Channel Myanmar

Thriller

[James Bond] Moonraker (1979) 6.3
[James Bond] Moonraker (1979) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့  ၄ ကား မြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..အာကာသယာဉ်ကြီးနဲ့ Jaws ဆိုတဲ့ လူကောင်ကြီးကို မှတ်မိနေကြမယ် ထင်ပါတယ်။ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (6.3/10) ရရှိထားပါတယ်…။ File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:06:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

[James Bond] Moonraker (1979)

Invisible Alien ( 2021 ) 6
Invisible Alien ( 2021 ) ဒီတစ်ခါတော့ CMကနေ သိပ္ပံဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဇာတ်ကြောင်းလေးကတော့...လူသားတွေဟာ Messenger လို့အမည်ရှိတဲ့ ဂြိုလ်တုကနေ အချက်ပြချက်ရရှိခဲ့ပြီးအဲ့ဒီဂြိုလ်တုမှာ ဉာဏ်ရည်မြင့်သက်ရှိတွေ ရှိနေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်ဒါကြောင့် အနက်ရှိုင်းဆုံးအာကာသယာဉ်ဟာ Messenger ဆီသို့ သုသေသနလုပ်ဖို့ရွက်လွင့်သွားခဲ့ပါတော့တယ် အနက်ရှိုင်းဆုံးအာကာသယာဉ်က Messengerဂြိုလ်တုအတွက် ၇၁နှစ်ကြာရွက်လွင့်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ချိန်မှာတော့ဝန်ထမ်းပေါင်း ၉၃ယောက်ထဲမှ ယင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ပဲ ပြန်ပါလာခဲ့ပါတယ်အဲ့ဒီအချိန်မှာ...ယင်က လူသားတွေကို သူတို့ယာဉ်ပေါ်မှာ ဘာတွေဖြစ်ခဲ့ပြီးဘယ်လိုသက်ရှိမျိုးတွေနဲ့ ကြုံခဲ့ရတဲ့တာကြောင့် သူတစ်ယောက်တည်းကမ္ဘာမြေကို ပြန်ရောက်လာတာလည်းဆိုတာ တဆင့်ချင်းစီပြန်လည်ရှင်းပြပေးသွားမှာမို့လို့ ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ Quality : WEB-DL 1080pFormat : mp4During : 1h 13minGenres : Sci-Fi , ThrillerSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie

Invisible Alien ( 2021 )

The Last Seduction (1994) 7.1
The Last Seduction (1994) IMDb Rating (7.1) / Rotten Tomatoes (94%)ဒီဇာတ်ကားက Neo-Noir Crime ပုံစံပါ...Erotic Thriller လဲ ဟုတ်တယ်...ဇာတ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေက ပြင်းထန်တာကြောင့်ညွှန်းလိုက်တာနဲ့ Spoiler ဖြစ်စေနိုင်တာမို့ ဇာတ်ကြောင်းကို ဘာမှမညွှန်းချင်ပါ။Rating တွေကြည့်လိုက်တာနဲ့ အမိုက်စားဇာတ်ကားဆိုတာတော့ မငြင်းနိုင်ပါဘူး။ယောကျ်ားတွေကြောက်တဲ့ ရုပ်ရှင်တွေထဲက မိန်းမတွေရှိကြတယ်မလား...500 Days of Summers ထဲက ဆမ်းမားတို့....Gone Girl ထဲက အေမီတို့လေ...အဲ့ဒီစာရင်းထဲကို ဒီဇာတ်ကားထဲက ဘရစ်ဂတ်ဆိုသူလေးကိုပါ ထပ်တိုးဖြည့်လိုက်ပါ။မိန်းမတို့မာယာ သမုဒ္ဒရာလို နက်ရှိုင်းရုံတင်မကဘူး..မွန်းကြပ်သေတတ်သေးတယ်။  File size…(1.8 GB ) / (999 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sai Thurein Lynn
movie

The Last Seduction (1994)

Savaged (2013) Avenged 5.5
Savaged (2013) Avenged IMDb Rating (5.5) / Rotten Tomatoes (88%)သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်ချင်စရာ ဇာတ်ကားပါပဲ။ဇိုဝီဆိုတဲ့ ဆွံ့အ နားမကြားကောင်မလေးဟာ မက္ကဆီကိုနယ်စပ်က သူ့ချစ်သူဆီ တစ်ယောက်တည်း ခရီးထွက်လာပါတယ်...ကံဆိုးချင်တော့ လမ်းမှာ လူရမ်းကားတစ်စုနဲ့ ရင်ဆိုင်တွေ့ပြီး ပြေးမလွတ်ဘဲဖမ်းခံလိုက်ရပါတယ်...လူရမ်းကားအုပ်စုက သူမကိုဖမ်းခေါ်သွားပြီး စိတ်ကြိုက် အနိုင်ကျင့်နှိပ်စက်ခံရပါတော့တယ်...သာမန်အားဖြင့် သေဆုံးသွားရမယ့်သူမဟာ ရှေးအင်ဒီးယန်းတစ်ယောက်က ဆေးပြန်ကုသပေးချိန်မှာအစီအရင်တွေကြောင့် လက်စားချေချင်တဲ့ ဝိဉာဉ်တစ်ခု ဝင်ပူးလာပြီး ပြန်လည်နိုးထလာပါတော့တယ်။ရန်ငြိုးတွေကြောင့် သူသေကိုယ်သေ အပြိုင်ကြဲကြမယ့်ပွဲမှာ..သူပျောက်ဆုံးသွားတာကို သူ့ချစ်သူက သိရှိပြီး ကယ်တင်နိုင်မလား...လက်စားချေဝိဉာဉ်ကရော သူ့ဆီကနေထွက်သွားနိုင်မလား...ဆိုတာ။သွေးထွက်သံယိုနဲ့ ပိုးစိုးပက်စက် သတ်ဖြတ်ခန်းတွေပါဝင်ကြောင်း ကြိုတင်သတိပေးပါရစေ။  File size…(1.5 GB ) / (900 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

