Channel Myanmar

Sci-Fi

The Red Sparrow (2022) 6.4
The Red Sparrow (2022) The Red Sparrow (2022)The red sparrow ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တက်သစ်စမင်းသားတွေဆိုပေမယ့် ဇာတ်ဆောင် ဇာတ်ပို့ ဖြတ်လျှောက်က အစ အချိတ်ဆက်မိတာကြောင့် low budget လို့ မထင်ရလောက်အောင် ကြည့်ကောင်းတဲ့ ဇာတ်ကားလေးပါ ဒါအပြင် ဇာတ်လမ်း ဇာတ်ညွှန်းကလည်း ဆွဲဆောင်မှု ရှိနေပြန်တယ်...ဒီဇာတ်လမ်းကို မိတ်ဆက်ဖို့ အများကြီးမလိုပါဘူး... တစ်ခွန်းတည်းပါပဲ... နည်းပညာခေတ်ကြီး 21 ရာစုမှာ နည်းပညာမှ မသိရင် ခေတ်နောက်ကျပါပြီတို့ လူတောမတိုးတော့ဘူးဆိုတဲ့ ယနေ့ခေတ်မှာ အားလုံးက မသိမသာ နည်းပညာရဲ့ သားကောင်ကနေ ကျေးကျွန်အဆင့်ထိရောက်လာကြတာကို တွေးတောမိပြီး အနာဂတ်မှာ နည်းပညာက ဖန်တီးထားတဲ့ စက်ရုပ်တွေဟာ လူသားတွေကို ဘယ်လို ဝါးမြိုသွားမယ်ဆိုတာကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပေါ့....ဒါကြောင့် စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးပုံဖော် ဇာတ်ကားလေးကို ကြည့်ပြီး တကယ် ဒီလိုဖြစ်လာရင်လို့ တွေးပြီး ခဏလောက် ဦးနှောက် အလုပ်ပေးလိုက်ကြပါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Chu Chu ပဲ ဖြစ်ပါတယ်။Genre.....Action, Sci-Fi Quality….WEB-DL 1080p and ...
movie

The Red Sparrow (2022)

2022
Loveland (2022)
Loveland (2022) ကျွန်တော် တို့လက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အတုအယောင်တွေအများကြီး ရှိနေပါတယ် ဒါတောင်မှ လူသားစစ်စစ်တွေပဲနေထိုင်ကြတုန်းရှိပါသေးတယ် လူသားတွေကြားမှာ စက်ရုပ်တွေသာရောက်လာမယ်ဆိုရင်တော့ အစစ်အမှန်နဲ့ အတုအယောင်ခွဲခြားဖို့ဆိုတာ အင်မတန်ကိုခက်ခဲ့သွားမှာပါပဲ အတုအယောင်တွေကြားထဲမှာမှ အဆိုးဆုံး အတုအယောင်ကတော့ ချစ်ခြင်းမေတ္တာပါပဲ အဲဒီလိုဖြစ်လာနိုင်ချေရှိနေတဲ့ ကမ္ဘာမြေကြီးအကြောင်းကို စဉ်းစားစရာတွေအများကြီးဖြစ်သွားအောင် ရိုက်ထားတဲ့ ခေတ်လွန်ဇာတ်ကားကောင်းလေး တစ်ကားပါပဲ အေးအေးလေးဆိုပေမယ့် စဉ်းစားစရာတွေအများကြီးနဲ့ ကျန်ခဲ့မှာတော့ အသေအချာပါပဲ တခါတလေ လမင်းကြီးကိုမြင်လိုက်လို့ အော်…..စစ်မှန်တဲ့အလှတရားဆိုတာ ရှိပါသေးလားလို့တောင် သတိရစေမယ့် အတုအယောင်တွေကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ မှတ်ချက်…… ကေတီဗွီတို့ စင်တင်တို့သွားတဲ့ ဘရိုတွေ့ဆိုရင်တော့ ပိုထိပါလိမ့်မယ်  File size…(1.33 GB )/(643.09 MB )/(422.53 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Romance, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

