Channel Myanmar
Musical
Dil Ka Rishta (2003)
Dil Ka Rishta (2003) ကျွန်တော်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းတွေမှာ မျက်ဝန်းလဲ့ပြာပြာ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းဖူးဖူးနဲ့အိန္ဒိယမင်းသမီးတစ်ပါးကို မကြာခဏမြင်ဖူးခဲ့ကြပါတယ်...သူကတော့ ၁၉၉၄ ခုနှစ်ရဲ့ Miss World ဆုရှင် Aishwarya Rai ပါပဲ...အခုတင်ဆက်မှာကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Drama,Romance ဇာတ်ကားလေး Dil Ka Rishta (2003) ပဲဖြစ်ပါတယ်..Dil Ka Rishta ဆိုတာ မြန်မာလိုဆို နှလုံးသားနှောင်ကြိုးလို့ အဓိပ္ပာယ်ရပါတယ်...ဆွေးမြေ့ဖွယ်ဇာတ်ကားနာမည်က Rai ရဲ့ရီဝေဝေအလှတွေနဲ့ အပ်စပ်လွန်းလှပါတယ်...ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်ဇာတ်လမ်းပါ...တစ်ယောက်က မီလျံနာသူဌေးသား...မင်းသမီးက ချစ်ရသူရှိပြီးသား ဆရာမလေး...သူဌေးသားက ပိုင်ရှင်ရှိပြီးသား ဆရာမလေးကိုမှ ချစ်မိသွားတဲ့အခါမှာတော့....၃ ပွင့်ဆိုင် ဇာတ်လမ်းမှာ ၂ ယောက်ထဲ ရှေ့ဆက်ဖို့ဆိုတာ ရင်ကိုခွဲထုတ်သလို နှလုံးသားနှောင်ကြိုးတွေကိုဖြတ်ချရတာမျိုးပါပဲ...နာကျင်ရတယ်....ဒါပေမယ့်အချစ်ဆိုတာ နာကျင်ခံခက် ကြည်နူးဆွတ်ပျံ့တဲ့ ဘုရားသခင်ရဲ့ပြစ်ဒဏ်မျိုးပဲမလား....။  File size…(2.7 GB) and (1.7 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Dil Ka Rishta (2003)
Sweeney Todd: The Demon Barber of Fleet Street (2007) 7.3
Sweeney Todd: The Demon Barber of Fleet Street (2007)
Tees Maar Khan (2010)
Tees Maar Khan (2010) Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။ မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့ နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။ ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက် လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။ တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။ '' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။ ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။  File size…(2.2 GB) Quality….WEB-DL 720p 5.1CH Format…mkv Duration….02:15:00 Subtitle….Myanmar ...
movie
Tees Maar Khan (2010)
The Box (2021) 9.6
