Channel Myanmar

Thriller

Thittam Irandu (or) Plan B (2021) 7.1
Thittam Irandu (or) Plan B (2021) IMDb Rating (7.1)Plan B လို့ အမည်ရတဲ့ Tamil ဇာတ်ကားလေးပါ... SonyLIV ကနေ အသစ်ထုတ်လွှင့်ပြသသွားခဲ့တဲ့ Crime,Thriller,Drama ဇာတ်ကားဖြစ်ပါတယ်... ဒီဇာတ်ကားရဲ့ လှည့်ကွက်တချို့က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့ပါတယ်...ဇာတ်လမ်းကတော့... အာဒီရားနဲ့ ဆူရီယားတို့က သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်.. အာဒီရားက ရဲမေ..ဆူရီယားကတော့ အိမ်ထောင်ကျပြီး ခင်ပွန်းနဲ့အတူနေတယ် တစ်ရက်မှာ...ဆူရီယားရဲ့ခင်ပွန်းဖြစ်သူက ဆူရီယားပျောက်နေကြောင်း အိမ်ကို လုံးဝ ပြန်မလာတော့ကြောင်း အာဒီရားကို ဆက်သွယ်အကြောင်းကြားလာပါတယ်... အာဒီရားကလဲ သူ့သူငယ်ချင်းပျောက်တဲ့ကိစ္စကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တောအုပ်နားတစ်ခုမှာ ကားတစ်စီးမီးလောင်ပျက်စီးနေပြီး မောင်းလာတဲ့သူကလည်း သေဆုံးနေတာကို တွေ့လိုက်ရတယ်... သေဆုံးသူဟာ ဆေးမှတ်တမ်းစစ်ဆေးမှုများအရ ဆူရီယားရဲ့ အလောင်းဖြစ်နေကြောင်း သိလိုက်ရပါတယ်...ဒါပေမယ့် ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့လျှို့ဝှက်ချက်ကြီးက လှည့်ကွက်အပြည့်တွေနဲ့မို့ ကြည့်ရှုသူတွေအနေနဲ့ ထိုင်ရာမထ ကြည့်ရှုရမယ့် ဇာတ်ကားမျိုးပါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Thuya & May တို့ပဲဖြစ်ပါတယ်။)  File size…(2 GB) / (1.1 GB) / (500 MB) Quality…WEB-DL 1080p /720p/ 480p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Thittam Irandu (or) Plan B (2021)

Players (2012) 4.1
Players (2012) IMDb Rating (4.1) / Rotten Tomatoes (43%)Hollywood ရဲ့ နာမည်ကြီးThe Italian Job ဇာတ်ကားကို ပြန်ရိုက်ကူးထားတဲ့ Bollywood ဇာတ်ကားပါ...ဒါပေမယ့် မူရင်းကားနဲ့ မတူအောင်ကြိုးစားဖန်တီးတင်ဆက်ထားတာကိုတွေ့ရမှာပါ....ဇာတ်လမ်း Duration ကလဲ မူရင်းကားထက်စာရင် နှစ်ဆလောက်ကြာအောင်ကိုရိုက်ကူးထားတာမို့ဇာတ်ညွှန်းကြိုက်ပြီးသားလူအတွက် ဝဝလင်လင် ပြန်ခံစားရသလို အသက်ဝင်စေပါတယ်။မင်းသား/မင်းသမီးအစုံအလင်နဲ့ Bollywood ရဲ့ အက အလှတွေကိုအပြည့်အဝခံစားရမှာ ဖြစ်သလိုThe Italian Job ကိုကြည့်ဖူးပြီးသား ကျွန်တော်တောင်တောက်လျှောက်ပြန်ကြည့်မိအောင် ခမ်းခမ်းနားနားရိုက်ကူးထားတာကိုတွေ့ရပါတယ်...ဇာတ်ကားရဲ့ လှည့်ကွက်တွေကလဲ Bollywood ပီသစွာ ပီပြင်တာမို့ ကြည့်ရတာ မိုက်ပါတယ်။  File size…(3.3 GB) / (2.1 GB) / (900 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….02:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Players (2012)

The Italian Job (2003) 7.0
The Italian Job (2003) IMDb Rating (7) / Rotten Tomatoes (73%)Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham ၊ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Professional သူခိုးတွေရဲ့ စနစ်ကျနမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီးလူ့စိတ်ရဲ့အလင်းအမှောင်နဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရှုမြင်ခံစားရမှာပါ...လှည့်ကွက်အများအပြားနဲ့ဇာတ်ကားမို့လို့ ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးချင်ပါဘူး...။မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတဲ့အကြောင်းပဲ မိတ်ဆက်ပေးချင်ပါတယ်....။Action, Crime, Thriller အမျိုးအစားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီးသတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။  File size…(2.2 GB) / (1.4 GB) / (600 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Italian Job (2003)

