Channel Myanmar

Romance

The Santa Summit (2023) 6.9
The Santa Summit (2023) The Santa Summit (2023) =================== IMDb Rating - 6.9/10ခရစ္စမက်ပိတ်ရက်မှာ ဇာတ်ကားလေးကြည့်ရင်း chill ချင်တဲ့သူများ အတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းအကျဉ်းလေး ကတော့ ခရစ္စမက်၊ ဆန်တာပွဲတော်မှာ ခဏလေးမတော်တဆတွေ့ခဲ့မိတဲ့ ကောင်လေးနဲ့ကောင်မလေးတို့အချင်းချင်း ရှာပုံတော်ဖွင့်ကြတဲ့အကြောင်း လေးပါ။ဂျော်ဒင် ဆိုတဲ့ကောင်မလေးကကျောင်းတစ်ကျောင်းမှာ ပန်းချီသင်တဲ့ ဆရာမတစ်ယောက်ပါ။ လီယမ် ဆိုတဲ့ကောင်လေးကတော့ အခုမှ ဂျော်ဒင် ရှိတဲ့မြို့ကိုပြောင်းလာပြီး ဂျော်ဒင် နဲ့ဆန်တာပွဲတော်မှာမတော်တဆတွေ့ခဲ့ ပါတယ်။ စိတ်တူ အကြိုက်တူဖြစ်တဲ့သူတို့နှစ်ယောက်ဟာ တစ်ခဏလေး အတွင်းမှာပဲ စကားတွေအများကြီးပြောခဲ့ကြပြီး အဆင်ပြေနေခဲ့ကြပါတယ်။ နောက်တော့ပွဲတော်ထဲမှာ တစ်ယောက်နာမည်တစ်ယောက်မသိခင်မှာပဲ လူချင်းကွဲသွားပါတယ်။နာမည်မသိတဲ့အပြင် မျက်နှာမှာလည်းဆန်တာမုတ်ဆိတ်တွေတပ်ထားတဲ့ အတွက် ရုပ်ကိုလည်းသေချာမသိပါဘူး။  ဒီလိုနဲ့ နှစ်ယောက်စလုံးတစ်ယောက် ကိုတစ်ယောက် မရေမရာနဲ့လိုက်လံရှာဖွေကြတာကို drama ဆန်ဆန်ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Main character နှစ်ယောက်အတွဲ အပြင် side character တွေရဲ့မတူညီတဲ့မေတ္တာတွေနဲ့ အတွဲတွေကိုပါ သေချာ လေးပုံဖော်ထားတာဖြစ်တဲ့အတွက် အရိုတစ်လိုင်းကြိုက်တဲ့သူများလက်မလွှတ် သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.41 GB) / (914 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar ...
movie

The Santa Summit (2023)

2023
Nomad (1982) 6.8
Nomad (1982) Nomad (1982)၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ...
movie

Nomad (1982)

1982
Never Been Kissed (1999) 6
Never Been Kissed (1999) Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie

Never Been Kissed (1999)

1999
In Good Hands (2022) 5.7
In Good Hands (2022)  Single mother တစ်ယောက်ဖြစ်တဲ့Melisaဟာ ရောဂါကြောင့်၅လပဲအသက်ရှင်ရတော့မယ်လို့ သိသွားတဲ့အခါ... တစ်ဦးတည်းသောသားလေးကိုဘယ်သူက စောင့်ရှောက်ပါ့မလဲ တွေးပူလာပါတယ်။ ဒါကြောင့် တစ်သက်လုံးယောက်ျားတွေနဲ့ မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ပြီးခါမှ လူ့လောကမှာကျန်ရစ်မယ့်သားလေးအတွက် ရည်းစားထားဖို့ တစ်ဖန်တွေးရပြန်ပါပြီ။ ဒီလိုအချိန်မှာမှ လူ့ဂွစာ၊လုပ်ငန်းရှင်၊ ပလေးဘွိုင်း၊ လူပျိုကြီးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိကြတဲ့အခါ။စတွေ့တည်းက ဘုနဲ့ဘောက် သားလေးနဲ့လည်းအဆင်မပြေပေမဲ့ ဒီပလေးဘွိုင်းကိုပဲချဉ်းကပ်တော့မယ်လို့ Melisaတစ်‌ယောက် ဆုံးဖြတ်လိုက်ပါတယ်။ Melisaတို့သားအမိဒီပလေးဘွိုင်းကြီးနဲ့ ဘယ်လိုဆက်ဖြစ်မလဲ ခေါင်းမာတဲ့သားလေးကရောလက်ခံပါ့မလားဆိုတာ ကြည့်လိုက်ပါဦးနော်။ File size…1.30GB / 637MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

