Channel Myanmar
Romance
The Time Traveler’s Wife (2009) 7.1
The Time Traveler’s Wife (2009) အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။ File Size : (950 ...
movie
The Time Traveler’s Wife (2009)
2009
My Girl 8.0
My Girl   ဒီ My Girl Series လေးဟာ တစ်ချိန်က မြ၀တီရုပ်မြင်သံကြားမှာ အပတ်စဉ် ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်သံဇတ်လမ်းတွဲလေး တစ်ခုပဲ ဖြစ်ပါတယ် ဒီဇတ်လမ်းလေးဟာ ဟာသ ၊ အလွမ်းအဆွေး ၊ အချစ် စသဖြင့် ခံစားချက်ပေါင်းစုံ ရရှိစေမယ့် ဇတ်လမ်းကောင်းလေးလဲ ဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးကတော့ ဂျယ်ဂျူကျွန်းမှာ ခရီးသွား ဧည့်လမ်းညွှန် လုပ်နေတဲ့ ကောင်မလေး ဂျူယွန်းအင်း နဲ့ ကိုရီးယား နိုင်ငံအနှံ့အပြား ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဖြင့် အောင်မြင်နေတဲ့ သူဌေးလေး ဂေါင်ချမ်း တို့ ရဲ့ အမှတ်မထင် လေယဉ်ပေါ်မှာ တွေ့ဆုံမှု ကနေ စမယ် ထင်တာပါပဲ... ဂေါင်ချမ်း ဟာ သူချစ်တဲ့ ကောင်မလေးက အောင်မြင်မှုနောက် လိုက်ရင်း သူ့ကို ထားခဲ့လို့ အသဲကွဲနေတာဖြစ်ပြီး အသဲကွဲ နေပေမယ့်လဲ အဖိုးဖြစ်သူ ဥက္ကဌကြီးက ဆေးရုံပေါ်မှာ သေမလိုရှင်မလိုဖြစ်နေပြီး ငယ်ငယ်လေးထဲက ဂျပန်နိုင်ငံမှာ ပျောက်သွားတဲ့ ဂေါင်ချမ်း ရဲ့ ညီမ ၀မ်းကွဲလေးကို ပြန်ရှာရမယ့် တာဝန်ဟာလဲ သူ့ပုခုံးပေါ်မှာရှိနေပါတယ် ဒီတော့ အလွမ်းအဆွေးတွေကို ခဏ ရပ်ပြီး ဟိုတယ် လုပ်ငန်း နှင့် သူ့ညီမ ၀မ်းကွဲလေးကို ရှာနေတဲ့ အပေါ်မှာပဲ အာရုံစိုက်လိုက်ပါတော့တယ်... ဒီဘက်မှာလဲ ခရီးသွားလမ်းညွှန် လုပ်နေတဲ့ ဂျူယွန်အင်း ...
movie
My Girl
2005–2006
Prayers for Bobby (2009) 8.1
Prayers for Bobby (2009)  Prayers for Bobby (Bobby အတွက် ဆုတောင်းသံများ) ဆိုတဲ့ဇာတ်ကားလေးထဲက Bobby ရဲ့ အမေ ဖြစ်သူ Mary နောက်ဆုံးပြောသွားတဲ့စကားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။"လိင်တူချစ်တယ်ဆိုတာ အပြစ်တစ်ခုပါ။ သူတို့တွေ သေရင် ငရဲကျမယ်။သူတို့တဲ့ မကောင်းတဲ့ အကျင့်တွေပြင်မယ်ဆို ပြင်လို့ရပါတယ်။ဒီ တဏှာ ရာဂ စိတ်တွေ မရှိရင် သာမန် ပြန်ဖြစ်လာမယ်။သူတို့သာ ပြင်ချင်ရင် အကြိမ်ကြိမ်ကြိုးစားပြီး ပြင်လို့ရတယ်"လို့ ကျမသားလေး Bobby ကို ကျမ ပြောခဲ့ပါတယ်။သူက လိင်တူချစ်သူတစ်ယောက် (အခြောက်) ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျမ ဘဝ၊ ကျမ မျှော်လင့်ချက်တွေ ရေစုံမျော ပျက်ဆီးသလို ခံစားရပါတယ်။ ကျမသားလေးရဲ့ ဒီ ရောဂါကြီးကို ကုသဖို့ ကျမတတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၈ လက ကျမသားလေး တံတားပေါ်ကနေခုန်ချ ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။လိင်တူချစ်သူ တွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ ကို မလေ့လာခဲ့ ...
