Channel Myanmar

Romance

The End of Sex (2022) 5.1
The End of Sex (2022) The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie

The End of Sex (2022)

2022
Sarasin Bridge of Love 2216 (2023)
Sarasin Bridge of Love 2216 (2023) ဆာရာဆမ်တံတားမှ အချစ်တော်ပုံ (2023)ဂုဏ်အလွှာ ပကာပနတွေကြားမှာ အချစ်ဆိုတဲ့အရာက ဘယ်လောက်ထိအရေးပါမလဲ?အားလုံးရော ချစ်ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းနိုင်ကြရဲ့လား?ဒီဇာတ်လမ်းလေးထဲမှာလည်း အလွှာပကာသနခြားတဲ့သူနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတာပါ အဖေကိုအရမ်းကြောက်ပြီး ချောမောစာတော်တဲ့ ပညာရေးကောလိပ်ကျောင်းသူလေးအူး ဖူးခက်ပညာရေးကောလိပ်တက်တဲ့ ကျောင်းသူလေးအူးဟာ ဖူးခက်ကနေ ဆာရာဆမ်ကို လိုင်းကားစီးပြီးအမြဲကျောင်းသွားရပါတယ်ငယ်ငယ်ထဲက မိဘစွန့်ပစ်ခံရပြီး အပျိုကြီးသောဆီမှာ မွေးစားခံလိုက်ရတဲ့ဒမ် ဒမ်ရဲ့အမေတံငါသည်ဟာ ဒမ်ကိုမွေးပြီးလိုင်းကားပေါ်စွန့်ပစ်ထားခဲ့ရာကနေ အပျိုကြီးကမွေးစားခဲ့တာပါ မွေးစားသားပေမဲ့ ဒမ်ဟာသူ့အမေသောကိုအရမ်းချစ်ပြီး အလုပ်မျိုးစုံလုပ်ရှာကျွေးသူတင်ယောက်ပါ အမေကိုချစ်တဲ့အချစ်အပြင် ဒမ်မှာနောက်ထပ်ချစ်ရတဲ့လူတစ်ယောက်ရှိပါသေးတယ် အဲ့ဒါကတော့ အူးပါငယ်ငယ်ထဲက မတွေ့ခဲ့ကြရတော့တဲ့အူးနဲ့ဒမ် ဘယ်လိုပြန်ဆုံကြမလဲ? သူတို့ခံစားချက်တွေအတိုင်း ချစ်ခွင့်ရကြမလား? ဘယ်လိုတွေကြုံတွေ့ကြမလဲ?ဆိုတာ ဇာတ်လမ်းလေးသာကြည့်ကြည့်ပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.9GB| 796MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kong Hou Encoder ..... Aaron
movie

Sarasin Bridge of Love 2216 (2023)

2023
Ghost Rookie (2023) 6
Ghost Rookie (2023) Ghost Rookie (2023)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ''Ghost Rookie ''ဆိုတဲ့ 2023 ထွက်သရဲကားလေးပါ သူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော် ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါ တစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါ တမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ် ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော်အညွန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 607MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Ghost Rookie (2023)

2023
Month of Madhu(2023) 8.4
Month of Madhu(2023) Month Of Madhu (မာဒူတို့ရဲ့ ဘဝ) IMDb - 8.3/10အခုတစ်ခါမှာတော့ ဒရာမာကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် မတူညီတဲ့ အခြေ‌‌အနေမှာ ရှိနေတဲ့ မာဒူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်USမှာကြီးပြင်းတဲ့ အသက်၁၉နှစ်ပဲရှိသေးတဲ့ မာဒူမာသီဆိုတဲ့ အိန္ဒိယ‌သူကောင်မလေးက သူ့ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယမြေပေါ်ကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ သူမကတော့ USသူ ပီပီ ပျော်ပျော်ပါးပါးပေါ့ပေါ့လေးနဲ့ပဲ ဘဝကို ဖြတ်သန်းနေသူ တစ်ဦးပေါ့။နောက်ထပ် မာဒူဆူဒ်ဟန်ရောင်ဝ် ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အသက်တွေကြီးလာခါမှ မိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ ကြေကွဲအဘိုးကြီးဖြစ်နေရရှာသူတစ်ဦး။ပေါ့ပေါ့ပါးပါးကောင်မလေး မာဒူနဲ့ ကြေကွဲအဘိုးကြီး မာဒူတို့ တွေ့ကြတဲ့အခါမှာတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငိုတစ်လှည့် ကြည်နူးစရာတစ်လှည့်နဲ့ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားကောင်းလးတစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… ...
movie