The Box (2021) The Box(2021)“မျက်လုံးတွေကိုမှိတ်လိုက်ပါအဆုံးအစမရှိ ကျယ်ပြောနက်ရှိုင်းတဲ့ကမ္ဘာကြီးကမင်းရှေ့မှာ ရှိနေလိမ့်မယ်"အမြင်အာရုံကွယ်ပျောက်နေတဲ့မိန်းကလေးတစ်ယောက်က စင်ကြောက်နေတဲ့အဆိုတော်ပေါက်စလေးကို ပြောခဲ့တဲ့စကားပါဒီကားလေးက အကြွေးပတ်လည်ဝိုင်းနေတဲ့ ပရိုဂျူဆာတစ်ယောက်ရယ်လူတွေမမြင်တဲ့နေရာမှာပဲ သီချင်းဆိုရဲတဲ့ကောင်လေးတစ်ယောက်ရယ်ရဲ့musical journey တစ်ခုကိုရိုက်ပြထားတာပါကောင်လေးနေရာမှာတော့ Exo ထဲက Chanyeol ပါဝင်သရုပ်ဆောင်ထားတယ်သူတို့နှစ်ယောက် မထင်မှတ်ပဲတွေ့ဆုံရင်းစာချုပ်အသေးစားလေးတစ်ခု ချုပ်ခဲ့ကြတယ်အဲ့ဒီစာချုပ်အတိုင်း လူရှေ့မှာဆိုဖို့ train ပေးတယ်ပေါ့ဗျာMusical ကားဆိုတော့တစ်ကားလုံး သီချင်းလေးတွေနဲ့ပဲငြိမ့်ငြိမ့်ညောင်းညောင်းလေးသွားမှာပါ​အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းပါတော်တဲ့Chanyeol ရဲ့သီချင်းတွေကို သူ့မျက်နှာလေးကြည့်ပြီးနားထောင်နေရတာနဲ့တင်ဒီကားကတော်တော်လေးကိုတန်နေပါပြီကြည့်ရှူလိုက်ကြပါဦးIMDb - 9.6/10 ရရှိထားတာမို့ Rating အတော်လေးမြင့်တဲ့ ဇာတ်ကားထဲမှာ ပါပါတယ်။Translator: AmeliaEncoder: AugustQuality: 1080P WEB-DL 5.1CH and 720P WEB-DL 5.1CH Size: 2 GB and 1 GB Subtitle: Myanmar (Hardsub) Genre: Drama, Music, Musical
movie
The Box (2021)
2021
99 Songs (2021) 7.9
99 Songs (2021) 99 Songs (2021)အော်စကာဆုရှင် A.R.Rahman ကိုယ်တိုင် ထုတ်လုပ်သူ နဲ့ ဂီတပိုင်းကို တာဝန်ယူပြီး ဇာတ်ညွှန်းကို ပူးတွဲရေးသားထားတဲ့ "သီချင်း (၉၉) ပုဒ်" ဇာတ်လမ်း ထွက်ရှိလာပါတယ်။အေအာရ် ရဲ့လက်ရာ ဖြစ်တဲ့အတွက် သီချင်းနဲ့ နောက်ခံတေးဂီတ ကောင်းဖို့ကတော့ အာမခံပါတယ်။သီချင်းပေါင်း ၉၉ ပုဒ် ..... ဘာအတွက်ကြောင့်များပါလိမ့် ?????ကိုယ့်ချစ်သူအတွက် ကိုယ်ပိုင်သီချင်းစပ်ပေးဖို့ စိတ်ကူးယဉ်ဖူးတဲ့လူတွေများ ရှိပါသလား?ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ပြီး စိတ်ကူးတွေ ယဉ်လို့ ရမှာပါ။ဇာတ်လမ်းကတော့ ဒီလိုပါ။ဂျေးဆိုတဲ့လူငယ်လေးဟာ ဂီတအပေါ်မှာ တမ်းတမ်းစွဲအောင် ရူးသွပ်လွန်းသူတစ်ဦးပါ။ ဘယ်လောက်ထိ ရူးသွပ်သလဲဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် သီချင်းဆိုပြရင်တောင် ကိုယ်ပိုင်သီချင်းရေးပြီးမှ ဆိုပြလေ့ရှိတာပါ။ဂျေးရဲ့ချစ်သူကောင်မလေး ဆိုဖီယာကတော့ စကားမပြောနိုင်တဲ့ သူဌေးသမီးတစ်ယောက်ပေါ့။ဆိုဖီယာရဲ့အဖေက အစမှာတော့ ဂျေးကို သဘောကျခဲ့ပါတယ် သို့ပေမယ့်လည်း ဆိုဖီယာ့အဖေက ဂီတကို စီးပွားရေးဆန်ဆန် အသုံးချလိုသူဖြစ်တဲ့အတွက်သူဟာ ဂျေးကို သူ့ရဲ့ဂီတစီးပွားရေးလုပ်ငန်းတွေကို ဦးစီးစေခဲ့ပါတယ်။ဂီတအပေါ်မှာ ဘာလောဘမှမရှိ ကိုယ့်ရဲ့ကိုးကွယ်မှုတစ်ခုလို သက်ဝင်ယုံကြည်နေတဲ့ ဂျေးအဖို့ ...
