Channel Myanmar

Jackie Chan

Dragon Lord (1982) 6.3
Dragon Lord (1982)   ကျွန်တော်တို့ရဲ့ childhood Kung Fu Heroကြီးဖြစ်တဲ့ ဂျက်ကီချန်းကားလေးပါဒီကားလေးမှာတော့ဂျက်ကီချန်းနဲ့သူ့သူငယ်ချင်းဟာ သူတို့ရွာရဲ့အရှေ့ပိုင်းကသူဌေးသားနှစ်ယောက်ပါ သူတို့ကမြင်းသမျှသူ့အဖေတွေကလိုက်ရှင်းနေကြရတာပါ။ဒီလိုနဲ့ တစ်နေ့ကမြင်းကျောထရင်းတိုင်းပြည်ရတနာတွေမှောင်ခိုရောင်းတဲ့အဖွဲ့နဲ့သွားရှုပ်မိပါတော့တယ် မှောင်ခိုအဖွဲ့နဲ့ကလေးနှစ်ယောက်တိုက်ပွဲကိုရှယ်ကြည့်ရမှာပဲဖြစ်ပါတယ် ဂျက်ကီချန်းကားတွေပီပီဟာသဆန်ဆန်စတန့်ကြမ်းကြမ်းတွေလဲမြင်ရမှာပါ သူတို့ရွာရဲ့ထူးထူးဆန်းဆန်းကစားပွဲတွေအကြောင်းလဲပါသေးတာမို့လို့ကြည့်ရှုခံစားပေးပါဦး..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by T.Lone
movie

Dragon Lord (1982)

Battle Creek Brawl (1980) 5.7
Battle Creek Brawl (1980)  သရုပ်ဆောင်အက်ရှင်မင်းသားကြီးဂျက်ကီချမ်းငယ်ငယ်ကဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ဂျက်ကီချမ်းရဲ့ ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းပဲ အက်ရှင်ခန်းတွေ အတိုက်အခိုက်တွေ ဟာသာတွေဝေဝေဆာဆာနဲ့ ပရိတ်သတ်တွေအမောပြေရဦးမှာပါ။ဇာတ်ကားထဲမှာမင်းသားကအလုပ်မရှိအကိုင်မရှိ (ဒါပေမယ့်ကောင်မလေးတော့ရှိပါတယ်)ပါ အဖေဖြစ်သူဖွင့်ထားတဲ့ဆိုင်ကို လူဆိုးတွေလာပြီး ဆက်ကြေးကောက်ရာကစလို့ သူတတ်ထားတဲ့ကွန်ဖူးပညာကို လူဆိုးအဖွဲ့ဘက်ကခေါင်းဆောင်က တွေ့ပြီးသဘောကျသွားခဲ့ပါတယ်။အဲ့ဒီနောက် ချီကာဂိုမှာကျင်းပမယ့် battle creek brawlမှာ ဂျက်ကီချမ်းကိုသူ့ဘက်ကနေ ဝင်ပြိုင်အောင် အကြပ်ကိုင်ဖို့ နည်းလမ်းရှာပါတော့တယ်.........ကဲ .. အညွှန်းဖတ်ပြီးပြီဆိုရင်တော့ 1980 ခုနှစ်တွေဆီက အနုပညာတွေကိုတဖန်ပြန်ခံစားလိုက်ကြပါဦး....... File size…(1.8 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Nay Chii 
movie

Battle Creek Brawl (1980)

1980
Spiritual Kung Fu (1978) 5.7
Spiritual Kung Fu (1978)  ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ဒီလိုနဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Spiritual Kung Fu (1978)

