Channel Myanmar

Thriller

26 Years 6.3
26 Years 26 Years (2012)တစ်ခါတုန်းက အပြစ်မဲ့ပြည်သူပေါင်းများစွာကို အစုပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံရဲ့သမ္မတရာထူးကို ရယူခဲ့တဲ့ ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့တယ်- သမီးလေးအတွက် နာမည်ရွေးနေတုန်း Head shot နဲ့ သေဆုံးခဲ့ရတဲ့ မိခင် - ဆန္ဒပြရင်း ပစ်ခတ်မှုတွေဖြစ်လို့ မောင်လေးကို ဘေးကင်းရာပို့ဖို့ပြေးရင်းနဲ့ ဗိုက်ပွင်သွားခဲ့ရတဲ့ ကျောင်းသူလေး - စစ်သားအရာရှိတစ်ယောက်ဖြစ်နေပြီး လူတွေကိုသတ်ရတာ မရှက်ဖူးလားလို့မေးရင်း ပစ်သတ်ခံထိသွားတဲ့ ၈ နှစ်အရွယ်ကလေးရဲ့ဖခင်ဒီလိုအပြစ်မဲ့ပြည်သူပေါင်းများရဲ့ အသက်တွေကိုချနင်းပြီး မတရားအာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်....ဒီဖြစ်ရပ်တွေဟာ ၁၉၈၀ ခုနှစ်တုန်းက ​ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာတွေပါGwangju Uprising မှာဖြစ်သွားခဲ့တဲ့ ဒီကိစ္စတွေဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာတော့ အာဏာသိမ်းခဲ့တဲ့သူကလည်း ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့ဘဝမှာ ပြည့်စုံစွာနေနေပြီး ​ လူတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီဗျဒါပေမယ့် ...."Axe forgets but the tree remembers" ဆိုတဲ့စကားလိုပေါ့အချိန်​တွေ ဘယ်လောက်ကြာကြာ ဒီဖြစ်ရပ်ကို ဘယ်တော့မှမေ့မှာမဟုတ်တဲ့သူတွေကတော့ တစ်နေရာစီမှာ ဘဝတစ်ခုစီနဲ့ရှိနေခဲ့ကြတယ်။အားလုံးမှာ ဒဏ်ရာတွေကိုယ်စီရှိနေခဲ့ကြတော့ လူတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီဒဏ်ရာတွေကိုချွေးသိပ်ဖို့အတွက် တူညီတဲ့ရည်ရွယ်ချက်ထားပြီး အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဘုံရန်သူကို ချေမှုန်းဖို့ မစ်ရှင်ပေါ့ဗျာ။ဒီလောက်ဆိုရင်တော့ ဒီကားကိုကြည့်သင့်လားမကြည့်သင့်လား ခင်ဗျားတို့ဆုံးဖြတ်လို့ရနေပါပြီကိုရီးယားအက်ရှင်ကားဆိုတဲ့အတိုင်း ကြည့်ကောင်းမကောင်းကတော့ ညွှန်းစရာကိုမလိုပါဘူးကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂိုဏ်းကလူမိုက်တွေနဲ့ ရှယ်ကိုချကြမှာနိုင်ငံရေးဖြစ်ရပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်တဲ့အပြင် လူတွေကို ...
movie