In Good Hands (2022)

The Importance of Being Earnest (2002) 6.8
The Importance of Being Earnest (2002) ဒီတစ်ခါမှာဝောာ့ 2002ခုနစ်က ထွက်ရှိထားတဲ့ Romance/Comedy ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဂျက်ဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းက မွေးစားခံလိုက်ရတဲ့ လူတစ်ယောက်ဖြစ်ပြီး ဆယ်စလီလို့ခေါ်တဲ့သူကို အုပ်ထိန်းသူအနေနဲ့ ထိန်းကျောင်းပေးရသူလည်းဖြစ်ပါတယ်။ သူတို့ဟာ နယ်မှာ နေထိုင်ကြတဲ့သူတွေဖြစ်ပြီး ဂျက်ဟာ မြို့ပေါ်ကို သွားချင်တိုင်း သွားလို့ရအောင် သူ့မှာ အန်းနက်လို့ခေါ်တဲ့ ညီရှိပါတယ်ဆိုပြီး လုပ်ဇာတ်ခင်းထားပါတယ်သူဟာ မြို့ပေါ်မှာ အန်းနက် အနေနဲ့ ပျော်ပါးပြီး နယ်မှာတော့ ဂျက်ဆိုတဲ့ နာမည်နဲ့ ဘဝနှစ်ခုကို‌ နေနေခဲ့တာပါ ဒါကို သူ့သူငယ်ချင်း အလ်ဂျီက သိရှိသွားခဲ့ပြီး အကြွေးနွံ့နစ်နေသူမို့ အနေအစားချောင်အောင် အန်းနက်ဆိုတဲ့ နေရာကို ဝင်ယူကာ နယ်မှာသွားနေပါတော့တယ် ဒီလိုနဲ့ အန်းနက်ဆိုတဲ့ နာမည် တစ်လုံးနဲ့ သူတိူ့နှစ်ယောက် ချစ်သူတွေ ရတဲ့အခါ ဘာဆက်လုပ်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle ...
movie

The Importance of Being Earnest (2002)