Dragon Fist (1979) 6.1
Dragon Fist (1979)   Jackie Chan ရဲ့ အရင်ကား‌လေးတွေထဲကတစ်ခုကို ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ဗျာJackie Chan ဟာ မိဘနှစ်ပါးလုံးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးလိုက်ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ သူ့ကို သူ့ဆရာဖြစ်သူက ကျွေးမွေးစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ သူ့ဆရာကို ပြိုင်ပွဲပြီးမှ ရောက်လာတဲ့သူတစ်ဦးက စိန်ခေါ်ခဲ့ပြီး အနိုင်ပိုင်းကာ မင်းသားတို့ သင်တန်းကျောင်း ဆိုင်းဘုတ်ကိုပါ ဖျက်စီးခဲ့ပါတယ် မင်းသားရဲ့ ဆရာဖြစ်သူဟာလည်း အရှုံးပေးခဲ့ပေမဲ့ ဆက်လက် တိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာ အပြင်းအထန်ရကာ သေဆုံးသွားပါတော့တယ်။ထိုအခါမှာတော့ မင်းသားတစ်ယောက် ကွန်ဖူးကို အပြင်းအထန်လေ့ကျင့်ပြီး သူ့ဆရာသေဆုံးခြင်းနဲ့ သင်တန်းကျောင်းရဲ့ သိက္ခာအတွက် ပြန်ပြီး လက်စားချေဖို့ လုပ်ပါတော့တယ်..... File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Dragon Fist (1979)

Drunken Master (1978) 7.4
Drunken Master (1978)   ဒီတစ်ခေါက်တော့ နာမည်ကြီးစတန့်သိုင်းပညာရှင် ဂျက်ကီချမ်း ငယ်စဉ်က သရုပ်ဆောင်ထားတဲ့ Drunken Master ဆိုတဲ့ အရက်မူးသိုင်းကားလေးကိုပြန်လည်ခံစားရအောင်ဗျာ။ဇာတ်လမ်းအကျဉ်း လူတိုင်းနဲ့ ရင်းနှီးပြီးသား လူရှုပ်လေးဟွမ်ဖေးဟုန်တစ်ယောက် ဖခင်ရဲ့ အပြစ်ပေးမှုအဖြစ် သူတောင်းစား ဆို ဆီမှာ သိုင်းမသင်ချင်လို့ ထွက်ပြေးရင်း သူတောင်းစား ဆို နဲ့ တိုးပြီး အရက်မူးသိုင်း ၈ကွက်သင်ရပုံတွေ။ ကျွဲခေါင်းတောင်အရေးအတွက် ကြေးစားလူသတ်သမားနဲ့ရင်ဆိုင်ပုံတွေကို ဟာသစကားအကြမ်းစားတွေနဲ့ ပုံဖော်ထားသလို အရက်မူးသိုင်းရှစ်ကွက်အမည်ကိုပါ ထည့်ရေးပေးထားတာမို့ ပေါ့ပေါ့ပါးပါး ကျင့်လိုက်ကြရအောင်လားဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ် ........... File size…3Gb / 1.5Gb Quality…1080p Blu Ray HEVC / 720p Format…mp4 Duration….1h 51m Genre.........Action, Comedy Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Lwin Htoo Aung 
movie

Drunken Master (1978)

1978
Snake and Crane Arts of Shaolin (1978) 6.4
Snake and Crane Arts of Shaolin (1978)    သိုင်းလောကမှာ ကျော်ကြားတဲ့ သိုင်းကျောင်းရှစ်ကျောင်းရှိပါတယ်။ ကျင်းပနေကျ ဆောင်းဦးရာသီ သိုင်းပညာဖလှယ်တဲ့ပွဲတော် တစ်နှစ်မှာတော့ ဒီကျောင်းရှစ်ကျောင်းက ဆရာသခင်တွေက မတူညီကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ကိုယ်ခံပညာတွေကို စုပေါင်းပြီးတော့ ပြိုင်စံရှားတဲ့ မြွေကြိုးကြာပေါင်းစပ်ဟန် သိုင်းရှစ်ကွက်ကို တီထွင်လိုက်ပြီး သိုင်းကျမ်းစာအုပ်တစ်အုပ်ရေးသားပြုစုခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာရှစ်ဆူက အကြောင်းအရင်းမသိရဘဲ ဆိုင်းမဆင့်ဗုံမဆင့် လောကကြီးကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်အပြီး မကြာပါဘူး ကျောင်းတိုင်း ဂိုဏ်တိုင်းက လိုချင်တဲ့ မြွေကြိုးကြာသိုင်းကျမ်းဟာ ရင်ဖန်းဆုဆိုတဲ့လူငယ်တစ်ယောက်နဲ့အတူ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ရင်ဖန်းဆုက တစ်ပြည်နယ်လုံးက သိုင်းကျမ်းတပြပြနဲ့ လှည့်လည်သွားလာနေပြီး သိုင်းကျမ်းလိုချင်တဲ့လူတွေအားလုံးကို တိုက်ခိုက်အနိုင်ယူလျက်ရှိပါတယ်။ဒီအချိန်မှာ သိုင်းကျောင်းရှစ်ကျောင်းရဲ့ တပည့်တွေရော ဂိုဏ်းအသီးသီးကပါ စာအုပ်ကိုလိုချင်နေကြပြီး သူတို့ရဲ့ဆရာသခင်တွေ ဘာဖြစ်သွားတာလဲဆိုတာကို အသည်းအသန်သိရဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရင်ဖန်းဆုက ဘာလို့ သိုင်းကျမ်းတပြပြ လျှောက်သွားနေရတာလဲ သူ့ဆီမှာကရော ဘာလို့သိုင်းကျမ်းရှိနေတာလဲ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ ဆရာရှစ်ဆူကရော ဘာလို့ပျောက်ကွယ် သွားရတာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး ဂျက်ကီချန်းပရိသတ်တွေကတော့ ...
movie