Blood Red Sky(2021) 6.5
Blood Red Sky(2021) Blood Red Sky (2021) အညွှန်း************************ဒီဇာတ်ကားကို စမြင်တော့ လေယာဉ်ပြန်ပေးဆွဲတဲ့ကားပဲပေါ့လို့တွေးလိုက်တာ။တကယ်လည်းလေယာဉ်ပြန်ပေးဆွဲတဲ့ကားဆိုပေမဲ့ နောက်ဆက်တွဲဇာတ်လမ်း ဇာတ်ကွက်တွေကတော်တော်ကြီးကိုဆန်းပြားတယ်...သားအမိနှစ်ယောက် အမေရိကကို ဆရာဝန်နဲ့သွားတွေ့ဖို့ အဲဒီလေယာဉ်နဲ့သွားတယ်။အဲဒီလေယာဉ်ပေါ်မှာ အရှေ့အလယ်တိုင်းသား ရူပဗေဒပညာရှင်တစ်ယောက်ပါပါလာတယ်။အဲဒီလိုနဲ့ လေယာဉ်ပြန်ပေးဆွဲခံရတယ်ပေါ့။ လေယာဉ်ပြန်ပေးသမားတွေက ရူပဗေဒပညာရှင်ရယ်တခြား အရှေ့အလယ်တိုင်းသားနှစ်ယောက်က ပြန်ပေးဆွဲတဲ့ပုံစံနဲ့ ထောင်ချောက်ဆင်ပြီးသူတို့က ခုန်ချနေခဲ့ကြမယ်လို့ စီစဉ်ထားတယ်။ ဒါပေမဲ့ သားအမိနှစ်ယောက်ထဲက အမေကို ပြန်ပေးသမားထဲကစိတ်ရူးပေါက်နေတဲ့ကောင်က သတ်လိုက်တဲ့ အချိန်မှာ အမေဖြစ်သူက မသေဘဲ ပြန်ရှင်လာတယ်။သတ်အောင်သတ်ထားတာကိုမှ အမေဖြစ်သူက ဘာလို့မသေဘဲပြန်ရှင်လာတာလဲ...ကောင်းကင်မှာသွေးတွေဘယ်လိုလွှမ်းကုန်မလဲဆိုတာကိုတော့...၂၀၂၁ ထွက် Horror, Action ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3Monပဲဖြစ်ပါတယ်....File Size :(1.8GB) (950 MB) and (480 MB) Quality : WEB-DL 1080p 5.1CH, 720p Format…mp4 Duration…01:30:00 Genre : Action , Horror , Thriller Subtitle : Myanmar Subtitle (Hard ...
movie

Blood Red Sky(2021)

Hard Hit (2021) 6.1
Hard Hit (2021)  Hard Hit (2021)အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက် ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီးCast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့ Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတို့က ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါဒီကားထဲမှာ ဘဝအတွက် သင်ခန်းစာယူစရာတချို့လည်းရနိုင်လို့ အက်ရှင်ကားလည်းကြည့် အနှစ်သာရ အချို့လည်းခံစားနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ...
movie

Hard Hit (2021)

2021
Midnight in the Switchgrass (2021)
Midnight in the Switchgrass (2021)  Midnight in the Switchgrass(2021) ======================= No Rating Yetတာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက် က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့် အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒုတိယအချက်ကို အမိအရသုံးထားတယ်။မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ ကားအစမှာကတည်းက ဖော်ပြထားလို့ သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ ရင်ဖိုစရာတော့ကောင်းတယ်။ အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့ Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett ကတော့ The Irishmanကားအပါအ၀င် ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။ သို့ပေမဲ့ ...
movie

Midnight in the Switchgrass (2021)

Gunpowder Milkshake (2021) 5.2
Gunpowder Milkshake (2021) Gunpowder Milkshake (2021)ဒီကားကတော့ ဂျွန်ဝစ် မိန်းမ ဗားရှင်းပဲ ပြောရမှာပါပဲ။ဂိမ်းအော့သရုန်းရဲ့ မင်းသမီးကြီးနဲ့ မစ်ချဲယိုတို့ပါဝင်ထားပြီး အဓိက မင်းသမီးကတော့ မာဗယ်ရဲ့ နီဗြူလာလေး ဖြစ်တဲ့ ကာရမ်ဂယ်လန် ပါပဲ။ ဒီထဲမှာတော့ ဆမ် လို့ ခေါ်တဲ့ လူသတ်သမားလေးပေါ့။ သူ့အမေက လူဆိုးဂိုဏ်းနဲ့ ပြဿနာဖြစ်ပြီး ခြေရာဖျောက်နေတဲ့ လူသတ်သမားမကြီးပါ။ တစ်နေ့တော့ သူ့အလုပ်ကနေ ကလေးမလေးတစ်ယောက်ထဲ ကျန်နေတာကို သနားလို့ ကယ်လာတယ်။ လူဆိုးခေါင်းဆောင်ရဲ့ သားကိုလည်း သတ်မိတယ်၊ဒီတော့ အုပ်လိုက်ကြီးနောက်ကလိုက်သတ်တယ်၊ သူ့အမေနဲ့ပေါင်းပြီး ပြန်သမတယ်ပေါ့...အက်ရှင်ကြမ်းကြမ်းကောင်းကောင်းလေးပါပဲ..... ကြိုက်ကြမှာပါ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။IMDb - 5.2/10File size....2 GB, 996 MB and 713 MB Quality….WEB-DL 1080p, 720p and 480 p Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

