Channel Myanmar

Romance

Swordsman’s Romance (2022) 5.9
Swordsman’s Romance (2022) သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။ သိုင်းကားဆိုပေမယ့် ပေါတောတောပြီးသွားမယ့်ကားမဟုတ်ဘူးဗျ။ ဘဝအဓိပ္ပါယ်ကို ဓါးသမားတစ်ယောက်က နားလည်သလိုရိုက်ပြထားတဲ့ပုံစံလေးပါ။ အလွယ်ပြောရရင်တော့ Comfort Zone ထဲကထွက်လာခဲ့တဲ့သိုင်းသမားအကြောင်းပေါ့....တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။ တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူးတဲ့။အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ သူကယ်လိုက် ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ? သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:28:00 Type__Action, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by JoJo ...
movie

Swordsman’s Romance (2022)

Heart of the Matter (2022) 6.7
Heart of the Matter (2022) Heart of the Matter (2022) ==================== IMDb Rating - 6.7/10လူနာတွေအပေါ်စိတ်ရောကိုယ်ပါနှစ်ပြီးကုသတတ်တဲ့ နှလုံးကု ဆရာဝန်ပေါက်စမလေး Andie။ ဆရာဝန်ဆိုသဘောမကျတတ် ပေမယ့် သူ့ဆီမှာတော့ကျေကျေနပ်နပ်ကုသမှုခံယူနေတဲ့ မသန်စွမ်း နှလုံးရောဂါလူနာသည်လေး Henry။ဉာဏ်ရည်ချို့တဲ့တဲ့ရောဂါသည်လေးဖြစ်ပေမယ့် အမေဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်ကထွက်ပြီး ကိုယ့်ဘဝကိုလွတ်လပ်စွာထိန်း ကျောင်းဖို့ကြိုးစားနေတဲ့ Henry တစ်ယောက် တစ်နေ့မှာနှလုံးရောဂါ ဖောက်ပြီးရုတ်တရက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်မသေဆုံးခင်အချိန်မှာ Henry တစ်ယောက် သူ့ရဲ့ဆရာဝန်ဖြစ်တဲ့ Andieဆီဖုန်းဆက်ခဲ့ပြီး ဆေးရုံ ကိုကိုယ်တိုင်ကားမောင်းလာဖို့လုပ်ခဲ့ပါသေးတယ်။ Henry ရဲ့အဲ့ဒီလုပ်ရပ် ကြောင့်ပဲ Andie တစ်ယောက် ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး သူ့ရဲ့သာယာတဲ့ ဘဝလေးကိုပါလက်လွှတ်ခံဖို့ကြိုးစားလာခဲ့ပါတော့တယ်။ အဲ့ဒီတော့ Andie တစ်ယောက် Henryရဲ့သေဆုံးမှုဖြစ်ရပ်ကြီးထဲကနေရုန်းထွက်နိုင် ပါ့မလား။ သူ့ဘဝ သူ့ရဲ့ရည်မှန်းချက်တွေကိုဆုံးရှုံးရမလား စတာတွေကို ကြည့်ရမယ့် Drama / Emotional ရုပ်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size..........(1.47 GB) / (637 MB) / (384 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Chit ...
movie

Heart of the Matter (2022)

