Channel Myanmar

Thriller

Akshara(2021) 5.6
Akshara(2021) Akshara 2021 --------------------------"စာသင်ခန်းဆိုတာ တိုင်းပြည်ရဲ့အနာဂတ်တွေကိုထုတ်လုပ်ပေးတဲ့မြင့်မြတ်တဲ့နေရာ၊စာသင်ခန်းဆိုတာ ထောင်မဟုတ်ဘူး" တဲ့ဇာတ်ကားထဲက ဒိုင်ယာလော့လေးတစ်ခုပါ..... ဒီဇာတ်လေးကိုတော့ အက်ရှာရာဆိုတဲ့အမျိုးသမီးလေးတစ်ဦးအပေါ် အခြေခံဇာတ်အိမ်တည်ထားပါတယ်.အက်ရှာရာက ဆင်းရဲပြီး အမေတစ်ယောက်တည်းကသာပြုစုပျိုးထောင်ပေးခဲ့တဲ့ ထက်မြတ်တဲ့ ကောင်မလေးပေါ့.သူ့ရဲ့ထက်မြက်မှုကြောင့် သူက 10တန်းမှာလဲ ဂုဏ်ထူးဆောင်ကျောင်းသူတဦးဖြစ်ခဲ့ပါတယ်. သူ့ရဲ့ရည်ရွယ်ချက်လေးကလဲ ကောင်းပါတယ်.နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးချင်တဲ့ဆရာမလေးတဦးဖြစ်ချင်တာပါ. သူမက ဆရာတဦးမှာရှိသင့်တဲ့ နာသုံးနာလဲပြည့်စုံပြီး ကျောင်းသားတွေရဲ့ ရင်ထဲက ဆန္ဒကပါ မြင်နိုင်တဲ့ထိ တော်တာကြောင့်အိန္ဒိယရဲ့ထိပ်တန်းကောလိပ်တခုမှာ ရူပဗေဒဆရာမအဖြစ်အလုပ်ရခဲ့ပါတယ်.သူမရဲ့ဘဝလေး ပြီးပြည့်စုံနေခဲ့ပေမယ့် ဆိုးဝါးတဲ့ကိစ္စတစ်ခုကြောင့် သူမဟာကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တဦးကို သတ်မိခဲ့ပြီး ဇာတ်လမ်းအချိုးအကွေ့နဲ့ဇာတ်ရှိန်ဟာပြောင်းလဲသွားခဲ့ပါတယ်.......သူမဘာလို့ သူ့ကိုသတ်ခဲ့ရတာလဲ...ဒီကောလိပ်ကတကယ်ပဲ ထိပ်တန်းအဆင့်မှီရဲ့လား...ဆရာမတဦးရဲ့အရည်အချင်းကဘာလဲ....တကယ်ကို ပညာရေးစနစ်နဲ့ ဆရာတစ်ယောက်ရဲ့အရည်အချင်းကို ပြန်မေးခွန်းထုတ်စေမယ့် ရုပ်ရှင်ပါပဲ...သရုပ်ဆောင်ပိုင်းမှာလဲ အက်ရှရာနေရာသရုပ်ဆောင်ထားတဲ့ မင်းသမီးကသူ့ရဲ့ဇာတ်ရုပ်ကို အတော်လေး ပိုင်နိုင်တာတွေ့ရပါတယ်...   File size…2.1GB and 1.1Gb and 501MB Quality…1080p WEB DL DD+5.1 and 720p and 480p Format…Mp4 Duration….2h 16min Subtitle….Myanmar Subtile(Hard Sub) Encoder…. YK Translated ...
movie

Akshara(2021)

2021
The Girl Who Got Away (2021) 5.6
The Girl Who Got Away (2021) The Girl Who Got Away(2021) =======================အခု တစ်ခေါက်မှာတော့ ပူပူနွေးနွေးလေး ထွက်ရှိထားပြီး Horror ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမဲ့ အမေရိကန် Horror movie လေးကို မိတ်ဆက်ပေးပါရစေ"The Girl Who Got Away" ဆိုတဲ့ movie name လေးအတိုင်းပဲ ပြန်ပေးဆွဲမှုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကောင်မလေးအကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်ဘယ်လို ပြန်ပေးဆွဲခံရတာလဲဆိုတဲ့အကြောင်း သိဖို့ဆိုရင် 1998 ခုနှစ်ကို ပြန်သွားကြည့်ရမှာပေါ့1998 ခုနစ် မက်စီနာမြို့မှာ စိတ္တဇအမျိုးသမီးတစ်ဦးက မိန်းကလေး ၅ ယောက်ကို ပြန်ပေးဆွဲ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီငါးယောက်ထဲကနေ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်လာသူ တစ်ဦးပဲ ရှိခဲ့ပါတယ် သူကတော့ ခရစ္စတီးနားလို့ အမည်ရတဲ့ ကောင်မလေးပါခရစ္စတီးနားဟာ အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့အိပ်မက်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေထိုင်ရင်း ...
movie