Gunpowder Milkshake (2021)

2021
[18+] Body of Evidence (1993) 4.5
[18+] Body of Evidence (1993) မက်ဒေါနားရဲ့ အဖော်အချွတ်တွေကြောင့် ဒီဇာတ်ကားဟာ Best Erotic Thriller ထဲမှာ နာမည်ကြီးပါတယ်...၉၀ ခုနှစ်များဆီက ရှာရွန်စတုန်းရဲ့နာမည်ကျော် Basic Instinct လိုပဲ မက်ဒေါနားကိုလဲ ဒီဇာတ်ကားနဲ့တွဲမြင်ကြပါတယ်...အဖော်အချွတ်သီးသန့်မဟုတ်ဘဲ လူသတ်တဲ့လှည့်ကွက်ဇာတ်အိမ်လေးနဲ့ဆိုတော့ တက်ကြွစွာလိုက်ပါစီးမျောရမယ့်ဇာတ်ကားမျိုးပါ...အဆိုတော်မင်းသမီး Madonna နဲ့အတူ မင်းသားကြီး Willem Dafoe နဲ့ မင်းသမီးကြီး Julianne Moore တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့.... ရှေ့နေကြီး ဖရန့်ဒူလေးနီ (Willem) ဟာ အင်မတန်တော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ဖရန့်ဆီကို အမှုတစ်မှုရောက်လာပါတယ်။ အမှုကတော့ ချမ်းသာကြွယ်ဝတဲ့ အသက်ကြီးကြီးဘိုးတော်တစ်ယောက်ဟာ အိပ်ယာပေါ်မှာ သေဆုံးနေတဲ့အမှုပါ။ ဆေးစစ်ချက်များအရ နှလုံးဖောက်သေဆုံးတာဖြစ်ပေမဲ့ ကိုကိန်းသုံးစွဲထားတဲ့လက္ခဏာလည်းတွေ့ရတဲ့အပြင် လက်ကောက်ဝတ်မှာလည်း လက်ထိပ်ရာများတွေ့ရတာဖြစ်လို့ လူသတ်မှုလို့ ထင်စရာရှိတဲ့အနေအထားဖြစ်နေပါတယ်။ ဘိုးတော်ရဲ့အိမ်ထဲမှာ BDSM လုပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေလည်းတွေ့ထားတဲ့အပြင် ဗွီဒီယိုစက်မှာလည်း ဟုမ်းမိတ်ဗွီဒီယိုတစ်ခုက ပွင့်လျက်အနေအထားနဲ့ ရှိနေပါတယ်။ အဓိကသံသယအဝင်ခံရသူကတော့ ထိုဘိုးတော်နဲ့ တွဲနေတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးလေး ရေဘတ်ကာကာလ်ဆင်(Madonna)ပဲဖြစ်ပါတယ်။ သံသယပိုအဝင်ခံစရာကောင်းတာက ဘိုးတော်ရဲ့သေတမ်းစာထဲမှာ ရေဘတ်ကာရဲ့နာမည်နဲ့ ဒေါ်လာ ၈ သန်းအမွေထားခဲ့ပေးတဲ့ကိစ္စပါပဲ။ ရှေ့နေကြီးဖရန့်ဟာ ဒီအမှုကို ရေဘတ်ကာဘက်ကနေ ...
movie

[18+] Body of Evidence (1993)

Hunter Hunter (2020) 6.3
Hunter Hunter (2020) Hunter Hunter (2020)=================IMDb Rating - 6.3/10 နာမည်ကို ကြည့်လိုက်တာနဲ့ အမဲလိုက်တဲ့ကား ဆိုတာ သိကြမှာပါ။ ဆိုတော့ ..... အမဲလိုက်တဲ့ကားတွေကြိုက်တတ်တဲ့လူတွေ သဘောကျမယ့်ကားမျိုးပါပဲ။ ဘဝဟာ မုဆိုးတစ်လှည့် သားကောင်တစ်လှည့်ပါပဲ။လေးဖြူရဲ့အမဲလိုက်မုဆိုး သီချင်းထဲကလိုပေါ့ဗျာ။ မုဆိုးကြီး ဂျိုးဆက်တို့ သားအမိသားအဖ ၃ ယောက်ဟာတောထဲမှာ အိမ်ကလေးဆောက်ပြီး နေကြပြီး အမဲလိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာပါ။သူတို့ကို ခြိမ်းခြောက်နိုင်တာကတော့ ဝံပုလွေတစ်ကောင်ပါပဲ။ ပုံမှန်ဆိုရင် လူက မုဆိုး တိရစ္ဆာန်က သားကောင်ပါ။တိရစ္ဆာန်က မုဆိုး ဖြစ်ပြီး လူက သားကောင်ဖြစ်တဲ့အချိန်မှာတော့ ..... Horror, Thriller ကြိုက်သူများအသည်းတယားယား ရင်တဖိုဖိုနဲ့ ဇာတ်ကို အဆုံးထိ ရောက်လို့ ရောက်မှန်းမသိအောင် ွဲခေါ်သွားမယ့် ဇာတ်ကားမျိုးပါပဲ။ IMDb Rating - 6.3/10 ရရှိထားပြီး . Thriller ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ကြည့်ကောင်းမယ့်ကားမျိုးဖြစ်ပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August ...
movie

