Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
After Everything (2023)
After Everything (2023) ========= Romance ,Drama''အချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ်... အချစ်ဆိုတာ ကြင်နာမှုနဲ့ စိတ်ရှည်သည်းခံမှု '' တဲ့ ဟာဒင်ကပြောတယ်...ပြန်မလာနိုင်တော့တဲ့ လူတစ်ယောက်ကို ဘယ်လောက်အကြာကြီးစောင့်ခဲ့ဖူးလဲ.. ဘယ်လောက်ပဲ အတူရှိမယ်ကတိတွေအထပ်ထပ်ပေးခဲ့ခဲ့ ... လူနှစ်ယောက် ကံမပါလာရင် ဝေးကွာရစမြဲပဲမဟုတ်လား... အတူရှိဖို့ ကံပါလာရင် ဘယ်လောက်ပဲ ဆက်ဆံရေးတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ အတူရှိသွားမှာပဲAfter ဇာတ်လမ်းတွဲဆိုတာ ဟာဒင်နဲ့ တက်စ်ဆာရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ Fifty Shades နဲ့ 365 DNIရုပ်ရှင်တွေလို ရမက်ကြမ်းကြမ်းနဲ့ အချစ်ဇာတ်လမ်းတွေ မဟုတ်ဘူး... လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို Romance အဆန်ဆုံးနည်းလမ်းနဲ့ ယဉ်ယဉ်လေးပုံဖော်ထားခဲ့တာ အခုဆို နောက်ဆုံးဆိုတဲ့ မှတ်တိုင်ကိုရောက်လာခဲ့ပြီ... ဟာဒင်နဲ့တက်စ်ရဲ့ ခံစားချက်တွေ အသည်းကွဲဖူးတဲ့ လူငယ်တိုင်း ခံစားပေးလို့ရတယ်.. ဒါကြောင့်ပဲ ဒီဇာတ်လမ်းဟာ Romance genre မှာ နေရာတစ်ခုရနေတာဖြစ်တယ်ဇာတ်လမ်းအကြောင်းပြောရရင်... စိတ်ပိုင်းဖြတ်ပြီး move one လုပ်သွားတဲ့ တက်စ်ဆာဆိုတဲ့ကောင်မလေးကို မမေ့နိုင်သေးတဲ့ ဟာဒင်ရဲ့အကြောင်း.. အရင်လို စိတ်ထင်တိုင်းဝုန်းဒိုင်းကြဲပေါက်ကွဲတတ်တဲ့အချိန်တွေကျော်လွန်ပြီး ရင့်ကျက်တဲ့ လူငယ်စာရေးတစ်ယောက်ဖြစ်လာပြီ... သူ့ခံစားချက်တွေကို အမြဲတမ်း သူ့စာအုပ်တွေထဲမှာပဲ ချရေးရင်း တက်စ်ကို ...
movie
After Everything (2023)
2023
4K HEVC
4.3
After Ever Happy (2022)
After Ever Happy (2022) ================== After ရုပ်ရှင် Franchise ကတော့ After, After We Collided , After We Fell တို့အပြီးမှာ နောက်ဆုံးထွက်လာတဲ့ After Ever Happy ဆိုတဲ့ ၄ ကားမြောက်ရုပ်ရှင်နဲ့ အဆုံးသတ်သွားပါပြီ....ဟာဒင်စေကာ့ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးရဲ့ ဘ၀ထဲကို ၀င်လာတဲ့ တက်စ်ဆာဟာ နှစ်ယောက်အတူတူ လူငယ်ဘ၀ကို အခက်အခဲ အတားဆီး အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်းနဲ့ တည်ငြိမ်တဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ် ။ ဒါပေမယ့် ဟာဒင်ကို တစ်သက်လုံးဖုံးကွယ်လာခဲ့တဲ့ မိဘတွေနောက်ကွယ်က အမှန်တရားကိုသိသွားပြီးနောက်မှာ ... ဟာဒင် တက်စ်တာတို့ရဲ့ ဆက်ဆံရေးဟာလည်း အရင်ကထက် ပိုခက်ခဲတဲ့အခြေအနေကိုရောက်လာပါတယ်.... နှစ်ယောက်သားနေရာတွေပြောင်းကာ တစ်ရောက်တစ်နေရာစီ လမ်းခွဲခဲ့ကြပေမယ့် အချစ်စစ်တို့မှန်ရင် ကံကြမ္မာက ပျော်စရာအဆုံးသတ်ကို ယူလာပေးမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရင်း After ရုပ်ရှင်တွဲတွေကို နှုတ်ဆက်ရပါတော့မယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်)Genre..... ...