Savaged (2013) Avenged

Asmee(2021) 8.9
Asmee(2021) Asmee (2021)IMDB - 8.9/10မကြာ​​သေးခင်ကမှ ထွက်ရှိထားတဲ့ အိန္ဒိယဇာတ်ကား​ကောင်း​လေးတစ်ကားကို တင်ဆက်​ပေးချင်ပါတယ်။အာဆာမီဟာ ဆရာဝန်ဖြစ်ဖို့ အိပ်မက်မက်နေခဲ့တဲ့ကောင်မ​​လေးတစ်​ယောက်ဆို​ပေမဲ့ အမည်မသိလူတစ်​ယောက်ရဲ့ ပြန်​ပေးဆွဲခြင်းခံရပြီး​နောက်ရည်မှန်းချက်များပျက်သုန်းကာ သူမဘ၀ကြီး အ​မှောင်ဖုံးသွားခဲ့ပါတယ်။လေးနှစ်​ကျော်အထိ အခန်းငယ်​လေးထဲမှာပိတ်​နှောင်ပြီး အမျိုးမျိုးနှိပ်စက်ခဲ့တဲ့ ပြန်​ပေးသမားက တစ်​နေ့မှာ​တော့ရုတ်တရက်ကြီး သူမကိုလွှတ်​ပေးလိုက်ပါတယ်။လေးနှစ်လုံးလုံး မျက်လုံးကိုအ၀တ်စည်းပြီးချုပ်​နှောင်ခံခဲ့ရတာမို့ ပြန်​ပေးသမားမျက်နှာကိုမ​မြင်ခဲ့ရပါဘူး။စိတ်ဒဏ်ရာ​တွေပြည့်နှက်​နေတဲ့သူမဟာမေးခွန်း​ပေါင်းများစွာနဲ့ ပြန်​ပေးဆွဲသမားကိုအမိဖမ်းနိုင်ဖို့ အမြဲကြံစည်​နေပါ​​တော့တယ်။ဒီလိုနဲ့ တစ်​နေ့မှာ​တော့ ပြန်​ပေးဆွဲသမားနဲ့အသံ ကိုယ်နံ့ကအစ တူညီတဲ့ လူတစ်​ယောက်ကသူ့အိမ်ရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တယ်။အဲ့​​​တော့ အာဆာမီ ဘာဆက်လုပ်မှာလဲ....ပြန်​ပေးသမားက ဘာ​ကြောင့် သူ့ကိုလွှတ်​ပေးခဲ့တာလဲ...ပြန်​ပေးသမားက ဘယ်သူများလဲ.....စတဲ့စိတ်ဝင်စားဖွယ် ဇာတ်မြုပ်ကွက်များကို CM ပရိသတ်ကြီးတို့ကဆက်လက်ကြည့်ရှုအ​ဖြေရှာလိုက်ကြပါ​တော့ဗျာ။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသား​ပေးထားပြီးဘာသာပြန်သူများက​တော့YK နှင့် Thet Hnin Hsu ဖြစ်ပါတယ်။  File size…1.56GB / 1GB Quality…1080p AVC DD+5.1 / 720p Format…Mp4 Duration….1h37min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin ...
movie

Asmee(2021)

2021
The Midnight Meat Train (2008) 6.0
The Midnight Meat Train (2008) IMDb Rating (6.0) / Rotten Tomatoes (73%)ဘရတ်ဒလေကူးပါးပါဝင်တဲ့ Horror/Thriller အမျိုးအစား ခြောက်ခြားစရာဇာတ်ကားပါ....လီယွန်ဟာကြိုးစားရုန်းကန်နေဆဲလူငယ်ဓာတ်ပုံဆရာတစ်ယောက်၊ သူ့ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့ နာမည်ကြီးပန်းချီပြခန်းပိုင်ရှင်တစ်ဦးနဲ့တွေ့ဆုံရာကနေ သူ့အတွက်ကြိုးစားရင် ရလာမယ့်အခွင့်အရေးကိုမြင်တဲ့အလျောက်ညဘက်ဓာတ်ပုံရိုက်ပြီးကုန်ကြမ်းရှာထွက်ပါတယ်။သူ့ရဲ့ပွဲဦးထွက်ပြပွဲအတွက်လူတွေရဲ့အမှောင်ဘက်ခြမ်းကိုပြဖို့ကြိုးစားရင်း မဟော်ဂနီဆိုတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်၊ ညနက်သန်းခေါင်လူခြေပြတ်လတ်တဲ့ရထားတွေပေါ်မှာ ကျက်စားတတ်ပြီး၊ အဲ့ဒီမှာပါလာတတ်တဲ့ ခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့သူဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ မဟော်ဂနီကို စိတ်ဝင်စားလို့ Subject တစ်ခုလိုသဘောထားရာကနေ လီယွန်တစ်ယောက် မှောင်သထက်နက်ရှိုင်းလှတဲ့ လောကတစ်ခု၊ သူနားလည်ဖို့ စဉ်းစားဖို့ ဉာဏ်မမှီတဲ့ အရာတွေဆီ နီးသထက်နီးလာပြီး သူ့ချစ်သူ၊ ရည်မှန်းချက် ပတ်ဝန်းကျင်စတာတွေနဲ့ ဝေးသထက်ဝေးလာပါတော့တယ်။လီယွန်တစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား? သူ့ချစ်သူ သူငယ်ချင်းတွေက သူ့ကိုကယ်တင်နိုင်မှာလား။ သူစိတ်ဝင်စားတဲ့ မဟော်ဂနီရဲ့ နောက်ခံဇာတ်ကြောင်းက ဘာတွေဖြစ်မလဲ? စုန်းစမြုပ်စပျောက်သွားခဲ့တဲ့ လူပေါင်းများစွာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာနတွေ ဘာလုပ်နေခဲ့လဲ စတဲ့မေးခွန်းတွေကို ဒီဇာတ်ကားမှာ အဖြေရှာကြည့်ကြစေချင်ပါတယ်။Lion Gate logo ကြီးကိုမြင်လိုက်ရတာနဲ့ ဒီကားကောင်းမှာပဲလို့ခံစားရတဲ့ခေတ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒီတုန်းက ကြည့်ဖူးတဲ့သူတွေရှိကြမှာဖြစ်သလို အတော်လဲပေါက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ရေလည်ကြမ်းတမ်းပက်စက်ပြီး၊ ဘူတာရုံတွေ ရထားတွေကို ညနက်သန်းခေါင်မသွားရဲဖြစ်လောက်အောင် စိတ်ခြောက်ခြားမှုပေးနိုင်တဲ့၊ အာရုံထဲမှာ အတော်ကြာကြာစွဲနေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB ) / (999 ...
movie