Hunter Hunter (2020)

2020
Chathur Mukham (2021)
Chathur Mukham (2021) IMDb Rating (6.5)ဆဲလ်ဖီဆွဲလို့ လိုက်သတ်တဲ့ ကားကြည့်မလား... ဆိုရှယ်ကျကျနေတတ်တဲ့ တေဂျက်စဗီနီဆိုတဲ့ကောင်‌မလေးဟာ သူ့ဖုန်းလေးပျက်သွားတော့ အွန်လိုင်းပေါ်ကနေ ဖုန်းလေးတစ်လုံးဝယ်ခဲ့တယ် ဒီဖုန်းသူ့လက်ထဲရောက်လာကတည်းက ဒုက္ခတွေများပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်အပျက်တွေရှိလာကော... ဒီလိုဘာကြောင့်ဖြစ်မှန်း စူးစမ်းရင်းနဲ့ သူ ဆဲလ်ဖီဆွဲလိုက်တိုင်း ကိန်းဂဏန်းတွေ ပုံထဲမှာ ပေါ်ပေါ်လာနေတာကို သတိထားမိလာတယ် ဆက်စပ်ပြီး ဒီဖုန်းအကြောင်းစုံစမ်းမိဖို့ သူ့ကိုရောင်းလိုက်တဲ့သူဆီ အသွား..အဲ့ဒီလူရဲ့ အသုဘဖြစ်နေတဲ့အခါ ဒီလိုပဲ တခြား၃လေးယောက်ကလည်း ဆဲလ်ဖီဆွဲရင် ကိန်းဂဏန်းတွေ ပေါ်လာလိုက် ရက်ပိုင်းလောက်နေရင် ဆုံးသွားလိုက်နဲ့ဆိုတော့... ဘာတွေဆက်ဖြစ်လာမှာလဲ...(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Ida မှ တင်ဆက်ထားတာပါ။)  File size…(2.5 GB)and (1.6 GB) and (480 MB) Quality…WEB-DL 1080p and 720p 5.1 CH and 480p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ida
movie

Chathur Mukham (2021)

Tides (2021) 5.4
Tides (2021) Tides (2021) (or) The Colony (2021)===========================IMDb Rating - 5.4/10 ဒီကားက သိပ္ပံစိတ်ကူးယဥ်ကားတွေထဲမှာမှ လက်တွေ့ဆန်ဆန် အနာဂတ်ကို ပုံဖော်ထားတဲ့ကားမျိုးပါ၊ဒီကားကြည့်ရင်း ပထမဆုံးတွေးမိတာက အနာတ်ဂတ်မျိုးဆက်ဟာ ရှေ့မျိုးဆက်တွေရဲ့ ကောင်းမွေဆိုးမွေကို ခံရမှာပဲဆိုတာပါပဲ၊အနာဂတ်မှာ ဆန်းသစ်တဲ့ နည်းပညာတွေတင်မကဘူး ဆန်းသစ်တဲ့ ပြဿနာပေါင်းစုံလည်း ပေါ်လာမှာပါ၊အခုတောင် pandamic ဖြစ်လို့ လူသားတွေ ရှင်သန်ဖို့ ရုန်းကန်နေကြရပါတယ်၊အဲလိုပဲ ကမ္ဘာကြီးကို လူသားတွေကပဲ ဖျက်ဆီးခဲ့တယ် ဖျက်ဆီးနေဆဲ ဆိုတာက အရှိတရားပါ၊ဇာတ်လမ်းထဲမှာတော့ ဝမ်းနည်းစွာနဲ့ပဲ ကမ္ဘာကြီးက လူသားတွေ နေလို့မရအောင် ပျက်ဆီးသွားခဲ့ပါတယ်၊ဒီတော့ အထက်တန်းလွှာလူတစ်ခုက တစ်ခြားနေထိုင်လို့ရတဲ့ ဂြိုလ်တစ်ခုဆီကို ပြေးကြပါတယ်၊ဒါပေမယ့် အဲဒီမှာလည်း ပြဿနာတွေ ရှိနေပါတယ်အဲဒီဂြိုလ်မှာ ရေဒီယိုသတ္တိကြွဓာတ်တွေ ရှိနေတာကြောင့် လူသားတွေဟာ မျိုးအောင်ဖို့ ခက်လာပါတယ်၊ဒီတော့ လူသားမျိုးနွယ် မပျက်သုန်းဖို့အတွက် စွန့်ပစ်ခဲ့တဲ့ အိမ်အဟောင်းကို ပြန်လာဖို့ ကြိုးစားကြရပါတော့တယ်၊ဒီလိုနဲ့ သူတို့တွေ ကမ္ဘာမြေပေါ် ပြန်ခြေချဖို့ ...
movie