movie
After Ever Happy (2022)
5.2
After We Collided (2020)
Hello Hello !အချစ်တွေနဲ့ အမုန်းကြမ်းမယ့် Tessa နဲ့ Hardin ပြန်လာပါပြီBut ....ဒီကားလေးကို မကြည့်ခင် After ဆိုတဲ့ 2019 တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးကို ကြည့်ဖူးမှဖြစ်ပါမယ်ဒီတော့ မကြည့်ရသေးရင် အခုပဲ ပြေးကြည့်လိုက်ပါဇာတ်ကြောင်းလေးပြန်ကောက်ပေးရမယ်ဆိုရင်တော့ ပါတီတစ်ခုက Truth or Dare ဆိုတဲ့ ဂိမ်းလေးရဲ့ ကျေးဇူးနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့Hardin နဲ့ Tessaဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့ ကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ....After မှာ နှစ်ယောက်အတူ အနမ်းတွေ ခြွေခဲ့တဲ့ ရေကန်လေးမှာ အတူတူထိုင်ရင်း အဆုံးသတ်သွားတာ မှတ်မိကြဦးမှာပါ" လောကမှာ အချစ်ဆုံးက ငါ့ကိုယ်ငါလို့ ဖြေခဲ့တာ နင်မှတ်မိလားတကယ်တော့ လောကမှာ ငါအချစ်ဆုံးက နင်ပါ " ဆိုတဲ့ စကားလေးရော မှတ်မိကြသေးရဲ့လားမှတ်မိရင် ဆက်ကြည့်လို့ရပါပြီAfter We Collided ရော အချစ်ငှက်နှစ်ကောင် ...
movie
After We Collided (2020)
2020
5.6
After (2019)
"သူနဲ့ မတွေ့ခင်က ကျွန်မဘဝဟာ... အရမ်းကို ရိုးရှင်းပြီး ပုံသေ သတ်မှတ်ထားပြီးသားပါ...အခုတော့ သူနဲ့ တွေ့ပြီးနောက်ပိုင်း... သူနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ဆိုတာပဲ... ရှိတော့တယ်""ကျွန်တော့်ဘဝမှာ ဝတ္ထုပေါင်းများစွာ ဖတ်ခဲ့ဖူးပါတယ်...အများစုက အချစ်ဆိုတာ စကြဝဠာကြီးရဲ့ ဗဟိုချက်လို့ ပြောကြပါတယ်...အချစ်က ကျွန်တော်တို့ရဲ့ အတွင်းဒဏ်ရာတွေကို ကုစားပေးနိုင်တယ်...အချစ်ဟာ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တဲ့အရာပါပဲတဲ့...သူနဲ့ မတွေ့ခင်အထိ ကျွန်တော့်ကို အခြားတစ်ယောက်က... လုံးဝဖမ်းစားသွားနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါဘူး"ဒီတစ်ခါတော့ ရိုမက်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းကောင်းလေးတွေကို ချစ်တဲ့ပရိသတ်တွေအတွက် After ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်တက်ဆာဆိုတဲ့ စာတော်ပြီး အမေစိတ်တိုင်းကျ ကြိုးစားနေတဲ့စာကြမ်းပိုးမလေးတစ်ယောက် ကောလိပ်ကို ရောက်လာတာက ဇာတ်လမ်းကို စတည်ထားပါတယ်အမေဖြစ်သူက စီစဉ်တဲ့အတိုင်း ဘဝကို နေထိုင်ရင်း ဟာဒင်ဆိုတဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်မှာ သူဘာတွေ ပြောင်းလဲ သွားမှာလဲဟာဒင်ကရော ဘယ်လိုကောင်လေးလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဇာတ်ကားအနှစ်သာရ ပျက်သွားမှာ စိုးလို့ ...