The Girl Who Got Away (2021)

200 Halla Ho(2021) 6.4
200 Halla Ho(2021)    200: Halla Ho (2021) ----------------------- Imdb 7.3/10ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့အိန္ဒိယမှုခင်းဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဘက်လီချောင်ဒရီဆိုတဲ့ ရာဇဝတ်သားကို တရားရုံးတော်မှာအမှုကြားနာခြင်း ပြုလုပ်မယ့်နေမှာပဲထူးခြားမှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်များပြားလှသော အမျိုးသမီးအုပ်စုကြီးကတရားရုံးတော်ထဲကို ရုတ်တရက်ပြေးဝင်လာကြပြီးတရားခံ ဘက်လီတစ်ယောက် တရားရုံးတော်ထဲမှာပဲရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ မြင်ကွင်းက အားလုံးအတွက်မေးခွန်းထုတ်စရာတွေဖြစ်နေခဲ့ပါတော့တယ်သူ ဘယ်လိုအမှုတွေကျူးလွန်ခဲ့လို့ အသတ်ခံခဲ့ရတာလဲ...တရားဥပဒေစိုးမိုးတဲ့ တရားရုံးတော်မှာ လူသတ်ရဲကြတဲ့အမျိုးသမီးတွေကရော ဘယ်သူတွေဖြစ်မလဲ...ဘယ်လိုအကြောင်းအရာတွေနဲ့ပက်သက်နေမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် File size…1.13GB Quality…720p Format…Mp4 Duration….1h  55mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….Yk Translated by MayZinOo & ida & Sein Lae
movie

200 Halla Ho(2021)

2021
Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)

Sweet Girl (2021) 5.8
Sweet Girl (2021) Sweet Girl (2021)==============IMDb Rating - 5.8/10ဒီနေ့အတွက် အားလုံးပဲကြိုက်နှစ်သက်လောက်မယ့် Action, Drama, Thriller ကားသစ်ကိုတင်ဆက်ပေးချင်ပါတယ်။အဓိက ဇာတ်ဆောင်တွေအဖြစ် အားလုံးပဲ သိတဲ့ Aquaman မင်းသား Jason Momoa နဲ့ Dora and the lost city of Goldရဲ့ မင်းသမီးလေး Isabela Mercedတို့က ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကျော်ရိုးကတော့ ရေး ကော့ပါးဟာ မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ပြီး ဇနီးသည်ကို ကင်ဆာရောဂါကနေ ပြန်ကယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေသူပါ။ကံကောင်းစွာနဲ့ ကင်ဆာကို ထိထိရောက်ရောက် ကုနိုင်တဲ့ ဆေးတစ်မျိုး ပေါ်လာခဲ့ပေမယ့် BioPrime ဆေးကုမ္ပဏီတွေရဲ့လောဘကြီးမှုကြောင့် ဆေးကုသခွင့်ဆုံးရှံးခဲ့ရလို့ ဇနီးသည်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ ဇနီးသည်အတွက် တရားမျှတမှုကို လိုချင်တဲ့ ရေး တစ်ယောက် ဒီကိစ္စတွေများရဲ့ ချုပ်ကိုင်မှုတွေရဲ့ အဖြစ်မှန်တွေကိုဖော်ထုတ်ရင်း ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အရှုပ်အရှင်းတွေကြားထဲ ...
movie

Sweet Girl (2021)