2022
Downton Abbey: A New Era (2022) 7.6
Downton Abbey: A New Era (2022)  ဒေါင်းတန် အက်ဘီဆိုတဲ့ ရုပ်ရှင်ဟာ အင်္ဂလန်သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးစီးရီးလည်း ရိုက်ကူးထားတာရှိပါတယ်။ မူရင်းထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေ ခေတ်ပြောင်းခေတ်လဲတွေ သက်ရောက်မှုတွေအကြောင်းကို ဗြိတိန်တော်ဝင်ဆွေကြီးမျိုးကြီး မိသားစုတစ်စုအပေါ် အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ရုပ်ရှင်အနေနဲ့ ၂၀၁၉ မှာ တစ်ကားထွက်ခဲ့ပြီး အခု ၂၀၂၂ မှာ တစ်ကားထပ်ထွက်လာတာပါ။ ဒီရုပ်ရှင်ကတော့ပျော်စရာတွေနဲ့ ကြည်နူးစရာတွေ ပြည့်နေတာ ထူးခြားတဲ့အချက်ပါ။ ကြည့်ရင်းနဲ့ ဗဟုသုတလည်းရသလို၊ အင်္ဂလိပ်ဆွေကြီးမျိုးကြီးတွေရဲ့ ယဉ်ကျေးတဲ့စကားတွေ၊ စနစ်ကျပုံတွေကိုလည်းလေ့လာရမှာပါ။နောက်ပြီးဒီမိသားစုရဲ့ ရိုင်းပင်းပုံတွေ အိမ်အကူတွေ အိမ်ထိန်းတွေနဲ့ အပြန်အလှည် လေးစားသမှုတွေ သံယောဇဉ်‌တွေ စေတနာတွေကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒေါင်းတန်မိသားစုရဲ့ အိမ်တော်ကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်အတွက် သုံးဖို့ ကမ်းလှမ်းလာပါတယ်။ အဲဒါကိုလက်ခံလိုက်ပြီးနောက်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဒေါင်းတန်မိသားစုရဲ့ အဖြစ်အပျက်တွေကို သမိုင်းတစ်ခုနဲ့ တပြေးညီတွေ့ရမှာပါ။ တချိန်တည်းမှာပဲ ဒေါင်းတန်မိသားစုရဲ့ ဘွားဘွား လေဒီဂရေသမ်၊ ဗိုင်အိုလက်ရဲ့ ငယ်ချစ်တစ်ယောက်ဟာ ပြင်သစ်မြို့စားဖြစ်နေပြီး သူကွယ်လွန်ချိန်မှာ ဗိုင်အိုလက်အတွက်ဗီလာအိမ်ကြီးတစ်လုံး ပြင်သစ်တောင်ပိုင်းမှာ ...
movie

Downton Abbey: A New Era (2022)

Downton Abbey (2019) 7.7
Downton Abbey (2019) ဒီကားလေးကတော့ IMDB 7.7 နဲ့ tomatoes မှာ84%တောင်ရထားတဲ့harry potterထဲကပရော်ဖက်ဆာကြီးmaggie smithပါဝင်ထားတဲ့ကားကောင်းလေးပါEnglandရဲ့ဘုရင်နဲ့ဘုရင်မကနယ်လှည့်သွားလာရင်းဒေါင်းတွန်ဆိုတဲ့နယ်လေးကိုလာမယ်လို့သတင်းစကားကြားလိုက်တဲ့အချိန်မှာတစ်နယ်လုံးကလူတွေကဂုဏ်ယူမဆုံးတွေဖြစ်ပြီးဝမ်းသာနေကြတယ်အထူးသဖြင့်လာလည်ရင်းတည်းမယ့်ဒေါင်းတွန်ရဲ့မြို့စားအိမ်ကအလုပ်သမားတွေကဘုရင်နဲ့ဘုရင်မကိုအနီးကပ်တွေံခွင့်ရပြီးအလုပ်အကျွေးပြုရတော့မယ်လို့တွေးရင်းစိတ်တွေလှူပ်ရှားနေခဲ့ကြတယ်ဒါပေမယ့်သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲဘုရင်နဲ့ဘုရင်မအတွက်နန်းတော်ကအစေခံ​တွေအိမ်တော်ထိန်းတွေ စားဖိုမှူးတွေအကုန်လာပြီးသူတို့အိမ်မှာချယ်လှယ်ကြမှာကိုသိလိုက်ရတဲ့အခါမှာသူတို့တွေဘယ်လိုတုန့်ပြန်မလဲဘယ်လိုနည်းလမ်းနဲ့ဘုရင်နဲ့ဘုရင်မကိုဧည့်ခံကြမလဲအဲဒါအပြင် ဒေါင်းတွန်ကိုအုပ်စိုးနေတဲ့မိသားစုရဲ့အဖွားကြီးနဲ့မိသားစုထဲကနေခွဲထွက်သွားတဲ့ဘုရင်မနားကအထိန်းတော်နဲ့လည်းအမွေကိစ္စပြဿနာတွေရှိတာကိုဘယ်လိုရှင်းမလဲမိသားစုထဲမှာလည်းတဟ်ယောက်တစ်မျိုးမရိုးတဲ့ဇာတ်လမ်းလေးတွေကဘာတွေဖြစ်မလဲကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကိုလုပ်ကြံမယ့်သူပေါ်လာတဲ့အခါမှာရော ဇာတ်လမ်းကဇာတ်ကောင်တွေများစွာပါဝင်ပြီးတော့မရိုးရအောင်ဟာသတွေပါပါဝင်တဲ့မိသားစုဟာသဇာတ်လမ်းလေးမို့စိတ်ဝင်တစားကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေးပါFile Size : ( 1 GB , 429 MB )Quality :  WEB-DL 720pRunning Time : 2 hr 02 minFormat : Mp4Genre :  Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Downton Abbey (2019)

