Crime Story (1993)
IMDb (6.8/10)_______Rotten Tomatoes 93%
ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..
ဂျက်လီဟာ
အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..
(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာ
ဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်
ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်…
ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ
(၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး
သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်…
ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..
(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီး
အောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့
(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်
(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း
ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ကာကီဟွမ်မှလည်း ရရှိခဲ့ပါတယ်..
အကောင်းဆုံး ဇာတ်ပို့ဆု
အကောင်းဆုံး ဓာတ်ပုံဆု
အကောင်းဆုံး တည်းဖြတ်ဆု စသဖြင့်
ရုပ်ရှင်ထူးချွန်ဆုပေါင်း(၇)ဆုရရှိခဲ့တဲ့အထိ
အောင်မြင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ရုပ်ရှင်အညွှန်းကတော့…..
ဟောင်ကောင်ပြည်တွင်းမှာ ရာဇဝတ်မှုများကျူးလွန်ပြီး ထိုင်ဝမ်ကိုသွားရောက်ပုန်းရှောင်နေတဲ့ ရာဇဝတ်သားများကို ဖမ်းဆီးဖို့
ဟောင်ကောင်အစိုးရက အထူးရဲစုံထောက် အက်ဒီချန်းကို ထိုင်ဝမ်သို့စေလွှတ်ပြီး အမှုဖော်ထုတ်ခိုင်းရာမှ
ဟောင်ကောင်နှင့်ထိုင်ဝမ် အစိုးရနှစ်ဖွဲ့ရဲ့ တင်းမာသောဆက်ဆံရေးနဲ့
ရာဇဝတ်သားလွှဲပြောင်းမှုဥပဒေ မရှိသေးတဲ့ အချိန်ကာလဖြစ်နေသောကြောင့်
အခက်အခဲများကြားကနေ ရာဇဝတ်သားများကိုဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို Rockie Chan JC Facebook မှကူးယူဖော်ပြပါသည်။)