Channel Myanmar
Romance
Last Letter (2020) 7.0
movie
Last Letter (2020)
2020
Tum Mile(2009) 6.0
Tum Mile(2009) Tum Mile(2009)Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့် လေယာဥ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။ ဒါပေမယ့် တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားရင်လဲ ဘာမှ ထူးမှာမဟုတ်ကြောင်း ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။ လေယာဥ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။ အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီးအကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပါ... သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား...... ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ..... မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲ.... ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်း..... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size :(1.18GB) and (450 ...
movie
Tum Mile(2009)
{18+} Young Aunt 3 (2020) 6.6
{18+} Young Aunt 3 (2020) Young Aunt 18+ အညွှန်း ================= ဒီကားလေးကတော့အရက်ဆိုင်ကဆော်လေးနှစ်ပွေနဲ့မလည်ရှုပ်   သားအဖနှစ်ယောက်အကြောင်းရိုက်ထားတာပါကိုရီးယားကားထုံးစံအတိုင်   းဆော်လေးတွေကတော့ရှယ်လန်းပါတယ် ဇာတ်လမ်းပြောရင်   စားနေကျကြောင်ဖား ဒယ်ဒီသကြားဖေဖေကအရက်ဆိုင်က   ညီအစ်မနှစ်ယောက်ကို သူမိန်းမနဲ့ခယ်မဆိုပြီး အိမ်ကိုမချလာပါတယ်   အဲ့ဒီအချိန်သူ့သားကလည်းအဖေတူသားပီသစွာပဲ ခေါ်လာတဲ့မိထွေးအသစ်လေးကော   အဒေါ်လေးကိုပါ ဝိုက်ခွင့်ရပါတော့တယ် ကောင်မလေးနှစ်ယောက်ကလည်   းအဖိုးကြီးကိုပိုက်ဆံရှိလို့သာတွဲတယ်ဆိုပေမယ့် နွားအိုထက်နွားပျိုကိုပဲ   ထောင်ဖမ်းချင်နေကြတဲ့ အလည်မလေးတွေပါ ဒီထဲမှာမနူးမနပ်   မမတွေကြားညပ်သွားတဲ့ နွားမောင်လေးတစ်ကောင်လည်းပါပါသေးတယ်   ကဲ ပြောနေရင်ကြာလို့ ဂေါင်းကြီးတို့ အောမေအလန်းစားလေးတွေနဲ့   ပညာသားပါပါ ဖောင်းဒိုင်းတာလေးတွေ ပညာယူချင်တယ်ဆိုရင်   ကြည့်သင့်တဲ့ ၁၈ အပေါင်းကားလေးပါလို့ညွှန်းရင်း   ဘာသာပြန် Foxက ဘာသာပြန်ကာ Darknessက အားပြတ်ခံ အန်ကုဒ်ရင်း တင်ဆက်ပေးလိုက်ပါတော့တယ်   Translated by : Fox Encoded by : Darkness File Size : 1GB and 531MB Quality : 1080p and 720p
movie
{18+} Young Aunt 3 (2020)
2020
Middle Class Melodies(2020) 7.7
Middle Class Melodies(2020) Middle Class Melodies(2020)IMDb...7.7တောရွာလေးတစ်ရွာမှာနေတဲ့ "ရာဗာ"ဆိုတဲ့ ကောင်လေးတစ်ယောက် ဆိုင်အသေးလေးဖွင့်ထားပြီးအဆာပြေမုန့်လေးတွေကို ပြုလုပ်ရောင်းချပါတယ်။သူ့ရည်ရွယ်ချက်ကတော့ အနီးအနားက "ဂွန်တူ"မြို့ဆီသွားပြီး ဟိုတယ်လေးဖွင့်ချင်တာပါ။သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဂွန်တူမြို့ဆီခိုးသွားပြီး နေရာကောင်းရှာလေ့ရှိပါတယ်။ ။ဒီလိုနဲ့ တစ်နေ့ သူသဘောကျနေတဲ့ကောင်မလေးရဲ့အဖေပိုင်တဲ့ဂိုဒေါင်ဟောင်းလေးတစ်ခုကို ဝယ်ဖို့ဖြစ်လာပါတော့တယ်။ဟိုတယ်ဆောက်ဖို့ ရည်မှန်းချက်တွေ အကြံအစည်တွေရှိပေမယ့် ကိုယ်ပိုင်ပိုက်ဆံမရှိသေးတဲ့ "ရာဗာ"အနေနဲ့ ဒီလို စိတ်ကူးဟာ တခြားသူတွေအနေနဲ့ ရယ်စရာကြီးလိုဖြစ်နေတာပေါ့...သို့ပေမဲ့ သူ့စိတ်ကူးကို လက်မလျှော့ခဲ့ပါဘူး....သူဘယ်လိုအခက်အခဲတွေကြုံမလဲ..ဟာသလေးတေါနှောရင်း ပညာလည်းရ စိတ်အပန်းပြေတဲ့ကားလေးမို့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့   Ei Phyu Khin & Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.3GB) and (474 MB) Quality : WEB-DL  720p Format…mp4 Duration…02:48:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Khine Khine Wai Encoded by ...