movie
99 Songs (2021)
2021
Cry Baby (1990) 6.5
Cry Baby (1990) IMDB (6.5) / Rotten Tomatoes (73%)အလီဆင်ဟာ ရှေးရိုးစွဲ (စကွဲ) လို့ခေါ်ကြတဲ့ မိသားစု ဝန်းကျင်ကနေဆင်းသက်လာတဲ့ မိန်းမလှလေးတစ်ယောက်၊ တစ်သက်လုံး လိမ်မာခဲ့ရတာ စိတ်ကုန်လှပါပြီလို့ ဆုံးဖြတ်မိရာကနေ ခရိုင်းဘေဘီဝေါလ်ကာ ဆိုတဲ့ ဆန့်ကျင်ဘက် ဒရိတ်ပ် ခေါ် ဆိုးသွမ်းလူငယ်အဖွဲ့ တစ်ဖွဲ့ရဲ့ခေါင်းဆောင် ခပ်မိုက်မိုက်ဂေါ်ဘဲတစ်ပွေနဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ မျိုးနွယ်ချင်း ခံယူချက်ချင်း ယဉ်ကျေးမှုချင်း တောင်နဲ့မြောက် အရှေ့နဲ့အနောက်လို ကွာခြားချက် အစစအရာရာတွေကိုဆန့်ကျင်ပြီး သူတို့ဇာတ်လမ်းမှာ ကြုံရမယ့် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာကို ဂီတတွေနဲ့ မြူးမြူးကြွကြွပုံဖော်ထားတဲ့ Comedy, Musical ကိုမှ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဲလ်ဗစ်ပရက်စလေရဲ့ ရုပ်ရှင်တွေ ၁၉၅၀ ဝန်းကျင်က ဆိုးသွမ်းလူငယ်တွေအကြောင်းနာမည်ကျော် ရုပ်ရှင်တွေကို တစ်စိတ်တစ်ပိုင်းသရော်လှောင်ပြောင်ထားတာဖြစ်တဲ့အတွက် သူတို့ ရဲ့ ရုပ်တည်ကြီးနဲ့ ခံစားချက်အပြည့်နဲ့အမူအယာတွေဟာ အတည်ပေါက်နဲ့ခွီရမယ့်အကွက်တွေပါပဲ။ ခရိုင်းဘေဘီရဲ့ ဇာတ်ကောင်နေရာနဲ့ကိုက်ညီတဲ့ လူငယ်မင်းသား ရှာဖို့ ဒါရိုက်တာဟာ ဆယ်ကျော်သက် မဂ္ဂဇင်းတွေကို အဲ့ဒီခေတ်က ဒေါ်လာ သုံးဆယ်ဖိုးဝယ်ယူခဲ့ပြီး မျက်နှာဖုံးအားလုံးဟာ ၁၉၈၇ က 21 Jump ...
movie
Cry Baby (1990)
Maara 7.8
Maara Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie
Maara
2021
Veer-Zaara (2004) 7.9
Veer-Zaara (2004)   IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
movie
Veer-Zaara (2004)
2004
HEVC 1080p 5.1
Rab Ne Bana Di Jodi (2008) 7.2
Rab Ne Bana Di Jodi (2008) IMDb Rating (7.2/10) / Rotten Tomatoes (78%)အချစ်မှာ နားလည်မှုလိုအပ်သလား?ဟုတ်ကဲ့..မဖြစ်မနေလိုအပ်ပါတယ်...လူနှစ်ဦးလက်ထပ်လိုက်ပေမယ့် နားလည်မှုတွေကို ပြန်ရှာကြရတဲ့အခါဒီဇာတ်ကားဖြစ်ပေါ်လာတဲ့အကြောင်းပါပဲ...။ကျွန်တော်တို့မေ့နေကြတာတွေ ပြန်မြင်လာရသလိုပေါ့...အချစ်က အနားမှာရှိနေပေမယ့် ဖွင့်ပြောဖို့ ရွှေ့ဆိုင်းနေတတ်ကြတယ်...တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှာပေးဖို့ထက် ဖြစ်သလို ကြုံသလို နေလိုက်တတ်ကြတယ်...ဒါတွေက အချစ်ခရီးမှာ လိုအပ်ချက်တွေဖြစ်ပေါ်လာစေတာပဲ..အချစ်ကိုတကယ်တွေ့ကြုံပြီး ကြည်နူးပျော်ဝင်လိုက်ဖို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိနေဖို့လိုပါတယ်။ဒီတော့..သင့်မှာချစ်ရတဲ့လူ ရှိတာဖြစ်ဖြစ်...ရှိတော့ရှိတယ် ဖွင့်မပြောရသေးဘူး..ဘယ်လိုအနေထားမှာဖြစ်ဖြစ်ဒီရုပ်ရှင်က သင်ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။မင်းသားကြီး ရှာရွတ်ခန်း နဲ့  Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအနူးရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့တန်းဝင်မင်းသမီးဘဝကိုချက်ချင်းရောက်သွားခဲ့သလို ရှာရွတ်ခန်းကတော့ ပြောနေစရာကိုမလိုအောင် ဇာတ်နဲ့လိုက်ဖက်နေခဲ့ပါတယ်....နိုင်ငံတကာမှာလဲ အားပေးမှုတွေရရှိခဲ့တဲ့ဇာတ်ကားမို့ သိမ်းထားလို့ရအောင် BluRay HEVC 1080p 5.1CH နဲ့ ပြန်လည်တင်ဆက်လိုပါတယ်။(ဒီဇာတ်ကားကို Aung Maw Han မှ ဘာသာပြန် တင်ဆက်ထားတာပါ။)  File size…(3.4 GB) and (2 GB) Quality….Blu-Ray 1080p 5.1 CH & 720p (HEVC ...
