Channel Myanmar

Romance

Long Distance (2023)
Long Distance (2023) Long Distance (2023)အချစ်ဆိုတာ နီးမှရှိတာလား.. ဝေးနေလည်း ခိုင်မြဲရဲ့လား ဒါကတော့ လူတိုင်းသဘာဝကျကျလေး ကြုံတွေ့နိုင်တဲ့ကိစ္စတစ်ခုဖြစ်တဲ့ LDRS အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်အနေဝေးရင် သွေးအေးကြတယ်၊ ရန်တွေဖြစ်မယ်၊ အထင်တွေလွဲလာမယ်၊ သံသယတွေဝင်လာမယ်၊ မပွင့်လင်းနိုင်ကြတော့ဘူး.. အဲလိုပါပဲ အဝေးရောက်ချစ်သူတွေရဲ့ ပြဿနာတွေရယ်၊ ၅ နှစ်ကြာတွဲခဲ့ကြပြီးမှ ဖြစ်လာတဲ့ပြဿနာတွေကို မဖြေရှင်းကြတော့ဘဲ အနေဝေးသွားခဲ့တဲ့ အီဒိုဟာနဲ့ ဂင်ထယ်အင်တို့ချစ်သူနှစ်ယောက်ဟာ LDRS အချစ်ဇာတ်လမ်းကို ပြိုပျက်မသွားအောင် ရုန်းကန်ရပုံကို screen life ပုံစံနဲ့ တင်ပြထားတာပါ LDRS ဖြစ်တဲ့အပြင် အလုပ်နဲ့အချစ်ရေးကြားမှာ ဗျာများရတဲ့အီဒိုဟာတစ်ယောက်တော့ အထင်လွဲမှုတွေကို ပြန်ဖြေရှင်းနိုင်မလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်အီဒိုဟာအဖြစ် ကိုယ်တွေရဲ့ Prince လေး Jang Dong Yoon, ဂင်ထယ်အင်အနေနဲ့ Ture Beauty ထဲ Park Yoo Na တို့ပါဝင်သရုပ်ဆောင်ထားပါတယ်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p ...
movie

Long Distance (2023)

Beyond the Hills (2012) 7.5
Beyond the Hills (2012)  ဒီ Beyond The Hills ဇာတ်ကားလေးကတော့ ဒါရိုက်တာ Cristian Mungiu က ရိုက်ကူးပေးထားတဲ့ ရိုမန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ IMDB rating 7.5/10 အပြင် Rotton Tomatoes မှာပါ rating 94% အထိ ပရိသတ်အားပေးမှုကို ရထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုချီတာနဲ့ အလီနာဆိုတဲ့ မိဘမဲ့ကျောင်းသူလေးနှစ်ယောက် အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဗိုချီတာ နဲ့ အလီနာတို့က ငယ်ငယ်တုန်းက မိဘမဲ့ကျောင်းမှာ အတူနေခဲ့ကြပေမယ့် အရွယ်ရောက်တဲ့အခါမှာ သီးခြားလမ်းတွေကို လျှောက်လှမ်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးပြန်ဆုံတွေ့ ကြတဲ့အချိန်မှာ အလီနာစိတ်ဒဏ်ရာတစ်ခုပါလာခဲ့ပါတယ်။ စစပိုင်းမှာတော့ အလီနာရဲ့ စိတ်ရောဂါက မသိသာခဲ့ပေမယ့် ပြဿနာတွေဖိအားတွေနဲ့ ကြုံလာရတိုင်းပိုပိုပြီးဆိုးလာခဲ့ပါတယ်။ ဒီဇာတ်လေးလမ်းကတော့ ခရစ်ယာန်ဘာသာတရားကို လက်တွေ့နဲ့အနီးစပ်ဆုံးဖြစ်အောင် အခြေခံရိုက်ကူးထားတဲ့အပြင် လူတစ်ယောက်ရဲ့ စိတ်အခြေအနေက ပတ်ဝန်းကျင်ကြောင့်ဘယ်လို ကြီးကြီးမားမားပြောင်းလဲသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ပြပေးထားတဲ့အတွက် သုတ၊ ...
movie

Beyond the Hills (2012)