2021
Stillwater (2021) 6.9
Stillwater (2021) Stillwater (2021)IMDb- 6.9ကဲ ဇာတ်ကားကောင်းတွေ စုပြုံထွက်ရင် သိပ်ပျော်တယ် ဗဲရီးဟက်ပီးဆိုတဲ့ cm ပရိသတ်ကြီးရေမင်းသားကြီး Matt Damon ရဲ့ crime, drama, thriller လေးကိုလည်း လက်မလွှတ်တမ်း အားပေးကြပါဦးဗျကြိုတင်ပြောချင်တာက ဒီကားဟာ စကားအသုံးအနှုန်းတွေ R အဆင့်သတ်မှတ်ထားလို့ ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ကြည့်ဖို့ သိပ်အဆင်ပြေမယ်မထင်ပါဘူးဇာတ်လမ်းအကျဉ်းကတော့ဖခင်ဖြစ်သူဟာ ကိုယ်ရဲ့ အရပ်ဒေသမဟုတ်တဲ့ တစ်နယ်တစ်ကျေးမှာကိုယ်နဲ့ ကွဲကွာနေရတဲ့ သမီးဖြစ်သူအတွက်သူမကျူးလွန်ထားတဲ့ အမှုကို မကျူးလွန်ကြောင်း သက်သေပြဖို့လူမျိုးခြားတွေ လူမျိုးရေးခွဲခြားသူတွေကြားရုန်းကန်ဖြေရှင်းဖို့ ကြိုးစားရင်းပြဿနာတွေ ကြုံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ဘာသာပြန်တွေကတော့ Thar Htet, Yoon Sandi Aung, Jimx, Amelia တို့ပဲ ဖြစ်ကြပါတယ်။File size…2.24GB Quality….WEB-DL 1080p Format…mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Augsut
movie

Stillwater (2021)

2021
The Life of David Gale(2003) 7.5
The Life of David Gale(2003) The Life of David Gale(2003) အညွှန်း*********************************IMDb...7.5"အထက်တရားရုံးက ဒဿနိကဗေဒပါမောက္ခဟောင်းဒေးဗစ်ဂေးလ်အား သောကြာနေ့တွင်ကွပ်မျက်ဖို့ကို ဆိုင်းငံ့မပေးနိုင်ကြောင်း ပယ်ချလိုက်ပါတယ်...ဂေးလ်ဟာ ၁၉၉၄ ခုနှစ်မှာအော်စတင်ကောလိပ်မှလုပ်ဖော်ကိုင်ဘက်ဟောင်းကွန်းစတန့်ဟယ်ရာဝေးကိုမုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်....အမှုကို တနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြပါတယ်..ဘာလို့လဲဆိုတော့ ဂေးလ်နဲ့ဟယ်သာဝေးက သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ဖျက်သိမ်းရေးဝါဒီအဖွဲ့အစည်း ဒက်ဝက်ချ်ရဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ကြလို့ပါပဲ"ဒါကတော့ ရုပ်သံလွှင့်ဌာန သတင်းကြေငြာသူ ပြောသွားတဲ့ စကားတွေပါပဲ...ဒေးဗစ်ဂေးလ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်...အကျိုးပြုစာတမ်းတွေများစွာရေးသားခဲ့သလို တက္ကဆက်ရဲ့ပြင်းထန်လွန်းတဲ့တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ခဲ့သူဖြစ်တယ်..ပြီးတော့ သိပ်ချစ်ရတဲ့သားလေးနဲ့မိန်းမကိုလည်းပိုင်ဆိုင်ထားတဲ့သူ...ဒီလိုလူက သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ကွန်းစတန့်ဟယ်ရာဝေ ဆိုတဲ့အမျိုးသမီးကို မမုဒိန်းကျင့်သတ်ဖြတ်ခဲ့လို့သူကိုယ်တိုင်သေဒဏ်အမိန့်ချခဲ့ရသူပေါ့...သတင်းကြေငြာခဲ့သလိုပဲ ဆိုင်းငံပေးဖို့ ပယ်ဖျက်ခံရတဲ့သူပေါ့...ဆိုတော့ သူ့အတွက် အချိန်က အတိအကျဆိုရင် သေဒဏ်ပေးခံရဖို့ (၃)ရက်အလို....ဒီလိုအနေအထားမှာ သူဟာ ထူးဆန်းစွာပဲ မီဒီယာလောကမှာနာမည်ကြီးတဲ့သတင်းထောက်ဘစ်ဆီနဲ့ အင်တာဗျူးခံဖို့ လှမ်းခေါ်လိုက်ပါတယ်....သူက တကယ်ပဲအမှူကိုကျူးလွန်ခဲ့တာလား.... ဘာ့ကြောင့် ဒီအမျိုးသမီးကို မှ အင်တာဗျူးဖို့ခေါ်လိုက်တာလဲ...ဒီ(၇၂)နာရီအတွင်းဘာတွေဖြစ်လာမလဲဆိုတာကတော့...ဒီကားမှဦအဓိကသရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Kevin Spacey နဲ့ မင်းသမီးKate Winslet ပါဝင်သရုပ်ဆောင်ထားတယ်...Classic ကားတော်တော်များများဟာတကယ်တော့ အထနှေးတယ်လို့ဆိုရမလားပဲ...အစပိုင်း မိနစ်(၄၀)လောက်ထိ စိတ်ရှည်သီးခံပြီးကြည့်ရတာများပါတယ်...သို့ပေမဲ့ ဒီကားက စစချင်းကို စိတ်ဝင်စားစရာတွေအပြည့်နဲ့...Kevin Spacey ...
movie