Month of Madhu(2023)

2023
Nuovo Olimpo (2023) 7.2
Nuovo Olimpo (2023)  IMDb 7.2/10 Rotten Tomatoes 86%“ ငါတို့ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်သလဲ “ ဆိုတဲ့ဆရာအောင်ချိမ့်ရဲ့ စာအတိုင်းပါပဲ ။အန်နီယာနဲ့ ပီယက်ထရိုတို့နှစ်ယောက်ကတော့ တစ်ခါလွဲတာနှစ်ပေါင်း သုံးဆယ်ကြာခဲ့ပါတယ် ။ဇာတ်လမ်းအကျဥ်းကတော့ 1970 ခုနှစ်ဝန်းကျင် အီတလီနိုင်ငံရောမမြို့က ဆေးကျောင်းသားလေးနဲ့ ရုပ်ရှင်ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေးပါပဲ ။ဇာတ်လမ်းကိုတော့ Nuovo Olimpo ဆိုတဲ့ ခေတ်ဟောင်းရုပ်ရှင်ရုံလေးတစ်ခုမှာ အခြေခံထားပါတယ် ။ အီတလီရဲ့ ရှုပ်ထွေးနေတဲ့ ဆန္ဒပြပွဲတွေကြားမှာလူချင်းကွဲသွားတဲ့ သူတို့နှစ်ယောက် ဘယ်အချိန်မှ ဘယ်လိုပုံစံမျိုးနဲ့ပြန်တွေ့ကြမလဲ ။ ဇာတ်ဆောင်တွေ အပြင် ဇာတ်ပို့ကာရိုက်တာတွေအထိချစ်ခြင်းတရားကို ပုံစံအမျိုးမျိုး ရှုထောင့်အမျိုးမျိုးနဲ့ ဖော်ကျူးထားတဲ့အီတလီရုပ်ရှင်ကားလေးဖြစ်ပြီး Right Person Wrong Timing ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ညွှန်းလိုက်ပါရစေ ။ File size…1.12GB / 583MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , ...
movie

Nuovo Olimpo (2023)

Perdida (2023) 6.1
Perdida (2023) Perdida (2023) ============ IMDb Rating – 6.1/10မတူညီတဲ့ ခေတ်နှစ်ခေတ်ကို အခြေခံထားတဲ့ ပေါ်တူဂီစကားပြော ဘရာဇီး အချစ်ကားလေး ဖြစ်ပါတယ်။ ဆိုဖီယာဆိုတာက လက်ရှိအချိန်ကာလမှာ စာအုပ်ထုတ်ဝေရေးတိုက်က ရှေးဂန္ဒဝင်စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ ကောင် မလေးတစ်ယောက်၊ အချစ်ဆိုတာကို နာကျင်မှုတွေနဲ့သာ အဆုံးသတ်လေ့ရှိပြီး စာအုပ်တွေထဲမှာသာ ပျော်စရာဇာတ်သိမ်း ရှိနေတယ်လို့ အချစ်ကို အယုံအ ကြည်မရှိ အစွန်းရောက်နေသူလေးပေါ့။ ငယ်စဉ်ကတည်းက တစ်ဦးတည်းရှိတဲ့ သူငယ်ချင်းမလေး နီနာက အချစ်စစ်နဲ့တွေ့ပြီး အိမ်ထောင်ပြုမယ် ယောင်နောက် ဆံထုံးပါတော့မယ်ဆိုတော့ လက်ထပ်တာကို မယုံကြည်သူ ဆိုဖီယာနဲ့ နီနာတို့ စကားများကြပြီး တစ်ယောက်တည်း အိမ်ပြန်လာချိန် ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဆုံစည်းခဲ့ပါတယ်။ထို အမျိုးသမီးဖြစ်သူက ဆိုဖီယာကို သူ သိပ်နှစ်သက်တဲ့ ရှေးဂန္ဒဝင်စာအုပ်တွေ ထဲကအတိုင်း ၁၈၀၀ ကျော်ကာလဆီကို ပို့ပေးလိုက်ပါတော့တယ်။ အဲဒီမှာ ဆိုဖီ ယာတစ်ယောက် အမျိုးသမီးတွေဆို အပိုးကျိုးကျိုးနေရတဲ့ ရှေးခေတ်ကို ရောက် သွားပြီး လူကုံထံအသိုင်းအဝိုင်းက ရုပ်ချော ဥစ္စာပေါ သူဌေးလေး အီယန်နဲ့ တွေ့ ဆုံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Perdida (2023)