Yesterday Once More ( 2023 ) 6.2
Yesterday Once More ( 2023 ) ဒီ စိတ်ကူးယဉ် အချစ်ရုပ်ရှင်လေးမှာတော့ မင်းသားချော Arthur Chen နဲ့ မင်းသမီးချောလေး Zhou Ye တို့ အတူသရုပ်ဆောင်ထားပါတယ်။ အတိတ်တွေ၊ နောင်တတွေ လူတိုင်းမှာ ရှိတတ်ကြတာမို့ တကယ်လို့ အချိန်နောက်ပြန်သွားခွင့်ရရင် ပြင်ဆင်ချင်တဲ့ အမှားတွေ လူတိုင်းမှာရှိမှာပါပဲ။ ဒါပေမဲ့ အနာဂတ်ကိုကြိုသိနေတဲ့တိုင်အောင် အတိတ်ကို တကယ်ပြောင်းလဲနိုင်ပါ့မလား ပြောင်းလဲတတ်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ဇာတ်လမ်းအကျဉ်းကူးယိရွှမ်းဟာ ငယ်စဉ်ကတည်းက အမေမရှိတဲ့သူ အဖေကလည်း အမြဲမူးနေတဲ့သူဖြစ်ပြီး မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းဖို့ကြိုးစားနေခဲ့ရပါတယ်။ အဲဒီအချိန် ကလေးဘဝမှာပဲ ဟန်ရှုရန်ဆိုတဲ့ ကလေးမလေးက သူနဲ့အတူ မမေ့နိုင်စရာ မွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာ သူတို့တွေ ကွဲသွားကြတယ်၊ အသက်ကြီးလာချိန်မှာ ပြန်တွေ့ကြတယ်၊ ချစ်မိသွားကြတယ်ပေါ့။ ဒီအထိကတော့ ရိုးရိုးလေးနဲ့ လှလှလေးပါပဲ။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားချိန်မှာ နောက်တစ်ယောက်ဟာ သူတို့ငယ်ငယ်က အမှတ်တရသိမ်းထားခဲ့တဲ့ ဖယောင်းတိုင်လေးနဲ့ ဆုတောင်းမိရင်း အချိန်ခရီးသွားမိပါတော့တယ်။အချိန်ကလည်း သူ့ချစ်သူ မသေခင် တစ်ရက်လေးကိုပဲ ပြန်သွားနိုင်တာဖြစ်ပြီး ချစ်သူကိုကယ်ဖို့ ကြိုးစားပေမဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သေဆုံးသွားရတာပါပဲ။ ဒီဖယောင်းတိုင်လေးတွေ မကုန်ခင်မှာ သူ့ကို ကယ်နိုင်မလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြီး ...
movie

Yesterday Once More ( 2023 )

Of an Age (2022) 7.0
Of an Age (2022) Of an Age (2022) ============= IMDb Rating - 7.2/10 Rotten Tomatoes - 87%နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ် လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရ တဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျား ရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီ လေးပါတဲ့။ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲ ဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့ နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ... ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေ ကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ...
movie

Of an Age (2022)

2022
When Love Springs (2023) 6.2
When Love Springs (2023) When Love Springs (2023) =================== IMDb Rating - 6.2/10Junior PR ဖြစ်တဲ့ Rory Richards က သူ့မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည် ​ကတိကဝတ်ပြန်တည်ပွဲအတွက် Lilac Lake တည်းခိုခန်းကို ရောက်လာခဲ့တယ်။ အဲဒီ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ သူ့ကို လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း Jason နဲ့ တန်းတိုးတာပဲ။ Jason မှာက ဘာဘီရုပ်လိုလှတဲ့ ရည်းစားကောင်မ လေးအသစ် ရှိနေပြီ။ကောင်မလေး ချောချောလေးရနေပြီဖြစ်တဲ့ Ex ကို ပြန် တွေ့တော့ FA Rory လည်း လန့်ပြီး အရှက်မကွဲချင်လို့ ဟိုတယ်ပိုင်ရှင်သား Noahကို သူ့ရည်းစားပါလို့ လိမ်ပြော လိုက်တယ်။ Noah မှာက သူ့အလုပ်တွေနဲ့ ရှုပ်နေပြီးသား။ သူတို့ဟိုတယ် အခြေအနေမကောင်းတော့လို့ မရောင်း ရအောင် ကြိုးစားနေတဲ့အချိန် Rory က သူ့ကို သူ့ရဲ့ရည်း စားအဖြစ် ဟန်ဆောင်ပေးဖို့ ဂျီတိုက်ခဲ့တယ်။ Noah လည်း ငြင်းပေမဲ့ နောက်ဆုံးတော့ သူတို့တွေ အပေးအယူတစ်ခု ပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ...
movie