2019
The Wolf Witch ( 2022 ) 6.9
The Wolf Witch ( 2022 ) ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်...ချန်အန်းဆိုသူ လျို့ဝှက်အမှုစစ်တစ်ယောက်က တာဝန်အရ ပါးစပ်ရာဇဝင်တစ်ပုဒ်လို ပြန့်နေတဲ့ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်း စုံစမ်းဖို့ ရောက်လာခဲ့ရာ..တကယ်စုံစမ်းတဲ့အချိန်မှာ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်းကိုသာမက သိုင်းလောကရဲ့ ရှုပ်ထွေးလှတဲ့ ဂိုဏ်းတွေကြား ဆက်နွယ်မှုတွေနဲ့အတူ လျန်နီရှန်းကို ပုံတူခိုးပြီး နောက်ကွယ်က ချောက်တွန်းနေတဲ့ တခြားဂိုဏ်းအကြောင်းပါသိခဲ့ရတယ်...လျန်နီရှန်းရဲ့ ဇာတ်ကြောင်းကတော့ ဗားရှင်းတိုင်းနီးပါးမှာ ပုံစံစုံနဲ့ တင်ဆက်ပြနေကြမို့ ထူးထွေပြီး မိတ်မဆက်တော့ပါဘူး... အချစ်တစ်ခုကို ကိုးစားမိတဲ့အချိန်မှာ ချစ်ရတဲ့သူရဲ့ရက်ရက်စက်စက် သစ္စာဖောက်တာခံရပြီးနောက် အချစ်ကိုမယုံတော့တဲ့ လျန်နီရှန်းတစ်ယောက်...အတိတ်က နာကျင်စရာ အချစ်ဇာတ်လမ်းတစ်ခုမှာ ကိုယ်တိုင် မင်းသားအနေနဲ့ ကခဲ့ပြီးနောက် ထပ်ပြီးချစ်ရမှာ ကြောက်နေခဲ့တဲ့ ချန်အန်းတို့ ဆုံတဲ့အခါ... အချစ်ခံစားချက် အသစ်တစ်ဖန်ပဲ မွေးဖွားလာမလား... အတိတ်က ဒဏ်ရာကိုမကုစားနိုင်လို့ အလွမ်းနဲ့အဆုံးသတ်မလား... ဒါမှမဟုတ် အသစ်တစ်ဖန်မွေးဖွားလာမယ့် ဒဏ်ရာတစ်ခုက စောင့်ကြိုနေမလားဆိုတာ Channel Myanmar မှာ ဒေါင်းလုပ်ပြီး ခံစားကြည့်လိုက်ကြပါ...  Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Wolf Witch ( 2022 )

You’re Not Normal, Either! (2021) 6.6
You’re Not Normal, Either! (2021) စာမေးပွဲအနီးကပ် စာသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်တဲ့ "အိုနို-စံ"က သချင်္ာတွက်ရတာကြိုက်တဲ့စာကြမ်းပိုးတစ်ယောက်ပါ။ သူက ရုပ်ချော အရပ်ရှည်ပေမဲ့ စာကလွဲပြီး ဘာမှမသိတာကြောင့် ပုံမှန်လိုမျိုး ရည်းစားမထားနိုင်ဖြစ်နေတာပါ။ ဥပမာပြောရရင် ကောင်မလေးတစ်ယောက်က သူ့ကိုကြိုက်ကြောင်းဖွင့်ပြောလာရင်တောင် "ဘယ်လောက်ပမာဏထိကြိုက်တာလဲ"လို့ပြန်မေးပြီး လာကြိုက်တဲ့သူကို တပ်ခေါက်သွားအောင် လုပ်နိုင်တဲ့သူတစ်ယောက်ပါ။ သူစာသင်ပေးနေတဲ့ "အခိမိုတို"ဆိုတဲ့ကျောင်းသူလေးမှာတော့ တစ်ဖက်သတ်ကြိုက်နေရတဲ့သူတစ်ယောက်ရှိပါတယ်။ သူကြိုက်နေတဲ့သူက ကလေးတွေအတွက် သင်ကြားရေးအရုပ်တွေရောင်းတဲ့ကုမ္ပဏီကိုဦးစီးပြီး တိုးတက်ရေးဟောပြောပွဲတွေလည်း လုပ်လေ့ရှိတဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့ မီရမိုတို-စံပါ။တစ်နေ့ကျတော့ ကျောင်းသူလေးက ဟောပြောပွဲတစ်ခုမှာ မီရမိုတို-စံကိုတွေ့ခဲ့ပါတယ်။ သူ့ကိုစကားသွားပြောပြီး စာတစ်စောင်လည်းပေးခဲ့ပေမဲ့ မီရမိုတို-စံက မကြာခင် လက်ထပ်တော့မယ့်ချစ်သူရှိတယ် ဆိုတာကို သိလိုက်ရပါတယ်။ကျောင်းသူလေး အခိမိုတို-စံ အသည်းကွဲပြီးပြန်လာတုန်း ဆရာအိုနိုနဲ့စာသင်ရင်း စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာပဲ သူကအကြံရသွားပြီး ဆရာ့ကို "ပုံမှန်လူတစ်ယောက်လို ဒိတ်နိုင်အောင် လေ့ကျင့်ပေးမယ်"လို့ လိမ်ပြောပြီး ဆရာနဲ့ မီရမိုတို-စံရဲ့သတို့သမီးလောင်းကို အောင်သွယ်ပေးဖို့လုပ်ပါတော့တယ်။ ပုံမှန်ဆိုတဲ့လူတစ်ယောက်ရဲ့ အတွေးအခေါ် လုပ်ရပ်တွေကရော ထင်ထားသလောက် သဘောကျစရာကောင်းရဲ့လား။ ပုံမှန်လို့သတ်မှတ်ထားကြတဲ့လူတွေရဲ့ လှပတဲ့အဖြစ်အပျက်တွေရော အရုပ်ဆိုးတဲ့လိမ်ညာဟန်ဆောင်မှုတွေကိုရော ဒီကားထဲမှာကြည့်ရမှာပါ။ လူနှစ်ယောက်ကြားက ခံစားချက်ဆိုတာလည်း ...
movie

