုင်ရာ ဆု6ဆုရထားတဲ့ အီရန် Horror, mystery ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်လို့ ပြောထားပြီး ဇာတ်လမ်း ကိုလည်း documentary တစ်ခုရိုက်နေသလိုမျိုး ဒါရိုက်တာအပါ အဝင် ရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့ ဇာတ်လမ်းမှာ ပတ်သက်သူတွေ ကို မေးမြန်းထားတဲ့ စကားပြောခန်းတွေကနေ ဖြစ်စဉ်ကိုချပြထား တာပါ။ ဒါပေမဲ့ ဒီစကားပြောခန်းတွေတင်မကဘဲ လွန်ခဲ့တဲ့နှစ်ငါး ဆယ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကိုပါ ပြန်ရိုက်ပြထားတဲ့အတွက် ကြည့် ရတာ ပျင်းမသွားစေပါဘူး။ဇာတ်လမ်းကတော့ ဘာဘက်ဆိုတဲ့စုံထောက်က ခဲ့ရှမ်ကျွန်းမှာ ထောင်သားတစ်ယာက် သေကြောင်းကြံတဲ့အမှုကို စုံစမ်းဖို့သွား ရာကနေ သင်္ချိုင်းတစ်ခုပဲကွက်ပြီး ငလျင်လှုပ်တဲ့ကိစ္စနဲ့ ကြုံလိုက် ရပါတယ်။ ဒီသင်္ချိုင်းကို ရွာသားတွေက ဝေးဝေးရှောင်ကြောင်း၊ သင်္ချိုင်းမှာ အလောင်းမမြှုပ်တာ နှစ် 100 ကြာပြီ ဖြစ်ကြောင်း၊ အလောင်းတစ်လောင်းမြှုပ်တိုင်း ငလျင်လှုပ်တတ်ကြောင်းကို သိလိုက်ရတဲ့ ဘာဘက်ဟာ ဒီကိစ္စကို အထက်ကိုမတင်ပြဘဲ သူ့ ဘာသာသူပဲ လူနှစ်ယောက်နဲ့အတူ စုံစမ်းပါတော့တယ်။ ...
movie

A Dragon Arrives! (2016)

2016
The Grudge (2004) 5.9
The Grudge (2004) The Grudge (2004)ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို......Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ ...
movie

The Grudge (2004)

2004
Anecdotes Of The Yellow River ( 2023 ) 5.9
Anecdotes Of The Yellow River ( 2023 ) "ကူမုရွာ"ဟာ ရေကြီးမှုနှင့်တွေ့ကြုံနေရပြီး ဆည်မြောင်းရေသိုလှောင်ရေးဌာနက 'ထျန်ယိ'နဲ့ သူ့အပေါင်းပါ ရှန့်ယွမ်ဟန်'တိုဟာ ဌာနရဲ့စေခိုင်းမှုအရ ထိုရွာကို ပြဿနာဖြေရှင်းဖို့ သွားပါတော့တယ်။'ကူမု'ရွာနဲ့ဆက်စပ်စီးဆင်းနေတဲ့ မြစ်ဝါမြစ်မှာ သတိုသမီးရုပ်အလောင်းတွေဟာ မျောပါလာပြီး ဒေသခံရွာသူရွာသား‌တွေကတော့ ထိုဖြစ်စဉ်ဟာ မြစ်စောင့်နတ်၏အလိုမကျမှုကြောင့် ကပ်ဆိုးကျရောက်တယ်လို့ ထင်မှတ်ပြီး "မာစန်းလီ"ဆိုသူရဲ့ဦးဆောင်မှုနဲ့ ယဇ်ပူဇော်ပသလေ့ရှိပါတယ်။-ဒီတစ်ကြိမ် ယဇ်ပူဇော်ခံဟာ 'ထျန်ယိ'တိုရဲ့ အသိမိတ်ဆွေဟောင်း "ယွမ်ယင်း"ဖြစ်နေတဲ့အခါ... အဖြစ်မှန်ဟာ တကယ်တော့...'ချယ်ရုံ'နိုင်ငံရဲ့ဘုရင်မဟာ နိုင်ငံစစ်ဘေး‌ကျရောက်မည့် အရေးကိုကြိုမြင်ခဲ့တဲ့အတွက် တစ်တိုင်းပြည်လုံးက စစ်သည်တွေနဲ့ ရတနာတွေအားလုံးကို ‌ မြေအောက်မှာမြှုပ်နှံပြီး မိမိကိုယ်ကိုတိုင်းပြည်အတွက် စတေးခံကာ ရန်သူတွေကို ကျိန်စာတိုက်ပြီးသေဆုံးသွားခဲ့ပါတယ်။∆ထိုဘုရင်မရဲ့ဂူသင်္ချိုင်းဟာ 'မြစ်ဝါမြစ်က လူစားတယ်'ဆိုတဲ့ယုံတမ်းစကားတွေနဲ့ တကယ်ပဲဆက်နွှယ်နေမလား... ∆ဒဏ္ဍာရီရဲ့နောက်ကွယ်မှာ ဘယ်လိုရာဇဝင်တွေကို ချိတ်ပိတ်ထားသလဲ? ∆အဖြစ်မှန်ကိုဖော်ထုတ်ဖို ရေအောက်မှာရှိတဲ့ ဂူသင်္ချိုင်းကိုဆင်းသွားတဲ့ မာစန်းလီ၊ထျန်ယိနဲ့ အပေါင်းပါတွေကရော အန္တရာယ်ကင်းကင်း ဒဏ္ဍာရီကိုဖော်ထုတ်နိုင်မလား -သူတိုပါ ဒဏ္ဍာရီအဖြစ် ပျောက်ကွယ်သွားဦးလေမလား... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ...
movie

Anecdotes Of The Yellow River ( 2023 )