movie
Rab Ne Bana Di Jodi (2008)
HEVC 1080p 5.1
Again (2020) 4
Again (2020) Again 2020ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်ပြီး လုပ်ချင်တာတွေလုပ်ပြီး နေခဲ့ရရဲ့လား.. ဒါမှမဟုတ် သူများအတွက်ပဲ ကိုယ်ကနေထိုင်နေခဲ့ရတာလား.. ဘဝရဲ့အဓိပ္ပါယ်ကို ဒီ again ဆိုတဲ့ကားလေးကဖော်ကျူးထားပါတယ်..ဇာတ်လမ်းအကျဉ်းက ယွန်းဂျူဆိုတဲ့ကောင်မလေး ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပြီး အိမ်မှာဆို ဂျစ်ကန်ကန် မိုက်ကန်းကန်းနေတတ်သူပါ။သူတို့အိမ်က ပဲပင်ပေါက်ထမင်းဆိုင် ဖွင့်ထားဖြစ်ပေမယ့် ယွန်းဂျူကတော့ အိမ်ရဲ့စီးပွားရေးထက် သူဖြစ်ချင်တာကိုပဲ ဦးစားပေးတတ်တဲ့သူပါ။ သူမှာညီမတယောက်လည်းရှိပြီး သူညီမကတော့သူနဲ့မတူပဲ လိမ်မာပါတယ်။ သူအမေဖြစ်သူကတော့ သူတို့မမွေးခင်ထဲက အဲ့ဒီထမင်းဆိုင်ကို ဦးစီးခဲ့ရတာဖြစ်ပြီး နားရက်တစ်ရက်တောင်မယူပဲ နေ့မအားညမနား မိသားစုအတွက် သားသမီးတွေအတွက်ရှင်သန်နေတဲ့ အမေတစ်ယောက်ဖြစ်ပါတယ်။ဘဝကိုပေါ့ပေါ့လေးဖြတ်သန်းနေတဲ့ ယွန်းဂျူကတော့ အိမ်အလုပ်လဲကူမလုပ် အလုပ်အတည်တကျလဲမရှိသလို သူမအိမ်မက်ဖြစ်မြောက်ဖို့ကိုပဲ ခေါင်းမာမာနဲ့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။တရက် သူတို့မိသားစုထဲကို ကြမ္မာဆိုးတစ်ခုဝင်ရောက်လာတဲ့အခါ ဘာဆက်ဖြစ်မလဲ။ ခေါင်းမာတဲ့ယွန်းဂျူကော အသိတရားရသွားမလား။ သူမအိမ်မက်ဖြစ်တဲ့ ရုပ်ရှင် ဒါရိုက်တာဖြစ်ဖို့ကရော အကောင်အထည်ပေါ်သွားမှာလားဆိုတာကတော့ ရုပ်ရှင်ကိုကြည့်မှအဖြေပေါ်မှာပါ။ဘဝသရုပ်ဖော်ကားတစ်ကားဖြစ်ပြီး ကြည့်တတ်မယ့်ဆို ဘဝသင်ခန်းစာရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်သာမန်ရိုက်နေကျ ပုံစံတွေထဲက ကွဲထွက်ပြီး Musical Drama ပုံစံမျိုး ရိုက်ထားတဲ့အတွက် သီချင်းတွေလည်း နားထောင်ရင်း ရုပ်ရှင်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ File size ..… 1.2GB . 750MB Quality .…. WEB-DL 1080p and 720p Format ...