26 Years

2012
Stowaway (2021) 5.6
Stowaway (2021) Stowaway (2021)==============IMDb Rating - 5.6/10၂၀၂၁ ထွက် Sci-fi, Thriller ဇာတ်ကားလေးပါ။ Pitch Perfect မင်းသမီး Anna Kendrick ပါဝင်သရုပ်ဆောင်ထားပါတယ်။မားစ်ဂြိုလ်ကို ဒုတိယ ကမ္ဘာအဖြစ် နယ်မြေချဲ့ထွင်နိုင်ဖို့ ကြိုးစားတဲ့ Mission တစ်ခုအကြောင်းပါ။ ယာဉ်မှူးတစ်ယောက်၊ ရုက္ခဗေဒပညာရှင်တစ်ယောက်၊ ဆရာဝန်တစ်ယောက်တို့က မားစ်ဂြိုလ်မှာ နှစ်နှစ်စာ သုသေသနပြုလုပ်ဖို့ သွားကြပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ မမျှော်လင့်ထားတဲ့ လိုက်ပါစီးနင်းသူတစ်ယောက် ဒုံးပျံပေါ်မှာ ပါလာတာကို တွေ့လိုက်ရပါတယ်။ သုံးယောက်စာ စီစဉ်ထားတဲ့ခရီးစဉ်မှာ လူပိုတစ်ယောက် မမျှော်လင့်ဘဲ ပါလာသလို အောက်စီဂျင်အထောက်အပံ့ပေးတဲ့ စနစ်က ပျက်သွားတဲ့အတွက် သူတို့ရဲ့ ခရီးစဉ်ကကမောက်ကမဖြစ်သွားပါတယ်။ အောက်စီဂျင်အထောက်အပံ့က သူတို့လေးယောက်လုံးအတွက် မလုံလောက်တော့တဲ့ အခါမှာ သူတို့တွေ​အာကာသဟင်းလင်းပြင်မှာ သူတို့တွေ အသက်ဆက်ရှင်နိုင်ဖို့ ဘာတွေလုပ်ကြလဲ။ ဘယ်လိုရွေးချယ်မှုတွေလုပ်ပြီးတော့ သူတို့လေးယောက်လုံးအသက်ဆက်ရှင်နိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။) Quality ...
movie

Stowaway (2021)

2021
Kala (2021) 7.4
Kala (2021)  IMDb (7.4/10)ကျွန်တော်တို့ လူသားတွေက အစွဲအလမ်းသိပ်ကြီးတတ်ကြတယ်ဗျ... တချို့က အမှတ်တရများစွာရှိနေတဲ့ အရာဝတ္ထုပစ္စည်းတွေအပေါ်မှာ စွဲလမ်းတတ်ကြသလို..တချို့ကျ ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူတွေအပေါ်..တချို့ကျပြန်တော့လည်း ကိုယ်အမြတ်တနိုးမွေးမြူထားတဲ့ တိရိစ္ဆာန်လေးတွေအပေါ်...အစွဲအလမ်းတွေကြီးတတ်ကြတယ်။ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေက တချို့လူတွေအတွက်ကျတော့ အလကားဖြစ်နေတတ်တယ်..."အချစ်ဆိုတာ သက်ဆိုင်သူနှစ်ဦးကလွဲလို့ တခြားလူတွေအတွက် ဟာသဖြစ်နေတတ်တယ်" ဆိုသလိုပေါ့..အဲ့လို ကိုယ်မြတ်နိုးတဲ့အရာလေးတစ်ခုကို တခြားသူက ဘာမှမတွေးဘဲ လုယူလိုက်တဲ့အခါအငြိုးတွေက အလျှံငြီးငြီးတောက်လောင်လာစေတယ်...ဒီဇာတ်လမ်းလေးမှာတော့ သူ သိပ်ချစ်ပြီး အမြတ်တနိုးမွေးမြူထားတဲ့ ခွေးလေးတစ်ကောင်ကို သတ်ပစ်လိုက်တဲ့အခါ အငြှိးကြီးတဲ့ သခင်တစ်ယောက်ရဲ့ တန်ပြန်လက်စားချေမှုတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..သွေးသံရဲရဲဖိုက်တင်ခန်းတွေနဲ့ တမီးလ်ဂျွန်ဝစ်ဆိုရင်လဲ မမှားတဲ့ဇာတ်ကားပါ။(အညွှန်းနဲ့ဘာသာပြန်ကို Thuya မှ တင်ဆက်ထားတာပါ။)  File size…(2.3 GB) and (1.5 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya  
movie

Kala (2021)