When Love Springs (2023)

2023
Notes on a Scandal (2006) 7.4
Notes on a Scandal (2006) Notes on a Scandal (2006)ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက...ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 3.2GB, 920MB, 456MB Quality  ...
movie

Notes on a Scandal (2006)

2006
Robots (2023) 5.1
Robots (2023) Robots (2023) ===========ကိုယ့်ကိုယ်ပွားစက်ရုပ် clone တွေများထုတ်နိုင်ရင် အဲဒီစက်ရုပ် တွေနဲ့ ဘာလုပ်ချင်ကြသလဲ။ ဒီကားထဲက ချားလ်စ်ကတော့ သူ့ ကိုယ်ပွားစက်ရုပ် စီတူးကို သူ့အစားအလုပ်လုပ်ခိုင်းတယ်။ အိမ် သန့်ရှင်းရေး ထမင်းဟင်းချက် စွယ်စုံခိုင်းတဲ့အပြင် စီတူးရဲ့ အပြော ချိုချို ကြင်နာတတ်တဲ့စိတ်ထားကိုသုံးပြီး ကောင်မလေးတွေနဲ့ အိပ် ရအောင်ပါလုပ်တဲ့ ငပွေပါ။ ချားလ်စ်ရဲ့ အမဲလိုက်ကွင်းကတော့ ရေခဲ ပြင်စကိတ်ကွင်းပါတဲ့။ အဲဒီမှာ သူသဘောကျတဲ့ကောင်မလေးတွေနဲ့ ဝင်ဝင်တိုက်ပြီး ဇာတ်လမ်းထွင်ပါတယ်။ကောင်မလေးတွေ သူ့ကိုချစ်လာအောင်လုပ်ရတာကတော့ စီတူးရဲ့ တာဝန်ပေါ့။ အယ်လိန်းဆိုတဲ့ကောင်မလေးကတော့ သိုက်တူးသမား။ ရေလျှံတဲ့ဘဲကြီးတွေနဲ့သွားချိတ်ပြီး သူတို့နဲ့အိပ်ဖို့က အယ်လိန်းရဲ့ ကိုယ် ပွားစက်ရုပ် အီးတူးရဲ့တာဝန်ဖြစ်ပါတယ်။ တစ်နေ့ကျ ရေခဲပြင် စကိတ် ကွင်းမှာ ချားလ်စ်နဲ့အယ်လိန်းတို့တွေ့ပြီး အတွဲတွေဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အစား စီတူးနဲ့ အီးတူးက အိပ်ဖြစ်သွားကြပြီး ချစ်မိသွားကြရာကနေ ထွက်ပြေးပါတော့တယ်။ တကယ်က စက်ရုပ် ကိုယ်ပွားထုတ်တာက တရားမဝင်ဘဲ မိတာနဲ့ ထောင်နှစ်ရှည်ကျမှာပါ။ ဒီလိုနဲ့ ချားလ်စ်နဲ့အယ်လိန်းတို့ရဲ့ စက်ရုပ်လိုက်ဖမ်းပုံတွေကို ရှုစားရမယ့် Sci-fi / fantasy ဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.24 GB) / ...
movie

Robots (2023)

2023
[18+]The Body Is Willing(China Scandal: Exotic Dance) 1983 4.4
[18+]The Body Is Willing(China Scandal: Exotic Dance) 1983 China Scandal Exotic Dance (1983) စီးပွါးရေးလောကမှာ နာမည်ကြီးပြီး လိုတရဖြစ်နေတဲ့ ဖရန့်စ်... သူ့သီဝရီက ရှင်းတယ် ဘယ်မိန်းမဖြစ်ဖြစ် ပိုက်ဆံနဲ့လဲရင် ရတယ်တဲ့လေ....ဂျပန်အဆိုလောကမှာ နာမည်ကြီးနေတဲ့ ရာမာဇကီ... သူက ဟောင်မှာပါ လက်ရှိနာမည်ရနေသူ သူမရဲ့ အလှပနဲ့ အဆိုကောင်းမှုတွေကြောင့် နာမည် တစတစ ကြီးလာနေသူ အခုလည်း ဟောင်ကောင်ကို ဖျော်ဖြေပွဲ တခုအတွက် ရောက်လာ ချိန်မှာ ဖရန့်နဲ့ တွေ့ပါတော့တယ် ဖရန့်စ်ကလည်း ရာမာဇကီ ကိုမြင်မြင်ချင်းပဲ စိတ်ဝင်စားသွားရာမှ....မာနခဲ ရာမာဇကီ လေးနဲ့ ဖရန့်စ်တို့ရဲ့ အပြိုင်အဆိုင် အားပြိုင်မှုတွေက DS Fans တွေအကြိုက်တွေဖြစ်နေလို့ တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 743MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle…Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[18+]The Body Is Willing(China Scandal: Exotic Dance) 1983

