Channel Myanmar

Thriller

Gods of the Deep (2024)
Gods of the Deep (2024)  ဇာတ်လမ်းအကျဉ်းကတော့ပစ်ခ်မန်းကော်ပိုရှင်းက ပင်လယ်ရေအောက်မှာအဝေးထိန်းယာဉ်တွေနဲ့ စူးစမ်းရှာဖွေနေရင်းနဲ့အနက်ဆုံးတစ်နေရာမှာ ထူးဆန်းတဲ့ဂိတ်တံခါးဝကိုတွေ့သွားပါတယ်။အဲ့ဂိတ်တံခါးထဲကိုရှာဖွေဖို့အတွက် ပစ်မန်းကော်ပိုရေးရှင်းမှာအလုပ်လုပ်နေတဲ့ ဒေါက်တာ ဂိုးစတိန်းစ်ဟာ ပညာရှင်တစ်ချို့လိုက်လံစုဆောင်းပါတယ်၊ ဇီဝဗေဒပညာရှင် ခရစ်စတင်း ၊ကော်ပိုရေးရှင်းမှာအလုပ်လုပ်ခဲ့တဲ့ဝေါ့တ် ရဲ့သားဖြစ်သူဂျိန်းစ်ပီတာစ် အပါအဝင်အခြားသောပညာရှင်တွေခေါ်ယူခဲ့ပါတယ်။နှစ်လတာလေ့ကျင့်ရေးဆင်းပြီးနောက်မှာတော့ကပ္ပတိန်အက်ကင်းစ်ဦးဆောင်တဲ့စူးစမ်းရှာဖွေရေးအဖွဲ့ဟာအနက်ဆုံးပင်လယ်အောက်ခြေမှာရှိတဲ့ဂိတ်တံခါးဆီကိုသွားပါတော့တယ် အောက်ခြေရောက်လေမှောင်မဲလေဖြစ်တာကြောင့် ယာဉ်တပ်ဆင်ထားတဲ့မီးတွေကို အားကိုးပြီးတော့တံခါးပေါက်ထဲကိုဝင်သွားတဲ့အခါမှာတော့ ထူးဆန်းမှုတွေစတင်ဖြစ်လာပါတော့တယ်.... File size…1.15GB / 535MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Gods of the Deep (2024)

Skeletons in the Closet (2024)
Skeletons in the Closet (2024) Skeletons in the Closet (2024)ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.1GB, 510MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - ...
movie

Skeletons in the Closet (2024)

2024
Somewhere Quiet (2023)
Somewhere Quiet (2023) Somewhere Quiet (2023)~ Rotten Tomatoes - 91% ~ဒီတစ်ခါမှာတော့ ၂၀၂၃ ကမှ ထွက်ထားတဲ့ အမေရိကန် ဆိုက်ကိုသည်းထိတ်ရင်ဖိုကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လိုက်ကတော့ မဂ်လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံသူ ကိုရီးယားအမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူဟာ ပြန်ပေးဆွဲနှိပ်စက်ခံခဲ့ရတဲ့အတိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ရှာမတွေ့တဲ့ တခြားသော အမျိုးသမီးတွေ အများကြီး ရှိခဲ့ပေမယ့် မဂ်ကတော့ သူ့ကို အားလုံးက သေပြီလို့ ယူဆလိုက်တဲ့အချိန်မှာမှ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ဘယ်လောက်ပဲ လွတ်မြောက်ပြီပြောပြော စိတ်ဒဏ်ရာဆိုတာ ကုစားရ အင်မတန်ခက်ပါတယ်။ ကံကောင်းထောက်မတာကတော့ မဂ်မှာ ဘေးကနေ အရိပ်တကြည့်ကြည့် ဖေးမ ကြင်နာတတ်တဲ့ စကော့်ထ်ကို ခင်ပွန်းတော်ထားရတာပါပဲ။တစ်ရက်တော့ စကော့ထ်ဟာ သူ့ရဲ့ မိသားစုစဉ်ဆက်ပိုင်ဆိုင်လာတဲ့ သီးသန့်ကျွန်းပေါ်က အိမ်ကြီးဆီ မဂ်ကို ခေါ်ခဲ့ပါတယ်။ ရည်ရွယ်ရင်းကတော့ လင်မယား၂ယောက် စိတ်အေးလက်အေး ...
movie

Somewhere Quiet (2023)