Loveland (2022)

The Mystery Of Lop Nur ( 2022 ) 5.9
The Mystery Of Lop Nur ( 2022 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။  Quality : WEB-DL  1080p , 480p Format : mp4 Duration : 1h 26 min Genres : Action , Sci-Fi , Adventure Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK
movie

The Mystery Of Lop Nur ( 2022 )

Cube (2022)
Cube (2022) Cube (2022)Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်​​တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ​​ထောင်​ချောက်​နဲ့ ပ​ဟေဠိ​တွေ၊ ​ဘယ်အချိန် ဘယ်လိုနည်းနဲ့ ​သေမလဲ မှန်းဆမရမှု​တွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ ​သေဆုံးမှု​တွေ​ကြောင့် ဂျပန် survival genreဟာ Respect​ပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်က​တော့ မူရင်း က​နေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်​တွေရဲ့ ၄ကား​မြောက် ပုံစံမျိုးပါ။​ယောကျ်ားသား ၅​ယောက်နဲ့ မိန်းမ ၁​ယောက်၊ ဘယ်လိုဘယ်ပုံနဲ့​​ရောက်လာမှန်းမသိ​လိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူ​တွေ၊ ဒီလူ၆​ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူ​တွေမဟုတ်သလို တစ်ကြိမ်တစ်ခါ​တောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်​တွေဆို​ပေမယ့် တစ်ဦးချင်းစီရဲ့နောက်​ကြောင်းဟာ ရိုးရှင်းမှု၊ရိုး​ဖြောင့်မှုမရှိတာ​တော့ တူညီ​နေသူ​​တွေ...သူတို့​ရောက်​နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ​ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အ​ပေါ်​၊ ​အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်​ပေါက်များရှိ​နေသည်၊ မြင်သာ​​​အောင် ​ပြောရရင် လူ၆​ယောက်ဖမ်းခံထားရ​သော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထား​​သော ထူးဆန်းသည့် အ​ဆောက်အအုံကြီးဖြစ်သည်။လက်ရှိ​ရောက်​နေသည့် အခန်းမှသည် ​ရွေးချယ်စရာ ဂယ်​ပေါက် ၆​ပေါက်အထိ ​ပေးထား၍ ကြိုက်သည့်အ​ပေါက်မှ ...
movie

Cube (2022)

2022
The Calm Beyond (2020) 5.3
The Calm Beyond (2020) The Calm Beyond (2020)==================IMDb Rating - 5.3/10ကမ္ဘာဖျက် တိုင်ဖုန်းမုန်တိုင်းကြီးတစ်ခုကြောင့် နိုင်ငံတော်တော်များမှာ ဆူနာမီကြီးတွေဖြစ်ပြီး ဟောင်ကောင်ဟာလည်းရေနစ်မြုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာအမျိးသမီးတစ်ယောက်ကတော့ လူသူကင်းမဲ့နေတဲ့ တိုက်ပျက်တစ်လုံးထဲ တိတ်တဆိတ်နေနေလေရဲ့..ဒါပေမယ့်မကြာခင်မှာပဲ သူ့ဆီကိုမျောပါလာတဲ့ ကလေးငယ်တစ်ဦးကြောင့် သူ့ဘဝဟာလည်း ရုတ်ချည်းပြောင်းလဲသွားပါတော့တယ်....ဒါဆိုရင် သူမကဘာလို့တစ်ယောက်တည်းတိတ်တဆိတ်ပုန်းအောင်းနေရတာလဲ.. နောက်ပြီးတော့ ကလေးငယ်နဲ့တွေ့ပြီးနောက် သူမဘာတွေပြောင်းလဲသွားမလဲ... စတာတွေကို ကြည့်ရှုရမယ့် ဂရုဏာရသပေါ်အောင်ရိုက်ကူးထားပြီး ဇာတ်လမ်း ဇာတ်ကွက်များကိုလည်း စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဖန်တီးထားတဲ့ ဇာတ်ကား ကောင်းလေးလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size - (1.31 GB) / (557 MB) / (354 MB) Quality – WebRip 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Sci-Fi, Thriller Translator – Zaw Myo Thu Encoder – SWM
movie

