Channel Myanmar

Horror

The Girl Who Got Away (2021) 5.6
The Girl Who Got Away (2021) The Girl Who Got Away(2021) =======================အခု တစ်ခေါက်မှာတော့ ပူပူနွေးနွေးလေး ထွက်ရှိထားပြီး Horror ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမဲ့ အမေရိကန် Horror movie လေးကို မိတ်ဆက်ပေးပါရစေ"The Girl Who Got Away" ဆိုတဲ့ movie name လေးအတိုင်းပဲ ပြန်ပေးဆွဲမှုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကောင်မလေးအကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်ဘယ်လို ပြန်ပေးဆွဲခံရတာလဲဆိုတဲ့အကြောင်း သိဖို့ဆိုရင် 1998 ခုနှစ်ကို ပြန်သွားကြည့်ရမှာပေါ့1998 ခုနစ် မက်စီနာမြို့မှာ စိတ္တဇအမျိုးသမီးတစ်ဦးက မိန်းကလေး ၅ ယောက်ကို ပြန်ပေးဆွဲ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီငါးယောက်ထဲကနေ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်လာသူ တစ်ဦးပဲ ရှိခဲ့ပါတယ် သူကတော့ ခရစ္စတီးနားလို့ အမည်ရတဲ့ ကောင်မလေးပါခရစ္စတီးနားဟာ အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့အိပ်မက်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေထိုင်ရင်း ...
movie

The Girl Who Got Away (2021)

Demonic(2021) 4.7
Demonic(2021) လူနာတစ်ယောက် ကိုမာ ဝင်သွားပြီဆိုတာနဲ့ လူနာလိုအပ်တာကိုပြုစုပေးဖို့ ဆရာဝန်တွေ၊ လူနာစောင့်တွေအတွက်တော်တော်ခက်ခဲပါတယ်။ လူနာက ဘာမှမပြောနိုင်တော့ဘူးလေ...အဲ့ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မိုက်ကယ်ဒိုလော့စ် တို့အုပ်စုက နည်းပညာအသစ်တစ်ခု တီထွင်နိုင်ခဲ့ပါတယ်။အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် လူနာက ဖန်တီးထားတဲ့ပုံရိပ်ယောင်ထဲမှာ စကားမပြောဘူးဖြစ်နေပါတယ်။ကိုမာဖြစ်ပြီး အသိစိတ်ရှိနေသေးတဲ့ လူနာ အန်ဂျလာ က သူ့နဲ့စကားပြောဖို့ သူ့သမီး ကာလေ ကိုခေါ်ပေးပါတဲ့...ကာလေ ကတော့ အမေ့ကို နာနာကျည်းကျည်းမုန်းနေပြီး အမေကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် အဖြေရှာမရဖြစ်နေသူပါ။တစ်မြို့လုံးက ဝိုင်းပြောကြတယ်။ သူ့အမေက လူသတ်သမားတဲ့။ သူငယ်ချင်းဖြစ်သူ မာတင် ကတော့ သူ့အမေကတစ်ခုခုတွန်းအားပေးမှုကြောင့်ဖြစ်နေတာတဲ့။ အခုတော့.... နည်းပညာနဲ့ပုံဖော်ထားတဲ့ အိမ်မက်လိုလို ပုံရိပ်ယောင်ထဲမှာ အမေက သူ့နဲ့တွေ့ချင်တယ်တဲ့ ။ကာလေ တစ်ယောက် ပုံရိပ်ယောင်ထဲကနေ သူ့အမေရဲ့အကြောင်းစုံကို ရအောင်ဖော်ထုတ်နိုင်ပါ့မလား ?သူ့အမေပြောတဲ့ စွမ်းအား ဆိုတာရောဘာလဲ? မာတင်ပြောတဲ့ စိတ္တဇဆန်ဆန် ဖိအားပေးမှုဆိုတာတွေရော?အားလုံးကို ကြက်သွန်နီအခွံခွာသလို တစ်လွှာချင်းတစ်လွှာချင်းအဖြေထုတ်သွားမှာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်။နည်းပညာဗဟုသုတတွေလည်း ...
movie

Demonic(2021)