2023
Nobody But You ( 2023 ) 5.9
Nobody But You ( 2023 ) ချစ်သူကို လက်ထပ်ခွင့်တောင်းရာမှာ မအောင်မြင်တဲ့နောက် မိသားစုရှိရာဇာတိမြေ ချန်တူးမြို့ကို ပြန်လာတဲ့ ချင်ဟွားရှန်း သစ္စာဖောက်တဲ့ချစ်သူကို ရိုက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ကျခံရပြီးတဲ့နောက် ထောင်ကပြန်လွှတ်လာတဲ့ လင်ဝန့်မိသားစုစီးပွားဖြစ်တဲ့ ဟော့ပေါ့လုပ်ငန်းကို ဆက်ခံဖို့အတွက် အရင်အိမ်ထောင်ပြုရမယ်လို့ ပြောနေတဲ့ ဖခင်ဖြစ်သူကြောင့် ချစ်သူအဖြစ်ဟန်ဆောင်ပေးမယ့်မိန်းကလေးကို ရှာရင်း ချင်ဟွားရှန်းတစ်ယောက် လင်ဝန့်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး သူ့ချစ်သူအဖြစ် ၃ ရက်ကြာ ဟန်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့ ချင်ဟွားရှန်းရဲ့ မိသားစုဆီ ရောက်သွားတဲ့အခါမှာ တစ်ဆွေတစ်မျိုးလုံးကို လင်ဝန့်ကို ဝိုင်းချစ်ကြတဲ့အပြင် မထင်မှတ်ဘဲ လင်ဝန့်မှာ ကိုယ်ဝန်ရှိနေတယ်လို့ပါ အထင်လွဲသွားပါတော့တယ်ဒီလိုနဲ့ အားလုံးအဆင်ပြေနေတဲ့အချိန် ရည်းစားဟောင်းတွေက သူတို့ဘဝထဲကို ပြန်ရောက်လာကြတဲ့အခါ ချင်ဟွားရှန်းနဲ့ လင်ဝန့်တို့ နှစ်ဦးပေါင်းဖက်ရပါ့မလားဆိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Nobody But You ( 2023 )

Checkin’ It Twice (2023) 7.0
Checkin’ It Twice (2023) Checkin' It Twice (2023) ================== IMDb Rating - 7.0/10ခရစ်စမတ်နားနီးလာပြီဆိုတော့ ခရစ်စမတ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရေခဲပြင် ဟော်ကီ ကစားသမား ဘရစ်နဲ့ အိမ်ခြံမြေအကျိူးဆောင် အက်ရှလေတို့ နှစ်ယောက်သား ခရစ်စမတ်ပိတ်ရက်ပြန်ကျရင်းနဲ့ မြို့တစ်မြို့မှာ သွားစုံမိရင်း အကြောင်းကြောင်းတွေကြောင့် ရင်းနှီး ဖို့အကြောင်းဖန်လာခဲ့သည်ပေါ့။တခြားအချစ်ဒရမ်မာကားတွေလို မဟုတ်ပဲ အသက် ၃၀ ကျော် အပျိုကြီး လူပျိူကြီး စာရင်းထဲဝင်ဖို့ ဆိုင်းပြင်းနေတဲ့ လူနှစ်ယောက် ကြားက ဇာတ်လမ်းလေးပေါ့။ နှစ်ယောက်သားရဲ့ ဘဝအခြေအနေ ဇာတ်ကြောင်းတွေနဲ့ မိသားစုနွေးထွေးမှုလေးတွေကို စုပေါင်းတင် ဆက်ထားတဲ့ ကားလေးဖြစ်လို့ အေးအေးဆေးဆေးလေးနဲ့ ခရစ်စ မတ်အချစ်ကားလေး ခံစားချင်သူတွေအတွက် သင့်တော်တဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.82 GB) / (672 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thetti Tun Encoder..........SWM
movie