The Life of David Gale(2003)

Snake Eyes: G.I. Joe Origins (2021) 5.7
Snake Eyes: G.I. Joe Origins (2021) G.I.Joeထဲက နင်ဂျာအမဲ​ရောင် စကား​ပြောတဲ့ရုပ်ရှင်ထွက်လာပါပြီဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့​သွေး​သောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။ခေါင်း​​​ဆောင်မင်းသားနှစ်​​ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်း​ပေ့ရမ်း​ပေ့ဆိုတဲ့ "Warriors" စီးရီးထဲက မင်းသား Andrew Koji ပါငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာ​ကြောင့် ကလဲ့စား​ချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်​​ယောက်Arashik​age မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် ​"တော်မီ"ကို မျိုးနွယ်စုသစ္စာ​ဖောက် "ကန်တာ"နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အ​ရေးနဲ့ ကြုံလာရပါတယ်သူကယ်တင်​ပေးခဲ့တဲ့"တော်မီ"က​နေတဆင့် Arashikage မျိုးနွယ်ရဲ့သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အ​ဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်​ချေနိုင်မလား၊Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ၊သစ္စာ​ဖောက် "ကန်တာ"ရဲ့အကြံအစည်က​ရော ဘာဖြစ်မလဲ၊JOEအဖွဲ့နဲ့ Cobraက​ရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ......စသဖြင့် ​​ရှေ့မှာထွက်ပြီးသား G.I.Joe နှစ်ကားရဲ့ Spin off အဖြစ် ဇာတ်လမ်းဆက်​ပေးသွားမှာဖြစ်ပါတယ်Digital ...
movie

Snake Eyes: G.I. Joe Origins (2021)

[James Bond] The Man with the Golden Gun (1974) 6.7

[James Bond] The Man with the Golden Gun (1974)

The Hypnosis(2021) 6.0
The Hypnosis(2021) The Hypnosis(2021)အညွှန်း************************TVကနေပြီးတော့ အတိတ်ဘဝအကြောင်းတွေကို အိပ်မွေ့ချနည်း အသုံးပြုပြီး ပြန်လည်တူးဖော်တဲ့အစီအစဉ်တစ်ခုကို ရိုက်ကူး ပြသခဲ့တယ် ..လူငယ်တော်တော်များများကလည်း  ဆန်းကြယ်ပြီး ပြုလုပ်ရလွယ်တဲ့အိပ်မွေ့ချခြင်း‌အပေါ် စိတ်ဝင်စားလာကြတယ် ..အဲ့ဒီလူငယ်တွေထဲမှာ ဂျင်းဟိုနဲ့ ဒိုဂယောင်းလည်းအပါအဝင်ပေါ့...သူတို့(၂)ယောက်က ဒီအိပ်မွေ့ချနည်းပတ်သက်ပြီးအတွေ့အကြုံအနည်းငယ်ရှိပါတယ်..ဒါ့ကြောင့် TV ရုပ်သံလွှင့်ဌာနက လွှင့်တဲ့အတိုင်း ရဲရဲဝံဝံစမ်းသပ်ပါတော့တယ်...အဲ့ဒီနောက်တော့ ဆိုးရွားတဲ့ပြဿနာတွေဆက်တိုက်ပေါ်လာပါတော့တယ်... File Size :(1.6GB) (857MB) and (324 MB) Quality : Blu-Ray 720p Format…mp4 Duration…01:25:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myat Thet Encoded by Phyo Pyae
movie

The Hypnosis(2021)