2023
Johan Falk: Lockdown (2015) 7.2
Johan Falk: Lockdown (2015) ဆွီဒင် အက်​ရှင်​စုံထောက်ဇာတ်ကားတွေဖြစ်တဲ့ Johan Falk ရုပ်​ရှင်​တွေရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Imdb rating မှာ ၇.၂ ထားပြီး​ ဆွီဒင်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။အဓိက​ဇာတ်လိုက်​ဖြစ်တဲ့ Johan Falk​ နဲ့ GSI အဖွဲ့​ကိုပဲ အခြေ​တည်​ထားတာ​ဖြစ်ပြီး​ တစ်နှစ်​ထဲထွက်ရှိခဲ့တဲ့ Johan Falk​ : Blood Diamonds နဲ့ အဓိက​ဆက်စပ်နေပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ဂိုသင်ဘတ်မြို့က ရဲစခန်း​တစ်​ခုမှာ လူသတ်​မှုဖြစ်သွားပြီး ရဲစခန်း​တစ်ခုလုံး​ကို လော့​ဒေါင်း​ချ​ပြီး တရားခံကိုပိတ်ဆို့ဖမ်းဆီးရပါတယ်။ သေဆုံး​သူက GSI ရဲ့ အဖွဲ့​အကြီးအကဲ​ဟောင်းဖြစ်သူ Patrik ဖြစ်ပြီး Johan Falk​ ရဲ့ မိတ်ဆွေ​လည်း​ဖြစ်ပါတယ်။ သတ်​သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေပြီး သူ့ကို​စေခိုင်း​သူ ဘယ်သူလဲဆိုတာနဲ့ နောက်​ကွယ်က ကြိုး​ကိုင်​သူကို Johan နဲ့ GSI အဖွဲ့​သားတို့ရှာဖွေဖော်ထုတ်ရပုံကို တင်​ဆက်​ထားပါတယ်။များ​ပြားလှတဲ့ Johan Falk​ ဇာတ်ကား​တွေထဲက တစ်ခုဖြစ်ပြီး Action ဖက်ထက် ...
movie

Johan Falk: Lockdown (2015)

Johan Falk: Blood Diamonds (2015) 7.0
Johan Falk: Blood Diamonds (2015)  Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။ File size…(848 Mb) Quality….Webrip 720p Format…mp4 Duration….01:39:00 Genre...Action, Crime, Thriller Subtitle….Myanmar ...
movie

Johan Falk: Blood Diamonds (2015)

Johan Falk: The End (Slutet) (2015) 7.7
Johan Falk: The End (Slutet) (2015)  ဒီတစ်ခါမှာတော့ Johan Falk film series တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ ဥရောပတိုက်ရဲ့ နိုင်ငံတော်တော်များများက ဒုစရိုက်အဖွဲ့အစည်းတွေ အားလုံးလိုလိုကို လက်ဝါးကြီးအုပ်ထားတဲ့ အင်အားကြီးမာဖီးယားအဖွဲ့အစည်းကြီးနဲ့ ရဲတစ်ယောက်ဖြစ်တဲ့ Johan Falkတို့ ထိပ်တိုက်တွေ့ဆုံကြပြီး အားပြိုင်ကြတာကို တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်းကတော့Johan Falk ဟာ သူ့ရဲ့ မိသားစုကို ဒုက္ခပေးဖို့ကြိုးစားနေတဲ့ အရှေ့ဥရောပက မာဖီးယားနဲ့ ပြဿနာတွေဖြေရှင်းဖို့ကြိုးစားနေတာပါ။ ထိုမာဖီးယားရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာမသိသေးဘဲနဲ့ပေါ့။ ထိုအချိန်မှာပဲ သူ့ရဲ့ အလုပ်ဖော်တစ်ယောက်ကလဲ ဒုစရိုက်မှုတွေကို နောက်ကွယ်မှာလုပ်နေတဲ့ ကုမ္ပဏီကနေ အရေးကြီးစာရွက်စာတမ်းတွေကို ခိုးခဲ့ပြီး Johan ရဲ့ မိန်းမကိုပေးခဲ့ပါတယ်။ဖြစ်ချင်တော့ ထိုစာရွက်စာတမ်းတွေဟာ သူတို့ထင်ထားတာထက်ကို အများကြီး အရေးပါနေတာကိုတော့ သူတို့ကလုံးဝမသိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့မိသားစုကို လုပ်ကြံတဲ့လူတွေ တစ်နေ့တစ်ခြားများလာတဲ့အခါ အဖြေရှာတော့မှ ဒီစာရွက်စာတမ်းတွေနဲ့ သက်ဆိုင်နေတာကို သိလိုက်ရပြီးနောက်မှာ Johan တစ်ယောက် သူ့ရဲ့မိသားစုကို ဘေးကင်းအောင်ထားနိုင်မှာလား? ထိုစာရွက်စာတမ်းတွေက ဘာလို့ ...
movie

Johan Falk: The End (Slutet) (2015)