2021
Oh my ghost 6 (2018) 4.2
Oh my ghost 6 (2018) Oh my ghost 6 (2018)Oh My Ghost ဇာတ်ကားတွေထဲက ပက်ကြားအက်တစ်သိုက် ရဲ့ဗရုတ်ကျမှုတွေကို CMကနေ တစ်ပြန် ပြန်လည် တင်ဆက်လိုက်ပါပြီ။Oh My Ghostလို ပေါက်လွန်လွန်းလှတဲ့ ထိုင်းသရဲဟာသကားကို ဟာသရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိကြမှာပါ။ဒီတစ်ခေါက်မှာတော့ ဇာတ်လိုက်ကျော် ပန်ကိတ်မတစ်ယောက် လူ့ပြည်မှာ အဆင်ဖမ်းဖို့အတွက် လူပြန်ဝင်စားနိုင်မယ့် အထူးအခွင့်အရေးလေးကို ယမမင်းကြီးက ဖန်တီးပေးလိုက်ပါတယ်။ပန်ကိတ်မ မလိုက်နာနိုင်လောက်တဲ့ စည်းမျဥ်း စည်းကမ်း တစ်သီတစ်သန်း ပက်ကေ့ချ်လေးနဲ့ပေါ့။အဆင်ကလည်းဖမ်းချင် စည်းကမ်းကလည်းများ ဆိုတော့ ပန်ကိတ်မအဖို့ အကြပ်ရိုက်ပြီလေ။ဒါပေမယ့် "အခြောက်သရဲဆိုတာ အမြဲ ...... ယုံကြည်ရာတစ်ခုအတွက် အဆဲကိုတောင် စတေးကြတာပဲ" ရယ်လို့ ပန်ကိတ်တစ်ယောက် ကြွေးကြော်ရင်း ငါ မဆဲဘူး ..... ငါ မဆဲဘူး ဆိုပြီး ပန်ကိတ်တစ်ယောက် ယမမင်းရဲ့စည်းကမ်းတွေကို ချဲလန့်ခေါ်ပါတော့တယ်။ချဲလန့်ဆိုတဲ့အရာကလည်း အခက်အခဲတွေနဲ့ တစ်ပါတည်းပါလာတတ်တာ သဘာဝမို့ ပန်ကိတ်မ တစ်ယောက် မစ်ရှင်ပဲ ကွန်ပလိမလား????? ဖေးလ်ပဲ ဖေးလ်မလားဆိုတာကို ရင်တမမ အရယ်မရပ်ရ ဆိုတဲ့စာသားနဲ့ အညီ ...
movie

Oh my ghost 6 (2018)

2021
The Hypnosis(2021) 6.0
The Hypnosis(2021) The Hypnosis(2021)အညွှန်း************************TVကနေပြီးတော့ အတိတ်ဘဝအကြောင်းတွေကို အိပ်မွေ့ချနည်း အသုံးပြုပြီး ပြန်လည်တူးဖော်တဲ့အစီအစဉ်တစ်ခုကို ရိုက်ကူး ပြသခဲ့တယ် ..လူငယ်တော်တော်များများကလည်း  ဆန်းကြယ်ပြီး ပြုလုပ်ရလွယ်တဲ့အိပ်မွေ့ချခြင်း‌အပေါ် စိတ်ဝင်စားလာကြတယ် ..အဲ့ဒီလူငယ်တွေထဲမှာ ဂျင်းဟိုနဲ့ ဒိုဂယောင်းလည်းအပါအဝင်ပေါ့...သူတို့(၂)ယောက်က ဒီအိပ်မွေ့ချနည်းပတ်သက်ပြီးအတွေ့အကြုံအနည်းငယ်ရှိပါတယ်..ဒါ့ကြောင့် TV ရုပ်သံလွှင့်ဌာနက လွှင့်တဲ့အတိုင်း ရဲရဲဝံဝံစမ်းသပ်ပါတော့တယ်...အဲ့ဒီနောက်တော့ ဆိုးရွားတဲ့ပြဿနာတွေဆက်တိုက်ပေါ်လာပါတော့တယ်... File Size :(1.6GB) (857MB) and (324 MB) Quality : Blu-Ray 720p Format…mp4 Duration…01:25:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myat Thet Encoded by Phyo Pyae
movie

The Hypnosis(2021)

The Swarm (2021) 5.3
The Swarm (2021) ၂၀၂၁ ထွက် Thriller ဇာတ်ကားလေးပါ။ဇာတ်လမ်း အကျဉ်းကတော့ ဗာဂျီနီဆိုတဲ့ အဓိကဓာတ်ကောင်က ကျိုင်းကောင်တွေမွေးပြီး ရောင်းပါတယ်။ဒီမှာ ပုရစ်ရောင်းသလိုပေါ့ဗျာ။သူ့မှာ သမီးတစ်ယောက် သားတစ်ယောက်ရှိတယ်။ သူ့အလုပ်ကလည်း အဆင်မပြေသားသမီးတွေကိုလည်း ဂရုမစိုက်နိုင်ဆိုတော့ ပြဿနာတွေဖြစ်ကြတာပေါ့။နောက်တော့ ကျိုင်းကောင်တွေကို အကောင်ကြီးကြီးရအောင် လုပ်နိုင်တဲ့နည်းလမ်းကိုတွေ့လာတယ်။ကျိုင်းကောင်တွေကို သွေးတိုက်တာပါ။အခက်အခဲတွေကြားမှာ ကြံရာမရတဲ့အဆုံး ကျိုင်းကောင်တွေကို သွေးတိုက်ပြီးမွေ့းပါတော့တယ်။ပထမတော့ သွေးကို ဝယ်နေပေမဲ့ နောက်တော့ သွေးဝယ်လို့မရတဲ့အဆုံး ကိုယ်တိုင်သွေးရှာပြီး တိုက်ပါတော့တယ်။နောက်တော့ သွေးသောက်နေတဲ့ ကျိုင်းကောင်အုပ်ကြီးနဲ့ သွေးကိုကိုယ်တိုင်ရှာနေတဲ့သူ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ပါတော့။ ဘာသာပြန်သူတွေကတော့ d3mon & Ma Phi ပဲဖြစ်ပါတယ်…File Size : (900 MB) and (450 MB) Quality : NF WEB-DL (720p,480p) Running Time : 1hr 41min Format : Mp4 Genre : Drama, Fantasy,Horror Subtitle : ...
movie

The Swarm (2021)