Tides (2021)

2021
Collar Bomb (2021) 6.2
Collar Bomb (2021) IMDb Rating (6.2)Disney+Hotstar က ထုတ်လွှင့်ထားတဲ့ Action , Thriller Bollywood ဇာတ်ကားကောင်းလေးကို တင်ဆက်လိုက်ပါတယ်....ဇာတ်လမ်းကတော့ ကြမ်းပါတယ်...အသေခံဗုံးခွဲသမားတစ်ယောက်က ဗုံးတွေအပြည့်ဝတ်ဆင်ပြီး ကျောင်းဆောင်ထဲဝင်လာပါတယ်...ကျောင်းထဲက ကလေးတွေရဲ့ အသက်ကို သူက အလဲအလှယ်လုပ်မှာပါ....ကလေးတွေ အသက်ရှင်ချင်ရင် ကလေးမိဘတွေက ကိုယ့်ဖာသာ အသေခံရမှာပါ...အပေးအယူကြမ်းတဲ့ ဇာတ်ကြောင်းနောက်ကွယ်မှာလဲ လျှို့ဝှက်ချက်တွေက ရှိနေပါသေးတယ်...အသက်ရှင်ဖို့ အလျော်အစားကြမ်းနေတဲ့ ၂၀၂၁ ကာလကြီးနဲ့ ကိုက်ညီမယ့် ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်..။ File size…(1.7 GB) and (1.1 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Thuya
movie

Collar Bomb (2021)

State of Siege: Temple Attack(2021) 9.3
State of Siege: Temple Attack(2021) State of Siege: Temple Attack (2021) မြန်မာစာတန်းထိုးအိန္ဒိယရုပ်ရှင်အထွက်ကြဲနေချိန်မှာ Akshaye Khanna ရဲ့ ဖြစ်ရပ်မှန်အခြေခံအကြမ်းဖက်နှိမ်နင်းရေးရုပ်ရှင်လေးတွေ့တာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။မေဂျာဟာနွတ်ဆင်းဟ်ဦးဆောင်ပြီး ကက်ရှ်မီးယားတနေရာကို စစ်ဆင်ရေးသွားကြတဲ့ NSG (National Security Guard) ကွန်မန်ဒိုတပ်ဖွဲ့ဟာ စစ်ဆင်ရေးမှာ တလွဲတချော်ဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းမိခဲ့ပေမယ့် ဟာနွတ်နဲ့ညီအကိုလိုနေတဲ့ ကပ္ပတိန်ဘီဘာ့ခ်တစ်ယောက် ကျသွားပါတယ်။ဒီဖြစ်ရပ်နောက်ပိုင်း နောင်တတွေရပြီး တစ်ချိန်လုံး သူ့ကိုယ်သူ အပြစ်တင်နေတဲ့ မေဂျာဟာနွတ်တစ်ယောက် ပြည်နယ်ဝန်ကြီးရဲ့ အစည်းအဝေးတစ်ခုကို လုံခြုံရေးယူပေးဖို့ အထက်ကတာဝန်နဲ့ သွားရင်း ကပ္ပတိန်ဘီဘာ့ခ်ရဲ့အသက်ကို နှုတ်ယူခဲ့တဲ့ အကြမ်းဖက်သမားအဖွဲ့နဲ့ တဖန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပြီး အပစ်အခတ် အသတ်အပုတ်တွေများများပါတဲ့ အက်ရှင်ကားမို့ ဇာတ်လမ်းအကြောင်းအရာကို ဒီလောက်ပဲ ပြောပြလို့ ရပါတယ်။သူတို့နိုင်ငံပရိတ်သတ်တွေကိုယ်တိုင်က ကြည့်ရတာတန်တယ်လို့ ရီဗျူးပေးကြတာမို့ အချိန်ပေးရကျိုး နပ်မှာ သေချာပါတယ်။ Translated and Reviewed by : Myint ThuEncoded by : YKQuality : 1080p WEBDL and 720pFile Size : 1.83GB and 1GBDuration :1h 50mins
movie

State of Siege: Temple Attack(2021)