movie
Middle Class Melodies(2020)
Closer to Heaven (2009) 6.6/10
Closer to Heaven (2009) Closer to Heaven (2009) မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့​ကောင်မ​လေးပါ လူ​​တွေကိုလည်းအတတ်နိုင်ဆုံးကူညီ​​ပေးတတ်ပါတယ် ဒါ​ပေမယ့် သူဟာ လူ​​သေအ​လောင်း​တွေကို အလှပြင်​ပေးရတဲ့သူမို့လို့ သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး​ ပြောဆိုကြပါတယ် ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အ​ကြောင်းရှာမရ​တော့ သူ့ရဲ့လက်က​ကြောက်ဖို့​ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ် ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်​ယောက်ဝင်​ရောက်လာခဲ့ပါတယ် ေပြာရရင် ဂျုံးဝုဟာလည်း လူ​ကောင်းတစ်​ယောက်​တော့မဟုတ်ပါဘူး ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်း​ရောဂါကိုခံစား​နေရတဲ့ လူတစ်​ယောက်ပါ ဒါ​ပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမ​ပေး​ပါဘူး ရှေ့နေတစ်​ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာ​နေ​ပေးဖို့ တောင်းဆိုခဲ့ပါတယ် လူ​တွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သ​ဘောတူခဲ့ပြီး​​တော့ ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Drama ဇာတ်ကားဖြစ်​နေတာနဲ့အညီ လွမ်း​ဆွေးငို​ကြွေးရတဲ့ရသတွေကို သေချာ​ပေါက်ခံစားကြည့်ရှုရမှာပါ ရှေ့ဆက်ပြီး သူတို့နှစ်​ယောက်အခက်အခဲ​တွေကို ဘယ်လိုရင်ဆိုင်​ဖြေရှင်းကြမလဲဆိုတာ​တွေ သူတို့နှစ်​ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရား​တွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ် ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့ Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Encoded by August File Size - 2GB , ...
movie
Closer to Heaven (2009)
[18+] Love Conquest (2020) 4
[18+] Love Conquest (2020) Love Conquest 2020 (18+) အချစ်ဟာသကားကြိုက်တဲ့သူတွေအတွက် အချစ်ခန်းတွေလည်းကြည့်ရ ရီလည်းရီရမယ့် ဇာတ်ကားလေးလာပါပြီ။ ဇာတ်လမ်းကတော့ အချစ်ရေးမှာအမြဲရှုံးနေရတဲ့ဒုန်းဆော့ဆိုသူက သူအချိန်အတော်ကြာ တစ်ဖက်သတ်ချစ်ရတဲ့ ကောင်မလေး ဟီယွန်းကို ဖွင့်ပြောဖို့ကြိုးစားရာကနေ ကောင်မလေးကတခြား လက်မြန်တဲ့သူနောက်ပါသွားခဲ့ရာက စပါတယ်။ ၅နှစ်ကျော်တစ်ဖက်သတ် ချစ်ရသူ တခြားသူနောက် ပါသွားပြီး စိတ်ဓါတ်ကျနေတဲ့ ဒုန်းဆောက ကျောင်းနေဖက် စီနီယာဖြစ်သူ အလုပ်လက်မဲ့ ဆောင်းဖြောင်းဆိုတဲ့ လူနဲ့ ဆုံပြီးတဲ့ နောက်မှာ သူကံကြမ္မာက ပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။ ဆောင်းဖြောင်းရဲ့မိတ်ဆက်ပေးမှုနဲ့ Adventure Mဆိုတဲ့ ရည်းစားရှာဖွေရေး အချစ်ရေး ဝန်ဆောင်မှု Websiteကို စာရင်းသွင်းလိုက်ရာကနေ သူ ဘဝထဲကို မြိုယောင်းဆိုတဲ့ မိန်းမချောလေးတစ်ယောက်ကလည်းဝင်ရောက်လာပါတယ်။ မြိုယောင်းနဲ့သူဘယ်လို ခရီးဆက်ကြမလဲ။ အချစ်ဦး ဟီယွန်းနဲ့ကော ဆုံနိုင်ပါ့မလား။ ဖုန်းထဲကနေ တစ်ဆင့် ညွှန်ကြားချက်တွေ ပေးနေတဲ့ Adventure M ဆိုတဲ့ လမ်းညွှန်ပေးတဲ့သူကကော ဘယ်သူဖြစ်လာမလဲ။ စိတ်ဝင်စားဖို့ကောင်းသလို ရီလည်းရီရတဲ့ 18+ကားလေးတစ်ကားပါ။ အချစ်အတွက်ရှုံးနေတဲ့သူတွေ၊အသဲကွဲနေတဲ့သူတွေ ကြည့်ပြီး မိန်းကလေးတွေရဲ့ သဘောကိုနားလည်အောင်လေ့လာလို့ရပါတယ်။ 18+သီးသန့်မဟုတ်ပဲဇာတ်လမ်းသွားလေးနဲ့ Ro ဆန်ဆန် ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ တိုက်တွန်းပါရစေ။ File Size - 1.3 GB, 604 MB Quality - 1080P , ...