movie
After (2019)
2019
8.7
Sapta Sagaradaache Ello – Side A (2023)
Saptha Sagaradaache Ello Side A (2023)IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကား အချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်အချစ်ကားဆိုပေမယ့် "လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ ကဗျာဆန်တဲ့ visual storytelling" ဆိုပြီးတော့ ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲ သဘာဝကျကျ ရိုးစင်းတဲ့ ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျ သရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးက အခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက် ကြိုးစားနေကြသူတွေပါမာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အ ဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကို မာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့ သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်"ရို" တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီး ကနေဖို့ အချိန်မရှိပဲ ...
movie
Sapta Sagaradaache Ello – Side A (2023)
5.8
Let’s Get Married (2023)
Let's Get Married (2023)IMDb-6.3/10CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ"ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်" "လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်" ဒါတွေက ကြားဖူးနေကျပါ "လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်" ဆိုတာမျိုးရော ကြားဖူးကြလားဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါသမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်အမောလေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် File size… 2.62GB ...
movie
Let’s Get Married (2023)
2023
5.8
The Little Hours (2017)
The Little Hours (2017)IMDb - 5.8ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီးပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာသူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာမက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ်အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကိုခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက်ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝလက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီးသဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်းရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။စစ္စတာလေး သုံးယောက်အဖြစ် ...
movie
The Little Hours (2017)
2017
7.3
Café de Flore (2011)
Café De Flore (2011)IMDb - 7.3/10ဒီတစ်ခေါက် ဇာတ်လမ်းလေးက စော်ပစ်၊ဘဲပစ်၊ ကြူရစ်လန် ကျန်ရစ်လူလေးတွေအတွက်ငါ့အကြောင်းနဲ့တိုက်ဆိုင်လိုက်တာလို့ ထအော်ရမယ့် ဇာတ်လမ်းမျိုးပါ။ဇာတ်လမ်းကြည့်ပြီးတဲ့အခါ move on လုပ်သွားနိုင်ရင်တော့ ဝမ်းသာစရာပေါ့နော်။မုအွန်မလုပ်သွားနိုင်ဘူးဆိုရင်လည်း ကြေကွဲလိုက်…. ဇာတ်လမ်းအညွှန်း၁၉၆၀နှစ်ပိုင်းက ပဲရစ်မြို့မှာ လောရန့်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းကလေးလေးနဲ့သူ့မိခင် ဂျက်ကွာလင်းတို့အဖြစ်က မျှော်လင့်ချက်တွေအပြည့်၊တစ်ဖက်မှာလည်း ဝမ်းနည်းစရာအပြည့်ပါပဲ။၂၁ရာစု မွန်တီရယ်မြို့မှာ နာမည်ကြီးဒီဂျေတစ်ယောက်ဖြစ်တဲ့အန်တိုနီဟာ ဇနီးဟောင်းနဲ့သမီးလေးနှစ်ယောက်နဲ့ ပြိုကွဲသွားတဲ့မိသားစု၊တစ်ဖက်မှာလည်း အချစ်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်ဟာ နေရာမတူတဲ့၊ကွာဟနေတဲ့အချိန်အပိုင်းအခြားကဒီဇာတ်ကြောင်းတွေကို parallel line တစ်ခုအနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂျက်ကွာလင်းဟာ ယောကျ်ားပစ်ထားခံခဲ့ရပြီး တစ်ခုလပ်မိခင်တစ်ယောက်အနေနဲ့ဒေါင်းဆင်ဒရုန်းလေး လောရန့်ကို စောင့်ရှောက်နေပါတယ်။သူ့သားလေးအတွက် သူ့ဘဝကို မြှုပ်နှံထားပြီးတော့သူ့သားလေးဟာ သူ့ဘဝရဲ့မျှော်လင့်ချက်လေးဖြစ်လာပါတယ်။တစ်နေ့တော့ လောရန့်ဟာ ကျောင်းမှာသူ့လိုဒေါင်းကလေးမလေး ဗယ်ရိုကို ချစ်မိသွားပါတယ်။ အန်တိုနီနဲ့ ကာရိုးလ်တို့ဟာ ၁၅နှစ်အရွယ်တည်းက တွေ့ဆုံခဲ့ကြပြီးစွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လို့ ခံယူခဲ့တဲ့သူတွေပါ။ယခုလက်ရှိ ကွာရှင်းပြီးတဲ့နောက်မှာ အန်တိုနီဟာ ရို့စ်ဆိုတဲ့ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းခင်းထားတယ်။တစ်ဖက်မှာ ကာရိုးလ်တစ်ယောက်ကတော့ ကွာရှင်းမှုကိုလက်မခံနိုင်သေးဘဲ move on ...