Recalled (2021) 8.1
Recalled (2021) Recalled (2021)ကိုရီးယားလောကမှာ ဂယက်တွေ ဒလဟော ထသွားတာတောင်သူ ရိုက်ခဲ့တဲ့ ဇာတ်ကားက Korean Film Council data တွေအရကိုရီးယားမှာအကောင်းဆုံး Ranking 9 အထိဝင်ထားတဲ့Seo Ye Ji ရဲ့ Recalled ဆိုတဲ့ Mystery/Thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားကို Box office က ဒေါ်လာ 2.63 million အထိအကုန်အကျခံရိုက်ကူးထားပြီးIMDB rating ကလည်း 8.4/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကတော့ တစ်ခြားကားတွေနဲ့မတူဘဲ တော်တော်လေး စွဲဆောင်နိုင်ပြီးအဆုံးသတ်မှာ လျှို့ဝှက်ချက်တွေ၊ အံ့သြဖွယ်မြှုပ်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးပြောရရင်ဆူဂျင်းဆိုတဲ့ ကောင်မလေးက မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကပြုတ်ကျခဲ့ပြီးနောက် အတိတ်မေ့နေခဲ့ပါတယ်။သူ့ဘဝက ဘယ်လို .....သူ ဘယ်သူဆိုတာကိုတောင် မေ့နေတဲ့အနေအထားပါ။ဒါကို သူ့ဘေးနားက လီဂျီဟွန်းဆိုသူ အမျိုးသားကသူ့မှတ်ဉာဏ်တွေပြန်ရလာအောင် ဘေးကနေ စောင့်ရှောက်ပေးရင်းအမှတ်တရတွေတစ်ခုချင်း ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဆူဂျင်းယုံကြည်ထားခဲ့တဲ့ သူမရဲ့အမျိုးသားလီဂျီဟွန်းဟာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုမမျှော်လင့်ဘဲနဲ့ တစ်စတစ်စ သိလာခဲ့ပြီးလီဂျီဟွန်းအပေါ် ...
movie

Recalled (2021)

2021
Those Who Wish Me Dead 2021 6.3
Those Who Wish Me Dead 2021 ဒီရုပ်ရှင်မှာတော့ အန်ဂျလီနာ ဂျိုလီက ဦးဆောင်ပါဝင်ထားပါတယ်။ကျန်တဲ့သရုပ်ဆောင်တွေကိုလည်း ရင်းနှီးထားတဲ့သူ များမှာပါ။Game of Thrones ထဲက လက်သန်း ရယ်Marvel's Punisher ကြီးရယ် ပါပါသေးတယ်။ဇာတ်လမ်းကတော့ action thriller ပါပဲ။ဂျိုလီကတော့ မီးသတ်အဖွဲ့ခေါင်းဆောင်ပေါ့။တစ်နေ့မှာ သူနဲ့သူအဖွဲ့ တောမီးကို ငြိှမ်းနေတုန်းမှာလေကြောင်းတွက်ဆမှု မှားယွင်းခဲ့လို့ လူ ၃ ယောက် အသက်ဆုံးခဲ့ရပါတယ်။အဲဒီ စိတ်ဒဏ်ရာတွေနဲ့ ပေပေတေတေ နေထိုင်နေတုန်းမှာသူ့ဆီကို ကောင်လေးတစ်ယောက် လူသတ်သမားတွေလက်က ထွက်ပြေးပြီး ရောက်လာပါတယ်။ကောင်လေးကို လိုက်သတ်တဲ့လူတွေလက်က ကယ်ပြီးလျို့ဝှက်ချက်တွေကို ဖွင့်ချနိုင်ဖို့ တောမီးကြီးတစ်ခုကိုပါ အံတုပြီး ပြေးကြရပါတော့တယ်.... File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translator... Mr. Anderson  
movie