The Midnight Meat Train (2008)

Naduvan(2021) 8.1
Naduvan(2021) Naduvan (2021)Naduvan (နာဒူးဗန်) မြန်မာမှုပြုမယ်ဆိုရင်တော့ ဟန်ဆောင်မျက်နှာဖုံးကြားက လူများပေါ့သက်ရှိမျိုးစုံ ပြေးလွှားလှုပ်ရှားနေတဲ့ ဒီလောကဇာတ်ခုံကြီးမှာ လူဆိုတဲ့ သက်ရှိကတော့ခန့်မှန်းရအခက်ဆုံးပဲဆိုတာ အားလုံး အသိဖြစ်မှာပါဒါကြောင့်လည်း ရှေးလူကြီးတွေက စိန်ခဲကျောက်ခဲကား ခတ်ရလွယ်၏ လူကဲခတ်ဖိုခက်၏ ဟု ဆိုခဲ့ကြတယ်လေလူဆိုတာသူတိုကိုယ်ချင်တာရဖိုဆိုရင် ဟန်ဆောင်မျက်နှာဖုံးလေးတပ် မျက်နှာလေးခပ်ပြုံးပြုံး ဟန်ဆောင်တတ်ကြတဲ့အမျိုး မဟုတ်လားကာသစ်က သူငယ်ချင်း ရှီဗာနဲ့အတူလက်ဖက်ခြောက်စက်ရုံတည်ထောင်ထားတဲ့သူပါ အလုပ်မလုပ်တဲ့ သူငယ်ချင်းအစားစက်ရုံကိုဦးစီးလုပ်ကိုင်ရတော့ အရမ်းအလုပ်များသူဖြစ်တဲ့အလျောက် မိသားစုကိုပါ အချိန်မပေးနိုင်ဖြစ်နေတဲ့သူဒါမဲ့ သူ့သမီးလေးကိုအရမ်းချစ်တဲ့ဖခင်တစ်ယောက်လည်းဖြစ်တယ်ဂုရူရဲ့အဖေက စာမေးပွဲကျ အလေလိုက်ဖွန်ကြောင်နေတဲ့ ဂုရူကို ကာသစ်ဆီအလုပ်လုပ်ဖို လွှတ်လိုက်ပါတယ်တနေ့မှာ ဂုရူတစ်ယောက် လျှိဝှက်ချက်တစ်ခုကို သိသွားပြီးတော့ အဲ့လျှိဝှက်ချက်ကြောင့်ပဲ စိတ်ဆင်းရဲစရာကိစ္စတွေကြုံလာရပါတော့တယ် စိတ်ညစ်စရာကြုံနေရတဲ့ ဂုရူတစ်ယောက် စိတ်ထွက်ပေါက်ရဖိုအတွက် လုပ်ရင်းကနေ ဘယ်လိုတွေဆက်ဖြစ်မလဲသူသိထားတဲ့ လျှိဝှက်ချက်ကကောဘာလဲ???Naduvan(နာဒူးဗန်) ဆိုတဲ့ နာမည်လေးအတိုင်း သူတိုတွေရဲ့ အနားမှာရော ဘယ်သူတွေက ဟန်ဆောင်မျက်နှာဖုံးတွေတပ်ဆင်ပြီး သစ္စာဖောက်သွားကြမှာလဲ??...ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်Review & Translated By Shwe ...
movie

Naduvan(2021)

2021
The Stronghold (2021) 7
The Stronghold (2021) The Stronghold (2021)IMDb - 7/10Bac Nord နာမည်နဲ့လည်း သိကြပါတယ်။၂၀၁၂ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမြောက်ပိုင်းက မာဆေးလ်ခရိုင်လေးဟာ ဒုစရိုက်မှုအများဆုံး ဥပဒေစိုးမိုးမှုအနည်းဆုံးခရိုင်တစ်ခုပါပဲ။အခု ဒီကားလေးကတော့ မာဆေးလ်ခရိုင် က ဂျူးရပ်ကွက်တစ်ခုကိုအခြေတည် ရိုက်ထားတာပါ။ရဲတွေတောင်မထိရဲလို့ ဒီအတိုင်းလွှတ်ထားရတဲ့ဂျူးရပ်ကွက် … သေနတ်ကို ဥပဒေလုပ်နေတဲ့ အဲဒီရပ်ကွက်ထဲက မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကို ဖြိုချချင်နေတဲ့ မာဆေးလ်ခရိုင်က သူငယ်ချင်းရဲသုံးယောက်က…. ဥပဒေစိုးမိုးမှုမရှိတော့တဲ့ အဲဒီရပ်ကွက်ထဲကို ဘယ်လို ထိုးဖောက်ဝင်ရောက်ပြီး မူးယစ်ဆေးဝါးကွန်ယက်ကြီးတစ်ခုလုံးကိုဖြိုချမလဲဆိုတာကိုတော့ အက်ရှင်ဇာတ်လမ်းပီပီ အကြမ်းအရမ်းတွေနဲ့ ကြည့်ရှုရမယ့် ပြင်သစ် ရဲစုံထောက်အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။အညွှန်းကိုတော့ Chit Tee က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားကတော့ Chit Tee နဲ့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.8GB and 1.25GB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Thiha Yan Naing Encoder .....August
movie