You’re Not Normal, Either! (2021)

Don (2022) 7.6
Don (2022) Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးက‌တော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie

Don (2022)

2022
Comrades, Almost a Love Story (1996) 8.1
Comrades, Almost a Love Story (1996) Comrades, Almost A Love Story (1996) ~ IMDb - 8.1/10, Rotten Tomatoes - 89% ~Directed By Bunny Chanအချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ...
movie

Comrades, Almost a Love Story (1996)

1996
Stay With Me (2022) 7.5
Stay With Me (2022) ရိုးရိုးသားသားပြောရရင်တော့ ဒီတရုတ်ကားက သာမန်ကျောင်းသားအချစ်ကားပါပဲ။ You're the apple of my eyeတို့လို စတိတ်ကျောင်းမှာတွေ့ ကြိုက် ကောလိပ်မှာဇာတ်လမ်းဆက် ဒီလိုပုံစံပါပဲ။ ရိုက်ကူးပုံတို့ စီနီမာတို့ အရောင်တို့ကလည်း ထိုနည်းလည်းကောင်းပဲပြောရမယ်။ You're the apple of my eyeလောက်ကြီးတော့ မကောင်းပေမဲ့ အခြေခံအရသာအရတော့ ခပ်ဆင်ဆင်ပါပဲ။ You're the apple of my eyeက မဆုံလိုက်ရတဲ့ဘဝတွေအကြောင်းဆိုတော့ ပိုနတ်ကြီးတာပေါ့။ ဒီရုပ်ရှင်က ပစ်မှတ်ထားတဲ့ ပရိသတ်ကတော့မတူဘူးရယ်။ အဲဒီလိုပုံစံခပ်ဆင်ကိုမှ LDRSအချစ်အကြောင်းကို ဦးစားပေးထားတာဆိုရမယ်။ မင်းသား မင်းသမီးတွေကလည်း ချောပေမဲ့ မြင်နေကြုံနေကျ ရုပ်တွေလိုနဲ့ မထူးခြားနားပြထားတော့ သဘာဝကျတယ်လို့တော့ ခံစားလို့ရတယ်။ ပိုစတာမှာသာ လူရုပ်ထွက်မနေတာပါ အထဲမှာလူရုပ်ပါပဲ။ လှပေမဲ့ အပြင်မှာ ဘယ်သူမှပါးစပ်က ထုတ်ပြောမှာမဟုတ်တဲ့ စကားတွေ တစ်ချက်တစ်ချက်ပြောတတ်တာကလွဲလို့ နည်းနည်းပေါတာကလွဲ ကြည့်ပျော်တဲ့ လိုက်ဖီးလ်လို့ကောင်းတဲ့ မဆိုးတဲ့ ရုပ်ရှင်ပါပဲဒီရုပ်ရှင်မှာ ...
movie

