Channel Myanmar

Science Fiction

Gentlemen Broncos (2009)
Gentlemen Broncos (2009)  Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။“တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ ...
movie

Gentlemen Broncos (2009)

The Hyperions (2022)
The Hyperions (2022)  "ဟိုက်ပါရီရန်များ"2022 မှာထွက်ရှိထားတဲ့ စူပါဟီးရိုး parody ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ၁၉၇၉ မှာ တည်ထားပြီး ကျွန်တော်တို့မြင်နေကျ အခုခေတ်ကားတွေလို ရိုက်ထားတာ မဟုတ်ဘဲ ကျွန်တော်တို့ ငယ်ငယ်က အခွေနဲ့ကြည့်လို့ကောင်းခဲ့တဲ့ B-movie တွေလိုမျိုး ဇာတ်ကားပါဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ မှာ ပရော်ဖက်ဆာ ရက်ကတ်စ်ဆိုသူက စူပါ ပါဝါတွေ အသုံးပြုလို့ရတဲ့ Titan တံဆိပ်ကို တီထွင်ခဲ့ပြီး ဟိုက်ပါရီရန်(The Hyperions) ပရောဂျက်ကို တည်ထောင်ခဲ့ပါတယ်ပထမဆုံး Hyperions တွေဖြစ်ကြတဲ့ ဗစ်စတာနဲ့ အန်ဆယ်တို့နှစ်ယောက်က တစ်နေ့မှာ ရာထူးက ရပ်ဆိုင်းခံလိုက်ရပြီး Titan Badge တွေ ရုတ်သိမ်းခံလိုက်ရပါတယ် ...Hyperion မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက်လာခဲ့ရာကနေ တစ်နေ့တော့ ဗစ်စတာနဲ့ အန်ဆယ်တို့ မောင်နှမက Hyperion ပြတိုက်ကို ဝင်စီးပြီး ဓားစာခံတွေ ဖမ်းထားပါတယ်ပရော်ဖက်ဆာ ရက်ကတ်စ်ကို ခြိမ်းခြောက်ပြီး ဓားစာခံတွေကို ...
movie

The Hyperions (2022)

Dragon Hunter ( 2023 ) 5.7
Dragon Hunter ( 2023 ) တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ.... သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား...... ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Hunter ( 2023 )

The Butterfly Effect 3: Revelations (2009)
The Butterfly Effect 3: Revelations (2009)  Time travel ဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် ၂၀၀၉ခုနှစ်ထွက် Sci-fi/Thriller ကားကောင်းတစ်ခုပါ။ ရှေ့မှာ 1နဲ့ 2 လည်း ထွက်ထားပါတယ်။ဇာတ်လမ်းကတော့ Sam Reide ဆိုသူမှာ အချိန်တွေ ခုန်ကူးပြီး time travelလုပ်နိုင်တဲ့ abilityတစ်ခုရှိပါတယ်။ ဇာတ်လမ်းအစမှာတော့ သူက တခြားသူတွေရဲ့ မှုခင်းတွေ မဖြစ်ခင် အချိန်ကို သွား၊ တရားခံကို ရှာပြီး ရဲလက်အပ်တဲ့ အလုပ်ကို ပိုက်ဆံယူပြီး လုပ်နေတာ ဖြစ်ပါတယ်။သူ့မှာ Jenna ဆိုတဲ့ ညီမလေး ရှိပြီး အဲ့ဒီညီမလေးကို သူပဲစောင့်ရှောက်ထားတာပါ။ ငယ်ငယ်က သူတို့အိမ် မီးလောင်တော့ Sam ရဲ့ ညီမလေးက မီးထဲ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Samက အချိန်ကူးသွားပြီး Jenna ကို သွားကယ်ခဲ့ပါတယ်။ result အနေနဲ့ သူ့အဖေနဲ့ အမေ သေသွားခဲ့ပါတယ်။ အတိတ်ကို ...
movie

The Butterfly Effect 3: Revelations (2009)