Those Who Wish Me Dead 2021

Radhe: Your Most Wanted Bhai (2021)
Radhe: Your Most Wanted Bhai (2021) Radhe (2021)၂၀၂၁မှာ မင်းသားကြီးတွေ ပျောက်နေကြပေမဲ့ မင်းသားကြီး ဆယ်လ်မန်ခန်းကတော့ တစ်ကားထွက်လာခဲ့ပါပြီ။၂၀၂၀၊၂၀၂၁ခုနှစ်တွေဟာ ကိုဗစ်ကြောင့် အားလုံးအတွက် အဆိုးဆုံးနှစ်တွေ ဖြစ်မှာပါ။ရုပ်ရှင်လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနည်းပါးဖြစ်နေပေမဲ့ Digital Platformပေါ်က ထုတ်လွှင့်ပြသပေးနေတော့ တကမ္ဘာလုံးနဲ့ တန်းတူကြည့်နိုင်ဖို့ အဆင်ပြေပေမဲ့ တကယ်တော့ ထုတ်လုပ်သူတွေအနေနဲ့ ရုံတင်ရတာလောက် အဆင်ပြေမယ် မထင်ပါဘူး။ဒါပေမဲ့ ဆယ်လ်မန်ကတော့ ပရိသတ်တွေအတွက် Radheကို ထုတ်လွှင့်ခဲ့ပါပြီ။ဒီကားထဲမှာတော့ ဆယ်လ်မန်ကို ရဲအရာရှိတစ်ယောက် အနေနဲ့ မြင်ရမှာဖြစ်ပြီး ကြမ်းလွန်းလို့ ရာထူးက ပြောင်းရွှေ့ခံ၊ ရပ်နားခံနေရတဲ့ ရဲအရာရှိတစ်ယောက်ပါ။ဇာတ်လမ်းအစမှာတော့ မွန်ဘိုင်းတစ်မြို့လုံးမှာ မူးယစ်ဆေးတွေ သုံးစွဲပြီးသတ်သေမှု မြင့်တက်လာတာကြောင့် ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးနိုင်ဖို့ ရာထူးက ရပ်နားခံထားရတဲ့ Radheကို အလုပ်ထဲ ပြန်ဝင်ဖို့နဲ့ ဒီအမှုကို လိုက်ဖို့ တာဝန်ပေးအပ်ခြင်းခံရတာက အစပြုထားပါတယ်။အပျော်တမ်းကြည့်ဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ သတ်မှတ်လို့ရမယ်ထင်ပါတယ်။ အိုဗာအက်ရှင်တွေ ပါနေတော့ တချို့အတွက်တော့ လုံးဝအဆင်ပြေမယ် မထင်ပါဘူးဗျာ။ဒါပေမဲ့ မင်းသမီးလေး ဒီရှားက သင့်ကို ဆွဲဆောင်နေမှာပါ။ဇာတ်လမ်းအညွှန်းကို Nyi Nyi Koe က ရေးသားပေးထားပြီးတော့ဘာသာပြန်ကတော့ Nyi Nyi Koe and Myint Thu ပဲ ဖြစ်ပါတယ်။Enocder - AugustFile ...
movie

Radhe: Your Most Wanted Bhai (2021)

2021
Vakeel Saab (2021) 7.2
Vakeel Saab (2021) IMDb 7.3/10အသစ်ထွက်ရှိထားတဲ့ မှူခင်းဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဇဲရီးနား ပါလဗီးနဲ့ ဒေ့ဗီယာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ ရိုးသား ကြိုးစားတတ်တဲ့လူငယ်မိန်းကလေးတွေဖြစ်ပါတယ်တစ်နေ့မှာတော့သူတိုသုံးယောက်ဟာမထင်မှတ်ထားဘဲ အမှူတစ်ခုကို ကျူးလွန်မိကြပါတယ်ဗမ်ရှီဆိုတဲ့ကောင်လေးကိုရိုက်မိတဲ့အမှူပေါ့ သူဟာအရာရှိတစ်ယောက်ရဲ့သားဖြစ်နေတဲ့အခါ သူတိုသုံးယောက်ဘယ်လိုမတရားမှူတွေကြုံတွေ့ရမလဲကူရာမဲ့ဖြစ်နေတဲ့အချိန် သူတိုအတွက် ဆက်သ်ရားဆိုတဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်သူကရောဘယ်သူလဲ မိန်းကလေးတွေကျူးလွန်မိလိုက်တဲ့ အမှူကရောဘာကြောင့်လဲမတရားမှူခံရတဲ့သူက ဗမ်ရှီလား စတာတွေကိုစိတ်ဝင်စားသဖွယ်ကြည့်ရမဲ့ မှူခင်းဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကို May Zin Oo မှ တင်ဆက်ထားတာပါ။)  File size…(3.2 GB) and (1.9 GB) Quality….WEB-DL Untouched 1080p and 720p 5.1CH Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Zin Oo
movie