Stay With Me (2022)

Mothering Sunday (2021) 6,0
Mothering Sunday (2021)        ဗြိတိန် အချစ် ဒရာမာ ကားကောင်းလေးတစ်ခုလောက် ကြည့်လိုက်ရအောင်။ Graham Swift ရဲ့ နာမည်ကျော် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်နာမည် Mothering Sunday ဆိုတဲ့အဓိပ္ပါယ်ကတော့ အိမ်အကူတွေ ဝန်ထမ်းတွေကို အားရက်ပေးပြီး မိဘ၊ မိသားစုနဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးတဲ့နေ့ပါပဲ။ဂျိန်းဆိုတဲ့ အိမ်အကူမိန်းကလေးနဲ့ ပေါလ်ဆိုတဲ့ လူချမ်းသာအသိုင်းအဝိုင်းက လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းရယ် ဂျိန်းရဲ့ အိမ်ထောင်ဘက်ဖြစ်လာတဲ့ ဒေါ်နယ်နဲ့ အချစ်ဇာတ်လမ်းတွေရယ်ကို အခြေပြုပြီး ပြသထားတာပါပဲ။ ဘာတွေဖြစ်လာမလဲတော့ ဆက်ကြည့်လိုက်ပါဦး။ အိပ်ရာခန်းတွေ တုံးလုံးအခန်းအချို့ကိုအနုပညာအသားပေး ရိုက်ကူးထားတာတွေပါဝင်လို့ မိသားစုနဲ့ကြည့်လို့တော့ မသင့်တော်ပါဘူး။ File size…(2.2GB)/(1.08gb)/(518 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chevy
movie

Mothering Sunday (2021)

The Spy Who Never Dies (2022) 5
The Spy Who Never Dies (2022) The Spy Who Never Dies (2022)စစ်သည်တစ်သိန်းနဲ့ ညီမျှတဲ့ စပိုင်စစ်သည်တော်ကြီး ဇာတ်လမ်းတွေကို ခဏခဏကြည့်ဖူးနေကြမှာပါ။ ဒီဇာတ်ကားထဲက စပိုင် ဘရတ်ဒလေကလည်း အဲဒီလိုပါပဲ။ဘယ်လိုသတ်သတ်မသေတဲ့ ပစ်သမျှကျည် အကုန်လွဲတဲ့ လူစွမ်းကောင်းကြီးပေါ့။ဒါပေမဲ့ ဒီကားကတော့ ဟာသကားပါ။ ကိုကျော်ဝင်းခေါ် ဂျွန်ဝစ် နဲ့ ဂျိမ်းစ်ဘွန်းကို နာမည်တပ်ပြီး ပြောင်ထားတာတွေပါတယ်။ နောက်ခံတီးလုံးကလည်း ဂျိမ်းစ်ဘွန်းတီးလုံးနဲ့ ခပ်ဆင်ဆင်လုပ်ထားပါတယ်။ဒီတစ်ခါကတော့ ကမ္ဘာကို ဖျက်ဖို့ ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူဆိုးတွေကတော့ ထုံးစံအတိုင်း ရုရှားတွေပါပဲ။ဇာတ်လမ်းအကျဥ်း‌ ပြောရရင် နေ့တိုင်း ကမ္ဘာကြီးကို ကယ်တင်နေရတာ ပျင်းလာတဲ့ အေးဂျင့် ဘရတ်ဒလေတစ်ယောက် ဝစ်ကီ ခေါ် ဂျွန်ဝစ်လို အငြိမ်းစားယူဖို့ စိတ်ကူးရလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့နောက်ဆုံးပစ်မှတ်ရဲ့ခွေးကို ဆေးခန်းပို့ရင်း သူ့ဘဝရဲ့ အဓိပ္ပါယ်လေး တိရစ္ဆာန်ကု ဆရာဝန်မလေး ဗရော်နီကာနဲ့တွေ့ဖြစ်ပါတယ်။ဆရာဝန်မလေးမှာ ရှားပါးတဲ့နှလုံးရောဂါတစ်ခုရှိနေပြီး သူ့ရဲ့ အငြိမ်းစားဘဝကို နှောင့်ယှက်ချင်နေကြတဲ့ ဗီလိန်တစ်စုရဲ့ လက်က ...
movie

The Spy Who Never Dies (2022)