Kuruthi (2021) 8.0
Kuruthi (2021) Kuruthi (2021)IMDb 8.1/102021ခုနှစ် ဒီလထဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယသည်းထိတ်ရင်ဖိုဇာတ်လမ်းတပုဒ်ပါ. Thrillerဆို အင်္ဂလိပ်ကားလောက်ပဲ ratingကောင်းနေပေမယ့်ဒီအိန္ဒိယကားကတော့ Imdb၈ထိရထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတပုဒ်ပဲဖြစ်တာကြောင့် အန္ဒိယရဲ့ ဒီThrillerရုပ်ရှင်ကို မြည်းစမ်းကြည့်စေချင်ပါတယ်.ဒီကားက လုံးဝ ကြည့်နေရင်းနဲ့ ရင်တထိတ်ထိတ်ဖြစ်စေမယ့်ကား...အီဗရာဟင်မ်ဟာ တောင်ခြေနားက ရပ်ကွက်အစုလေးမှာမိသားစုနဲ့အတူ နေထိုင်ပြီး ရာဘာစေးခြစ်တဲ့အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်တစ်နေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်ပြီးအီဗရာဟင်မ်တစ်ယောက် ဇနီးနဲ့သမီးလေးကို ဆုံးရှုံးခဲ့ရတယ်စိတ်အားတင်းပြီး ဖခင်နဲ့ညီလေးနဲ့အတူ ကြိုးစားနေထိုင်ရင်း...တစ်ရက် ဒဏ်ရာရနေတဲ့ရဲမှူးတစ်ယောက် တရားခံနဲ့အတူအိမ်မှာခဏနားခိုခွင့်တောင်းလာတယ်..သိပ်မကြာတော့ နောက်ထပ်လူစိမ်းတစ်ယောက်ဝင်လာတယ်ဒီလိုတောတောင်ထဲမှာ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ရဲမှူးရယ်ဒီလူစိမ်းတွေနဲ့ အီဗရာဟင်မ်တို့ ဘာတွေဆက်ပြီးကြုံရအုံးမလဲဆိုတာကိုတော့ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားစွာနဲ့ Thrillerရသ အပြည့်အဝနဲ့ကြည့်ရမှာပါFile size…1.2GB and 2GB and 512MB Quality…720p WEB DL and 1080p WEB DL DDP5.1 and 480p Format…Mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by May Zin Oo & ...
movie

Kuruthi (2021)

2021
Night Drive (2021) 5.6
Night Drive (2021) Night Drive (2021)===============IMDb Rating - 5.6/10 လူ့လောကဆိုတာ အသက် ၁၀၀ သာနေချင်မှနေရမယ် အမှု ၁၀၀ ကတော့ ကြုံရတာပဲမလား၊ တခါတလေကျရင်ပြဿနာကကိုယ်ရှိတဲ့နေရာဆီ တကူးတကကိုလာတတ်တာမျိုးလေ။ကယ်လီဖိုးနီးယားက Developer ရပ်ဆဲလ်တစ်ယောက် နာမည်ကြီး App တစ်ခုကိုရေးခဲ့ပေမယ့်၊ သူငယ်ချင်းကောင်းမှုနဲ့ပိုက်ဆံတွေဝက်ဝက်ကွဲရှုံးသွားတယ်ဗျာ ဒါနဲ့ပဲ ဆရာသမားက ရိုးသားကြိုးစားစွာ Taxi မောင်းပြီး အလုပ်လုပ်နေတာ၊App မှာလည်း Point တွေ ကောင်းကောင်းလေးရထားတဲ့ Taxi ဆရာပေါ့။ ခရစ်စမတ်ညတစ်ညမှာတော့ ကောင်မလေးတစ်ယောက်ကိုကားမောင်းပြီး လိုက်ပို့တယ် . ဒါပြီးရင် သူလည်းပါတီတက်မယ်ပေါ့လေ။အဲ့ဒီမှာ ဇာတ်လမ်းစတာပဲ  . . . မတော်တဆမှုတစ်ခုဖြစ်ပြီး ဆက်တိုက်ဆိုသလို ပြဿနာတွေ ပေါ်တော့တာ သူ့ကားငှားလာတဲ့ကောင်မလေးကလည်း အရမ်းသွေးအေးလွန်းပြီး လျှို့ဝှက်ချက်တစ်ခုခုလည်းရှိနေတယ်၊ အဲ့ဒီလျှို့ဝှက်ချက်ကဘာများဖြစ်လဲThriller ဆိုပေမယ့် Comedy လည်းဆန်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားမျိုးလို့ပြောလို့ရတယ်။ရိုးရိုးသားသား Taxi ဆွဲစားနေတဲ့ ဆရာသမားရပ်ဆဲလ်ဆီကို ...
movie

Night Drive (2021)

2021
300 (2006) 7.6
300 (2006) 300 (2006)IMDb - 7.6/10_____Rotten - 61%ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပါ။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ ဇာတ်ညွှန်းဆိုတာထက် သမိုင်းက တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။***300 (သို့မဟုတ်) Battle of Thermopylae***ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့သည် (City state ) မြို့တမြို့ တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့ စစ် ချီလာပြီ ...
movie

300 (2006)

2006
The Gambler (2014) 6.1
The Gambler (2014) The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ ‌All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေး‌တွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်း‌ခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie

The Gambler (2014)