movie
Prayers for Bobby (2009)
2009
Breathe (2017) 7.0
Breathe (2017) အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ဘ၀လေး ရုတ်တရက် ပျက်စီးသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံယူလိုက်ရင် ဘာတွေဖြစ်မလဲ။ရောဘင်ဟာ သူ့ဇနီးရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးလှည့်လည်ထွက်ရင်းနဲ့ ရုတ်တရက် ပိုလီယိုရောဂါပိုးကူးစက်ခံရပါတယ်။သူဟာ လည်ပင်းအောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့ပဲ လေဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း သူဟာ စိတ်ကျရောဂါပါ ခံစားလာရတယ်။ရောဘင့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို အလင်းထဲ သွင်းပေးခဲ့တာကတော့ သူ့ချစ်ဇနီး ဒိုင်ယာနာပါပဲ။ဒိုင်ယာနာဟာ သူ့ခင်ပွန်းကို ဒီလို ခံစားနေရတာ မကြည့်ရက်လို့ သက်သာရာ သက်သာကြောင်းကူညီပေးရင်း အရာရာကို စိန်ခေါ်ခဲ့ပါတယ်။သူ့ယောင်္ကျားကို ဆေးရုံက ရအောင်ဆင်းခဲ့ပါတယ်။ (အဲ့ခေတ်က ပိုလီယိုရောဂါသည်တွေက ဆေးရုံက အသက်ရှူစက်တပ်ထားတဲ့အတွက် ဆေးရုံကုတင်က ရွေ့လို့မရပါဘူး။)ရောဘင့်အတွက် အဆင်ပြေမယ့် အသက်ရှူစက်ကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ဇနီးမောင်နှံနဲ့ သူငယ်ချင်းများပေါင်းပြီး ရောဘင့်အတွက် အဆင်ပြေမယ့်အရာတွေ တစ်ခုပြီးတစ်ခု တိုးတက်တီထွင်ခဲ့ပါတယ်။တဖြေးဖြေး နောက်ပိုင်းမှာ ရောဘင့်အတွက်သာမက တစ်ခြား ပိုလီယိုရောဂါသည်တွေပါ အသုံးပြုနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရောဘင်ဟာ ပိုလီယိုရောဂါရှင်များရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကား တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရောဘင်ကာဗန်ဒစ်ရှ်ရဲ့ဘ၀ဖြစ်ရပ်ကို ပုံဖော်ထားပြီး ကိုယ့်ဘ၀မှာ ...
movie
Breathe (2017)
2017
Third Person (2013) 6.4
Third Person (2013) နာမည်ကျော် မင်းသား တစ်ဦး ဖြစ်မိုကျကယျ ဟာ ပူလစ်ဇာ ဆုရထားတဲ့ စာရေးဆရာတစ်ယောက်ပါ တစ်လောကပဲ ဇနီးဖြစ်သူနဲ့ ကွဲထားပြီး အခု ပဲရစ် မြို့က ဟိုတယ် တစ်ခုမှာနေပြီး သူ့စာအုပ်ကို လက်စသတ်နေတာပါ။ သူဇနီးဖြစ်တဲ့ Elaine နဲ့ ပြတ်ဆဲပြီးတဲ့နောက် Anna ဆိုတဲ့ ဂျာနယ်လစ်ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်နေသူပါ။ အဲ့အချိန်မှာပဲ Scott ဆိုတဲ့ အမေရိကန်က စီးပွားရေးသမားတစ်ယောက်ဟာ အီတလီက ဖက်ရှင်ဟောက်စ်တွေက ဒီဇိုင်းတွေကို ရယူဖို့ရောက်နေတာပါ အီတလီ မှာရှိတဲ့ အရာတိုင်းကို မုန်းနေတဲ့ စကော့တစ်ယောက် ဘားတစ်ခုထဲမှR Rated ဖြစ်တာကြောင့် 18+ အခန်းတွေပါဝင်လို့မိသားစုနဲ့ မကြည့်ရှု့ သင့်တဲ့ အခန်းတွေ ပါဝင်တယ် ဆိုတာကိုတော့ ကြိုတင် ပြောထားပါရစေ။ ဇာတ်လမ်းလေးကတော့ ပဲရစ် နယူးယောက် နဲ့ ရောမမြို့တို့မှာ ဖြစ်ပျက် ခဲ့တဲ့ ဆက်စပ် နေတဲ့ အချစ်ဇာတ်လမ်းသုံးခု အကြောင်းကို ရိုက်ထားတာပါ။ ဇာတ်လမ်း အကျဉ်းကတော့ သူ့သမီးဆီကို ...