2022
Hollywood Stargirl (2022) 5.7
Hollywood Stargirl (2022) Hollywood Stargirl (2022) ==================== Musical ,Romance ,DramaDisney ကထုတ်တဲ့ Musical ကားဆိုရင် ကြည့်မကောင်းဘူးဆိုတာ မရှိသလောက်ပါပဲ ... ဒီရုပ်ရှင်မှာလည်း သီချင်းလေးတွေအရမ်းကောင်းပြီး Rotten tomatoes လည်း 100% ရထားတဲ့အထိပါပဲဘ၀ရဲ့လမ်းအသီးသီးကိုလျှောက်နေကြတဲ့ လူငယ်လေး ၃ ယောက် လော့အိန်ဂျလိစ်က လမ်းမတွေမှာ လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ကြတဲ့သဘောပါ။ တစ်ယောက်က မိခင်နဲ့ အိမ်အမြဲပြောင်းနေရလို့ နေရာတစ်ခုမှာ အခြေကျချင်သူ.. နောက် နှစ်ယောက်က ရုန်းကန်လှုပ်ရှားနေတဲ့ လူငယ်လေး ၂ ယောက် .. သူတို့ ၃ ယောက်လုံးကို စုံစည်းသွားစေမယ့်အရာက ရုပ်ရှင်တစ်ကားကို အတူတူရိုက်ဖို့ဖြစ်ရင်းနဲ့ အကြောင်းဖန်လာပါတယ် သူတို့ ၃ ယောက်ရဲ့ ဘ၀ကို ပုံဖော်ထားတဲ့ ရုပ်ရှင်လေးကို ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုကတွေ့သွားပြီး လက်တွဲ့ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကိုယ်တိုင်ပဲဆက်စောင့်ကြည့်လိုက်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Musical, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB ...
movie

Hollywood Stargirl (2022)

2022
The Bodyguard from Beijing: The Defender (1994) 6.5
The Bodyguard from Beijing: The Defender (1994) The Bodyguard from Beijing: The Defender (1994) IMDb - 6.5/10______Rotten - 71% ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး...မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ...ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။BluRay Quality ထွက်ရှိထားလို့ HEVC Quality နဲ့ အကောင်းဆုံး ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(2.2 GB) / (900 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nu Mon
movie

The Bodyguard from Beijing: The Defender (1994)

1994
1080p HEVC
[18+] Breathe Again (2022)
[18+] Breathe Again (2022) [18+] Breathe Again (2022)အချစ်ဇာတ်လမ်း ကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးနဲ့ chill ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း romantic, erotic ဆန်လွန်းတဲ့ အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ ... ‌ဂျိုအန်းနား ဆိုတဲ့ ကောင်မလေးမှာ သူ့သူငယ်ချင်းတွေအားလုံးက အိမ်ထောင်ကျကုန်ကြပြီ။ သူ့မှာလည်း ၇ နှစ်ကြာ တွဲလာတဲ့ ပါဝလို ဆိုတဲ့ ချစ်သူ ကောင်လေး ရှိတယ်။ ပါဝလိုက အပေါင်းအသင်း အသောက်အစား မက်တယ်။ တစ်နေ့ကျ ဂျိုအန်းနားကို လက်ထပ်ခွင့်တောင်းပြီး အချစ် တံခါးဖွင့်ဖို့ အပန်းဖြေစခန်းတစ်ခုကို နှစ်ယောက်သား ခရီးထွက်လာကြတယ်။ပြဿနာက ခရီးထွက်လာပြီး ပါဝလိုက တစ်နေကုန် သူ့သူငယ်ချင်းတွေနဲ့ပဲ ဆိုင်ကယ် ပတ်စီးတယ်။ နောက်ပြီး မိန်းမတွေနဲ့ မရှင်းမရှင်းတွေ လုပ်တယ်ပေါ့။ ဂျိုအန်းနားကိုတော့ နားညီးလို့ ရှုပ်လို့ဆိုပြီး ဟိုတယ်မှာပဲ ထားခဲ့တယ်။ ဟိုတယ်မှာ ကျန်ခဲ့တဲ့ ...
movie

[18+] Breathe Again (2022)