2021
The Cursed: Dead Man’s Prey(2021) 7.0
The Cursed: Dead Man’s Prey(2021) The Cursed: Dead Man’s Prey(2021) အညွှန်း****************************************တိတ်ဆိတ်တဲ့ညတစ်ညမှာ လူသတ်မှုတစ်ခုဖြစ်သွားတယ်...လူသတ်မှု အခင်းဖြစ်ပွားရာနေရာတစ်ခုမှာ သံသယရှိသူနဲ့ နစ်နာသူရဲ့ အလောင်းနှစ်ခုကို တွေ့ရှိတယ် ...ထူးဆန်းတာက တရားခံအဖြစ် သံသယရှိသူရဲ့ အလောင်းက လွန်ခဲ့တဲ့ သုံးလလောက်ထဲက သေဆုံးပြီးသားအလောင်းဖြစ်နေခဲ့တယ်....ရဲတွေအတော်ခေါင်းကိုက်ရတဲ့ကိစ္စဖြစ်နေတယ်..အဲ့ဒီနောက်မရှေးမနှောင်းမှာပဲ ရုပ်သံတိုက်ရိုက်လွှင့်အစီအစဉ်တစ်ခုမှာ အချိန်ဖုန်းအဝင်တစ်ခုကအင်တာဗျူးဖြေချင်တယ်..ဒီလူသတ်မှုကို သူပဲကျူးလွန်ထားတယ်လို့ဆိုတယ်...ဒါ့ကြောင့် ရဲတွေရော ရုပ်သံဌာနကလူတွေကိုရော အမည်မသိသူစိမ်းကိုစောင့်နေကြတယ်..အဲ့ဒီနောက်ဒီလူဟာ ကိုရီးယားတစ်နိုင်ငံလုံးနဲ့ ရဲဌာနတစ်ခုလုံးစောင့်ကြည့်နေတဲ့အချိန်မှာပဲဒီလူသတ်မှုကို သူကျူးလွန်တယ်ဆိုတာရယ်...လုပ်နည်းကတော့ လူသေကောင်တွေကိုအောက်လမ်းနည်းနဲ့ထိန်းချုပ်ပြီး သတ်တယ်ဆိုတာရယ်..နောက်သတ်မဲ့သူတွေရဲ့အမည်တွေကိုပါ ပြောပြသွားတယ်....ဘယ်သူတွေက အလောင်းကောင်တွေကိုထိန်းချုပ်ထားတာလဲ...ဒီလိုမျိုးကြီးပြောပြီး လူသတ်မှုကျူးလွန်မှာကို ရဲတွေကရောတားဆီးနိုင်ပါ့မလား..ဘာ့ကြောင့်ရန်ငြိုးတစ်ကြီး ဒီလိုမျိုးကြီး လုပ်တာလဲ...ဒီကားက စလာလာချင်းကိုကြမ်းပါတယ်...သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဇာတ်အိမ်ကိုဖွဲ့စည်းထားပြီးအစမှ အဆုံးထိကို စိတ်ဝင်စားစရာကောင်းပါတယ်...Fight Scene တွေလည်း တော်တော်မိုက်ပါတယ်...File Size :(2GB) (1GB) and (418 MB) Quality : WEB-DL 720p Format…mp4 Duration…01:50:00 Genre : Horror,Mystery , Fantasy Subtitle : Myanmar Subtitle (Hard ...
movie

The Cursed: Dead Man’s Prey(2021)

I Can Only See (2021)
I Can Only See (2021) I can Only See (2021)၂၀၂၁ မှာအသစ်ထွက်ထားတဲ့ Horror/Comedy ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Cast တွေကတော့ 2AM member ဖြစ်သူ Jung Jin Woon မင်းသမီးကတော့ Sol Binတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို ..... သရဲကားဆိုပေမယ့် ဟာသလေးတွေရောထားလို့ ကြောက်တတ်သူတွေ ကြည့်ပျော်မယ့်ကားလေးလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ဇာတ်ကားရိုက်ဖို့ နေရာရှာနေတဲ့ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက်နဲ့ သူတို့ရိုက်ကူးရေးအဖွဲ့အကြား ကြောက်စရာဖြစ်ရပ်တွေ ကြုံရပုံကို အဓိကထားရိုက်ကူးတာဖြစ်ပါတယ်ဂျန်းဂွန်းဆိုတဲ့ တက်သစ်စဒါရိုက်တာက ဇာတ်ညွှန်းလည်းရေးသလို ဒါရိုက်တာလည်းလုပ်နေတဲ့ လူငယ်တစ်ယောက်ပါတစ်ရက်မှာသူရေးထားတဲ့ဇာတ်လမ်းကို အတူတူရိုက်ကူးဖို့ ကျောင်းတုန်းကစီနီယာတွေကိုခေါ်ပြီး ဇာတ်ကားတစ်ကားဖန်တီးဖို့အကြောင်းဖန်လာရင်း အဲ့ဒီဇာတ်ကားရိုက်တဲ့ နေရာ ဟိုတယ်ဟောင်းတစ်ခုမှာ သဘာဝလွန်ဖြစ်ရပ်တွေစဖြစ်လာပါတော့တယ်သူတို့အဖွဲ့ကဘယ်လိုတွေ အခြောက်ခံရမယ်ဆိုတာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟာသလေးတွေပါလို့ ရီမောဖွယ် ကြည့်ရှုရမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်းညွှန်းချင်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Moe Pwint ပဲ ဖြစ်ပါတယ်။File size…1.8 GB and 1.1 GB and 399 MB Quality….WEB-DL 1080p and 720p and 480pFormat…mp4 Duration…. ...
movie