The Stronghold (2021)

2021
Intrusion(2021) 7.0
Intrusion(2021) Intrusion(2021) အညွှန်း********************IMDb...7.0Netflix ကထွက်ရှိတဲ့ Thriller ဇာတ်လမ်းသစ်လေးလာပါပြီ...ဘော်စတွန်လိုမြို့ကြီးတစ်မြို့ကနေ ကော်ရဲလ် ( Corrales ) လို့ခေါ်တဲ့ မြို့ငယ်လေးကိုဟင်နရီနဲ့မီရာတို့ပြောင်းလာခဲ့ရပါတယ် ...ပြောင်းလာပြီးမကြာပါဘူးလင်မယား၂ယောက်အိမ်မှာမရှိတုန်း အိမ်ဟာဖောက်ထွင်းခံရပါတယ် ...ဒုတိယအကြိမ်မှာတော့ အသက်အန္တရာယ်နဲ့နီးတဲ့အထိဖြစ်သွားခဲ့လို့ဇနီးဖြစ်သူမီရာမှာ အချိန်တိုင်းကြောက်နေပြီး Trauma ဝင်သွားပါတယ်...ဒါပေမယ့် မီရာမသိတာက..... အခုလိုဖောက်ထွင်းမှုတွေမှာ   သူထင်ထားတာထက်နက်နဲတဲ့လျှို့ဝှက်ချက်တွေရှိတယ်ဆိုတာပါပဲ...မီရာ့ယောက်ျားသေနတ်နဲ့ခုခံပစ်လို့ ဆေးရုံတင်ထားရတဲ့ဖောက်ထွင်းသမားကရောဘာလို့များမီရာ့ယောက်ျားစတိုးဆိုင်သွားတဲ့ညမှာ ရုတ်တရက်ဆုံးသွားရသလဲ ဆိုတာတွေပေါ့...ဒါတွေကိုဆက်စပ်ဖို့ လိုက်စုံစမ်းရှာဖွေရင်းနဲ့ မီရာတစ်ယောက်ဘာအခက်အခဲတွေအန္တရာယ်တွေကြားရောက်သွားမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုရမှာပါ American Thriller Movie အမျိုးအစားဖြစ်ပါတယ်File Size : (857 MB) and (1.74 GB) Quality :WEB-DL 720p Format…mp4 Duration…01:30:00 Genre :Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Ye & Kit Encoded by Phyo Pyae
movie

Intrusion(2021)

Cry Macho(2021) 6.0
Cry Macho(2021) Macho ဆိုတာ စပိန်လို သန်မာတယ် ဆိုတဲ့ အဓိပ္ပါယ်ပါမိုက်ကယ် ဟာ ဟိုးအရင်တုန်းက တက္ကဆက်က မြင်းပြိုင်ပွဲတွေမှာ ငါးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံ တစ်ယောက်ပါတစ်နေ့မှာတော့ သူ့မိန်းမနဲ့ သားဟာ ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားပါတယ်အဲဒီနောက်ပိုင်းမှာတော့ သူဘဝဟာ ဦးတည်ရာမရှိတဲ့ ​လှေတစ်စင်းလိုပဲ ပျက်စီးလာပြီး အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ လမ်းပျောက်နေခဲ့ပါတယ်အဲဒါနဲ့ သူ့ရဲ့အရင်ကသူဌေးဖြစ်တဲ့ ဟောင်းဝဒ် က သူ့ကို နေစရာ စားစရာရယ် အလုပ်ရယ်ပေးပြီးသူ့ဘဝကို ကယ်ဆယ်ပေးခဲ့ပါတယ်အဲ့လိုလုပ်ပေးခဲ့တာတွေကြောင့် မိုက်ကယ့်မှာ ဟောင်းဝဒ် ကျေးဇူးကြွေးတွေ တင်နေပါတော့တယ်တစ်နေ့ကျတော့ မက္ကဆီကိုမှာနေတဲ့ သူ့ရဲ့သားကို ပြန်ခေါ်ချင်တဲ့ ဟောင်းဝဒ်ဟာ မိုက်ကယ့်အိမ်ကို ရောက်လာပြီး အကူအညီလာတောင်းပါတော့တယ်သူများရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ပြီး ဘဝကိုအေးအေးဆေးဆေး နေချင်နေတဲ့ မိုက်ကယ်ဟာလည်း ဟောင်းဝဒ်ရဲ့တောင်းဆိုမှု ကို လက်ခံပြီး မက္ကဆီကိုက သားဖြစ်သူကို သွားခေါ်ပေးဖို့ လုပ်ပါတော့တယ်မိုက်ကယ်တစ်ယောက် သူဌေးရဲ့ သားဖြစ်သူကို လွယ်လွယ်ကူကူနဲ့ရော ...
movie

Cry Macho(2021)

2021
Deadly Misconduct (2021) 5.8
Deadly Misconduct (2021) Deadly Misconduct (2021)====================IMDb Rating - 5.8/10ဒီတစ်ခါမှာတော့ စုံစမ်းရေးမှူး အလန်းစားလေး ပါဝင်ထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးချင်ပါတယ်။အန်နီဟာ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရဲ့လက်ထောက်စုံစမ်းရေးမှူးဖြစ်ဖို့အတွက်အလားအလာကောင်းများစွာ ရှိနေတဲ့သူပါ။ ဒီလို အရည်အချင်းနဲ့ ပြည့်စုံနေတဲ့ အန်နီအတွက် သူ့သမီးလေးကတော့အရာရာပါပဲ။သူ့ချစ်သူ မာ့ခ်ရဲ့ ဖောက်ပြန်မှုကို သိသွားပြီးတဲ့နောက်ဖြေရှင်းကြတဲ့ခါမှာ သမီးလေးကိုသာ ကမ္ဘာထင်နေတဲ့ အန်နီဟာသူ့ရဲ့ ချစ်သူမာ့ခ်အပေါ်မှာတော့ အချိန်မပေးနိုင်တဲ့အတွက်ကြောင့်ပဲနှစ်ဦးသား လမ်းခွဲလိုက်ကြပါတယ်။တစ်ဖက်မှာလည်း လာဆန်က အန်နီနဲ့ ပြိုင်ဘက်ရှေ့နေတစ်ယောက်ပါ သူဟာ ဥပဒေအသိုင်းအဝိုင်းမှာ အသပြာရှေ့နေအဖြစ် နာမည်ကြီးသူဆိုရင်လည်း မမှားပါဘူး။ တစ်နေ့ အန်နီတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် လာဆန်အိမ်မှာတစ်ညအချိန်ကုန်မိသွားပြီး နိုးလာတဲ့ချိန်မှာ လာဆန်တစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ပါတော့တယ်။အန်နီကလည်း ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ... လာဆန်ကို သတ်တဲ့တကယ့်တရားခံအစစ်ကဘယ်သူလဲ...လူသတ်သမားက အန်နီကို ဒုက္ခပေးချင်တာလား... ဘာကြောင့် ဒီလိုတွေဖြစ်ခဲ့လဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမဲ့Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyaeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R ...
movie