We Might Hurt Each Other (2022) 5.7
We Might Hurt Each Other (2022)  လူတိုင်းရဲ့မသိစိတ်တစ်နေရာမှာ ကိန်းအောင်းနေတတ်တဲ့Dark side၊ အမြဲတမ်း မြင်ရလေ့မရှိပေမဲ့ စိတ်ထဲကနတ်ဆိုးအပြင်ကိုရောက်လာပြီဆိုရင်တော့ ကံဆိုးခြင်းတွေပျက်စီးခြင်းတွေကိုပါ အတူတကွ သယ်ဆောင်လာတတ်ပါသတဲ့။မာရွတ်စ်တို့သူငယ်ချင်းတစ်အုပ် ဘွဲ့ရပြီးသွားတဲ့ နောက်မှာတော့ဘွဲရတဲ့အထိန်းအမှတ်အနေနဲ့ ဘွဲ့ရတဲ့အထိန်းအမှတ်ပါတီလေးလုပ်ဖို့လူစုပြီးလုပ်ကြပါတော့တယ်။ ဖြစ်ချင်တော့ သူတို့ပါတီကျင်းပဖို့လုပ်ထားတဲ့နေရာက အဆင်မပြေဖြစ်ပြီး ပျက်သွားပါတော့တယ်။သူတို့တွေ ချက်ချင်း တခြားနေရာကို ပြောင်းငှားဖို့ လုပ်ကြပေမဲ့နေရာတိုင်းက ဘိုကင်တွေနဲ့ပြည့်နေတော့ အကျပ်ရိုက်ကုန်ကြပါတော့တယ်။ အဲဒီအချိန်မှာပဲ ကယ်တင်ရှင်မာရွတ်စ်က သူ့ရဲ့အိမ်ခြံမြေပွဲစားအမေဖြစ်သူ ရောင်းလို့မထွက်ဖြစ်နေတဲ့အိမ်အကြောင်းကို ကြားသွားပြီးတော့ အဲဒီအိမ်မှာ ပါတီလုပ်ဖို့အကြံကို ရသွားပါတော့တယ်။ အဲဒီအိမ် ရောင်းမထွက်ရတဲ့အကြောင်းအရင်းကတော့ အရင်က အဲဒီအိမ်မှာ နေခဲ့တဲ့မိသားစုမှာခင်ပွန်းဖြစ်သူက လွဲပြီးတော့ ကျန်တဲ့မိသားစုဝင်တွေအကုန်မီးလောင်ပြီး သေဆုံးသွားတဲ့ရာဇဝင်ကြောင့်ပဲ ဖြစ်ပါတယ်။ဒီအကြောင်းကို မသိတဲ့ မာရွတ်စ်ဟာ သူ့သူငယ်ချင်းတွေနဲ့အတူပါတီလုပ်ဖို့ အဲဒီအိမ်ကြီးဆီကို ထွက်လာကြပါတော့တယ်။အိမ်ကြီးဆီကို ရောက်တဲ့အခါမှာတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ခင်ပွန်းဖြစ်သူ ထွင်းထုထားတဲ့ သစ်သားပန်းပုရုပ်တွေကိုမြင်တွေ့ခဲ့ကြရပြီးနောက်မှာ ပါတီလုပ်ကြရင်း သစ်သားပန်းပုရုပ်ကိုထင်းအဖြစ်လုပ်ဖို့ ကြံစည်ရာကနေ စပြီးတော့ ဘယ်ကမှန်းမသိတဲ့လျှို့ဝှက်လူသတ်သမားတစ်ယောက် ရောက်လာပြီးတော့ သူတို့သူငယ်ချင်းတစ်သိုက်ကို လိုက်လဲပြီးတော့ သတ်ဖြတ်ပါတော့တယ်။အဲဒီလူသတ်သမားဆီကနေ သူတို့ ဘယ်လိုလွတ်မြောက်အောင် လုပ်ကြမလဲ ...
movie

We Might Hurt Each Other (2022)

Zehan (2024)
Zehan (2024) Zehan (2024) (စိတ္တဇအချစ်)လူတွေဟာ စိတ်ရဲ့အလိုနောက်ကိုလိုက်ရင်း တချို့က မှန်ကန်တဲ့နည်းလမ်းတွေ ရှာတွေ့သွားကြသလို တချို့ကလည်း လမ်းမှားကိုလိုက်ရင်း ပျော်မွေ့နေတတ်ကြတယ်။ စိတ်ဆိုတဲ့အရာက သိပ်ကိုအံ့ဩဖို့ကောင်းပါတယ်။ လူတစ်ယောက်ကို ကမ္ဘာသစ်တစ်ခုထဲ ခေါ်သွားနိုင်ပါတယ်။ သူသာလျှင် အဲ့ဒီကမ္ဘာမှာကြီးစိုးနေတဲ့တစ်ယောက်ပေါ့ဗျာ။ သူသာလျှင်လူတိုင်းအပေါ် ဩဇာရှိသူပေါ့။ အဲ့ဒီလိုမျိုး စိတ္တဇသမားတွေလည်း ရှိတတ်ကြတယ်။ သူတို့ကို အနိုင်ယူဖို့ဆိုတာမျိုးက လွယ်လှတဲ့ကိစ္စမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကမ္ဘာမှာ သူက မင်းကိုအတွေးတွေနဲ့တင်နိုင်ပြီးသားလေ။ သူ့စိတ္တဇကမ္ဘာမှာ သူသာလျှင် ဘုရင်ပဲမို့လေ။သူတို့တွေ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း ခိုင်ခိုင်လုံလုံကိုရှိနေပါတယ်။ တချို့က ငယ်စဉ်ကတည်းက မိဘမေတ္တာကိုငတ်နေကြတဲ့သူတွေ၊ တချို့ကတော့ နိုင့်ထက်စီးနင်းပြုကျင့်ခံရသူတွေ၊ တချို့ကတော့ မကောင်းတဲ့အတတ်တွေကြောင့် ဘဝပျက်ခဲ့ရသူတွေပေါ့။ကဲ ဒီဇာတ်လမ်းလေးထဲမှာလည်း စိတ္တဇဆန်တဲ့အချစ်မျိုးကို မြင်တွေ့ရမှာဖြစ်ပြီး ဘာကြောင့် စိတ္တဇဆန်ဆန်အရူးတစ်ယောက်လိုဖြစ်သွားရတာလဲဆိုတာကိုလည်း ရှင်းပြထားပါတယ်။ ပြောနေရတာကြာတယ်ကွာ..ခုပဲ ဒေါင်းကြည့်လိုက်တော့နော်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.8GB  / 900MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie

Zehan (2024)