The Butterfly Effect 2 (2006)
The Butterfly Effect 2 (2006)  နစ် လာဆင်ဟာ သူ့ရဲ့ကောင်မလေး ဂျူလီ မီလာကို မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ အောင်မြင်နေတဲ့ အလုပ်အကိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုဟာ ကွဲကြေပျက်ဆီးခဲ့ရပါတယ်.အဲဒီလိုနဲ့ သူ့ကိုယ်သူအပြစ်ရှိတဲ့ စိတ်နဲ့ရှင်သန်နေပြီး တစ်နှစ်လောက်အကြာမှာတော့ နစ်ဟာ သူ အချိန်နောက်ပြန်သွားနိုင်တယ်ဆိုတာကို မထင်မှတ်ပဲ သိသွားခဲ့ပါတယ်. သူက အဲဒီ့အစွမ်းကိုသုံးပြီးတော့ သူ့ကောင်မလေးဂျူလီ မသေဆုံးရအောင် ကာကွယ်ပါတော့တယ်.ကံမကောင်းစွာနဲ့ နစ်ရဲ့ အဲဒီလို အချိန်နောက်ပြန်သွားခြင်းဟာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ထိခိုက်လာပါတော့တယ်.နစ် တစ်ယောက် ဘာမှဆိုးဆိုးရွားရွားမဖြစ်ပဲ သူချစ်ရတဲ့ ဂျူလီကို ကယ်နိုင်မလား.... ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတစ်ခုလုံးကို စီးမျောပြီး အချိန် တစ်နာရီခွဲလောက် ကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဆွဲဆောင်ထားနိုင်တဲ့ Mystery Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်.နာမည်ကျော် The Mask ရုပ်ရှင်, Child's Play 3 ရုပ်ရှင်တွေအပြင် အခြားနာမည်ကြီး Horror ကားတွေဖြစ်တဲ့ Insidious, The Conjuring ...
movie

The Butterfly Effect 2 (2006)

Frequently Asked Questions About Time Travel (2009)
Frequently Asked Questions About Time Travel (2009) ဒီတစ်ခါမှာတော့ Sci- Fi ဇာတ်ကားလေးတစ်ခုကကိုတင်ဆက်ပေးချင်ပါတယ် အချိန်ခရီးသွားဇာတ်ကားလေးပါဇာတ်လမ်းအကျဥ်းလေးကတော့ရေး ပိထ်နဲ့ တိုဘီတို့ သူငယ်ချင်းသုံးယောက်ဟာ အလုပ်မှာအဆင်မပြေလို့ အရက်ဆိုင်ကိုသောက်ဖို့လာခဲ့ကြပါတယ် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေမှုတွေပြောပြကြရင်းပေါ့ သူတို့ထဲမှာမှ "ရေး'' က အချိန်ခရီးသွားခြင်းကိုအလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ အဲ့ဒီအရက်ဆိုင်မှာ ကတ်ဆီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပြီး သူမဟာ အနာဂတ်ကလာခဲ့တာဖြစ်ကြောင်းပြောပါတယ်။သူက အချိန်ခရီးသွားသူပါတဲ့ အနာဂတ်မှာ ''ရေး'' ဟာ နာမည်ကျော်တစ်ယောက်ဖြစ်ကြောင်းကိုလည်းပြောပြပါတယ် သူက အချိန်ယိုစိမ့်ပေါက်တွေကိုပြင်ရတဲ့သူပါ အရက်ဆိုင်ပတ်ဝန်းကျင်မှာ အချိန်ယိုစိမ့်ပေါက်ရှိနေလို့လာပြင်ရင်း ''ရေး'' နဲ့တွေ့တာပါ သူရှာနေတဲ့အချိန်ယိုစိမ့်ပေါက်က အရက်ဆိုင်က သန့်စင်ခန်းမှာရှိနေတာပါ အဲ့ဒီတော့ အိမ်သာထဲကိုဝင်သွားမိတဲ့သူငယ်ချင်းသုံးယောက် ဘယ်ခေတ် ဘယ်အချိန်တွေကိုရောက်သွားမလဲ သူတို့ လက်ရှိကာလကိုရောပြန်ရောက်ပါ့မလားဆိုတာကိ စိတ်ဝက်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size…(1.5 GB)/(879 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Comedy, Drama, Romance, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Frequently Asked Questions About Time Travel (2009)

