Channel Myanmar

Science Fiction

The I Inside (2004)
The I Inside (2004) ကြိမ်ဖန်များစွာ ပြန်ပြင်ဆင်ချင်မိတဲ့အချိန်တွေဆိုတာ လူသားတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းအကျဥ်းကတော့ ကားတိုက်မှုတစ်ခုကနေ သတိပြန်ရလာတဲ့မစ္စတာကေဘယ်က ၂နှစ်တာမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့သမျှမှတ်ဉာဏ်အပိုင်းအစတွေကို တစ်ခုချင်းပြန်လည်ရှာဖွေတော့တယ်။ မှတ်ဉာဏ်တွေကို သတိရလာသလိုမဟုတ်ပဲ ကိုယ်ကိုယ်တိုင် အတိတ်ကိုရောက်သွားသလိုဖြစ်လာခဲ့တယ်။ လူမှုရေးဖောက်ပြန်မှုတွေ၊ အမွေဝေစုမတည့်တဲ့အစ်ကိုနဲ့ မစ္စတာကေဘယ်ကြား အဖြစ်အပျက်တွေ၊ ဆေးရုံနဲ့ အမွေဆိုင်အိမ်ကြားမှာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတဲ့ မစ္စတာကေဘယ်ရဲ့မှတ်ဉာဏ်တွေ...နောက်ဆုံးမှာတော့ ဖြစ်ပျက်နေသမျှအရာအားလုံးရဲ့ အကြောင်းအရင်းအမှန်ကိုသိခဲ့ရပါတယ်။ ဒီကားကတော့ နောက်ဆုံးဇာတ်သိမ်းခန်းမှာမှ ဇာတ်ဖြည်ပေးတဲ့ကားမျိုးပါ။ မစ္စတာကေဘယ်က တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲ၊ ပြန်လည်ပြင်ဆင်ချင်တာတွေကိုရော ပြင်ဆင်ခွင့်ရပါ့မလား၊ အတိတ်ရဲ့အမှားတစ်ခုကနေ လွတ်မြောက်ခွင့်ရနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလို့ရပါပြီ။File size…(2 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Drama, Thriller, Mistery, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The I Inside (2004)

Demolition Man (1993)
Demolition Man (1993)    ပြစ်မှုတွေမရှိတော့တဲ့ ခေတ်ကာလတစ်ခုက တကယ်ပဲအေးချမ်းသွားလား ၂၀၃၂ ခုနှစ်၊ ဆန်အန်ဂျလိစ်မြို့မှာ အအေးခန်းထောင်ဆိုတာ ဟိုးအရင်ကတည်းက ရာဇဝတ်သားတွေကို 0°အောက် အအေးခဲခန်းထဲထည့်၊ နှစ်တွေအကြာကြီး ပိတ်လှောင်ထားတယ်။ ဖြစ်ချင်တော့ တစ်နေ့မှာ ဆိုင်မွန်ဖီးနစ်ဆိုတဲ့ လူဆိုးတကောင်က ထောင်ထဲကနေ လွတ်သွားတယ်။ ဒီကောင်ကလဲ ဂန္တဝင် လူရမ်းကား လူသတ်သမား။ ဘာစည်းမှမရှိတဲ့ကောင်။ ဆန်အန်ဂျလိစ်မြို့တော်ဟာ ဖရုဿဝါစာ တခွန်းပြောမိရင်တောင် ဒဏ်ရိုက်ခံရတဲ့အထိ အေးဆေးနေကြပါတယ်။ သေနတ်တောင် ပြတိုက်မှာသွားကြည့်မှ မြင်ရတာပါ။ ဒီလိုမြို့ထဲကို ဖီးနစ်က သေနတ်တွေနဲ့ ရှယ်သောင်းကျန်းတော့ အကြမ်းဖက်မှုကိုမကြုံဖူးတဲ့ ရဲတပ်ဖွဲ့ဟာ ဘာလုပ်ရမှန်းမသိတဲ့နောက် ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဖီးနစ်ရဲ့ ရန်သူတော်ဟောင်းကြီး၊ ဖီးနစ်ကို ဖမ်းဖို့၂နှစ်တိုင် ကြိုးစားခဲ့တဲ့ ရဲစုံထောက်ဟောင်း ဂျွန်စပါတန်ကို အအေးခန်းထဲကထုတ်၊ အသက်ပြန်သွင်းပြီး ဖီးနစ်ကို လိုက်ဖမ်းခိုင်းပါတယ်။ ၂၀ ရာစုနှစ်သားဖြစ်တဲ့ စပါတန်ဟာ နိုးထလာချိန်မှာ ၂၁ ရာစုကို ရောက်နေပြီး ပြောင်းလဲသွားတဲ့ ...
movie

