Channel Myanmar

Horror

Raaz (2002) 6.6
Raaz (2002) Raaz (2002) Horror/Drama IMDb 6.6/10 (3.6K)ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ မင်းသမီး ဗီပါရှားဘာဆူးရဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ...ဒီဇာတ်ကားလေးမှာ အချစ် အလွမ်း အဆွေး ရသမျိုးစုံပါနေတဲ့အပြင် သီချင်းလေးတွေလည်း ကောင်းလို့ ဘောလီဝုဒ်သီချင်းကြိုက်တဲ့သူတွေ နှစ်သက်စေမှာ အမှန်ပါပဲ...အာဒစ်သယားနဲ့ ဆန်ဂျနားဟာ ပြတ်တော့မယ့်ဆဲဆဲ သူတို့ရဲ့အိမ်ထောင်ရေးလေးတည်မြဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးချင်တဲ့အနေနဲ့ သူတို့ရဲ့အချစ်တွေစတင်ပေါက်ဖွားရာ အူတီမြို့လေးကို ထွက်လာခဲ့ပါတယ်..အဲ့ဒီမှာပဲ ညညဆို ဆန်ဂျနားဟာ မိန်းကလေးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်သံနဲ့ သေနတ်သံတွေကို ညတိုင်းလိုလိုကြားနေခဲ့ရပါတယ်...အဲ့ဒီအသံတွေကလည်း သူမတစ်ယောက်တည်းကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး...တစ်စတစ်စနဲ့ တဖြည်းဖြည်း အသံတွေဟာ နီးကပ်လာတဲ့အခါမှာတော့..... File size…2.2GB / 918MB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Raaz (2002)

2002
Hellraiser (2022) 6.4
Hellraiser (2022) Hellraiser (2022)(အရင်အဟောင်းတွေကိုမကြည့်ဖူးလည်းကြည့်လို့ရပါတယ်။ အိပ်ရာခန်းတွေ၊ သတ်ဖြတ်ခန်းတွေ ကြမ်းတမ်းတာမို့ ၁၈ အပေါင်း ရိတ်တင်း သတ်မှတ်ထားပါတယ်။ ဟော်ရာချစ်သူတွေ အကြိုက်ပါပဲ။)အသစ်ထွက် နာမည်ကြီး ဟော်ရာရုပ်ရှင်တစ်ကားပါ။ Hellraiser ဆိုတာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားအထိ ထွက်ခဲ့ဖူးပြီး ကျယ်ပြန့်တဲ့ ရုပ်ရှင်စကြဝဠာတစ်ခုလည်းဖြစ်ပါတယ်။ဒီရုပ်ရှင်အသစ်ကိုတော့ မူရင်း Hellraiser ရဲ့ reboot လို့ ပြောလို့မရပါဘူး။ အရင် ၁၀ ကားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ သီးသန့် ထပ်တိုးတစ်ကားလို့ပဲ ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ မူရင်း Hellraiser လိုပဲ ပဟေဠိသေတ္တာလေးတစ်ခုကနေ စတာပါပဲ။ အဲဒီသေတ္တာလေးမှာအဆင့် ၆ ဆင့်ရှိပါတယ်။ အဆင့် ၆ ဆင့်လုံးကို ဖွင့်ပြီးရင် နတ်ဘုရားတစ်ပါးနဲ့တွေ့ပြီး လိုရာဆုကို တောင်းနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဆင့်တစ်ဆင့်ပွင့်တိုင်းမှာ လူတစ်ယောက်ကို ရက်ရက်စက်စက်ယဇ်ပူဇော်ဖို့လိုတာကြောင့် ၆ ဆင့်အောင်မြင်ဖို့ အတော်ရက်စက်တာတွေလုပ်ရတာမို့ လူတိုင်းလုပ်နိုင်ဖို့မလွယ်လှပါဘူး။ဒီရုပ်ရှင်ထဲမှာတော့ ဘယ်သူတွေဘယ်လို ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Hellraiser (2022)