Snake and Crane Arts of Shaolin (1978)

Fearless Hyena (1979) 6.6
Fearless Hyena (1979)   ချန်းလုံဆိုတဲ့ လူငယ်လေးဟာ အဘိုးနဲ့အတူ တစ်ရွာပြီးတစ်ရွာ ရွှေ့ပြောင်းနေထိုင်ရင်း ရရာအလုပ်လုပ်ပြီး ဘဝကို ပျော်အောင်ဖြတ်သန်းနေတဲ့လူငယ်လေးဖြစ်ပါတယ်။ အဖိုးဖြစ်သူသင်ကြားပေးတဲ့ ကွန်ဖူးသိုင်းပညာကို ကြိုးစားလေ့ကျင့်ပြီး ပြဿနာပဲရှာနေတတ်တဲ့လူငယ်လေးရဲ့ အရည်အချင်းတွေကို အမြတ်ထုတ်မယ့် လူတစ်စုနဲ့ ဆုံတွေ့လာပါတော့တယ်။ကလိမ်ကကျစ်ကျတတ်တဲ့ လူတစ်စုစီ ရောက်သွားတဲ့ သူကရော ဘာတွေတွေ့ကြုံရမလဲ၊ အဖိုးက စည်းကမ်းတွေတားမြစ်ထားတာ ဘာကြောင့်များလဲ၊စည်းကမ်းတွေ မလိုက်နာခဲ့တဲ့ အကျိုးဆက်ကို ချန်းလုံတစ်ယောက် တွေ့ကြုံလာရတဲ့အခါမှာတော့ …comedy actionအမျိုးအစားဖြစ်တာကြောင့် ရယ်ရယ်မောမောကြည့်ရမယ့်အပြင် ဟောင်ကောင်မင်းသားကြီး Jackie Chanရဲ့ အသက်၂၀ကျော် ကာလအပိုင်းအခြားမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် old but goldလို့ အပြည့်အဝဆိုနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရိုးရာသိုင်းပညာကားတွေကို လွမ်းနေတဲ့သူတွေအတွက်လည်း ဟာသနှောထားပေမယ့် သိုင်းပညာဘက်မှာလည်း မလျှော့ထားတဲ့ The Fearless Hyena (1979) ကိုကြည့်ပြီး ဘဝအမောပြေနိုင်တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ်  File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p ...
movie

Fearless Hyena (1979)