Vakeel Saab (2021)

Voyagers (2021) 5.3
Voyagers (2021) Voyages (2021)IMDb - 5.3ကမ္ဘာကြီးပူနွေးလာမှု မိုးခေါင်ရေရှားမှုလူဦးရေတိုးပွားလာသည်နဲ့အမျှ အစာရေစာမလုံလောက်မှုတို့တွေကြောင့်လူသားတွေဟာ စကြဝဠာထဲမှာ လူတွေ နောက်ထပ် အဆက်ရှင်နိုင်မယ့် ဂြိုဟ်တွေကို ရှာဖွေကပါတော့တယ်အဲ့ဒီ ဂြိုဟ်ကို ၂၀၆၃ မှာ တွေ့ရှိလာပါတော့တယ်။ဂြိုဟ်သစ်ကို ရောက်ဖို့ အနှစ် ၈၀ ကျော်ကြာ အာကာသ ခရီးရှည်ထွက်ရတော့မယ့်အချိန်မှာကမ္ဘာမြေလွမ်းစိတ်တွေ မဖြစ်ရအောင် ဇီ၀သိပ္ပံနည်းနဲ့ ကလေးအယောက် ၃၀ မွေးဖွားပြီးဒီခရီးရှည်အတွက် အကောင်အထည်ဖော်ပါတော့တယ်အနှစ် ၈၀ ကျော်ကြာတဲ့ ခရီးရှည်ဖြစ်တဲ့အတွက်ကြောင့် ဒီပထမမျိုးဆက်ဟာ ယာဉ်ပေါ်မှာပဲ မျိုးဆက်သစ်တွေ မွေးဖွားပြီးသူတို့ရဲ့ မြေးတွေ တစ်နည်းအားဖြင့် တတိယမျိုးဆက်ကလေးတွေကျမှ ဂြိုဟ်သစ်ပေါ်ကို အခြေချနိုင်မှာဖြစ်ပါတယ်။သို့ပေမယ့် လမ်းခရီးမှာ အဖွဲ့ ခေါင်းဆောင်သေသွားတဲ့အခါ......အဖွဲ့သားတွေ သွေးကွဲတဲ့အခါ.......ဒီ ခရီးရှည်ကြီးဟာ ဆုံးခန်းတိုင် အောင်မြင်ပါ့မလား.....မင်းသားကြီး Johnny Depp ရဲ့ သမီးဖြစ်သူ Lily Rose Depp အပါအ၀င် မင်းသားချော Tye Sheridan တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပြီးပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ ...
movie

Voyagers (2021)

2021
Way to OB-GYN (2021) 8
Way to OB-GYN (2021) Way to OB-GYN (2021)ဒီဇာတ်လမ်းလေးကတော့ ဇွန်ဘီ ဇာတ်လမ်းပါပဲ။ဒါပေမယ့် မတူတာက ဇွန်ဘီတွေနဲ့ တိုက်ခိုက်မယ့်သူက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။ဇွန်ဘီဆိုတာက အရမ်းမြန်တဲ့ သတ္တဝါတွေပါ။ဗိုက်ကြီးသည်ဆိုတာကတော့ သိတဲ့အတိုင်း သာမန်လူတွေထက် လှုပ်ရှားမှု နှေးကွေးတဲ့သူပါ။ဒီလိုအမျိုးသမီး တစ်ယောက်က ဇွန်ဘီတွေကြားကနေ ကလေးမွေးဖို့အတွက် သားဖွားမီးယပ်ဆရာဝန်ဆီကို အရောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဇွန်ဘီဇာတ်လမ်း သဘောကျတဲ့လူတွေ အကြိုက်တွေ့ဦးမယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။Title: 산부인과로 가는길 / Sanbuingwaro Ganeungil Also known as: On the Way to the Gynecologist Genre: Drama, black comedy, horror Duration: 1hr Broadcast network: tvN Broadcast period: 2021-Mar-31 Quality: 1080 P and 720 P Size: 1.28 GB ...
movie

Way to OB-GYN (2021)