movie
[18+] Love Conquest (2020)
(21+) The Torture Club (2014) 4.4
(21+) The Torture Club (2014) Torture Club 2014 ===============    Dsဖန်တွေအတွက် Dark Knight မှ ဒီတခေါက်တဖန်ပြန်လည် တင်ဆက်ပေးချင်တာကတော့   ဂျပန်နိုင်ငံရဲ့ မိန်းကလေးကျောင်းက ကလပ်တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်. ကလပ်ဆိုတာနဲ့   ပရိတ်သတ်ကြီး သိပ်မစိမ်းလှဘူး ထင်ပါတယ်. ကျောင်းတိုင်းလိုလို အားကစားကလပ်၊   ဘာကလပ်၊ ညာကလပ် စတဲ့ ကလပ်မျိုးစုံရှိတာ သိကြမှာပါ. ခုတင်ဆက်ပေးမယ့် ကလပ်ကတော့   နိုပ်စက်ရေးကလပ်ပါ. ကျောင်းက စကီလေးတွေ မဟုတ်သုတ်ခ လုပ်ရင် ကလပ်ခေါင်းဆောင်နဲ့   ဥက္ကဌက ခေါ်ပြီး တိုင်မှာကြိုးတုပ်ပြီး အီးအားအော်ပြီး အရှုံးပေးတဲ့ထိ နိုပ်စက်မှာပါ..............   ဒါ့အပြင်ကလပ်က လူနှစ်မျိုးကိုပဲ လိုအပ်ပါတယ်. ပထမတမျိုးက နိုပ်စက်သူနဲ့   ဒုတိယတစ်မျိုးက နိုပ်စက်ခံမယ့်လူပါ. နိုပ်စက်မယ့်လူကလဲ ကိုယ်လိုချင်တဲ့သတင်းရတဲ့ထိ   နိုပ်စက်နိုင်ရမှာ ဖြစ်ပြီး နိုပ်စက်ခံမယ့်လူကလဲ သတင်းကိုမပြောမိအောင် နိုပ်စက်ခံပြီး   ထိန်းထားရမှာပါ.........နိုပ်စက်ရေးကလပ်ရဲ့ အဓိက စည်းကမ်းကတော့ အသင်းသားချင်း   ချစ်ကျွမ်းမဝင်ဖို့ပါပဲ...... နိုပ်စက်နည်းနိုပ်စက်ပုံတွေက သိပ်ကို ဆန်းကြယ်လွန်းတာကြောင့်   သားရည်တမျှားမျှားအကျခံပြီး ဘာသာပြန်တင်ဆက်ပေးထားတာကြောင့်   ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းရင်း ကြည်တောက်ရှင်းဖြစ်တဲ့ 1080p Blurayနဲ့ တင်ဆက်ပေးလိုက်ပါတယ်     Qualtiy - 1080pBlu-Ray and 720p   File ...
movie
(21+) The Torture Club (2014)
2014
[18+] The Concubine (2012) 6.1
[18+] The Concubine (2012) ငယ်စဉ်ကအတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်ဟွယွန်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ်အမတ်ကြီးသမီးနဲ့ချစ်မိလို့ ယောက်ကျားစစ်စစ်ဘဝဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ဝင်ရောက်လာသူ ကွမ်ယိုအာဏာမက်မောလွန်းတဲ့အတွက် လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီးအဲဒီ ဇာတ်ကောင်တွေဦးဆောင်တဲ့ဒီဇာတ်ကားဟာ အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အာဏာဟာ လူတွေကို ဘယ်လောက်စေစားနိုင်လဲ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် မိန်းမတွေရဲ့စိတ်ဓါတ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ မင်းသမီး Jo Yeo-jeong ကတော့ တီဗွီက ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးကြမှပါ။ဒီကားမတိုင်ခင်က Servant(2010) မှာကတည်းက လူတွေစိတ်ဝင်စားခဲ့တဲ့ Jo Yeo-jeong ဟာ ဒီ The Concubine(2012) ထွက်အပြီးမှာတော့ ...