Deadly Misconduct (2021)

2021
Another Girl (2021) 5.7
Another Girl (2021) အသစ်ထွက်ရှိလာတဲ့ Drama , Thriller ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်...အားလုံးပဲကိုယ်ကြိုက်တဲ့စာရေးဆရာရဲ့ဝတ္ထုထဲကဇာတ်ကောင်တွေကိုအပြင်မှာတစ်ကယ်ရှိတယ်လို့တွေးဖူးကြရဲ့လား တကယ်လို့တွေးဖူးကြမယ်ဆိုရင်တော့ဒီကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါအဲလ်လီဟာခပ်ဆိုးဆိုးကျောင်းသူလေးတစ်ယောက် သူမရဲ့အသည်းစွဲစာရေးဆရာမနာမည်ကတော့ကေသီပေါ့ တကယ်တော့ကေသီဆိုတာဝတ္ထုထဲကဇာတ်ကောင်တစ်ယောက်နာမည်ပါပဲ ကေသီဆိုတာအပြင်မှာတစ်ကယ်ရှိလားမရှိဘူးလားဆိုတာတောင်သူမမသိပါဘူး ဒါပေမယ့်သူမကတော့ကေသီဟာအပြင်မှာတကယ်ရှိတဲ့သူတစ်ယောက်လို့ယုံကြည်နေပါတယ် တစ်နေ့မှာတော့ကေသီရဲ့blogကနေပြီးတော့ကေသီကိုဆက်သွယ်မိလိုက်တဲ့အခါမှာတော့....သူမဟာတကယ်ပဲကေသီပဲလား အခြားတစ်ယောက်များလား အကယ်၍ကေသီဆိုရင်ရောဘာလို့အခုလိုမျိုး ပုန်းလျှိုးပြီး လူသိမခံချင်ရတာလဲ နောက်ကွယ်မှာဘယ်လိုကိစ္စတွေများရှိနေခဲ့လို့လဲဆိုတာ....။သမားရိုးကျတွေကခွဲထွက်တဲ့ မတူတဲ့ဇာတ်လမ်းဇာတ်ကွက်မျိုးကို ကြိုက်တတ်မယ်ဆို ဒီဇာတ်ကားက အဲ့လိုမျိုးပါ...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Rex မှ တင်ဆက်ထားတာပါ။) File size…(1.6 GB)/ (950 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Rex
movie

Another Girl (2021)

Girl in the Basement (2021) 6.4
Girl in the Basement (2021) Girl in the Basement (2021)====================IMDb Rating - 6.4/10ပရိသတ်ကြီးရေ စိတ်ထဲ ကလိကလိနဲ့ မခံသာစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။မပြေလည်တာတွေကို ခဏ ခေါက်ထားပြီး တွေးမယ်ဆို ယေဘုယျအားဖြင့် မိဘဆိုတာ သားသမီးတို့ရဲ့ ကွန်းခိုရာလို့ကျွန်တော်တို့တွေ လက်ခံထားကြပါတယ်။မိဘ အရိပ်သည်သာ အအေးချမ်းဆုံး မိဘ မေတ္တာသည်သာ အနွေးထွေးဆုံး မိဘ ရင်ခွင်သည်သာ အလုံခြုံဆုံးအဲသည်လိုလေးတွေ ဖော်ပြ ယူဆကြသဗျ။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ အထက်ကပြောခဲ့တာတွေဟာ ဟုတ်မနေခဲ့ပါဘူး၊ ဒုက္ခတွေရဲ့ မြစ်ဖျားခံရာက ကိုယ် ယုံကြည်ထားတဲ့မိဘဖြစ်နေမယ်ဆိုရင်ရော . . .  ခင်ဗျားတို့ စိတ်ကူးယဉ်ကြည့်ဗျာ . ကိုယ့်ရဲ့ အဖေအရင်းဖြစ်သူက ကိုယ့်ကို မြေအောက်ခန်းထဲမှာပိတ်ထားပြီး sexual abuse လုပ်တယ်ဆိုပါစို့။ အထူးသဖြင့် မိန်းကလေးတစ်ယောက်အတွက် ဒီလို အဖြစ်ဟာ တွေးကြည့်ရုံနဲ့တင်ရင်နာစရာကောင်းနေပါပြီ။ ဒီကားထဲက ကောင်မလေးလည်း ဒီအဖြစ်နဲ့ တကယ်လက်တွေ့ကြုံရပြီး ဘ၀နာခဲ့ရပါတယ်။ မြေအောက်ခန်းထဲမှာ  ...
movie

Girl in the Basement (2021)