2021
Seobok(2021) 8.3
Seobok(2021) Seobok(2021)အညွှန်း******************IMDb...8.3 ပထမဆုံး လူသားပုံတူဖြစ်တဲ့ "Seobok"သူ့ဘဝတစ်လျှောက်လုံး စမ်းသပ်ခန်းထဲမှာပဲ နေထိုင်ခဲ့ရပြီး အပြင်လောကကြီးအကြောင်း ဘာတစ်ခုမှမသိနားမလည်တဲ့ လူသားပုံတူကလုန်း Seobok အဖြစ် Park Bo Gum က ပါဝင်ပေးထားပါတယ်။ တရုတ်အင်ပါယာချင်လက်ထက်မှာ မသေဆေးရှာဖို့ စေလွှတ်ခံရတဲ့ Xu Fu ကို အစွဲပြုပြီး Seobok လို့ နာမည်ပေးထားတဲ့ လူသားပုံတူဟာ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ immortal တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောရိုးမကြီးထဲက ပရိုတိန်းဓာတ်တွေက လူသားတွေရဲ့ ရောဂါမှန်သမျှကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းလည်း ရှိတယ်။ဒီလို အဖိုးတန်လူသားပုံတူတစ်ယောက်ကို သူ နေထိုင်လာတဲ့ စမ်းသပ်ခန်းထဲကနေ တခြားလုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါ...စုံစမ်းထောက်လှမ်းရေးအေးဂျင့်ဟောင်း "Gi Heon"အတိတ်က မတော်တဆမှုတစ်ခုကြောင့် စိတ်ကျန်းမာရေးပြဿနာတစ်ချို့အပြင် ကုသဖို့မဖြစ်နိုင်တဲ့ ရောဂါတစ်ခုကိုပါ ခံစားနေရသူအေးဂျင့်ဟောင်း Gi Heon အဖြစ် Gong Yoo က ...
movie

Seobok(2021)

The Courier (2021) 7.3

The Courier (2021)

2021
The Marksman(2021) 6.0
The Marksman(2021) The Marksman(2021)အညွှန်း**************************((1080P ရပြီဗျို့)မက္ကဆီကို နယ်စပ်မှာ အထီးကျန်နေတဲ့ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးတစ်ယောက်ရှိတယ်...ဝီစကီလေးမော့လိုက် ကားလေးမောင်းလိုက်နဲ့ပေါ့... တစ်နေ့မှာ မက္ကဆီကိုထဲက ခိုးဝင်လာတဲ့ သားအမိနှစ်ယောက် ရောက်လာတယ်.... သူတို့သားအမိကို မက္ကဆီရဲ့ ကြမ်းပေ့ဆိုတဲ့ လူဆိုးဂိုဏ်းက သတ်ဖို့လိုက်လာတယ်။ ဒီသားအမိဟာ ကံကောင်းထောက်မစွာ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးနဲ့ဆုံဖြစ်ခဲ့တယ်....မက္ကဆီဂိုဏ်းက ဒီသားအမိကို မဖြစ်မနေသတ်ဖို့ ကိစ္စကြီးတစ်ခုရှိလာတဲ့အခါမှာတော့.......မင်းသားကြီး Liam Neeson ရဲ့ သဲထိတ်ရင်ဖို အက်ရှင်ခန်းတွေကို ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်.....    File Size :1GB Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre :  Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie

The Marksman(2021)