movie
[18+] The Concubine (2012)
Midnight at the Magnolia(2020) 6.0
Midnight at the Magnolia(2020) Midnight at the Magnolia(2020)အညွှန်း************************************IMDb...6.0ဂျက်နဲ့ မက်ဂီတို့မိသားစုက နှစ်အိမ့်တစ်အိမ်နေတယ်လို့ ပြောလို့ရပါတယ် ... အဖေချင်းက သူငယ်ချင်းအရင်းတွေဖြစ်တဲ့အပြင် မက်နိုလီယားအမည်ရ ကလပ်တစ်ခုကိုပါစပ်တူတူဖွင့်ထားလေတော့ သူတို့နှစ်ယောက်လည်း ငယ်ငယ်လေးတည်းက အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ကြီးပြင်းလာခဲ့ကြပါတယ်...သူတို့နှစ်ယောက်လုံးရဲ့ အိပ်မက်က နိုင်ငံကျော် ရေဒီယိုအသံလွှင့်တင်ဆက်သူတွေ ဖြစ်လာဖို့ပါ... လောလောဆယ် ချီကာဂိုမြို့တွင်း ထုတ်လွှင့်တဲ့ ဝင်ဒီစီးတီးနိုးထချိန်ဆိုတဲ့အစီအစဉ်မှာ နှစ်ယောက်သား အတွဲညီညီနဲ့ တင်ဆက်နေတာပေါ့..သူတို့မှာ ဟန်တာနဲ့ ဆယ်ရီနာဆိုတဲ့ချစ်သူကိုယ်စီရှိကြသေးတယ်..နှစ်သစ်ကူးအကြိုပါတီမှာ မိသားစုနဲ့ ချစ်သူတွေကို မိတ်ဆက်ပေးတဲ့အကြောင်းထုတ်လွှင့်ပေးဖို့ နိုင်ငံကျော်ရေဒီယိုလိုင်းတစ်ခုက ကမ်းလှမ်းလာရာမှ ဘယ်လိုကမောက်ကမတွေဆက်ဖြစ်ကြမှာလဲ...မင်းမကြည့်လို့မသိတာပါ အချစ်က မင်းအနားမှာပါဆိုသလိုပါပဲ ...ဂျက်နဲ့ မာဂရက် သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွကို  ပေါ်ထွက်လာကြမလားဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်...File Size :(1.53GB) and (817MB) Quality : WEB-DL 1080p ,720p Format…mp4 Duration…01:27:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie
Midnight at the Magnolia(2020)
Malik & Elsa (2020) 5.8
Malik & Elsa (2020) Malik & Elsa (2020) =================== အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Boy Candra ရေးသားပုံဖော်ထားတဲ့    Malik and Elsa စာအုပ်ပထမတွဲကို ရုပ်ရှင်အနေနဲ့ထွက်ရှိလာပြီး IMDb 6/10ရရှိထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်လေးပဲဖြစ်ပါတယ်    အင်ဒိုနီးရှားရုပ်ရှင်တွေနဲ့ အများစုကအလှမ်းဝေးကြပေမယ့် အခုတစ်ခေါက်ရုပ်ရှင်လေးကတော့    လူငယ်ဒရမ်မာကားလေးဖြစ်နဲ့အလျောက် လူငယ်တွေအကြိုက်တွေ့မယ်ထင်ပါတယ်    မာလစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပါဒန်ဆိုတဲ့မြို့လေးကို    တက္ကသိုလ်တက်ဖို့ရောက်လာခဲ့ပါတယ် မာလစ်ဟာ အဖေတစ်ခုသားတစ်ခုဘဝနဲ့    ဘဝကိုလှုပ်ရှားရုန်းကန်နေရသူပါ ပါဒန်မြို့ကို ရောက်လာချိန်မှာလည်း စျေးမှာတောက်တိုမရလုပ်ကိုင်ရင်း    တက္ကသိုလ်စရိတ်ကို ကိုယ်တိုင်ရှာဖွေနေရသူတစ်ယောက်ပါ    တစ်နေ့မှာ အတန်းဖော်ကောင်မလေးဖြစ်တဲ့ အယ်လ်ဆာနဲ့ အလောင်းအစားပြိုင်ကြရာမှ     အယ်လ်ဆာတစ်ယောက်ရှုံးပြီး မာလစ်ကိုတစ်ပတ်တိတိ နေ့လည်စာဝယ်ကျွေးဖို့ အကြောင်းဖန်လာပါတော့တယ်    တစ်ပတ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာ မာလစ်နဲ့အယ်လ်ဆာဟာ လူငယ်ပီပီ   စူးစမ်းကြရင်း လည်ပတ်ကြရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်    သူတို့ရဲ့ဆန္ဒလေးတွေကို စက္ကူလေယာဥ်မှာရေးရင်း လွှတ်ခဲ့ကြတဲ့သူတို့နှစ်ယောက်    စက္ကူလေယာဥ်လေးတွေလိုပဲ သူတို့ရဲ့ဘဝဆန္ဒတွေကို လွတ်လွတ်လပ်လပ် အကောင်ထည်ဖော်ခွင့်ရမလားဆိုတာကိုတော့   Malik & Elsa ဆိုတဲ့ရုပ်ရှင်လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်   Translated by : Emily Encoded by : YK Quality : 1080p WEB-DL and 720p File ...
