Channel Myanmar

Thriller

The Guilty (2021) 6.1
The Guilty (2021) The Guilty (2021)စောင့်​မျှော်​နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားက​​တော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါသူ့နာမည်က ဂျိုး​ဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်​ပေမယ့် အတိတ်ကအ​ကြောင်းတစ်ခု​ကြောင့် ၉၁၁- အ​ရေး​ပေါ်ဌာနကို ရာထူးချခံထားရသူအ​ရေး​ပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ​ကြောင်သစ်ပင်​ပေါ်တက်တာကအစ သဘာဝ​ဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်​ဖြေပေးရတဲ့​နေရာဆို​​တော့ဂျိုးတစ်​ယောက် ​သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ​ပေါင်းသင်းဆက်ဆံ​​ရေးကလည်းညံ့​တော့ အ​တော်ဘုကလန့်ကျ​နေတာ​ပေါ့၊ ဒီကြားထဲ အိမ်​ထောင်​ရေးကလည်း အဆင်မ​ပြေ​တော့ တစ်ပူ​ပေါ်နှစ်ပူဆင့် ဖြစ်​နေတာ​ပေါ့တစ်ရက် LAမှာ မီးအကြီးအကျယ်​လောင်မှု​ကြောင့် အ​ရေး​ပေါ်ဌာနတစ်ခုလုံး ဗျာများ​နေချိန် ဂျိုးဆီကို ဖုန်းတစ်​ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စ​ခေါ်​​​တော့ လူဂွစာကြီးဂျိုး ​ထောင်းခနဲ​ဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များ​နေချိန် မျက်နှာ​ပြောင်ပြီး ဖုန်းဆက်တာပဲ​​ပေါ့ဒါ​​ပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်​နေတယ်၊ ငိုသံပါ​နေတယ်၊ ​ကြောက်လန့်​နေတယ်၊ ​ နောက်​ပြောင်ပြီး​ခေါ်တဲ့ဖုန်းမဟုတ်ဘူး။ဂျိုးလည်းစဉ်းစားရပြီ၊သူ့ကိုဘာလို့ Sweetyလို့​ခေါ်ရတာလဲ? ဘာလို့ ဖုန်း​​ပြောတဲ့အသံက ထူးဆန်း​နေတာလဲ?စသဖြင့် ​မေးခွန်း​တွေ​မေး၊ စကား​တွေ​ပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမ​နေမှန်းသိသွားတဲ့အခါ....အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံ​နေရတဲ့ကိစ္စက ...
movie

The Guilty (2021)

2021
Bell Bottom(2021) 6.4
Bell Bottom(2021) Bell Bottom 2021----------------------------မင်းသားကြီး အရှေးကူးမားရဲ့ ယနေ့ထွက်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ မင်းသားကြီးကဘက်စုံရတဲ့ လူလတ်ပိုင်းတစ်ယောက်ပေါ့။အိန္ဒိယနိုင်ငံမှာ လေယာဉ်ပြန်ပေးမှုတွေနှစ်စဉ်လိုလို ဆက်တိုင်ဖြစ်လာခဲ့စဉ်ကအဲ့ဒီလေယာဉ်ပြန်ပေးမှု တစ်ခုမှာသူ့အတွက် စိတ်နာစရာ အကြောင်းတစ်ခု ရှိလာတယ်။အဲ့ဒီကိစ္စဟာ သူကတော့ သာမန်ပဲ ဖြစ်ပျက်ခဲ့တာလို့ထင်ထားခဲ့ပေမဲ့ RAW အေးဂျင့်တစ်ချို့ရဲ့ပြောပြမှုကြောင့် အဖြစ်မှန်ကို သိခဲ့ရတယ်။အဲ့ဒီမှာ သူဟာ နိုင်ငံတော်အတွက်နဲ့ပုဂ္ဂိုလ်ရေး ဒဏ်ရာတွေရဲ့ တွန်းအားနဲ့လေယာဉ်ပြန်ပေးအဖွဲ့ကို ဖမ်းဆီးဖို့ ဖြစ်လာခဲ့ပါတယ်။ကဲ အထူးတလည် ပြောပြနေလည်းကိုယ်တိုင်ကြည့်တာကသာ အရသာတွေ့မှာမို့မြန်မြန်လေးသာ ခံစားကြည့်လိုက်ပါတော့ဗျာ။မီးပျက်နေလို့ မိငှက် pc လစ်နေရာကပရိသတ်တွေအတွက် မဆိုစလောက် နောက်ကျသွားခဲ့လို့တောင်းပန်ပါတယ်။  File size…1.29GB / 1.8Gb / 606MB Quality…1080p WEB  DL DD+5.1 / 720p / 480p Format…Mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….Than Htike Zaw Translated by Nyi Koe & Myint Thu ...
movie

Bell Bottom(2021)