I Can Only See (2021)

2021
Nekrotronic (2018) 5.6
Nekrotronic (2018) ရှေးခေတ်တုန်းက လူတွေက နတ်ဘုရားတွေကို ယစ်ပူဇော်ခဲ့ကြတာဟာနတ်ဆိုးနဲ့မကောင်းဆိုးဝါးတွေ ကမ္ဘာကိုလာလို့ရမယ့် Wormhole တစ်ခုလို ဖြစ်ပြီးကမ္ဘာပေါ်ကို ဒီကောင်တွေ ရောက်လာပါတယ်တဲ့။အဲ့ဒီနတ်ဆိုးတွေက လူတွေရဲ့ဝိဉာဉ်တွေကိုစားသုံး၊လူတွေကိုပူးပြီး သတ်ဖြတ်ပါလေရောတဲ့..အဲ့အချိန်မှာပဲ သောက်ရမ်းကြမ်းတဲ့လက်နက်တွေ၊အစွမ်းတွေနဲ့ အောက်လမ်းဆရာတွေပေါ်လာပြီးနတ်ဆိုးတွေ မကောင်းဆိုးဝါးတွေနဲ့ ဘတပြန်ကျားတပြန် ဆော်ပလော်တီးနေကြတာ အတော်ကြာနေခဲ့ပါပြီတဲ့..အခုခေတ်ရောက်လာတော့ နတ်ဆိုးတွေက အင်တာနက်အစွမ်းကိုသိပြီး App တစ်ခုထုတ်လိုက်ပါလေရောတဲ့..အဲ့ App နဲ့ အင်တာနက်ပေါ်ကတဆင့်လူတွေဆီကို ဝင်ပူးပါတော့တယ်...အဲ့နတ်ဆိုးက အသက်ကြီးပေမယ့် မိုက်နေတုန်းပါပဲ...မိုက်ဆို..နတ်ဆိုးက ဒို့မတ်မတ် မိုနီကာဘယ်လူချီဖြစ်နေတာကိုး...မင်းသားကတော့ Iron man နဲ့ Captain America ပေါင်းထားတဲ့ရုပ်နဲ့ Australia မင်းသား Ben O'Toole ပါ။Sci-Fi , Horror အမျိုးအစားဇာတ်ကားဖြစ်ပြီး ရှယ်ကြမ်းအောင် ရိုက်ကူးထားပါတယ်။ရွံစရာမကောင်းဆိုးဝါးတွေ..ရောင်စုံအစွမ်း ရောင်စဉ်တန်းတွေ...ခပ်မိုက်မိုက်လက်နက်တွေ...ခက်ကြမ်းကြမ်းချကွက်တွေနဲ့ဒီဇာတ်ကားက IMDb Rating (5.6) ရရှိထားပါတယ်။  File size…(1.7 GB) / (999 MB) / (400 MB) Quality…BluRay 1080p ...
movie

Nekrotronic (2018)

Ghibah (2021) 5.3
Ghibah (2021)  ဒီတစ်ခါတော့ CMကနေ အင်ဒိုးနီးရှားသရဲကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နတ်ဆိုးဆိုတာ ဘယ်အချိန်မှာပေါ်လာတာလဲ ညအချိန်လား နေဝင်ရီတရော အချိန်လား နှစ်ခုလုံးမဟုတ်ပါဘူးတကယ်က ကိုယ်သူများရဲ့ နောက်ကွယ်မှာ မှန်လားမသိမမှန်လားမသိနဲ့ အတင်းပြောတဲ့အချိန် ကိုယ့်ဆီမှာ မကောင်းတဲ့အတွေးတွေများနေတဲ့အချိန်မှာ ပေါ်လာတတ်တာပါတဲ့ အဲ့လိုမျိုးအတင်းပြောတာကို အစ္စလန်ဘာသာမှာ ဂီဘာလို့ခေါ်ဝေါ်ကြပါတယ် ဒီဇာတ်ကားလေးကတော့... ဖီလီတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားတသိုက်ဟာ ကျောင်းမဂ္ဂဇင်းအတွက် ကျောင်းသူနဲ့ ပါမောက္ခဖောက်ပြန်တဲ့အကြောင်းကို သတင်းယူရင်း ဂီဘာဆိုတဲ့ မဟုတ်မမှန်အတင်းပြောတဲ့ အပြစ်ကို မတော်တဆ ကျူးလွန်မိခဲ့ကြပါတယ်အဲ့ဒီအချိန်မှာ လူတွေဂီဘာအပြစ်ကို ကျူးလွန်ဖို့ အမြဲစောင့်မျှော်နေတဲ့ အီဖရစ်နတ်ဆိုးက ကြားသိသွားပြီး သူတို့ရဲ့နောက်ကို တစ်ကောက်ကောက် ကပ်ပါလာပါတော့တယ် ကပ်ပါလာပြီးနောက်ပိုင်း အီဖရစ်နတ်ဆိုးဟာ ဖီလီတို့ သူငယ်ချင်းတစ်စုကို တစ်ယောက်ချင်းစီ ဘယ်လိုမျိုးပြင်းပြင်းထန်ထန် နှောင့်ယှက်အပြစ်ပေးမလဲဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်...။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:33:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung ...
movie