Demolition Man (1993)

S-Girl ( 2022 ) 5.9
S-Girl ( 2022 ) နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ ပတ်ဝန်းကျင်နေရာတိုင်းလိုလို စက်ပစ္စည်းတွေနဲ့ အစားထိုးလို့လာခဲ့ပါတယ် ။ လျိုကျားချီလို့ ခေါ်တဲ့ အမျိုးသားဟာ မိသားစုတွေကိုလဲ အချိန်မပေးပဲ သူ့ရဲ့ စက်ပစ္စည်းတွေနဲ့ပဲ အချိန်တွေကုန်ဆုံးလို့နေခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဇနီးဖြစ်သူဟာ ရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ် ။ဇနီးသည်ဆုံးပါးသွားပြီးတဲ့နောက်မှာလဲ ကျန်ရစ်တဲ့ သမီးငယ်လေးတွေကို ကလေးထိန်းနဲ့ ထားကာ သူကတော့ မိသားစုကို အချိန်မပေးပဲ အလုပ်တွေနဲ့ ဗျာများနေတုန်းပါပဲ ။ ဒီလို ကြပ်တည်းနေတဲ့အချိန်မှာ သူတို့ ကုမ္ပဏီကနေပြီးတော့ လူသားလို တစ်ထပ်ထဲ ပြုမူနိုင်တဲ့ လူသားစက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါတယ် ။စက်ရုပ်ကို ဒီဇိုင်းရေးဆွဲသူ လျိုကျားချီဟာ သေဆုံးသွားတဲ့ ဇနီးသည်နဲ့ ဆင်တူ စက်ရုပ်တီထွင်ပြီး အိမ်မှာ သမီးလေးတွေကို စေ ာင့်ရှောက်ဖို့ ထားခဲ့တဲ့အခါမှာတော့...? အသက် ၁၇ နှစ်အရွယ် သမီးအကြီးဖြစ်သူဟာ ဒီစက်ရုပ်ကို လုံးဝလက်မခံနိုင်ပေမဲ့ ဘာမှမသိနားမလည်တဲ့ ၅ နှစ်အရွယ် ညီမလေးကြောင့် လက်ခံခဲ့ပါတော့တယ် ။ ဒီတော့ ...-❏ မိသားစုကို အချိန်မပေးနိုင်တဲ့ ဖခင် နဲ့ သမီးလေး ၂ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ ...
movie

S-Girl ( 2022 )