2024
Atharva (2023) 7.1
Atharva (2023) Atharva (2023) "သိလိုဇော" IMDb-7.1/10ဒီတစ်ခေါက်မှာတော့ မှုခင်းဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ကာနာဆိုတဲ့ကောင်လေးက ရဲအရာရှိဖြစ်ချင်လွန်းလို့ ရဲအရာရှိစာမေးပွဲတိုင်းကို ဝင်ဖြေနေပေမဲ့လည်း ကံမကောင်းစွာနဲ့ဘဲ စာမေးပွဲကို ခဏခဏကျလို့နေပါတယ်။ သူစာမေးပွဲ ဘယ်လောက်ကျလဲဆိုရင် တစ်ရွာလုံးကတောင်မှ သူစာမေးပွဲဖြေတိုင်း အောင်သွားပြီလား မမေးဘဲ ကျပြန်ပြီလားပဲ မေးတတ်ကြတဲ့အထိပါပဲ အဲဒီကနေ တစ်နေ့မှာ သူတို့ရွာက ရဲဦးလေးကြီးရဲ့ ပြောပြချက်အရ "သဲလွန်စရှာဖွေရေးအဖွဲ့"အကြောင်းကို သိ ပြီးတော့ သွားလျှောက်ခဲ့ပြီးနောက်မှ အလုပ်ရခဲ့ပါတယ်။"သဲလွန်စရှာဖွေရေးအဖွဲ့"ကတော့ မှုခင်းတစ်ခုဖြစ်ပြီဆိုရင် သူတို့က ရာဇဝတ်ကောင်တွေလုပ်ခဲ့တဲ့ သဲလွန်စတွေကို ရှာဖွေပေးပြီးတော့ စုံစမ်းရေးအဖွဲ့ဆီကို လက်လွှဲပေးရတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။ကာနာတစ်ယောက် "သဲလွန်စရှာဖွေရေးအဖွဲ့"ကို ရောက်လာပြီးနောက်မှာတော့ သူတို့အဖွဲ့ပေါင်းပြီးတော့ အမှုတွေရဲ့ သဲလွန်စတွေကို ဘယ်လိုရှာဖွေသွားမလဲ ...... ဘယ်လို လျှို့ဝှက်ဆန်တဲ့ အမှုတွေကိုရော ကြုံတွေ့ရမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Alex~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size..2.5GB / 1.2GB Quality…WEB DL ...
movie

Atharva (2023)

2023
Prime (2023)
Prime (2023)  တစ်ခါတစ်လေကျရင် ကိုယ့်ဘ၀မှာတကယ်တမ်း အရေးကြီးတဲ့အရာတွေကိုမေ့ထားပြီး မကောင်းတဲ့ အရေးမပါတဲ့အရာတွေနောက်ကိုလိုက်မိနေတဲ့ အခိုက်အတန့်တွေဆိုတာလူတိုင်းမှာရှိတတ်ပါတယ်။ကိုယ့်စိတ်ဆန္ဒအလျောက် လုပ်မိတဲ့အရာတွေရှိသလိုသွေးဆောင်ဖြားယောင်းမှုတွေကြောင့်လည်း လမ်းမှားရောက်သွားတတ်ကြပါတယ်။အဲ့ဒီလိုလမ်းမှားကနေအချိန်မှီပြန်လည်ပြင်ဆင်ပြီး လမ်းမှန်ကိုပြန်မလျှောက်နိုင်ရင်ဆုံးရှုံးနစ်နာမှုတွေတစ်ခုမဟုတ်တစ်ခုတော့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ Prime ဆိုတဲ့ဇာတ်ကားထဲမှာလည်းမာရီရက်စ်ဆိုတဲ့ လူတစ်ယောက်ကအလုပ်မှာအောင်မြင်ပြီးအချစ်ရေးမှာလည်း ငါးနှစ်တာလက်တွဲလာတဲ့အရမ်းချစ်ရတဲ့ချစ်သူတစ်ယောက်ရှိပြီး သူ့အဖေဆုံးသွားတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ သူ့ဘ၀ကြီးကတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။တကယ်တမ်းမရှိတဲ့ အရာတွေကိုမြင်နေရပြီး သတိပြန်ဝင်လာတဲ့အချိန်မှာ ကြားထဲက ကာလတွေမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုမသိဘဲ အချိန်တွေကျော်ခွနေပါတော့တယ်။သူအဓိကမြင်တဲ့အရာကတော့ သေဆုံးသွားတဲ့ သူ့အမေရဲ့ပုံရိပ်တွေကိုဖြစ်ပြီး သူ့အမေကသူ့အဖေကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အတွက် သူ့အဖေဆုံးသွားတာကိုကြားလိုက်ရတဲ့အခါမှာ အဲ့လိုပုံရိပ်တွေကို စမြင်လာရတာဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒီအရာတွေကိုသူကိုယ်တိုင်က စွဲလမ်းနေပြီး လက်တွေ့ဘ၀ကိုပါလာထိခိုက်စေတဲ့အခါမှာတော့ မာရီရက်စ်တစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရမဲ့ ဒရာမာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.38 GB / 514 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Prime (2023)