Love in Zion National: A National Park Romance(2023) 6.4
Love in Zion National: A National Park Romance(2023) Love in Zion National: A National Park Romance(2023)***************************************************ဇိုင်ယွန်အမျိုးဥယျာဉ်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်၊ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်ဗာသဘာဝသမိုင်းပြတိုက်ကို ရှေးဟောင်းပစ္စည်း စုဆောင်းသူ မစ္စဟိုလင်းစတန်းဟာ ဆန်နာဆာဇီမှာတွေ့ခဲ့တဲ့ရှေးဟောင်းအိုးသုံးခုနဲ့အတူ သူခရီးသွားမှတ်တမ်းဂျာနယ်ကို သူ့ဘဝနောက်ဆုံးဆန္ဒအတိုင်း လှူဒါန်းခဲ့ပါတယ်။ဒါပေမယ့် တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဖြစ်တဲ့အတွက် တူမြေးဖြစ်သူ ဂရေဒီဟာ ပြန်လိုချင်နေပါတယ်၊ ပြတိုက်တာဝန်ခံမှူးဖြစ်တဲ့ လော်ရန်ဟာ ဒီအိုးတွေ သုတေသနလုပ်ကြည့်ခဲ့တဲ့အခါ တစ်ခုခုမှားယွင်းနေတာကိုသိလိုက်ရတယ်၊ အကြောင်းက အိုးသုံးခုမဟုတ်ဘဲလေးခုဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါ။ထင်မှတ်မထားတဲ့နောက်ခံရာဇဝင်အကြောင်းကိုသိလာတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.... File Size : (1.7GB) and (804MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Love in Zion National: A National Park Romance(2023)

Tid Noi: More Than True Love (2023)
Tid Noi: More Than True Love (2023) Tid Noi : More than true love (2023) ===========“Pee Mak”, “Ghost of Mae Nak”, “Nak”, “Nang Nak” တို့ကို ကြည့်ဖူးပြီးသားသူတွေကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး မီးနေသည်သရဲ Mae Nak Phra Khanong အကြောင်း စိမ်းမယ်မထင်ပါဘူး။Mae Nak အကြောင်းကို သိနေပြီးသားသူတွေအတွက် ဇာတ်လမ်းကျောရိုးကတော့ မထူးဆန်းလောက်ပေမယ့် ဒီတစ်ခါအတွက် အဓိကဇာတ်လိုက်ကျော်ကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ Pee Mak လည်းမဟုတ်သလို Mae Nak လည်းမဟုတ်ပါဘူး။ အရမ်းလှတယ်လို့ နာမည်ကြီးခဲ့တဲ့ Mae Nak ကိုချစ်ခဲ့တဲ့သူက Pee Mak တစ်ယောက်တည်းမကလောက်ဘူးလို့ တွေးမိဖူးတဲ့သူတွေရှိတယ် .. ဟုတ်?ဟုတ်ပါတယ် Mae Nak တို့အိမ်နားက Mae Nak နဲ့ငယ်ငယ်လေးတည်းကအတူကြီးပြင်းလာခဲ့ပြီး Mae Nak ကို Pee Mak ထက်မသာရင်တောင် ...
movie

Tid Noi: More Than True Love (2023)