Identity Crisis (2023)
Identity Crisis (2023) Grey Anatomy, History of the World, Light outနဲ့ The Fabulousတို့ထဲက သရုပ်ဆောင်ပိုင်နိုင်လှတဲ့ မင်းသမီး Scout Lepore ကနေ ဒီဇာတ်လမ်းထဲမှာ ၂ကိုယ်ခွဲပြီး လက်ဖျားခါလောက်အောင် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Scout Lepore အပြင် Greenhouse Academy, 20th Century Womenနဲ့ Side Effects အစရှိတဲ့ seriesတွေထဲက Finn Robertsနဲ့အတူ ဂန္တဝင်ကြီး Maria Canals-Barrera၊ Eliza Shin၊ Alexandra Boylanနဲ့ Elester Lathamတို့က အတူတကွ ဇာတ်ကို အထွတ်ထိပ်ရောက်အောင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဒီဇာတ်လမ်းကို "ကိုယ့်ကိုယ်ကိုရှာဖွေခြင်း"လို့ ဘာသာပြန်သူအနေနဲ့ သမုတ်ချင်ပါတယ်။ မက်ဒီစင် မွန်ဂိုးမယ်ရီ,ဆိုသူက မျိုးရိုးဗီဇကို လေ့လာသင်ယူနေနဲ့ ပထမနှစ် သိပ္ပံပညာရှင်လေးဖြစ်ပါတယ်။ သူက သိပ်တော်တဲ့ ...
movie

Identity Crisis (2023)

The Apostles ( 2014 ) 5.8
The Apostles ( 2014 ) ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ.... တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ...သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ... လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Science Fiction Runtime : 1h 40 Min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

The Apostles ( 2014 )

South Park: Joining the Panderverse (2023)
South Park: Joining the Panderverse (2023)  Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ်ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ‌ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ်အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ် File size…(760 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre...Animation, Comedy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

South Park: Joining the Panderverse (2023)

Johnny Z (2023)
Johnny Z (2023)  ဒီတစ်ခေါက် ဇွန်ဘီ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ သာမန် ဇွန်ဘီရုပ်ရှင်တွေက ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် တီထွင်ဆန်းသစ်မှုကြောင့်ပဲဖြစ်ဖြစ် ဇွန်ဘီ ဗိုင်းရက်စ်က ပြန်နှံ့ပြီး ရောဂါ Outbreak ဖြစ်တတ်တာပါ။ ဒါပေမယ့် အခု ရုပ်ရှင်မှာကတော့ ရှုထောင့်အသစ်ကနေ အမြင်အသစ်နဲ့ ကြည့်ရှု့လို့ ရမယ့် ဇွန်ဘီ ရုပ်ရှင်လေးပါ။ကမ္ဘာကြီးမှာ ရောင်ခြည်ကြောင့် လူတွေနဲ့ ဓာတ်ပြုပြီး လူသားတွေကို မကောင်းဆိုးဝါး မိစ္ဆာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ဒါပေမယ့် နော်ဒက်ခ် ဆေးဝါးကုမ္ပဏီက ဇွန်ဘီတွေကို စမ်းသပ်ပြီး ကုသဆေးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်က အခုမှ စမှာပါ။နော်ဒက်ခ် ဆေးကုမ္ပဏီက လူတစ်ပိုင်း၊ ဇွန်ဘီတစ်ပိုင်းဖြစ်နေတဲ့ လူနာဇီကို စမ်းသပ်ပြီး ဆေးတွေဖော်နေတာပါ။ ကုသဆေးပေါ်တာကောင်းပေမယ့် ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ရောဂါကို အမြဲတမ်း လုံးဝ ကာကွယ်နိုင်မယ့် ဆေးမျိုးကို မထုတ်ဘဲ တစ်ပါတ်တစ်ခါ ဆေးပြန်ထိုးရတဲ့ ကုသဆေးမျိုးကိုပဲ ...
movie

Johnny Z (2023)

Gentlemen Broncos (2009)
Gentlemen Broncos (2009)  Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။“တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ ...
movie

Gentlemen Broncos (2009)