movie
Third Person (2013)
A Guy Thing(2003) 5.6
A Guy Thing(2003) ယောင်္ကျားလေးအများစုဟာ အိမ်ထောင်ပြုခါနီးရင်ထုံးစံအတိုင်းပေါ့ဗျာ...သူငယ်ချင်းတွေနဲ့အစွမ်းကုန်ကဲကြတယ်..သူငယ်ချင်းတွေကလည်း အိမ်ထောင်ပြုတဲ့ယောင်္ကျားတစ်ယောက်ဟာ နောက်ပိုင်းငဲ့ကွက်ရမဲ့ဟာတွေ စီးပွားရှာရမှာတွေ စသောနှောင်ဖွဲ့မှုတွေမလွပ်လပ်မှုတွေရှိတော့မှာဖြစ်လို့ နှစ်သိမ့်ပေးတဲ့အနေနဲ့ ကူညီ သောက်စားပျော်ပါးကြပေါ့ဗျာ...ဒီဇာတ်ကားထဲကကောင်လေးကလည်း အိမ်ထောင်ပြုခါနီးဆိုတော့ သူငယ်ချင်းတွေနဲ့ပျော်ပါးသောက်စားပေါ့ဗျာ..နောက်ဆို တီဗွီချန်နယ်တောင်ပြောင်းခွင့်မရှိဘူးကိုး...ဒီလိုနဲ့သူဟာ မူးပြီးအိမ်ပြန်အိပ်တယ်...မနက်မိုးလင်းတော့ဖုန်းသံကြောင့်နိုးလာတယ်...မကြာခင်တော်ရတော့မယ့် ယောက္ခမလောင်းကြီးဖုန်းဆက်တာ..အဆင်ပြေလားဘာညာမေးပြီးသူ့သမီးလာမယ့်အကြောင်းပြောရင်းဖုန်းချသွားတယ်...ဇနီးလောင်းကိုကြိုဖို့ပြင်တော့ သူ့အိပ်ရာပေါ်မှာ ကောင်မလေးတစ်ယောက်......ညတုန်းကမူးပြီးကောင်မလေးတစ်ယောက်နဲ့အိပ်မိသွားတာ...ဒါကတော့ တကယ့်မတော်တဆကြီးဆိုပါတော့ဗျာ....အဲ့ဒီမှာ သတို့သားလောင်းဟာ တိုင်ပတ်တဲ့အဆင့်တင်မဟုတ်ဘူး တိုင်ပါလည်တော့တာပဲ...ကိုင်း အချစ်ဇာတ်မြူးလေးကိုခံစားလိုက်ပါဦးဗျို့File Size…(850MB) and (350MB) Quality…BluRay 720p Format…mp4 Duration…01:40:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Sai Mg Mg
movie
A Guy Thing(2003)
2003
The Love of Siam (2007) 7.9
The Love of Siam (2007) 2007 ခုနှစ်ကထွက်ခဲ့တဲ့ မာရီိယို ရဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် IMDb မှာ 7.2 ထိ ရထားပြီးတော့သိပ်ချစ်ကြတဲ့ သူငယ်ချင်း ၂ယောက်ရဲ့ ချစ်ခြင်း မေတ္တာကိုဖော်ကျူး ပြထားတဲ့ကားလေး တစ်ကားဖြစ်ပါတယ်  ဒီကားလေးထဲမှာ တော့မောင်နှမ၂ယောက်ရဲ့ သံယောဇဉ်တွေနဲ့ ဝေးကွာသွားရတဲ့ မိသားစုဝင်တွေအပေါ်ခံစားရတဲ့ ခံစားချက်တွေ နဲ့ မိသားစုတွင်း ပြသနာတွေကိုတွေ့ကြုံရတဲ့အခါမှာ ခံစားရတဲ့ ကလေးတယောက်ရဲ့ ခါးသီးမူတွေကို ပုံဖော် ရိုက်ကူး ပြထားတာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကောင်လေး ၂ယောက်အခင်ဆုံးသူငယ်ချင်းတွေ သူတို့ ၂ယောက်ထဲမှာ တယောက်ရဲ့အမကတောတွင်းခရီးသွားနေတုန်းမှာပျောက်ဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့အချစ်ဆုံး သူငယ်ချင်း ၂ယောက်ကံကြမ္မာက လှည့်စားတော့ခွဲခွာကြရဖို့ ဖြစ်လာပါတော့တယ်  ဒီလိုနဲ့ နှစ်များစွာကြာပြီးတော့ သူတို့၂ယောက် ပြန်တွေ့ကြတဲ့အခါမှာ သူတို့ ၂ယောက် တယောက်အပေါ်တောယာက် ခံစားချက်တွေ ရှိလာတဲ့အခါမှာတော့ .................။ဒီကားက မာရီိယို တက်သစ်စ အချိန်က ရိုက်ကူးခဲ့တဲ့ BL ကားတစ်ကားပါBL ကားဆိုပေမယ့် အခုလက်ရှိ ဖြစ်နေတဲ့ မြန်မာကျောင်းသားတွေကြားထဲက ပုံစံလေးတွေနဲ့ ဆင်တူနေတာ ကြောင့် ဥပမာပြု အတုယူ ရအောင်လို့တင်ဆက်ပေးလိုက်တာပါ#BoyLoves#Support_LGBT Qty - DVD ripDuration - 2hr ...