Ghibah (2021) 5.3
Ghibah (2021)  ဒီတစ်ခါတော့ CMကနေ အင်ဒိုးနီးရှားသရဲကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နတ်ဆိုးဆိုတာ ဘယ်အချိန်မှာပေါ်လာတာလဲ ညအချိန်လား နေဝင်ရီတရော အချိန်လား နှစ်ခုလုံးမဟုတ်ပါဘူးတကယ်က ကိုယ်သူများရဲ့ နောက်ကွယ်မှာ မှန်လားမသိမမှန်လားမသိနဲ့ အတင်းပြောတဲ့အချိန် ကိုယ့်ဆီမှာ မကောင်းတဲ့အတွေးတွေများနေတဲ့အချိန်မှာ ပေါ်လာတတ်တာပါတဲ့ အဲ့လိုမျိုးအတင်းပြောတာကို အစ္စလန်ဘာသာမှာ ဂီဘာလို့ခေါ်ဝေါ်ကြပါတယ် ဒီဇာတ်ကားလေးကတော့... ဖီလီတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားတသိုက်ဟာ ကျောင်းမဂ္ဂဇင်းအတွက် ကျောင်းသူနဲ့ ပါမောက္ခဖောက်ပြန်တဲ့အကြောင်းကို သတင်းယူရင်း ဂီဘာဆိုတဲ့ မဟုတ်မမှန်အတင်းပြောတဲ့ အပြစ်ကို မတော်တဆ ကျူးလွန်မိခဲ့ကြပါတယ်အဲ့ဒီအချိန်မှာ လူတွေဂီဘာအပြစ်ကို ကျူးလွန်ဖို့ အမြဲစောင့်မျှော်နေတဲ့ အီဖရစ်နတ်ဆိုးက ကြားသိသွားပြီး သူတို့ရဲ့နောက်ကို တစ်ကောက်ကောက် ကပ်ပါလာပါတော့တယ် ကပ်ပါလာပြီးနောက်ပိုင်း အီဖရစ်နတ်ဆိုးဟာ ဖီလီတို့ သူငယ်ချင်းတစ်စုကို တစ်ယောက်ချင်းစီ ဘယ်လိုမျိုးပြင်းပြင်းထန်ထန် နှောင့်ယှက်အပြစ်ပေးမလဲဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်...။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:33:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung ...
movie

Ghibah (2021)

Dial 100 (2021) 8.3
Dial 100 (2021) Dial 100 (2021)အညွှန်း********************IMDb..8.3မင်းသားကြီးManoj Bajpayee ကိုတော့ The Family Manဇာတ်လမ်းတွဲနဲ့အားလုံးရင်းနှီးကြမယ်ဆိုရင်သူဘယ်လောက်သရုပ်ဆောင်ကောင်းလဲသိကြမှာပါ...ဒီကားထဲမှာတော့ ရဲအရာရှိတစ်ဉီးအဖြစ်သရုပ်ဆောင်ထားတယ်....ဒီဇာတ်ကားကလေးကတော့ ဒီနေ့ပဲ Zee5 ရုပ်သံလိုင်းမှ အသစ်ထွက်ရှိလာတဲ့ IMDb rating 8.3အထိရရှိထားပြီးအဆိုအက မပါတဲ့Action /Thriller ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။မွန်ဘိုင်းမြို့က ရဲအရေးပေါ်ဌာန ထိန်းချုပ်ခန်းမှာ တာဝန်ကျအရာရှိ ရဲတစ်ဦးထံကိုဘယ်ကမှန်းမသိတဲ့ အမျိုးသမီးကြီးတစ်ယောက် ဖုန်းခေါ်လာတယ်....သူပြောတာက တိုင်ချက်ဖွင့်တယ်ဆိုတာထက် ထူးဆန်းပါတယ်...သူ့ကိုယ်သူသတ်သေရမလား သူ့သားကိုသတ်သွားတဲ့သူကို သတ်ရမလားတဲ့...ဒီအမျိုးသမီးဟာ   ရဲအရာရှိ နီခ်ဟေလ်းရဲ့ အမည်ကို သိနေတဲ့အပြင်ထူးထူးဆန်းဆန်းတွေ ဆက်ပြောဆိုလာပါတယ်...ရဲအရာရှိနီခ်ဟေးလ်အတွက် ခေါင်းမီးတောက်တော့တာပဲ...သူဘယ်လိုစုံစမ်းဖော်ထုတ်မှာလဲ ...ဘယ်လို အလှည့်အပြောင်းတွေရှိနေမှာလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါ။ ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။File Size :(900 MB),(330MB) Quality : WEB-DL 720p,480P Format…mp4 Duration…01:46:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Dial 100 (2021)