2021
C.O.R.N: A Field of Screams (2021)
C.O.R.N: A Field of Screams (2021) အသစ်ထွက်လာတဲ့ Field of Screams တစ်ကားတင်ဆက်လိုက်ပါတယ်။Horror/Thriller လူသတ်ကားတွေထဲမှာ Field of Screams ဇာတ်ကားတွေကလဲ နာမည်ကြီးပါတယ်။ Horror ဆိုရင် ကြမ်းကြမ်းရမ်းရမ်းသွေးထွက်သံယိုမှ ကြိုက်တတ်တဲ့သူတွေရှိသလို အသည်းတယားယားအူယားယားနဲ့တောက်လျှောက်ကြည့်ရမယ့်ကားမျိုးကိုမှအကြိုက်တွေ့တတ်တဲ့သူဆိုပြီးရှိတတ်ကြပါတယ်။ဒီဇာတ်ကား‌‌လေးကဒုတိယအမျိုးအစားဗျ။ ဒီတိုင်းကြီးလျှောက်ပြီးဘာအကြောင်းအရင်းမှမရှိ သတ်ပဲသတ်နေတာမျိုးမဟုတ်ဘဲ တစ်မြို့လုံးကလူတွေကို‌ဖယောင်းရုပ်ပြောင်းပစ်လိုက်တဲ့ horror ကားလို အသည်းတယားယားအူတယားယားဇာတ်ကွက်မျိုးဗျ။ ဘာအမျိုးအစားပဲဖြစ်ဖြစ်တောက်လျှောက်မနားတမ်းသည်းထိတ်ရင်ဖိုကြည့်ရမှာကတော့အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်‌ဆိုရင်တီရာနဲ့ကယ်ရီတို့မောင်နှမနှစ်ယောက် သူတို့ရဲ့ပထွေးဖြစ်သူနဲ့အတူခရီးတစ်ခုကို ကားနဲ့အတူထွက်လာကြတယ်ပေါ့။ ဟိုဖက်ပြောင်းခင်း ဒီဖက်ပြောင်းခင်း ဘယ်နေရာကြည့်ကြည့်ကားလမ်းဘေးတစ်ဖက်တစ်ချက်မှာ ပြောင်းခင်းတွေချည်းပဲမြင်နေရတဲ့နေရာမှာကားက ဘီးပေါက်ပါလေရော။ အပိုဘီးကလည်းခရီးမစခင်တုန်းကမလိုလောက်ဘူးထင်လို့မစစ်ထားတဲ့အခါ သုံးမရဖြစ်သွားတဲ့အတွက် သူတို့ရဲ့ပထွေးဖြစ်သူက အကူအညီလိုက်ပတ်ရှာရတယ်ပေါ့၊ အဲနားကလယ်သမားတွေဆီမှာလည်းမရတဲ့အခါ နောက်တစ်မြို့ကိုသွားဖို့ပြင်ပြီး သူတို့မောင်နှမနှစ်ယောက်တည်းကို ကားထဲမှာညအိပ်ခိုင်းလိုက်တည်းက အချိန်တည်းကစပြီး ဇာတ်ရှိန်ဘယ်လိုတက်လာမယ်၊ ဘယ်လိုသည်းထိတ်ရင်ဖိုဖို့ကောင်းပြီး ဘယ်လောက်အသည်းတယားယားအူတယားယားကြည့်ရမယ်ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ပေးထားတာပါ။)  File size…(800 MB) Quality….WEB-DL  720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

C.O.R.N: A Field of Screams (2021)

Break Through (2021) 7.0
Break Through (2021) ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်တွေကို လောလောလတ်လတ်ကမှ ထွက်ထားတဲ့ တရုတ်အက်ရှင် ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီဇာတ်လမ်းလေးမှာ...သရုံကတော့ သာရော့ကြေးစားဘော်ဒီဂတ်အဖွဲ့ခေါင်းဆောင် စနိုက်ပါသမားတစ်ယောက်ပါ သူတို့အဖွဲ့ဟာ ဆေးကုန်ကူးအာဏာရှိသူ လူကြီးမင်းကဲလာကို နှောင့်ယှက်မိသွားကာ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ပျက်သွားခဲ့ရပါတယ်နောက်ရှစ်နှစ်ကြာပြီးချိန်မှာတော့ သရုံက ထိုင်းနိုင်ငံမှာ ချီချီဆိုတဲ့ သမီးလေးနဲ့ သားအဖနှစ်ယောက်တည်း အေးဆေးစွာနေထိုင်နေခဲ့ပါတယ်ဒါပေမဲ့လည်း သမီးဖြစ်သူ ချီချီက လူကြီးမင်းကဲလာရဲ့ ဆေးကုန်ကူးမှုမှာ အမှတ်မထင် ပတ်သတ်မိသွားပြီး ဆေးကုန်ကူးသူတွေလက်ထဲ အဖမ်းခံလိုက်ရတဲ့နောက်...သရုံဟာ ချစ်လှစွာသော သမီးလေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ကဲလာလက်ထဲက ကယ်တင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ ။( အညွှန်းရေးသားထားသူကတေ့ာ Yamin Ei ပါ )File Size__1.5 GB, 900 MB Quality__1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__01:30:00 Type__Action , Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing ...
movie

Break Through (2021)