movie
The Love of Siam (2007)
2007
Napping Princess (2017) 6.5
Napping Princess (2017)  ဒီတစ်ခါတော့ပရိတ်သတ်တွေကို၂၀၁၇ထွက်ဂျပန်အန် နီမေးရှင်းကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် your name ဆိုတဲ့ဇတ်ကားလိုမျိုးနာမည်ကြီးဇတ်ကားတစ်ကားပါပဲလက်ရှိကတော့ဂျပန်မှာဝင်ငွေစံချိန်တင် ထားတဲ့ကားကောင်းတစ်ကားပါပဲဇတ်လမ်းကတော့အဖေနဲ့ပဲနေရပြီးအမိမဲ့နေတဲ့ကောင်မလေးတစ်ယောက် ညတိုင်းသူမရဲ့အိပ်မက်ထဲမြင်နေရတဲ့ဟက်လန်းဆိုတဲ့တိုင်းပြည်ငယ်လေးထိုတိုင်းပြည်လေးရဲ့မင်းသမီးလေးဟာထူးဆန်းစွာသူမနဲ့ရုပ်ရည်မျက်နှာပေါက်ချင်းတူညီနေသောအခါသူမတို့အိမ်မှာထူးဆန်းစွာရှိနေတဲ့တက်ဘလက်စ်လေးတစ်လုံးထိုတက်ဘလက်စ်လေးဟာမှော် စွမ်းအားရှိနေတာကိုထိုကလေးမလေးသိရှိသွားသောအခါဘာဆက်ဖြစ်မလဲထူးဆန်းစွာသေဆုံးခဲ့သောသူမရဲ့အမေကကောဘယ်သူလဲထိုမှော်တက်ဘလက်စ်လေးကကောဘာတွေအစွမ်းထက်သလဲဆိုတာကိုစိတ် ဝင်စားစွာကြည့်ရှုရမှာပါထူးဆန်းတာတွေကြိုက်နှစ် သက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ဇတ် ကားတစ်ကားပါလို့ပြောကြားရင်းပဲဒေါင်းလော့သာဆွဲလိုက်ကြပါ Qty - 720p Web dLDuration - 1hr 43minGern - Drama / RomanceTranslator - Soe HtweEncoder - Kyaw Ye Aung
movie
Napping Princess (2017)
2017
Chasing Liberty(2004) 6.1
Chasing Liberty(2004) ညစာစားနေတဲ့ကောင်လေးနဲ့ကောင်မလေးတို့စားပွဲဝိုင်းကို လူရွယ်တစ်စုချဉ်းကပ်သွားတယ် သူတို့ထဲကတစ်ယောက်က အင်္ကျီအိပ်ထဲကိုလက်နှိုက်လိုက်တယ်....ဒီအပြုအမူကြောင့် သက်တော်စောင့် အယောက် ၂၀လောက်က လူရွယ်တစ်စုကို ခုန်အုပ်လိုက်တယ် ကောင်လေးနဲ့ကောင်မလေးရဲ့ပျော်ရွှင်ဖွယ်ညတစ်ညဟာ သက်တော်စောင့်တွေကြောင့် အကျဉ်းတန်သွားတယ် သက်တော်စောင့်တွေကလည်းသူတို့တာဝန်သူတို့လုပ်ရတာကိုး ဘာဖြစ်လို့လဲဆိုတော့ ညစာစားတဲ့ကောင်မလေးဟာ သမ္မတရဲ့သမီး ဖြစ်နေလို့ပါပဲ..ဒါကြောင့် ချဉ်းကပ်သွားတဲ့လူရွယ်တစ်စုဟာ အန္တရယ်ပြုနိုင်သူဖြစ်နိုင်တော့  သူတို့လည်းအခြေအနေအရ တားဆီးလိုက်ရတယ်....ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ phenylethylamine လို့ခေါ်တဲ့ natural chemical တစ်ခုထွက်ပါတယ် သူ့ရဲ့အစွမ်းသတ္တိကဘာဖြစ်လဲဆိုတော့စိတ်ကိုနူးညံပျော့ပျောင်းစေတယ် ချစ်တတ်စေတယ် ခံစားတတ်စေတယ် ဒါပေမယ့် phenylethylamine က အချိန်တိုင်းမထွက်ဘူးကာလအပိုင်းအခြားနဲ့ ထွက်တာ....ချစ်သူများနေ့မှာ ချောကလက်ဘာကြောင့်ကျွေးလဲဆိုတော့ ချောကလက်ဟာ phenylethylamine ကိုထွက်စေလို့ ကိုယ်ချစ်တဲ့သူကို ကျွေးကြတယ်လို့ပြောကြတယ်....ဒီကားကိုကြည့်ရတာ ကမ္ဘာ့အစွမ်းထက်ဆုံးချောကလက်ကိုစားရသလိုပဲ ..phenylethylamine တွေ ဘယ်လောက်တောင် နှလုံးသားမှာ ပြေးလွှားနေလဲမသိ.ရင်တွေခုန်တယ် ...Plot ကလည်းဆွဲဆောင်မှုရှိတယ် သမ္မတရဲ့သမီးနဲ့အေးဂျင့်ကောင်လေးတစ်ယောက်ပေါ့... ဒီကားထဲကကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားအတော်များများဟာ ကဗျာရနံတွေထုံလွှမ်းနေတယ်... နောက်ခံသီးချင်းလေးတွေကလည်း လှပလွန်းတယ် တစ်ခါတစ်ရံကိုယ့်ရဲ့ရင်ခုန်သံဟာ ဇာတ်ကားထဲကသီးချင်းရဲ့ ခပ်မှန်မှန်ထွက်နေတဲ့ BASS သံထက်တောင်ကျယ်လောင်နေတတ်တယ်...သေချာတယ် ခင်ဗျားတို့လည်းဒီကားကြည့်နေရင်း ကယောင်ကတမ်းနဲ့ ကိုယ့်ဘယ်ဘက်ရင်အုံကိုပြန်စမ်းမိလိမ့်မယ်.....File Size…(850MB) and (398MB) Quality…DVDrip Format…mp4 Duration…01:50:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo ...