movie
Café de Flore (2011)
2011
6.0
Eloïse’s Journey (2022)
ဒီတစ်ခါတင်ဆက်မဲ့ကားလေးကတော့ ပရိတ်သတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ စိတ်အပန်းဖြေစရာ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ပဲရစ်မြို့ကကောင်မလေးတစ်ယောက်ဟာ ခုံတန်းရှည်တစ်ခုပေါ်မှာ ရုတ်တရက်နိုးလာပါတယ်။ သူဟာ သူ့နာမည်ကိုတောင်မမှတ်မိပဲ သူဘယ်နေရာကနေ ဘယ်လိုအကြောင်းကြောင့် ဒီခုံပေါ်ကိုရောက်နေရလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ဒီတော့ သူ့မှာရှိသမျှသဲလွန်စလေးတွေကနေပဲ သူ့ဘဝအကြောင်းကိုပြန်သတိရအောင်အစွမ်းကုန်ကြိုးစားတဲ့အကြောင်းလေးပါ။ဒီဇာတ်ကားလေးဟာ အတိတ်မေ့ကောင်မလေးတစ်ယောက်ရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေ, ဖြတ်ကျော်ရတဲ့အတားအဆီးတွေကို အချစ်ရေးနဲ့ ဟာသလေးနှောပြီး သဘာဝဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yurnero
movie
Eloïse’s Journey (2022)
6.5
The Second Best Exotic Marigold Hotel (2015)
The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံရေးအကြောင်းတွေ၊ ...
movie
The Second Best Exotic Marigold Hotel (2015)
2015
5.9
All These Years ( 2023 )
သင်ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အခြေအနေကို စဉ်းစားခဲ့ဖူးလား။ ပြန်တွေ့ရင် ဖက်ထားမိမလား၊ ထွက်ပြေးမိမလား။ ဒီကားလေးကတော့ မိုးအေးအေးနဲ့ အေးအေးဆေးဆေးကြည့်လို့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက တရုတ်တို့ ထုံးစံအတိုင်း သားကိုပဲ အလေးပေးပြီး သမီးကို ဂရုမစိုက်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ချန်ကျန့်ရှဟာ မိသားစုကနေ ရုန်းထွက်ဖို့အတွက် စာကြိုးစားပြီး ခရိုင်အထက်တန်းကျောင်းဖြစ်တဲ့ ကျန့်ဟွာအထက်တန်းကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ ကျန့်ဟွာအထက်တန်းကျောင်းမှာ ဆိုးသွမ်းပေမယ့်လဲ စိတ်ထားကောင်းတဲ့ လီရန်နဲ့ ခင်မင်သွားခဲ့ပြီး သူမဘဝအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်သွားခဲ့ပါတယ်။သူတို့ဟာ အချင်းချင်းအတွက် အလင်းရောင်တွေ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ခွဲခွါခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်တွေ့တဲ့အချိန်မှ "သူ့ကိုထပ်ခါထပ်ခါချစ်နေမိတယ် ထင်နေခဲ့တာ၊ တကယ်တော့ သူ့အပေါ်အချစ်တွေက မရပ်တန့်ခဲ့တာပါ။" ဆိုတာကို နားလည်သွားခဲ့ပါတယ်။အချစ်ကား ချိုချိုအေးအေးလေးကို မင်းသားရော မင်းသမီးရော ချောတာလေးမှ ကြိုက်တဲ့ပရိသတ်တို့အတွက် ဒီကားလေးကတော့ အကြည့်သင့်ဆုံး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Family Runtime : ...