movie
Malik & Elsa (2020)
2020
Happiest Season (2020) 7.0
Happiest Season (2020) Happiest Season (2020)==================IMDb Rating - 6.9/10ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ယောကျ်ား၊ မိန်းမမခွဲခြားဘဲ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လောကဓံကိုအတူရင်ဆိုင်ဖြတ်သန်းကြတာပါ......မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ခရစ်စမတ်ကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ အက်ဘီ.....ပြီးပြည့်စုံတဲ့ မိသားစုတစ်စုဖြစ်ဖို့ မိမိရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ဟက်ပါ......ဟက်ပါနဲ့ အက်ဘီတို့က lesbian ချစ်သူတွေပါ။ ဟက်ပါက သူမိသားစုနဲ့အတူ ခရစ်စမတ်မှာ အတူဖြတ်သန်းပြီးမိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အက်ဘီကို အိမ်ခေါ်သွားပါတယ်။ ခရစ်စမတ်မှာ အက်ဘီတစ်ယောက် ဟက်ပါကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ပြီး ဟက်ပါအိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုနဲ့ ဟက်ပါတို့ မိသားစုရဲ့ အိမ်တွင်းရေးအခြေအနေနဲ့ ခရစ်စမတ်မှာ မပျော်တတ်တဲ့ အက်ဘီတို့ကြား ပြဿနာလေးတွေ၊ ကတောက်တဆလေးတွေနဲ့၊ LGBT တွေမှာသာရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဒီဇာတ်ကားမှာ စီးမျောခံစားနိုင်မှာပါ။ ဒီကားထဲမှာ မင်းသမီး Kisten Stewart ကို ...
movie
Happiest Season (2020)
2020
The Golden Era (2014) 6.4
The Golden Era (2014) [Unicode]The Golden Era 2014၁၉၉၃ ခုနှစ်နောက်ပိုင်း ဂျပန် တရုတ် စစ်ပွဲကာလအတွင်းက တရုတ်နိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာမ ရှောင်ဟုန်သူကတော့ ၁၉၉၄ ခုနှစ် အသက် ၃၂ နှစ်အရွယ် ငယ်ငယ် နဲ့ ကွယ်လွန်ခဲ့ရတဲ့သူ တစ်ယောက်...သူ့အကြောင်းကို ဒါရိုက်တာ Ann Hui က သူ့ရဲ့နောက်ဆုံး ရိုက်ကူးမယ့် ဇာတ်ကားအဖြစ်သတ်မှတ်ပြီး အကောင်းဆုံး ရိုက်ကူးထားတာပါဒါ့ကြောင့် ဇာတ်ကားက ၃ နာရီကြာပြီး Opening Weekend USA: $50,242 ရရှိခဲ့ပြီး Cumulative Worldwide Gross: $8,396,062 ရရှိခဲ့ပါတယ်ဇာတ်ကား တစ်ဝက်လောက်ထိကတော့ ဇာတ်ကောင်မိတ်ဆက် ဇာတ်အစပျိုးတာပေါ့ တစ်ဝက်ကျော်မှ ဇာတ်လမ်းစတာပါဒီလိုဇာတ်မျိုးကြိုက်တဲ့သူအတွက် အရမ်းကောင်းပေမယ့် မကြိုက်တဲ့သူကတော့ ပျင်းမှာပါ လူတိုင်း ကြိုက်တဲ့ကားမျိုးတော့ မဟုတ်ပါဘူးဘဝဇာတ်ကြောင်းလေး ဖြစ်လို့ အကျဉ်းချုပ်ကို သိပ်မပြောတော့ဘဲ စာရေးဆရာမ ရှောင်ဟုန်ရဲ့ မွေးဖွားတဲ့အချိန်ကစ ...
movie
The Golden Era (2014)
A Choo (2020)