Prisoners of the Ghostland (2021) 5.7
Prisoners of the Ghostland (2021) Prisoners of the Ghostland (2021)=========================IMDb Rating - 5.7/10မင်းသားကြီး Nicolas Cageရဲ့ 2021ထွက် အသစ်စက်စက် actionဇာတ်ကားကြီးရပါပြီ၊ ဒီကားက​တော့ လူကြမ်းကြီးနဲ့မင်းသမီး​​လေး နှစ်ပါးသွားကြမယ့်ဇာတ်ကား​ပါ။ဇာတ်လမ်းအညွန်းက​တော့ ဂျပန်ဆာမူရိုင်း​တွေချည်းပဲ နေထိုင်တဲ့မြို့​လေးတစ်မြို့ကို ဇတ်ဇတ်ကြဲဘဏ်ဓါးပြကြီး Heroတစ်​ယောက် ဓါးပြသွားတိုက်ရာ အတိုက်မ​တော် ​တစ်ကျွန်းဆိုသလို ​ထောင်နန်းစံမြန်းလိုက်ရပါတယ်၊ဖြစ်ချင်​တော့ အဲ့ဒီမြို့အကြီးအကဲရဲ့ ​မြေးမ​လေးဖြစ်သူ​ ဘားနစ်က Nightoutထွက်ရင်း Ghostlandလို့​ခေါ်တဲ့ ဖုန်းဆိုး​မြေတစ်ခုမှာ​ပျောက်​ချင်းမလှ ​ပျောက်ဆုံးသွားပါတယ်၊ မြေးမ​လေးကို ပြန်ရှာဖို့အတွက် အကြီးအကဲက ဓါးပြကြီး Heroကို သူ့ရဲ့​ထောင်ဒဏ်နဲ့အ​ပေးအယူလုပ်ခဲ့ပါတယ်၊ Heroတစ်​ယောက် ဘားနစ်ကို Ghostlandကြီးထဲမှာ ကောက်ရိုးပုံထဲအပ်​ပျောက်ရှာသလို လိုက်ရှာဖို့မြို့အကြီးအကဲ​ပေးလိုက်တဲ့အချိန်က "​၅ရက်"ထဲပါ။ဘားနစ်ကို ဓါးပြကြီးHeroတစ်​ယောက် ​ဘေးမသီရန်မခပဲ ပြန်​​ခေါ်လာနိုင်မှာလား၊ ၅ရက်အတွင်း ပြန်မ​ခေါ်လာနိုင်ရင် ဘာပြစ်ဒဏ်ခံရမလဲ၊ဘားနစ်​ပျောက်ဆုံးသွားတဲ့ Ghostlandဆိုတာ ဘယ်လို​နေရာမျိုးလဲ၊ ဘယ်သူ​တွေကျက်စား​နေကြတဲ့​နေရာမျိုးလဲ၊ ဘာလျှို့ဝှက်ချက်​တွေရှိ​နေလဲဆိုတာကို Nicolas Cage ဇာတ်ကား​တွေရဲ့ထုံးစံအတိုင်း အရွန်း​ဖောက်ထားတဲ့ ဟာသ​တွေ၊ အ​ပြောအဆိုခပ်ကြမ်းကြမ်း၊အလန်းစားအက်ရှင်​တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ ...
movie

Prisoners of the Ghostland (2021)

2021
The Housemaid(2021) 6.5
The Housemaid(2021) Housemaid (2021) ------------------ ဒေစီဆိုတဲ့ ကောင်မလေးက ငယ်တယ်လှတယ် နှာတံပေါ်ပေါ် မျက်လုံးမျက်အိမ်လှလှလေးနဲ့ မိန်းမပျိုလေးပေါ့. သူမကအလုပ်လက်မဲ့ဖြစ်နေတော့ ချမ်းသာတဲ့သူဌေးအိမ်တအိမ်မှာ အိမ်စေအဖြစ် အလုပ်ဝင်လုပ်တယ်.သူဌေးရဲ့နာမည်က ဝီလီယမ် သူဌေးရဲ့မိန်းမကဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရတုန်းဆိုတော့အိမ်ထောင်ရေးသုခကို သူဌေးက လိုအပ်နေတယ်.....ဒေစီကလဲ ကလေးအရမ်းချစ်တတ်တဲ့ နှလုံးသားနူးညံ့တဲ့ကောင်မလေးမျိုး....ဒီလိုနဲ့ သူဌေးက ဒေစီအပေါ်စိတ်ယိုင်လာပြီး မှားခဲ့မိကြတဲ့နောက်မှာတော့.......ဒီဇာတ်လမ်းက အိမ်ထောင်ရေးဒရာမာကားမျိုးဆိုတော့၁၈နှစ်အောက်မသင့်တော်တာတွေ ပါတော့ပေါ့ဗျာ.ဒါပေမယ့် လိင်ကိစ္စဦးစားပေးထားတာမျိုး မဟုတ်တော့ပညာပေးကားဆိုလဲ မမှားဘူး....ဒါ့အပြင် ဒေစီရဲ့အလှတရားကလဲ ရုပ်ရှင်ကြိုက်သူတွေအမို့မျက်စိပဒေသာဖြစ်စေမှာမျိုမလို့DSကနေ တင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်.....File size…1.7GB / 805MB / 407MB Quality…1080p  WEB DL AAC 2.0 / 720p / 480p Format… Mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hard Sub) Encoder…. Dark Side Translated by Dark Side
movie

The Housemaid(2021)