The Calm Beyond (2020)

2020
After Yang (2021) 6.8
After Yang (2021) After Yang (2021) ~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~Directed By KogonadaA24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ ...
movie

After Yang (2021)

2021
Horror Stories 3 (2016)
Horror Stories 3 (2016) Horror Stories III (2016)IMDb - 5.3/10******************************************ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။ လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့ ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။ သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။ဘယ်လိုအိမ်ကြီးလဲ.... ဘယ်လိုလူတွေလဲဆိုတာ .... မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်.....။သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့ အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။"ကြောက်တတ်သူများ မကြည့်ရ" ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်......အဲဒီလိုပုံစံမျိုးပဲ ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင် - မားစ်ဂြိုဟ်က မိန်းကလေး... - လမ်းမထက်က ဒေါသမီး.... - စက်ရုပ် ဝိညာဥ်.... တို့ပဲဖြစ်ပါတယ်။2016 ခုနှစ်က ထွက်ခဲ့တဲ့ ...
movie

Horror Stories 3 (2016)

2016
Project Gemini (2022) 3.6
Project Gemini (2022) Project Gemini(2020)စတီဗင်ဟော့ကင်းက "လူသားတွေ ရေရှည်အသက်ရှည်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ကမ္ဘာကြီးကို စွန့်ခွါနိုင်မယ့် နည်းလမ်းကို ရှာဖွေကြရမယ်" လို့ ပြောခဲ့ဖူးပါတယ်တဲ့လူသားတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့်ဖွက်ဖွက်ညက်ညက်ကြေနေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားမျိုးနွယ်တွေ ဆက်လက်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရပါတယ်အပင်တွေကို အဓိကထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ကမ္ဘာဂြိုလ်ပေါ်က အပင်တွေ လျော့နည်းလာပြီး ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်ပမာဏဟာ အဆိုးဆုံးအခြေအနေကို ထိုးကျသွားမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သက်ရှိတွေကို ဖန်တီးခဲ့တယ်လို့ ယူဆရတဲ့ ရုပ်ကြွင်းနှစ်ခုကို အခြေခံထားတဲ့ Project Gemini ဆိုတဲ့ ပရောဂျက်ဟာ လူသားမျိုးနွယ်အတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်လာပါတော့တယ် အဲဒီပရောဂျက်အရ စက်လုံးလို့ အမည်ပေးထားတဲ့ အဲဒီပစ္စည်းကို သိပ္ပံပညာရှင်တစ်သိုက်က အာကာသထဲ သယ်ဆောင်သွားပြီး လူသားတွေ ရှင်သန်နေထိုင်နိုင်မယ့် ဂြိုလ်တစ်ခုကို ရှာဖွေဖို့ ကြိုးပမ်းကြပါတော့တယ်ဒါပေမဲ့ အာကာသစနစ်ထဲကို သွားတဲ့ လမ်းကြောင်းက ပြောင်းလဲသွားပြီး ဘယ်နေရာမှန်းမသိတဲ့ ဂြိုလ်ပတ်လမ်းတစ်ခုထဲကို ရောက်ရှိသွားပါတော့တယ်အာကာသစနစ်ကို သွားတဲ့ လမ်းကြောင်းက ဘာလို့ပြောင်းလဲသွားတာလဲ သူတို့ သယ်ဆောင်လာတဲ့ စက်လုံးနဲ့ ဂြိုလ်က ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ သိပ္ပံပညာရှင်တွေရော ကမ္ဘာမြေပေါ်ကို ပြန်လည်ခြေချနိုင်မလား လူသားမျိုးနွယ်အတွက် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူသွားနိုင်မလား ...
movie

Project Gemini (2022)