Ghibah (2021)

Blood Red Sky(2021) 6.5
Blood Red Sky(2021) Blood Red Sky (2021) အညွှန်း************************ဒီဇာတ်ကားကို စမြင်တော့ လေယာဉ်ပြန်ပေးဆွဲတဲ့ကားပဲပေါ့လို့တွေးလိုက်တာ။တကယ်လည်းလေယာဉ်ပြန်ပေးဆွဲတဲ့ကားဆိုပေမဲ့ နောက်ဆက်တွဲဇာတ်လမ်း ဇာတ်ကွက်တွေကတော်တော်ကြီးကိုဆန်းပြားတယ်...သားအမိနှစ်ယောက် အမေရိကကို ဆရာဝန်နဲ့သွားတွေ့ဖို့ အဲဒီလေယာဉ်နဲ့သွားတယ်။အဲဒီလေယာဉ်ပေါ်မှာ အရှေ့အလယ်တိုင်းသား ရူပဗေဒပညာရှင်တစ်ယောက်ပါပါလာတယ်။အဲဒီလိုနဲ့ လေယာဉ်ပြန်ပေးဆွဲခံရတယ်ပေါ့။ လေယာဉ်ပြန်ပေးသမားတွေက ရူပဗေဒပညာရှင်ရယ်တခြား အရှေ့အလယ်တိုင်းသားနှစ်ယောက်က ပြန်ပေးဆွဲတဲ့ပုံစံနဲ့ ထောင်ချောက်ဆင်ပြီးသူတို့က ခုန်ချနေခဲ့ကြမယ်လို့ စီစဉ်ထားတယ်။ ဒါပေမဲ့ သားအမိနှစ်ယောက်ထဲက အမေကို ပြန်ပေးသမားထဲကစိတ်ရူးပေါက်နေတဲ့ကောင်က သတ်လိုက်တဲ့ အချိန်မှာ အမေဖြစ်သူက မသေဘဲ ပြန်ရှင်လာတယ်။သတ်အောင်သတ်ထားတာကိုမှ အမေဖြစ်သူက ဘာလို့မသေဘဲပြန်ရှင်လာတာလဲ...ကောင်းကင်မှာသွေးတွေဘယ်လိုလွှမ်းကုန်မလဲဆိုတာကိုတော့...၂၀၂၁ ထွက် Horror, Action ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3Monပဲဖြစ်ပါတယ်....File Size :(1.8GB) (950 MB) and (480 MB) Quality : WEB-DL 1080p 5.1CH, 720p Format…mp4 Duration…01:30:00 Genre : Action , Horror , Thriller Subtitle : Myanmar Subtitle (Hard ...
movie

Blood Red Sky(2021)

Fear Street: Part Three – 1666 (2021) 7.1
Fear Street: Part Three – 1666 (2021) Fear Street: Part Three - 1666 (2021)==========================အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်း(၃) ဖြစ်ပါတယ်ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်...ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ  ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့သူတို့ လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကိုရှူစားရမှာဖြစ်ပြီး . အပိုင်းနှစ်မှာတော့  ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်းပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာဖြစ်ပြီး၊အခုဇာတ်သိမ်းပိုင်းမှာတော့ ၁၆၆၆ ခုနှစ်တုန်းက ဆာရာဖီအာရဲ့ဇာတ်ကြောင်းကိုကြည့်ရှူရမှာဖြစ်ပါတယ်။သူကတကယ်ပဲစုန်းမလား ဘာတွေဖြစ်ခဲ့တာလဲ ကျိန်စာကတကယ်လားဆိုတာကို ဒီနာတို့နဲ့အတူ လိုက်ပါဖော်ထုတ်လိုက်ကြပါဦးဗျာ . . .(စုစုပေါင်း Part 1(1994), Part 2 (1978), Part 3 (1666) - Trilogy ...
movie

Fear Street: Part Three – 1666 (2021)

2021
Fear Street Part One: 1994 (2021) 6.5
Fear Street Part One: 1994 (2021) Fear Street Part One: 1994 (2021)=========================IMDb Rating - 6.5/10အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။Part -1(1994), Part - 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက်လာမယ့် Trilogy Event လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာကမမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့...သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။July 9 ...
movie

Fear Street Part One: 1994 (2021)