movie
Again (2020)
2020
The Prom(2020) 6.6
The Prom(2020) The Prom(2020)အညွှန်း**********************ကျောင်းကပွဲဆိုတာ ကျောင်းပြီးဆုံးခါနီးကျောင်းသားတွေအတွက်တော့ ကိုယ့်ချစ်သူတွေ သဘောကျတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ဘဝမှာမေ့ပျောက်လို့မရတဲ့ညတစ်ညအဖြစ်နဲ့ အမှတ်တရတွေ အများကြီး ချန်ထားခဲ့ရမယ့်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ အင်ဒီယားနားပြည်နယ် အက်ချ်ဝါးတားမြို့က အထက်တန်းကျောင်းသူလေးအမ်မာကတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့် မရရှိပါဘူး.... မြို့နေလူထုဟာတစ်ဖက်သန်တစ်ယူသန်တွေများပြီး ကျောင်းသားမိဘတွေဟာလည်း လိင်တူစုံမက်ချစ်ခင်မှုကို မလိုလားတဲ့သူတွေဖြစ်ပါတယ်... လိင်တူချစ်ခင်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပြချက်နဲ့တင် Parent Teacher Association (PTA)ကဆုံးဖြတ်ချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့်မပြုပဲ လူ့အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရပါတယ်... တစ်ဖက်မှာလဲ အရင်တုန်းကနာမည်ကြီးခဲ့ကြတဲ့ ပြဇာတ်သရုပ်ဆောင်တွေဟာ ပွဲတစ်ပွဲကရာမှ ဝေဖန်ပြစ်တင်မှုများစွာခံရပြီး နာမည်ကိုပြန်အဖတ်ဆယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကောင်းတဲ့အရာတစ်ခုခုကိုလုပ်ပေးလိုက်ရင် လူတွေအမြင်ပြောင်းသွားမှာပဲဆိုတဲ့ ဆယ်လီဘရစ်တီတွေလုပ်နေကြ လှည့်ကွက်တွေနဲ့အတူ လူတွေအာရုံပြောင်းဖို့ အမ်မာရဲ့ဖက်ကနေ ကူညီပေးဖို့ကြိုးစားကြပါတော့တယ်.... အဆုံးသတ်မှာအမ်မာတစ်ယောက် သူချစ်ရတဲ့သူနဲ့အတူ ကျောင်းကပွဲကိုတက်ရောက်နိုင်ပါ့မလား... လူတွေရဲ့လိင်တူချစ်သူတွေကို မြင်တဲ့အမြင်ကရောဘယ်လိုရှိသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ Musicalကားတစ်ကားဖြစ်တာနဲ့အညီ သီချင်းဒိုင်ယာလော့တွေ ဝေဝေဆာဆာပါဝင်ပါတယ်။ဆုကြီး (၂)ဆုရရှိထားတဲ့အပြင် မင်းသမီးကြီး Meryl Streep လည်းပါဝင်ထားလေတော့အလန်းဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ   File Size :(2.3GB) and (1.02GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:10:00 Genre :  Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo ...
movie
The Prom(2020)
Power On Girls ( 2020 ) 5.7
Power On Girls ( 2020 ) ဒီတစ်ခေါက်တော့ တရုတ် အိုင်ဒေါလ်မိန်းကလေးအဖွဲ့ တစ်ဖွဲ့ရဲ့ နောက်ကွယ်ကသွေးချွေးနဲ့ အခက်ခဲ အတားအဆီးတွေကို ရသစုံပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ရသစုံဆိုတာက ဒီလိုပါ။ မိန်းကလေး အိုင်ဒေါလ်ဖြစ်လို့ တဏှာလက်မည်းတွေကအသုံးချဖို့ကြိုးစားနေတဲ့ ပုံရိပ်တချို့၊ မန်နေဂျာနဲ့ အိုင်ဒေါလ်ကြားကဖြူစင်တဲ့ မေတ္တာ၊ အဖွဲ့သားတွေကြား အခွင့်အရေးအတွက် လုယက်တုန်းအထေ့အငေါ့လေးတွေရှိပေမယ့် အရေးကြီးရင် သွေးစည်းသွားတာလေးတွေ။နောက်ပြီး အိုင်ဒေါလ်တိုင်းကြုံရတဲ့ အဆောင်ပြဿနာ၊အကလေ့ကျင့်ခန်းပြဿနာလေးတွေကို ပြိုင်ဖက်အဖွဲ့နဲ့လုရပုံလေးတွေကိုသုံးပြ ဟာသသဘောဆောင် တင်ဆက်ထားပါတယ်။အကုန်မတူပေမယ့် ဒီဇာတ်ကားလေးထဲကလေ အိုင်ဒေါလ်တစ်ယောက်ရဲ့ခက်ခဲတဲ့ လှေကားထစ်လေးတွေကို မြင်တွေ့နိုင်မှာပါ။Translated & Review By Chu ChuEncoded By LK