Tramps (2016) 6.5
Tramps (2016)  ဒီကားထဲမှာ ပါဝင်သူတွေကတော့ Fantastic Beastsကားတွေနဲ့ လူသိများတဲ့အင်္ဂလိပ်မင်းသားချော Callum Turnerနဲ့ Tell Me Liesထဲက မင်းသမီးချောလေးGrace Van Pattenပဲဖြစ်ပါတယ်။Dannyဟာ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပေမဲ့ အစ်ကိုဖြစ်သူကအချုပ်တစ်ရက်ကျနေတာကြောင့် အစ်ကို့အစား တရားမဝင်အလုပ်တစ်ခုကိုလုပ်ပေးဖို့ဖြစ်လာပါတယ်။ လုပ်ပေးရမယ့်ကိစ္စကတော့ အထဲမှာဘာပါမှန်းမသိတဲ့လက်ဆွဲအိတ်ကို ပို့ဆောင်ပေးရမှာပါ။ ကြောက်တတ်တဲ့Dannyက မလုပ်ချင်ဘူးလို့ငြင်းပေမဲ့ အမေကပါ ဇွတ်လုပ်ခိုင်းတာကြောင့် မတက်နိုင်တော့ပါဘူး။ ဒီလိုမျိုးတွေတစ်ခါမှမလုပ်ဖူးတဲ့Dannyဟာ အိမ်ကစထွက်တည်းက တုန်တုန်ချိချိနဲ့ သူတက်စီးရမယ့်ကားက မိန်းကလေးမောင်းတာဖြစ်နေပါတယ်။ နှစ်ယောက်သားကြောက်ကြောက်လန့်လန့်နဲ့ လက်ဆွဲအိမ်ယူလာရင်း တစ်ဖန်လက်ဆင့်ကမ်းပေးရမယ့်အဆင့်မှာလူလွဲပြီးပေးလိုက်မိပါတယ်။ ဒီလိုကိစ္စတွေနဲ့ မပတ်သတ်ဖူးတဲ့ Dannyအဖို့ အိတ်ထဲကလည်း ဘာပါမှန်းမသိ ပေးလိုက်မိတဲ့လူကလည်းတလွဲဆိုတော့ ခေါင်းမီးတောက်ပါပြီ။ခုနကသူ့ကို ကားမောင်းပို့ပေးတဲ့မိန်းကလေးနဲ့ အိတ်ကိုပြန်ရှာဖို့ လုပ်ရပြန်ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။ File size…1.72GB / 921MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Adventure , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Tramps (2016)

Private Lesson (2022)

Private Lesson (2022)

Di Bawah Umur (2020) 5.5
Di Bawah Umur (2020) Di Bawah Umur [2020](IMDb 5.5/10)အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့... လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်... အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်... ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ... တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်... အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့... ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Di Bawah Umur (2020)

2020
B&B Merry (2022) 6.2
B&B Merry (2022)  ခရစ္စမတ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ B&B Merry ဆိုတဲ့ Comedy/Romance ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်အိမ်လေးကတော့ ထရေစီဝိုက်စ် ဆိုတဲ့ နာမည်ကြီးခရီးသွားဘလော့ဂ်ဂါလေးနဲ့ B&B ဆိုတဲ့မိသားစုတည်းခိုခန်းလေးကို မနည်းကျားကန်နေရတဲ့ ဂရေဟမ် ဆိုတဲ့ ဓာတ်ပုံဝါသနာရှင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော်မိဘတွေရဲ့အမွေအနှစ်ဖြစ်တဲ့ မိသားစုတည်းခိုခန်းလေးကို ခရစ္စမတ်မှာ ပရိုမိုးရှင်းလုပ်ဖို့ ထရေစီ ကိုဖိတ်ခေါ်ခဲ့ပြီးတော့ ထရေစီ ရဲ့ နောက်ထပ် ရီဗျူးလုပ်စရာဟော်တယ်နဲ့ကလည်း B&B နဲ့ပြိင်ဖက်တွေဆိုတော့ ဘယ်လိုအရှုပ်တွေဖြစ်ပြီး ခရစ္စမတ်မှာ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို ဖန်တီးကြမလဲဆိုတာကိုတော့.......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

B&B Merry (2022)