Someday or One Day ( 2022 ) 6.2
Someday or One Day ( 2022 ) "အတိတ်ကို ပြန်လည်သွားနိုင်ပေမဲ့ အတိတ်ကဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား"အရာအားလုံးရဲ့ ဇာတ်လမ်းဖြစ်တည်မှု အစက "၂၀၀၉" ခုနှစ်...! အသက် ၂၈ နှစ်အရွယ်လီဇီဝေဟာ အအေးအဖျော်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်တဲ့ အသက် ၁၇ နှစ်အရွယ် ဟွမ်ယွီရွှမ်း နဲ့တွေ့ဆုံခဲ့ပါတယ် ။ တွေ့ဆုံတဲ့ အချိန်မှာလဲ တစ်ဦး နဲ့ တစ်ဦးဟာ ဟိုးအရင်ကတည်းက သိကျွမ်းခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်က ထူးဆန်းစွာနဲ့ ရလို့နေပါတယ် ။ဒီလိုနဲ့ပဲ နှစ်ဦးသား ဆက်ဆံရေးတွေဟာ ကောင်းမွန်လာခဲ့ပြီး ၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးရက် နှစ်သစ်ကူးညလေးမှာ သူတို့ရဲ့ချစ်ခြင်းခရီးစဥ်ကို စတင်ခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်အရောက်မှာတော့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လို့ လာခဲ့ပါတယ် ။ဟွမ်ယွီရွှမ်းတစ်ယောက် လက်ရှိပစ္စုပန်က ချစ်ရသူ လီဇီဝေကို ဆုံ းရှုံးလိုက်ရပြီးတဲ့နောက် ထူးဆန်းစွာနဲ့ပဲ သူမဟာ အတိတ်ကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးကြုံလာတဲ့အခါမှာ...?❏ လီဇီဝေကို ကယ်တင်ဖို့ အတိတ်ကိုတစ်ဖန်​ပြန်ရောက်သွားပေမဲ့ ❏ အနာဂတ် နဲ့ အတိတ် ကြားက ရောယှက်ရိုက်ခတ်မှုဒဏ်တွေ ကြုံတွေလာရတဲ့အခါမှာတော့ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်မှာလဲ?❏ အတိတ်ဆိုးကြီးကိုရော ...
movie

Someday or One Day ( 2022 )

Deep Sea Walleye ( 2023 ) 5.9
Deep Sea Walleye ( 2023 ) အခုတစ်ခေါက် CM က သတ္တဝါကြီးတွေနဲ့ စွန့်စားရေးကားတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် Deep Sea Walleye ဆိုတဲ့ သိပ္ပံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့-သင်္ဘောတစ်စင်းမှ သင်္ဘောသားက ဖန်ပြွန်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်။ ဖန်ပြွန်ထဲမှာ ရေဘဝဲလေးတစ်ကောင်ပါနေပါတယ်။ ထိုဖန်ပြွန်ထဲက ရေဘဝဲကို ဖက်တီးဆိုသူက စားပြမယ်ဆိုပြီး မီးဖိုချောင်ထဲမှာ လူတွေ စုနေကြသတဲ့။တစ်ဖက်မှာ ထိုသင်္ဘောပေါ်က သိန်း ၃၀၀ တန် စိန်ကြီးကို ဓားပြတိုက်ဖို ကျန်းယန်နဲ့ ချွေးလီတိုအဖွဲက သင်္ဘောတစ်စင်းဖြင့် ချဉ်းကပ်လာပါတယ်။ ဖန်ပြွန်ထဲက ရေဘဝဲလေးက ဘယ်လို သတ္တဝါကြီး အဖြစ်ပြောင်းလဲသွားပြီး လူတွေကို ဘယ်လို ဒုက္ခပေးမလဲ...... ကျန်းယန်တိုကရော ထို သတ္တဝါကြီးလက်ထဲကနေ အသက်ရှင်နိုင်ပါမလား...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားကြည့်ရှူလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction , Thriller Runtime : 1h 18 min Subtitle ...
movie

Deep Sea Walleye ( 2023 )