movie
Power On Girls ( 2020 )
Jingle Jangle: A Christmas Journey 2020 6.6
Jingle Jangle: A Christmas Journey 2020 ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ‌ ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck   
movie
Jingle Jangle: A Christmas Journey 2020
Atkan Chatkan(2020) 8.0
Atkan Chatkan(2020) Atkan Chatkan (2020) ***************************** ဒီဇာတ်ကားလေးကတော့ IMDb rating 8တောင်ရထားတဲ့ Hindi အမျိုးအစား Drama ဇာတ်ကား ဖြစ်ပါတယ်...ဂူဒူးဆိုတဲ့ ကလေးတစ်ယောက်ဟာ ကျောင်းနေရမယ့်အရွယ်မှာ လဘက်ရည်ပို့တဲ့အလုပ်လုပ်ရင်းအိမ်စားရိတ်ရှာနေရတယ်..အဖေဖြစ်သူရဲ့ပိုက်ဆံက သူ့အရက်ဖိုးတောင်မလောက်ချင်...ဂူဒူးက ဂီတဘက်ကိုတော့ အရူးအမူးဖြစ်လွန်းတယ်... အသံတွေအမြဲနားထောင်တတ်သလို စိတ်ကူးနဲ့လည်းသံစဉ်တွေဖန်တီးနေတတ်သူ...တစ်နေ့တီးဝိုင်းအဖွဲ့တစ်ခုနဲ့တွေ့တော့ သူဝါသနာလေးကြိုးစားလေ့လာဖို့အခွင့်ကောင်းလည်းဖြစ်တောက်တိုမယ်ရလုပ်ပေးရင်း ဝင်ငွေလေးလည်းရနိုင်မယ်ထင်ပြီး အလုပ်တောင်းခဲ့တယ်...အလုပ်လာဆင်းနိုင်ပြီဆိုတော့ဂူဒူးတစ်ယောက်ပျော်တာပေါ့....လဘက်ရည်ဆိုင်ကိုလည်း အလုပ်ထွက်ပြီလို့ပြောရင်း တီးဝိုင်းအဖွဲ့ဆီလာခဲ့တယ်..ဒါပေမဲ့ ကလေးတစ်ယောက်ကို နောက်ပြောင်ခဲ့တာပါဆိုတဲ့စကားကြောင့် ဂူဒူးခဗျာဒုက္ခရောက်ပါတော့တယ်...အိမ်ဝင်ငွေလေးဆက်ရှာနိုင်ပါ့မလား..သူဖြစ်ချင်တဲ့ ဂီတပညာရှင်ကြီးတစ်ယောက်ရောဖြစ်ပါ့မလား...ခံစားကြည့်ကြပါဉီး... ဘာသာပြန်ပေးထားကြတာကတော့ Thaik San နဲ့ Aung Aung Soe တို့ဖြစ်ပါတယ်။ File Size :(900 MB) and (431MB) Quality : WEB-DL  720p Format…mp4 Duration…02:06:00 Genre : Musical  , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San & Aung Aung Soe Encoded by ...
movie
Atkan Chatkan(2020)
This World Won’t Break (2020) 6.3
movie
2020
Military Wives (2019) 6.4
Military Wives (2019) Military Wives (2019)================IMDb Rating - 6.4/10#Unicodeဒီကားလေးက ဗြိတိန်စစ်သား ဇနီးသည်တွေရဲ့ ဘဝကို ပြထားတဲ့ကားလေးပါ ။ ဖြစ်ရပ်မှန်လေးကိုအခြေခံထားတဲ့ ကားပါ။ ကာနယ်တစ်ယောက်ရဲ့ ဇနီးဖြစ်သူ ကိတ်ဟာ သားဖြစ်သူကို စစ်ပွဲအတွင်းမှာဆုံးရှူံးလိုက်ရပါတယ်။ လီဆာ သူမက တပ်သားဇနီးသည်တွေကြားမှာ တော်တော်လေး ပေါင်းသင်းဆက်ဆံကောင်းတဲ့ သူပါ။ သူတို့ နှစ်ယောက်ပေါင်းပြီး စခန်းအတွင်းက အမျိုးသမီးတွေ စုပေါင်းလုပ်ဆောင် နိုင်တဲ့ အရာကို လုပ်ဖို့ အထက်က အမိန့်ပေးလာတဲ့အခါ သူတို့ ဘာတွေလုပ်ကြမလဲ ။ ဇနီးသည်တွေကော ချစ်ချစ်ခင်ခင်နဲ့ တစ်စုတစ်စည်းတည်းဖြစ်သွားနိုင်မလား ဆိုတာ ကြည့်ရှုလိုက်ပါအုံး . . .ဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့အတော်ကြည့်လို့ကောင်းပြီး . Rating အားဖြင့်လည်း 6.4/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့  Z Naing Z Nianh ပဲဖြစ်ပါတယ်။)#Zawgyiဒီကားလေးက ဗြိတိန်စစ်သား ဇနီးသည်တွေရဲ့ ...