Me and Mr. Christmas (2023) 5.9
Me and Mr. Christmas (2023) Me and Mr. Christmas (2023) ===================== IMDb rating - 5.9/10ခရစ်စမတ်ရောက်ဖို့လည်းနီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ပရိတ် သတ်ကြီးတို့အတွက် Christmas vibe အပြည့်ကိုခံစားရစေမယ့် Romance ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်း - Zoe Deans ဆိုတဲ့မိန်းကလေးက သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နှစ်တိုင်း အားလပ်ရက်တွေမှာတောင် အနားမယူဘဲ အလုပ်အကြောင်းပဲတွေးနေတဲ့ ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင် ထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကုမ္ပဏီကအခုမှစတင်တည်ထောင် ထားတာကြောင့် လူသိနည်းပြီး မှန်ကန်တဲ့ဖောက်သည်တစ်ယောက်နဲ့ဆုံဆည်း ချင်တာက သူ့ရဲ့ဆန္ဒပါ။အဲဒီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ သူတို့မြို့ရဲ့ Mr Chirstmas ရွေးချွယ် ပွဲကြီးကိုသတိရသွားပါတော့တယ်။ ဒါမှ သူ့အတွက် Mr Chirstmas အဖြစ်ကိုယ် စားပြုပြီး ယှဉ်ပြိုင်ပေးမယ့်ကောင်လေးတစ်ယောက်ရှိဖို့လိုအပ်နေတာပါ။ အဲဒီအ ချိန်မှာ ကြင်နာတတ်တဲ့ ပုံတုံးတုံးစာအုပ်ဆိုင်ပိုင်ရှင်လေးနဲ့တွေ့သွားတဲ့အချိန်မှာတော့ သူရှာတွေ့တဲ့သူက Mr Chirstmas ဖြစ်ဖို့ထိုက်တန်တဲ့သူလား၊ ပြိုင်ပွဲမှာရော ဘယ်လို တွေယှဉ်ပြိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(2.2 GB) / (839 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......June Encoder..........SWM
movie

Me and Mr. Christmas (2023)

2023
Divorce Bait (2022) 4.4
Divorce Bait (2022) Divorce Bait (2022) ==============ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို trust issues ‌ခေါ် လူတွေကိုမယုံကြည်တဲ့ ကိစ္စတွေက ဖြစ်တတ်ပါတယ် အဲ့ထဲမှာ အလက်စစ်ဆိုတဲ့ သာယာတဲ့အိမ် ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်လည်း အပါအဝင် ပေါ့လေ။အလက်စစ်က ယောင်္ကျားဖြစ်သူအပေါ် ယုံကြည်မရှိ သင်္ကာမကင်းဖြစ်နေတဲ့ အတွက် ကွာရှင်းပြတ်စဲတော့မယ်ဆိုပြီး ဖေ့စ်ဘုတ်ပို့စ်အတုတင်လိုက်ရာကနေ ဇာတ်အိမ်စတည်ထားပါတယ်။ အကြောင်းအရင်းကတော့ သူ့ယောင်္ကျားဖြစ်သူ ကို ဘယ်မိန်းမက လာရှုပ်မလဲသိချင်တဲ့အတွက်ကြောင့်ပါပဲ။ ‌ဒါကြောင့် သူ့ယော င်္ကျားဖြစ်သူ တစ်ယောက် ဘယ်လိုတွေကျော်ဖြတ်မလဲ ဘယ်မိန်းမတွေက လာ ရှုပ်မလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရမဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.98 GB) / (770 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Khant Sett Naing Encoder..........SWM
movie

Divorce Bait (2022)