movie
Chasing Liberty(2004)
2004
PG Love (2016) 4.6
PG Love (2016) နှစ်သစ်မှာ ဟောင်ကောင်မိန်းမချောလေးတွေကို ငမ်းချင်ပါသလား? 18+ အခန်းတွေမကြည့်ရတာ ကြာနေပြီလား?ဒီကားလေးဟာ မိန်းကလေး ၆ ယောက်ရဲ့ဘဝအခြေအနေကို ရိုက်ကူးပြထားတဲ့ ဟောင်ကောင်ကားကောင်းလေးတစ်ကားပါ။ပထမဆုံးတစ်ယောက်က ထောင်ထွက်တစ်ယောက်ဖြစ်ပြီး ထိပ်ပြောင်သူကြီးတစ်ယောက်က သူ့အတွက် အလုပ်အကိုင်တွေ ရှာဖွေပေး၊ စိတ်ဓာတ်ပြုပြင်ရေးတွေလုပ်ပေးပါတယ်။ ဘယ်လိုလုပ်လဲတော့ မသိဘူးနော် အဟမ်း!ဒုတိယနဲ့ တတိယမိန်းကလေး နှစ်ယောက်က နိုက်ကလပ်ကို လာတဲ့သူတွေဆီက၊ သူတို့ရဲ့ဖောက်သည်တွေဆီက လစ်ရင် လစ်သလို ခိုးလေ့ရှိတဲ့ နိုက်ကလပ်မယ်နှစ်ယောက်ပါ။ သူတို့နှစ်ယောက်လုံး ခိုးဖို့ပစ်မှတ်ထားနေတဲ့ ဖောက်သည်တစ်ယောက်ရှိပြီး အဲ့လူဆီက လိုချင်တာခိုးယူဖို့ ဘယ်လိုလုပ်မလဲဆိုတာတော့ ဇာတ်လမ်းအညွန်းထဲမှာ ဆင်ဆာပါတဲ့။နောက်ထပ်မိန်းကလေးကတော့ သူ့ရည်းစားနဲ့ ဥရောပကို ခရီးအတူသွားရဖို့အတွက် ဘီယာအရောင်းမြှင့်တင်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့သူပါ။ တကယ် သူတို့သွားတဲ့အခါမှာ ဘာတွေဖြစ်ကြမလဲ၊ ဒီမိန်းကလေး ၆ ယောက်လုံး ဇာတ်သိမ်းမှာ ဘာတွေဖြစ်ကြမလဲဆိုတာသိချင်ရင်တော့ ရုပ်ရှင်ကိုအမြန်ဆုံးသာ ဒေါင်းလုတ်လုပ်ပြီး ကြည့်ရှူလိုက်ပါ File Size : (850 MB) and (300 MB) Quality ...
movie
PG Love (2016)
2017
Fair Game (1995) 4.3
movie
Fair Game (1995)
1995
Up in the Air (2009) 7.4
Up in the Air (2009) ဘ၀ဆိုတာ ခရီးရှည်တစ်ခု... ဒီခရီးကို ဘယ်လိုဖြတ်သန်းမှာလဲ။ ပိုင်ဆိုင်သမျှ အရာရာကို ထည့်သိမ်းဆည်းထားတဲ့ လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီးတော့လား။ နေပါ... လွှတ်ချပစ်လိုက်။ အဲဒီ လွယ်အိတ်ကို မီးရှို့ပစ်လိုက်။ စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းကို လွင့်မျောပစ်လိုက်။IMDB 7.4 | RT 91% | Roger Ebert 4/4ကိုယ့်ကို ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကနေ " ခင်ဗျား အလုပ်ပြုတ်ပြီ " ဆိုပြီး ကုမ္ပဏီက ဘာအကြောင်းမှ မရှိပဲ လာပြောရင် ဘယ်လိုခံစားရမလဲ။ သေချာတာကတော့ စိတ်ဓာတ်တွေ ကျသွားမှာပဲ။ ဒါပေမယ့် သူက ပိုင်တယ်။ ဖြုတ်တာကို ဖြုတ်တယ်လို့ မပြောဘူး။ အခွင့်အလမ်းအသစ်တွေ လာပေးတာပါတဲ့။ဒါ Ryan Bigham ရဲ့ အလုပ်။ ပိုင်ရှင်ကိုယ်စား အလုပ်ဖြုတ်လိုက်ပါပြီလို့ ပြောရတဲ့ အလုပ်။တစ်နှစ်မှာ ရက်ပေါင်း ၃၂၂ရက်လောက် လေယာဉ်စီးပြီး အလုပ်တွေ ဖြုတ်နေရတာ လေယာဉ်ဟာ သူရဲ့အိမ်ဖြစ်နေခဲ့ပြီ။ ...