2022
Fall In Love With My King ( 2020 ) 6
Fall In Love With My King ( 2020 ) ရှေးခေတ်မှာဇာတ်အိမ်တည်ထားတဲ့ ရိုရိုချိုချို ဇာတ်လမ်းလေးလည်းကြည့်ချင်တယ်၊ အပိုင်းဆက်များတာတွေလည်းမကြည့်ချင်ဘူးဆိုသူတွေအတွက် တစ်ပိုင်းတည်းအပြီး အချစ်ဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ချောမောခန့်ညားပြီးအရည်အချင်းရှိတဲ့ စစ်သူကြီးနဲ့ မင်းသမီးလေးတို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စစ်သူကြီးမုရုံဆိုတာ ရန်တိုင်းပြည်ရဲ့ကျော်ကြားတဲ့စစ်သူကြီး၊ မင်းကြီးကသူ့ကို မင်းသမီးတစ်ပါးနဲ့လက်ဆက်ပေးတယ်။ မင်းသမီးဆိုပေမယ့် ဘုရင့်သမီးတော်မဟုတ်ဘူး။ ဦးရီးတော်ရဲ့မွေးစားသမီး။ ဦးရီးတော်ဆိုတာကလည်း ထီးနန်းကိုကြိတ်ကြံနေတာ။ သူ့မွေးစားသမီးကို စစ်သူကြီးအိမ်တော်ပို့လိုက်တာကလည်း စစ်သူကြီးဆီကပစ္စည်းတစ်ခုကိုခိုးဖို့။ဒီလိုနဲ့ စစ်သူကြီးနဲ့မင်းသမီးလေးတို့ လက်ထပ်ပြီးသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ အကြံနဲ့လာတဲ့ မင်းသမီးလေးနဲ့ ထက်မြက်တဲ့စစ်သူကြီးတို့ ဘယ်လိုအလွဲလေးတွေဖြစ်ပြီး ၊ ဘယ်လိုချစ်ကျွမ်းဝင်သွားကြမလဲ။ ဘယ်လိုအချိုတွေကျွေးမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Gernes : Romance Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK
movie

Fall In Love With My King ( 2020 )

Fire Island (2022) 6.8
Fire Island (2022) Fire Island (2022)" ဥစ္စာပေါ ရုပ်ချော အမျိုးသားတစ်ဦးဟာ သူ့အတွက် အမျိုးသမီး အဖော်မွန်တစ်ယောက် လိုကို လိုအပ်တယ်လို့ အကြွင်းမဲ့ ယုံကြသတဲ့ "အဲဒါ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ Jane Austen ပြောတာ။ စိတ်တော့မကောင်းပေမယ့် Jane ရဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ စာသားက ဒီခေတ်ကြီးထဲမှာ အလုပ်မဖြစ်တော့ဘူးဗျ။ ဘာလို့လဲဆိုတော့ ယောင်္ကျားတိုင်းက မိန်းမ လိုချင်နေတာ မဟုတ်ဘူးလေ။ဒီဇာတ်လမ်းထဲက ကာရိုက်တာတွေက သက်သေပဲ။ နိုရာ၊ ဟောင်ဝီ၊ မက်ဇ်၊ ကီကန် နဲ့ လုခ်တို့က ကောလိပ်ကတည်းက ပေါင်းသင်းခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ တိတိကျကျ ခေါင်းစဉ်တပ်ပေးရရင် အဆင်ကြိုက်တဲ့ အပွင့်တစ်လိုင်းး ဂေးအုပ်စုပေါ့။သူတို့မှာ tradition လေးတစ်ခုရှိသဗျ။ အဲဒါကတော့ ဘယ်လောက်ပဲ ဝေးကွာနေကြပါစေ နှစ်စဉ် အပန်းဖြေခရီးအဖြစ် အုပ်စုလိုက် ဂေး Disney World လို့ တင်စားရလောက်တဲ့ ဖိုင်းယားကျွန်းကို တစ်ပတ်တိတိ အလည်သွား အဆင်စားကြတာပဲ။ ဖိုင်းယားကျွန်းမှာ ကြိုက်တဲ့သူနဲ့ ကြိုက်သလို ပလူး ...
movie

Fire Island (2022)

2022
Serve the People (2022) 6.2
Serve the People (2022) (18+) Serve the people (2022)Thirty Nine ဇာတ်ကားထဲက အရေပြားဆရာဝန်လေးအဖြစ်သရုပ်ဆောင်ထားတဲ့ Yeon Woo Jin ရဲ့ မ နဲ့ မောင် ဇာတ်ကားလေးပါ။ ဒါပေမယ့် အမျိုးသား ၁၈ ယောက် စုကြည့်ရမယ့် ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းဇာတ်အိမ်က တမူထူးခြားတာမို့ အများကြီး ရှင်းပြမနေတော့ပါဘူး။ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါ။ ကြည့်မိလို့ ဂေါင်းကြီးတို့ မကြိုက်ဘူး မရှိစေရပါဘူး။ မ အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးရဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကိုလည်းအတိုင်းသား မြင်ရမှာမို့ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါတော့။ သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ကြည့်ရမယ့်ကားပါပဲ။ကိုရီးယားကားဆိုပြီး လူရှေ့သူရှေ့ သွားမကြည့်မိပါစေနဲ့ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Go Dong Won ပဲ ဖြစ်ပါတယ်။သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ...
movie