movie
All These Years ( 2023 )
6.7
Nobody’s Daughter Haewon(2013)
Nobody's Daughter Haewon(2013)******************************** ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ပြောပြနေသလိုမျိုးဇာတ်ရှိန်ဖြည်းဖြည်းလေးနဲ့ ဇာတ်ကားတွေကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုရင် ဒီဇာတ်ကားကို အကြိုက်တွေ့စေမှာပါ။ဟယ်ဝန်းဆိုတဲ့တက္ကသိုလ်ကျောင်းသူအချောအလှလေးနဲ့ တက္ကသိုလ်ကပါမောက္ခတစ်ယောက်ရဲ့တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဖြစ်ချင်တော့ ပါမောက္ခဟာ အိမ်ထောင်ရှိယောက်ျားဖြစ်ပြီးတော့ ကလေးလည်းရှိပါတယ်။ဟယ်ဝန်းလည်း ဒါကိုသိပေမဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပဲ သိလျက်နဲ့နောက်မဆုတ်နိုင်ဖြစ်နေတာပါ။ဟယ်ဝန်းဟာ စိတ်ဆုံးဖြတ်ပြီး ပါမောက္ခနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သူ့အမေက ကနေဒါကိုအပြီးထွက်သွားတဲ့နေ့မှာစိတ်ဓါတ်ကျပြီး ပါမောက္ခကိုဖုန်းပြန်ခေါ်မိရာက သူတို့ဇာတ်လမ်းက တစ်ဖန်ပြန်စပါတော့တယ်။ဒီဇာတ်ကားတစ်ခုလုံးက ဟယ်ဝန်းရဲ့ဘဝကိုပဲအခြေခံပြီးတော့ သူ့ရဲ့ဘဝအဖြစ်အပျက်ကိုပြောပြနေသလိုမျိုး ရိုက်ပြထားတာပါ။ဒီတော့ အေးစက်စက်အချောအလှတက္ကသိုလ်ကျောင်းသူလေးနဲ့ ပါမောက္ခရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုမျိုးအဆုံးသတ်မလဲ၊ ဟယ်ဝန်းရဲ့ဘဝကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇာတ်ကားကြည့်ပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ File Size : (2.2GB) and (844MB) Quality : Blu-Ray 1080p/720p Format…mp4 Duration…01:30:00 Genre : Romance,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie
Nobody’s Daughter Haewon(2013)
Tribble Riding (2022)
Triple Riding (2023) ==================အိန္ဒိယရုပ်ရှင်ပရိသတ်တွေ ခေတ္တခဏအမောပြေစေမယ့် Kannada စကားပြော rom-com ရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ရမ်ဟာ ဆရာဝန်တစ်ယောက်ဆိုပေမဲ့ လူနာတွေကို ဂူဂဲလ်ခေါက်ပြီးကုနေတဲ့ ရမ်းကုတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ တာဝန်ကျတဲ့နေရာက ခွဲစိတ်ဆရာဝန်မလေးကို မြင်မြင်ချင်းကြွေဆင်းသွားခဲ့ပြီး နှစ်ဦးနှစ်ဖက် မေတ္တာမျှခဲ့ကြပေမဲ့ ဆရာဝန်မလေးရဲ့အဖေက သူ့သမီးကို ဝန်ကြီးချုပ်ရဲ့သားနဲ့ ပေးစားဖို့ပြင်ဆင်လာတဲ့အပြင် နောက်ထပ် မိန်းမလှလေးနှစ်ယောက် ထပ်ပေါ်လာချိန်မှာတော့ လေးပွင့်ဆိုင် Triple Riding ဇာတ်လမ်းသွားလေး ဖြစ်ပေါ်လာခဲ့ပါတယ်။လောင်ရတာတွေ ကြည့်ရတာများလို့အီနေတဲ့ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးခံစားလို့ရမယ့် ၂ နာရီကျော်စာ အချစ်ဟာသဇာတ်မြူးလေးဖြစ်ပါတယ်...။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM ရဲ့ Bollywood Team member တွေပဲဖြစ်ပါတယ်။) File size…2.8GB / 1.4GB Quality…1080p WEB DL /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Tribble Riding (2022)
2022
6.3
Marjorie Prime (2017)
ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကိုသူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေဇာတ်လမ်းကိုစတည်ထားပါတယ်။မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်းဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီးIMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက်ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size… 1.5 GB / 569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Marjorie Prime (2017)
2017
6.7
How Do You Know(2010)
How Do You Know(2010)*********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာအသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle ...