movie
Up in the Air (2009)
2009
A Christmas Kiss(2011)
A Christmas Kiss(2011) IMDb....6.3 Christmas ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ကားလေးကို တင်ပေးရင်း  ကျွန်တော်တို့ channelmyanmarရဲ့အမှတ်တရအဖြစ်ကြံဖန်မှတ်ယူပေးကြပါ....မင်းသားရောမင်းသမီးရော ရူပါဖြူးတဲ့ကားလေးကိုအတတ်နိုင်ဆုံးရွေးထားပါတယ် .... ၀န်ဒီ ၀ဲတန် ဆိုတဲ့ကောင်မလေးဟာ ရည်မှန်းချက်ကြီးမားတဲ့ အိမ်အတွင်းပိုင်းအလှဆင်ဒီဇိုင်နာပေါ့။ သူမက ဘော့စတွန်မြို့ရဲ့နာမည်ကြီးဒီဇိုင်နာ ပရစ်ဆီလာ ဟောရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေတဲ့သူပါ။ ၀န်ဒီက အလုပ်ကို အချိန်ပြည့်လုပ်တယ်။ ပရစ်ဆီလာ ခိုင်းသမျှ လိုအပ်သမျှကို တာဝန်ယူဖြည့်တင်းပေးတယ်၊ တစ်ညမှာတော့ ၀န်ဒီဟာ သူမအခန်းဖော်နဲ့ လှလှပပပြင်ပြီး အပြင်ထွက်ဖို့ကြံနေတုန်း သူမရဲ့သူဌေးဆီကနေ ဖုန်းလာခဲ့တယ်...အိမ်အလုပ်တွေလာလုပ်ပေးဖို့ပါ။ ပရစ်ဆီလာရဲ့မှာထားတာကြောင့် ပရစ်ဆီလာရဲ့တိုက်ခန်းကို ပြင်ဆင်ရင်း တစ်နေ့ သူမသူဌေးလို ကျော်ကြားတဲ့ဒီဇိုင်နာဖြစ်ဖို့ စိတ်ကူးယဉ်နေမိတာပေါ့။ တိုက်ခန်းကအထွက်မှာတော့ ဓာတ်လှေကားထဲမှာ ခပ်ချောချောကောင်လေးတစ်ယောက်နဲ့ ဆုံမိတယ်။ ဓာတ်လှေကားက ရုတ်ချည်းဆိုသလို စက်သေသွားတော့ ၀န်ဒီဟာ                ကောင်လေးရဲ့ လက်မောင်းပေါ် လဲကျသွားပြီးမမျှော်လင့်ပဲနမ်းမိသွားတယ်..ဒါကတော့ဇာတ်လမ်းရဲ့နိဒါန်းလေးဆိုပါတော့.      ...
movie
A Christmas Kiss(2011)
Ex With Benefits (2015) 5.7
Ex With Benefits (2015) အခု ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တဲ့ Ex with benifitsဆိုတဲ့ ဖိလစ်ပိုင်ကားလေးထဲမှာတော့ …အာကီရှာ နဲ့ ကတ်စ်ထရန့်စ်တို့ဟာ တစ်ချိန်ကသိပ်ချစ်ခဲ့ကြတဲ့ ချစ်သူတွေပါ…ဒါပေမယ့် တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် နှစ်ဦးသားရန်ဖြစ်ကြပြီး…အာကီရှာ ဟာထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပါတယ်…ဖုန်းနံပါတ်ပါပြောင်းသွားတဲ့အပြင် အဆိုးဆုံးက အတူတူတက်နေကြတဲ့ ဆေးကျောင်းကပါ ထွက်သွားခဲ့တာပါ…ကျန်ခဲ့တဲ့ကောင်လေး ကတ်စ်ထရန့်စ်ကတော့ နောင်တတွေနဲ့အရူးတစ်ပိုင်းပေါ့…ဒီလိုနဲ့ ဆယ်နှစ်ကြာပြီးတဲ့အခါမှာမှ ထွက်ပြေးသွားတဲ့ကောင်မလေး အာကီရှာနဲ့ ကတ်စ်ထရန့်စ်တို့နှစ်ဦးသား အလုပ်အတူလုပ်ရဖို့အကြောင်းဖန်လာပါတယ်…သူတို့နှစ်ဦးပြန်လည်တွေ့ဆုံကြတဲ့အခါမှာတော့……?????အာကီရှာဟာ ဘာလို့ရုတ်တရက်ပျောက်ကွယ်သွားခဲ့တာလဲ…အရင်က ဆေးကျောင်းသူလေး အာကီရှာတစ်ယောက်ရဲ့ ဘဝဘယ်လိုများပြောင်းလဲသွားလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ…ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးများရဲ့ထုံးစံအတိုင်း ပေါ့ပါ့ပါးပါးနဲ့ ကြည့်ရှုသူပရိသတ်တွေကိုနှစ်သက် သဘောကျစေမှာဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုလိုက်ပါဦးလို့… File Size : (900 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre :Drama, Romance Subtitle : Myanmar Subtitle ...