2022
100 Days of Sunshine (2018)
100 Days of Sunshine (2018) အန်ဒွန်း က နာမည်ကြီး ဘလော့ဂါ တစ်ယောက် ဖြစ်ပြီးတော့ သူ့မင်္ဂလာဆောင်ကို အကောင်းဆုံး ဖြစ်‌‌အောင် စီစဉ်ပြီးတော့ သူ့အမေနဲ့ ဖန်တွေကို ပျော်စေချင်တာပါ။နက်မင်ကတော့ အလုပ်မရှိ အကိုင်မရှိ ဂိမ်းကစားနေတဲ့လူ ဖြစ်ပြီးတော့ သူ့ညီလေးဆီမှာ ခိုကပ်စားသောက်နေရတာပါ။တစ်နေ့တော့ အန်ဒွန်းဆီမှာ ဦးနှောက်ကင်ဆာ ဖြစ်ပြီး နက်မင်ဆီမှာတော့ ကျောရိုးကင်ဆာ ဖြစ်လာခဲ့ပါတယ်။ တိုက်ဆိုင်လိုက်တဲ့ ကံကြမ္မာကတော့ သူတို့နှစ်ဗဘာက်ကို တစ်ဆေးရုံတည်းမှာ ဆုံဆည်းစေခဲ့ပါတယ်။ဒီရောဂါကြောင့် စေ့စပ်ပွဲ ပျက်သွားတဲ့ အန်ဒွန်း က သူ့ညီလေးကို ဆိုင်ဖွင့်ပေးချင်တဲ့ နက်မင် ကို ဟန်ဆောင်လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ချိန်မှာတော့ ရောဂါသည် နှစ်ယောက်ရဲ့ ရက် ၁၀၀ မကျော်တဲ့ နောက်ဆုံးချိန်မှာ ဘယ်လိုအခိုက်အတန့်လေးတွေ ဖြစ်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… 1.6GB | 619MB Format… mp4 Duration…. 1h 39min Subtitle…. ...
movie

100 Days of Sunshine (2018)

Two Weddings and a Funeral (2012) 6.2
Two Weddings and a Funeral (2012) Two Weddings and A Funeral (2012)ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ တေုင်ကိုရီးယားရဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က Homosexual တွေရဲ့ဘဝကိုရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီနေ့ခေတ်တောင်ကိုရီးယား လိုမျိုးပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်တုန်းက Homosexual ဆိုရင်ရှက်စရာ လူသိမခံချင်စရာကိစ္စလို့သတ်မှတ်နေတဲ့အချိန်မှာ Homosexual ကောင်လေးတစ်ယောက်က မိဘတွေကအိမ်ထောင်ပြုရင် အိမ်ဝယ်ပေးမယ်ဆိုလို့ သူ့လိုပဲ Homosexual ဖြစ်ပြီး ကလေးမွေးစားချင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ဟန်ဆောင် လက်ထပ်လိုက်ပါတော့တယ် လက်ထပ်ပြီးနောက်သူတို့ရဲ့မိဘတွေကို အရူးလုံးလုံးပဲလုပ်နိုင်မလား သူတို့ရဲ့ပတ်ဝန်းကျင်မှာရော မရိပ်မိအောင်နေနိုင်ကြပါ့မလားဆိုတာအပြင် တောင်ကိုရီးယား ရဲ့ Homosexual တွေရဲ့ပွင့်လင်းပြီးချစ်စရာကောင်းမှုကို ဟာသလေးရောပြီးကြည့်ရှုရမှာမို့ Bl fan တွေလည်းစမ်းပြီးကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်Genre..... Horror Quality….  720p File size… 785MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Two Weddings and a Funeral (2012)