ClearMind (2024)
ClearMind (2024) ClearMind (2024)~ Rotten Tomatoes - 100% ~ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ရင်ထိတ်သည်းဖိုအဖြစ်ကတော့ ကလေးတစ်ယောက် ရေကူးကန်ပါတီမှာ ရေထဲပြုတ်ကျသေသွားရာကနေ စတင်ပါတယ်။ကလေးမနာမည်က ဟန်နာဖြစ်ပြီး သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့နိုရာတို့ သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရာကနေ မတော်တဆသေသွားတာပါ။ အဲဒီကိစ္စကြီးဖြစ်ပြီး နိုရာကတော့ အလဲလဲအပြိုပြိုဖြစ်လို့ သူငယ်ချင်း Therapist လီလီနဲ့ ပြနေရပါတယ်။ တစ်နှစ်လောက်အကြာမှာ မိုက်ကယ်က ဘ၀အသစ်စပြီး ချစ်သူအသစ်ပါရသွားပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ကိစ္စမဟုတ်တော့ အရမ်းမခံစားရဘဲ ပုံမှန် ပြန်ဖြစ်သွားတာပေါ့။ ပိတ်ရက်ကို တောထဲက အိမ်မှာ အားလုံးစုပြီး ပါတီလုပ်ဖို့တောင် စီစဉ်နေပါတယ်။ပူဆွေးနေဆဲဖြစ်တဲ့ နိုရာက Therapist လီလီရဲ့ ClearMind ဆိုတဲ့ Simulation Program ကတစ်ဆင့် သူတို့ပါတီလုပ်တဲ့နေရာထဲ ဝင်သွားတဲ့အခါ... အစက ကုထုံးအတွက် ရည်ရွယ်ပေမဲ့ နိုရာရဲ့ လက်စားချေတဲ့ဂိမ်းဖြစ်သွားတဲ့အခါ...ဒီပရိုဂရမ်ထဲမှာ သူ့သူငယ်ချင်းတွေကို လက်စားချေတာအောင်မြင်မလား... နိုရာပဲ ဘ၀အသစ်စဖို့ အသင့်ဖြစ်သွားမလားဆိုတာ ...
movie

ClearMind (2024)

2024
I.S.S. (2023) 5.5
I.S.S. (2023)  I.S.S(International Space Station)နိုင်ငံတကာအာကာသစခန်းတည်ဆောက်လိုက်ခြင်းဟာ စစ်အေးတိုက်ပွဲအပြီးအမေရိကန်နဲ့ ရုရှားပူးတွဲဆောင်ရွက်မှုရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်...။ဒီစခန်းမှာက အဓိကအားဖြင့် အဆင့်မြင့်နည်းပညာတွေနဲ့ဆေးဘက်ဆိုင်ရာတွေ၊ အာကာသလေ့လာရေးအတွက်သုတေသနပြုမှုတွေလုပ်တာ‌ပေါ့။ဒီကနေ့ခေတ်အရောက်မှာတော့ အမေရိကန်နဲ့ရုရှားနှစ်နိုင်ငံလုံးမှအာကာသယာဥ်မှူးတွေဟာ နိုင်ငံတကာအာကာသစခန်းမှာအခြေချနေထိုင် သုတေသနပြုလျက်ရှိပြီး...ကမ္ဘာမြေပြင် ပြင်ပက သီးသန့်သုတေသနနိုင်ငံလေးလိုဖြစ်နေပါပြီ။သို့ပေမယ့် ကမ္ဘာမြေပြင်မှာ နျူစစ်ပွဲတွေဖြစ်လာပြီး စစ်မီးတွေတောက်လောင်လာချိန်မှာတော့ ဒီသုတေသနနိုင်ငံလေးကလည်းမငြိမ်းချမ်းနိုင်တော့ပါဘူး...။အမေရိကန်ဘက်ကရော ရုရှားဘက်ကမှာ ဒီအာကာသစခန်းကိုအပိုင်သိမ်းဖို့ သူတို့ရဲ့အာကာသယာဥ်မှူးတွေကို အမိန့်ပေးလာတဲ့အခါမှာတော့....။ဒီစခန်းက နျူစစ်ပွဲအတွက် ဘာလို့အ‌‌‌ရေးပါနေတာလဲ...၊အာကာသစခန်းထဲက သိပ္ပံပညာရှင်တွေကရောဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲ..အားလုံးအသက်ရှင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်sci-fi၊ thriller မူဗီလေးပဲဖြစ်ပါတယ်...  File size…1.34 GB / 570 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

I.S.S. (2023)

The Paramedic Who Stalked Me (2023) 5.0
The Paramedic Who Stalked Me (2023) The Paramedic Who Stalked Me (2023) =============================ကလိုဝီဆိုတဲ့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူ ကောင်မလေးဟာ မိဘတွေ ကွဲပြဲနေတဲ့ကိစ္စရော မိခင်က အမြဲတမ်း နားပူနားဆာလုပ် တင်းကြပ်နေတာရောကြောင့် သူငယ်ချင်းဖြစ်သူ ချစ်သူဖြစ်သူ ဘရိုက်စ်တို့နဲ့ ညသန်းခေါင် ခိုးထွက်ပြီး လည်ပတ်ကြရာမှာ တစ်ဖက်က အရက်မူးပြီး ကားမောင်းလာတဲ့ လူတစ်ယောက်ရဲ့ ထရပ်ကားနဲ့ တိုက်မိ ကြပါတယ်။ မောင်းတဲ့လူသေကာ ကျန်တဲ့လူတွေ ဒဏ်ရာ ရခဲ့ကြပါတယ်ပေါ့။ဒီအချိန်မှာ ကလိုဝီကို လာကယ်ပေးတဲ့ ဆေးဖက်အကူ မတ် ဆိုတဲ့လူဟာ ဘာကြောင့်ရယ်မသိ ကလိုဝီကို စွဲလမ်းသွားပါ တော့တယ်။ သူ စွဲလမ်းသွားတာဟာ ရိုမန်တစ်ဆန်ဆန် ဖြစ် မနေပဲ ချောင်းမြောင်းနေတာမျိုး ဖြစ်နေတဲ့အခါ၊ အစကတော့ ကလိုဝီအနေနဲ့ မိခင်က ဒီယောက်ျားဟာ မရိုးဘူးပြောတာကို နားမထောင်ခဲ့ပေမဲ့ ခုချိန်မှာတော့ သူကိုယ်တိုင်လည်း သံသယ ရှိလာပြီး ဘာလို့ စွဲလမ်းနေရသလဲ ဘာတွေဆက်ဖြစ်မယ်ဆို တာကို ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ကို Thura Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thura Aung, Khant Sett Naing တို့ ဖြစ်ပါတယ်)File ...
movie