Give Me Five (2022) 5.3
Give Me Five (2022) မိန်းမသေဆုံးသွားပြီးနောက် မုဆိုးဖိုဘဝနဲ့သားဖြစ်သူကို စောင့်ရှောက်ပြီးနေထိုင်လာခဲ့တဲ့အပြင်လွယ်လွယ်နဲ့ မှတ်ဉာဏ်တွေကို မေ့ပျောက်တတ်သည့်အယ်ဇိုင်းမားရောဂါကို ခံစားနေရသူ - ဝူဟုန်ချီ(လောင်ဝူ)❏ မိခင်သေဆုံးပြီတဲ့နောက် ဖခင်နှင့်အတူသဘောထားကွဲလွဲမှုများစွာနဲ့နေထိုင်လာခဲ့ပြီးဖခင်ဖြစ်သူကို စောင့်ရှောက်လာခဲ့သူ - ရှောင်ဝူတစ်နေ့မှာတော့ အယ်ဇိုင်းမားရောဂါကို ခံစားနေရသူလောင်ဝူဟာ အသိစိတ်မဲ့ပြီး မြစ်ထဲကို ခုန်ချခဲ့ရာမှအစပြုကာ ဆေးရုံကို တင်လိုက်ရပါတော့တယ်ဖခင်ရဲ့ ဆေးရုံစရိတ်တွေကို ပေးဆောင်ဖိုဖခင်သိမ်းဆည်းထားတဲ့ ဘဏ်စာအုပ်ကို ရှာဖွေရင်းမတော်တဆ မိခင်ဖြစ်သူရဲ့ ဒိုင်ယာရီစာအုပ်ကိုတွေ့ရှိသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲ ရှောင်ဝူတစ်ယောက် ထူးဆန်းစွာနဲ့၁၉၈၀ ခုနှစ် အချိန်ကို အချိန်ခရီးသွားခဲ့ပြီး ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူတို ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုကို နှောင့်ယှက်မိခဲ့ပါတယ်သူနှောင့်ယှက်မိခဲ့တဲ့ လွဲမှားမှုကိုပြန်လည်ပြင်ဆင်ဖိုအတွက်အတိတ်ကိုပြန်သွားဖို ကြိုးစားတဲ့အခါမှာတော့ -❏ ဘာထူးဆန်းမှုတွေများထပ်ဖြစ်ကြမှာလဲ?❏ သူနှောင့်ယှက်ခဲ့မိတဲ့ ဖခင်နဲ့မိခင်တိုရဲ့ လွဲမှားမှုကိုရောသူပြင်ဆင်ပေးနိုင်ပါ့လား? ဆိုတာ ဟာသနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင်ဟာသကားလေးဖြစ်တာမိုစိတ်ညစ်နေတဲ့ အချိန်လေးမှာကြည့်ရှုဖို တိုက်တွန်းလိုက်ရပါတယ်ရှင်[Reviewed By Chit Mya Mya Hmwe]Quality : WEB-DL 480p,1080pFormat : mp4Genres : Comedy, Romance, ...
movie

Give Me Five (2022)

Mystery Magic Figure ( 2022 ) 6.1
Mystery Magic Figure ( 2022 ) CM ရဲ့ တရုတ်ဇာတ်ကားချစ်သူများအတွက် အခုတစ်ခေါက်လည်း တရုတ် Joker ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...တရုတ်ရိုးရာ မျက်လှည့်ဆိုတာလည်း ရှိတယ်ဆိုတာ ဒီကားလေးကနေ သိသွားနိုင်မှာပေါ့ ဒီဇာတ်ကားလေးက တရုတ်ရိုးရာမျက်လှည့်နဲ့ အနောက်တိုင်း မျက်လှည့်ပညာ တိုက်ပွဲကြားမှာ တရုတ်ရိုးရာ မျက်လှည့်ပညာရဲ့ အထွတ်ထိပ်ပစ္စည်းကို ဆက်ခံသူတွေက နောက်လာနောက်သားတွေကို လက်ဆင့်ကမ်းဖို့အတွက် ရှာဖွေပုံ အဆင့်ဆင့်လေးကို ရိုက်ကူးပြထားတာပါ...အဲ့ အထွတ်ထိပ်ပစ္စည်းက ဘာဖြစ်မှာလဲ နောက်ပြီး ဘာအတွက်ရှာဖွေတာလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတာမို့ ပြောပြရင် ပေါ့သွားလိမ့်မယ် ဇာတ်ကားလေးသာ ကြည့်လိုက်ကြပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science-Fiction Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mystery Magic Figure ( 2022 )