Checkin’ It Twice (2023)

2023
Bad Boy (2023) 7.7
Bad Boy (2023) Bad Boy (2023) "ဇိုးလေး"IMDb 7.7/10Romance/Comedyဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။Jagga Jasoos(2017)မှာ ရန်ဘီးရ်ရဲ့ မွေးစားအဖေနေရာက မင်းသားကြီး Saswata Chatterjeeနဲ့ ဂန္ဓဝင်ဟာသလူရွှင်တော်ကြီး Johnny Leverတို့ပါဝင်တင်ဆက်ထားပါတယ်။စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင်သန်နေရတာကို တော်တော်များများမွန်းကြပ်တတ်ကြပေမယ့် ရှူဘန်ကာဘန်နာဂျီအတွက်တော့ မဟုတ်ခဲ့ပါဘူး။နေ့စဉ်နေထိုင်မှုဘဝမှာရော အလုပ်မှာရော စည်းမျဉ်းတွေအတိုင်း တသွေမတိမ်းလိုက်နာနေထိုင်တဲ့သူပါ။ အရမ်းဇီဇာကြောင်တဲ့ အဖိုးကြီးဖြစ်ပြီး သူနေသလိုမျိုး မိသားစုကိုလည်း ဒီလိုပဲကျင့်သုံးစေပါတယ်။ သမီးဖြစ်သူ ရီတူးဟာလည်း ဒိတ်ဒိတ်ကြဲထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ " အဆင့်အတန်းမြင့်ရမယ် အရည်အချင်းရှိရမယ်" ဆိုတာပါပဲ။ တစ်ဖက်မှာလည်း ရာဂူးဆိုတဲ့ ငမွဲကောင်ဆိုးလေးကတော့ ဘဝကိုပျော်ပျော်နေပြီး ပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူပေါ့။မိသားစုကလည်း ပစ္စည်းအဟောင်းတွေ ပလုံကောက်တာတွေ ဝယ်ယူပြီး အသက်မွေးကြပါတယ်။စာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း တဖုန်းဖုန်းကျနေတဲ့ ရာဂူးတစ်ယောက် တစ်နေ့မှာတော့ ရီတူးကိုမြင်ပြီး ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရာရာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ရာဂူးတစ်ယောက် အခက်တွေ့ပါတော့တယ်။သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရိုမန့်‌တစ်ဆန်ဆန် ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie

Bad Boy (2023)

2023
My Precious (2023) 7.4
My Precious (2023) My Precious (2023)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyes ရဲ့ thai remake version ‌ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။Bad Buddy ထဲက Ohm နဲ့ Nanon အပြင် Dangerous romance ထဲက ဟိုက်ပါလေး Chimon နဲ့ Only friendsထဲက စားဘဲလေး Neo ကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ...
movie

My Precious (2023)

2023
An Unfinished Life (2005) 7
An Unfinished Life (2005) An Unfinished Life (2005)~ IMDb - 7/10, Rotten Tomatoes - 52% ~ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ... ဂျင်းနဲ့ ...
movie

An Unfinished Life (2005)