2022
Mr. Harrigan’s Phone (2022) 6.0
Mr. Harrigan’s Phone (2022) ဒီဟော်ရာ ရုပ်ရှင်ကတော့ စာရေးဆရာ၊ဒါရိုက်တာ စတီဗန်ကင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပါ။ သူ့ရဲ့လက်ရာတွေက ဝတ္ထုတိုဝတ္ထုရှည်မရွေး ကျောချမ်းစရာကောင်းတာကိုသိကြမှာပါ။ သူ့ရဲ့လက်ရာတွေထဲက IT, Shinning, Pet Sematary, Green Mile, Misery, 1408, The Mist, Shawshank, Doctor Sleep, The Dark Tower, In the Tall Grass, Lisey Story, Thinner, Dolores Claiborne တို့တွေကို ကြည့်ဖူးကြတဲ့သူများမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကတော့ နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။ ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။ ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။ File size…1.1GB / 540MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Mr. Harrigan’s Phone (2022)

2022
My Best Friend’s Exorcism (2022) 5.1
My Best Friend’s Exorcism (2022) Prime က ရိုက်ကူးထားတဲ့ လူငယ်ဆယ်ကျော်သက် သရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၇၀ , ၈၀ ကာလမှ ဇာတ်အိမ်တည်ထားတဲ့အတွက် Stranger Things ဆန်ဆန်အငွေ့အသက်တွေနဲ့ ရစေမှာပါ...အက်ဘီနဲ့ဂရက်ချန်လန့်ဆိုတဲ့ သူငယ်ချင်းကောင်မလေး ၂ ယောက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီပြီး အရမ်းခင်ကြပါတယ်... တစ်နေ့ ကျောင်းက သူငယ်ချင်းတစ်စုနဲ့ မြို့အစွန်က ရေကန်အိမ်မှာ ပျော်ပွဲစားထွက်ကြရင်း ညဘက် သရဲခေါ် ဘုတ်ပြားဂိမ်းအတူတူဆော့တာကနေ ဇာတ်လမ်းစပါတော့တယ်။ ဂရက်ချန်ကို အမည်မသိ မကောင်းဆိုးတစ်ကောင်ဝင်ပူးသွားပြီး....ဘယ်သူမှမသိလိုက်ပါဘူး ကျန်တဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်သလိုပုံမှန်ပဲနေခဲ့ကြပြီး....နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ် ဒါပေမယ့် ဝင်ပူးခံရတဲ့ ဂရက်ချန်ရဲ့ အပြုအမူတွေကဟာ တစ်နေ့တစ်နေ့ပိုပိုဆိုးလာပြီး အက်ဘီက ရိပ်မိသွားပါတော့တယ်....အက်ဘီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်းကို ဘယ်လို သရဲနှင်မလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(1.95GB)/(877MB)/(428Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Horror / / Comedy / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

My Best Friend’s Exorcism (2022)

Lake Mungo(2008) 7.0
Lake Mungo(2008) Lake Mungo(2008) အညွှန်း**********************ဆယ်ကျော်သက်မလေး အဲလစ်ပါးမားတစ်ယောက် ရုတ်တရက်ရေနစ်ဆုံးတဲ့သတင်းက သူတို့ရပ်ကွက်မှာ ဟိုးလေးတကျော်ပါပဲ။ ကျန်ရစ်သူ ပါးမားမိသားစုဝင်တွေလည်း အတော်လေး ဝမ်းနည်းကြေကွဲနေကြတာပေါ့။တစ်ရက်မှာတော့ အဲလစ်တစ်ယောက် မကျွတ်လွတ်သေးပဲသူ့အစ်ကို ရိုက်ကူးတဲ့ပုံတွေထဲမှာ ပါလာတယ်ဆိုတဲ့သတင်းတွေ ထွက်လာပြန်ပါတယ်။ ဒီလိုနဲ့ သူ့ကိုယ်သူ စိတ်တန်ခိုးရှင်လို့အမည်ခံတဲ့ ရေးဆိုသူပါ ပါဝင်ပတ်သက်လာပြီး အဲလစ် သေဆုံးခဲ့ရတာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာကို မိသားစုဝင်နဲ့ အသိမိတ်ဆွေတွေကို အင်တာဗျူးလုပ်ထားသလို format နဲ့ကြည့်ရှုခံစားရမယ့် Horror ကားတစ်ကားမို့ ခံစားကြည့်ကြပါဦးFile Size : (4.6GB) and (947MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:27:00 Genre : Horror, Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Lake Mungo(2008)