2022
The Long Walk (2019) 7
The Long Walk (2019) The Long Walk (2019)မျက်မှောက်ခေတ် ရုပ်ရှင်လောကမှာတော့ အနောက်နိုင်ငံရုပ်ရှင်ဇာတ်လမ်းတွေက ပိုပြီးလူသိများရေပန်းစားနေပေမယ့်လည်း အရှေ့တောင်အာရှရုပ်ရှင်တွေကလည်း တစ်စတစ်စ ကြိုးစားထိုးဖောက်လာနေပါတယ်။ ဒီရုပ်ရှင်ကတော့ အမေရိကန်မှာမွေးပြီး အဖေဖြစ်သူအငြိမ်းစားယူပြီးနောက်မှာ အမိမြေကိုပြန်လာတဲ့ Mattie Do ဆိုတဲ့ အမျိုးသမီးဒါရိုက်တာက ရိုက်ကူးထားတဲ့ရုပ်ရှင်ပါပဲ။ သူက လက်ရှိအချိန်ထိတော့ စုစုပေါင်း ရုပ်ရှင်သုံးကားရိုက်ခဲ့ဖူးတယ်။ - 2012 မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး horror film "Chanthaly" မှာပဲ ပေါက်သွားခဲ့ပြီး - 2016 မှာ "Dearest Sister" ဆိုတဲ့ horror film နဲ့ - 2019 မှာ "The Long Walk" ဆိုတဲ့ sci-fi /horror film ကို ရိုက်ကူးခဲ့တယ်။ရုပ်ရှင် သုံးကားလုံးက ဝေဖန်ရေးသမားတွေကြားမှာ နာမည်ရခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်း အကြိမ်ကြိမ်ပြသခွင့်တွေ ရခဲ့တယ်။ ပထမဆုံးရုပ်ရှင်ထုတ်အပြီးမှာတော့ သူက လာအိုနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဒါရိုက်တာအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။ယခင်ရုပ်ရှင် နှစ်ကားမှာတော့ horror သီးသန့် ...
movie

The Long Walk (2019)

2019
Lucid Dream (2017) 6.2
Lucid Dream (2017) Lucid Dream 2017Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းစုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူးသူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူးအဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ...
movie

Lucid Dream (2017)

Bigbug (2022) 5.5
Bigbug (2022) Bigbug (2022) ===========ဒီတစ်ခါမှာတော့ Netflix က ထွက်ရှိထားတဲ့ Sci Fi Comedy ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နည်းပညာတိုးတက်လာတာနဲ့အမျှ ဟင်းချက် သန့်ရှင်း ရေးလုပ်တာကအစ အိမ်တံခါးဖွင့်ပေးတာ အိမ်ထဲပစ္စည်းပျောက်ရှာတာအဆုံး လူတွေဟာ ကိုယ့်ကိုကိုယ်အားမကိုးတော့ဘဲ စက်ရုပ်တွေကို အသုံးချလာကြပါတယ်။ စက်ရုပ်မရှိတဲ့အိမ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ တနေ့မှာ အဲလစ်တို့အိမ်မှာရှိတဲ့ စက်ရုပ်တွေက ရုတ်တရက်အပြင်မှာ ဘေးအန္တရာယ်ရှိပါတယ်ဆိုပြီး အဲလစ်တို့ကို အပြင်ထွက်ခွင့် ပိတ်လိုက်ပါတော့တယ်။ စက်ရုပ်တွေကတော့ သူတို့ဘေးကင်းဖို့အတွက်ကြောင့် ပိတ်ချလိုက်တာဖြစ်ပေမဲ့ လူသားတွေရဲ့အတွေးက သူတို့နဲ့ မတူဘဲ တစ်မျိုးဖြစ်တဲ့အခါ.... ဒီအထင်လွဲမှုကို ​ လူသားတွေက နားလည်နိုင်မှာလား သူတို့ကိုစောင့်ကြိုနေတဲ့ အန္တရာယ်ကကော ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.98 GB) /(940 MB) / (580 MB) Quality – WebDL 1080p / 720p/480p Duration - 1h 51mins Subtitle – ...
movie

Bigbug (2022)