Moon Man ( 2022 ) 6
Moon Man ( 2022 ) ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရုံတင်ခဲ့ပြီးတော့ ရုံဝင်ငွေ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ပြီးတော့ တောင်ကိုရီးယား ကာတွန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ "Cho Seok" ဖန်တီးရေးသားထားသော "Moon You" ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူး အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့-❏ အမည်မသိမထင်ရှားတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းငယ်လေးအဖြစ် - ချန်ထန် ❏ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ကို ကြီးကြပ်ရသူအဖြစ် - မာလိ တို့ကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့-“လူသားတွေဟာ ဂြိုလ်ငယ်လေးတွေရဲ့ ဝင်ရောက်တိုက်ခတ်မှုကနေပြီးတော့ ကာကွယ်ပြီးတော့ ကမ္ဘာမြေကြီးကိုကယ်တင်ဖို့အတွက် "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် " ကို လက်တွေ့ကျကျစီစဥ်ရေးဆွဲခဲ့ကြပါတယ် ဒါပေမဲ့လို့ မထင်မှတ်ထားပဲ ဥက္ကာခဲကြီးက ကြိုတင်ဝင်ရောက်လာခဲ့တဲ့အတွက် အဖွဲ့ဝင်လုပ်သားတွေအားလုံး အရေးပေါ်အခြေအနေအရ ထွက်​ခွာနေရတဲ့အချိန်မှာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်ဖြစ်သူ တူကူယွဲ့ဟာ မတော်တဆမှုတစ်ခုကြောင့် အဖွဲ့ခေါင်းဆောင် မာလန်ရှင်းရဲ့ အသိပေးချက်ကိုလွဲချော်ခဲ့ပြီး တစ်ယောက်ထဲ လကမ္ဘာပေါ်မှာကျန်ရစ်ခဲ့ပါတော့တယ်မထင်မှတ်ထားပဲ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ဟာ မအောင်မြင်သွားပဲ တူကူယွဲ့ဟာ စကြဝဋ္ဌာအတွင်းမှာ နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သွားခဲ့ပါတော့တယ် အဲဒီမှာ သူ့ရဲ့ဘဝကို လကမ္ဘာပေါ်မှာ အချိန်ကုန်ရင်းနဲ့.....?”❏ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ ရင်ဆိုင်ရမလဲ ? ❏တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဘယ်လိုတွေကုန်ဆုံးမလဲ ? ❏ သူဒီစကြဝဋ္ဌာအတွင်းကနေရော ...
movie

Moon Man ( 2022 )

Mutant: Ghost War Girl ( 2022 ) 5.9
Mutant: Ghost War Girl ( 2022 ) CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mutant: Ghost War Girl ( 2022 )

Battlefield: Fall of The World ( 2022 ) 6.4
Battlefield: Fall of The World ( 2022 ) CM ကနေမှ ဒီတစ်ခါမှာတော့ တင်ဆက်နေကျ ပုံစံမျိုးမဟုတ်တဲ့ သိပ္ပံရုပ်ရှင်အမျိုးအစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် လူသားတွေအတွက်တော့ အိမ်မက်ဆိုးတစ်ခုလို နည်းပညာမြင့်မားလာတဲ့ တခြားဂြိုလ်တစ်ခုက ဂြိုလ်သားတွေဟာ ကမ္ဘာကြီးကို ကျူးကျော်ဝင်ရောက်ပြီး လူသား‌‌တွေကို အမြစ်ပြတ်ချေမှုန်းပစ်ဖို အကောင်ထည်ဖော်နေချိန်မှာ ကောင်းရန့် ဦးဆောင်ပြီး လင်ချန် ကျောက်လိကျင်းတို ကနေပြီးတော့ ခုခံရေးတပ်ဖွဲငယ်လေးကို ဖွဲပြီး ကမ္ဘာကြီးကို ဂြိုလ်သားတွေ လက်ထဲကနေ ကယ်တင်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်ကမ္ဘာကြီးက ဂြိုလ်သားတွေကြောင့် ပျက်စီးလုနီးပါးဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကြီးကို ကယ်တင်ဖို ဘယ်လိုကြိုးပမ်းသွားမှာလဲဆိုတာကိုတော့ ဒီသည်းထိတ်ရင်ဖိုစရာ ဇာတ်ကား လေးမှာ ကြည့်ရှုလိုရပါတယ်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science-Fiction Runtime : 1h 40 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team
movie

