Channel Myanmar

Mystery

Allegiant (2016)
Allegiant (2016) စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ဇာတ်လမ်းရဲ့ကြောရိုး....အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ...
movie

Allegiant (2016)

2016
4K HEVCHDR
Curious Caterer: Dying for Chocolate (2022) 6.4
Curious Caterer: Dying for Chocolate (2022)  Curious Caterer:Dying for chocolate ဆိုတဲ့ကားလေးကတော့ 2022မှာထွက်ရှိထားပြီး Crime ,Mystery အမျိုးအစားလေးဖြစ်ပါတယ်။ဂိုးဒီဘယ်ရီဆိုတဲ့ အမျိုးသမီးက ဧည့်ခံပွဲတွေအတွက်အစားအသောက်တွေ တည်ခင်းဧည့်ခံပေးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မတော်တဆမှုမဟုတ်ဘဲ ကြံစည်မှုတစ်ခုဖြစ်နေပြီး သူမသူငယ်ချင်းဖြစ်သူဟာအသတ်ခံလိုက်ရတာလို့သိလိုက်ရတဲ့အချိန် အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်သူနဲ့အတူ သူမကိုယ်တိုင်အမှု့ကို ပါဝင်စုံစမ်းပါတော့တယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Curious Caterer: Dying for Chocolate (2022)

Who’s The Suspect ( 2023 ) 6.2
Who’s The Suspect ( 2023 ) ဘယ်တော့မှမရူံးနိမ့်ဖူးတဲ့ နာမည်ကြီးရှေ့နေ ချန်ကျစ်ချီဆိုတဲ့ အမျိုးသမီးမှာ (၈) နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ် တစ်နေ့ကျတော့ တက္ကသိုလ်ကျောင်းသူ တစ်ယောက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီအမှုမှာ စွဲချက်တင်ထားရတဲ့ ဒန်နီရယ်ဆိုသူ သံသယရှိသူကို သေဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း အမည်မသိလူတယောက်က ချန်ကျစ်ချီရဲ့ သမီးကို ပြန်ပေးဆွဲပြီး ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးဖို့ဖိအားပေးခဲ့တယ်။ဒီလိုနဲ့နာမည်ကြီး ရှေ့နေသမားချန်ကျစ်ချီတစ်ယောက် ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မလား။ အဲ့အမှုရဲ့ လူသတ်သမားကကောဘယ်သူလဲ။ ဘာကြောင့်သတ်ရတာလဲ..... မှုခင်းစုံထောက်လေးတစ်ပုဒ်ဖြစ်တာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူအားပေးလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Crime Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Who’s The Suspect ( 2023 )

Nikki & Nora: Sister Sleuths (2022) 6.6
Nikki & Nora: Sister Sleuths (2022)  Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ...
movie

Nikki & Nora: Sister Sleuths (2022)

The Sixth Secret (2022)
The Sixth Secret (2022)  ဆုပေါင်း ၁၄ ဆုအထိရရှိထားတဲ့ Comedy/Horror/Mystery အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါရိုက်တာ Mart Sander ရဲ့လက်ရာကောင်းတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဇာတ်ကားရဲ့ နာမည်အတိုင်း လျှို့ဝှက်ချက် ခြောက်ခုကို တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားတာမျိုးပေါ့ဇာတ်အိမ်ကလေးကတော့ ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီး ချိတ်ဆက်စကားပြောပေးတဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ မဒမ်အော်လော့ဖ်စကီ ဟာ အမြဲတမ်း လူ ၁၂ ယောက်ပါဖို့ သတ်မှတ်ထားတဲ့စားပွဲပေါ်မှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိချင်တဲ့ လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီးတော့ တမလွန်က ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးတာပေါ့။ဒါပေမယ့် တစ်နေ့မှာတော့ အဲလို စုဝေးပွဲမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကြီးတစ်ခုလုံးကို အစကနေ အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသပေးသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

The Sixth Secret (2022)

Armored (2009)
Armored (2009) ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Armored (2009)

Whiteout (2009)
Whiteout (2009)  တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ‌ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှု‌နဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ...
movie

Whiteout (2009)