The Paramedic Who Stalked Me (2023)

2023
The Superdeep (2020) 4.9
The Superdeep (2020) The Superdeep (2020) =================လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ကမ္ဘာပေါ်တင်မက ပြည်တွင်းမှာပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ Hoax တစ်ခုကိုမှတ်မိကြဦးမှာပါ။ အဲ့ဒါကတော့ ရုရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာပေါ်ကအနက်ရှိုင်းဆုံး လူသား တွေတူးဖော်ထားတဲ့ တွင်းနက်ကြီးတစ်ခုကနေ အော်ဟစ်ငိုညည်းသံ တွေကျယ်လောင်စွာကြားခဲ့ရတယ်ဆိုတဲ့အဖြစ်အပျက်ပါ။အဲ့ဒီအသံတွေကိုသိပ္ပံပညာရှင်တွေကလေ့လာရင်းနဲ့ပြင်းထန်လှတဲ့ အပူချိန်ကြောင့် ဆက်ပြီးမတူးဖော်နိုင်ပဲ သုသေသနတွေရပ်တန့်လိုက် ရကြောင်းနဲ့ အဲ့ဒီအသံတွေဟာငရဲကျခံနေရသူရဲ့အော်ဟစ်သံတွေဖြစ် နိုင်ကြောင်းတွေနဲ့နိဂုံးချုပ်ထားပါတယ်။ဖြစ်ရပ်မှန်တစ်ဝက်စိတ်ကူး ယဉ်တစ်ဝက်နဲ့ယုတ္တိဆန်ဆန်အရေးအသားတွေကြောင့်ဖြန့်ဝေသူတွေ များပြားခဲ့သလိုပြည်တွင်းတစ်ချို့ဂျာနယ်တွေမှာပါပုံနှိပ်ဖော်ပြခဲ့တဲ့အ ထိဖြစ်ခဲ့ပါတယ်။ အဲ့ဒီတွင်းနက်ကြီးဟာ အပြင်မှာ တကယ်ရှိပြီး Kola Superdeep Borehole လို့ခေါ်ပါတယ်။ဒီဇာတ်ကားကတော့ အဲ့ဒီတွင်းနက်ကြီးကိုအခြေခံတဲ့ ရုရှား sci-fi horror ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အန်နာလို့ ခေါ်တဲ့ ရုရှားရောဂါဗေဒကျွမ်းကျင်သူအမျိုးသမီးတစ်ယောက်ဆီကို နှစ်သစ် ကူးညမှာ သူ့အထက်အရာရှိဆီကဖုန်းခေါ်ဆိုမှုဝင်လာခဲ့ပါတယ်။ အဲ့ဒါက တော့ အထက်ပါတွင်းနက်ကြီးမှာရှိတဲ့ သုသေသနစခန်းတစ်ခုမှာ လူအ ယောက် ၂၀ ပျောက်သွားခဲ့တဲ့နောက် အမျိုးအမည်မသိတဲ့အသံတွေဖမ်း ယူရရှိခဲ့ကြောင်းနဲ့၊ မကြာခင်မှာ အဲ့ဒီစခန်းကိုပိတ်သိမ်းတော့မှာဖြစ်တဲ့ အတွက် အဲ့ဒီမှာရှိတဲ့ဓာတ်ခွဲခန်းကနေ နမူနာတွေသွားရောက်ယူဆောင်မယ့် မစ်ရှင်ကို အန်နာကိုဦးဆောင်စေချင်တဲ့အကြောင်းဖြစ်ပါတယ်။အန်နာတစ်ယောက် သူ့အထက်အရာရှိနဲ့အတူ လက်ရွေးစင်တပ်ဖွဲ့တစ်ခုကို ခေါ်ဆောင်ပြီး နက်ရှိုင်းလွန်းတဲ့ ကမ္ဘာ့မြေမျက်နှာပြင်အောက်ကလျှို့ဝှက်သု တေသနစခန်းကို စွန့်စားသွားရောက်ခဲ့ချိန်မှာတော့ ကြိုတင်မှန်းဆမထားနိုင် အောင် ဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ ကြုံရတာတွေကိုရှုမြင်ခံစားကြရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.33 GB) / (453 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

The Superdeep (2020)