2021
Candyman(1992) 6.7
Candyman(1992) 1နာရီခွဲလောက် အချိန်ပေးပြီး တကယ်ကောင်းတဲ့ horror movie တစ်ခုကို ကြည့်ချင်တယ် ဆိုရင် အခုပဲ ဒီဇာတ်ကားကို down ပြီးတော့သာ ကြည့်​လိုက်ပါကြည့်ရတာ တကယ်တန်တဲ့ ဇာတ်ကားမျိူးပါနောက်ပြီး ဒီဇာတ်ကားက Candy Man saga မှာ ပထမဆုံးထွက်ခဲ့ပေမယ့် အကောင်းဆုံးလို့ သတ်မှတ်ခြင်း ခံထားရတာပါဘာလို့လဲဆိုတာ သိချင်ရင်တော့ အပေါ်ကပြောထားတဲ့အတိုင်းပဲ သွားသာကြည့်လိုက်ပေတော့ ကိုယ့်လူအကြောင်းအရာကတော့ သူ့နာမည်ကို မှန်ထဲကြည့်ပြီး ငါးခါခေါ်ရင် ခင်ဗျားဆီကို သူရောက်လာမယ် သတ်ချင်ရင်သတ်တယ် ဖြတ်ချင်ရင်ဖြတ်တဲ့ သံချိတ်ကြီးနဲ့ သကြားလုံးလူသား အကြောင်းပါပဲဒါပေမယ့် အဲ့သကြားလုံးလူသားကို တကယ်ရှိတယ်လို့ ခင်ဗျား ထင်လား?မရှိဘူးလို့ ထင်တယ် ဆိုရင်တော့ ဒီဇာတ်ကားထဲက မင်းသမီးနဲ့ အတွေးချင်းတူသွားပါပြီသူကလည်း သကြားလုံးလူသားဆိုတာ ပုံပြင်သက်သက်ပဲ အပြင်မှာ တကယ် မရှိဘူး လို့ယုံကြည်ပြီးတော့ အပြင်မှာ လူသတ်ချင်တဲ့ သူတစ်ယောက်က သကြားလုံးလူသား နာမည်ကို သုံးပြီး လူတွေ ...
movie

Candyman(1992)

1992
Candyman 3: Day of the Dead(1999) 4
Candyman 3: Day of the Dead(1999) သေဆုံးသူများရဲ့နေ့မှာ ကွယ်လွန်လေပြီးတဲ့သူတွေကို တောင့်တအောက်မေ့ဖို့နဲ့ သူတို့ရဲ့ ဝိညာဉ်တွေကို ပြန်လည်ကြိုဆိုတဲ့အနေနဲ့ ကျင်းပတတ်ကြပါတယ်။ကိုယ့်မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ကို ပြန်လည်တွေ့ဆုံနိုင်ဖို့ ဖိတ်ခေါ်တဲ့ပွဲလေးပေါ့။အဲဒီနေ့မှာ လူ့လောကရဲ့ ဝိညာဉ်လောကကို ခြားနားထားတဲ့ အကာအရံက အပါးလွှာဆုံးလို့သတ်မှတ်ကြပါတယ်တဲ့။ မမျှော်လင့်ဘဲ ဖိတ်ခေါ်မိခဲ့တဲ့အတွက် ချိုချဉ်လူသားကြီးရဲ့ မျိုးဆက်ဖြစ်တဲ့ ကာရိုလိုင်းကို ချိုချဉ်လူသားကြီး လာပြီးနှုတ်ဆက်ရင်း သူ့ဘေးကလူတွေကို တစ်ယောက်ပြီး တစ်ယောက်သတ်ပစ်ပါတယ်။သွားလေရာတိုင်း အလောင်းချင်းထပ်နေတော့ ကာရိုလိုင်းကို ရဲတွေကလည်း တရားခံလို့ထင်လာပြီး သူ့ကိုလိုက်ဖမ်းကြပါတော့တယ်။မျိုးဆက်အမွေကို ဆက်ခံထားတဲ့ ပန်းချီဆရာမလေး ကာရိုလိုင်းတစ်ယောက် ရဲတွေနဲ့ ချိုချဉ်လူသား ဝိညာဉ်လူသတ်သမားကြားမှာ ဘယ်လိုအသက်ဆက်ရှင်သန်နိုင်အောင် ကြိုးစားသွားမယ်ဆိုတာကို တတိယမြောက် Candyman ဇာတ်ကားဖြစ်တဲ့ Day of the deads ဇာတ်ကားမှာ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။(ဘာသာပြန်တင်ဆက်ပေးတဲ့သူကတော့ Oleander ပဲဖြစ်ပါတယ်)  File size…(1.4GB)/ (691 MB)/ (344 MB) Quality…Bluray 1080p /720p / 480p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle ...
movie

Candyman 3: Day of the Dead(1999)

1999
Candyman 2: Farewell to the Flesh(1995) 5.3
Candyman 2: Farewell to the Flesh(1995) တကယ်လို့တကယ်လို့ သင့်အိမ်မှာ မှန်တစ်ချပ်ရှိတယ် ဆိုရင် အဲ့မှန်ရှေ့ကိုသွားပြီးတော့..."Candy Man,Candy ManCandy Man,Candy ManCandy Man!" ဆိုတဲ့ အတိုင်း သူ့ရဲ့ နာမည်ကို ငါးခါ မခေါ်လိုက်မိပါစေနဲ့အဲဒီလိုခေါ်လိုက်တာနဲ့ သူဟာ သင့်အနောက်ကို ရောက်လာပြီး သင့်ရဲ့ ဗိုက်ကို သံချိတ်နဲ့ထိုးခွဲသွားမှာပါ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် ကျွန်တော်တို့ သူ့ရဲ့ နာမည်ကိုတော့ ကြားဖူးချင်ကြားဖူးကြပါလိမ့်မယ်အခု ဒီရုပ်ရှင်ထဲမှာ တော့ Candy Manက ဘယ်သူလဲ ဘာလို့ Candy Manဖြစ်လာတာလဲ ဆိုတဲ့ သူ့ရဲ့ originsတွေကို သေသေချာချာ နားလည်သွားမှာပါ ဇာတ်ကားက runtime တိုပေမယ့် သူပြချင်တဲ့ အကြောင်းအရာနဲ့ ဇာတ်အိမ်ကို သေချာ တည်ဆောက်ထားတာကြောင့် ပေါ့ပျက်ပျက်နဲ့ rush သလိုမျိုး လုံးဝမဖြစ်ပါဘူးအကောင်းဆုံး jumpscaresတွေ horrorsတွေတော့ မဟုတ်ပေမယ့် ၁နာရီခွဲ အချိန်ပေးပြီး R rated horror movie ...
movie