A Choo (2020) ချစ်ရတဲ့ မိန်းကလေးအတွက်စူပါဟီးရိုးကြီး ဖြစ်ပေးချင်တဲ့ ယောက်ျားလေးတွေရှိလားဗျချစ်ရတဲ့သူကို ကာကွယ်ပေးချင်တယ်စောင့်ရှောက်ချင်တယ်ဒီကမ္ဘာကြီးမှာ ကိုယ်က ဘာကောင်ကြီးမှ မဟုတ်ရင်နေပါစေချစ်ရတဲ့ မိန်းကလေးအတွက်ကတော့အားကိုးစရာ သူရဲကောင်းကြီး ဖြစ်ချင်ကြတဲ့ကျွန်တော့်လို လူမျိုးတွေပေါ့ဗျာဒါဆိုရင်တော့ ဒီကားလေးက ကျွန်တော်တို့နဲ့လုံးဝ တိုက်ဆိုင်နေတာမို့ ကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့​မိဘမဲ့ဂေဟာမှာ တူတူကြီးပြင်းလာကြတဲ့ကောင်လေး နှစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်တို့ဟာတစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် သိပ်ကြီးကြတဲ့သူတွေပါအချိန်တန် အရွယ်ရောက်လာတဲ့အခါ​အဖြူရောင်သံယောဇဉ်ကြိုးက အရောင်တွေပြောင်းလဲ လာခဲ့တာပေါ့ပြောမယ့်သာပြောတာပါ ငတိနှစ်ကောင်ကပိစိဘဝတည်းက ကောင်မလေးကိုကြိတ်ကြွေနေခဲ့တာဗျပြီးတော့ ကောင်မလေး သဘောကျဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းလေးပါအပိုဆောင်းပါတာကတော့ စူပါဟီးရိုးတွေပါစူပါဟီးရိုးတွေက လောကကြီးကို ကယ်တင်ခဲ့တာတွေကောင်မလေးက စူပါဟီးရိုးတွေကို သဘောကျတယ်ဒီလိုနဲ့ စူပါဟီးရိုးတွေနဲ့ ဘယ်လိုပက်သက်မိပြီးကောင်လေးတွေကရော ဘယ်လိုတွေကြိုးစားကြမလဲဆိုတာ ရိုက်ကူးထားတဲ့Drama/Fantasy ဇာတ်ကားလေးပါ​ကြည့်ရှူလိုက်ကြပါဦးReview and Translated by AmeliaEncoded by August
movie
A Choo (2020)
2020
(18+) Rated 19 Secret Lesson (2020) 6.5
(18+) Rated 19 Secret Lesson (2020) Rated 19 Secret Lesson (2020) ===================== ကိုရီးယားကားတောင်းဆိုနေကြတဲ့သူတွေအတွက်နောက်ထပ်တစ်ကားထပ်လာပါပြီ ဒီကားကတော့ တခြားကားတွေနဲ့ မတူပဲနည်းနည်းထူးခြားတယ်ပြောရမယ် ကိုယ့်ကောင်မလေးတွေ သိုင်းကျမ်းလေ့လာဖို့လိုနေသေးတယ်လို့ ခံစားမိတဲ့ဘဒိုတွေဒီကားကြည့်ပြီး နည်းလမ်းကောင်းလေးတွေ ပြန်ဖောက်သည်ချပေးလို့ရတဲ့ကားလေးဆိုလည်းမမှားပါဘူး အိမ်ထောင်သည်ဘဒိုတွေလည်းကြည့်ပြီး နည်းနာယူသင့်ပါတယ် ဇာတ်လမ်းမစခင်ပါတဲ့ ဆော်ကြီးနှစ်ယောက်အကြောင်းအရင်ပြောပြမယ် ပထမတယောက်ကတော့ ကိတ်ချက်က အခုကိတ်ပါတယ်ဆိုတဲ့ မော်ဒယ်တွေ ဘာလဲဆိုတာ မေးယူရလောက်တဲ့အထိ ကိတ်ပြီးမှည့်တယ် နောက်ထပ်ဆော်ကြီးတစ်ဗွေကတော့ အဖြုတ်ကြမ်းတဲ့ LCD ဆော်ကြီး သူကတော့ ဆရာမကြီးပေါ့ ကဲဇာတ်လမ်းအကြောင်းပြန်သွားရရင် sexသင်တန်းပေါ့ အဲ့သင်တန်းကိုတက်ပြီး sex ကိစ္စပိုင်းမှာပြောင်းလဲသွားတဲ့ယူဂျောင်းဆိုတဲ့ ဆော်လေးအကြောင်းကို ရိုက်ထားတာပါ အဲ့သင်တန်းပိုင်ရှင်ဆရာမကလဲ ဘာလာလာဒေါင်းဆရာမကြီးပေါ့ ကြမ်းတယ် ဆော်လန်းတယ်ဆိုမှကြည့်ချင်တယ်ဆိုဒီကားသာ ၁၈ယောက်စုပြီးဒေါင်းကြည့်လိုက်ပါတော့ ဗဟုသုတတွေလဲ ရတာပေါ့    Released: 04 Sep 2020  Runtime: 75 Mins  Genre: Romance  Countries: South Korea  Languages: Korean 
movie
(18+) Rated 19 Secret Lesson (2020)
2020
Ex-GirlFriend ( 2017 ) 6.3