Shaolin Wooden Men (1976) 6.4
Shaolin Wooden Men (1976)   JC ကားဟောင်းလေးတွေကို အလျင်းသင့်သလို နှစ်အလိုက် တင်ဆက်ပေးသွားမယ်လို့ ကြေညာထားတဲ့အလျောက် အခုလည်း ဂျက်ကီချန်းရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဂျက်ကီခန်းဟာ သူ့အဖေကို သတ်သွားတဲ့ "ချက်ကောင်းသုံးဆင့်တိုက်ကွက်"သိုင်းပညာရှင်ကို လက်စားချေဖို့ နှစ်ရှည်လများ စကားမပြောတတ်တဲ့ အ အလေးပုံစံဟန်ဆောင်ပြီး ရသမျှ သိုင်းပညာတွေကို အပတ်တကုတ်ကြိုးစားသင်ယူတဲ့ကောင်လေးတစ်ယောက်ပါ။သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာရင်းနဲ့ နောက်ဆုံးတွေ့လိုက်တဲ့အချိန်မှာတော့ လက်စားပဲချေနိုင်ပါ့မလား သူသင်ထားတဲ့ သိုင်းပညာတွေနဲ့ ယှဉ်နိုင်ပါ့မလား လက်စားချေရတယ်ဆိုတဲ့ ပူလောင်မှုကြောင့် သူအောင်မြင်ပါ့မလား ဆိုတာကို ကြည့်ရှုးခံစားကြည့်လိုက်ကြပါဦး............. File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mgthiha
movie

Shaolin Wooden Men (1976)

Snake in the Eagle’s Shadow (1978) 7.3
Snake in the Eagle’s Shadow (1978)   ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် 1978 ခုနှစ်လောက်ကထွက်ခဲ့တဲ့ jackie chan ရဲ့ကွန်ဖူးဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... လင်းယုန်လက်သည်းသိုင်းနဲ့ မြွေလက်သီးသိုင်းပညာတွေဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြိုင်ဘက်သိုင်းပညာတွေဖြစ်ပြီး ဂိုဏ်းအချင်းချင်းက နှစ်ပေါင်းများစွာယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်။တစ်နေ့မှာတော့ လင်းယုန်လက်သည်းသိုင်းကို တဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်ထားတဲ့သူ ရှန့်ခွင်းရီယွမ်တစ်ယောက် မြွေလက်သီးသိုင်းကို အဆုံးသတ်နိုင်တဲ့အခွင့်အရေးရလာခဲ့ပါတယ်။ မြွေလက်သီးဂိုဏ်းရဲ့တပည့်ပေါင်း ၃၀၀၀ ကျော်ကို သတ်ပစ်ခဲ့ပြီးနောက်ဆုံး ဆက်ခံသူ ၃ ယောက်ကိုသာရှင်းပစ်ဖို့ကျန်ပါတော့တယ်။ အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးတပည့်ဖြစ်တဲ့ ပိုင်ချန်ထင်ဟာ ထွက်ပြေးတိမ်းရှောင်နေရင်း ဝေ့ဝူကျောင်းတော်က စိတ်ရင်းကောင်းပြီး လေ့ကျင့်ရေးထိုးအိတ်အဖြစ် အမြဲအနိုင်ကျင့်ခံနေရတဲ့ လီချန်တွေ့သွားတဲ့အချိန်မှာတော့...လင်းယုန်လက်သည်းဂိုဏ်းက မြွေလက်သီးသိုင်းကို အမြစ်ပြတ်ချေမှုန်းသွားနိုင်မှာလား.. တခြားဘယ်လိုဇာတ်ကွက်တွေနဲ့ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ဆွဲခေါ်သွားမလဲဆိုတာကိုကြည့်ရှူရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။File size…(1.95 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe yee
movie

Snake in the Eagle’s Shadow (1978)

The Young Master (1980) 7.1
The Young Master (1980) The Young Master (1980)~ IMDb - 7.1/10, Rotten Tomatoes - 79% ~ဂျက်ကီချမ်းကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး သရုပ်ဆောင်ထားတဲ့ Classics ကားပေါ့။ သူ ဒါရိုက်တာစလုပ်တဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ပထမကားကတော့ The Fearless Hyena တဲ့။ သိပ်တော့မကောင်းခဲ့ဘူး။ ဒီကားကတော့ အများကြီးပိုတိုးတက်လာခဲ့ပုံပါပဲ။သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာက‌နေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ...
movie

The Young Master (1980)

1980
Crime Story (1993) 6.8
Crime Story (1993)   ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..ဂျက်လီဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်...ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ (၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်...ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီးအောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ကာကီဟွမ်မှလည်း ရရှိခဲ့ပါတယ်..အကောင်းဆုံး ...
movie

Crime Story (1993)

1993