One Missed Call 2 (2005) 5.3
One Missed Call 2 (2005) One Missed Call 2 (2005)ဂျပန် horror movie လေးဖြစ်တဲ့ One Missed Call 2 ဟာဆိုရင် ရင်သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ဒီကားလေးမှာဆိုရင်ဂျပန်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူဖုန်းကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီးနောက် ဆိုင်ရှင်ကသေဆုံးသွားခဲ့တာကနေစသွားတဲ့ဇာတ်လမ်းလေးပါကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကို ထူးဆန်းတဲ့သ ringtone သံနဲ့ဝင်လာပီးနောက် ဖုန်းလက်ခံရှိတဲ့သူတစ်ယောက်ပီးတစ်ယောက်ထူးဆန်းစွာနဲ့ နာနာကျင်ကျင်သေဆုံးခဲ့ရတယ်ဂျပန်မှာလိုမျိုးအလားတူထိုင်ဝမ်မှာလည်း ဒီလိုအဖြစ်အပျက်မျိုးဖြစ်နေတာကို ဘယ်လိုဖြေရှင်းသွားကြမှာလဲ ဘယ်လိုအငြှိုးတွေရှိနေလို့ဒီလိုမျိုးလူတွေကိုလိုက်သတ်နေရတာလဲ ဖုန်းလက်ခံရရှိတဲ့သူတွေကရောကံကြမ္မာကိုရှောင်လွှဲနိုင်ပါ့မလားဆိုတာကို ရင်ခန်စွာနဲ့ကြည့်ရှုလိုက်ရအောင်ပါနော်တရုတ်မင်းသားချော Peter Ho လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကြတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery Quality…. 1080p | 720p | 480p File size… 2.11GB | 864MB | 429MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

One Missed Call 2 (2005)

2005
One Missed Call 3: Final (2006) 4.9
One Missed Call 3: Final (2006) One Missed Call : Final (2006)ဒီ One Missed Call - Final ဆိုတဲ့ horror movie လေးဟာဆိုရင်တော့ အတန်းထဲမှာအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေး Asuka ဆိုတဲ့တစ်ယောက်ကနေစတင်လိုက်တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီကျောင်းသူလေးဟာဆိုရင်အနိုင်ကျင့်ခံရတဲ့ဘဝကနေလွတ်မြောက်အောင် ကိုယ့်ကိုကိုယ်ကြိုးဆွဲချခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ အသက်မသေဘဲ ကိုမာအဖြစ်နေနေရတာပါဒါပေမယ့်ကျောင်းသားတွေကိုးရီးယားကိုအလည်အပတ်ခရီးစဥ်သွားဖို့သင်္ဘောပေါ်တက်တဲ့အချိန်မှာတော့ ကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကိုဝင်လာပြီး တစ်ယောက်ပြီးတစ်ယောက်ထူးဆန်းစွာသေဆုံးကုန်ကြတယ် တစ်ခြားသူကိုပြန်ပို့ရင်တော့အသက်ရှင်မယ်ဆိုတော့သေရေးရှင်ရေးကြားမှာသံယောဇဥ်ဆိုတာမြဲပါ့မလားဒီသေဆုံးမှုကရောအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေးရဲ့ကျိန်စာဖြစ်နေမလား ဒီလိုကျိန်စာအီးမေးလ်တွေကနေရောအသက်ရှင်လျက်နဲ့လွတ်မြောက်နိုင်မလားဆိုတာကြည့်လိုက်ရအောင်ပါနော်ဒီကားမှာတော့ ကိုရီးယားမင်းသားချော Jang Geun Suk လည်း ပါဝင်ထားပါသေးတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… 1.9GB | 904MB | 434MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