Ex-GirlFriend ( 2017 ) ဒီတစ်ခါတော့ ဘဝအမောပြေစေမဲ့ ဟာသကားလေးလာပါပြီဇာတ်ကြောင်းလေးကတော့....လီရှောင်ယောင်က အချစ်ကြီးပြီး အမြဲဒေါသကြီးတတ်တဲ့ လူတစ်ယောက်ပါသူဟာ အရင်လက လမ်းခွဲခဲ့တဲ့ သူ့ရည်စားဟောင်းကို တမ်းတမ်းတတဖြစ်နေပြီးရုံးအောက်မှာ တောင်းပန်ရအောင် စောင့်နေခဲ့ပေမဲ့ ကောင်မလေးကအခြားကောင်လေးတစ်ယောက်နဲ့ ရှိနေတာ တွေ့သွားတဲ့အခါမှာ ဒေါသတကြီးကားနဲ့ တိုက်သတ်ဖို့ကြံလိုက်ပါတယ် ဒါပေမဲ့ သူ့ရည်းစားဟောင်းအတွဲကို မတိုက်နိုင်ဘဲလမ်းပလတ်ဖောင်းကနေ သစ်ပင်ကို ဝင်တိုက်မိပြီး သေသွားရှာပါတယ်အဲ့အချိန်မှာ သေမင်းတွေရောက်လာပြီး သေမင်းနှစ်ယောက်က သူ့ကြည့်ရတာသနားစရာကောင်းလို့ အခွင့်အရေးပေးတဲ့အနေနဲ့ အရင်တစ်လအချိန်အပြိုင်ကမ္ဘာကို ပြန်ပို့ပေးလိုက်ပါတယ် ဒါပေမဲ့ သူ့ရဲ့ပုံမှန် ခန္ဓာကိုယ်နဲ့ ပြန်မပို့လိုက်ဘဲမိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့ ပြန်ပို့လိုက်တာပါ သူရောက်သွားတဲ့အချိန်မှာအတိတ်က လီရှောင်ယောင်လည်း အဲ့ဒီကမ္ဘာမှာ ရှိနေပါတယ်သူ့အနေနဲ့ အတိတ်ကလီရှောင်ယောင်နဲ့ သူ့အရင်ရည်းစားကို ပြန်ပြေလည်အောင်ဘယ်လိုတွေလုပ်ပေးမှာလဲ ဘယ်လိုအလွဲလေးတွေနဲ့ဟာသတွေဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြရအောင်...Translated & Review By Yamin EiEncoded By LK
movie
Ex-GirlFriend ( 2017 )
The Princess Switch (2018) 6.1
The Princess Switch (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်...ဒီဇင်ဘာလလည်း ရောက်တော့မယ်...ခရစ်စမတ်နေ့လည်း နီးပြီဆိုတော့ ခရစ်စမတ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်...ကြည့်ရတာ ပျော်စရာကောင်းပြီး အဆုံးသတ်လည်းလှတော့ကြည့်ရှုသူတိုင်း ကျေနပ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ...Netflix မှဖြန့်ချီပြီး IMDb 6.1 ရထားတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းပါနော်...ဒီဇာတ်လမ်းမှာတော့ High School Musical ဇာတ်လမ်းနဲ့ လူသိများတဲ့မင်းသမီး Vanessa Hudgens က နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်...အညွှန်း- ချီကာဂိုမှာ မုန့်ဖုတ်ဆိုင်ဖွင့်ထားပြီး အတော်အသင့် နာမည်ရထားတဲ့ကောင်မလေး စတေစီ..သူက သူငယ်ချင်းဖြစ်သူ ကယ်ဗင်နဲ့ ဒီမုန့်ဖုတ်ဆိုင်ကို ဦးစီးပါတယ်...စတေစီက ရည်းစားနဲ့ကွဲပြီးပူပူနွေးနွေး အသည်းကွဲနေသူတစ်ယောက်ပါ...ဒါကို သိတဲ့ ကယ်ဗင်က စတေစီအတွက် စိတ်ထွက်ပေါက်ဖြစ်အောင်ဆိုပြီးဘယ်ဂရေးဗီးယားနိုင်ငံမှာ ကျင်းပတဲ့မုန့်ဖုတ်ပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့ပါတယ်...မုန့်ဖုတ်ပြိုင်ပွဲမှာ စတေစီပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်...ဘယ်ဂရေးဗီးယားနိုင်ငံကတော့ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုပါ...ဒီအချိန်က ဘယ်ဂရေးဗီးယားနိုင်ငံရဲ့ မင်းသား အက်ဒ်ဝပ်အိမ်ထောင်ပြုတော့မယ့် အချိန်ကာလဖြစ်နေပါတယ်...မင်းသား အိမ်ထောင်ပြုမယ့် သတို့သမီးလောင်းကတော့မွန်တဲနားရိုးမြို့စားအမျိုးသမီး မာဂရက်ပဲဖြစ်ပါတယ်...ထူးခြားတာက မာဂရက်နဲ့ စတေစီက ရုပ်တစ်ထပ်တည်းနီးပါး တူနေတာပါ...မာဂရက် မုန့်ဖုတ်ပြိုင်ပွဲအပြင်အဆင်ကို လာကြည့်တဲ့ အချိန်...စတေစီကလည်း ...