2022
AI Love You (2022)
AI Love You (2022) AI Love You (2022)ဒေါ့ပ် / ပေါ့ပ် အဖြစ် Mario Maurer လာန အဖြစ် Baifern Pimchanokဇာတ်လမ်းအကျဥ်းယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ် နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး "လာန" အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့ - "လာန" က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ "ဒေါ့ပ်" နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ - "​ဒေါ့ပ်" တစ်ယောက် "လာန" အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာက အချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ် - "ဒေါ့ပ်"ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် "ပေါ့ပ်"ကို စေလွှတ်ခဲ့ပါတယ် - "လာန" ပါဝင်တဲ့ မှတ်ဥာဏ်တွေကို "ပေါ့ပ်" တစ်ယောက်ဖျက်​ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီး AI ဖြစ်တဲ့ ...
movie

AI Love You (2022)

2022
The In Between (2022)
The In Between (2022) The In-Between (2022) ============= Drama, Romance, SupernaturalValentine Day အမှီ အေးဆေးဖီးလ်နဲ့ကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးလာပါပြီတက်စ်ဆာဆိုတာ အချစ်ကိုအယုံကြည်မရှိဘဲ ဘ၀ထဲကိုဝင်လာတဲ့ လူမှန်သမျှ တွန်းထုတ်နေမိတဲ့ ကောင်မလေးတစ်ယောက်ပေါ့ .... အဖြူအမည်းကင်မရာနဲ့ဓာတ်ပုံ‌ေ‌တွရိုက်ရတာ သဘောကျပြီး အချစ်အကြောင်းတွေကိုအများကြီးပြောတတ်တယ်... ပျော်ရွှင်စရာအဆုံးသတ်တွေကိုမယုံတဲ့ တက်စ်ဆာဟာ စကိုင်လာဆိုတဲ့ ကောင်လေးနဲ့ရုပ်ရှင်တစ်ရုံမှာတေ‌ွ့ရာကနေ ချစ်သူတွေဖြစ်လာပြီး သူ့အတွက် ပျော်စရာအဆုံးသတ်တစ်ခုဖြစ်လာမယ်ထင်ထားခဲ့တယ် ဒါပေမယ့် ကားအက်စီးဒင့်‌ေကြာင့် စကိုင်လာဟာသေဆုံးခဲ့ပြီး တက်စ်ဆာလည်း မသေရုံတမယ်အသက်ရှင်ခဲ့ပါတယ် ... နောက်ပိုင်းမှာ စကိုင်လာရဲ့ ဝိဉာည် ‌ပေါ်လာကာ တက်စ်ဆာကို တမလွန်က ဆက်သွယ်လာပြီး မပြီးပြတ်ခဲ့တဲ့ အရာ...မပြောဖြစ်ခဲ့တဲ့စကားတေ‌ွကို In-Between ဆိုတဲ့ ဝိဉာည်လောက ကနေ ဆက်သွယ်ပြောဆိုလာခဲ့တဲ့အခါမှာတော့...... သဘာ၀လွန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဘယ်လိုအဆုံးသတ်သွားမလဲ ကိုယ်တိုင်ပဲခံစားလိုက်ကြည့်လိုက်ပါ.အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 834MB, 278MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....Thiha Yan Naing Encoder ..... August
movie

The In Between (2022)