2021
Pandora(2016) 7.0
Pandora(2016) Pandora(2016) အညွှန်း********************IMDb...7.0Pandoraရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ပြသခဲ့တဲ့ သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ကူးပြသထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ် ၂၀၁၇ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး ဝင်ငွေများစွာ ရရှိထားခဲ့ပါတယ် ဂျယ်ဟော့ (Kim Nam-Gil)ဟာ မိခင်(Kim Young-Ae)နှင့် မရီး (Moon Jeong-Hee),တူဖြစ်သူ မင်ဂျယ် (Bae Gang-Yoo)တို့နှင့်အတူ မြို့သေးသေးမှာ အတူတူ နေထိုင်ကြပါတယ်...သူတို့မြို့မှာ ရှိတဲ့ နျူးကလီးယားဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်ပြီး ယောင်းဂျူ (Kim Joo-Hyun)နဲ့ တွဲနေကြပါတယ်.. နျူးကလီးယားဓာတ်အားပေးစက်ရုံရဲ့ ဌာနမှူး (Jung Jin-Young) ဟာ လက်ရှိ စက်ရုံအခြေအနေကို စိတ်ပူပြီး အထက်ကို တင်ပြပေမယ့် ဘယ်သူကမှအရေးတယူ မလုပ်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ ပြင်းအား အတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်...ငလျင်ဒဏ်ကြောင့် စက်ရုံမှာ ‌‌ပေါက်ကွဲမှုအနည်းငယ်ဖြစ်ခဲ့ပြီး မြိုအနီးတစ်ဝိုက်မှာရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေ ပျံ့လွင့်သွားခဲ့ပါတယ် နျူးကလီးယားစက်ရုံပေါက်ကွဲတယ်ဆိုတဲ့သတင်းက တစ်နိုင်ငံလုံးကို ပျံ့သွားပြီး အခြေအနေတွေက ထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်...စက်ရုံအတွင်းပိုင်းမှာလည်း ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပြီး နောက်ထပ်ပေါက်ကွဲမှုဖြစ်ခဲ့ရင်အခြေအနေတွေ ဆိုးဝါးသွားနိုင်တာကြောင့် စက်ရုံက ဌာနမှူးနဲ့ ဂျယ်ဟော့တို့အဖွဲ့နျူးကလီးယားဓာတ်အားပေးစက်ရုံထဲ ...
movie

Pandora(2016)

Prey(2021) 4.3
Prey(2021) ဇာတ်လမ်းလေးကတော့ မကြာခင်လက်ထပ်တော့မယ့် ရိုမန်က သူရဲ့သူငယ်ချင်းငါးယောက်နဲ့အတူ လူပျိုပါတီအနေနဲ့ စိတ်ပြေလက်ပျောက်တောတောင်တက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့အစ်ကိုအဲဘတ်အပါအဝင် ကျန်တဲ့လူကသဘောတူပြီးသွားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ရိုမန်ကတော့ မင်္ဂလာဆောင်တော့မှာဆိုတော့ အလုပ်အကိုင်အထိုင်ကျဖို့အတွက်သူ့အစ်ကိုအပူကပ်ရင်းနဲ့အဆင်ပြေမယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ ဒီခရီးကိုထွက်ခဲ့တာပေါ့။ ဒီလိုနဲ့တောတောင် ကျွမ်းကျင်တဲ့စတီဖန်ရဲ့ဦးဆောင်မှုနဲ့အတူ တောထဲမှာလျှောက်လည်ကြတယ်။အမဲလိုက်ရာသီဆိုတော့ တောထဲ သေနတ်သံတွေ ဘာတွေကြားရတော့ပေါ့။အသွားခရီးကတော့ အဆင်ပြေပြေဖြစ်ပေမယ့် ပြန်ခါနီးအချိန်မှာတော့ ဘယ်ကမှန်းမသိတဲ့ ကျည်ဆံကသူတို့သူငယ်ချင်းဗင်ဆင့်ကိုထိသွားတယ်။သူတို့ရောက်နေတဲ့နေရာ အမဲလိုက်ကင်းမဲ့ဇုန်ဖြစ်နေမယ့် သူတို့ဆီကိုကျည်ဆံတောက်လျှောက် ဝင်လာတော့ တောထဲကိုပြန်ပြေးရတော့တယ်။သူတို့နဲ့ဘာရန်ညှိုးရန်စမှမရှိတဲ့တောတောင်ထဲမှာ တကယ်ပဲအမဲလိုက်သူတွေက သားကောင်နဲ့မှားပစ်တာလား... တမင်ပဲသတ်ချင်လို့ပစ်တာလား... ရိုမန် တို့တစ်သိုက်ရောတောတောင်ထဲမှာ အသက်ရှင်အောင်ဘယ်လိုရုန်းကန်ရမလဲဆိုတာ ဆက်လက်ကြည့် ရှုပေးပါဦး(ဘာသာပြန်တင်ဆက်ပေးတဲ့သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်)File size…(1.5 GB)/ (852 MB)/ (371 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by Tin Myo Lwin
movie

Prey(2021)