2021
Song Song(2021) 5
Song Song(2021) Glitch 2020 Netflix မြန်မာစာတန်းထိုးဗီယက်နမ် Thriller ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဖြစ်ဖူးကျမလား မသိဘူး။ကိုယ်နဲ့တူတဲ့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ရှိအခြေနေနဲ့မတူတဲ့​အနေအထားတစ်ခုနဲ့ သူ့ကိုအိပ်မက်မက်တာမျိုး။ဒါမျိုး ဖြစ်ဖူးရင်တော့ လိပ်ပြာအကျိုးသက်ရောက်မှု( Butterfly Effect)ကို ပိုပြီးစိတ်ဝင်စားမိမှာပါ။နေရာတစ်နေရာက လိပ်ပြာတစ်ကောင်တောင်ပံခတ်လိုက်တာဟာ အခြားနေရာတစ်ခုမှာတော့ အပြောင်းအလဲကြီးစွာဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ဖြစ်လာမယ့်ကံတစ်ခုကို ( ဒီဘက်ကမ္ဘာမှာဖြစ်စေ၊အခြားအပြိုင်ကမ္ဘာမှာ ဖြစ်စေ)ဘယ်လောက်သေးငယ်တဲ့ ကိစ္စလေးမဆို ရှောင်လွှဲဖို့ ကြိုးစားတယ်ဆိုပါစို့။အကျိုးဆက်ကတော့ ပြောမပြနိုင်လောက်အောင် ကြီးမားတဲ့အပြောင်းအလဲဖြစ်ရပ်တွေဖြစ်လာနိုင်ပါတယ်ဇာတ်လမ်းအကျဥ်း- မိသားစုနဲ့အတူ အိမ်အသစ်ကိုပြောင်းလာတဲ့ တန်ဆိုတဲ့ဆရာဝန်မလေးတစ်ယောက် ရှိပါတယ်။သူတို့အိမ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က နေခဲ့တဲ့ လဲဖောင်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို အိမ်နီးချင်းဆီကနေကြားခဲ့ရပါတယ်။စိတ်မကောင်းဖြစ်နေတဲ့တန်ဟာ တီဗီကနေ လဲဖောင်နဲ့ ဆက်သွယ်မိတဲ့အချိန်မှာ ဒီကံကို ရှောင်လွှဲဖို့ကြိုးစားပါတော့တယ်။လောကကြီးဟာ သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင်လွယ်လွယ်ပြောင်းလဲမခံပါဘူး။ဒီ ပြောင်းလဲမှုလေးတစ်ခုရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲ?ဒီရုပ်ရှင်က လူကိုငြိမ့်နေအောင် ဆွဲခေါ်သွားနိုင်လို့ ရိုက်ထားတဲ့ ဒါရိုက်တာကို မချီးကျူးပဲ မနေနိုင်ပါဘူး။Netflix ကတော့ဒီကားကို ဝယ်ပြီးပြန်ပြတာထင်ပါတယ်။ ...
movie

Song Song(2021)

2021
Out of Death (2021)
Out of Death (2021) Out of Death (2021)===============IMDb Ratingဒီနေ့အတွက် မင်းသားကြီး Bruce Willis ပါဝင်သရုပ်ဆောင်ထားတဲ့ 2021 ထွက်ကားသစ်ကိုတင်ဆက်ပေးပါရစေ။16 July မှ released date မို့ imdb rating တော့မတတ်သေးပေမယ့် popularity ကတော့ တရိပ်ရိပ်တတ်နေတဲ့ကားပါ။ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းလို့ အညွှန်းနည်းနည်းလေးညွှန်းပြီး ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ် . . .ဇာတ်လမ်းအစက ရဲမေ တစ်ယောက်နဲ့ ဘိန်းမှောင်ခိုလုပ်တဲ့ကောင်တို့ရဲ့ ချစ်ခန်းနဲ့စတင်ထားသလို . အပေးအယူလုပ်တဲ့အခန်းနဲ့စတယ်ဆိုလည်းမမှားပါဘူး။ သူတို့အပေးအယူမတည့်ကြတဲ့အခါ ထုံးစံအတိုင်းလက်နက်ရှိသူဟာ အနိုင်ကျင့်စမြဲဆိုပါတော့ဒါပေမယ့် ဒီဖြစ်စဥ်ကိုတွေ့မြင်သွားသူကတော့ အဖေ့ရဲ့အရိုးပြာကိုကျဲပေးဖို့ တောထဲလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူမက ဒီဖြစ်စင်ကိုတွေ့မြင်သွားတဲ့အတွက် အန္တရာယ်တွေဟာ တောက်လျောက်လိုက်ပါလာပြီး . ပြေးရင်းလွှားရင်းနဲ့ ကတုံး(Bruce Willis)နဲ့ဆုံတွေ့ကြရာကနေ ဒီဇာတ်လမ်းကို စိတ်ဝင်တစားတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Amelia မှရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ Amelia, Jerrica တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p ...
movie

Out of Death (2021)