The Quantum Devil (2023)
The Quantum Devil (2023)  ဒီဇာတ်လမ်းကတော့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ horror, mythology ဖြစ်ပါတယ်။သိပ္ပံပညာနယ်ပယ်မှာထူးချွန်ကြပေမယ့် မတော်တဆလုပ်မိတဲ့အမှားတွေကြောင့် လူ့အဖွဲ့အစည်းကနေတိမ်းရှောင်နေရတဲ့ အရည်အချင်းရှိ သိပ္ပံပညာရှင်တွေရှိပါတယ် တနေ့မှာ သူတို့ အသီးသီးဆီကို အမည်မသိဖိတ်ကြားစာရောက်လာပြီး နေရာတစ်ခုမှာဆုံစည်းကြဖို့ဖိတ်ခေါ်ထားပါတယ် အဲ့ဒီဖိတ်ကြားစာကိုပို့လိုက်တဲ့သူကလည်း လူ့ကျင့်ဝတ်နဲ့သွေဖယ်တဲ့ လူတွေကိုစမ်းသပ်တဲ့ကိစ္စလုပ်နေတာမလို့ နယ်နှင်ဒဏ်ပေးခံထားရတဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တွေကိုစုစည်းပြီး သူတို့တွေရဲ့နောင်တရစရာအတိတ်တွေကို ပြန်လည်းဖြည့်ဆည်းနိုင်ဖို့ သံလိုက်စွမ်းအင်အဟန့်အတားကိုချိုးဖောက်ပြီး နောက်လောကတစ်ခုဆီကို စိတ်နဲ့အချိန်ခရီးသွားပြီး ဝင်ရောက်ချင်တာပဲဖြစ်ပါတယ် ။ဒီအရူးသိပ္ပံပညာရှင်တွေ အောင်မြင်သွားကြမလား အတိတ်ကိုပြင်ဆင်ဖို့ဆိုတာကရောဖြစ်နိုင်လို့လား ဒါတွေကိုဒီဇာတ်လမ်းလေးထဲမှာသိရမှာဖြစ်ပါတယ် File size…(1.4 GB)/(733 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror, Science Fiction, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

The Quantum Devil (2023)

Guidance ( 2021 ) 5.6
Guidance ( 2021 ) AI ခေတ်ကြီးထဲ AI ကို အဆုံးမဲ့စွမ်းအင်အဖြစ် အသုံးပြုပြီး လူတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်မယ်ဆို ဘယ်လို ကမ္ဘာကြီးဖြစ်လာမှာလဲ စဉ်းစားတဲ့သူရှိကြမှာပဲ..ဒီလူငါ့ကို လိမ်နေတာလား... အမှန်အတိုင်းပြောနေတာလား ဆိုပြီး အလိုလိုသိချင်တဲ့သူရှိမှာပဲ.. သူတွေးလိုက်တိုင်း ငါသိနေတယ် ဆိုတာမျိုး ဖြစ်ချင်ကြသူလည်း နည်းမှာမဟုတ်ပါဘူး....ဒီဇာတ်ကားလေးက Guidance ဆိုတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို လိမ်ညာမရအောင် ခံစားချက်အမှန် ဖော်ပြပြီး ထိန်းချုပ်ထားတဲ့ App အကြောင်း နောက်ခံထားပြီး ရိုက်ကူးထားတာပေါ့.... NIS ဆေးလုံးလေးသောက်လိုက်တာနဲ့ အချင်းချင်း ကိုယ့်ကို လိမ်နေတာလား.... အမှန်ပြောနေရဲ့လား... သူ့ခံစားချက် အစစ်အမှန်က ဘာလဲ မြင်ရမယ်ဆို သောက်ကြည့်ကြမှာလား...ဇာတ်လမ်းထဲက ဟန်မြောင်ဆိုတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူ မိုက်ဇီရွှမ်တို့ကတော့ သောက်ခဲ့ကြပါတယ်... အပြန်အလှန် သိချင်တဲ့ အချက်လေးတွေက တွန်းအားပေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်...ကဲဒီတော့ သဘာဝလွန် ဒီစိတ်ကူးယဉ် ဆေးလုံးလေးက တကယ်ပဲ လူတွေကို ထိန်းချုပ်နိုင်သွားမှာလား... တကယ်ရော ချစ်သူနှစ်ဦးကို ပိုကောင်းတဲ့ အဆုံးသတ်ဆီ ပို့ပေးမှာလား... တကယ် ဒီ App က ချစ်ကြည်ရေးတွေ သယ်ဆောင်ပေးပြီး လူသားတွေအတွက် လိုအပ်ရဲ့လား... ကြည့်လိုက်ကြရအောင်~ Quality : ...
movie

Guidance ( 2021 )