2021
The Voyeurs(2021) 5.8
The Voyeurs(2021) ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ voyeur ကို အဘိဓာန်မှာတော့ "သူတစ်ပါး၏လိင်ကိစ္စကို တိတ်တခိုး ကြည့်ရှုရာ၌ နှစ်ခြိုက်မွေ့လျော်သူ"လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အတွဲချောင်းတဲ့ကောင်ပေါ့ဗျာ။နာမည်အတိုင်းပဲ တစ်ဖက်အိမ်က ကိစ္စတွေကို စပ်စုကြတဲ့ အတွဲတစ်တွဲအကြောင်းပေါ့။"မိန်းမ၀တ် အတွင်းခံဘောင်းဘီတစ်ထည်"ဆိုတဲ့ မင်းခိုက်စိုးစန်ရဲ့၀တ္တုတိုတစ်ခုကိုတောင် ပြေးမြင်မိလိုက်သေးတယ်။သူရေးထားတာကျ သူ့အိမ်ကနေ မြင်နေရတဲ့ တစ်ဖက်အိမ်က အတွင်းခံတစ်ထည်အကြောင်း။ဒီမှာကျ တစ်ဖက်အိမ်က ကိစ္စဝိစ္စတွေ အကုန်ပေါ့။ဇာတ်လမ်းက ကြည့်ပျော်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ဒါကိုမှ မင်းသမီးလှလှလေးရဲ့ ဟိုအခန်းဒီအခန်းတွေ ပေါင်းပေးထားတော့ ပိုကြည့်ပျော်သွားတယ်။ဇာတ်လမ်းကလည်း နည်းနည်းထူးထူးဆန်းဆန်းဆိုတော့ ကြည့်ပျော်တယ်ဆိုပေမဲ့ စကီချောချောလေးရဲ့ အလန်းစား Sceneတွေကိုကြည့်ရမှာနဲ့တင် ဒီရုပ်ရှင်ဟာ တန်နေပါပြီ။လူဟာ သမ္မာရှစ်ပါးနဲ့ မပြည့်စုံသေးသမျှ ကာမတဏှာရှိကြတာပဲမဟုတ်လား။ထိန်းချုပ်မှုနဲ့ အထားအသိုမမှားဖို့တော့လိုတယ်။ဒီရုပ်ရှင်ဟာ ခင်ဗျားရဲ့ ကာမတဏှာကို သုံးသင့်တဲ့နေရာမှာ သုံးလို့ရနိုင်အောင် ထိန်းချုပ်တတ်စေဖို့ ပြောပြပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။(ဘာသာပြန်သူတွေကတော့ The Pooh နဲ့ Y တို့ပဲဖြစ်ပါတယ်) File size…(1.6 GB)/ (850 MB)/ (400 MB) Quality…WEB-DL 1080p /720p ...
movie

The Voyeurs(2021)

Tughlaq Durbar (2021) 6.3
Tughlaq Durbar (2021) Tughlaq Durbar (2021)ဒီတစ်ခေါက်မှာတော့ 96,Super Deluxe စတဲ့ရုပ်ရှင်တွေနဲ့ ထင်ရှားကျော်ကြားခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ဖြစ်လဲ ပရိုဂျူဆာတစ်ဖြစ်လဲအောင်မြင်နေတဲ့ မင်းသားကြီး Vaji ရဲ့ ဇာတ်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်အရင်ဆုံး ဇာတ်လမ်းလေးကို အကျဥ်းချုံးလေးမြည်းစမ်းကြည့်ကြတာပေါ့ကိုယ်ဝန်လွယ်စဥ်ကထဲက နိုင်ငံရေးသမား ရာယာပန်ရဲ့မိန့်ခွန်းကို နားထောင်ရင်း ကြီးပျင်းခဲ့ရပြီးငယ်စဥ်ကလေးဘဝထဲက နိုင်ငံရေးသမား ဖြစ်ချင်နေခဲ့တဲ့ ဆင်းဂန်....ဆင်းဂန်ရဲ့အမေဟာ သူ့ညီမလေးကို မီးဖွားပြီးချိန်မှာ သေဆုံးသွားခဲ့သလို ဖအေဖြစ်သူကလည်းမိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ပူဆွေးသောကကြောင့်နဲ့ပဲ တိမ်းပါးသွားခဲ့ရှာပါတယ်ဒီလိုနဲ့ဆင်းဂန်ဟာ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ညီမဖြစ်သူနဲ့အတူနေထိုင်ခဲ့ကြပေမဲ့လည်းမောင်နှမနှစ်ယောက် စိတ်အလျဥ်း မသင့်မြတ်ခဲ့ကြပါဘူးမိသားစုအရေး ဘာညာလည်း စိတ်မဝင်စားတဲ့ ဆင်းဂန်အတွက် သူစိတ်ဝင်စားရာကတော့တစ်ခုတည်းပဲရှိပါတယ် အဲ့ဒါကတော့ သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ရာယာပန်နဲ့ ရင်းနှီးပြီး နိုင်ငံရေးသမား ဖြစ်လာဖို့ပါပဲအတ္တဟိတ နဲ့ ပရဟိတ ယှဥ်တွဲလာတဲ့ နိုင်ငံရေးလောကမှာ နိုင်ငံရေးသမားဖြစ်ချင်တဲ့ဆင်းဂန်တစ်ယောက် အတ္တဟိတဘက်ကို အလေးသာသွားခဲ့တဲ့အခါမှာတော့......အကြံမျိုးစုံ ထုတ်ပြီး ရာယာပန်ဆီ အာရုံစိုက်ခံရဖို့ ကြိုးပမ်းနေတုန်းမမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဆင်းဂန်ဆီ ဖြစ်ပေါ်လာတဲ့အခါ....ဆင်းဂန်တစ်ယောက် အဲ့ကိစ္စကို ဘယ်လိုဖြေရှင်းသွားမလဲ??နိုင်ငံရေးသမားဖြစ်ချင်တဲ့ ...
movie