HEVC 1080p 5.1
Silence… Can You Hear It?(2021) 7.0
Silence… Can You Hear It?(2021) Silence... Can You Hear It?(2021)ဒီဇာတ်ကားလေးကတော့ IMDb rating 7.0ရရှိထားတဲ့Hindiစကားပြော Thrillerဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။တခြားအိန္ဒိယကားတွေလို သီချင်းတွေ အကတွေ တစ်ခုမှ မပါပါဘူး။ဇာတ်လမ်း အကျဉ်း တရားသူကြီး ချော်ဒရီရဲ့သမီး ပူဂျာချော်ဒရီဟာ သူ့ရဲ့သူငယ်ချင်း ကဗီသာဆီကို သွားမယ်ဆိုပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ကဗီသာရဲ့အိမ်ရောက်မှ ကဗီသာဟာ အိမ်မှာမရှိကြောင်း ပူနေးကို ရောက်နေကြောင်း သိလိုက်ရပြီးအဲဒီအိမ်မှာပဲ တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ပူဂျာချော်ဒရီတစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရပြီ ဒီအမှုကို စုံစမ်းအဖြေရှာဖို့ ပူဂျာချော်ဒရီရဲ့အဖေ တရားသူကြီး ချော်ဒရီက အေစီပီအဗီနား(ရှ်)ကိုအကူအညီတောင်းတာကြောင့် ရဲမှူးချုပ် ရှရ်မားက ဒီအမှုကို စုံးစမ်းဖော်ထုပ်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးလိုက်ပါတယ်။ဒီလူသတ်မှုကို ကျူးလွန်တဲ့ တရားခံက ဘယ်သူလဲ .... အမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုတွေ စုံစမ်းဖော်ထုတ်ကြမှာလဲ .... Thrillerဇာတ်ကားကြိုက်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (1.1GB) Quality : WEB-DL 720p Format…mp4 Duration…02:16:00 Genre : ...
movie

Silence… Can You Hear It?(2021)

The Vault(2021) 7.0
The Vault(2021) The Vault(2021)အညွှန်း*********************IMDb...7.0Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ....ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်....Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ.....အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်.....လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်....လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့...ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်...ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတွေကတော့ Khine Khine Wai & Ei Phyu Khin တို့ပဲဖြစ်ပါတယ်.... File Size : (2.2GB) and (0.9GB) Quality : HEVC 1080p 5.1,WEB-DL720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae   
movie

The Vault(2021)

HEVC 1080p 5.1
ACT-1978 (2020) 7.9
ACT-1978 (2020) ACT 1978 (2020)" ဆရာ. . . အကျိုးဆောင်ခ(ကော်မရှင်ခ)လေးပါ ..... "ဒီလိုမျိုး ပုဒ်မလေး နဲ့မှ အလုပ်လုပ်တတ်တဲ့ အစိုးရဝန်ထမ်းတွေကို ကြုံဖူးကြတယ် မဟုတ်လား?မနက်ကို နောက်ကျမှလာ ညနေကိုအစောကြီးပြန်။ အလုပ်ကျတော့ကောင်းကောင်းမလုပ် အကျိုးဆောင်ခပဲ မျှော်ကိုးနေပြီး တာဝန်ကိုအလွဲသုံးစားလုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေကို ပညာပေးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါလောကဓံကို အန်တုရင်ဆိုင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးလေး ဂီသာ ။ ဖခင်လည်းဆုံး ခင်ပွန်းသည်လည်း ဆေးရုံမှာမြောနေတာမို့ ဖခင်လယ်သမားကြီးရဲ့ နစ်နာကြေးနဲ့မှ အသက်ရှုချောင်နိုင်မယ့် ဂီသာ တစ်ယောက် လယ်သမားသက်သာချောင်ချိရေးဌာနကိုသွားပြီး နစ်နာကြေးတောင်းခံလွှာ တင်ခဲ့ပါတယ်။စစချင်း ဆောက်နဲ့ထွင်းသလို အကျိုးဆောင်ခ တောင်းလိုက်တဲ့ စာရေးကြောင့် အောင့်သက်သက်ဖြစ်ရပေမယ့်လည်း လာဘ်ပေးလာဘ်ယူကိုမုန်းတဲ့ ဂီသာ တစ်ယောက် နည်းလမ်းကျကျနဲ့ နစ်နာကြေးကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဗိုက်တောင်မထွက်သေးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက မွေးဖွားခါနီးသည်အထိ နစ်နာကြေးမရလာတဲ့အခါ. . .ဂီသာ တစ်ယောက် ဗုံးတစ်လုံးကို ခန္ဓာကိုယ်မှာပတ် အစိုးရဌာနထဲကိုဝင်ပြီး အဂတိလိုက်စားနေတဲ့ အစိုးရဝန်ထမ်းများအား သူမအတွက်၊ ပြည်သူတွေအတွက် ...
movie

ACT-1978 (2020)