Rewind (2021) 9.4
Rewind (2021) ဒီဇာတ်ကားကို IMDb မှာ လူ ၅၀၀ ကျော်လောက်က IMDb Rating (9.4) လို့ ပေးထားပါတယ်။User Rating မြင့်သလိုပဲ ဇာတ်လမ်းကလဲ နည်းနည်းထူးခြားတဲ့ တောင်ပိုင်းဇာတ်ကားပါ။ဇာတ်လမ်းကတော့..အရ်ဂျွန်က ခရိုနီကြီးတွေ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖေါ်ထုတ်တဲ့ မှုခင်းသတင်းထောက်...ဒီလိုလူမျိုးမှာလည်း ရန်သူက အများသား..သူ့မှာ အရမ်းချစ်ရတဲ့မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ်..တစ်နေ့သူ့သမီးလေးကို ကစားကွင်းခေါ်သွားနေတုန်း သမီးဖြစ်သူပြန်ပေးဆွဲခံခဲ့ရပါတယ်..ရဲဌာနနဲ့ သူကိုယ်တိုင် သုံးလလောက် လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့တဲ့အပြင်ပြန်ပေးသမားကလည်းဒီတောအတွင်း ဘာတောင်းဆိုမှုမှ ရှိမလာခဲ့ပါဘူး...ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အကြံတစ်ခုရသွားခဲ့ပါတယ်အဲ့ဒါကတော့ Lucid Dream လို့ခေါ်တဲ့ အိပ်မက်သို့ခရီးသွားခြင်းနည်းနဲ့အဲ့ဒီနေ့က အဖြစ်အပျက်တွေရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်တူးဖေါ်လာတဲ့အခါမှာတော့..။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thuya မှ တင်ဆက်ထားတာပါ။)  File size…(2.1 GB) / (1.1 GB) Quality…WEB-DL 1080p / 720p / 360p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie

Rewind (2021)

Eighteen Hours (2021) 6.9
Eighteen Hours (2021) IMDb Rating (6.9)ဒီဇာတ်ကားကတော့ သေရေးရှင်ရေးပြေးရမယ့် Thriller ဇာတ်ကားပါ...အားကစားပြိုင်ပွဲတစ်ခုကို သွားမယ့် ကျောင်းသူလေးတွေနဲ့ဆရာဆရာမတွေဟာမြူတွေဆိုင်းနေလို့ သွားမယ့်လေယာဉ်က မထွက်ဖြစ်တော့တဲ့အတွက်ကားစင်းလုံးငှားပြီး ပြိုင်ပွဲအမီသွားကြတယ်...တစ်လမ်းလုံးပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းလေးဆိုရင်းခရီးထွက်လာကြပေမဲ့သူတို့အပျော်တွေမဆုံးခင် လမ်းခုလတ်မှာတင်ပဲ ကားတစ်စီးလုံး ပြန်ပေးဆွဲခံရပါတော့တယ်...ပြန်ပေးသမားတွေကလည်း လက်ရဲဇက်ရဲ လူသတ်သမားတွေ မုဒိန်းကောင်တွေဆိုတော့...။ကျောင်းသူတွေနဲ့ဆရာမတွေ ဒီလူယုတ်မာလက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်ကြမယ်ဆိုတာနဲ့ရဲတွေကရော အချိန်မီလိုက်လံကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်လိုက်ပါကြည့်ရှုရမယ့်ကားပါ။ဒီဇာတ်ကားဟာ ရိုက်ချက်ကြမ်းကြမ်းတွေနဲ့ Thriller Taste ကို ခပ်မြန်မြန်ဆွဲခေါ်သွားတဲ့အပြင်လူယုတ်မာတွေကလဲ ပီပြင်ကြတာမို့ ကလေးသူငယ်တွေတော့ မကြည့်ရှုသင့်ပါဘူး။(ဘာသာပြန်နဲ့အညွှန်းကို Thuya မှ တင်ဆက်ထားတာပါ။)  File size…(1.7 GB) / (900 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie

Eighteen Hours (2021)