2005
[18+] Circuit of Sorrow (1972)
[18+] Circuit of Sorrow (1972) Circuit of Sorrow (1972)ဒီဇာတ်လမ်းရဲ့ တစ်ခြားနာမည်တစ်ခုကတော့ Love and Death at Fuji Speedway လို့ခေါ်ပါတယ်။မောင်းနေတဲ့ကားကို ထိန်းချုပ်မရခဲ့ပဲ ကြေကွဲဖွယ်ဇာတ်သိမ်းခဲ့တဲ့ ပြိုင်ကားမောင်းသမား Yukio Fukuzawa ကိုအခြေခံထားပြီး ဇာတ်လမ်းထဲမှာ နာမည်ကျော် ပေါ့ပ်အဆိုတော် ကောင်မလေးတစ်ယောက်နဲ့ထင်ရာစိုင်းနေခဲ့တဲ့ အချစ်ကို အရူးအမူးလိုက်ရှာနေခဲ့တဲ့ ဇာတ်ကြောင်းပါပဲ။ Pink Film ဆိုပေမဲ့ သေသေသပ်သပ်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။မြင်နေကျ ကြိုးတုပ် ဖယောင်းစက်ချ အိအိအအတွေကိုမြင်ရမှာမဟုတ်ပေမဲ့ Mainstream လိုင်းထဲကသွားပြီး မင်းသမီးတွေတော်တော်လှတဲ့ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.55GB, 680MB Quality - 1080p, 720p Format - mp4 Duration - 1H 9Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by ...
movie

[18+] Circuit of Sorrow (1972)

1972
About a Boy (2002) 7.1
About a Boy (2002) About a Boy (2002)~ IMDb - 7.1/10, Rotten Tomatoes - 93% ~ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

About a Boy (2002)

2002
Skanda (2023) 5.5
Skanda (2023) Skanda (2023) ===============================တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြော Tollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်း အကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့် အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသား ဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီး မင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့ တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော် အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.5GB / 2.09GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie

Skanda (2023)

2023
Perfect Harmony (2022) 6.8
Perfect Harmony (2022)  သင်ဟာ တစ်ယောက်တည်းသမား ပြီးတော့ သင်နဲ့ လိုက်ဖက်မယ့် Right person၊ တစ်နည်းပြောရရင် ကိုယ်နဲ့ ကိုက်ညီမယ့် Perfect ဖြစ်တဲ့ Harmony ကို ရှာဖွေနေသူဆိုရင် ဒီရုပ်ရှင်က သေချာပေါက်ကြည့်ရမယ့်ထဲမှာ ပါပါတယ်။ အပိုဆုအနေနဲ့ ပြောရရင် သင်က သင်နဲ့ မတည့်အတူနေ သူငယ်ချင်းလေးကို ချစ်မိနေတဲ့လူဆိုရင် ဒီရုပ်ရှင်ကို လက်လွတ်မခံပါနဲ့။ IMDb ratingကလည်း 6.8တောင် ရထားတာဆိုတော့ ပိုလို့တောင်ကောင်းပေါ့။ဂျက် ချန်ဒလာနဲ့ ဘာရက် ဝုဒ်ဝက်တို့ ၂ယောက်က မတည့်အတူနေ သူငယ်ချင်း ၂ဦးပါ။ သူတို့ ၂ယောက် ဘယ်လောက်တောင် မတည့်လဲဆိုတော့ တွေ့တာနဲ့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့လိုက် ရန်ဖြစ်လိုက်ပါပဲ။ ဂျက်က အနားယူထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးပါ။ ဘာရက်ကတော့ ကဗျာ Phdရထားတဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ သူတို့မှာ ဆိုင်မွန်နဲ့ ...
movie

Perfect Harmony (2022)