2022
Delivery (2021) 4
Delivery (2021) Delivery (2021)အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ Delivery ဆိုတဲ့ Web-Drama လေးကတော့ Movie အဖြစ် ထွက်ရှိလာခဲ့ပါပြီ။ထုတ်လွှင့်ခဲ့စဉ်ကတော့ စုစုပေါင်း ၈ ပိုင်း ပါဝင်ခဲ့ပါတယ်။Cast တွေကတော့ အမိုက်စားပါပဲ။(G)I-DLE အဖွဲ့ဝင် Miyeon Penthouse မှာ မင်ယော့အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lee Tae-Vin တို့လို လူငယ်ခြေတက် အဆင်လေးတွေ အဓိကပါဝင်ထားတဲ့ Web drama လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....ဂွက်ဒူရှစ်ဆိုတဲ့ ကိုယ်ခံပညာတော်တဲ့ မိန်းမချောလေးက အမေကိုရှာဖို့ရည်ရွယ်ချက်နဲ့ အစားအသောက် Delivery ပို့တဲ့အလုပ်လုပ်နေသူပါ။ သူ့အထက်လူကြီး ဂီဟွမ်နဲ့ မတည့်အတူနေ အလုပ်လုပ်ရင်း တစ်နေ့မှာတော့ အမေဖြစ်သူရဲ့သဲလွန်စနဲ့အတူ ကမ္ဘာကြီးကို စိုးမိုးဖို့ကြံနေတဲ့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ ..... အဆင်လေးတွေငမ်းရင်း ပေါ့ပေါ့ပါးပါးခွီနိုင်ကြည့်နိုင်မယ့် Webdrama လေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eain Lay ပဲ ဖြစ်ပါတယ်။Genre.....Action, Adventure, Comedy, Sci-fi and Fantasy Quality….WEB-DL 1080p and 720p and 360MB File ...
movie

Delivery (2021)

2021
Last Survivors (2022)
Last Survivors (2022) တတိယကမ္ဘာစစ်ကြီးဖြစ်ပြီးလို့ ပျက်ကပ်ဆိုက်နေတဲ့ကမ္ဘာကြီးမှာ ထရွိုင်နဲ့ဂျိတ်တို့ သားအဖနှစ်ယောက်တည်း တောထဲကအိမ်ကလေးမှာနေကြပါတယ်။ဂျိတ်ငယ်ငယ်လေးတည်းက တောထဲမှာအမဲလိုက်ပြီးဖြစ်သလိုနေထိုင်ကြပြီး သူ့အဖေက သူစိမ်းမှန်သမျှကို ရန်သူလို့သတ်မှတ်ကာ ပစ်သတ်ပါတယ်။အပြင်‌လောကမှာ လူဆိုးတွေပဲကျန်တာဖြစ်လို့ ဘယ်သူ့ကိုမှမယုံဖို့ သူ့အဖေက ဂျိတ်ကိုသင်ကြားထားပါတယ်။တစ်ရက်မှာတော့ သူ့အဖေဒဏ်ရာရတာကြောင့် ဂျိတ်တစ်ယောက် ဆေးရှာထွက်ရင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။သူ့အဖေက အပြင်လူမှန်သမျှသတ်ဖို့ညွှန်ကြားပေမယ့် ဂျိတ်ကစူးစမ်းချင်စိတ်‌ကြောင့်ဒီအမျိုးသမီးနဲ့နီးစပ်လာပါတယ်။သူစိမ်းတစ်ယောက်ကိုဘယ်လောက်ယုံနိုင်မလဲ။ ကိုယ့်ကိုတစ်သက်လုံး ကာကွယ်နေတဲ့၊ကိုယ့်ကိုချစ်တဲ့သူကိုရော ဘယ်လောက်ယုံနိုင်မလဲ။ဒါရိုက်တာ Drew Mylrea ရိုက်ကူးထားတဲ့ Survival Thriller အမျိုးအစားဖြစ်ပြီး မင်းသမီးချော Alicia Silverstone နဲ့ အတူ Stephan Moyer,Drew Van Acker တို့ပါ၀င်ပေးထားပါတယ်။ File size…(1 GB)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Scifi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Last Survivors (2022)

Mythica: The Godslayer (2016) 5.6
Mythica: The Godslayer (2016) Mythica: The Godslayer (2016)========================ဒီဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ...
movie

Mythica: The Godslayer (2016)

2016
Predestination (2014) 7.5
Predestination (2014) Predestination (2014) IMDb - 7.5/10_____Rotten - 83% ## Bluray 1080p & 720p updated ##    ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ ...
movie

Predestination (2014)