Candyman 2: Farewell to the Flesh(1995)

1995
The Card Counter(2021) 7.0
The Card Counter(2021) The Card Counter(2021) အညွှန်း*****************************ဒီဇာတ်ကားက ပိုကာအကြောင်းအဓိက ဇာတ်အိမ်တည်ရိုက်ထားတာပါ...Chess အကြောင်းမသိတဲ့သူတွေတောင် The Queen's Gambit လို ချက်စီးရီးကိုတစ်ထိုင်ထဲကြည့်ဖြစ်သလိုဒီဇာတ်ကားကလည်း ပိုကာအကြောင်းမသိရင်တောင် ကြည့်ရတာ တော်တော်စိတ်လှုပ်ရှားစရာကောင်းပါတယ်...ပိုကာအကြောင်းသိရင်တော့ ဆိုဖွယ်ရာမရှိပေါ့....ဝီလီယမ်ထဲလ်ဆိုတာ စစ်ထောင်ထဲမှာ ထောင်စောင့်အဖြစ် ၈နှစ်ထမ်းဆောင်ခဲ့တယ်...နေ့စဉ် ဒီအလုပ်ကြီးနေတဲ့သူအဖို့  သူ့အတွက်စိတ်အပန်းဖြေရာက ဖဲကစားနည်းတွေပဲဖြစ်လာတယ်...ဒီအပိုင်းမှာ သူဟာ ပါရမီပါပုံရတယ်....မှတ်ဉာဏ်ကလည်း သူမတူအောင်ထူးတယ်...နောက်ပိုင်းထောင်စောင့်ဘဝက အနားယူပြီးတဲ့နောက်မှာ သူဟာ ကာစီနိုတွေတစ်ခုပြီးတစ်ခုပြောင်းပြီးကစားပါတယ်...သို့ပေမဲ့ ဒီလောကကြီးမှာ လောဘတက်ရင် ဘဝပျက်တယ်ဆိုတာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရသိလို့  ကြေးနည်းနည်းလေးတွေဆော့ရင် နေ့စဉ်အချိန်ကုန်နေတယ်...ဒီလိုနဲ့သူအရည်အချင်းကို သိပြီး ကြေးအကြီးကြီးဆော့ဖို့ မဲဆွယ်ရင်း ကိစ္စတစ်ခုခိုင်းဖို့ လူတစ်ယောက်ကချဉ်းကပ်လာတဲ့အခါမှာတော့.....မင်းသားကြီးOscar Isaac ပါဝင်ထားပြီး ဝင်ငွေအတော်ကောင်းခဲ့တဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်း... File Size :(2.04GB),(1 GB) and (369MB) Quality : WEBScr 720p Format…mp4 Duration…01:51:00 Genre : Action  , Drama , Thriller Subtitle : Myanmar Subtitle ...
movie

The Card Counter(2021)

Maestro (2021) 8.2
Maestro (2021) IMDb Rating (8.2)အားလုံးသိကြတဲ့အတိုင်း ၂၀၁၈ တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အရွတ်ရှ်မန်းရဲ့ Andhadhun ကိုပြန်လည်ဖန်တီးထားတဲ့ Telugu ရုပ်ရှင်ဖြစ်ပါတယ်။ဒီနေ့ပဲထွက်ရှိလာတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့ စန္ဒရားဆရာတစ်ယောက် လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်သွားတဲ့နောက်ကနေ မီးခိုးကြွက်လျှောက်ပြဿနာတွေကြုံရတဲ့အကြောင်းပါပဲ။ သေတဲ့သူက နာမည်ကျော်မင်းသားဟောင်းကြီး မိုဟန်ဖြစ်ပြီး၊ သတ်တဲ့လူက သူ့ဇနီးရဲ့တိတ်တခိုးချစ်သူ ရဲအရာရှိ ဘော်ဘီပါ၊ သူ့ဇနီးဖြစ်သူ ဆီမရန်ကတော့ကြံရာပါအလောင်းဖျောက်တဲ့သူပါ။ သူကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့အတွက် ဒီအမှုဖြစ်စဉ်တစ်ခုလုံးကိုမမြင်ချင်ယောင်ဆောင်ထားရက်နဲ့မြင်နေခဲ့ရာကနေ အငြိမ်မနေနိုင်တဲ့အဆုံး ရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ သွားခဲ့ပါတယ်။ အဲ့ဒီမှာကျားရှေ့မှောက်ရက်လဲသလို အဓိကလူသတ်တရားခံဖြစ်တဲ့ ဘော်ဘီနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်တိုးမိရာကနေ နောက်ဆုတ်ဖို့ခက်တဲ့အခြေအနေတွေထိ ဆိုက်ရောက်သွားပါတော့တယ်။တဘူးကြီးရဲ့ ဆီမရန်း ဇာတ်ကောင်ကို Bahubali, K.G.F တို့နဲ့ပရိသတ်ရင်းနှီးပြီးသား မင်းသမီးချောလေး Tamannaah ကအစွမ်းကုန်ကြဲထားပါတယ်။ အဓိကဇာတ်ကောင် အာရွန်းရဲ့နေရာမှာတော့နာမည်ကျော် Telegu မင်းသား Nithiin ပါဝင်ထားပြီး တစ်ခြားဇာတ်ကောင်တွေကလဲ ပရိသတ်နဲ့ မစိမ်းတဲ့သူတွေချည်းပါပဲ။မူရင်းဇာတ်ကားကိုကြည့်ပြီးတဲ့သူတွေအတွက်တောင် မူရင်းထက်မလျော့တဲ့ ရသကိုပေးနိုင်မှာ သေချာတဲ့ remake ဖြစ်ပါတယ်။ Andhadhun remake တွေမှာအစောဆုံးထွက်လာတဲ့ version ဖြစ်ပြီး နောက်ထပ် Tamil remake, malayalam remake အစရှိတာတွေ ဆက်ထွက်လာဦးမှာပါ။Rating တွေလဲမိုက်တာမို့ ...
movie