Serve the People (2022)

2022
The Imprisoned Love ( 2016 ) 7
The Imprisoned Love ( 2016 ) CM Movie ချစ်ပရိသတ်များအတွက် CM ကနေပြီးတော့ The Imprisoned Love ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ Ren Hao Ming က Ruan Qing Tian ရဲ့ အမေဟာ Ren Hao Ming အမေရဲ့ဒီဇိုင်းကို ခိုးသွားပြီးသတ်ပစ်ခဲ့တယ်လို ထင်နေခဲ့တယ်။အဲ့ဒါကြောင့် Ruan Qing Tian ကိုသူ့အမေအကြွေးဆပ်ဖိုတစ်နှစ်စာချုပ်အဖြစ် Ren Hao Ming အိမ်မှာအခိုင်းအစေလုပ်ခိုင်းပြီးအတင်းအကျပ်လက်ထပ်ယူခဲ့တယ်။အချိန်တွေကြာလာတာနဲ့အမျှ Ren Hao Ming ကတဖြည်းဖြည်းနဲ့ သူ့အမေကိုသတ်တဲ့လူသတ်သမားက တခြားတစ်ယောက်ဖြစ်နေတာသိလိုက်ရတဲ့အချိန်မှာတော့...... ကဲဒီတော့ Ruan Qing Tian တစ်ယောက် Ren Hao Ming အပေါ်ခံစားချက်ရှိလာမလဲ။သူတိုကြားနားလည်မှုလွဲနေတာတွေကော ဘယ်လိုဖြေရှင်းကြမလဲ။ လူသတ်သမားကကောဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုဆက်ကြည့်လိုက်ကြရအောင်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

The Imprisoned Love ( 2016 )

Proud of Love ( 2021 ) 6.2
Proud of Love ( 2021 ) တူညီတဲ့အဖြစ်အပျက်တွေပဲထပ်ကာတလဲလဲဖြစ်ပျက်နေမယ့် တစ်ရက်တာမှာပဲပိတ်မိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ?ရှန်ရှီးဆိုတဲ့ကောင်မလေးက အလုပ်မှာလူသစ်ဖြစ်ပြီး၊ အလုပ်စစဝင်ချင်းနေ့မှာတင် သူဌေးနဲ့ကတောက်ကဆဖြစ်ခဲ့ပါတယ် ။ ဟယ်ကျိကျိုးကတော့ငယ်ရွယ်ပြီးထက်မြက်တဲ့ ကုမ္ပဏီပိုင်ရှင်သူဌေး ၊ ရန်ရှီးရဲ့အလုပ်ရှင်သူဌေးပေါ့။အဲ့နောက်ပိုင်း ရှန်ရှီး နဲ့ဟယ်ကျိကျိုးဟာ ကြောင်နဲ့ကြွက်လိုအမြဲဖြစ်နေပါတော့တယ်။ သူဌေးက ဆူဆဲလိုက် ၊ ရန်ရှီးက သူဌေးကိုကျိန်ဆဲလိုက်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ အကြောင်းတစ်ခုကြောင့် ရန်ရှီးတစ်ယောက် တစ်ရက်တာ time loop ထဲမှာပိတ်မိသွားပါတော့တယ်။ဒီတစ်ရက်တာမှာ ဒီအဖြစ်အပျက်တွေပဲ ပြန်ပြန်ဖြစ်နေတာဆိုတော့ ဘယ်လောက်တောင်စိတ်ညစ်စရာကောင်းလိုက်လေမလဲ။ သူမဟာ time loop ထဲကထွက်နိုင်ဖို့အမျိုးစုံစဥ်းစားတွေးတောကြံစည်ရတာပေါ့။ သူမ ပိတ်မိနေတဲ့ time loop ဟာ သူမရဲ့ သူဌေးဖြစ်သူနဲ့သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါမှာတော့...ပိတ်မိနေတဲ့အချိန်စက်ဝန်းထဲကထွက်ဖို့ကြိုးစားရင်းနဲ့ ၊ မတည့်အတူနေ နှစ်ယောက်သားကြားမှာ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာလေမလား။ Time loop ထဲကရောထွက်နိုင်ပါ့မလား။ဇာတ်အိမ်ဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Romance Comedy အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 12min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo ...
movie

Proud of Love ( 2021 )