2020
The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
The Mauritanian (2021) 7.3
The Mauritanian (2021) The Mauritanian (2021)===================IMDb Rating - 7.3/102001 ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တုန်းက အယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က အမေရိကန်ကိုအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်သွားတဲ့အကြောင်း ဟိုးလေးတကျော်ဖြစ်ခဲ့တာ ကြားဖူးကြမှာပါ၊9/11 လို့ သိကြပါတယ်၊ဒီဇာတ်ကားကတော့ အဲ့ဒီအကြမ်းဖက်အဖွဲ့ထဲမှာ ဦးဆောင်ပါဝင်သူဆိုပြီး နာမည်တပ်ခံထားရတဲ့ မောရီတေးနီးယန်း နိုင်ငံသား မိုဟာမဒူအိုဆလာဟီ အကြောင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။သံသယရှိသူအနေနဲ့ တကယ်ပဲ အကြမ်းဖက်လုပ်ရပ်တွေကို ရက်ရက်စက်စက်လုပ်ခဲ့တာလားဆိုတာကိုနှစ်ဖက်ရှေ့နေများက ရှာဖွေစစ်ဆေးကြရင်း နောက်ကွယ်က ဖုံးထားတဲ့အရာတွေ ပေါ်လာတဲ့အခါဘာတွေ ဆက်ဖြစ်ကြမှာလဲ၊မိုဟာမဒူဘက်က ခုခံပြောဆိုပေမယ့် ရှေ့နေအနေနဲ့ Jodie Foster က သရုပ်ဆောင်ထားပြီးတော့အစိုးရရှေ့နေ တစ်ဖြစ်လဲ အကြမ်းဖက်မှုမှာ ကျဆုံးသွားရတဲ့ လေယာဉ်မှူးရဲ့ သူငယ်ချင်းအနေနဲ့Benedict Cumberbatch (Doctor Strange, Sherlock Home, Stephen Hawking စတဲ့နာမည်ကြီးဇာတ်ကားတွေရဲ့ အဓိကသရုပ်ဆောင်) က သရုပ်ဆောင်ထားပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jerrica ပဲဖြစ်ပါတယ်။) Quality – 1080p, 720p ...
movie

The Mauritanian (2021)

2021
Crisis (2021) 6.1
Crisis (2021) Crisis (2021)===========IMDb Rating - 6.1/10ဘိန်းစကားလုံးတစ်လုံးလေးပေမယ့် တစ်လောကလုံးကို ချုပ်ကိုင်ပစ်နိုင်တယ်။ဒီဘိန်းကြောင့် အမေရိကန်ပြည်ထောင်စု ဒေသတစ်ခုမှာနေထိုင်သူ မိခင်တစ်ယောက် သူချစ်ရတဲ့သားကို ရုတ်တရက်ဆုံးရှုံးလိုက်ရတယ်၊ဒီဘိန်းကြောင့် တက္ကသိုလ်က ဇီဝဗေဒပညာရှင်တစ်ယောက် ရာထူးပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လုနီးပါးအခြေအနေကို ကြုံနေရတယ်၊ဒီဘိန်းကြောင့် လူဆိုးဖမ်းချင်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက် ဘိန်းကုန်သည်ယောင်ဆောင်ပြီးအသက် အန္တရာယ်ရှိတဲ့ဘ၀ကို နေထိုင်နေရတယ်၊ဒီဘိန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လမ်းပျောက်လုနီးပါးဖြစ်နေရတယ်၊ဒီဘိန်းကြောင့် လောဘသားတွေ အတောမသတ်နိုင်သလို အပြစ်မရှိတဲ့သူတွေပါ သေဆုံးနေရတယ်၊ဒီအကြောင်းအရာတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံက ဘိန်းပဲ . . .ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲလူ ၃ ယောက် ကြုံရတဲ့ မတူညီတဲ့ အခြေအနေတွေကို ချိတ်ဆက်ရိုက်ပြထားပြီး အင်မတန်မှ စိတ်၀င်စားဖို့ကောင်းပါတယ်။− မင်းသားကြီး Gary Oldman− Social Network , Call Me by Your Name တို့နဲ့ လူသိများတဲ့ Armie Hammer− ...
movie

Crisis (2021)

2021