District 13: Ultimatum (2009) 6.5
District 13: Ultimatum (2009) IMDb Rating(6.5) / Rotten Tomatoes(75%)၂၀၀၄ ကထွက်ခဲ့တဲ့ District 13 ကားလေးကိုမှတ်မိလောက်ဦးမယ်ထင်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက District 13 ဆိုတဲ့နေရာလေးကိုအခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ပထမကားဟာ IMDb 7.1 ထိရရှိခဲ့သလိုပဲ ဒုတိယကားဟာလည်း IMDb 6.5 ဆိုတော့ ပထမကားလောက်နီးနီးအရသာပေးစွမ်းနိုင်ဆဲကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။ဒုတိယမြောက်ကား‌လေးကိုတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး ပထမကားလောက်နီးပါး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းလေးကိုတော့ ပထမကားရဲ့အဆုံးသတ်က‌နေပဲ ဆက်ထားပါတယ်။ လီတိုတို့ရဲ့ အမဲရောင်နယ်မြေ‌လေးကို အုတ်တံတိုင်းတွေဖြိုဖျက်ပြီး နယ်မြေကောင်းကောင်း‌‌လေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကတော့ အစိုးရတွေပြောင်းသွားသော်လည်း လေထဲမှာ‌လွင့်ပျောက်သွားပြီး လီတိုတို့နယ်မြေလေးဟာ ဆိုးမြဲပေမြဲတေမြဲဆက်လက်ဖြစ်နေခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ လီတိုတို့‌နယ်မြေလေးကို ဖြိုဖျက်ပြီး အသစ်ကနေစပြီးပြန်လည်တည်ဆောက်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနဲ့ ကော်မရှင်ခမျိုးမျိုးမြတ်မြတ်လေးလိုချင်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကလူကြီးတစ်ယောက်တို့တွေ့ဆုံတဲ့အခါဘယ်လိုနိုင်ငံရေးပဋိပက္ခတွေကို ဖန်တီးမလဲ၊ ဒေမီယမ်နဲ့ရောဘယ်လိုငြိမလဲ၊ လီတိုကရော ဒီကားထဲမှာ ဘာတွေဆက်လုပ်သွားမလဲ လီတိုတို့နယ်မြေရဲ့ ဂိုဏ်း‌တွေကရော ဘာတွေလုပ်ကြမလဲဆိုတာကို မြိုင်မြိုင်လေးကြည့်ရဦးမယ့် ကားကောင်း‌လေးတစ်ကားပါ။ပထမကားလောက်နီးနီးကို ကြည့်လို့ရှယ်ကောင်းလှတာမို့ ဒီကားကိုလဲ လက်မလွတ်သင့်ပါဘူး။  File size…(1.9 GB) / (1 GB) / (500 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

District 13: Ultimatum (2009)

Thittam Irandu (or) Plan B (2021) 7.1
Thittam Irandu (or) Plan B (2021) IMDb Rating (7.1)Plan B လို့ အမည်ရတဲ့ Tamil ဇာတ်ကားလေးပါ... SonyLIV ကနေ အသစ်ထုတ်လွှင့်ပြသသွားခဲ့တဲ့ Crime,Thriller,Drama ဇာတ်ကားဖြစ်ပါတယ်... ဒီဇာတ်ကားရဲ့ လှည့်ကွက်တချို့က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့ပါတယ်...ဇာတ်လမ်းကတော့... အာဒီရားနဲ့ ဆူရီယားတို့က သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်.. အာဒီရားက ရဲမေ..ဆူရီယားကတော့ အိမ်ထောင်ကျပြီး ခင်ပွန်းနဲ့အတူနေတယ် တစ်ရက်မှာ...ဆူရီယားရဲ့ခင်ပွန်းဖြစ်သူက ဆူရီယားပျောက်နေကြောင်း အိမ်ကို လုံးဝ ပြန်မလာတော့ကြောင်း အာဒီရားကို ဆက်သွယ်အကြောင်းကြားလာပါတယ်... အာဒီရားကလဲ သူ့သူငယ်ချင်းပျောက်တဲ့ကိစ္စကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တောအုပ်နားတစ်ခုမှာ ကားတစ်စီးမီးလောင်ပျက်စီးနေပြီး မောင်းလာတဲ့သူကလည်း သေဆုံးနေတာကို တွေ့လိုက်ရတယ်... သေဆုံးသူဟာ ဆေးမှတ်တမ်းစစ်ဆေးမှုများအရ ဆူရီယားရဲ့ အလောင်းဖြစ်နေကြောင်း သိလိုက်ရပါတယ်...ဒါပေမယ့် ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့လျှို့ဝှက်ချက်ကြီးက လှည့်ကွက်အပြည့်တွေနဲ့မို့ ကြည့်ရှုသူတွေအနေနဲ့ ထိုင်ရာမထ ကြည့်ရှုရမယ့် ဇာတ်ကားမျိုးပါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Thuya & May တို့ပဲဖြစ်ပါတယ်။)  File size…(2 GB) / (1.1 GB) / (500 MB) Quality…WEB-DL 1080p /720p/ 480p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Thittam Irandu (or) Plan B (2021)