2021
The God Committee (2021) 5.5
The God Committee (2021) The God Committee (2021)အစားထိုးစရာနှလုံးသားတစ်ခုနဲ့ အဲ့နှလုံးသားကို ​သေ​ကောင်​ပေါင်းလဲလိုအပ်​နေတဲ့လူနာ၃​​ယောက်ဒီလူနာ​တွေထဲက ဘယ်သူ့ကိုဦးစား​ပေး​ရွေးမလဲဆိုတာ ဆုံးဖြတ်ရမယ့် ကော်မတီအဖွဲ့ဝင်၆ဦးလူနာတစ်​ယောက်ချင်းစီတိုင်းမှာ ဒီနှလုံးအစားထိုးခွဲစိတ်မှုနဲ့ ထိုက်တန်တဲ့အချက်​တွေ ကိုယ်စီကိုယ်စီရှိ​နေကြတဲ့အခါ...​ကော်မတီအဖွဲ့ဝင်​တွေအ​နေနဲ့ ဘယ်သူ့ကိုခွဲစိတ်ဖို့​ရွေးချယ်လိုက်မလဲ​ဒီရွေးချယ်မှုရဲ့​နောက်ဆက်တွဲဖြစ်ရပ်​တွေ​ကြောင့် ဘယ်အဖွဲ့ဝင်​တွေအကျိုးဖြစ်ထွန်းသွားပြီး ..... ဘယ်အဖွဲ့ဝင်​တွေ နစ်နာသွားမလဲ ?????ဒီခွဲစိတ်မှုတစ်ခုတည်းရဲ့နောက်ကွယ်မှာ ဘယ်လိုကွက်​ကျော်ရိုက်မှု၊ ဖျံကျမှု၊ မသမာမှု​တွေရှိ​နေမလဲ ?????လူ​ကောင်းကဘယ်သူ၊ လူယုတ်မာကဘယ်သူလဲဆိုတာကို ကော်ဖီ​လေးတစ်ခွက်​​ဖျော်ပြီး ကိုယ်တိုင်ပဲအရသာရှိရှိခံစားကြည့်လိုက်ပါသရုပ်​ဆောင်နည်း​တယ် CGIမလိုဘူး VFX​တွေမပါဘူး ဒါ​ပေမယ့်တကယ်အနှစ်သာရ​တွေပြည့်​နေတဲ့ဇာတ်ကား"လူ့အသက်တစ်​ချောင်းကို အ​​လေးအနက်တန်ဖိုးထားပုံ""လူနာအတွက်တင်မကပဲ လူနာမိသားစုဝင်​တွေရဲ့ အနာဂတ်အတွက် ကြို​တွေးစဥ်းစားပုံ""တာဝန်ယူမှု၊ တာဝန်ခံမှု" ဆိုတဲ့ လူသားဆန်တဲ့စိတ်​ဓါတ်တွေက ဘယ်​လောက်အားကျဖို့​ကောင်းသလဲ အတုယူဖို့​ကောင်းသလဲဆိုတာကို ဒီဇာတ်ကားမှာ မြင်​တွေ့ရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။File size…1.9 GB and 1.2 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August
movie

The God Committee (2021)

2021
Midnight (2021) 6.9
Midnight (2021) Midnight 2021သန်းခေါင်ယံ .....သန်းခေါင်ယံမှာ ဘာတွေ ဖြစ်ကြမလဲ????ညဆိုတာကတော့ မကောင်းမှုတွေ စိုးမိုးတတ်တဲ့အချိန်ပါ။ ဒီညကတော့ ထူးဆန်းပါတယ်။ကွင်းဆက်လူသတ်သမားတစ်ယောက်က အမျိုးသမီးငယ်တစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါပဲ။ဘာလို့ သတ်ဖြတ်နေရလဲ ဆိုတာကတော့ ..... သူ လူသတ်မှုကျူးလွန်နေတာကို အမျိုးသမီးငယ်တစ်ယောက် က မြင်တွေ့သွားလို့ နှုတ်ပိတ်ဖို့အတွက် လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားတာပါ။အဲဒီအမျိူးသမီးငယ်ကတော့ ဆွံ့အနားမကြားဖြစ်နေတဲ့ ဂျောင်မီ ပါပဲ။ဆွံ့အနားမကြား ဖြစ်နေတဲ့ ဂျောင်းမီက ဆွံ့အနားမကြားသူတွေအတွက် ဝန်ဆောင်မှုပေးဖို့ Call Center မှာ အလုပ်လုပ်ရပါတယ်။လူကောင်းသူကောင်းတွေကြားမှာ တစ်ယောက်ထဲ ကင်းကွာနေတတ်တဲ့ သူမ တစ်ချိန်မှာတော့ ကွင်းဆက်လူသတ်သမားတစ်ယောက် လူသတ်မှု ကျူးလွန်တာကို မြင်ရပြီးတဲ့နောက်မှာတော့ ......လူသတ်သမားရဲ့လက်ကနေ သူမ ထွက်ပြေးလွတ်မြောက်နိုင်မလား ဆိုတာကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။Jin Ki Joo ,Wi Ha joon, Kim Hye Yoon နဲ့ Park Hoon တို့မှ အဓိက သရုပ်ဆောင်ထားပါတယ်...Thriller ကားတွေကြည့်ရတာကြိုက်တတတ်တယ်ဆိုရင်တော့ ဒီကားမျိုးက လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။IMDb ...
movie