One Missed Call 3: Final (2006)

2006
The Last House on the Left (2009) 6.5
The Last House on the Left (2009) The Last House on the Left (2009)========================= ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီးရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့်ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန်သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကိုပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက်မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့်တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာသူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာသူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ ‌သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် thriller ကားကြိုက်သူ‌တွေသွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။   File size…(3.08GB/(1.13GB) Quality….Blu-Ray 1080p / 720p  Format…mp4 Duration….01:50:00 Genre... Horror , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit ...
movie

The Last House on the Left (2009)

York Witches Society (2022) 4.1
York Witches Society (2022) ဒီတစ်ခါတော့ ပရိသတ်ကြီးကို လိုက်တွေးကြည့်လို့ကောင်းမဲ့ စုံထောက်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သိဖို့လည်း ခက်ခဲသလို လိုက်စဉ်းစားဖို့လည်း ကောင်းမဲ့ ကားကောင်းလေးတစ်ကာပါပဲ ချယ်ရီစပရင်းဆိုတဲ့ မြို့လေးကို မဲလ်ဆိုတဲ့ မှုခင်းစုံစမ်းရေးသတင်းထောက်လေးက ပြန်လာနေတာနဲ့ ဇာတ်လမ်းလေးကို အစပြုထားခဲ့တာပါ မွေးရပ်မြေဖြစ်တာနဲ့အညီ တွေ့တွေ့သမျှလူတွေကလည်းသူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါပဲ သူကတော့ သူရေးလိုက်တဲ့ ဆောင်းပါးတစ်ခုကြောင့် စက်ရုံကြီးတစ်ရုံပိတ်သွားပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားတာကြောင့် ဘော့စတွန်ကိုပြောသွားခဲ့တဲ့သူလေးပါ အဲဒီလိုနဲ့ သူပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကလေးဘဝထဲကသူငယ်ချင်း တိုနီဆိုတဲ့တစ်ယောက်က သူ့မိန်းမ ရေချယ်နဲ့ ရန်ဖြစ်ပြီး ပျောက်သွားခဲ့တာပါ အဲဒီ ချယ်ရီစပရင်းမြို့လေးကိုပဲ နယူးယောက်က ဂျိတ်ဆိုတဲ့ စုံထောက်ကြီးကလည်း ပြောင်းလာခဲ့တာမကြာသေးပါဘူး အဲဒီလိုနဲ့ တိုနီပျောက်သွားတဲ့အမှုကို စုံထောက်ကြီးရော သူ့ရဲ့သူငယ်ချင်းက မဲလ်ကရော လိုက်စုံစမ်းပါတယ် ဂျိတ်ကတော့ မဲလ် အမှုလိုက်စုံစမ်းတာကိုမကြိုက်ပေမဲ့လည်း သူ့ထက်တော်နေတော့ အောင့်သက်သက်နဲ့ ကြည့်နေရတာပါ လိုက်ရင်းနဲ့မှာ အမှုကို တစ တစ ဆွဲထုတ်မှုရင်း ...
movie

York Witches Society (2022)

Jeepers Creepers Reborn (2022)
Jeepers Creepers Reborn (2022) ဒီတစ်ခါတော့ Horrorကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ကားညွှန်းပေးပါရစေ Jeepers Creepersကြိုက်နှစ်သက်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူးဇာတ်လမ်းလေးကိုအမြည်းပေးရရင် ချေ့စ်နဲ့လိန်းတို့က သမီးရည်းစားစုံတွဲတွေပေါ့ ချေ့စ်က ဒီလောကကြီးမှာ ခရီပါရှိတယ်ဆိုတာယုံကြည်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးလိန်းကတော့ ဒါဟာလူတွေလုပ်ကြံဖန်တီးပြီးပြောကြတာပါလို့ထင်နေသူပါတစ်နေ့ချေ့စ်က လိန်းကို Horror Houndပွဲတော်ကိုခေါ်သွားခဲ့ရာမှ အဲ့ဒီနေရာမှာလိန်းရဲ့ခေါင်းထဲကိုမျှော်လင့်မထားတဲ့ သေခြင်းတရားအနိဌာရုံတွေရောက်လာပါတော့တယ် ဘာကြောင့်လိန်းရဲ့မှတ်ဉာဏ်ထဲမှာဒီလိုအနိဌာရုံတွေပေါ်လာတာလဲ ခရီပါဆိုတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးနဲ့ရောဘယ်လိုတွေပတ်သက်ဆက်နွယ်နေလဲ ၂၃နှစ်မှာတစ်ကြိမ်ပေါ်လာတတ်ပြီး လူတွေကိုအစုလိုက်အပြုံလိုက်သတ်တတ်တဲ့ခရီပါကရော တကယ်ရှိလားဆိုတာ.. ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့စောင့်မျှော်ကြည့်ရှုပေးကြပါဦး... File size…1.6GB / 761MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora
movie