movie
Ex With Benefits (2015)
Meet Joe Black (1998) 7.2
Meet Joe Black (1998) Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance  ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie
Meet Joe Black (1998)
1998
Confessions of a Shopaholic (2009) 5.9
Confessions of a Shopaholic (2009) အခုမိတ်​ဆက်​​ပေမယ့်​ ဇာတ်​လမ်းက​တော့ ၂၀၀၉ ခုနှစ်​က ထွက်​ခဲ့ပြီး P.J.Hogan ရိုက်​ကူးထားတဲ့ Confessions of A Shopaholic ဆိုတဲ့ ဇာတ်​မြူး​လေးပါနယူး​ရော့ခ်​မြို့ရဲ့ ​ပျော်​ရွှင်​စရာ ကမ္ဘာ​လေးထဲမှာ Rebecca Bloomwood ဟာ shopping ထွက်​တဲ့​နေရာမှာ တကယ်​ကို​တော်​တဲ့ ချစ်​ဖို့​ကောင်းတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ပါ​တော်​တယ်​ဆိုတဲ့​နေရာမှာ နည်းနည်း​လေး​တော့ ​တော်​လွန်း​နေသလို​ပေါ့​နော်​ သူဟာ သူ့ရဲ့အကြိုက်​ဆုံး ဖက်​ရှင်​မဂ္ဂဇင်းမှာ အလုပ်​လုပ်​ဖို့ အိပ်​မက်​တစ်​ခုလည်းရှိပါတယ်​ဒါ​ပေမယ့်​ အဲ့ဒီ company ကဘဲ ထုတ်​​ဝေတဲ့ စီးပွား​ရေး မဂ္ဂဇင်း အတွက်​ အကြံ ​ပေးအဖြစ်​ အလုပ်​မလုပ်​ခင်​အထိ သူ့အိပ်​မက်​နားကို ​​ခြေဦး​တောင်​မလှည့်​နိုင်​ခဲ့ပါဘူး​နောက်​ဆုံး​တော့ သူ့အိပ်​မက်​​တွေ တကယ်​ဖြစ်​လာခဲ့ချိန်​မှာ သူ့အတိတ်​​တွေက သူ့ရဲ့လှပတဲ့အနာဂတ်​ကိုဖျက်​ဆီးမယ့်​ ရန်​က​နေ ကာကွယ်​ဖို့အတွက်​ ခါတိုင်းထက်​ပိုရယ်​စရာ​ကောင်းပီး ပြင်းထန်​တဲ့အားထုတ်​မှုေ​တွကို သူကြိုးစားရပါ​တော့တယ်​ဟာသဆန်​ဆန်​ မြူးမြူးကြွကြွ ဇာတ်​ကွက်​​လေး​တွေနဲ့ မအီရ​အောင်​ ရိုက်​ကူးထားတဲ့ ...
movie
2009
A Muse (2012) 6.8
A Muse (2012) ဒီတစ်ခါတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ A Muse ဆိုတဲ့တောင်ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ်စာရေးဆရာ Park Bum-shin ရဲ့ Eun-gyo ဆိုတဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ဒါရိုက်တာ Ji-woo Jung ကရိုက်ကူးထားတာပါအဓိက သရုပ်ဆောင်တွေ အနေနဲ့တော့ Park Hae-il, Kim Mu-yeol နဲ့ Goblin ကားရဲ့ မင်းသမီးလေး Kim Go-eun တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၇၀ အရွယ် ကဗျာဆရာအိုကြီးရဲ့ အချစ်ဇာတ်လမ်းလေးပါသူ့မှာ အသက် ၃၀ အရွယ် သူ့အချစ်ဆုံးသဘောအကျရဆုံး တပည့်တစ်ယောက်ရှိပါတယ်တစ်နေ့မှာ ကဗျာဆရာကြီးဟာ မမျှော်လင့်ဘဲ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနဲ့ ချစ်မိသွားပြီး သူ့အကြောင်းကို ဝတ္ထုတိုလေးရေးဖို့ စိတ်အားထက်သန်နေပါတယ်သူ့တပည့်က မနာလိုဖြစ်ပါတော့တယ် ...