The Portrait (2023)
The Portrait (2023)  The portrait ဆိုတဲ့ဇာတ်ကားကတော့ 2023 ခုနှစ်ကထွက်ရှိခဲ့ပြီး Mystery, Horror အမျိုးအစားဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူရဲ့ကံမကောင်းအကြောင်းမလှတဲ့ မတော်တဆဖြစ်ရပ်အပြီးမှာ အတိတ်မေ့သွားတဲ့ ခင်ပွန်းဖြစ်သူကို မှတ်ဉာဏ်ပြန်ရလိုရငြား ခင်ပွန်းဖြစ်သူ ငယ်ဘဝကကြီးပြင်းခဲ့တဲ့ မိသားစုပိုင်အမွေဆိုင်အိမ်ကြီးကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်မှာ သူမခင်ပွန်းဖြစ်သူ နုပျိုစဥ်ကနဲ့တစ်ပုံစံထဲတူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့ရှိခဲ့ပါတယ်။သူမကို တစ်ခုခုက ခြောက်လှန့်လာပြီး စိတ်တွေစိတ်ခြောက်ခြားလာတာနဲ့အမျှ အဲ့ဒီပုံတူပန်းချီကားက တစ်ကယ်တစ်ခုခုပူးကပ်နေတာလားဆိုတာကို သိရဖို့ သူမစုံစမ်းပါတော့တယ်။ File size…(1.2 GB)/(586 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thrillr, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

The Portrait (2023)

The Strange Case of Embroidered Shoes ( 2023 ) 5.8
The Strange Case of Embroidered Shoes ( 2023 ) မင်ကော်ခေတ်နှောင်းပိုင်းမှာ ခေတ်အပြောင်းအလဲကြောင့် ဒုစရိုက်ဂိုဏ်းတွေ အတင့်ရဲရောင့်တက်နေချိန်ဖြစ်ပါတယ်။ မြို့ထဲမှ ကျောင်းသူအများအပြား ပျောက်ဆုံးနေခဲ့ပြီး ရဲတပ်ဖွဲ့အတွက် ခေါင်းကိုက်နေရပါတယ်။မြို့ပြင်မှာရှိတဲ့ ရှန့်မိသားစုအိမ်မှာ တစ်မိသားစုလုံး အသတ်ခံရပြီးနောက်မှာတော့ သရဲအိမ်ဆိုပြီး သမုတ်ခံခဲ့ရပါတယ်။ မိုးညတစ်ညမှာ ရှန့်အိမ်ထဲမှာ ကျောင်းသူတစ်ယောက်နဲ့ လူကုန်ကူးသူတစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ ဒီအမှုက ထူးဆန်းလွန်းတဲ့အတွက် ဘယ်သူမှ မကိုင်ချင်ဖြစ်နေပါတယ်။ရဲမေလေး ကျန်းရှောင်ဟော်ကတော့ သရဲတစ္ဆေတွေကို အယုံအကြည်မရှိပဲ အဖေဖြစ်သူ ရဲမှူးကျန်းမိဟူ ဆန့်ကျင်နေတဲ့ကြားက ဒီအမှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ရှောင်ဟော်ဟာ သူဌေးသမီး ကျောက်ရီချွဲ့နဲ့ ခင်မင်သွားခဲ့ပြီး သူတို့ ၂ ယောက်ပူးပေါင်းကာ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုကို လိုက်လံစုံစမ်းပါတော့တယ်။နောက်ဆုံးမှာ သဲလွန်စတွေအရ လိုင်ဖုန့်လုံကို ရှာဖွေတွေ့ရှိခဲ့ပြီး ချန်စန်းရဲက ဦးဆောင်တဲ့ ဟွမ်ထုံချန်အဖွဲ့ကို စုံစမ်းရရှိခဲ့ပါတယ်။ ကျန်းရှောင်ဟော်နဲ့ ကျောက်ရီချွဲ့တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ကြီးကို အမြစ်ပြတ်ဖြေရှင်းနိုင်ပါ့မလား...... လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုနဲ့ရော ဘယ်လို ပတ်သတ်နေကြမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery ...
movie

The Strange Case of Embroidered Shoes ( 2023 )

Blindness (2008) 6.5
Blindness (2008)  IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်‌သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်‌‌ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာ‌တော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာ‌တော့....  File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Blindness (2008)

First Reformed (2017) 7.1
First Reformed (2017)  ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie

First Reformed (2017)

The Queen of Black Magic (2019) 6.5
The Queen of Black Magic (2019)  ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton ...
movie

The Queen of Black Magic (2019)