The Fourth Kind (2009)
The Fourth Kind (2009)  Resident evil, Hell Boy, Survivor, Expendables 3 အစရှိတဲ့ဇာတ်လမ်းကောင်းပေါင်းများစွာရဲ့ မင်းသမီးဖြစ်သူ Milla Jovovich က ယခုရုပ်ရှင်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင် skillတွေနဲ့ ဇာတ်လမ်းကိုဦးဆောင်သရုပ်ထားပါတယ်။ ဒါအပြင် Star Trek , Evidence တို့ရဲ့ ပဲ့ကိုင်ရှင် Olatunde Osunsanmiကလည်း ယခုကားမှာ Director လုပ်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဟိုတလောလေးကမှ အမေရိကန်နိုင်ငံက ဂြိုဟ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုပေးလိုက်တာဆိုတော့ အချိန်အခါနဲ့အားလျော်သွားအောင် CMကနေ ဂြိုဟ်သားရုပ်ရှင် ကောင်းကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေက သာမန်ဂြိုဟ်သားရုပ်ရှင်လို တိုက်တာခိုက်တာမျိုးမဟုတ်ပါဘူး။ Science Fiction Psychological horror thriller film ဆိုတော့ နက်နဲပြီး ကြောက်စရာကောင်းပြီး ထူးဆန်းထွေလာပုံစံမျိုး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်တော့ သေချာပေါက် တွေးစရာ ၂ခုပေါ်လာမှာဖြစ်ပြီး အဆုံးမှာတော့ ...
movie

The Fourth Kind (2009)

Forgotten Experiment (2023)
Forgotten Experiment (2023)  ဇာတ်လမ်းကတော့ တီထွင်သူ စီးပွားရေးသမား အီသန်ဘလိတ်ခ်ရယ် သူ့ညီ ဂျေးကော့ဘ် ဘလိခ်ရယ် အခြားသိပ္ပံပညာရှင်တွေက စွမ်းအင်အသစ်နဲ့လေယာဉ်ကို စမ်းသပ်ရင်းနဲ့ ကျွန်းပေါ်ရောက်သွားကြတယ်ကျွန်းအသစ်ကို လေ့လာနေတုန်းမှာပဲ ပဟေဠိဆန်တဲ့ မြူတွေက အတိတ် အနာဂတ် ပစ္စုပ္ပန် အကုန်လုံးကို ရောထွေး ပုံဖော်နေတာကို သိလိုက်ကြရတယ် အနာဂတ်မှာဖြစ်မယ့် စစ်ပွဲကို ကာကွယ်ဖို့လုပ်တာရယ် ညီကိုနှစ်ယောက်ကြားက လောဘ‌ကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေရယ်ကို စိတ်ဝင်စားစွာကြည့်ရမှာပဲဖြစ်ပါတယ် File size…(1.5 GB)/(824 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Science Fiction, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie

Forgotten Experiment (2023)

Skyline (2010)
Skyline (2010)  ဒီကားလေးကတော့ Survival ကားမျိုးလေးပါ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ဒီကမ္ဘာပေါ်က သားရဲတွေ ဇွန်ဘီတွေမဟုတ်ဘဲ အဲ့တာတွေထပ်ပိုဆိုးတဲ့ အခြားကမ္ဘာက ဂြိုဟ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်ဇာတ်လမ်းလေးကတော့ ဂျယ်ရော့ဒ်နဲ့အယ်လိန်းတို့ချစ်သူနှစ်ဦးဟာ ဂျယ်ရော့ဒ်ရဲ့သူငယ်ချင်းဖြစ်သူ တယ်ရီရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလာခဲ့ကြပါတယ် ကံဆိုးစွာနဲ့ပဲ အဲ့ညမှာ ထူးဆန်းတဲ့အလင်းတွေကြောင့် ဂျယ်ရော့ဒ်တို့နိုးသွားကြပြီး ထကြည့်ကြတဲ့အခါ အဲ့အလင်းကိုမြင်တဲ့သူတွေတိုင်းဟာ စိတ်လွတ်ပြီး အဲ့အလင်းထုတ်တဲ့သတ္တဝါကြီးတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရတယ်ဆိုတာ သိလိုက်ကြတယ်ထိုအလင်းကြီးကိုမမြင်မိဖို့ ပြတင်းပေါက်တွေကို အိပ်ရာခင်းတွေနဲ့ကာကြရတယ် အပြင်ကိုလည်းထွက်လို့မရဘဲ အဲ့တိုက်မှာပဲ ဂျယ်ရော့ဒ်တို့လူတစ်စုပိတ်မိနေတော့တယ် နောက်တော့ ပိုဆိုးလာပြီး အဲ့ဂြိုဟ်သားတွေဟာ ပြတင်းပေါက်တွေကိုပါဖွင့်ပြီးဝင်လာကြတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(840 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Adventure, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Skyline (2010)