2014
Memoria (2021) 6.7
Memoria (2021) Memoria (2021)==============IMDb Rating - 6.7/10Modern Life ,Modern Noise လို့ဆိုရလောက်အောင် ကျွန်တော်တို့ရဲ့ယနေ့ခေတ် ဘဝနေထိုင်မှုပုံစံတွေက မနက်ကနေညအထိအလုပ်လုပ်ငွေရှာရင်း ဘဝရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပါတယ်။ ဒီလိုပါပဲ ယခင် ကျေးငှက်လေးတွေရဲ့တေးသံသာတွေနဲ့ပြည့်နှက် နေတဲ့ ပတ်ဝန်းကျင်ကမနက်ကတည်း ကားသံ၊ လူသံ၊ စက်မောင်းသံတွေနဲ့ပတ်ဝန်းကျင်က ဆူညံလို့နေပါတော့တယ်။ ဘဝနေထိုင်မှုအတွက်ပဲရှင်သန်လှုပ်ရှားရင်းနေလာရတော့ ဒီလို အသံတွေနဲ့အသားကျလာကြပါတယ်။ ဒါပေမယ့် အသားမကျသေးသူအတွက်တော့ အများနဲ့ မသက်ဆိုင်သောသူသဖွယ်ခံစားနေရမှာပါ။ဒီဇာတ်လမ်းကလည်း လက်ရှိလူနေမှုဘဝလှုပ်ရှားမှုတွေ..လူမှုဆက်ဆံရေးပုံစံတွေကို နောက်ခံမှာ မြုပ်နှံထားပြီး Tilda Swintonရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အေးအေးဖြည်းဖြည်းချင်း ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးက ခေတ်ပေါ်ပန်းချီကားတစ်ချပ်လိုမျိုး အပေါ်ယံကြည့်လိုက်ရင် အဓိပ္ပါယ်မရှိသယောင်ဖြစ်ပေမယ့် ပန်းချီကားအပေါ်မှာသေချာခံစားကြည့်လိုက်ရင်တော့ ရင်ထဲမှာ ခံစားချက်အတွေးတွေဖြစ်လာစေမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - ...
movie

Memoria (2021)

2021
The Door into Summer (2021) 6.6
The Door into Summer (2021) The Door into Summer =============================ဒီတစ်ခါမှာတော့ Robert A Heinlein ရေးသားပုံဖော်ထားခဲ့တဲ့သိပ္ပံစိတ်ကူးယဥ်ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့The Door into Summer အမည်ရ ဂျပန်ရုပ်ရှင်ကို တင်ဆက်ပေးပါရစေဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ကတော့အခြားသူမဟုတ်ဘူး Alice in the borderland ပရိသတ်တွေဆိုရင် ကျိန်းသေ သိကိုသိကြမဲ့နာမည်ကြီး မင်းသား Kento Yamasaki ပဲ ဖြစ်ပါတယ်Alice in the borderland မှာ အပီကြမ်းပြသွားတဲ့ Kento တစ်ယောက် ဒီရုပ်ရှင်ထဲမှာလည်းပရိသတ်ကြီးကို ဦးနှောက်သုံးပြီး စဥ်းစားခန်း ထပ်ဖွင့်ခိုင်းဦးမှာပါဒါဆိုရင် ဇာတ်လမ်းအကျဥ်းကို စကြည့်လိုက်ရအောင်ငယ်စဥ်ကထဲက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ တာကာကူရာ ဆိုအီချီရို ဆိုတဲ့ ကောင်လေးတစ်ယောက်....ဆွေမျိုးသားချင်းလည်းမရှိ အဖော်ဆိုလို့ ပီတိုလို့ခေါ်တဲ့ ကြောင်လေးနဲ့သာ နှစ်ဦးထဲ အတူနေခဲ့ရာကနေတစ်နေ့မှာတော့ မွေးစားမိဘတွေနဲ့အတူရီခိုလို့ခေါ်တဲ့ ညီမလေးတစ်ယောက် ဆိုအီချီရိုရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့ပါတယ်မွေးစားဖခင်နဲ့အတူ ဆိုအီချီရိုတစ်ယောက် နည်းပညာအသစ်အဆန်းတွေ ...
movie

The Door into Summer (2021)

2021