Tughlaq Durbar (2021)

2021
The Interview: Night of 26/11(2021) 5.1
The Interview: Night of 26/11(2021)  The Interview : Night of 26/11ဝါရင့်ဘောလိဝုဒ်မင်းသားကြီး Jackie Shroff ရဲ့2021ထွက်ဇာတ်ကားသစ်ဖြစ်ပါတယ်2008 ခုနှစ် မွမ်ဘိုင်းမှာ 26/11 တိုက်ခိုက်မှုတွေစဖြစ်ခဲ့တဲ့ညတုန်းကနိုင်ငံကျော်စူပါစတားမင်းသမီးတစ်လက် ဖြစ်တဲ့ တာရာရဲ့အိမ်ကိုနာမည်ကျော်ဆုရစစ်ပွဲသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရိုဟန်တစ်ယောက် အင်တာဗျူးဖို့ရောက်ရှိလို့နေပါတယ်တကယ်တမ်း မြို့ထဲမှာက အုန်းဒိုင်းဂွမ်းတွေဖြစ်နေတဲ့အချိန်မှာ ကိုယ်က အခင်းဖြစ်နေရာမှာ ရှိနေရမယ့်အစား ဒီလိုရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့အတင်းအဖျင်းတွေကို လိုက်အင်တာဗျူးဖို့ဆိုတာစစ်ပွဲသတင်းပဲလိုက်လေ့ရှိသူတစ်ယောက်အတွက် မလွယ်ကူနေခဲ့ပါဘူးလစာ၃လစာရဖို့ကျန်တာကို ဒီအင်တာဗျူးသွားမေးပေးမှ ကျန်တဲ့လစာတွေပေးမယ်ဆိုပြီး ညစ်တဲ့အယ်ဒီတာကြောင့် ရိုဟန်တစ်ယောက် နောက်ဆံတငင်ငင်နဲ့ပဲ သွားရပါတော့တယ်ပုံမှန်ဆို မင်းသမီးရဲ့အိမ်ကိုသွား အင်တာဗျူးပြီးပြန်လာ သမားရိုးကျက အဲ့လိုပေမယ့်စာဖတ်ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်စေမယ့် သတင်းရေးပါဆိုပြီး မှာလိုက်တဲ့ အယ်ဒီတာရဲ့တချက်လွှတ်အမိန့်ကြောင့်ရိုဟန်တစ်ယောက် မင်းသမီးတာရာရဲ့ တကယ့်အတွင်းစိတ်ကို ရှာဖွေရပါတော့တယ်တစ်ဖက်ကလည်း ခေသူမဟုတ်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မင်းသမီးတစ်လက်ဖြစ်နေပြန်ဒီဘက်ကလူကလည်း စစ်ပွဲမှာလျှို့ဝှက်သတင်းတွေကို ရေလည်ကျွမ်းကျင်အောင်လိုက်တတ်တဲ့ ဆုရသတင်းထောက်ဖြစ်နေ တော့နှစ်ယောက်သားရဲ့ အားပြိုင်မှုလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်အဖုအထစ်သေးသေးလေးတွေကနေ အနိုင်ယူမှုအနိုင်ရလိုမှုများခံစားချက်ချင်းနားလည်ပေးရာကနေ နီးကပ်လိုက် ဝေးကွာလိုက် ဖြစ်ပုံများတာရာကပဲ သရုပ်ဆောင်ပိုတော်မလားရိုဟန်ကပဲ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး လိုချင်တဲ့ သတင်းတွေရသွားမလားထိတွေ့ ပွတ်တိုက် ...
movie

The Interview: Night of 26/11(2021)

2021
Valkyrie(2008) 7.1
Valkyrie(2008) Valkyrie(2008)သင်္ကြန်ပိတ်ရက်လေးမှာ ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် 2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ် Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပါတယ် .. ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာ ဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်အရံစစ်တပ်ပဲဖြစ်ပါတယ် ... ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်ပါတယ် ...ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူး စတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီးဘာလင်ကိုပြန်ရောက်လာပါတယ်... မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့်အခြေအနေမှာ ဘာလင်ပြည်သူတွေရဲ့ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက် ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်.... IMDb - 701/10 ရရှိထားပြီးတော့ ...
movie

Valkyrie(2008)