2012
Without Saying Goodbye (2022) 5.8
Without Saying Goodbye (2022)  စိတ်အပန်းဖြေစရာ ပီရူးနိုင်ငံက ရှုခင်းတွေကို တစ်ဝကြီးကြည့်ရမယ့်အချစ်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ စပိန်နိုင်ငံက ထိပ်တန်းဗိသုကာပညာရှင်တစ်ယောက်နဲ့ ဘာကိုမှ အနှောင်အဖွဲ့မထားဘဲခရီးတွေပဲသွားနေတဲ့ ပီရူးနိုင်ငံသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။စပိန်ဗိသုကာပညာရှင် Salvadorဟာ ဖခင်ပိုင်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရင်းကြယ်၇ပွင့်ဟိုတယ်တည်ဆောက်ဖို့ စီမံကိန်းနဲ့ ပီရူးနိုင်ငံကို ရောက်ရှိလာပါတယ်။တစ်ဖက်မှာလည်း ပီရူးရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးပြီးနှောင်ကြိုးတွေမတွယ်ဘဲ ခြေသလုံးအိမ်တိုင်နေသူလေး Arianaဟာ အဒေါ်ဖြစ်သူရဲ့တည်းခိုခန်းမှာ ခဏတာအလုပ်ဝင်လုပ်နေပါတယ်။ ဘဝအခြေအနေကွာခြားလှတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် ဆုံစည်းကြတာပေါ့။Salvadorဟာ ဟိုတည်ဆောက်ဖို့ Arianaတို့ ငယ်ဘဝအမှတ်တရတွေရှိနေတဲ့တည်းခိုခန်းနေရာကိုပါ ဝယ်ယူချင်နေတော့ နဂိုက တစ်ယောက်နဲ့တစ်ယောက်အကြည်စိုက်နေကြပေမဲ့ ရန်သူတွေဖြစ်သွားကြပြန်ပါတယ်။ Arianaအနေနဲ့သဘောမကျလှပေမဲ့ ကိုယ့်တည်းခိုခန်းကိုလာတဲ့ ဧည့်သည်ဖြစ်နေတော့မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို Salvadorကို အလည်အပတ်တွေလိုက်ပို့ရပါတယ်။ ရန်တကျက်ကျက်ဖြစ်ရင် ဘယ်လိုချစ်သွားကြမလဲ ဟိုတည်ဆောက်ဖို့ကိစ္စကရော ဘာဆက်ဖြစ်မလဲဆိုတာ ပီရူးနိုင်ငံကို tourတစ်ခေါက်လိုက်ပါရသလိုခံစားကြည့်လိုက်ပါဦးနော်။  File size…2.01GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard ...
movie

Without Saying Goodbye (2022)

Allure (2017) 5.1
Allure (2017) Allure (2017) ==========လော်ရာက သူ့အဖေရဲ့သန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်လုပ်နေပေမဲ့ သူ့ဘဝကတော့ အစွန်းမရှိ သန့်ရှင်းမနေပါဘူး။ တစ်နေ့မှာ လော်ရာ သန့်ရှင်းရေးလုပ်ပေးရတဲ့အိမ်က စည်းကမ်းတင်းကြပ်မှုကြောင့် သူ့အိမ်ကိုမုန်းနေတဲ့ ဆယ်ကျော်သက်ကောင်မလေး အယ်ဗာနဲ့တွေ့ ခဲ့တယ်။ လော်ရာက အယ်ဗာရဲ့ ဖြူဝင်ရိုးသားမှုကို တွေ့ခဲ့သလို အယ်ဗာကလည်း လော်ရာရဲ့ ပုန်ကန်တတ်တဲ့ရင်ဖိုစရာစရိုက်ကိုမြင်ပြီး အချင်းချင်း စိတ်ဝင်စားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောကျမှုတွေက စွဲလမ်းမှုတွေအဖြစ်ပြောင်းသွားပြီး ဘယ်လိုပြဿနာတွေ ကြုံလာရ မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (452 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Allure (2017)

2017
Only You (1994) 6.5
Only You (1994)  မင်းသားကြီး Robert Downey Junior နဲ့ အန်တီမေတို့ဇာတ်ကားလေးဖြစ်တာကြောင့် Marvel universeမှာ ဆုံစေချင်လျက်မဆုံလိုက်ရတဲ့ ပရိတ်သတ်များအတွက် စိတ်ကျေနပ်စေမှာပါ။Spidermanကားတွေထဲမှာတောင် သိပ်လှနေတဲ့အန်တီမေငယ်ငယ်ရွယ်ရွယ် ဖလန်းဖလန်းအချိန်မှာ ဘယ်လောက်တောင်လှမလဲတွေးကြည့်ရုံတင်မဟုတ် မျက်မြင်ပါကြည့်လို့ပါပြီ။ဇာတ်ကြောင်းကတော့ Faithဟာ ငယ်ငယ်က နာမည်ဖော်ရတဲ့Ouija boardနဲ့ ဗေဒင်ဆရာမဟောပြောချက်ကြောင့် Damon Bradleyနာမည်နဲ့လူဟာ သူ့ဖူးစာရှင်ဖြစ်တယ်ဆိုပြီး ဒီနာမည်ကို တစ်သက်လုံးစောင့်လာပါတယ်။ သူလက်ထပ်ခါနီးအချိန်မှာတင် ဒီနာမည်နဲ့လူကို ရှာဖို့အီတလီကိုလိုက်သွားပါတယ်။ အီတလီမှာ သူဖူးစာရှင်ကို ရှာတွေ့ပါ့မလား၊ဒီနာမည်နဲ့လူကရော သူ့ဖူးစာရှင်အစစ်ဖြစ်ပါ့မလား၊ မင်းသားကြီးRobert Downey Junior နဲ့ရော ဘယ်လိုဆက်စပ်နေမလဲဆိုတာရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။  File size…2.36GB / 1.06GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 49m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Only You (1994)