Battlefield: Fall of The World ( 2022 )

Mozart from Space ( 2022 ) 6.3
Mozart from Space ( 2022 ) ဒီဇာတ်ကားလေးကတော့ မျက်နှာချင်းဆိုင်လို့မရတဲ့ သားအဖနှစ်ယောက်ကြားထဲက အကြောင်းလေးပဲဖြစ်ပါတယ်။ နက္ခတ္တဗေဒကို အလွန်ရူးသွပ်တဲ့ သားဖြစ်သူရန့်ရှောင်ထျန်းကို အဖေလုပ်သူက စန္ဒယားပညာရှင်ဖြစ်စေချင်တယ်။အဲဒီအတွက်ကြောင့်ပဲ သားအဖနှစ်ယောက်ဟာ နေ့တိုင်းကို ရန်ဖြစ်စကားများနေကြပါတယ်။ တစ်ရက်မှာတော့ ဆန်းကြယ်တဲ့ ဂြိုလ်သားလေးမိုးဇက်ဟာ ရုတ်တရက် သူတို့အရှေ့ကို ပေါ်ပေါက်လာခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ မိုးဇက်ဟာ ရန့်ရှောင်ထျန်းကို သူ့အဖေနှင့် တိုက်ပွဲဝင်ရန် အကူညီပေးခဲ့တယ်။ရန့်ရှောင်ထျန်း မထင်မှတ်ထားမိတာက မိုးဇက် ကမ္ဘာမြေကို ရောက်လာရတာက တခြားတာဝန်တစ်ခုလုပ်ဖို့ ရောက်လာခဲ့တာပဲ။ အဲဒီတာဝန်က ဘာလဲဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction, Comedy Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mozart from Space ( 2022 )

The Wolves ( 2022 ) 6
The Wolves ( 2022 ) လေ့လာရေးခရီးထွက်လာတဲ့လေယာဥ်တစ်စီးဟာ နှင်းခဲတွေထူထပ်ပိတ်ဖုံးနေတဲ့ဒေသတစ်နေရာမှာပျက်ကျခဲ့ပါတယ်။ လူအတော်အများ သေဆုံးကုန်ကြပြီး အနည်းငယ်ပဲကျန်ရစ်ခဲ့ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တာကြောင့် ကယ်ဆယ်ရေးကိုမျှော်နေဖို့ရာကလည်း သိပ်မဖြစ်နိုင်လှပါဘူး။နှင်းတောထဲမှာဆက်လက်ရှင်သန်ဖို့ရာ ကိုယ့်အားကိုယ်ကိုးကြရဖို့ပဲရှိတဲ့လူတစ်စု ၊ လူအမျိုးမျိုးပါဝင်နေတဲ့အဲ့ဒီလူတစ်စုဟာ အသက်ရှင်သန်ဖို့ဘယ်လိုကြိုးစားကြလေမလဲ။သူတို့ကိုနောက်ထပ်အန္တရာယ်တစ်ခုကလည်းစောင့်မျှော်နေပါသေးတယ်။ အဲ့ဒါကတော့ ကြီးမားတဲ့ဗီဇပြောင်းဝံပုလွေတွေပါပဲ။ ဝံပုလွေရန်ကြောင့်သေဆုံးတဲ့သူတွေရှိလာတဲ့အခါ၊ ဗီဇပြောင်းဝံပုလွေတွေကို ရင်ဆိုင်ဖို့ဘယ်လိုလုပ်ကြမလဲ။ရှင်ဖို့ထက် သေဖို့လမ်းကများနေတဲ့ ဒီအ​ခြေအနေမှာ ဘယ်သူတွေကဘယ်လို အသက်ရှင်လွတ်မြောက်လာမလဲဆိုတာ စိတ်လှုပ်ရှားစွာ စောင့်စားကြည့်ရှုလိုက်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Wolves ( 2022 )

Morbius (2022) 5.1
Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie

Morbius (2022)

2022
4K HEVC Web-DL