2021
Hunter Hunter (2020) 6.3
Hunter Hunter (2020) Hunter Hunter (2020)=================IMDb Rating - 6.3/10 နာမည်ကို ကြည့်လိုက်တာနဲ့ အမဲလိုက်တဲ့ကား ဆိုတာ သိကြမှာပါ။ ဆိုတော့ ..... အမဲလိုက်တဲ့ကားတွေကြိုက်တတ်တဲ့လူတွေ သဘောကျမယ့်ကားမျိုးပါပဲ။ ဘဝဟာ မုဆိုးတစ်လှည့် သားကောင်တစ်လှည့်ပါပဲ။လေးဖြူရဲ့အမဲလိုက်မုဆိုး သီချင်းထဲကလိုပေါ့ဗျာ။ မုဆိုးကြီး ဂျိုးဆက်တို့ သားအမိသားအဖ ၃ ယောက်ဟာတောထဲမှာ အိမ်ကလေးဆောက်ပြီး နေကြပြီး အမဲလိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာပါ။သူတို့ကို ခြိမ်းခြောက်နိုင်တာကတော့ ဝံပုလွေတစ်ကောင်ပါပဲ။ ပုံမှန်ဆိုရင် လူက မုဆိုး တိရစ္ဆာန်က သားကောင်ပါ။တိရစ္ဆာန်က မုဆိုး ဖြစ်ပြီး လူက သားကောင်ဖြစ်တဲ့အချိန်မှာတော့ ..... Horror, Thriller ကြိုက်သူများအသည်းတယားယား ရင်တဖိုဖိုနဲ့ ဇာတ်ကို အဆုံးထိ ရောက်လို့ ရောက်မှန်းမသိအောင် ွဲခေါ်သွားမယ့် ဇာတ်ကားမျိုးပါပဲ။ IMDb Rating - 6.3/10 ရရှိထားပြီး . Thriller ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ကြည့်ကောင်းမယ့်ကားမျိုးဖြစ်ပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August ...
movie

Hunter Hunter (2020)

2020
Chathur Mukham (2021)
Chathur Mukham (2021) IMDb Rating (6.5)ဆဲလ်ဖီဆွဲလို့ လိုက်သတ်တဲ့ ကားကြည့်မလား... ဆိုရှယ်ကျကျနေတတ်တဲ့ တေဂျက်စဗီနီဆိုတဲ့ကောင်‌မလေးဟာ သူ့ဖုန်းလေးပျက်သွားတော့ အွန်လိုင်းပေါ်ကနေ ဖုန်းလေးတစ်လုံးဝယ်ခဲ့တယ် ဒီဖုန်းသူ့လက်ထဲရောက်လာကတည်းက ဒုက္ခတွေများပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်အပျက်တွေရှိလာကော... ဒီလိုဘာကြောင့်ဖြစ်မှန်း စူးစမ်းရင်းနဲ့ သူ ဆဲလ်ဖီဆွဲလိုက်တိုင်း ကိန်းဂဏန်းတွေ ပုံထဲမှာ ပေါ်ပေါ်လာနေတာကို သတိထားမိလာတယ် ဆက်စပ်ပြီး ဒီဖုန်းအကြောင်းစုံစမ်းမိဖို့ သူ့ကိုရောင်းလိုက်တဲ့သူဆီ အသွား..အဲ့ဒီလူရဲ့ အသုဘဖြစ်နေတဲ့အခါ ဒီလိုပဲ တခြား၃လေးယောက်ကလည်း ဆဲလ်ဖီဆွဲရင် ကိန်းဂဏန်းတွေ ပေါ်လာလိုက် ရက်ပိုင်းလောက်နေရင် ဆုံးသွားလိုက်နဲ့ဆိုတော့... ဘာတွေဆက်ဖြစ်လာမှာလဲ...(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Ida မှ တင်ဆက်ထားတာပါ။)  File size…(2.5 GB)and (1.6 GB) and (480 MB) Quality…WEB-DL 1080p and 720p 5.1 CH and 480p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ida
movie

Chathur Mukham (2021)

Ghost Mansion(2021) 6.5
Ghost Mansion(2021) Ghost Mansion (2021)အခုတစ်ခေါက်မှာတော့ တော်တော်လေးကြည့်ကောင်းပြီး အသစ်စက်စက်ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား Horror ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ကြည့်လို့တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို ထုံးစံအတိုင်းမြှုပ်ကွက်လေးတွေပါလို့ ကြည့်ရတာတန်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် Cast တွေကတော့ Sung-Joon, Kim Hong-Pa, Kim Bo-Raတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဂျူလိုင် ၁၅ရက်နေ့ကတင် ရုံတင်ထားတဲ့ ရုံတင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်ကျိန်စာတိုက်ခံထားရတဲ့ အိမ်ယာတစ်ခု ဇာတ်လမ်းကတော့ အဲ့ဒီကျိန်စာတိုက်ခံထားရတဲ့ ဂွမ်းနင်း အိမ်ယာအကြောင်းကနေစပါတယ် အဲ့ဒီအိမ်ယာက ထူးဆန်းတဲ့ဖြစ်ရပ်တွေ ခြောက်ခြားဖွယ်တွေ ဖြစ်တတ်လို့ ကျော်ကြားတဲ့ အိမ်ယာတစ်ခုပါ တစ်ရက်မှာ အဲ့ဒီအိမ်ယာကို Webtoon ကာတွန်းရေးဆရာတစ်ယောက် ဇာတ်လမ်းယူဖို့ရောက်လာခဲ့ပါတယ် သူကအဲ့ဒီအိမ်ယာ ထိန်းသိမ်းရေးလူကြီးတစ်ယောက်နဲ့ သူကတွေ့ဆုံပြီး အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတွေကို နားထောင်ဖို့ရောက်လာခဲ့တဲ့ သူတစ်ယောက်ပေါ့ အဲ့ဒီအိမ်ယာထိန်းသိမ်းရေး လူကြီးက Webtoon ကာတွန်းဆရာကို အဲ့ဒီအိမ်ယာမှာနေခဲ့တဲ့ သူတွေရဲ့ စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ်အဖြစ်ဆိုးတွေကို တစ်ခုချင်းပြောပြပါတော့တယ် ဘာတွေပြောပြတယ် ဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်တိုင်ပဲ ...
movie