Jeepers Creepers Reborn (2022)

2022
Sissy (2022) 6.2
Sissy (2022) Sissy (2022) ========== Rotten Tomatoes - 96% IMDb Rating - 6.2/10ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ rotten Tomatoesမှာ rating 92%အထိ ရရှိထားတဲ့ Horror/ Mystery ဇာတ်‌လမ်းကောင်း လေးတစ်ခုပါ။အားလုံးပဲ သိကြတဲ့အတိုင်း Psycho Killer ထဲမှာ အဆိုးဆုံးတွေက ကိုယ့်ကိုယ်ကိုယ် psycho ဖြစ်နေမှန်းမသိ ကိုယ်လုပ်တာ မှန်တဲ့ဆိုတဲ့ psycho တွေပါ။ ဒီဇာတ်ကားထဲမှာလည်း Sissy ကအဲဒီလိုကောင်မလေး ပေါ့။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ Psycho ဆန်ဆန် သူတို့ကိုသွားမထိရင် Psycho တွေကလည်း အေးဆေးပါပဲ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Sissy နဲ့ Amber တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မခွဲဘူး အတူတူ အသက်ကြီးပြင်းသွားကြမယ်လို့ ကတိပေးထားကြတဲ့ သူငယ်ချင်း ကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ Alex ဆိုတဲ့ကောင်မလေး ပရိတ်သတ်ရှေ့ကို မပေါ်ထွက်လာခင်အချိန်အထိပေါ့။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ အဆင်‌ မပြေတဲ့ Sissy တစ်ယောက် Amma နဲ့ Sissyတို့ရဲ့ ငယ်ဘဝပုံရိပ်တွေ အမှတ် တရတွေကြားထဲကနေ ...
movie

Sissy (2022)

2022
Raven’s Hollow (2022) 5.3
Raven’s Hollow (2022) Raven's Hollow (2022) ================အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ "ကျီးကန်း" ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ထိုမြို့လေးကတော့ "ကျီးကန်း" ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ...
movie

Raven’s Hollow (2022)