movie
The Princess Switch (2018)
2018
Wild Grass 2020 4.9
Wild Grass 2020 Wild grass 2020 =====================   Drama & romance အမျိုးအစားဇာတ်ကားတခုကိုတင်ဆက်ပေးချင်ပါတယ် ကောင်မလေးနှစ်ယောက်နဲ့ကောင်   လေးတယောက် စုစုပေါင်းသုံးယောက်ရဲ့ဘဝသုံးခုကို ဇာတ်လမ်းထဲမှာတမျိုးစီကနေပေါင်းသွားတဲ့ပုံစံကို1990ခုနှစ်   နောက်ခံနဲ့ရိုက်ပြထားပါတယ် (အဆုံးသတ်မှာမင်းသားမင်းသမီးညားတာလိုချင်တဲ့သူတွေအတွက်ကတော့   ဒါဟာဘဝအကြောင်းကိုရိုက်ပြထားတာလို့ပြောပါရစေ)   - ယွင်ချောင်ဟာ အမေနဲ့အမဆီကနေမြို့ကြီးကိုသွားပြီးရုပ်ရှင်တွေထဲကလိုဘဝကိုဖြတ်သန်းချင်သူ   - လီမိုင်ကတော့ အကကိုဘဝထက်ရူးသွပ်ပြီး ဂျပန်ထိတောင်သွားရောက်ကပြချင်သူ   - ဖုန်း ဆိုတဲ့ကောင်လေးကတော့ အကိုကိုအရမ်းချစ်ပြီး ဘေးအိမ်က အကကျင့်နေတဲ့   ကောင်မလေးကိုခိုးခိုးကြည့်ကာချစ်နေရသူ သူတို့ရဲ့အိပ်မက်ကိုယ်စီဟာ   သူတို့မျှော်လင့်သလိုလက်တွေ့ဖြစ်လာခဲ့မလားသိချင်ရင်တော့ဆက်လက်ကြည့်ရှုပေးကြပါဦ:    Translated by : Nay Chii Encoded by : YK
movie
Wild Grass 2020
2020
Alter Me (2020) 5.7
Alter Me (2020) Alter Me (2020)ဒီလို Covid အချိန်ကြီးမှာ Comedy ဇာတ်ကားလေးတွေကြည့်ရင်းစိတ်ညစ်စရာတွေကိုဖြေဖျောက်ချင်နေသူများအတွက်ဇာတ်ကားကောင်းလေးတစ်ကားကို အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီး တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက Comedy သက်သက်ကြီးပဲတော့မဟုတ်ပါဘူး Romance လေးတွေလည်းပါပါတယ်၁၆ယောက်စုကြည့်ရမယ့်အခန်းလေးတွေလည်းပါပါတယ် ပါသင့်တာမှန်သမျှအကုန်ပါနေတဲ့အတွက် လုံးဝကိုလက်မလွှတ်သင့်တဲ့ကားလေးပါအေမီဆိုတဲ့ကောင်မလေးဟာ အလုပ်လုပ်တဲ့နေရာမှာ အရမ်းတော်ပြီး အရမ်းလည်းထက်မြက်ပါတယ်အဲ့ဒီလိုပဲ သူ့ရဲ့လက်အောက်က ဝန်ထမ်းတွေကိုလည်း တော်နေမှ ထက်နေမှသဘောကျပါတယ်ဝန်ထမ်းတစ်ယောက်ယောက်က အမှားတစ်ခုခုလုပ်မိပြီဆိုတာနဲ့ ချွင်းချက်မရှိ ချက်ချင်းအလုပ်ထုတ်ပါတယ်အဲ့လိုကိစ္စတွေများလာတော့ ဝန်ထမ်းတွေဟာ သူ့ရဲ့ဒဏ်ကိုသည်းမခံနိင်ကြတော့ဘဲ HR ကိုတိုင်ကြပါတော့တယ်HR ကိုယ်တိုင်ကလည်း အေမီရဲ့အပြုအမူတွေကို သဘောမကျတဲ့အတွက်ရှေ့လျှောက် အေမီသာ မပြောင်းလဲလာဘူးဆိုရင် သူကိုယ်တိုင်အလုပ်ထုတ်ပါမယ်လို့ ရာဇသံပေးခဲ့ပါတယ်တစ်သက်လုံး ဒီလိုပုံစံနဲ့ပဲနေလာခဲ့တဲ့ အေမီအတွက် ချက်ချင်းပြောင်းလဲနိုင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်ကံကောင်းချင်တော့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က နည်းလမ်းတစ်ခုကိုပြောပြခဲ့ပါတယ်အဲ့တာကတော့ SEX ပါ SEX ကို အသုံးချပြီးတော့ စိတ်ဖိစီးမှုတွေကိုဖြေဖျောက်လိုက်ရင် လူတွေဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားကြပါတယ်တဲ့အေမီဟာ အဲ့ဒီအကြံကိုလက်ခံခဲ့ပြီး အွန်လိုင်းပေါ်က အမိုက်စားကောင်လေးတစ်ယောက်နဲ့အတူအိပ်ဖို့ချိန်းဆိုခဲ့ပါတယ်အဲ့ဒီကောင်လေးကတော့ အူနိုပါ အူနိုဟာ အချစ်စစ်ကိုတောင်းတနေတဲ့ကောင်လေးတစ်ယောက်ပေါ့ဘဝပေးအခြေအနေကြောင့် မကောင်းတဲ့အလုပ်ကိုလုပ်နေရပေမယ့် သူ့ကိုယ်သူတော့ကျေနပ်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်က သူ့ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်တဲ့အလုပ်မို့လို့ပါတဲ့အဲ့ဒီတော့ရှေ့ဆက်ရရင် သူတို့နှစ်ယောက်တွေ့ဖြစ်ခဲ့ပါတယ်ဖြစ်ချင်တော့ ...
movie
Alter Me (2020)
2020