2023
Step Up All In (2014) 5.9
Step Up All In (2014)  Genre – Drama, Music, Romance IMDB – 5.9/10 Step Up ရုပ်ရှင်တွေရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။သူကတော့ ထူးထူးခြားခြား All In ဆိုတဲ့အတိုင်း ရှေ့ကလူတွေချည်းပြန်သုံးထားတာပဲဖြစ်ပါတယ်။ အဓိက မင်းသားနေရာဆို Revolutionက ရှောန် ပြန်ဖြစ်သွားပြီး မင်းသမီးနေရာကျ No 2 ထဲက အန်ဒီဖြစ်သွားပါတယ်။ နောက်ပြီး အရင်ကားက နာမည်ကြီး အကသမားတွေလည်း ပြန်ပါပေးထားတာပါ ဆရာသမား မုစ်အပါအဝင်ပေါ့လေ။ဇာတ်လမ်းအရတော့ ရှောင်န်တို့အုပ်စု Revolution အပြီး မိုင်ယာမီကနေအယ်အေကို ချီတက်လာကြပုံရတယ်။ လူရွေးပွဲတွေဝင်လျှောက်ခွေးတွေဖြစ် ပိုက်ဆံကမကျန် စသဖြင့်ပေါ့လေ ဒီတော့ တစ်ဖွဲ့သားလုံးကပြန်ကြမယ်ပေါ့ မိုင်ယာမီ အိမ်ကွင်းမှာပဲ ဆက်ကြိုးစားကြရအောင်ပြောတော့ စကားများကြပြီး ရှောင်န်တစ်ယောက်တည်းသာကျန်ခဲ့ပါတယ်။ ဒီတော့ နေစရာမရှိတဲ့အတွက် မုစ်ကို အကူအညီတောင်းတော့ သူတို့အဖိုးအဖွားရဲ့ ရွန်ဘအကသင်တန်းကျောင်းမှာတောက်တိုမယ်ရလုပ်ရင်း ကပ်နေရပါတော့တယ်။ အဲဒီအချိန်မှာလက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ ပြိုင်ပွဲသစ်ပေါ်လာတယ် သူကနိုင်သွားရင် အဲဒီမှာပဲ ၃ ...
movie

Step Up All In (2014)

Step Up Revolution (2012) 6.4
Step Up Revolution (2012)  Genre – Drama, Music, Romance IMDB – 6.4/10Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက်ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီRevolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲFalsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Messageတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီးပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကိုတော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်းဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်)သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင်Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameoအဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ...
movie

Step Up Revolution (2012)

Step Up 3D (2010) 6.1
Step Up 3D (2010) Genre – Drama, Music, Romance IMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ်အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထားတာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကိုဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမားမုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီးတော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYUကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ဖြစ်ချင်တော့ ဒီ ...
movie

Step Up 3D (2010)

Step Up 2: The Streets (2008) 6.2
Step Up 2: The Streets (2008)  Genre – Drama, Music, Romance IMDB – 6.2/10ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင်သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသားChaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆိုနောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step UpRevolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံကလမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကိုကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်းတွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင်မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေကCameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ ...
movie

Step Up 2: The Streets (2008)

Great Expectations (1998) 6.8
Great Expectations (1998) ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie

Great Expectations (1998)

Top Gear (2022) 8.0
Top Gear (2022) Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni ...
movie

Top Gear (2022)

2022
A Pinch of Portugal (2023) 6.2
A Pinch of Portugal (2023) A Pinch of Portugal (2023) =================== IMDb Rating - 6.2/10အကူစားဖိုမှူးမလေး Annaက ပေါ်တူဂီကို Cooking Show တစ်ခုအတွက် ရောက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီရှိုးပွဲရဲ့ နာမည် ကြီး စားဖိုမှူးက ရုတ်တရက် ရှိုးကထွက်သွားတော့ သူကိုယ် တိုင် ရှိုးပွဲကိုဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့တယ်။ရိုက်ကူးရေးအဖွဲ့မှာပါတဲ့ သူငယ်ချင်း ကင်မရာမန်း ကောင် လေးအပြင်၊ ပေါ်တူဂီမှာဆုံတဲ့ စျေးပိုင်ရှင် အမျိုးသားတစ်ဦး နဲ့လည်း ဆုံတွေ့ခဲ့ရတယ်။ သူတို့နှစ်ယောက်လုံးက Annaရဲ့ လုပ်ငန်းမှာ အကူအညီဖြစ်သလို တစ်ယောက်ယောက်က တော့ Annaရဲ့ အချစ်ရေးမှာလည်း ပါဝင်လာမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (617 MB) / (356 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thwal Htoo Zin Encoder..........SWM 
movie

A Pinch of Portugal (2023)