movie
How Do You Know(2010)
6.6
Fourth Down and Love (2023)
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Fourth down and love ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်၊ ဒီကားလေးက မိသားစုဇာတ်လမ်းလေးလည်းဖြစ် စိတ်လည်းအေးချမ်းစေမှာမို့လို့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအနေနဲ့တော့ ဘောလုံးကစားရတဲ့ကြိုက်တဲ့ 12နှစ်အရွယ် ကီရာရဲ့အမေ Single mother အယ်ရင်, Whalers အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ မိုက်ခ် ဟန်ဆင်၊ သူတို့နှစ်ယောက်ဟာ ကောလိပ်တုန်းက တွဲခဲ့ကြပြီး ကွဲကွာသွားတဲ့ ငယ်ချစ်တွေပေါ့နော်။ ပြီးတော့ တိုက်ဆိုင်စွာပဲ မိုက်ခ်ဟန်ဆင်က ကီရာ့တို့ ဘောလုံးအသင်း နည်းပြရဲ့ညီဖြစ်နေခဲ့တယ်။ ကီရာ့ရဲ့ လေ့ကျင့်ရေးမှာ အယ်ရင်နဲ့ မိုက်ခ်ဟာ ပြန်ဆုံခဲ့ကြပြီး မိုက်ခ်ဟန်ဆင်ကလည်း ဒဏ်ရာကြောင့် အသင်းကနေ တစ်လနားနေစဉ်အတွင်းမှာ ကီရာ့တို့ အသင်းကို နည်းပြလုပ်ပေးဖို့ ကံစီမံလာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ပြန်လည်ပေါက်ဖွားလာမှာလား ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ မိုက်ခ်ဟန်ဆင်ကရော သူ့အသင်းမှာပြန်လည်ကစားနိုင်ပါ့မလား သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ...
movie
Fourth Down and Love (2023)
[18+]Crazy Love(1993)
[18+]Crazy Love(1993)*********************ဒီတစ်ခါမှာတော့ တရုတ်အချစ်ဟာသ 18+ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ အားကျန်းဆိုတဲ့ကောင်မလေးဟာအမေရိကန်မှာပညာသင်ဖို့ အိမ်ကထွက်လာရင်း စိတ်ပြောင်းလဲသွားခဲ့ပြီး သူ့ရည်းစားဆီပြန်သွားခဲ့ပါတယ် ..သူ့ရည်းစားဟာ နောက်မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာတွေ့တဲ့အချိန်မှာတော့ အားကျန်းဟာ အိမ်လည်းမပြန်ဖြစ်ပဲခြေဦးတည့်ရာလျှောက်သွားမိပါတော့တယ် အားကျန်းဟာတစ်ယောက်တည်း သွားလာရင်း မသမာသူတွေနဲ့တွေ့ရာမှာလည်း မိန်းမမာယာသုံးပြီး ပညာပေးနိုင်ခဲ့တယ် ဒီလိုနဲ့ပဲ အားကျန်းဟာ ဒေးဗစ်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးအတူနေထိုင်ခဲ့ကြတယ် အားကျန်းဟာ နဂိုတည်းက ပွင့်လင်းစွာနေထိုင်တဲ့သူဖြစ်ပါတယ် ...သူဟာတခြားယောကျာ်းလေးတွေနဲ့ပတ်သက်ခဲ့မိလို့ ဒေးဗစ်တစ်ယောက် သဝန်တိုမိပြီး ခဏခဏပြဿနာတွေဖြစ်ခဲ့ကြတယ်...အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ တည်မြဲပါ့မလား ပြိုကွဲသွားမလားဆိုတာကိုတော့ဘဆက်လက်ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်...မိန်းမတစ်ချို့ရဲ့မာယာတွေ သူတို့ရဲ့စိတ်ကခံယူချက်တွေကို အထူးလေ့လာမှတ်သားသင်ယူသင့်တဲ့ကားလေးပါပဲ(မှတ်ချက်။ ။ 18+အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး)File Size : (800 MB) and (300 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:17:00 Genre : Adult ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
[18+]Crazy Love(1993)
9.1
Vidyarthi (2023)