2020
Woman with the Red Lipstick (2024) 5.5
Woman with the Red Lipstick (2024) Woman with the Red Lipstick (2024)===========================ဂျာနယ်လစ်မလေး လူစီကာဗာတစ်ယောက် ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဆောင်းပါးရေးဖို့ အ ကြောင်းဖန်လာတဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။လူစီက ‌အလုပ်အရမ်းကြိုးစားတဲ့သူဖြစ်တာနဲ့အညီ ဆောင်းပါး ကောင်းတစ်ခုရေးဖို့အတွက် ဇာတ်လမ်းတစ်ခုရှာနေတာဖြစ်နေ တယ်။ တစ်နေ့ သူသတင်းကြည့်နေတဲ့အချိန်မှာ မက်ဂ်နိုလီယာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားတဲ့အမှုကို သူ အတော်လေးစိတ်ဝင်စားသွားတယ်။ မက်ဂ်နိုလီယာ့အကြောင်း မစုံစမ်းဖို့နဲ့ ဆောင်းပါးမရေးဖို့အတွက် လူအများတားနေတဲ့ကြား ထဲကနေ အလုပ်အပေါ်အရမ်းစိတ်နှစ်ပြီး သူ့‌ကိုနောက်ယောင်ခံ လိုက်နေတဲ့လူရှိတဲ့အပြင် ချစ်သူကောင်လေးနဲ့ပါပြတ်သွားပါတော့ တယ်။ ဒီလိုအကြပ်အတည်းတွေကြားထဲကနေ လူစီတစ်ယောက် ဘယ်လိုအမှုဖော်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမဲ့ဇာတ် ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.44 GB) / (520 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Khant Sett Naing Encoder..........SWM
movie

Woman with the Red Lipstick (2024)

2024
RedLife (2023) 6.9
RedLife (2023) Redlife 2023 အညွှန်း‌ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊ My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့ BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းက တစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။ Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့ Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။ 'Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့ Som ကို သူ့အမေက ...
movie

RedLife (2023)

Tigers Are Not Afraid (2017)
Tigers Are Not Afraid (2017)  IMDb-6.9/10 Rotten Tomatoes-97%မက္ကဆီကိုနိုင်ငံမှာ 2006 ခုနှစ်ကနေစပြီး မှုးယစ်စစ်ပွဲတွေဖြစ်ခဲ့လို့ လူပေါင်းသိန်းနဲ့ချီသေဆုံးပြီး သောင်းနဲ့ချီပျောက်ဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးဦးရေနဲ့ ပျောက်ဆုံးကလေးဦးရေကိုတော့ အတိအကျမကောက်ယူနိုင်ခဲ့ပါဘူး။ 2017 မှာထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်မှာတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက အမေဖြစ်သူကို ပြန်ပေးဆွဲပြီး သ-တ်လိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဆယ်နှစ်အရွယ်သမီးဖြစ်သူမှာ ဆုတောင်းသုံးခုရလာပုံကို ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဟော်ရာကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမေဖြစ်သူကို ဟွာစကာ့စ်ဂိုဏ်းကသ-တ်တာခံရပြီးတဲ့နောက်မှာ ဆုတောင်းသုံးခုရခဲ့တဲ့ အက်စရယ်လာဟာ ပထမဆုံးဆုတောင်းအနေနဲ့ သူ့အမေပြန်လာဖို့ဆုတောင်းခဲ့ပါတယ်။ သူ့အမေပြန်လာခဲ့ပေမဲ့ သေဆုံးခဲ့ပြီးပြီဖြစ်လို့ ဝိဉာဉ်အနေနဲ့ အက်စရယ်လာနောက်ကိုတချိန်လုံးလိုက်နေတဲ့အပြင် မူးယစ်စစ်ပွဲမှာသေဆုံးခဲ့ရတဲ့ ဝိဉာဉ်တွေကလည်း သူ့နောက်တချိန်လုံးလိုက်နေပါတယ်။ဒီလိုနဲ့အက်စရယ်လာတစ်ယောက် မြို့ထဲမှာလျောက်သွားနေရင်း သူ့လိုမျိုးဘဝတူကလေးတွေအဖွဲ့နဲ့တွေ့ပြီးအဆင်ပြေသွားပေမဲ့ အဲဒီအဖွဲ့ခေါင်းဆောင် ရှိုင်းဆီမှာ ဂိုဏ်းဘက်ကလိုချင်‌နေတဲ့ ပစ္စည်းတစ်ခုရှိနေလို့ သူတို့အဖွဲ့လေးကို ပစ်မှတ်ထားခံရပါတော့တယ်။ ဒီလိုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်သိုက် လူမိုက်ဂိုဏ်းတွေရဲ့ရက်စက်မှုကို ရင်ဆိုင်ကြရပုံတွေ၊ အက်စရယ်လာရဲ့ ဆုတောင်းတွေက မျှော်လင့်တဲ့အတိုင်းအလုပ်ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1 GB)/(550 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Drama, Thriller,  Horror Subtitle….Myanmar ...
movie

Tigers Are Not Afraid (2017)