movie
Military Wives (2019)
2019
Her Blue Sky (2020) 6.8
Her Blue Sky (2020) အအိုအီ အိုင်အိုအီဆိုတဲ့အထက်တန်းအရွယ်ကျောင်းသူမလေးဟာ ကားမတော်ဆမှုကြောင့် မိဘနှစ်ပါးလုံးဆုံးရှုံးပြီးတဲ့နောက်မှာ အစ်မဖြစ်သူ အခန်နေ အိုင်အိုအီနဲ့အတူ ဘဝကိုရုန်းကန်ကြရပါတယ်. ဒါပေမဲ့ မတော်မတဖြစ်တဲ့အချိန်တုန်းက အအိုလေးဟာ ကလေးပဲရှိသေးတဲ့အတွက် အစ်မဖြစ်သူ အခန်နေကပဲ မိဘတစ်ယောက်လို စောင့်ရှောက်ခဲ့ရပါတယ်. အအိုအီငယ်ငယ်တုန်းက သူ့အစ်မရဲ့ရည်းစားဟောင်းဖြစ်သူ ရှင်းနိုခါနာမူရိုကြောင့် ဂီတာတီးတာကို ဝါသနာပါလာခဲ့ပါတယ်. ဒါကြောင့် သူကျောင်းပြီးရင် မြို့ကနေထွက်သွားပြီး တိုကျိုမှာဂီတအဖွဲ့တစ်ခုထဲ ဝင်ဖို့ဆုံးဖြတ်လိုက်တယ်. သူ့ရဲ့ဝါသနာအပြင် သူ့အစ်မကို သူ့ကြောင့်ဆက်ပြီး မပင်ပန်းစေချင်တဲ့ဆန္ဒကြောင့်လည်း သူတို့မြို့လေးကနေ ပိုပြီးထွက်သွားချင်ခဲ့ပါတယ်.တစ်နေ့ အအိုအီတစ်ယောက် ဂီတာတီးကျင့်နေရင်း ၁၈နှစ်အရွယ် ရှင်းနိုကို ရုတ်တရက်အခန်းထဲမှာ တွေ့လိုက်ပါတယ်. ပြီးတော့ ယခုပစ္စုပန်က ၃၁ နှစ်အရွယ် ရှင်းနိုကလည်း တိုကျိုကိုပြောင်းသွားတဲ့နောက် ဂီတပွဲတစ်ခုကြောင့် မြို့ကိုပြန်ရောက်နေပါတယ်. ဒါပေမဲ့ အခုရှင်းနိုနဲ့ အတိတ်ကရှင်းနိုက လုံးဝကို ကွာခြားနေပါတယ်.ဒါဆို ၁၈နှစ်အရွယ်ရှင်းနိုက ဘာကြောင့် ရှိနေရတာလဲ? ငယ်ချစ်ဦးတွေဖြစ်ကြတဲ့ အခန်နေနဲ့ရှင်းနိုကရော ဘယ်လိုဖြစ်သွားမလဲ? အအိုအီကရော မြို့ကနေထွက်သွားပြီး တိုကျိုကိုပြောင်းသွားမလား? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ကားထဲမှာ ဆက်ကြည့်ကြရအောင်.......   File Size - 1.5 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Esther Van Sui Par Encoder - Thit San Khant
movie
Her Blue Sky (2020)
2020
Bhangra Paa Le (2020) 6.6
Bhangra Paa Le (2020) (Unicode)ဒီတစ်ခါတော့ ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလု် က,ကွက်တွေလည်း ရှယ်တွေပါပဲဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့်ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ်ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ်ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲသူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲသူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော ...