Apocalypse Clown (2023)
Apocalypse Clown (2023)  ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။‌နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။(ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း) File size…(1.7 ...
movie

Apocalypse Clown (2023)

Maid Droid (2023)
Maid Droid (2023)  ဂေါင်းကြီးတို့သာ လူသားနဲ့တစ်ပုံစံတည်းတူတဲ့ အိမ်ဖော်စက်ရုပ်မလေးကို အချိန်ပိုင်းနဲ့ငှားပြီး ကိုယ်ကြိုက်တာလုပ်ခွင့်ရမယ် ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအတိုင်း ငှားလို့ရမယ် ငှားကြမလား???ဟုတ်ပါတယ် ဒီဇာတ်ကားက အပေါ်မှာပြောထားသလိုပါပဲ ရန်ဒယ်ကုမ္မဏီဟာ လူသားနဲ့တစ်ပုံစံတည်း ထပ်တူညီတဲ့ ခံစားချက်ရှိတဲ့ လုပ်ဆောင်မှုစနစ်တွေ ပါဝင်တဲ့ အိမ်ဖော်စက်ရုပ်မလေးတွေကို အမျိုးသားတွေအတွက် အချိန်ပိုင်းအလိုက် ငွေကြေးတတ်နိုင်မှုအလိုက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လိုက်ကျော်ကတော့ ဟယ်ရီဆန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ပါ။ သူဟာ သူ့ထက်အသက်ထက်ဝက်ခန့်ငယ်တဲ့သူ့ကောင်မလေးက သူ့ကို ထားခဲ့တဲ့အတွက် ကြေကွဲလူငယ်လေးဖြစ်နေပြီး ဘားမှာသူ့သူငယ်ချင်းနဲ့ ထိုင်သောက်နေချိန်မှာ သူ့သူငယ်ချင်းက ဒီကုမ္ပဏီကို မိတ်ဆက်ပေးပြီး အိမ်ဖော်စက်ရုပ်မလေးတွေ ငှားလို့ရကြောင်း လမ်းညွန်လိုက်ပါတယ်။ဒီလိုနဲ့ သူဟာ ပထမဆုံးတစ်ကြိမ် လေးနာရီစာဆက်ရှင် စမ်းယူကြည့်ပြီး သဘောကျတဲ့အတွက် ဆက်ငှားဖြစ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကောင်မလေးက သူနဲ့ဇာတ်လမ်းပြန်ဆက်ချင်တယ်ဆိုပြီး ပြန်ဆက်သွယ်လာတဲ့အတွက် သူဟာ စက်ရုပ်မလေးကို ကုမ္ပဏီပြန်အပ်ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာ လူသားခံစားချက်တွေကိန်းအောင်းနေတဲ့ စက်ရုပ်မလေးကို မပြန်ချင်တဲ့အတွက် တစ်ခုခုကြံစည်ပါတော့တယ်။ ဒီလောက်ဆို ...
movie

Maid Droid (2023)

The Box (2009)
The Box (2009)  sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘ‌ကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Box (2009)

The Thaw (2009)
The Thaw (2009) Horror/Sci-fi အမျိုးအစားကားလေးပါ.......ဂေဟဗေဒ သုတေသန ကျောင်းသားလေးယောက်က ကြီးမားတဲ့ အာတိတ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့တဲ့အခါ... အခုတော့ ကမ္ဘာတစ်ဝှမ်း ကပ်ဘေးကို ရပ်တန့်ရန် သူတို့အပေါ်မှာ မူတည်နေပါပြီဒီဇာတ်ကားရဲ့ ဇာတ်ကွက်က အာတိတ်မှာ သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိတဲ့ သိပ္ပံပညာရှင်အုပ်စုနဲ့ ပတ်သက်နေပါတယ်။ အရမ်းအမိုက်စားရုပ်ရှင်တစ်ကားမဟုတ်‌ပေမဲ့ ဒီကားကပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အချို့နဲ့ ဆန်းကြယ်သောအကြောင်းအရာတွေပါတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(728 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie

The Thaw (2009)