movie
A Muse (2012)
2012
Shubh Mangal Saavdhan (2017) 7.2
Shubh Mangal Saavdhan (2017) ဒီဇာတ်ကားအကြောင်းမညွှန်းခင်၊ အရင်ဆုံး ဒီဇာတ်လမ်းထဲက မင်းသမီးဖြစ်တဲ့ Bhumi Pednekar အကြောင်း နည်းနည်းလောက် ပြောရအောင်Bhumi Pednekar ဟာဆိုရင် နှစ်ပေါင်းများစွာကြာအောင် Yash Raj Film မှာ လက်ထောက်ဒါရိုက်တာဝန် လုပ်ကိုင်ခဲ့ပြီးမှ ကုမ္ပဏီနဲ့ ရုပ်ရှင်သုံးကားကို မင်းသမီးအနေနဲ့ သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ပထမဆုံး ဇာတ်ကားဖြစ်တဲ့ Dum Laga Ke Haisha ဇာတ်ကားမှာ ပွဲဦးထွက် သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ Filmfare Award for Best Female Debut ဆုရရှိခဲ့ပါတယ်။နောက်ပြီးတော့ အားလုံးသိကြတဲ့ မင်းသားကြီး အက်ရှေးကူမားနဲ့အတူ၊ Toilet: Ek Prem Katha ဇာတ်လမ်းမှာလည်း အကောင်းဆုံးနဲ့ ပရိတ်သတ်ရင်ဖက်ထဲမှာ နေရာယူနိုင်ခဲသလိုအခု ဇာတ်ကားဖြစ်တဲ့ Shubh Mangal Savdhan (2017) မှာလည်း အကောင်းဆုံး ကြိုးစားထားတော့ ပရိတ်သတ်ရင်ဖက်ထဲ ရောက်မယ်ဆိုတာ ...
movie
Shubh Mangal Saavdhan (2017)
2017
Out of Sight(1998) 7.0
Out of Sight(1998) ဘဏ်တွေဓားပြတိုက်တာ အကြိမ်ဘယ်လောက်ရှိပြီလဲမေးရင် များလွန်းလို့ အရေအတွက်အတိအကျမမှတ်မိတာကြောင့် ပြန်မဖြေနိုင်ဘူး သူကတော့ ဖိုလေလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်မင်းသားချောကြီး George Clooneyဖြစ်ပါတယ် ဘဏ်ဓားပြမှုတစ်ခုကြောင့်ပဲ သူထောင်ကျခဲ့တယ် ဒါပေမဲ့ တစ်နေ့ သူထောင်ကထွက်ပြေးတယ်....ပြေးရင်းနဲ့ လမ်းမှာတွေ့တဲ့မိန်းမတစ်ယောက်ကိုဓားစာခံလုပ်ဖို့ခေါ်သွားတယ်....ဆိုးတာက သူဓားစာခံလုပ်ဖို့ခေါ်သွားတဲ့အမျိုးသမီးက ထောက်လှမ်းရေးအရာရှိတစ်ယောက်ဖြစ်လို့နေပါတယ်.....ကျွန်တော်ငယ်ငယ်က အချစ်ဝတ္ထုစာအုပ်တွေငှားရင်ပဲဖြစ်ဖြစ်ဝယ်ရင်ပဲဖြစ်ဖြစ် အစပိုင်းနည်းနည်းဖတ်ကြည့်တယ် မင်းသားနဲ့မင်းသမီးက အစပိုင်းမှာ ရန်ဖြစ်နေရင်အာ့စာအုပ်ကိုယူလိုက်ပြီ တကျက်ကျက်ရန်ဖြစ်ရင်း သူတို့နှစ်ယောက်ဟာ ဘယ်လိုခံယူချက်တွေပဲထားထား နောက်ဆုံး နှလုံးသားရဲ့ လိုအင်ဆန္ဒကိုတော့ မဆန့်ကျင်နိုင်ရှာဘူး ....အဲ့ဒါမျိုးတွေဆို သိပ်သဘောကျတယ် စာရေးဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့နာမည်ကြီးလေရူးသုန်သုန်တောင် ဇာတ်ကောင် ၂ယောက်ရန်ဖြစ်နေတာမျိုးလေးတွေ့မှဖတ်ဖြစ်တယ် . ဘာဖြစ်လို့ကြိုက်တာလည်းဆိုတော့ မဖြေတတ်ဘူး..ခု out of sight လည်း သူတို့ ၂ယောက်ကအခြေအနေမတူ ရပ်တည်ချက်ခြင်းမတူကြဘူး ဒါပေမယ့်ဘဏ်ဓားပြကြီးက ထောက်လှမ်းရေးအရာရှိမလေးကိုမှကြွေသွားတယ်..သူတို့ ၂ယောက်လည်း ရန်တွေဖြစ်ကြတယ်..ဒီကားကြည့်မိတော့ငယ်ငယ်တုန်းကရင်ခုန်သံတွေပြန်အမှတ်ရတယ် ... လတ်ဆတ်နေတုန်းပဲ...ထောက်လှမ်းရေးအရာရှိမ ကလည်း JLOရဲ့လှသွေးအကြွယ်ဆုံးအချိန်ဆိုတော့ လိုက်ဖက်လှတယ်.. Crime အမျိုးအစားလည်းဖြစ်လေတော့ ကြည့်ရတာတော်တော်ကောင်းပါတယ် ကိုင်းပြိတ်သတ်ကြီးရေကျွန်တော်တို့လို လူမျိုးတွေရှိရင် ဒေါင်းကြည့်လိုက်ပါဦးဗျဘာသာပြန်ကတော့ Sherlock ပါ.....File Size…(853MB) and (350MB) Quality…BluRay ...
movie
Out of Sight(1998)
1998