Ghost Mansion(2021)

2021
Whispering Corridors 6: The Humming (2021) 6.2
Whispering Corridors 6: The Humming (2021) Whispering Corridors6 : The HummingMine ထဲမှာ လူကြိုက်များခဲ့တဲ့ Kim Seo Young နဲ့ Penthouse ထဲက ဘယ်ရိုနာလို့ အများက သိထားကြတဲ့ အားလုံးရဲ့အချစ်တော် မင်းသမီးလေး Kim Hyun Soo တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ Whispering Corridors 6 : The Humming ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။Whispering Corridors ဇာတ်လမ်းတွေကတော့ အစဉ်အဆက် နာမည်ကြီးခဲ့ပြီးသားဆိုတော့ အများကြီး ညွှန်းစရာ မလိုလောက်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။Eun Hee က သူ့ရဲ့ မွေးရပ်မြေက မိန်းကလေးအထက်တန်းကျောင်းကို ဒုကျောင်းအုပ် အနေနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်. ဒီကျောင်းက သူငယ်စဥ်ကတက်ခဲ့တဲ့ ကျောင်းလည်းဖြစ်ပြီးတော့ ကျောင်းသူတွေကြားထဲမှာလည်း ကျောင်းရဲ့ တတိယထပ်က ဂိုထောင်က သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးပါတယ်.....HaYoung နဲ့ SoYeon က အဲဂိုထောင်ထဲကနေအသံတွေကြားနေခဲ့ရတာပါ။ HaYoung က Eun Hee ...
movie

Whispering Corridors 6: The Humming (2021)

Cold Case (2021) 6.3
Cold Case (2021) Cold Case (2021) ================================ကဲ ပိတ်ရက်မှာ ဘောလီဝုဒ်ကားလေးနဲ့ အပန်းဖြေချင်တဲ့ CM ပရိသတ်များအတွက်ဇာတ်ကားကောင်းလေး တစ်ကား လာပါပြီနော်IMDb 6.3 ရရှိထားပြီးတော့ 30 ရက်နေ့ကမှ ပူပူနွေးနွေး အသစ်စက်စက်လေးထွက်ရှိထားတဲ့Cold Case ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်မယ်ဒီယာက သရဲအကြောင်းနဲ့ပတ်သတ်ပြီး ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ရသူတစ်ယောက် ဖြစ်ပေမယ့်သူဟာ သရဲနဲ့ပတ်သတ်တာတို့ ဘာသာရေးနဲ့ပတ်သတ်တာတွေကို လုံးဝ အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါအမေချစ်သားဖြစ်သူ ခင်ပွန်းနဲ့ ကွာရှင်းဖို့လုပ်ရင်း သမီးဖြစ်သူချင်နူးနဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့လာတဲ့အခါမှာ.....အဲ့ဒီအိမ်အသစ်မှာ သူတို့ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ......ရေကန်ထဲမှာ ဦးခေါင်းခွံတစ်ခုကို ရှာတွေ့ရာကနေ လူသတ်မှုကို စုံစမ်းဖို့ ဖြစ်လာတဲ့ ရဲမှူး ဆတ်သ်သီရာဂျီသ်သူစုံစမ်းနေတဲ့ လူသတ်မှုကရော မယ်ဒီယာရဲ့အိမ်က အဖြစ်အပျက်နဲ့ ဘယ်လိုတွေ ဆက်စပ်နေမလဲ......သူတို့ နှစ်ဦးပေါင်းပြီး လူသတ်တရားခံကိုရော ဖမ်းမိနိုင်ပါ့မလား.....ဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲ ​ဖြစ်ပါတယ်မှုခင်းကားကိုမှ horror လေး ထပ်ပေါင်းထည့်ထားတဲ့ ...
movie

Cold Case (2021)

2021
Till Death 6.2
Till Death Till Death (2021) Megan Fox ရဲ့ ဇာတ်ကားသစ် ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင် အမ်မာ အနေနဲ့ ပါဝင်ထားတာမို့ အတော်မိုက်ပါကြောင်း အမ်မာဆိုတာ သူ့ကိုအထက်စီးကပဲဆက်ဆံလေ့ရှိပြီး လွှမ်းမိုးချုပ်ကိုင်လွန်းတဲ့ ယောကျ်ားဖြစ်သူမာ့ခ်ရဲ့လက်ကနေ လွတ်မြောက်ချင်နေသူတစ်ယောက်  ပြောရရင် မာ့ခ်ရဲ့လက်အောက်ဝန်ထမ်း တွမ်နဲ့နောက်မီးပါလင်းနေတာပေါ့ဒီလိုနဲ့ အမ်မာတစ်ယောက် မာ့ခ်နဲ့ ၁၁နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မတိုင်ခင်ညမှာ တွမ်နဲ့လမ်းခွဲခဲ့ပြီး နှစ်ပတ်လည်နေ့မှာ သူတို့မင်္ဂလာဦးတုန်းကတည်းခဲ့ဖူးတဲ့ ရေကန်ဘေးကအပန်းဖြေအိမ်လေးဆီ သွားကြပါလေရောနှစ်ပတ်လည်ညမှာ ပန်းတွေ ဖယောင်းတိုင်တွေနဲ့ ရိုလို့မှမဆုံးသေး နောက်တစ်နေ့မနက်မှာ အသက်ကုန်နေတဲ့​ယောကျ်ားဖြစ်သူရဲ့အလောင်းကြီးနဲ့ လက်ထိပ်ခတ်လျက်သား အမ်မာတစ်ယောက်နိုးထလာရပါတော့တယ်ဇာတ်ကားနာမည် Till Death ဆိုတဲ့အတိုင်းပဲသေအတူရှင်မကွဲပေါ့နော်။ အရိုတစ်လိုင်းတော့မဟုတ်ဘူး Mystery Horror ပါတဲ့။ ဘယ်လိုတွေအမှုပတ်မယ်ဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးReview by MTA Translated by MTA, JoJoVa Encoded by AugustFile size…1.8 GB and 960MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) .
movie