movie
Bhangra Paa Le (2020)
2020
Dance With Me ( 2019 ) 6.8
Dance With Me ( 2019 ) Zawgyi*******ကုမ္ပဏီတစ်ခုမှာနေရာကောင်းရဖို့ကြိုးစားနေတဲ့ဝန်ထမ်းမလေးဆူဇူကီကျင့်ရှန်း...တနေ့တူမလေးတစ်ယောက်ကိုကစားကွင်းလိုက်ပို့ပေးရင်းကစားကွင်းထဲမှာရှိတဲ့အိပ်မွေ့ချအခန်းထဲမှာလူကြီးမင်းမာတင်ဆိုတဲ့အိပ်မွေ့ချပညာရှင်က သီချင်းပြဇာတ်ဖျော်ဖြေနေသလိုမျိုးသီချင်းသံကြားတာနဲ့ရုတ်တရတ်သီချင်းဆိုမိပြီးကမိတာမျိုးကိုတူမလေးနဲ့အတူသူ့ကိုပါအိပ်မွေ့ချပေးရင်းနဲ့ဆူဇူကီကျင့်ရှန်းကတကယ်ပဲသီချင်းသံကြားတာနဲ့သီချင်းထဆိုပြီးထကအောင်အိပ်မွေ့ချခံလိုက်ရသောအခါ....အိပ်မွေ့ချခံရတာကိုအိပ်မွေ့ချခဲ့တဲ့လူကပဲပြန်​ပြယ်အောင်လုပ်ပေးနိုင်သောအခါအဲ့လူကိုနေရာအနှံ့လိုက်ရှာခဲ့ရပါတော့တယ်...ထိုအချိန်မှာမှကုမ္ပဏီရဲ့အဓိကမာကတ်တင်းဌာနမူရာခါမိရဲ့အဖွဲ့ကနေသူ့ကိုအလုပ်တူတူလုပ်ဖို့လာခေါ်ခဲ့ပေမဲ့ အိပ်မွေ့ချခဲ့တဲ့လူကိုလိုက်ရှာရဦးမှာမလို့ခွင့်တစ်ပတ်တောင်းခဲ့သောအခါ...နောက်ဆုံးမှာပြန်ပြယ်သွားမလား...အလုပ်ကိုရောတစ်ပတ်အတွင်းပြန်အလုပ်တက်နိုင်ပါ့မလား...လိုက်ရှာနေတဲ့လမ်းခရီးတစ်လျှောက်ဘယ်လိုမျိုးကြုံတွေ့ရဦးမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်.... Unicode*******ကုမ္ပဏီတစ်ခုမှာနေရာကောင်းရဖို့ကြိုးစားနေတဲ့ဝန်ထမ်းမလေးဆူဇူကီကျင့်ရှန်း...တနေ့တူမလေးတစ်ယောက်ကိုကစားကွင်းလိုက်ပို့ပေးရင်းကစားကွင်းထဲမှာရှိတဲ့အိပ်မွေ့ချအခန်းထဲမှာလူကြီးမင်းမာတင်ဆိုတဲ့အိပ်မွေ့ချပညာရှင်က သီချင်းပြဇာတ်ဖျော်ဖြေနေသလိုမျိုးသီချင်းသံကြားတာနဲ့ရုတ်တရတ်သီချင်းဆိုမိပြီးကမိတာမျိုးကိုတူမလေးနဲ့အတူသူ့ကိုပါအိပ်မွေ့ချပေးရင်းနဲ့ဆူဇူကီကျင့်ရှန်းကတကယ်ပဲသီချင်းသံကြားတာနဲ့သီချင်းထဆိုပြီးထကအောင်အိပ်မွေ့ချခံလိုက်ရသောအခါ....အိပ်မွေ့ချခံရတာကိုအိပ်မွေ့ချခဲ့တဲ့လူကပဲပြန်ပြယ်အောင်လုပ်ပေးနိုင်သောအခါအဲ့လူကိုနေရာအနှံ့လိုက်ရှာခဲ့ရပါတော့တယ်...ထိုအချိန်မှာမှကုမ္ပဏီရဲ့အဓိကမာကတ်တင်းဌာနမူရာခါမိရဲ့အဖွဲ့ကနေသူ့ကိုအလုပ်တူတူလုပ်ဖို့လာခေါ်ခဲ့ပေမဲ့ အိပ်မွေ့ချခဲ့တဲ့လူကိုလိုက်ရှာရဦးမှာမလို့ခွင့်တစ်ပတ်တောင်းခဲ့သောအခါ...နောက်ဆုံးမှာပြန်ပြယ်သွားမလား...အလုပ်ကိုရောတစ်ပတ်အတွင်းပြန်အလုပ်တက်နိုင်ပါ့မလား...လိုက်ရှာနေတဲ့လမ်းခရီးတစ်လျှောက်ဘယ်လိုမျိုးကြုံတွေ့ရဦးမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်.... Translated & Review By MineEncoded By LK
movie
Dance With Me ( 2019 )
2019
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie
Les Misérables (2012)
2012