2023
Neelavelicham (2023) 6.4
Neelavelicham (2023) Neelavelicham (2023) IMDb 6.5ဟောင်းနွမ်းပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လျှောက်လမ်းကိုတောင် ဖုံးအုပ်နေတဲ့ ခြံကြီးတစ်ခြံ... ဒီခြံကြီးထဲမှာ နွယ်တွေရစ်ပတ်နေတဲ့အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး...ညဘက်အမှောင်ထဲကြည့်လိုက်မိရင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုး ချောက်ချားဖွယ်အတိပေါ့ အဲဒီမြိုထဲကလူတွေဆို ဒီခြံရှေ့ နေ့ခင်းကြောင်တောင်တောင် ဖြတ်မသွားရဲလောက်အောင် အခြောက်အလှန့်ကလည်း ကြမ်းမှကြမ်း..ဒီအိမ်ကြီးမှာ ဇာတ်လမ်းကလည်းရှိခဲ့တာကိုး အချစ်ကို ဆုံးရှုးခဲ့ရလို ခြံပိုင်ရှင်သမီးလေးတစ်ယောက် ရေတွင်းထဲခုန်ချပြီး အစိမ်းသေသေခဲ့ရတယ် အဲဒီနောက်ပိုင်း ယောကျာ်းတွေကို မုန်းတီးပြီး သရဲအနေနဲ့ ခြံကိုလည်း စောင့်ရှောက် တွေ့သမျှလူတိုင်းလည်း ခြောက်လှန့်တယ်လို ဆိုကြတယ်ဒီခြံကို မအူမလည်နဲ့ ငှားမိသွားတာက စာရေးဆရာပေါက်စ ..ဈေးကလည်းအတော်တန်တော့ ၂လစာငွေချေပြီး ငှားလိုက်မိတယ် သူဒီခြံထဲကို ပြောင်းလာတာပါလိုမိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြတယ် ဒီလိုနဲ့ သူတစ်စတစ်စတွေ့တွေ့လာရတဲ့ ချောက်ခြားမှုတွေ...ခြံကလည်းထပ်ငှားဖိုရာ ပိုက်ဆံမရှိလေတော့ ဒီခြံထဲက မမြင်ရတဲ့ အစိမ်းသေနဲ့သူဘယ်လိုနှစ်ပါးသွားမလဲ...ဇာတ်လမ်းက မပေါ့သွားမဲ့ဇာတ်လမ်းဖြစ်တာမို သရဲကားကြိုက်ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲရှင် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,Khin နဲ့ BpL တိုပဲဖြစ်ပါတယ်) File ...
movie

Neelavelicham (2023)

2023
One True Loves (2023) 5.3
One True Loves (2023) One True Loves (2023)စစ်မှန်တဲ့အချစ်နဲ့ ဘဝမှာဘယ်နှစ်ကြိမ်ကြုံတွေ့နိုင်သလဲ။ အမ်မာဘလဲရ်ဆိုတဲ့မိန်းကလေးအတွက်တော့ ကံကြမ္မာက နှစ်ကြိမ်တောင်ယူဆောင်လာပေးခဲ့တယ်။ ဘဝမှာဒုတိယအကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ထာဝရဆုံးရှူံးလိုက်ရပြီထင်တဲ့သူကပြန်ရောက်လာတဲ့အခါ....main castတွေအကုန် သရုပ်ဆောင်အဆင်ပြေကြပြီး ဇာတ်ဝင်တေးတွေလည်းသူ့နေရာနဲ့သူအံဝင်ခွင်ကျထည့်ထားပြီး ကြည့်ရတာcringeမဖြစ်ဘဲအဆင်ပြေတယ်လို့ထင်ပါတယ်။ Hacksaw Ridge, Interceptorတို့မှာsupporting rolesတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Luke Braceyနဲ့ Shang-Chi and the Legend of the Ten RingsထဲကShang-Chiနေရာမှာသရုပ်ဆောင်ခဲ့တဲ့Simu Liuတို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းအမ်မာက သူ့ဘဝရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကိုရခဲ့တယ်။ documentaryတွေရိုက်ရတာသဘောကျတဲ့ဂျက်စီရယ် ခရီးသွားဘလော့ဂ်တွေရေးရတာနှစ်သက်တဲ့ အမ်မာရယ် စိတ်တူကိုယ်တူဝါသနာတူစုံတွဲလေးဖြစ်ခဲ့တယ်။ဆမ်လီကတော့ အမ်မာရဲ့ကျောင်းနေဖက်အခင်ဆုံးသူငယ်ချင်း အမ်မာကိုအရင်တွေ့ပြီး အရင်စကြိုက်ခဲ့တဲ့သူပေမယ့် ဖွင့်မပြောဖြစ်ခဲ့ဘဲ တစ်ဖက်သတ်အချစ်နဲ့အဆုံးသတ်သွားခဲ့တယ်။ ဒါ​​ပေမဲ့ကံကြမ္မာက ဆမ်နဲ့အမ်မာကိုပြန်ဆုံစေခဲ့တယ်။ အမ်မာလည်း ဂျက်စီမရှိတော့တာ ၃ နှစ်အကြာမှာတော့အမှန်တရားကိုလက်ခံလိုက်ပြီး နောက်တစ်ကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တယ်။တကယ်တော့ဂျက်စီကမသေခဲ့ဘဲ လူသူမရှိတဲ့ကျွန်းတစ်ကျွန်းမှာသောင်တင်နေခဲ့တာပါ။(မင်းသားကြီးTom Hanks)ရဲ့Castawayကိုတောင်သတိရသွား)အမ်မာကိုပြန်တွေ့ရဖို့မျှော်လင့်ချက်နဲ့ လေးနှစ်လုံးကျွန်းပေါ်မှာမသေအောင်နေခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ဇနီးမှာ နောက်ထပ်စေ့စပ်ထားတဲ့သူရှိနေခဲ့ပြီ။ဒါတွေသာဖြစ်မလာခဲ့ရင် ဂျက်စီလည်းအမ်မာနဲ့ထာဝရပျော်ရွှင်သွားရမှာ။ ဆမ်လီကလည်းကြိုးစားခွင့် မျှော်လင့်ခွင့်ရှိတယ်။ ဒီဆုံးဖြတ်ရခက်တဲ့အခြေအနေကို အမ်မာဘယ်လိုဖြေရှင်းမလဲ။ ပရိသတ်ကြီးသာဆိုရင်ရော ဘယ်သူ့ကိုရွေးချယ်မလဲ....(ဘာသာပြန်ပြီး ...
movie