The Phantom Lover (1995) 6.6
The Phantom Lover (1995) The Phantom Lover (1995)~ IMDb - 6.6/10, Rotten Tomatoes - 60% ~လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The ...
movie

The Phantom Lover (1995)

1995
Sophie’s Choice (1982) 7.5
Sophie’s Choice (1982)   လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie's Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို ...
movie

Sophie’s Choice (1982)

Khoobsurat (2014) 6.4
Khoobsurat (2014) Khoobsurat (2014) "ကန့်လန့် ချစ်သူ"IMDb 6.5 ရထားတဲ့ ဟင်ဒီကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Fawad Khan နဲ့ မင်းသမီးချောလေး Sonam Kapoor တို့ ပါဝင်ထားတဲ့ romantic comedy ကားလေးပဲဖြစ်ပါတယ် ရုံတင်ဝင်ငွေ ရူပီး သန်း ၈၀၀ နီးပါးပြန်ရခဲ့တဲ့ ကားကောင်းလေးတစ်ကားပါဇာတ်လမ်းအကျဥ်းကတော့မီလီချက်ကရာဗာတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးဟာ အိန္ဒိယ ခရစ်ကတ်ပရီးမီးယားလိဂ်မှာ အကြောပြင် ဆရာဝန် Physiotherapist အဖြစ် လုပ်ကိုင်တာဖြစ်ပြီး နာမည်ကြီးအသင်းရဲ့ ကစားသမားတစ်ယောက်ကို ပွဲချိန်တွင်း ပြန်ကစားလို့ရအောင် ကုသပေးလိုက်နိုင်တာကြောင့် တော်ဝင်မိသားစုတစ်စုက သူ့ကို ခေါ်ပါတော့တယ် မီလီရဲ့ အမေကလည်း မီလီ့နည်းတူ ခေတ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူ့သမီးကိုလည်း သမီးစိတ်ကြိုက်ယောကျာ်းတစ်ယောက် အမြန်ရစေချင်သူပါ တော်ဝင်မိသားစုက ဝှီးချဲလ်ပေါ်က သိပ်ခေါင်းမာလွန်းတဲ့ ဘုရင်ကြီးကို ကုပေးရမှာဖြစ်ပြီး သူ့ရဲ့ ကတော်ကလည်း ဟိတ်ဟန်ဆန်လွန်းပြီး သားတော် မင်းသား ဗစ်ကရမ်ကပါ အမေနဲ့ တစ်ပုံစံတည်းပါ စရောက်တဲ့နေ့ကတည်းက ဒေါက်တာမလေး မီလီတစ်ယောက် အလွဲလွဲအချော်ချော်ဖြစ်နေပြီး ...
movie

Khoobsurat (2014)

Ladki: Enter the Girl Dragon (2022) 5
Ladki: Enter the Girl Dragon (2022) Ladki: Enter The Girl Dragon (2022)"အိန္ဒိယဂျက်မ"ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie

Ladki: Enter the Girl Dragon (2022)

2022