The Jester (2023)
The Jester (2023) The Jester (2023)မိမိနားမှာ ​ရောဂါတစ်ခုလို စွဲကပ်​နေရင်း​ တခြားသူ​တွေကို လိုက်ဒုက္ခ​ပေးတတ်တဲ့ မ​ကောင်းဆိုးဝါး Jester အ​ကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​​လေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို့ ဖခင်အ​ပေါ် မုန်းတဲ့စိတ် ​ဒေါသ​တွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်​ယောက် တစ်​နေ့ ဖခင်က ဆက်သွယ်လာရာက​နေ စကား​ပြောဖို့ ငြင်းဆိုလိုက်ရာက​နေ ​ဟော်လိုးဝင်းတစ်ညလုံး မြို့​သေး​လေးတစ်မြို့နီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်​တွေနဲ့ ကြုံ​တွေ့သွားရတာ​တွေကို ရိုက်ကူးတင်ဆက်​ပေးထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 850MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie

The Jester (2023)

2023
Uniki (2022)
Uniki (2022) Madam Collector - Uniki 2022 ( မမခရိုင်မှူး)ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါအိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Uniki (2022)

2022
The Legacy of Dr. Death: Black File (2020) 5.5
The Legacy of Dr. Death: Black File (2020) The Legacy of Dr. Death: Black File (2020)~ IMDb – 5.5/10, MyDramaList – 7.4/10 ~“လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်”မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ ...
movie

The Legacy of Dr. Death: Black File (2020)

2020
Minus 31: The Nagpur Files (2023) 7.1
Minus 31: The Nagpur Files (2023) Minus 31: The Nagpur Files(2023) IMDb - 7.2/10အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 845MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Minus 31: The Nagpur Files (2023)

2023
Silent Witness (2013) 7.0
Silent Witness (2013) တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါဦးမယ်။ Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့Ji Zihan တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။ လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာနာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။ တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။ သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူကထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။ သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့ရှေ့နေဆိုလည်း မမှားပါဘူး။ တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံးရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို ...
movie

Silent Witness (2013)

2013
The Cabin in the Woods (2011) 7.0
The Cabin in the Woods (2011) ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။Thor မင်းသား Chris Hemsworth နဲ့ Grey's Anatomy ထဲကJesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာမြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား... File size…    5.5 GB / 1.4 GB ...
movie

The Cabin in the Woods (2011)

2011
4K HEVCHDR
The Legend of Detective Sleek Rat 6: Real Bai Yutang VS Pretended Bai Yutang (2019) 5.8
The Legend of Detective Sleek Rat 6: Real Bai Yutang VS Pretended Bai Yutang (2019) ဒါလေးကတော့ အပိုင်း (5) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarနန်းမြို့တော်မှာရှိတဲ့ အချမ်းသာဆုံးကုန်သည်တွေရဲ့ အိမ်တော်သုံးခုလုံးမှာ ပစ္စည်းတွေအခိုးခံခဲ့ရပါတယ် ။ ကင်းလှည့်သမားတွေပြောပုံအရ သူခိုးက အဝတ်ဖြူဝတ် ၊ ကျောက်ခဲဖြူလက်နက်ပုန်းသုံးပြီး သိုင်းပညာမြင့်မားပါတယ်တဲ့ ။အဲဒီလိုသဲလွန်စတွေနဲ့ကိုက်ညီနေတာက ခိုင်ဖုန်းရုံးတော်က အဆင့်လေး ကိုယ်ရံတော်ပိုင်ဖြစ်နေပါတယ် ။ ဒီလိုနဲ့ လောကတစ်ခွင်သတင်းမွှေးတဲ့ သူရဲကောင်းပိုင်တစ်ယောက် သူခိုးအဖြစ် အစွပ်စွဲခံရတော့ပါတယ် ။ခိုင်းဖုန်းရုံးတော်ကလည်း သူရဲကောင်းပိုင်ကိုယုံကြည်တာကြောင့် ဒီသတင်းကို ရှန်းယန်မှာအမှုစုံစမ်းနေတဲ့ သူရဲကောင်းပိုင်ဆီကို‌လူလွှတ်ပြောပြလိုက်ချိန်မှာတော့...သူရဲကောင်းပိုင်ပုံစံဟန်ဆောင်နေတာဘယ်သူများလဲ ? ပိုင်ယွိထန်နဲ့ဒီအမှုက‌တကယ်ပဲဆက်စပ်မှုရှိနေမလား ? ဒါ့အပြင် ခိုင်းဖုန်းရုံးတော်က ပိုင်ယွိထန်အတွက် အဖြစ်မှန်ကိုဘယ်လိုစစ်ဆေးသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Adventure , Mystery Runtime : 1h ...
movie

The Legend of Detective Sleek Rat 6: Real Bai Yutang VS Pretended Bai Yutang (2019)