I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
Listen out for Love (2022) 5.5
Listen out for Love (2022) Listen out for Love (2022)ဒီတစ်ခါ​က​တော့ ​ပေါ့​ပေါ့ပါးပါး အချစ်ကား​လေး​တွေကိုကြိုက်တဲ့ကြည့်ရှုသူ​တွေအတွက် အကြိုက်​တွေ့​စေမယ့် Listen Out For Love ဆိုတဲ့ အချစ်ဒရာမာကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~Podcast ပရိုဂျူဆာတစ်​ယောက်ဖြစ်တဲ့ ​ပေ့ပ် တစ်​ယောက် အလုပ်မှာ ရာထူးတိုးဖို့အတွက် လူ​ပြောများလာတဲ့ အဲလက်ကို ကိုယ့် ကုမ္ပဏီဘက်အပါ​ခေါ်ပြီး ​အောင်မြင်တဲ့ ပရိုဂရမ်တစ်ခု ဖန်တီးဖို့ အ​ကြောင်းပါလာတဲ့အခါ...တစ်​ဖက်မှာလည်း ပွဲတစ်ခုမှာ က​တောက်ကဆတစ်ခုဖြစ်ခဲ့လို့ အလုပ်ထွက်လာလိုက်ရတဲ့ အဲလက်တစ်​ယောက် အလုပ်ရလာတဲ့အခါ...​ပေ့ပ် နဲ့ အဲလက်တို့ အလုပ်မပြုတ်ဖို့​ရေး ကြိုးစားရင်း ​အဲလက်နဲ့သူငယ်ချင်းလည်းဖြစ် နာမည်ကြီးတဖြစ်လဲ ဂျက်ကီအတွက် ရည်းစားရှာ​ဖွေ​ပေးမယ့် အစီအစဥ်ကိုရိုက်ကူးရင်း ဘယ်လို အလွဲ​လေး​တွေဖြစ်မလဲ... ဘယ်လိုဟာသ​တွေဖြစ်မလဲဆိုတာ ရိုက်ပြထားတဲ့ အချစ်ကား​​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 705MB Quality - 1080p, 720p IMDb Rating - ...
movie

Listen out for Love (2022)

2022
The Other Zoey (2023)
The Other Zoey (2023)  ဇိုဝီ မီလာ (Josephine Langford) ကတော့ နည်းပညာဂျပိုးမ‌လေးတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းတွေကိုမယုံကြည်ဘဲ ကိန်းဂဏန်းတွေ၊ ဒေတာတွေကိုအခြေခံပြီး အယ်ဂိုရီသမ်နဲ့တွက်ချက်ထားတဲ့ လိုက်ဖက်ညီမှုအပေါ်မှာသာ ယုံကြည်တဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့ကျောင်းဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်သူ ဇက်ခ် မက်ကလဲရန် (Drew Starkey) ကိုယာယီအတိတ်မေ့သွားအောင် မတော်တဆ လုပ်လိုက်မိသလိုဖြစ်သွားခဲ့ပြီး ဇိုဝီ မီလာကို သူ့ရဲ့ ကောင်မလေး ဇိုဝီ ဝေါလေ့စ်အဖြစ် ထင်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဟောပြောပွဲတစ်ခုမှာတွေ့မိပြီးသူနဲ့ လိုက်ဖက်ညီနိုင်စွမ်းမြင့်တာမလို့ ဇိုဝီသဘောကျနေတဲ့ မိုင်းစ် (Archie Renaux) ဆိုတဲ့ နည်းပညာဂျပိုးကလည်း ဇက်ခ်တို့အိမ်ကို ပိတ်ရက်အလည်ရောက်နေတဲ့ အစ်ကိုဝမ်းကွဲဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဇိုဝီလည်း မထူးဇာတ်ခင်းပြီး ဇိုဝီ ဝေါလေ့စ်အဖြစ် ဆက်ဟန်ဆောင်ခဲ့ရင်း ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ဖို့ လိုက်လာခဲ့ပါတော့တယ်။စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ ဇိုဝီ မီလာ တစ်ယောက် ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ပြီး မိုင်းစ်နဲ့နီးစပ်အောင်လုပ်နေရင်း သူ့ဘဝကြီးဘယ်လိုဖြစ်လာမလဲ၊ သူတစ်သက်လုံးယုံကြည်လာခဲ့တဲ့ ...
movie

The Other Zoey (2023)

Blue Crush (2002) 5.7
Blue Crush (2002) Blue Crush (2002)~ IMDb - 5.7/10, Rotten Tomatoes - 62% ~ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ... မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ...ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး ...
movie

Blue Crush (2002)

2002
The Switch (2010)
The Switch (2010)  ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle ...
movie

The Switch (2010)