One True Loves (2023)

Maya and Her Lover (2021) 5.5
Maya and Her Lover (2021) Maya and Her Lover (2021) ======================ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို drama အမျိုးအစား ဇာတ်လမ်း ကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.. ဘဝအတက်အကျ အပြောင်းအလဲ‌တွေသိပ်မရှိတော့ဘဲ တည်ငြိမ် ရင့်ကျက်‌တဲ့ အသက်အပိုင်းအခြားတစ်ခုကို ရောက်နေပြီဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် မာယာဟာ introvert ဆန်ဆန် သူ့ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရင်း အတည်တကျ မိသားစုဘဝ လေးတစ်ခုကို တည်ထောင်ချင်နေခဲ့ပါတယ်။ ဒီလိုမျိုးဘဝကို တည် တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဘဝထဲကို သူ့အသက်ထက် ဝက်ပိုငယ်တဲ့ ကောင်လေးတစ်ယောက်က ဝင်ရောက်လာခဲ့ပါတယ်။အဲဒီကောင်လေးရဲ့ တွေးခေါ်ပုံတွေ..သူရည်မှန်းထားတဲ့ ပန်းတိုင်တွေ မျှော်လင့်ချက်တွေက မာယာကိုသူ့ရဲ့အတိတ် ငယ်ငယ်တုန်းကပုံရိပ် တွေကို ပြန်အမှတ်ရစေတာကြောင့် အဲဒီကောင်လေးဟာ သူလိုချင်တဲ့ အ‌ခြေတကျဖြစ်တဲ့ တည်ငြိမ်တဲ့ဘဝကို မပေးနိုင်ပေမဲ့ သူအဲဒီကောင် လေးအပေါ်ကို ဂရုစိုက်ပေးချင်စိတ်တွေ ကူညီပေးချင်စိတ်တွေ ပေါက် ဖွားလာခဲ့ပါတယ်။မာယာတစ်ယောက် သူ့ကောင်လေးကို တကယ်ချစ် မိသွားမှာလား.. သူ့ရဲ့ကျန်ရှိတဲ့ဘဝကို အရင်လိုပဲ အချစ်မရှိဘဲ အတိတ် မှာပဲနစ်မြောရင်း ကုန်ဆုံးသွားမလားဆိုတာကိုတော့..ဒီဇာတ်လမ်းလေး ထဲမှာ ကြည့်ရှူရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.17 GB) / (422 MB) Quality............WEB-DL 1080p ...
movie

Maya and Her Lover (2021)

2021