Gabi (2012) 5.9
Gabi (2012) Gabi - Russian Coffee (2012)"Russian Coffee ''ဆိုတဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ ၁၉ရာစုနှောင်းပိုင်း ကိုရီးယားမှာ ကော်ဖီ ဆိုတာ စတင်အခြေချလာတဲ့ ကာလနောက်ခံနဲ့အတူ ရုရှားနဲ့ကိုရီယားအပါအဝင် location အတော်များများ ပြောင်းရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ ထူးပြောပြစရာမလိုတော့တဲ့ Joo Jin Moနဲ့ တမိုးအောက်တယောက် ချောင်းဆောဂျင် (Kim So-yeon)ဖြစ်တာမို့ ကြည့်ဖို့ တန်နေပါပြီဇာတ်လမ်းအကျဉ်းပြောပြရရင်အီလီရီချဲ့နဲ့တန်ယာ နှစ်ယောက်ဟာ ငယ်ငယ်တည်းကအတူကြီးပြင်းလာပြီး သိပ်ချစ်ကြတဲ့ချစ်သူတွေပေါ့သူတို့က ဥရောပ ကုန်သည်တွေဆီက ကော်ဖီစေ့တွေကို ဓားပြတိုက်ပြီး မင်းမျိုးနွယ်တွေဆီ ပြန်ရောင်းချတဲ့အလုပ်ကို လုပ်ရင်း တနေ့ ရုရှားစစ်သားတွေဆီ မိသွားပြီး အသတ်ခံရတော့မယ့်ဆဲဆဲမှာ ဂျပန်ဘက်က ကယ်ဆယ်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ရဲ့ အရည်အချင်းကို အသုံးချပြီး ဂျပန်တွေဘက်က ရုရှားနဲ့ ဂျိုဆွန်းနှစ်နိုင်ငံကြား ဆက်သွယ်မှုတွေကို သိရဖို့ အကြပ်ကိုင် ပြီး သူလျှိုလုပ်ခိုင်းလာတဲ့အခါ...ဘုရင့်လူယုံတော်အဖြစ်နဲ့ ဂါဘီဖျော်ဆက်သဖို့ တန်ယာဟာ ဂျိုဆွန်းနန်းတွင်းထဲ ဝင်ခဲ့ရပြီး ...
movie

Gabi (2012)

Unstoppable (2010) 6.8
Unstoppable (2010) IMDb Rating(6.8) / Rotten Tomatoes (87%)မင်းသားကြီးဒန်ဇယ်ဝါရှင်တန်ရဲ့ဇာတ်ကားဆိုတော့ ရုပ်တည်ကြီးနဲ့အလေးအနက်ခံစားရမယ့်ဇာတ်ကားဆိုတာ မှန်းမိနေမှာပါ။Chris Pine တို့...Rosario Dawson တို့လဲ ပါသေးတယ်..ဇာတ်လမ်းကတော့...လူမပါဘဲလွတ်ထွက်သွားတဲ့ အန္တရာယ်ရှိတဲ့ အရှိန်ပြင်းပြင်းရထားကြီးကို ရပ်တန့်အောင် လိုက်လုပ်ရမှာပါ...ပြောတော့တာ လွယ်ပေမယ့် တကယ်ကြည့်လိုက်ရင်ကိုယ်တိုင်ပါ အသက်ရှူရပ်မတန့် ဖြစ်သွားရမယ့် အခိုက်အတန့်တွေအများကြီးပါပဲ...Rating တွေလဲ မြင့်သလို တကယ်လဲမိုက်တဲ့ဇာတ်ကားမို့ လက်လွတ်ခံလို့မဖြစ်ပါဘူး။  File size…(1.7 GB) / (999 MB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:38:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Min Aung(MMA)
movie

Unstoppable (2010)

Match Point (2005) 7.6
Match Point (2005) Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ‌ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie

Match Point (2005)

Take Off (2017)
Take Off (2017) Take Off (2017) ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ...
movie

Take Off (2017)

2017
HEVC 1080p 5.1
Zone 414 (2021) 5.1
Zone 414 (2021) Memento ထဲက မင်းသားကြီး Guy Pearce , Vikings နဲ့ Warcraft ထဲက မင်းသား Travis Fimmel နဲ့Revenge ဖိုက်တာဇာတ်ကားထဲက အီတလီမင်းသမီး Matilda Lutz တို့လို ဇာတ်ဆောင်တွေနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဒေးဗစ်ကာမိုက်ကယ်ဟာ မရိန်းတပ်သားဟောင်းတဖြစ်လဲ ရဲစုံထောက်ဟောင်းတစ်ဦးဖြစ်ပြီးတော့ အမှုတစ်ခုနဲ့ထွက်လာခဲ့တဲ့နောက်ပိုင်း အလွတ်စုံထောက်အဖြစ်အသက်မွေးနေပါတယ်။တစ်နေ့တော့ သူ့ကို ဇုန် ၄၁၄ လို့ခေါ်တဲ့ လူသားအသွင်နဲ့စက်ရုပ်တွေရဲ့နယ်မြေ ရိုဘော့မြို့တော်လို့ခေါ်ကြတဲ့ နေရာကြီးကိုတည်ထောင်ထားတဲ့ မာလွန်ဗိဒ်ဆိုသူကဆက်သွယ်လာခဲ့ပြီး အဲ့ဒီဇုန်ထဲကိုထွက်ပြေးသွားခဲ့တဲ့ သူ့သမီးကို ရှာဖွေပြီးပြန်ခေါ်လာခဲ့ဖို့ အမှုအပ်လာပါတယ်။အဲ့ဒီဇုန်ထဲမှာ ပထမဆုံးတွေ့ဆုံရတဲ့သူကတော့ ဂျိန်းဆိုတဲ့ဖောက်သည်တွေဆန္ဒကို နည်းမျိုးစုံနဲ့ဖြည့်ဆည်းပေးဖို့တာဝန်ယူထားတဲ့စက်ရုပ်မလှလှလေးတစ်ယောက်ဖြစ်ပါတယ်။ ဗိဒ်သမီးရဲ့ ပျောက်ဆုံးမှုဟာ သာမန်အိမ်ပြေးမှုတစ်ခုအဖြစ်စတင်ခဲ့ပေမယ့် ရှုပ်ထွေးပွေလီတဲ့လူတွေရဲ့အကောက်ဉာဏ်၊ ရူးသွပ်မှု ၊ အတ္တတွေကြားမှာ သူတို့အတွက် အန္တရာယ်ဟာ ပိုမိုနက်ရှိုင်းလာပါတော့တယ်။မြင်နေတွေ့နေကျဇာတ်လမ်းမျိုးဖြစ်ပေမယ့် ပုံဖော်ထားတဲ့ CGI တွေ Cinematography အမိုက်စားတွေနဲ့အတူ 90s ဝန်းကျင်ကခေတ်စားခဲ့တဲ့စက်ရုပ်လူသားကားတွေ ခေတ်လွန်မြို့တော်တွေရဲ့ vibe မျိုး တစ်ခါတစ်လေ Blade runner လိုပုံစံမျိုးကိုတောင်ပြန်အမှတ်ရစေတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.7 GB) / (999 MB) / ...
movie