Maestro (2021)

Andhadhun (2018) 9.0
Andhadhun (2018) IMDb Rating - 9/10 Google Users - 97% Rotten Tomatoes - 100% Box office - ₹110 crore Genere - Comedy, Crime, Thrillerအချစ်၊ဂီတ၊ပြစ်မှု၊သဲထိတ်ရင်ဖို စတာတွေကိုတစ်ကားထဲမှာ ကြည့်ရှု ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။အထူးသဖြင့် 'သူများမကောင်းကြံကိုယ့်ဘေးရန်ထိ' ဆိုတဲ့ စကားကို အဓိကမြင်မိစေပါတယ်။ထို့နောက် ဇာတ်ကားရဲ့ တင်ဆက်ပုံဖြစ်တဲ့ မြူးကြွတဲ့ သီချင်းသံစဉ်တွေနဲ့ အတူ ပျင်းရိစရာ ဇာတ်ဝင်ခန်းရယ်လို့ ရှာမတွေ့တဲ့ ဇာတ်ကားတစ်ကားအဖြစ် ချီးကျူးမိမှာပါ။မျက်မမြင်တစ်ယောက်အနေနဲ့လူသတ်မှုကို သိနေပါလျက် အမှုဖွင့်ချင်ပေမဲ့သူကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခွင့်မရှိတဲ့ အခါမှာ......ဒီဇာတ်ကားဟာ နာမည်ကြီး ဇာတ်ကားတစ်ကား၊IMDb Rating ထဲမှာလည်း နေရာကောင်းရထားတဲ့ဇာတ်ကားတစ်ကားဆိုတာသိရင်"ဇာတ်လမ်းအကျဉ်း" ဆိုတဲ့အပိုင်းကို မဖတ်စေချင်ပါဘူး။(ဇာတ်လမ်းအကျဉ်း ရေးရတာ တော်တော်ခက်ပါတယ်။တချို့ ဇာတ်ကွက်တွေ ပေါ်သွားမှာ ကြောက်ရပါတယ်)" ဇာတ်လမ်း အကျဉ်း "အာ့ကက်ချ်က မျက်ကန်း စန္နရားပညာရှင်ပါ။မျက်မမြင်တွေဟာ အာရုံစူးစိုက်မှု ကောင်းတယ်တဲ့။အနုပညာရှင်တွေအဖို့ အာရုံစူးစိုက်မှု ...
movie

Andhadhun (2018)

2018
NET(2021) 6.3
NET(2021) NET (2021) -----------------------------------------------ကျွန်တော်တို့ အားလုံးဟာ လူ့ဘဝမှာ တခုမဟုတ်တခုသောကွန်တွေကြား ပိတ်မိနေတတ်ပါတယ်.မိသားစုရဲ့သံယောဇဉ်ကွန်သူငယ်ချင်းတွေရဲ့သံယောဇဉ်ကွန် စတဲ့ တခုခုကို စွဲလမ်းမိတဲ့ကွန်ရက်တွေထဲ ပိတ်မိနေကြပါတယ်...အဲ့ဒီကွန်တွေဟာ ကျွန်တော်တို့ဘဝတွေကို စိုးမိုးချယ်လှယ်နိုင်တဲ့ထိ အင်အားကြီးပါတယ်....ဒီဇာတ်လမ်းလေးမှာလဲ အဲ့ဒီကွန်တွေကြား ပိတ်မိနေတဲ့မိသားစုတွေကို သည်းထိတ်ရင်ဖိုရသနဲ့ ကြည့်ရှုရဦးမှာပါ...ဇာတ်လမ်းအကျဉ်း --------------- ဖခင်အတင်းပေးစားလို့ မချစ်မနှစ်သက်တဲ့သူနဲ့လက်ထပ်လိုက်ရတဲ့ လက်စ်မန်းက သူ့မိန်းမကိုမချစ်တဲ့အပြင် သူ့ဘဝသူလည်း ပျော်ရွှင်ကျေနပ်မှုမရှိသူတစ်ယောက်ပါ..သူဟာ အွန်လိုင်းပေါ်မှာ လူကြီးကားတွေကြည့်ရတာ သဘောကျနှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်...တစ်ဖက်မှာလည်း ပူပူနွေးနွေး လက်ထပ်ပြီး အိမ်အသစ်ကိုပြောင်းလာကြတဲ့ဇနီးမောင်နှံတို့ရဲ့အိမ်မှာ စီစီတီဗွီကင်မရာတွေအပြည့်ရှိနေခဲ့ပါတယ်..တစ်နေ့မှာတော့ လက်စ်မန်းက အဲဒီဇနီးမောင်နှံရဲ့ စီစီတီဗွီမှတ်တမ်းတွေကို အွန်လိုင်းမှာတွေ့ရှိခဲ့ပြီးသူတို့ရဲ့နေ့စဉ်အဖြစ်အပျက်တွေကို နေ့တိုင်းစောင့်ကြည့်နေခဲ့ပါတယ်..ဒီလိုနဲ့ တစ်နေ့မှာလက်စ်မန်းက မထင်မှတ်ထားတဲ့အရာတစ်ခုကို မြင်လိုက်ရပြီး အမှန်တရားကိုဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်..သူ ဘာကိုမြင်သွားတာလဲ..ဘယ်လိုတွေ ကြိုးစားပြီးအမှန်တရားကိုဖော်ထုတ်မလဲဆိုတာကို ကြည့်လိုက်ရအောင်..File size…1.58GB / 844MB / 422MB Quality…1080p True WEBDL /720p / 480p Format…Mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey
movie

NET(2021)

2021