Till Death

2021
The 8th Night (2021)
The 8th Night (2021) The 8th Night 2021ဒီနေ့မှာတော့ Netflix ကပူပူနွေးနွေးထွက်ရှိထားပြီး ကျိန်းသေကို လက်မလွတ်တန်း ကြည့်ရှုသင့်တဲ့ Korean Triller Movie လေး The 8th Night နဲ့ မိတ်ဆက်ပေးပါရစေလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ခန့်က မကောင်းဆိုးဝါးတစ်ကောင်က လူသားကမ္ဘာနဲ့ငရဲကို ဆက်ထားတဲ့ တံခါးကိုဖွင့်ပြီးတော့ လူတွေကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒီချိန်မှာ ဗုဒ္ဓက မကောင်းဆိုးဝါးကို တားမြစ်ပြီး သူရဲ့စွမ်းအားအရင်းမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုထုတ်ယူခဲ့ပါတယ်အဲဒီစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုလည်း တစ်နေရာစီမှာ ထားပြီး ချိတ်ပိတ်ပြီး သိမ်းဆည်းခဲ့ပါတယ်အဲဒီအရာတွေကို စောင့်ရှောက်ဖို့အတွက် ဗုဒ္ဓဟာ သူရဲ့တတပည့် ဘုန်းတော်ကြီးတစ်ပါးနဲ့ နတ်ဆရာကို မှာကြားခဲ့တယ်အချိန်တွေကြာလာတဲ့အခါမှာ လူတွေရဲ့သဘာဝအရ စူးစမ်းချင်တယ် ရှေးရှေးတုန်းကပြောထားတဲ့အရာတွေကို အမှန်ဖြစ်ကြောင်းသက်သေပြချင်လာကြတယ် အဲ့လိုစူးစမ်းချင်တဲ့ စိတ်တွေကနေ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်စောင့်ကြည့်ကြပါဦးနော်ဒီရုပ်ရှင်လေးမှာတော့ မင်းသားကြီး Lee Sung Min Backstreet Rockie မင်းသမီးလေး Kim Yoo Jung နှင့်အတူ Doom at your service (DAYS) ထဲကမင်းသား ...
movie

The 8th Night (2021)

2021
[18+] Party Bus To Hell (2017) 4.9
[18+] Party Bus To Hell (2017)  ဘန်းနင်းမန်း ပွဲတော်ကိုသွားမယ့် ဘတ်စ်ကားတစ်စီး။ရည်ရွယ်ချက်ကိုယ်စီနဲ့ ကားပေါ်ပါလာတဲ့ အလွှာစုံအရွယ်စုံ လူတစ်စု။ကန္တာရအလည်မှာ သူတို့ ကားသမားက ခဏနော်ဆိုပြီးကားရပ်ထားခဲ့ပြီး ပျောက်သွားတယ်။တစ်ဖြည်းဖြည်း အချိန်တွေကုန်လာတာနဲ့ အမျှ သူတို့စိုးရိမ်ပူပန်မှုတွေလဲ မြင့်တက်လာတဲ့အချိန် ကားမောင်းတဲ့သူကို ကုန်တင်ခန်းထဲမှာ အလောင်းအဖြစ်တွေ့မြင်လိုက်ရတဲ့ အခါ..။ကန္တာရထဲမှာ သူတို့မသိသေးတဲ့ အန္တရာယ်တွေ အများကြီး သူတို့ကိုစောင့်ကြိုနေပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းသလို အဖော်အချွတ်ခန်းတွေကလဲတစ်ကားလုံးနီးပါး ဒင်းကြမ်းပါပဲ။အယူအစွဲကြီးတဲ့လူတစ်စု ငရဲမိစ္ဆာတွေ ပါပေမယ့်ကြောက်စရာကောင်းတာထက် အတည်ပေါက်နဲ့ဖောက်တဲ့ဟာသတွေနဲ့ပျော်ဖို့ကောင်းတဲ့ကားမျိုးပါ။American pie ဇာတ်ကားတွေထဲက ကာလသားကြိုက်မင်းသမီးလေး tara reid ကလဲ cameo အဖြစ်ပါဝင်ထားပါတယ်။  File size…900 MB Quality….Blu-Ray Rip 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] Party Bus To Hell (2017)