Zone 414 (2021)

Burial Ground Massacre(2021) 7.8
Burial Ground Massacre(2021) မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြတဲ့အခါ အရာရာကသတိထားစရာပါ။တစ်ခုခုမဆင်ခြင်မိတာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ အဲ့ဒီလိုမှော်ပညာနဲ့ ကျိန်စာတိုက်ထားတဲ့လက်စွပ်လေးက လာဆန်တို့မိသားစုရဲ့စံအိမ်ထဲမှာ ရှိနေပါတယ်။“အိပ်ရာဝင်ပုံပြင်ကို ယုံကြည်ရင် ကျိန်စာတွေကိုလည်း ယုံကြည်ရမယ်တဲ့....”ကျိန်စာသင့်လက်စွပ်ကိုမှအသက်ပြန်သွင်းဖို့ လိုချင်နေတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။လာဆန်တို့မိသားစုက မျိုးနွယ်စုခေါင်းဆောင် ကြိုးပေးခံခဲ့ရတဲ့မြေပေါ်မှာ နေထိုင်ခဲ့တာ တော်တော်ကြာပါပြီ။အိမ်မှာ မိဘတွေမရှိတုန်း ချေ့စ်လာဆန်တစ်ယောက် သူငယ်ချင်းတွေခေါ်ပြီး ပါတီပေးရင်းနဲ့ လုံးဝတားမြစ်ထားတဲ့သူ့အဖေရဲ့စာဖတ်ခန်းကို လူငယ်သဘာဝ ရအောင်ဝင်ကြည့်ပြီး ကျိန်စာသင့်လက်စွပ် ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။လက်စွပ်ကလည်း အစွမ်းတွေပြ၊ လက်စွပ်ကိုလာယူတဲ့သူကလည်း တစ်ဖြေးဖြေးချင်း လာဆန်တို့ရဲ့စံအိမ်ကို ချဉ်းကပ်လာတဲ့အခါ....လက်စွပ်ရဲ့ကျိန်စာတွေနဲ့ လက်စွပ်ကိုလိုချင်တဲ့လူသတ်သမားရဲ့လက်ထဲကနေ လာဆန်တို့သူငယ်ချင်းတစ်စုဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်စွပ်ရဲ့သမိုင်းကြောင်းကရော ဘာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်တော့နော်...  File size…1.6GB / 801MB / 491MB Quality…1080p WebRip / 720p / 480p Format…Mp4 Duration….1h 40min Subtitle….Myanmar subtilte (Hard Sub) Encoder….YK Translated by JoJoVa and HAW
movie

Burial Ground Massacre(2021)

2021
Yakuza Princess (2021) 4.7
Yakuza Princess (2021) Yakuza Princess (2021)ယာကူဇာ ကားတွေ မကြည့်ရတာ အတော်ကြာပြီ မဟုတ်လား?ဒီတစ်ခါတော့ ယာကူဇာကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ယာကူဇာက အထီးလေး မဟုတ်ဘဲ အမလေးပါ။ယာကူဇာ မင်းသမီးလေး အာကီ (သို့မဟုတ်) အာကေမီ ပါ။ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အက်ရှင်ကားကို ကြည့်ချင်သူများအတွက်ရေငတ်တုန်း ရေတွင်းထဲကျ ဖြစ်မှာပါပဲ။အာရှဂျက်မကားတွေလည်း မကြည့်ကြရတာ ကြာပြီ မဟုတ်လားဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အာကီတို့ မြေးအဖိုးနှစ်ယောက်ဟာ ပေါ်တူဂီနိုင်ငံမှာ အခြေချနေကြတဲ့ ဂျပန်လူမျိုးတွေပါ။တစ်နေ့တော့ အာကီရဲ့အဖိုးကို ဓားပြတိုက်ရင်းနဲ့ အသတ်ခံလိုက်ရပါတယ်။သာမန်ဓားပြမှုလို့ ထင်ထားခဲ့ပေမယ့် ......ဒီကိစ္စရဲ့နောက်ကွယ်မှာ ရှိနေတဲ့ ကိစ္စတွေကို အာကီ တစ်ယောက်တစ်ခုချင်း သိလာရတဲ့အချိန်မှာတော့ .....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ August ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p and 480p File size… 2.5GB and 1.3GB and 492MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... ...
movie

Yakuza Princess (2021)

2021