Vidyarthi (2023)ဒီဇာတ်ကားက IMDb 9.1 ရထားတဲ့ ဇာတ်ကားဖြစ်ပြီး လုံးဝလက်မလွှတ်တန်းကြည့်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။တက္ကသိုလ်တက်စဉ်က ရတဲ့ Vibeမျိုးလည်း ရပြီးတော့ အစပိုင်းမှာပေါ့ပေါ့ပါးပါးလေးနဲ့ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ချိုင်တန်ညာဟာ အရွယ်လွန်မှ စိုက်ပျိုးရေးမေဂျာသင်ဖို့အတွက် ကောလိပ်တတ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတက်တဲ့ကောလိပ်မှာတော့ မျိုးရိုးအဆင့်အတန်းခွဲခြားတတ်ပြီးတော့ မျိုးရိုးနိမ့်တဲ့သူတွေကို အနိုင်ကျင့်ပြီး မတူမတန်ဆက်ဆံတဲ့သူတွေရှိနေပါတယ်မျိုးရိုးမြင့်တဲ့ အချောအလှလေး မဟာလက်ချ်မီးနဲ့ မျိုးရိုးနိမ့်တဲ့ ချိုင်တန်ညာတို့ တွေ့ပြီး ခင်ကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ..... လက်ခ်ျမီးရဲ့ အဖေ ဘူပါသီမှာလဲ သတ်ရတဲ့ထိ မုန်းတီးအငြိုးဖွဲ့နေတဲ့ ရန်သူတော်ဆက်သ်ရမ်ရှိနေပြီး သမီးရဲ့အသက်ကို ရန်ရှာဒုက္ခပေးလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ.... စတဲ့အချစ်အမုန်း ဇာတ်နိမ့်ဇာတ်မြင့် ရန်ငြိုးအာဃာတတွေနဲ့အတူ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM မှ Moon, Aditi, Alex နဲ့ ToMo တို့ပဲ ဖြစ်ပါတယ်) File size…2.3GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Aditi~ Alex ~ToMo
movie
Vidyarthi (2023)
2023
8.6
The Heart of Suhita (2023)
The Heart Of Suhita (2023) IMDb - 8.6/10မိုးအေးအေးမှာ အချစ်ဒရာမာအေးအေးလေးနဲ့ ခံစားကြည့်ရှုချင်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 8.6 ထိရရှိထားပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့မို့ အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း အာလင်နာဆူဟိတာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်း သိတတ်လိမ္မာပြီး ကိုယ့်ဖြစ်ချင်တာကိုလည်း ရအောင်လုပ်တတ်တဲ့သူတစ်ဦးပါ။ အိုင်အန်ဝါဆိုတဲ့ အစ္စလာမ်ဘော်ဒါကျောင်းမှာ ကြီးပြင်းခဲ့ရပြီး ဂုစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဂုစ်ဟာ အာလင်နာကို နည်းနည်းလေးမှတောင်စိတ်မဝင်စားပေမဲ့ နှစ်ဖက်မိဘရဲ့ပေးစားမှုကြောင့် နှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အာလင်နာဟာ ယောက္ခထီး ယောက္ခမတွေရဲ့ အချစ်ကိုရပေမဲ့ ခင်ပွန်းအချစ်မခံရတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်မှာလည်း ဂုစ်ဟာ ရန်းဂနစ်ဆိုတဲ့ကောင်မလေးကိုသာ စိတ်ဝင်စားနေတဲ့အခါ... ရှေ့ဆက်သူတို့တွေဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်အိမ်ခိုင်မာပြီး ငြိမ့်ငြိမ့်လေးနဲ့ အဆုံးထိဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Alex~KKKZ~ToMo~Cherry တို့ပဲဖြစ်ပါတယ်။) File size…1.99GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Alex~KKKZ~ToMo~Cherry
movie
The Heart of Suhita (2023)
2023
[18+]The Taste of Ricecake – Director’s Edition(2018)
[18+]The Taste of Ricecake - Director's Edition(2018)**************************************************နတ်ဆရာမဟာ သရဲတွေမြင်တတ်တယ်.....ဒါက သူ့အတွက်အတော်ခက်ခဲတဲ့အခြေအနေ....ဒီလိုအနေအထားကိုကျော်ဖြတ်ဖို့ဟောကိန်းအရ ဘဲကြီးတစ်ပွဲနဲ့တစ်ညတာကုန်ဆုံးရမယ်..ဆိုတော့ အဲ့ဒီမှာစတာပဲ...ကွီးယားမင်းသမီးအချောလေးတွေမို့ဘာပဲဖြစ်ဖြစ်ဘေကုန်ရကျိုးနပ်စေပါတယ်...File size…989MB& 453MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Adult , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD
movie
[18+]The Taste of Ricecake – Director’s Edition(2018)
First
24
25
26
27
28
Last
Previous
Next