Midnight (2021)

2021
Cold Case (2021) 6.3
Cold Case (2021) Cold Case (2021) ================================ကဲ ပိတ်ရက်မှာ ဘောလီဝုဒ်ကားလေးနဲ့ အပန်းဖြေချင်တဲ့ CM ပရိသတ်များအတွက်ဇာတ်ကားကောင်းလေး တစ်ကား လာပါပြီနော်IMDb 6.3 ရရှိထားပြီးတော့ 30 ရက်နေ့ကမှ ပူပူနွေးနွေး အသစ်စက်စက်လေးထွက်ရှိထားတဲ့Cold Case ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်မယ်ဒီယာက သရဲအကြောင်းနဲ့ပတ်သတ်ပြီး ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ရသူတစ်ယောက် ဖြစ်ပေမယ့်သူဟာ သရဲနဲ့ပတ်သတ်တာတို့ ဘာသာရေးနဲ့ပတ်သတ်တာတွေကို လုံးဝ အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါအမေချစ်သားဖြစ်သူ ခင်ပွန်းနဲ့ ကွာရှင်းဖို့လုပ်ရင်း သမီးဖြစ်သူချင်နူးနဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့လာတဲ့အခါမှာ.....အဲ့ဒီအိမ်အသစ်မှာ သူတို့ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ......ရေကန်ထဲမှာ ဦးခေါင်းခွံတစ်ခုကို ရှာတွေ့ရာကနေ လူသတ်မှုကို စုံစမ်းဖို့ ဖြစ်လာတဲ့ ရဲမှူး ဆတ်သ်သီရာဂျီသ်သူစုံစမ်းနေတဲ့ လူသတ်မှုကရော မယ်ဒီယာရဲ့အိမ်က အဖြစ်အပျက်နဲ့ ဘယ်လိုတွေ ဆက်စပ်နေမလဲ......သူတို့ နှစ်ဦးပေါင်းပြီး လူသတ်တရားခံကိုရော ဖမ်းမိနိုင်ပါ့မလား.....ဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲ ​ဖြစ်ပါတယ်မှုခင်းကားကိုမှ horror လေး ထပ်ပေါင်းထည့်ထားတဲ့ ...
movie

Cold Case (2021)

2021
Till Death 6.2
Till Death Till Death (2021) Megan Fox ရဲ့ ဇာတ်ကားသစ် ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင် အမ်မာ အနေနဲ့ ပါဝင်ထားတာမို့ အတော်မိုက်ပါကြောင်း အမ်မာဆိုတာ သူ့ကိုအထက်စီးကပဲဆက်ဆံလေ့ရှိပြီး လွှမ်းမိုးချုပ်ကိုင်လွန်းတဲ့ ယောကျ်ားဖြစ်သူမာ့ခ်ရဲ့လက်ကနေ လွတ်မြောက်ချင်နေသူတစ်ယောက်  ပြောရရင် မာ့ခ်ရဲ့လက်အောက်ဝန်ထမ်း တွမ်နဲ့နောက်မီးပါလင်းနေတာပေါ့ဒီလိုနဲ့ အမ်မာတစ်ယောက် မာ့ခ်နဲ့ ၁၁နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မတိုင်ခင်ညမှာ တွမ်နဲ့လမ်းခွဲခဲ့ပြီး နှစ်ပတ်လည်နေ့မှာ သူတို့မင်္ဂလာဦးတုန်းကတည်းခဲ့ဖူးတဲ့ ရေကန်ဘေးကအပန်းဖြေအိမ်လေးဆီ သွားကြပါလေရောနှစ်ပတ်လည်ညမှာ ပန်းတွေ ဖယောင်းတိုင်တွေနဲ့ ရိုလို့မှမဆုံးသေး နောက်တစ်နေ့မနက်မှာ အသက်ကုန်နေတဲ့​ယောကျ်ားဖြစ်သူရဲ့အလောင်းကြီးနဲ့ လက်ထိပ်ခတ်လျက်သား အမ်မာတစ်ယောက်နိုးထလာရပါတော့တယ်ဇာတ်ကားနာမည် Till Death ဆိုတဲ့အတိုင်းပဲသေအတူရှင်မကွဲပေါ့နော်။ အရိုတစ်လိုင်းတော့မဟုတ်ဘူး Mystery Horror ပါတဲ့။ ဘယ်လိုတွေအမှုပတ်မယ်ဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးReview by MTA Translated by MTA, JoJoVa Encoded by AugustFile size…1.8 GB and 960MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) .
movie

Till Death

2021