Midnight Show ( 2024 ) 5.7
Midnight Show ( 2024 ) ဒီသရဲကားလေးကတော့ ဇာတ်ကားနာမည်အတိုင်း ညလယ်ခေါင် ရုပ်သေးပြဇာတ်နဲ့ပတ်သတ်ပြီး နေရတာတိုင်းပျံ့နေတဲ့ ကောလဟာလတွေနဲ့စထားပါတယ် ။ မြို့လယ်မှာရှိတဲ့ နံပါတ် ၃၇ ပြဇာတ်ရုံပတ်ဝန်းကျင်မှာ လန်ချားလှည်းလေးတွေမကြာခဏပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်တဲ့ ။ဒီအကြောင်းကိုတိုင်တန်းတဲ့သူရှိလာလို့ ပြဇာတ်ရုံကို ရဲအရာရှိတစ်ဦးကိုယ်တိုင်လာစစ်ချိန်မှာတော့.. တကယ်ပဲ ရုပ်သေးပြဇာတ်ရုံထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲ ?ရုပ်သေးပြဇာတ်ရုံရဲ့မန်နေဂျာဖြစ်သူ လင်မိန်ကရော အပြင်ပန်းကကြည့်သလို ရိုးရှင်းနေမလား ? တကယ်ပဲ ဘာတွေကိုလျို့ဝှက်ထားသလဲဆိုတာကို သဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရမဲ့ သရဲကားလေးဖြစ်လို့ သရဲကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Horror , Thriller Runtime : 1h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Midnight Show ( 2024 )

The Hitcher II: I’ve Been Waiting (2003) 4.3
The Hitcher II: I’ve Been Waiting (2003) The Hitcher II: I've Been Waiting (2003) ============================နာမည်ကျော် ၁၉၈၆ The Hitcher ရဲ့ direct-sequel ဖြစ်ပါတယ်။ The Hitcher ရဲ့အဖြစ်အပျက်တွေအပြီး ဆယ့်ငါးနှစ်အကြာမှာ Jim Halsey ဟာ ရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်းအမှု တစ်ခုမှာမလိုအပ်ပဲအင်အားသုံးခဲ့တဲ့အတွက် အလုပ်ကဆိုင်းငံ့ခံလိုက် ရပါတယ်။ အဲ့ဒါနဲ့ကပ္ပတိန်အက်စ်ထရစ်ချ်ဆီကိုဆက်သွယ်ပြီး ချစ်သူ ကောင်မလေးဖြစ်တဲ့ မက်ဂီနဲ့အတူ တက္ကဆက်ကိုစိတ်ပြေလက်ပျောက် ခရီးထွက်လာခဲ့ပါတယ်။တက္ကဆက်အဝေးပြေးလမ်းပေါ်မှာ ဂျင်မ်ရဲ့အတိတ်စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာခဲ့ပြီး ကားကြုံလိုက်သူတစ်ယောက်နဲ့အတူ လွန်ခဲ့တဲ့ ၁၅ နှစ်ကအဖြစ်အပျက်တွေတကျော့ပြန်ကြုံရချိန်မှာတော့..။ The Hitcher (1986) ထဲမှာ Jim Halsey အဖြစ်သရုပ်ဆောင်ခဲ့တဲ့ C. Thomas Howell ကပဲပြန်ပြီးပါဝင်ထားပါတယ်။ မူရင်းကားကိုမမီပေမယ့်လည်း ကြည့်ကောင်းတဲ့ Road Thriller ကားကောင်းတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2 GB) / (927 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

The Hitcher II: I’ve Been Waiting (2003)

The Hitcher (2007) 5.6
The Hitcher (2007) The Hitcher (2007) ==============ဒီဇာတ်ကားကတော့ The Hitcher 1986 ကို Remake ပြန်လုပ်ထား တာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကောလိပ်ကျောင်းသားစုံတွဲဖြစ်တဲ့ ဂျင်မ်နဲ့ဂရေစ့်တို့ဟာ Spring Break အတွက် သူငယ်ချင်းတွေနဲ့ဆုံဖို့ နယူးမက္ကဆီကိုကနေကားဖြတ်မောင်းလာကြပါတယ်။လမ်းမှာမိုးသည်း သည်းကြား ကားကြုံတားတဲ့လူတစ်ယောက်ကိုတွေ့ပေမယ့် ဂရေစ့်ရဲ့ ကန့်ကွက်မှုကြောင့်မတင်ဖြစ်ခဲ့ပါဘူး။ဒါပေမယ့်လည်း ဂတ်စ်ဆိုင်တစ်ခုမှာ ပြန်ဆုံချိန်မှာတော့ ဂျင်မ်ကအားနာပြီး အနီးဆုံးမြို့ကိုပို့ပေးဖို့ခေါ်လာခဲ့ပါတယ်။ ဂရေစ့်စိုးရိမ်ခဲ့တဲ့အတိုင်း အဲ့ဒီ လူက သူတို့ကို မိုးအဆုံးမြေအဆုံးဒုက္ခပေးတော့မှာပါပဲ။ Game of Thrones ထဲမှာ စတာ့ခ်တို့ရဲ့ဖခင်ကြီး Ned Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean ကြီးက ဒီဇာတ်ကားမှာရွံမုန်းစရာစိတ္တဇလူသတ်ကောင်အဖြစ်ထူးထူးခြားခြား ပါဝင်ထားပါတယ်။ Sophia bush ကလည်းတအားလှပါတယ်။ ဇာတ်လမ်း လည်းမိုက်ပြီး ပထမကားတွေထက် သွေးထွက်သံယိုပိုများပြီးကြမ်းတမ်းပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.55 GB) / (594 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......Alias Encoder..........SWM
movie

The Hitcher (2007)

2007