2022
Toshimaen: Haunted Park (2019) 5.5
Toshimaen: Haunted Park (2019) Toshimaen:Haunted Park (2019)ကျိန်စာနဲ့ သည်းထိတ်ရင်ဖိုသရဲဇာတ်လမ်းတွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ကောင်မလေးတစ်သိုက်နဲ့တိုရှိမအန်ကျိန်စာအကြောင်း ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။အထက်တန်းကျောင်းတည်းက ခင်ခဲ့ကြတဲ့ကောင်မလေးတစ်စုက ၃နှစ်ကြာမှ ပြန်ပြီးဆုံကြပါတယ်။ သူတို့အထဲက "စခိ"ဆိုတဲ့ကောင်မလေးက နိုင်ငံခြားမှာပညာတော်သင်သွားတော့မှာဖြစ်လို့ နှုတ်ဆက်ရင်းပြန်ဆုံကြတာပါ။ သူတို့က ကျောင်းသူဘဝမှာတည်းက ဖုန်းအလွန်သုံးပြီး အင်တာနက်နဲ့အကျွမ်းတဝင်ရှိကြပါတယ်။သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ယုက ကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြန်ဆုံတဲ့ပွဲအတွက် အသွားမှာ "စခိ"က ပျောက်သွားတဲ့ယုကရဲ့ အမေဖြစ်သူနဲ့ဆုံခဲ့ပါတယ်။ စခိနဲ့ယုက က အရမ်းခင်ခဲ့တာမို့ ကစားကွင်း ဝင်ခွင့်အခမဲ့လက်မှတ်တွေကို ယူထားဖို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့တွေ့ဆုံပွဲကိုရောက်တော့ ကျန်တဲ့သူငယ်ချင်းတွေကပါ ကစားကွင်းကိုသွားချင်နေတာမို့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူတို့သွားတဲ့ကစားကွင်းမှာ တိုရှိမအန်ကျိန်စာဆိုတာရှိပါတယ်။ စည်းကမ်းချက်တွေထဲက တစ်ချက်ကို ဖောက်ဖျက်မိတာနဲ့ လျှို့ဝှက်နေရာကိုထာဝရခေါ်ဆောင်သွားခံရတော့မှာပါ။ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်စုလည်း ဒီကျိန်စာကို စမ်းသပ်ကြည့်ဖို့ဖြစ်လာတဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အကြောင်းအရင်းတစ်ခုကြောင့် ဒီကျိန်စာနဲ့ပြန်ပတ်သက်ရဖို့ ဖြစ်လာတာမို့ ဘာတွေကြုံရမလဲ ဘယ်လိုတွေကျိန်စာမိကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File ...
movie

Toshimaen: Haunted Park (2019)

The Devil’s Backbone(2001) 7.4
The Devil’s Backbone(2001) The Devil's Backbone(2001) အညွှန်း********************************IMDb rating: 7.4/10 Rotten Tomatoes: 93%ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ..မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil's backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ...
movie

The Devil’s Backbone(2001)

Nix (2022) 4.3
Nix (2022) Nix (2022) =========Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ...ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာ‌ပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ....ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်‌လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File ...
movie

Nix (2022)

2022
Ripper Untold (2021) 4.4
Ripper Untold (2021) Ripper Untold (2021) ================ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်....သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr ...
movie

Ripper Untold (2021)

2021
Bring It On: Cheer or Die (2022)
Bring It On: Cheer or Die (2022) Bring It On: Cheer or Die (2022)(1080p ရပါပြီ)ဒီကားလေးကတော့ Halloween horror, Thriller ကားလေးပါ။Abby တို့ကျောင်းမှာ Cheerleader အဖွဲ့က အရမ်းအနှိမ်ခံရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀လောက်က ပြိုင်ပွဲမှာ Cheerleader တစ်ယောက်သေပြီး နောက်ပိုင်း ဘာစတန့်မှမလုပ်ရ ဘာပွဲမှမပါရဘဲ နေနေရပါတယ်။လာမဲ့ ပြည်နယ်ပေါင်းစုံပြိုင်ပွဲမှာ ပြိုင်ဖို့ Abby တို့အဖွဲ့ ခိုးပြီး လေ့ကျင့်ကြတဲ့အခါ လူမသိတဲ့ကျောင်းဟောင်းဆီ သွားကြပါတယ်။Abby တို့ကျောင်းဟောင်းကို သွားတဲ့ညက Halloween ည ဖြစ်နေပြီး သူတို့ကို လိုက်သတ်တဲ့လူသတ်သမားရှိနေတဲ့အခါ ဘာဆက်ဖြစ်မလဲ? Abby တို့အဖွဲ့ ဘယ်လိုအလွဲတွေလုပ်မလဲ? လူသတ်သမားရန်ကနေ လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie က ပါ။)File Size          : 2.3GB, 859MB, 438MB Quality  ...
movie

Bring It On: Cheer or Die (2022)

2022
Mukden Funeral Shop (2022) 6.2
Mukden Funeral Shop (2022) “ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူး လူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ ..... ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ "ယင်းတောင်ရဲ့ နတ်ဆိုးအရှင်" ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ်လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ......မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ်စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ ...
movie

Mukden Funeral Shop (2022)